Sunday, March 31, 2024

တူလိမ့်မယ် မထင်ကြနဲ့


 

❝ တူလိမ့်မယ် မထင်ကြနဲ့ ❞

စာ ရေး တဲ့ “ မြို့သာ မရာထို ” ရဲ့ ဝတ္ထုတို တစ်ပုဒ် မှာ ဖတ်လိုက်ရ ဖူးတယ် ။ ဒီ ဝတ္ထုတို ရဲ့ နာမည် တော့ မေ့ သွားပြီ ။ မြို့သာမရာထို က ...

“ ကျီးကန်း ဆယ်ကောင် သေ ရင် လက်ပြ ပုလိပ် တစ်ယောက် ဖြစ် သတဲ့ ၊ လက်ပြပုလိပ် ဆယ်ယောက် သေ ရင် ကားသမား တစ်ယောက် ဖြစ် သတဲ့ ။ ကားသမား ဆယ်ယောက် သေ ရင် ဈေးသည် တစ်ယောက် ဖြစ် သတဲ့ ”

ဈေးသည် တစ်ယောက် မျက်စိ ဘယ်လောက် လျင် ရတယ် ဆိုတာ ကို သူ က ပြောချင် တာပါ ။ ကျွန်တော် က တော့ လက်ပြပုလိပ် နှစ်ဆယ် သေ မှ ကျွန်တော်တို့ လို ကားသမား တစ်ယောက် ဖြစ်မယ် ထင် တာပဲ ။ ခေတ် ပြောင်း သွားပြီ ။ ချက်ဗလက် ခေါင်းတို ခေတ် မဟုတ်တော့ဘူး ။ ဒိုင်နာ ခေတ် လေ ။ ဓာတ်ဆီ ခေတ် မဟုတ်တော့ဘူး ။ မက်သနော ခေတ် ရောက် နေပြီ ။ ကျွန်တော်တို့ လည်း အရင် ခေတ် က ကားသမားတွေ ထက် မျက်စိ လျင် ၊ နား လျင် ၊ ပါးစပ် လျင် ၊ ခြေထောက် လျင် ၊ လက် လျင် ၊ လျင် လို့ ရသမျှ အကုန် လျင် ထားရ တယ် ။ ရှာဖွေ စားသောက် ရတာ ဒီလို လျင် မှ တော်ကာ ကျတယ်လေ ။

လိုင်စင် ကို သာ ကြည့် ကြပါတော့ ။ လိုင်စင် ဓာတ်ပုံ ထဲ က ရုပ် နဲ့ အခု ရုပ် နဲ့ တခြားစီ ။ ဘာမှ မဆိုင်တော့ဘူး ။ ကားသမား ဆိုတာ လေစား နေစား နဲ့ ။ ကွမ်း ပါ ဝါး တော့ ပို ဆိုး တော့တာပေါ့ ။ လိုင်စင် စစ် တဲ့ အခါ ကျွန်တော့် လိုင်စင်ပါ လို့ မနည်း ကို ပြော ယူရတယ် ။ လိုင်စင်အနီ ကိုင် ရတာ လိုင်စင် အနက်တွေ ထက် ပို ပင်ပန်း ပါတယ် ။

ဒီ ရှေ့က ဟာ လိုင်စင် နံပါတ် ။ နံပါတ် နောက် က မျဉ်းစောင်း ၊ မျဉ်းစောင်း နောက် က ဟာ ကျွန်တော် လိုင်စင် ရတဲ့ သက္ကရာဇ် ပဲ ။ တွက် ကြည့် ရင် ၂၂ နှစ် ရှိပြီ ။ တကယ့် ကား မောင်းသက် က တော့ ဒီလောက် မကတော့ဘူး ။ နောက်ထပ် နှစ်နှစ် ထပ် ပေါင်း ရမယ် ။ လိုင်စင် မရခင် နှစ်နှစ် ကတည်း က ကားမောင်း နေတာလေ ။

ကျောင်း စာ တော့ နဝမတန်း အထိ သင် ဖူးတယ် ။ မောင်းဖူး တဲ့ ကားတွေ ကတော့ ကိုးမျိုး မကဘူး ။ များ မှ များ ။ မောင်း စား တဲ့ ကားတွေ ပြောတာနော် ။ ခဏတဖြုတ် မောင်း ဖူးတဲ့ ကားတွေ မပါသေးဘူး ။ စ စချင်း မင်းသားစုရပ် ထဲ က အော်စတင် အေဖော်တီးလေး မောင်း ရတယ် ။ ကားမောင်း သင် တာ တတ်တာ ကတော့ ဂျစ်ကား နဲ့ တတ်တာပါ ။ ပြီးတော့ ရှမ်းပွဲ မှာ လင့်ရိုဗာ ။ ဆရာ က လင့်ရိုဗာ က နေ ဂျစ် တစ်ခါ ပြောင်း စီးတယ် ။ နောက်ပြီး တော့ မောရစ်မိုင်နာကလေး တစ်စင်း အကြွေး နဲ့ နှိမ် ယူ လိုက်တယ် ။ ကွမ်းခြံရပ် က ဆရာဝန် အိမ် မှာ စကိုဒါ ၊ ဒါးတန်း မှာ မော့စ်ဗစ်ချ် ။ ပြီးတော့ ဖီးယက် ၊ ဘောက်စ်ဝက်ဂွန်း ၊ စီဗီလိုင်း က ကေသီပန် ဆိုတဲ့ ခြံ ထဲ မှာ ဖင်မလီယာတူးဒိုး ၊ ပြီးတော့ ဝန်ကြီးမော်ဒယ် ပရက်စ်တို ၊ ဒတ်ဆန်း ။ ကား အမျိုး စုံ သလို ဆရာ အုံနာ အမျိုးစုံ နဲ့ လည်း ကြုံခဲ့ဖူးတယ် ။

ကား အကြောင်း နားလည် တဲ့ အုံနာ ၊ အင်ဂျင်ဝိုင် နဲ့ ဘရိတ်ဆီ တောင် မခွဲခြားတတ် တဲ့ ဆရာ ၊ ကား ကို ဂရုစိုက်တဲ့ ဆရာ ၊ မိုး ရွာ လို့ မှ ကားမှန် မတင်တဲ့ အုံနာ ၊ တူ လို သား လို ဆက်ဆံ တဲ့ ဆရာ ၊ ကျေး လို ကျွန် လို ဆက်ဆံတဲ့ အုံနာ ၊ အိမ်တံခါး သော့ ပါ အပ်တဲ့ အုံနာ ၊ သူခိုး လို့ အမြဲ ထင် နေတဲ့ အုံနာ ။ အုံနာကတော် တွေ လည်း ပါ တာပေါ့ ။ ကျွန်တော် မောင်း ဖူးတဲ့ ကား တွေ အကြောင်း ပြန် စဉ်းစားရင် ဘယ်နှစ် က ဘယ်လို ကားတွေ ခေတ် စားတယ် ။ ဘယ်လို ကားတွေ တင်သွင်း ကြတယ် ဆိုတာ ကို အလွယ် သိနိုင်မယ် ထင်တယ် ။

အခုတော့ မန္တလေး နဲ့ မြစ်သား ပြေး နေတဲ့ “ ဂဠုန်မင်း ” ဆိုတဲ့ ကားလိုင်း ထဲ မှာ မောင်း နေတယ် ။ အိမ်စီးကား မောင်း ရတာ လူ သက်သာ တာ တော့ အမှန်ပဲ ။ ဒါပေမဲ့ မစားလောက် ဘူးလေ ။ ဒါကြောင့် လိုင်းကား ဘက် ကူး လိုက်ရတာ ။

အိတ်တီးမော်ဒယ် တိုယိုတာ ဟိုင်းလတ်ကလေး မောင်း နေတယ် ။ ထဆင်ထူး ခြောက် ထောင်ကျော် ။ အများ က ခေါ် နေတဲ့ သင်္ဘောသား ကား ဆိုပါတော့ ။ ကျွန်တော် မောင်း နေ တဲ့ ကား ကို သွင်းလာတဲ့ သူ က တော့ သင်္ဘောသား မဟုတ်ဘူး ။ ကပ္ပတိန် လည်း မဟုတ်ဘူး ။ စစ်ကိုင်း ဂျုံစက် က စက်ရုံမှူးကြီး သွင်းလာတာ ။ မှူးကြီး က နော်ဝေ နဲ့ ဒိန်းမတ် က ပြန် လာတော့ ပါ လာတာ တဲ့ ။ မှူးကြီး နဲ့ ကျွန်တော်တို့ အုံနာ နဲ့ တော်တော် ခင်ကြတယ် ။ ကျွန်တော့် အုံနာ က ဒီ ကား ကို သင်္ဘောသားကား လို့ ခေါ်ရင် မကြိုက်ဘူး ။ ဟို နိုင်ငံ မှာ တော့ ဘာတွေ ဘယ်လောက် ခိုင်းတယ် လို့ မသိရဘူး ။ ကျွန်တော့် လက် ထဲ တော့ သန္ဓေ ကောင်းရှာ တဲ့ ကားလေး ပဲ ။ နည်းနည်းပါးပါး နှာစေး ချောင်းဆိုး တော့ သူ လည်း ရှိတာပေါ့ ။ ကျွန်တော် တို့ က ကား ကို ကား လို ခိုင်းကြတာ မှ မဟုတ်ဘဲ ။ ကျွဲခိုင်း နွားခိုင်း ခိုင်း ကြတာ ကလား ။ အင်ဂျင်ပိုင်း တော့ ပြောစရာ မရှိ သြဇာစေ့ ပဲ ။ ဘော်ဒီ က တော့ သံချေး နည်းနည်း ပါ လာ တယ် ။ ဒါလည်း စေ့စေ့စပ်စပ် ကြည့် မှ တွေ့ တာပါ ။

မြစ်သား နဲ့ မန္တလေး က ၄၇ မိုင် ဝေးတယ် ။ လက်ညှိုးထိုး ထိ ၄၃ မိုင် ၊ လက်ညှိုးထိုး က နေ မြင်းခြံလမ်း အတိုင်း ၄ မိုင် လောက် ထပ် ဝင်ရ သေးတယ် ။ လက်ညှိုးထိုး က နေ တောင်ဘက် ဆက် သွား ရင် မိတ္ထီလာ ရောက် ရော ။ ပြောချင်တာ က ဒီ လမ်း ပေါ် မှာ ကားသမားတွေ ပြေးလွှား ရှာဖွေ စားသောက် ရတဲ့ အကြောင်း ပါ ။

မန္တလေး က နေ ၁၂ မိုင် ဝေး တဲ့ ‘ ပလိပ် ’ ကို ပြေး တဲ့ ပလိပ်မန်း ဆိုတဲ့ ကားကြီးအသင်း တစ်သင်း ရှိတယ် ။ ချက်ဗလက် ခေါင်းတို တွေ ။

မန္တလေး က နေ မိုင် ၂ဝ ဝေးတဲ့ စဉ့်ကိုင်မြို့ ကျ တော့ ကားသင်း က နှစ်သင်း တောင် ရှိ ပြန်ရော ။ ဇော်ပျံ နဲ့ ကျားမင်း တဲ့ ။ ဒိုင်နာကား တွေ ရော ။ ကေအမ်ဟီးနိုး တွေ ရော ။ မောင်း သလား မမေး နဲ့ ။ တကယ့် ဇော် နဲ့ တကယ့် ကျား တွေ ။

ကျောက်ဆည် ကို ကျတော့ လည်း ဆင်ခေါင်း နဲ့ ရွှေဆည်မန်း ဆိုတဲ့ ဟိုင်းလတ်ကား နှစ်သင်း ရယ် ၊ မန်းကျောက်ဆည် ဆိုတဲ့ ချက်ဗလက်ကားကြီး တွေ ရယ် ရှိတယ် ။ ချက် ဗလက်ကားကြီးတွေ က ဟိုတုန်း က တော့ ကား က နည်းသေးတယ် မဟုတ်လား ။ တစ်လမ်း လုံး မောင့် သဘောပဲ ။ ဒီ ကားတွေ စီး ရင် ကြာလွန်း လို့ ခရီးသည်တွေ က “ မန်း တစ်ည လမ်း တစ်ည ” လို့ စာချိုး ခံရတဲ့ ကားကြီး တွေ ။ ခုတော့ ကေအမ်ဟီးနိုး တွေ လည်း ရှိနေ တာမို့ သူတို့ လည်း နှေး နေလို့ မဖြစ်တော့ဘူး မိုင် ကုန် လီဘာ ကုန် တွယ် ကြပြီ ။ နောက် ကျ ရင် နောက်ချေး နဲ့ သလဲ ပဲ ရမှာ မဟုတ်လား ။

ယုဇနမန်း ဆိုတဲ့ ကားသင်း က လည်း ကူမဲ ကို ဟိုင်းလတ် တွေ ဒိုင်နာ တွေ နဲ့ ပြေးနေ တယ် ။

သဲတော ဝမ်းတွင်း ကို ရွှေလမင်း ဆိုတဲ့ ကေအမ်ဟီးနိုး တွေ က ပြေး ပြန်တယ် ။ မိတ္ထီလာ ကျ တော့ တိုင်းသမ က ဘီအမ်ဘတ်စ် တွေ ထွက်တယ် ။ ဟိုင်းလတ်ကားလေး တွေ ပြေး တဲ့ ထီလာမန်း တို့ နဂါးနီ တို့ ဆိုတဲ့ ကားသင်းတွေ က လည်း ရှိနေ ပြန်တယ် ။

မြင်းခြံ ကို ကျ တော့ ဝင်း တဲ့ ၊ သမစိတ္တ တဲ့ ၊ ပြည်တော်အေး တဲ့ ။ ကားသင်းတွေ က ဘာ များ သလဲ မမေးနဲ့ ။

ဒီ ကြား ထဲ နံပါတ် အနက် ပရိုက်ဗိတ်ပစ်ကပ်ကားတွေ ၊ ဘုရားဖူးကားတွေ က ဆွမ်း ကြီး ဝင် လောင်း တတ်ကြသေးတယ် ။ ကြားကစ် ကြတာ လမ်းကြုံ နေ တော့ ခရီးသွား ဟန် လွှဲ တင် တင် သွားကြတာ ။ သူတို့ အဖို့ တော့ လက်ဖက်ရည်ဖိုး ကွမ်းဖိုး ပေါ့ ။

မြစ်သား နဲ့ မန္တလေး ကို အခု တစ်ယောက် ဆယ့်သုံးကျပ် ယူတယ် ။ ရှေ့ခန်း က ဆယ့် ငါးကျပ် ။ ဓာတ်ဆီ က တစ်ခြမ်း ကို နှစ်ဂါလန်ခွဲ တစ်ခေါက် ဆိုရင် တစ်ပုံး ။ မြိုးမြိုးမြက်မြက် မရဖူးတာ တော့ မဟုတ်ဘူး ။ သုံးရာ့ငါးဆယ် ၊ လေးရာ တော့ ကျန်ဖူးပါတယ် ။ တစ်ခေါက် ပြောတာနော် ။ တစ်ခြမ်း မဟုတ်ဘူး ။ တစ်ခြမ်း သာ အဲဒီလောက် သာ ကျန်တယ် ဆိုရင် ကျွန်တော် တို့ လည်း ကွမ်းယာတွေ ကို ဖာလာတွေ ထည့် ပြီး ဘယ်ဘက် ပါးစောင် တစ်ယာ ညာဘက် ပါးစပ် တစ်ယာ ထည့် ၊ နှုတ်ခမ်း မှာ မာလ်ဘိုရို ခဲပြီး မောင်းကြတော့ မှာ ပေါ့ ။

ဒီလို ကျန်အောင် လည်း တင် လိုက်ကြရတာ ။ ခရီးသည် တို့ ကုန် တို့ ရလို့ က တော့ တင်သလား မမေး နဲ့ ။ လူ လေးဆယ် လောက် အထိ တင် ပစ်တာ ၊ ကက်အိမ် နဲ့ ဘောနက် ပေါ် က လွဲ လို့ ခေါင်မိုး ပေါ် ရော ၊ ဘေးတန်း ရော တက်ခိုင်း တွယ်ခိုင်း ရတာပဲ ။ ခြံ ပေါ် မှာ လည်း တင်လို့ ရတာ အကုန် တင် တာပဲ ။ နှမ်းအိတ် ရော ၊ ငရုတ်အိတ် ရော ၊ ကြက်သွန်အိတ် ရော ၊ ဆန်အိတ် ရော အကုန် တင် ။ ကြက်ခြင်းတွေ လည်း တင် နို့ဆီပုံး လည်း လာခဲ့ ။ စက် ဘီး တောင် မချန်ဘူး ။

ဒီလို တင် နိုင် အောင် လည်း ဖရိမ် ကို ပိုးထား ဆက်ထား ရတယ် ။ နှစ်လက်မ သုံးပဲ သံပြား နဲ့ အထက်ပိုး အောက်ပိုး ညှပ်ပိုး ထားရတာ ။ လေး လည်း တစ်ဖက် လေးချောင်း ဆီ ထပ် ပိုး ထည့် ထားတယ် ။ ရှော့အိတ်ဇောဘား လည်း နှစ်လုံး ဆီ တပ်ထား ရတယ် ။ ပစောက် ပုံ ရှိရမယ့် လေးတွေ က အပေါ်  က ဝိတ် ကြောင့် မျဉ်း တစ်ဖြောင့်တည်း ဖြစ် နေတာ တစ်ခါ တလေ ဂငယ်ပုံ ဖြစ် နေပါလေရော ။ မတတ်နိုင်ဘူး ။ လေး ကျိုး ရင် အုံနာ ပြင် လိမ့်မယ် ။ မိုး ရွာ တုန်း ရေခံ ထားရမှာ ။ နောင်ခါ လာ နောင်ခါ ဈေး ပဲ ။ မတင် တယ် ၊ တင် တယ် ကားကလေး ကို “ ဗျစ် ဗျစ် ဗျစ် ဗျစ် ” မြည် နေရှာတယ် ။

မတ္တရာ ၊ လက်ပံလှ ၊ စဉ့်ကူး ဘက် ပြေးကြတဲ့ ဒိုင်နာတွေ ပိုဆိုး သေးတယ် ။ ရွှေတော က လည်း ရှိတယ် မဟုတ်လား ။ ခရီးသည် ခုနစ်ဆယ် လောက် အထိ တင်ကြရတာကွ တဲ့ ။ ကျွန်တော်တို့ ပြင်နေကျ ဝပ်ရှော့ ကို လာ လာ ထိုးတဲ့ ဒိုင်နာကားဆရာ က ပြောဖူးတယ် ။ မောင်း နေ ရင်း ဘီးပေါက် လို့ စပယ်ယာဘီး လဲ ရအောင် ကား ပေါ် က ခဏ ဆင်းပေးကြပါဦး လို့ ဆိုလို့ ရှိရင် ကား ပေါ် က ဆင်းပြီး လမ်းနံဘေး က သစ်ပင်ရိပ် ချုံရိပ် မှာ ထိုင် နေလိုက် ကြတာများ ကိုယ့် ကား ပေါ် က ခရီးသည် ချည်း ဟုတ်ရဲ့လား ။ ချုံကြို ချုံကြား ထဲ ပုန်းနေ ကြတဲ့ လူတွေ ထွက် လာပြီး ဝင် ရော ထိုင်နေသလား ထင်ရတယ် ။ ကိုယ် တင် လာတဲ့ ခရီး သည် ဒီလောက် များ မှန်း မသိဘူး ။ အနီးအနား မှာ ကျတ်တွင်းများ ရှိ သလား လို့ အောက်မေ့ ရတယ် ။

ကား ပေါ် မှာ ခရီးသည်တွေ တင် ထား လိုက်တာ ကား ရဲ့ အရောင် က ဘာ အရောင် ဆို မခွဲခြား နိုင်တော့ဘူး ။ ပျားအုံကြီး ဘီးတပ် လွှတ်လိုက် သလိုပဲ တဲ့ ။

မတ္တရာ သမဝါယမ ကို သွား သွား လုပ်ရတဲ့ ကျွန်တော့် မိတ်ဆွေ က တော့ ကာဗွန်လေးရွက် ထပ် ၊ စာရင်းတွေ ကို ဘောပင် နဲ့ ဖိ ဖိ ရေးတဲ့ အခါ ဘယ် နှစ်ရွက် ပဲ ရေးရ ရေးရ လက် မညောင်းဘူး တဲ့ ။ ဘာလို့လဲ ဆိုတော့ ကား ကို တွဲလောင်း ခို စီးပြီး လိုက်ရ လွန်း လို့ သူ့ လက်တွေ က တစ်နေ့ တခြား သန် သန် လာပြီ တဲ့ ။ ဟုတ်လောက်တယ် ။ သူ့ လက်ဖဝါးတွေ က စာရေး တစ်ယောက် ၊ ကော်လာဖြူ တစ်ယောက် ရဲ့ လက်ဖဝါး မှ မဟုတ်တော့ဘဲ ။ ပန်းပဲ သမား တစ်ယောက် ရဲ့ လက် လို ၊ လှည်း မီးချတဲ့ သူ ရဲ့ လက်ဖဝါး လို ပဲ ကြမ်းထော် နေတယ် လေ ။

ကျွန်တော် တို့ အခေါ် တော့ ကြွက် လို့ ခေါ်တယ် ။ ပီကယ် လို့ လည်း ခေါ်တယ် ။ သူတို့  က မန္တလေးမြို့ မှ ကြိုဆိုပါ၏  ဆိုတဲ့ မြို့အဝင် ဘီးခွန် အကောက်စခန်း မှာ ရယ် ၊ ပလိပ် မှာ ရယ် ၊ စဉ့်ကိုင် တစ်နေ ရာ ရယ် ၊ ကျောက်ဆည် မှာ ရယ် ရှိ တတ်တယ် ။ တစ်ခါတလေ လက်ညှိုးထိုး မှာ လည်း ရှိ တတ်တယ် ။ အောင်မြင်ရာ အောင်မြင်ကြောင်း တော့ ထုံးစံ ရှိတဲ့ အတိုင်း ဆောင်ရွက် ရတာပေါ့ ။ “ ပေးကမ်းခြင်း ဖြင့် အောင်ရာ၏ ” ဆိုတဲ့ ထုံး နှလုံး မူ ထားရ တယ် ။ မများလှပါဘူး ။ ဖိုက်ကေ တင်းကေ ပါ ပဲ ။

ဒီလောက် တောင် အတင်း ရော အဓမ္မ ရော မတရား တင်ထား လို့ ကား က ရှေ့ဘီး လွတ် ပြီး ပတတ် ရပ် တော့ မတတ် တင်ထား ပေမယ့် ဖြည်းဖြည်းလေး လှိမ့် မောင်းတယ် လို့ တော့ မထင်လိုက် နဲ့ ။ လမ်း ဆင်း တဲ့ ခရီးသည်တွေ ရဲ့ နေရာ ဖြင့် ရအောင် အရှိန် နဲ့ မောင်း ရင်း ပါစင်ဂျာ ရှာ ရတာပဲ ။ ကိုယ် က မတင် ရင် သူများ က တင်သွား မှာ ကိုး ။ တစ်ခါတလေ လည်း ကား ကားချင်း ၊ ကား အသင်းချင်း မခံချင်လို့ အမြန် နှိပ်ကြရတာ လည်း ရှိတာပေါ့ ။ နောက် ကား က ချောင် နေရင် ရှေ့ ကား ကို ကျော်ပြီး ပါစင်ဂျာ လု ကြရတာ ကိုး ။ မခံချင် အောင် လည်း အချင်းချင်း ရိကြ သေးတယ် ။

“ မင်း ကား က ဒါ အစွမ်းကုန်ပဲ လား ၊ ဒီထက် မပြေးတော့ဘူးလား ၊ ငါ့ ကား က ဂီယာ တစ်ချက် နဲ့ လီဘာ တစ်ဝက် ကျန်သေးတယ် ” တဲ့ ။

စီးနေကျ ခရီးသည် တွေ ကတော့ ဘယ်လောက် မြန်မြန် ၊ ပြိုင် ချင် သလို ပြိုင် ။ ဈေး အတွက် မပျက်ဘူး ။ အတင်း ပြော မပျက်ဘူး ။ အငိုက် မပျက်ဘူး ။ ရိုးနေ ထုံနေ ပြီ ။ တချို့ ဈေးသည် အမျိုးသမီးတွေ က ကား နှေးရင် ကို ပဲ ပျင်းစရာ ကောင်းသတဲ့ ၊ “ ကားဆရာ ရေစည် လှည်း ကျော်မယ် ” တဲ့ ။ မြန် ချင် သလောက် မြန် သူတို့ ဆင်းမယ့် ရွာ နား ရောက် ရင် တို့ပတ် ပဝါ အပုတ် မပျက်ဘူး ။

တစ်ခေါက် မှ သုံးလေးကျပ် ကျန်တဲ့ အခါ လည်း ရှိတယ် ။ အဆင် မပြေ ရင် အိတ် ထဲ က စိုက်ရ သေးတယ် ။ အုံနာ စိုက်ရတာပါ ။

ခရီးသွားတွေ စားဝတ်နေမှု ချောင်ချိမှု ကျွန်တော်တို့ လည်း လီဘာ နင်း ဂီယာ ထိုး ကြရတာ မဟုတ်လား ။ သူတို့ လယ် ထဲ ယာ ထဲ ဆင်းကြတဲ့ အချိန် ကျတော့ ခရီးသည် ပါး ပြန်ရော ။ နတ်ပွဲလ ဝါခေါင် လို လမျိုး ကျတော့ မဆိုးပါဘူး ။ အသွား အလာ များ လာပြန် ရော ။

ဂျက်လေယာဉ်တွေ လို တအား နှိပ်ကြ ၊ ဆယ်တန်ကားတွေ လို မတရား တင်ကြ နဲ့ အခန့် မသင့် တဲ့ အခါ လည်း တိမ်းတာ ၊ စောင်းတာ ၊ တိုက်တာ ၊ ဆောင့်တာ ၊ ပွတ်တာ ချိတ်တာ တော့ ရှိတာပေါ့ ။ ဆန်းထွန်း တို့ ကား ဇော်ဂျီချောင်း တံတား အဆင်း လယ်ကွင်း ထဲ ရေ ဆင်း သောက် တာ ဘာ ကြာသေးလို့လဲ ။ အမှု က အခု ထိ မပြတ်သေးဘူး ၊ တန်းလန်း ။ သူတို့ အုံနာ က လိုက်တော့ လိုက် နေတာပဲ ။ လူ ရော ကား ပါ ဒဏ်ရာ က မပြင်း လို့ တော်သေးတာ ပေါ့ ။ ဆန်းထွန်း ကျွေး နေရတဲ့ ပါးစပ်ပေါက် က လည်း မနည်းဘူး ။

အခုလို လူစီး နည်းပါတယ် ဆိုမှ မက်သနော က လည်း တစ်မှောင့် ။ ကျောက်ဆည်ကား တွေ တော့ မယ်သနော နဲ့ ပြေးနေ ကြပြီ ။ တထိုင်းထိုင်း နဲ့ ။ ကျွန်တော် တို့ လည်း ဘယ်တော့ မက်သနော ထည့် ပြီး ပြေးကြရမယ် မသိဘူး ။ ဆီဆိုင် က မက်သနော ရောင်းပေး တော့ မက်သနောကား က ကားခ ဈေး သက်သာ သွားတာပေါ့ ။ အပြင်ဈေး က လည်း ငါးဂါလံ တစ်ပုံး မှ ၁၉ဝ ၊ ၂ဝဝ တဲ့ ။

မက်သနော နဲ့ ပြေးတဲ့ ကား မှာ အမှတ်အသား ပါတယ် ။ ကား ရဲ့ရှေ့ မှန် မှာ ရေးထား တယ် ။ အဖြူခံ ပေါ် မှာ အဝါရောင် အဝိုင်းကလေး ။ ဒီ အဝိုင်းကလေး ကို အပြာနုရောင် မီးတောက် လို ဟာလေး က ခြုံထား ငုံထား တယ် ။ အောက် က လည်း မက်သနော လို့ ရေး ထားတယ် ။ လူတွေ က မက်သနော တံဆိပ် ကို လွယ်လွယ်ပဲ “ ကြက်သွန်ဥ ” လို့ ခေါ်ကြ တယ် ။ တံဆိပ် က ကြက်သွန်ဥ နဲ့ တူလို့ ။ သူတို့ အချင်းချင်း လည်း ကား ကို တား ကြတော့မယ် ဆိုရင် “ သေသေချာချာ ကြည့် ကြက်သွန်ဥ မှ တားနော် ” တဲ့ ။ အဲဒီ ကားတွေ က ကားခ သက်သာတယ် ပေါ့ ။ ကျွန်တော်တို့ မှာ မက်သနော နဲ့ ပြိုင်ရတာ က တစ်ဖက် ပေါ့ ။ နောက်ထပ် ပြိုင်ရတာ တစ်ခု ရှိ သေးတယ် ။

ကျွန်တော်တို့ အုံနာ က ဟိုင်းလတ် ချည်း ပဲ သုံးစီး ပိုင်တာ ။ ဒီ သုံးစီး က လည်း ဂဠုန်မင်း မှာ ချည်းပဲ ။ တစ်စီး က တော့ သူ့ တူ မောင်းတာ ။ ကျန်တဲ့ နှစ်စီး က တော့ ကျွန်တော်တို့ လို ဒရိုင်ဘာ တင် ထားတာ ။ ည ကျ လို့ ပိုက်ဆံ အပ်ပြီ ဆိုတော့ ကားပြိုင် မောင်းရ သလိုပါပဲ ။ ဘယ်သူ က တော့ ဘယ်လောက် အပ်တယ် ၊ ဘယ်သူ က တော့ ဘယ်လောက် အပ်တယ် ပေါ့ ။ ဆရာကတော် က စာရင်းစာအုပ် နဲ့ ။ တိတိကျကျ ပဲ ။ ဒီနေ့ တော့ ဘာလို့ နည်းတာ တုံး ။ အင်ဂျင်ဝိုင် က ဈေးတက် ပြန်ပြီလား ။ ဘာလား ညာလား မေးတတ်တယ် ။ ကျွန်တော်တို့ က လည်း ဟုတ်တိုင်း မှန်ရာ ရဲ့ ငါးပုံ လေးပုံ လောက် တော့ ပြောတာပေါ့ ။

မနေ့ က ပိုက်ဆံ သွား အပ် တော့ ဆရာတို့ က တီဗွီ ကြည့် နေကြတာ ၊ အဝေး က ဧည့်သည်တွေ လည်း ရှိ နေတယ် ။ ဂြိုလ်တုသတင်း ကြည့် နေကြတာ ။ အဲဒီ ထဲ က ကားပြိုင် ပွဲအကြောင်း ပါ လာတယ် ။ ဘယ် နိုင်ငံ မှာ လုပ်တဲ့ ကားပြိုင်ပွဲ ဆိုလားပဲ ။ လက်ရှိချန်ပီယံ ဘယ်သူ က ဒေါ်လာ ဘယ်နှစ်သောင်း ရ သွား တယ်ပေါ့ ။

ကားကလေးတွေ က မြေကြီး နဲ့ ကပ်လို့ ။ နိမ့်နိမ့်ကလေးတွေ ။ တာယာတွေ က မမှောက် အောင် မပြုအောင် အကြီးကြီးတွေ တပ် ထားတယ် ၊ ကားလေးတွေ က အရောင် ကို စုံ လို့ ။ စာလုံးတွေ နံပါတ်တွေ နဲ့ ဝေဆာ လို့ ။ လှ မှ လှ ဗျို့  ။ အင်ဂျင်ပါဝါတွေ ကတော့ ကြီး သလား မမေးနဲ့ ။ အာဖရိက မှာ ရှိတဲ့ ခြင်္သေ့တွေ အကုန်လုံး စုပြီး ထွက် ဟိန်း နေကြသလား ထင်ရ တယ် ။ နား ပွင့် လု မတတ်ပဲ ။

တာ လည်း လွှတ် လိုက်ရော ကားကလေးတွေ မောင်းထွက် သွား လိုက်ကြတာ လောက်စာအိမ် က လောက်စာ လွှတ်လိုက် သလိုမျိုး ။ ဝှီး ခနဲပဲ ။ မြန် မှ မြန် ။ တာထွက် တုန်း က တစ်စီး နဲ့ တစ်စီး ဘာမှ မကွာပေမယ့် နောက်တော့ တဖြည်းဖြည်း ဝေး သွားကြတယ် ။ အကွေ့ မှာ တော့ ပညာ ပါတယ် ။

ဆရာကတော် နဲ့ ဧည့်သည်တွေ ကတော့ တီဗွီ ကြည့် ရင်း ကားကလေးတွေ ကွေ့  ရင် လန့် အော်ကြတာ ။ ဘုရားတ တဲ့ လူ က တ တယ် ၊ စုတ် တသပ်သပ် နဲ့ ။ ရင်ဖို စရာ ၊ ရင်မော စရာ ကောင်းလွန်းလို့ တဲ့ ။ သူတို့ ကြောင့် ကျွန်တော် ပါ ရောယောင်ပြီး ရင်ဖို မိတယ် ။ ခဏ နေတော့ အဲဒီ အံ့သြ နေတဲ့ လူတွေ ကြည့်ပြီး အံ့သြရတယ် ။

တကယ် ကျ တော့ သူတို့ စွန့်စားတယ် ဆိုတာ ဘာ ဟုတ်သေးလဲ ။ သူတို့ ကားကလေး တွေ က အန္တရာယ် နည်းအောင် သေသေချာချာ စနစ်တကျ လုပ် ထားတဲ့ ကားတွေ ပဲ ဥစ္စာ ။ ကျွန်တော်တို့ တစ်တွေ မှာ သာ ကား တစ်စီး တည်း နဲ့ လူ လေးငါးခြောက်ဆယ် တစ်ပြိုင်နက် စွန့်စား ကြရတာ ။

သူတို့ စွန့်စားတယ် ဆိုတာ လောက် တော့ ကျွန်တော် တို့ က မအံ့ဩ တဲ့ အပြင် ရယ် တောင် မှ ရယ်လိုက် ချင် သေးတယ် ။

◾ညီပုလေး

📖 စံပယ်ဖြူ မဂ္ဂဇင်း
      ၁၉၈၈ ၊ မေ

#ကိုအောင်နိုင်ဦး

.

Saturday, March 30, 2024

ဟိုးဆရာ ဟိုး ၊ ဒီ ဆိုင် မှာ ထမင်းစား နားမယ်


 

❝ ဟိုးဆရာ ဟိုး ၊ ဒီ ဆိုင် မှာ ထမင်းစား နားမယ် ❞

[ ချင်းတွင်းမြစ် ကို ဆင်ဖြူရှင်တံတားကြီး က ဖြတ်ကူးပြီး ပခုက္ကူ ဘက် ကို လာမယ် ဆိုရင် ပခုက္ကူ - ဂန့်ဂေါ လမ်းမ နဲ့ ဆုံတဲ့ နေရာ မှာ ထမင်းဆိုင် တစ်ဆိုင် တွေ့ မယ် ၊ ထမင်းဆိုင် ကို မတွေ့ ခင် လမ်းမ ပေါ် က ‘ ဟိုး ဆရာ ဟိုး ၊ ဒီ ဆိုင် မှာ စားကြမယ် ၊ သောက်ကြမယ် ဟေ့ ’ ဆိုတဲ့ ဆိုင်းဘုတ်ကြီး ကို အရင် တွေ့ ရပါမယ် ။

ဆိုင်ရှေ့ မျက်နှာစာ မှာ မြေကွက်လပ် ကျယ်ပြီး ကားတွေ အများကြီး ရပ်နား ၊ စားသောက် နေကြတာ တွေ့ နိုင်ပါတယ် ။ ဆိုင်အမည် က လမင်းဦး ပါ ။ ဒါပေမယ့် လူတွေ က ဟိုး ဆရာ ဟိုး ထမင်းဆိုင် လို့ပဲ အသိ များတယ် ။

ဆိုင်ပိုင်ရှင် ကိုမောင်ဝင်း ( ၄၂ နှစ် ) ကို သူ့ ဆိုင် စားပွဲ မှာ ပဲ ထိုင် ပြီး သူ့ ဘဝဇာတ်ကြောင်း ကို မေးမြန်းခဲ့ပါတယ် ။ ]

••••• ••••• •••••

ကျွန်တော့် ဘဝ က သုည က စခဲ့ရတာ ဗျ ။ တစ်ချိန် က တော့ ကျွန်တော် ဟာ ထန်းတက်သမား ပါ ။ အသက် ၁၄ နှစ်သား ရင်းထောင် ကို မနိုင့်တနိုင် အရွယ် ကတည်း က တက်ခဲ့ရတာ ။ ပင်ပန်းသလား မမေးနဲ့ ။ လူတွေ ပြောနေကြတဲ့
နေပူ မရှောင် မိုးရွာ မရှောင် လုပ်ရတယ် ဆိုတဲ့ အလုပ်မျိုးပဲ ။ နေ ပူပူ ၊ မိုး ရွာရွာ ၊ လေ တိုက်တိုက် နပ်ပျက် လို့ မရဘူး ။ ၁၅ နှစ် လောက် ထန်း တက် ခဲ့ရတယ် ။ တစ်နေ့ အပင် ၇ဝ လောက် တက် ရတာ ၊ မသက်သာဘူး ။

အဲဒီ အချိန် က အခု လောက် လူတွေ နား မျက်စိ မပွင့်ကြသေးတော့ စီးပွားရေး အောင်မြင်မှုတွေ ကို အားကျရ မှန်း လည်း မသိဘူးလေ ။ နေရတာ က လည်း တော ထဲ မှာ ဆိုတော့ ကိုယ့် အလုပ် နဲ့ ပဲ ကိုယ် ပျော်နေတာပေါ့ ။

အဲဒီလိုနဲ့ တစ်နေ့ မှာ အစ်ကို နှစ်ဝမ်းကွဲ တော် တဲ့ ကိုသန်း ၊ ယခု လိုရာပြည့် အမွေးတိုင် ကုမ္ပဏီပိုင်ရှင် က အလှကုန် ကို အထမ်း နဲ့ ရောင်းတဲ့ အထမ်းသမား ဘဝ နဲ့ ရောက် လာတယ် ။ သူ က ကျွန်တော့်ကို ထန်းတက်သမား ဘဝ ကို
စွန့်လွှတ်ပြီး အရောင်းအဝယ်သမား ဖြစ်အောင် ကြိုးစားဖို့ ၊ ထန်းသမား ဘဝ ဟာ
ရင်းထောင် ထောင် ပြောင် ၊ ရင်းထောင် လဲ မွဲ ဆိုသလို ဘဝ က ပြားလိုက် ပိန်လိုက်
သံသရာ လည် နေတာမို့ ထန်းသမား အလုပ် ကို စွန့်လွှတ်ဖို့ တိုက်တွန်းတယ် ။ ပထမ ငွေ အရင်းအနှီး တစ်ထောင် ရအောင် ရှာ ၊ အဲဒီ တစ်ထောင် ကို နှစ်ထောင် ဖြစ်အောင် လုပ်ရတာ အလွန် သက်သာတယ် ။ မင်း ထန်း တက် သလောက် မဆင်းရဲဘူး ပြောတာ နဲ့ ကိုယ့် ကို ထမင်း အနပ်ပေါင်း များစွာကျွေး လာခဲ့တဲ့ ထန်းပင်တွေ ကို ကျေးစွပ် လိုက်ရတယ် ။

ထန်း လုပ်ငန်း ကို သာ စွန့်ပစ် လိုက်ရတယ် ။ လက် ထဲ မှာ အရင်းအနှီး လည်း မရှိဘူးဗျ ။ ဒါနဲ့ ကျွန်တော့် တစ်ဝမ်းကွဲ အစ်မ ဆီ က ငွေ ၁၅၀၀ ချေးပြီး အိမ်ဆိုင်ကလေး တစ်ဆိုင် စ ဖွင့် လိုက်တယ် ။ အဲဒီ အချိန် က ငွေ ၁၅၀၀ ဆိုတာ က လည်း မုန့် ၊ ပဲ ၊ သွားရည်စာ နဲ့ လူသုံးကုန် ပစ္စည်း တော့ အတော်ကလေး စုံအောင် ဝယ် လို့ ရတယ် ။ အနီးအနား ရွာဝန်းကျင် မှာ တော့ ပထမဆုံး အဆင့်မီ အိမ်ဆိုင် ပါပဲ ။ ရေစကြိုမြို့နယ် ကြက်ဆူကျင်းရွာ မှာ ဖွင့် တာပါ ။

ကြက်ဆူကျင်းရွာ က ရေစကြိုမြို့ နဲ့ ဆယ်မိုင် လောက် ဝေးတယ် ၊ ပခုက္ကူ ကားလမ်း ဘေး မှာပေါ့ ။

ကျွန်တော့် ရည်မှန်းချက် က ကျေးရွာ အဆင့် အိမ်ဆိုင်ကလေး ဖြစ်ဖို့ လောက် ပဲ မျှော်မှန်း ထားတာပါ ။ ယခုလို စားသောက်ဆိုင်ကြီး နဲ့ သနပ်ခါးခြံကြီး နဲ့ အဆင့် အထိ စိတ်မကူးရသေး စိတ်မကူးရဲသေးပါဘူး ။

တစ်ဘက် က အိမ်ဆိုင်ကလေး ရောင်း ၊ ရောင်းဖို့ ပစ္စည်းတွေ မြို့ သွားပြီး ဝယ် လုပ်ရင်း တစ်ဘက် က လည်း ဒီနား ရွာနီး ဝန်းကျင် က ဘက်ထရီအိုးတွေ လက်ခံ စုပြီး မြို့ မှာ အားသွင်း ဖို့ အပို့အယူ လုပ်တယ် ။ တစ်ခေါက် ကို စက်ဘီး နဲ့ ၁၅ လုံး တင်တယ် ။

တစ်နေ့ မှာ တော့ ဘက်ထရီအိုးတွေ ပို့ ဖို့ အသွား ရွာအထွက် ကားလမ်း အရောက် မှာ ကား သုံးစီး နား နေပြီး ကားသမားတွေ စကား ပြောသံ ကြားလို့ နားစွင့် မိတယ် ။ သူတို့ ပြောတာ က “ ဒီ လမ်းကြော မှာ စားသောက်စရာ နေရာ ရှားတယ် ။ စိတ်တိုင်းကျ မရှိဘူး ။ ဒီနေရာ မှာ စားသောက်ဆိုင် တစ်ဆိုင် လောက် ရှိရင် ကောင်း မှာပဲ ။ ကြားစခန်း လည်း ကျတယ် ၊ လွတ် လည်း လွတ်လပ်တယ် ” တဲ့ ။

အဲဒီလို ပြောသံ ကြားတာ နဲ့ ကျွန်တော့် ဆိုင် ကို ကားလမ်း ဘက် ရွှေ့ ဖွင့် ပြီး လက်ဖက်ရည် နဲ့ အသုပ်စုံ စမ်း ရောင်း ကြည့်တယ် ။ ထင် ထားတာ ထက် တောင် အဆင် ပြေတယ်ဗျ ။ ကားသမား တချို့ က ထမင်းချက် ရောင်း ဖို့ အကြံ ပေးတယ် ။ ချက်ထား ပြီး ကား မလာ ရင် ၊ ရပ် မစား ရင် ဆုံးရှုံး မှာ ကို မခံနိုင်တော့ သူတို့ စားချင်တယ် ၊ စောင့် နိုင်တယ် ၊ ချက် ပေးပါ ဆိုမှ ပဲ ချက် ပေးတယ် ။ တချို့ ကားသမားတွေ ကလည်း မစောင့်နိုင်ဘူး ။ ဒါနဲ့ အရဲစွန့် ပြီး ထမင်းတွေ ကြိုတင် ချက်ထား လိုက်တယ် ။ ထမင်း တွေ သာ ချက် ထားတာ ကား လာရင် လမ်းပေါ်  တက်ပြီး ထွက် မခေါ် ရဲတာနဲ့  ‘ ထမင်း စားလို့ ရပြီ ’ ဆိုတဲ့ ဆိုင်းဘုတ်ကလေး ကို ကားလမ်း ဘေး မှာ မြင်သာ အောင် စိုက်ထား လိုက်တယ် ။ အဲဒီက စပြီး ချက် သမျှ ကုန်တာပဲဗျို့ ။

ကားသမားတွေ က လည်း စားရတာ နားရတာ အဆင် ပြေတဲ့အတွက် သူတို့ က ပဲ ကိုယ့် ကို ကျေးဇူး တင်တဲ့ အကြောင်း ပြောသွားကြ သေးတယ် ။ ရင်းနှီး တဲ့ ကားသမား တချို့ က တော့ ကျွန်တော်တို့ ကို ဆက်ဆံရေး အပိုအဆာ မပါဘဲ အရိုးခံ အတိုင်းမို့ သဘောကျ သတဲ့လေ ။

ကျွန်တော် က တော့ ကားတွေ ကို အထူး မဆွဲဆောင် ခဲ့ပါဘူး ။ အခု အချိန် အထိ ကျွန်တော့် ဆိုင် ကို ရပ်နား ပေး ဖို့ ကားသမားတွေ ကို မစည်းရုံး ခဲ့ပါဘူး ။ ဒါကလည်း ကျွန်တော် က လုံလောက် ပြည့်စုံချမ်းသာ နေလို့ မဟုတ်ဘူး ။ သူတို့ စိတ် မပါဘဲ ၊ စေတနာ မရှိဘဲ အားနာလို့ ရပ် ပေးရတာမျိုး ဖြစ်မှာ မလိုလား လို့ပါ ။ ပြီးတော့ အခြား ဆိုင် မှာ ရပ်ပေး နေတဲ့ ကား ကို ကျွန်တော်တို့ က ဈေးခေါ် လို့ လာ ရပ်ပေး ရင် အခြား ဆိုင် က နစ်နာ ဆုံးရှုံး သွားမှာကို လည်း မလိုလားဘူး ။
ဒါပေမယ့် ကျွန်တော်တို့ ဆိုင် မှာ လာ ရပ်ပေး နေတဲ့ ကားတွေ ကိုတော့ ကျွန်တော် တို့ ရဲ့ ကျေးဇူးရှင် တွေ အဖြစ် အမြဲ အောက်မေ့တယ် ။ မေတ္တာ ပို့ပါတယ် ။ စေတနာ မှန် လို့ပဲလား မသိဘူး ။ ဒီနေ့ ဒီအချိန် အထိ မိတ်ဆွေတွေ က ရောင်းကောင်း သလား
မေး ရင် ကောင်းပါတယ် ခင်ဗျာ လို့ ပြောနိုင်ပါ သေးတယ် ။

မလှူ နိုင် ဈေးရောင်း ဆိုတဲ့ စကား ကို အခုမှ ကောင်းကောင်းကြီး သ
ဘောပေါက် တော့တယ် ။ အချို့ က စားပြီး ပိုက်ဆံ မရှင်းဘဲ ထ သွားတယ် ။ အချို့ က အကြွေး စားပြီး မပေးဘူး ။ လုပ်သက် နု တုန်း ကတော့ စိတ် ထဲ မှာ နှမျော တာ ရော ဒေါသ ဖြစ် တာရော ကသိကအောက် ပေါ့ ။ ကြွေးစား ထား တဲ့ လူ နောက် တစ်ခေါက် လာရင် ပေါင်း တောင်းတယ် ။ အဲဒီတော့ နောက် တစ်ခေါက် မှ ပေးမယ်
ပြောပြီး ထွက်သွား ပြန်တယ် ။ နောက်ကျ မလာတော့ဘူး ။ အဲဒီတော့ အရင် ကြွေး လည်း မရ ၊ နောင် လည်း မရောင်းရ ဖြစ်ရော ၊ ခုတော့ အကြွေး ယူ သွားရင် စာရင်း လည်း မမှတ်တော့ဘူး ။ တောင်း လည်း မတောင်းရဲတော့ဘူး ခင်ဗျ ၊ ကိုယ် လည်း
သံသရာ က ကျွတ်အောင် မရုန်းနိုင် သေးတော့ ဒါန လို့ သာ သဘောထား ရတော့တာပဲ ။

ပြောရဦးမယ် ၊ ကျွန်တော့် မှာ အခု အချိန်ထိ ဖြေရှင်းကိုင်တွယ် လို့ မရတဲ့ အခက်အခဲ ရှိသေးတယ်ဗျ ။ ကျွန်တော် ထမင်း စ ရောင်းခါစ လောက်ကပေါ့ ။ ရွှေကူ - သလ္လာလိုင်းကား က ခရီးသည်တွေ အပြည့် နဲ့ ဝင်ချလာပေါရော ။ ဆိုင် စားပွဲထိုးတွေ က ‘ လိုင်းကား ဝင်လာပြီ ဟေ့ ’ လို့ အားရဝမ်းသာ ထ ပြောတယ် ။ ကျွန်တော်
လည်း ထွက်ပြီး ခရီးဦးကြို ပြုတယ် ။ ကားသမားတွေ အတွက် အတွင်း ဘက် မှာ
သီးသန့် ပြင်ပေးပြီး အပို ဟင်းကလေးတွေ ဖွယ်ဖွယ်ရာရာ လုပ်ပေး လိုက် တာပေါ့ ။

ဒါကို တခြား စားပွဲ မှာ ထမင်းစား နေတဲ့ ကုန်ကားသမား က မြင် တော့ ကားသမား အချင်းချင်း အတူတူ ခရီးသည်တင်ကား ကျတော့ ပို ဂရုစိုက်တယ် ၊
ငါတို့ လည်း ပိုက်ဆံ ပေး စားတာပါကွ လို့ ပြောတယ် ။ ကျွန်တော် က သူ့ ကို ပြန် ရှင်း ပြ ရတယ် ။ အခြား ကုန်ကားသမားတွေ က ခရီးသည်လိုင်းကား ဝင် လာရင် အခွင့်အရေး ပေးပြီး ဧည့်ခံပါ ။ ခရီးသည်တင် ကား က အခေါက်ရေ လည်း စိပ်တယ် ၊ ခရီးသည်တွေ ဦးရေ များများ စားတော့ ထမင်းဆိုင် လည်း အကျိုးအမြတ် ရှိတယ်
လို့ အကြံ ပေး ထားလို့ပါ ။ ကျွန်တော်တို့ ကို နားလည် ပေးကြပါ ။ ခင်ဗျားတို့ ကို
တောင်းပန် ပါတယ် ။ ခင်ဗျားတို့ ဆီ က ယူတဲ့ ငွေ နဲ့ ထိုက်တန်အောင် ကျွန်တော် တို့ ကျွေးပါတယ် လို့ ပြော ရတယ် ။ အဲဒီ ကုန်ကားသမား က ငါ နားလည်ပါတယ် ကွာ ။ မင်းတို့ ကို စတာပါ တဲ့ ပြော သွားတယ် ။ အဲ ဒါပေမယ့် အဲဒီ ကုန်ကားသမား နောက်ထပ် လာ စားတာ မတွေ့ ရတော့ဘူး ။ ကျွန်တော် လည်း စိတ်ညစ် သွား တာပေါ့ ။

ဒီ နောက်ပိုင်း မှာ တော့ လိုင်းကား ဝင် လာရင် မအော်မိ ဖို့ စားပွဲထိုးတွေ ကို သတိပေး ထားရတယ် ။ ဒါပေမယ့် လိုင်းကား ဝင် လာရင် ဆိုင် က အလုပ်သမားတွေ က ကျန်တဲ့ လူတွေ ကြိုတင် ပြင်ဆင်ချိန် ရအောင် ထထ အော် နေမိလို့ လက်ကုတ် ထားရတယ် ။ လိုင်းကား အသစ် ဝင် လာရင် ကိုယ် ကဝမ်းသာ ပေမယ့် လည်း လွတ်လွတ်ကျွတ်ကျွတ် ဝမ်းမသာ မိအောင် ကိုယ့် ကိုယ် ကို ဘရိတ်အုပ် ထားရပါတယ် ။ ကုန်ကားသမားတွေ ကို လည်း ဟင်းပွဲ အပို လုပ်ပေးတာ တို့ သစ်သီးပွဲ အပို ကျွေးတာ တို့ လုပ်ပေး ရတယ် ။ လက်ဖက် နဲ့ ဆေးလိပ် လည်း တည်တယ် ။

ကျွန်တော် ကိုယ်တိုင် အရက် မသောက်ဘူး ၊ ဆေးလိပ် မသောက်ဘူး ၊ ကျန်းမာရေး အတွက် ရော လူမှုရေး အတွက် ရော မသောက်တာ ။ ဒါပေမယ့် ကျွန်တော့် ဆိုင် မှာ ရောင်း နေရတာ စိတ် မကောင်းဘူး ။ မရောင်း တော့ဘူး လုပ်လို့ မရနိုင်ဘူး ။ ဆိုင်က ဒီ တစ်ဆိုင် ပဲ ရှိတာ ဆိုတော့ ကား ပေါ် ပါလာတဲ့ ခရီးသည် က အာသာ ရှိရင် မရ မဖြစ်အောင် ရောင်း နေရတာပါ ။

ကျွန်တော့် ဆိုင် က လမ်းဆုံ မှာ ဆိုတော့ ပုလဲ ၊ ဂန့်ဂေါ ၊ ပခုက္ကူ ၊ ရေစကြို ၊ ချောင်းဦး ၊ မန္တလေး ၊ မုံရွာ ကားတွေရပ်နားကြပါတယ် ။ ပခုက္ကူ မှ ၂၈ မိုင် မှာ ‘ ဟိုး ဆရာ ဟိုး ’ လို့ အများ သိကြတယ် ။

ကျွန်တော့် ဆိုင် မှာ ခရီးသည်တွေ အေးအေးဆေးဆေး နားပြီး စားသောက် လို့ ရအောင် ကား လေဖြည့် ၊ ကား ရေဖြည့် ၊ လူ ရေချိုး ၊ လိုအပ်ရင် တယ်လီဖုန်း ဆက်လို့ ရအောင် စီစဉ် ပေးထားတယ် ။

ကျွန်တော့် ဆိုင် ရောင်းအား ကောင်းတာ က တော့ နေရာ နဲ့ စေတနာ ကြောင့် ပါ ။ အဲ အချက်အပြုတ် နဲ့ သန့်ရှင်း လတ်ဆတ်မှု လည်း ပါဦး မှ ဖြစ်မယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

ကညာမေ ဗျာကေဝိုက် ကယ် က


 ❝ ကညာမေ ဗျာကေဝိုက် ကယ် က ❞ 


ကျေးဇူး တင်လိုက်တာ နာရီမ ရယ် ... ငါ လေ နင့် ကျေးဇူး ကို ဘယ်လို ဆပ်ရမှန်း တောင် မသိတော့ပါဘူး ။ ငါ တင် မဟုတ်ပါဘူးလေ ။ ဟောဒီ အစုန် သင်္ဘောကြီး ပေါ် မှာ လိုက်ပါခွင့် ရတဲ့ ဇာတ်သမားတိုင်း လိုလို နင့် ကို ထိုင် ရှိခိုး ချင် လောက် အောင် ကျေးဇူး တင် နေကြတာပါ ။ အမြဲတမ်း မူး နေပြီး လူတကာ ကို လိုက် ရိ နေတတ်တဲ့ လူပြက် ဦးအုန်းပွင့်ကြီး က တောင် လူ ဆိုတာ ပျော်ရာ မနေ တော်ရာ နေရသတဲ့ သမီး ရေ ။ ဒီ မြို့လေး ဟာ နင် နဲ့ တော်လို့ နင် နေရစ်ခဲ့ရတာ လို့ ဆို့ဆို့ကြီး ပြော လေရဲ့ ။ မင်းသားကြီး ဘစိန်ကျော်ရွှေ က တော့ အရူး အရူး နဲ့ ကိုင်း ... အခု အရူး က တစ်မူး ၊ တစ်ပဲ ၊ တစ်မတ် ၊ တစ်ကျပ် အကုန် သာ သွားပြီ ဗျား ။ စ လာ ကတည်း က တစ်လမ်းလုံး ငါ မျက်စိ နောက်ခဲ့ သမျှ အခု မှ အတိုးချ ပြီး သာ ကန်တော့ လိုက်ချင်တော့တာပဲ တဲ့ ။ သင်္ဘော ပေါ် ကို ပဲအိတ်တွေ ၊ သကာရည်ပိုင်းတွေ ၊ ပျဉ်ချပ်တွေ ၊ တဒုံးဒုံး တဒိန်းဒိန်း ဘင်သံတွေ ၊ ဈေးရောင်းဈေးဝယ် အော်ဟစ် ခေါ်ထူးသံတွေ ၊ နေရာလုသံ ၊ ရန်ဖြစ်သံတွေ အားလုံး ကို ဖောက်ခွင်းပြီး နင် ဆိုနေကျ သီချင်းသံလေး ကြားယောင် နေမိတယ် ။ မြန်မာပြည် နာရီတွေ က များ အချိန်တွေ မှန်နိုင်ပါတော့မလား တဲ့ ။ ဒီ သီချင်း ကို အမြဲ ဆို လွန်းလို့ နင့် ကို နာရီမ လို့ ဝိုင်း ခေါ်ခဲ့ကြတာ မဟုတ်လား ။


ဟော ... သင်္ဘော စက် နှိုးပြီး လှိုင်း နဲ့ စက်ဒဏ် ကြောင့် သင်္ဘော တစ်စင်း လုံး တုန်ခါနေတယ် ။ မကြာခင် ခရီး တစ်ခု စ ရတော့ မှာပါလား ဆိုတဲ့ အသိ ကိုယ်စီ နဲ့ သက်ပြင်းတွေ တောင် ပြိုင်တူ ချလိုက်မိတယ် ထင်ပါရဲ့ အေ ။ ဟော ...


ဥသြ ဆွဲပြီး ကုန်းဘောင်ပျဉ်ချပ်တွေ ကို ဖြုတ် နေပြီး ရင် ထဲမှာ နစ်ဝင် နေတဲ့ ဆူး တစ်ချောင်း ကို တဖြည်းဖြည်း ဆွဲ နုတ်နေသလို မြည့်မြည့်ဆွေးဆွေး နာကျင် နေရပါတယ် အေ ရယ် ။ ဒီလိုနဲ့ ဟောဒီ ရေစုန် မှာ ငါတို့ တွေ မျောပါ သွားမယ် ။ နင် ကတော့ လေ ... အို ... ငါ တွေးရင်း မျက်ရည်တွေ ကျ လာ မိတယ် ။


“ သူ နေသား ကျ ရင် ပျော် သွားမှာပါ သမီး ရယ် ။ ဒါဟာ ဝမ်းနည်းစရာ မဟုတ်ပါဘူး ။ ဖြစ်တတ်တဲ့ ဓမ္မတာတရား ပါ ”


အပျိုတော် အမေစိန် က ဖျောင်းဖျ ပေမယ့် ငါ တော့ ငိုဆဲ ငိုဆဲ ပါ ဟာ ။ 


“ နင် ဟာ မျက်ရည် ကို လွယ် လွန်းတယ် ။ မင်းသမီး လိုက် မကဘဲ ဧယင်ကျူး တွေ ချည်း သီးသန့် လက်ခံပြီး က နေဖို့ ကောင်းတယ် ”


နင့် ပြစ်တင် စကားတွေ လေ ငါ နား ထဲ က မထွက်ပါဘူး ။ ငါ က တော့ ရင် ထဲ က အပူ ကို မျက်ရည်အဖြစ်ပဲ ထုတ် ပစ်တတ် တာပါ ။ သိမ့်ခနဲ တစ်ချက် ဖြစ် သွားပြီး သင်္ဘောဦးလှည့် သွားပြီ  ။ ငါတို့ ... ငါတို့ စ လာခဲ့ရာ လမ်း အတိုင်း ပြန် စုန်တော့မယ် ။ နာရီမ ရေ ငါ့ စိတ် အတွေးတွေ ကတော့ သင်္ဘောကြီး ထက် အရင် စောပြီး ဒီ ခရီး အစ ကို ရောက်နေလေရဲ့ ။


“ ဟဲ့ ကောင်မ ၊ ငါ့ ကို နှိပ်စမ်း ၊ ငါ ဟာ ညည်းတို့ ကျေးဇူးရှင် ဖြစ်သွား ပြီ ၊ အခု နှိပ်လိုက်စမ်း ”


ငွေစက္ကူတွေ အထပ်လိုက် တွေ ငါ့ ရှေ့ မှာ ပစ် ချပြီး ပြုံးဖြီးဖြီး ပြော လာတဲ့ နင့် ကို တအံ့တသြ ငါ ကြည့် နေတုန်း ငါ့ မေးစေ့ချွန်းချွန်းကလေး ကို ကိုင် လှုပ်ရင်း ..


“ အခုအချိန် က စပြီး နင်တို့ နာရီမ အကြောင်းကို သိစေ့ရမယ် ။ ငွေ မှန် ရင် ရေအောက်တွင်းတူး မြှုပ်ထားပေ့စေ ။ ငါ့ လက် ထဲ ရောက်ရစေ့မယ် ဟေ့ ” 


“ နေစမ်းပါဦး အေ ။ နင် ပေါ တဲ့ ကိစ္စ အသာ ထားပြီး ဒီ ပိုက်ဆံတွေ က .. ” 


ကတုန်ကယင် မေး လိုက်တဲ့ ငါ့ စကား မဆုံးခင်  ...


“ ပွဲ တော့ ပွဲ မမ ရဲ့ ၊ အညာ က လာ ငှားတဲ့ပွဲ သိတော်မူပြီလား ။ ပွဲစား တွေ အလုအယက် ဝိုင်း ဆွယ်နေကြတဲ့ အထဲ က ကိုယ့် ဇာတ်ကလေး ထည့်ပါစေ တော့ ဆိုပြီး ငါ့ မယ် မျက်ခုံး လှုပ် ပြရ ၊ မျက်စိ လှုပ် ပြရ နဲ့ အပါ ဆွဲ ခေါ်လာရတယ် ။ ဘုန်းကြီးပျံပွဲ မူတည် ပြီးတော့ အဲဒီ နယ် မှာ ဘုရားပွဲ ကျောင်းပွဲတွေ လုပ်မှာပေါ့ ဟာ ။ ငှား တဲ့ လူကြီးတွေ က ကောင်းရင် ကောင်းသလို ဆုချမယ် ၊ ငွေ ဆိုတာ ၊ အကြောင်း မဟုတ်ပါးဘူး တဲ့ ။ ငါးည ကို လေးသိန်းခွဲ နဲ့ စာ ချုပ် လို့ ဇာတ်ဆရာ က ငါ့ ကို မုန့်ဖိုး ပေးလိုက်တယ် လေ ။ ပွဲ ငှားတဲ့ လူတွေ ကြည့်ရတာ ဒါ သမား တွေ နဲ့ တူပါ ရဲ့ ”


စကား ထဲ မှာ လက်ထိပ် နဲ့ လက်ခလယ်ထိပ် ပွတ်ပြီး လှည့် ပြ လိုက်မှ ဪ .... ပွဲ နဲ့ ကစားဝိုင်းတွေ ထည့်မှာ ကိုး လို့ ငါ သဘောပေါက် ခဲ့ရတယ် ။ နင် က တော့ နင့် ပုံစံ အတိုင်း မထီတရီ လေ ။ ဒါကြောင့်လည်း ခန္ဓာကိုယ် အချိုး အဆစ် လှသလောက် မျက်နှာ က ပြိုင် လှ နေပြီး ရည်းစား ထည်လဲ တွဲ တတ်တဲ့ နင့်ကို  နာရီမ လို့ နာရီမ လို့ နာမည် ပြောင်း ပေးထားကြတာ ။


“ ရည်းစား ဆိုတာ လက်ပတ်နာရီတွေ လိုပါပဲ ။ တစ်မျိုးတည်း စွဲစွဲကြီး ပတ် မထားနဲ့ ဟဲ့ ။ ကြာရင် ပုံရိုးပုံအကြီးတွေ ဖြစ်သွားတတ်တယ် ။ အပြောင်းအလဲလေးတွေ နဲ့ ဆိုတော့ ပျော်စရာ မကောင်းဘူးလား ။ နင် တစ်ခု သေချာတာတော့ မှတ်ထား ။ အချစ်စကား တော့ ပုံစံမျိုးစုံ ကြားရမယ် ။ သစ္စာစကား လည်း ပေါင်းစုံ ပဲ ။ ဒါပေမယ့် ဘယ်သူ့ စကား မှ မယုံလေ နဲ့ ။ ဘယ် ယောက်ျား သစ္စာ က မှ မှန်ကန် တည်မြဲဖူးတယ် မရှိဘူး ။ နာရီများ ချို့ယွင်းချက် မျိုးစုံ နဲ့ စက်ပျက် သလို သူတို့ ကလည်း အဖေ့ ကြောင့် ၊ အမေ့ ကြောင့် ၊ စီးပွားရေး ကြောင့် ၊ ဘဝချင်း မတူတာ တွေကြောင့် နဲ့ ညောင်ညိုပင်စခန်း က လမ်းခွဲသွားကြတာ ချည်း ။ ငါ က တော့ ချစ်လား အင်း ၊ သွားတော့မယ်နော် ။ တာ့တာ ပဲ ။ မြန်မာပြည် မှာ နာရီတွေများ အချိန်တွေ မှန်နိုင်ပါတော့မလား ၊ အဲဒီ သီချင်း သာ အရ ကျက်ထား ဟေ့ ”


နင့် ပတ်ဝန်းကျင်မှာ ကဲ့ရဲ့ မေးငေါ့သံတွေ လှိုင် နေပေမယ့် နင် အသွား အလာ မပျက်ဘူး ။ အပြုံးအရယ် မပျက်ဘူး ။ “ ပြောကြပါစေ ဟယ် ၊ ကိုယ် ငတ် နေတော့ သူတို့ ဆန် တစ်ဆုပ် ရေ တစ်ခွက် တိုက်တာ မဟုတ်ပါဘူး ။ အလကား နား ညောင်းတယ် ။ ငါ့ ကွယ်ရာ မှာ ငါ့ အတင်း ပြောတဲ့ သူ ဟာ ငါ့ ခြေထောက် ကို ရှိခိုးတာပဲ ”


အခုလည်း ကြည့် ၊ နင် ကြိုးစားလို့ ဒီ ပွဲကလေး ရတာ ကို မလိုတမာ စကားတွေ နဲ့ ဒီကောင်မ က ဟိုကျရင် ဘယ်လို ချူလိုက်မလဲ ဆိုတာ ကြည့် သာ နေကြတို့ ၊ ဇာတ်သိက္ခာ က တော့ နာရီမ အတွက် ဗုန်းဗုန်းကျတော့မှာ ပါ တို့ ဝေဖန် ကဲ့ရဲ့ကုန်ကြပြီလေ ။ ဒီပွဲ က လေးငါးခွင် ခြောက်ခွင် ကို က ရင် ကိုယ့် ညကြေး ဘယ်လောက်ရမယ် ။ ကိုယ့် မိသားစုတွေ ထမင်းအိုး ဘယ်လို စိုမယ် ဆိုတာ မတွက်ဘူး ။ ရှိခဲ့ဖူးတဲ့ အရိပ်မည်း နဲ့ စေတနာ ကို လိုက် ဖုံးကွယ်ပစ်ဖို့ ကြိုးစား နေကြတုန်း ။ ဒါပေမယ့် နင် ကတော့ မမှုပါဘူး ။ ထုံးစံအတိုင်း မဲ့ပြုံးကလေး ပြုံး ပြီး ငါ့ အတွက် နင် စိတ္တဇဖြ စ်မနေနဲ့ ။ ငါက မတုန်လှုပ်တော့ဘူး ။ နင် သိထားဖို့က  ငါ ဟာ အဆိုတော် ပြဇာတ်မင်းသမီး ၊ ငါ သီချင်း ဆိုတာ ကြိုက်ရင် ဆုချမှာပဲ ။ သရုပ်ဆောင် တာ နှစ်သက် ရင် ဆုချမှာပဲ ။ အဲဒီလို နယ် မှ မဟုတ်ဘူး ။ မြို့ပေါ် ပွဲတွေ မှာ လည်း ငါ ဆုချ ရနေတဲ့ ဥစ္စာ ။ အေးလေ ... သီချင်း ဆိုတယ် ဆိုမှ တော့ ကြာလေး ဗျာပါလေး တော့ ထည့်ရတာပေါ့ ။ လက်ကလေး ခြေကလေး နည်း နည်း လှုပ်ရတာပေါ့ ။ အဲဒါကို ဝန်တိုပြီး ချူတယ် ချိုင်တယ် ထင်ရင်လည်း ဟာ ... ပြောရတာကို ကျက်သရေ မရှိပါဘူး ။ နား ထဲ ထား မနေနဲ့ဟာ ။ အဲလို အတွန်းအတိုက် ၊ အပုတ်အခတ်တွေ ကြား ထဲ ကပဲ ဟောဒီ အညာပွဲခွင် ကို ကဖို့ ခရီး ထွက်ခဲ့ရရော ဆိုပါတော့ ။ ဟဲ့ ... အခု ငါတို့ သွား ကရမယ့် မြို့ က နာရီအဆန်း လေးတွေ ပေါလောက်တယ် မဟုတ်လား ။ မဆီမဆိုင် မေးလာတဲ့ နင့် မေးခွန်း ကို ယောင်လည်လည် ငါ က အို .. နင် ရူးနေသလား ။ အခု သွား ကရမှာ က စားပွဲတင်နာရီ တော့ ပေါတယ် ဆိုတော့ ရယ်လိုက်တာ ။ မျက်စိပေါက် တောင် ပိတ်လု မတတ် ။ ပြီးတော့မှ ခပ်တည်တည်ကလေး နဲ့ ငါ ပြောတဲ့ နာရီ က သစ္စာ ဆိုတတ်တဲ့ နာရီ ဟဲ့ ။ အနုပညာ ကို မြတ်နိုး သလိုလို နဲ့ မင်းသမီး ကို သံယောဇဉ် စကား ပြောတတ်တဲ့ နာရီ ။ ပွဲ တစ်ပွဲ ကို တစ်လုံး ပဲ ပတ်ပြီး နောက်ပွဲ ကူးတဲ့အခါ ကျတော့ သံပတ်တွေ အလိုလို လျော့ သွားပြီး သံယောဇဉ်တွေ သံချေး တက်သွား တတ်တဲ့ နာရီ ဟေ့ ။ ကုန်းပတ် ပေါ် က ရယ် လိုက်တဲ့ ထို အသံတွေ ဟာ ရေဆန် ကို ကျုံး ရုန်း နေရတဲ့ သင်္ဘောစက်သံ ကို လွှမ်းလု နီးပါး ၊ နံဘေး က ခရီးသည်တွေ တောင် ဝိုင်း ကြည့်ကုန်ကြရဲ့ ။ လူရွှင်တော် ဦးလေး ကိုစက္ကူ က တောင် စာ ဖတ်နေရာက လှမ်းပြီး ဟိုကောင်မ နော် ၊ ငါ့ သမီးတွေ ကို အတတ်ကောင်း နည်းကောင်း တွေ သင်တန်း ပေး မနေနဲ့ လို့ လှမ်း ပြောတော့ နင် က နင့် လက်ကောက်ဝတ် ဖြူဖြူလေး ပေါ် က ရွှေရောင်နာရီလေး ကို မြှောက် ပြပြီး ဟိုကျရင် ဒါ ဝယ်မလို့ ဦးလေး ရေ ၊ တိုင်ပင် နေကြတာ ဆိုတော့ ဦးလေး ကိုစက္ကူ က အေးဟ ၊ ငါ့ လည်း တစ်လုံး ကောင်းလောက် ရှာပေးကြပါဦး လို့ စကား အစအဆုံး မသိဘဲ ဝင် ပြောတော့ ရယ်ကြရပြန် ရော ။


လှိုင်းသံ စက်သံတွေ က လည်း ဆူလို့ ညံလို့ ပါ့ ။


လက်ခုပ်သံ တွေ သြဘာသံတွေ ဆူညံ နေတယ် ။ နင့် သီချင်းဆို ကဏ္ဍ က လည်း ကောင်းတယ်လေ ။ မဆိုခင် မှာ နင် ပြောပြ မိတ်ဆက် နေတဲ့ စကားသံကလေး ကို က စွဲမက်စရာလေး ။ မိတ်ကပ် အလှ ၊ ကိုယ်နေဟန်ထား အလှ ၊ အရည်အသွေး ၊ အလှတွေ နဲ့ ပေါင်းစပ် လိုက်တော့ နာရီမ ရဲ့ ည ဖြစ်သွားတော့ မှာ သေချာ တယ် ။ ပွဲခင်း ကို ဝန်းရံ ထားတဲ့ လောင်းကစားဝိုင်း ပေါင်းစုံ က အော်သံ ဟစ်သံ တွေ က လည်း ပွဲခင်း ထဲ ကို တိုးခွေ့ ဝင်လာတတ်သေးရဲ့ ။ မှတ်မှတ်ရရ ငါ တို့ ဇာတ်ထောင် ဆရာကြီး မူးမူး နဲ့ ငွေလေးသောင်း နီးပါး နိုင်လာတဲ့ နေ့ လေ ။ တို့ တစ်ဇာတ်လုံး က လည်း ဝမ်းတွေ သာ လို့ ၊ ပျော်လို့ ဣန္ဒြေ မပျက်တဲ့ သူ ဆိုလို့ ဦးလေး ကိုစက္ကူကြီး ပဲ ။ သူ က တော့ မရယ်မပြုံး မျက်နှာကြီး နဲ့ အင်း ... ရလာ တာလေး အကောင်း မမှတ်နဲ့ ။ ကိုယ့် အိတ်ထောင် ထဲ ဘယ်လောက် ရှိသလဲ ဆိုတာ အလည် လာပြီး ကြည့်တာဗျ လို့ ပြောတာ ကို ဇာတ်ဆရာ ရဲ့ လူယုံတွေ က စိတ်ဆိုး ချင်ကြသေးတယ် ။ ဦးလေးကိုအုန်းပွင့် က တော့ သူ့ ထုံးစံ အတိုင်း မျက်ထောင့်နီကြီး နဲ့ စက္ကူ ကို စိတ် မဆိုးနဲ့ ။ ဒီကောင် က လောင်းကစား နဲ့ ဘဝ ပျက်တဲ့ အကောင် ။ ပြီးအောင် စောင့် ကြည့်ကြဦး ။ အေး ... အုန်းပွင့် တို့က တော့ နိုင် လာတဲ့ မုန့်ဖိုး လည်း မယူဘူး ။ ရှုံးတဲ့ အခါလည်း ညကြေး ကိုတော့ ငါးပြား မှ မလျှော့နိုင်ဘူး ။ ပြတ်ပြတ်ပဲ ။ ဒါ မူး နေတုန်း စကား ပြောထားတာ လို့ အော်ကြီးဟစ်ကျယ် ပြော နေလေရဲ့ ။


“ ဟဲ့ ကောင်မ ၊ ငါ တော့ နာရီ တစ်လုံး တွေ့ထားပြီ အေ ” ပြဇာတ် အပြီး နှစ်ပါး အတွက် အဝတ်အစားတွေ လဲ ၊  မိတ်ကပ် ပြန် ပြင်နေချိန်မှာ ရယ်သံ တစ်ဝက် နဲ့ ပြော လာတဲ့ ညည်း ကို ပြုံးပြီး ကြည့် ရင်း ... 


“ ဘယ်မှာလဲ ... ဘယ်ကတဲ့ လဲ ”


ညည်း က တော့ မထီတရီ မဲ့ပြုံးလေး နဲ့ ပခုံး တွန့်ပြပြီး ...


“ ဒီ နာရီမျိုး က စက် သိပ် မမှန်တတ်ဘူး အေ့ ။ ဟောင်ကောင် နာရီမျိုး ။ ကစားဝိုင်း က နိုင် လာလို့ ငါ့ ကို ဆု ချရင်း မိတ်ဆက် သွားတာ ကစားသမား ဆိုတာ အခု သရဖူ ဆောင်းပေမယ့် တော်ကြာ သူတောင်းစား ဖြစ်သွားတတ်တာမျိုး ၊ ပုံမှန် အိတ်ထောင် မဟုတ်ဘူး ။ ဒါကြောင့် ငါ ခပ်မှန်မှန် ပဲ ဆက်ဆံ လွှတ် လိုက် တယ် ။ အခြေအနေ စောင့် ကြည့်ရဦးမယ်လေ ”


ညည်း ဝေဖန်တာ မှန် လိုက်တာ နာရီ မရယ် ၊ ကစားသမား ဆိုတာ အခု သရဖူ ဆောင်းပေမယ့် တော်ကြာ သူတောင်းစား ဖြစ် သွားတတ်တာမျိုး တဲ့ ဟုတ်တာပေါ့ ။ ဒုတိယည က စပြီး ဇာတ်ဆရာကြီး ရှုံး လိုက်တဲ့ အရှုံး ခွက်ခွက် ကို လန်ပါရောလား ။ ဆရာ အထိနာ တော့ တပည့်တွေ က နှာတင်း အရိုးအရင်း လောက် ရတဲ့ ညကြေးတွေ နဲ့ သွား ကစား ၊ နိုင် ခဏ ရှုံးတော့ ထာဝရ ။ ရွှေပေါင် ၊ ငွေချေး ပွဲကြေး တွေ ပါ အလွဲသုံးစား ပြု ဒီလိုနဲ့ ပွဲခွင် တစ်ခွင် ညကြေး မရှင်းနိုင် ၊ နောက် တစ်ခွင် ထပ်ကူး ၊ ထပ်ရှုံး အဲဒီမှာ တဖြည်းဖြည်း ပြုံး လာတာ က ဦးလေးကိုစက္ကူ ပဲ 


“ ကိုင်းဗျာ ... ဘယ်နှယ့်ရှိစ ၊ ဧည့်သည် ကို နေရာ ပေးတော့ ခွေးကတက် ဆင်း အိပ်ရကိန်း ဆိုက်ပြီ မဟုတ်လား ။ ဒါကြောင့် ခဏ အလည် လာတာပါလို့ ပြောရက်နဲ့ ”


ဘယ်သူမှ မတုံ့ပြန်ရဲကြဘူး ။ အဘ စိန်ကျော်ရွှေ က ဆိုရင် “ အင်္ဂလိပ် ခေတ် ကစားဝိုင်းပွဲတွေ ကတည်း က ငါ မင်းသား က လာတာပါကွာ ။ ဘယ် သဘင်သည် မှ ဘဝ ကျွတ်အောင် နိုင်တယ် မကြားဖူးခဲ့ပါဘူး ။ ဖွတ် ဖြစ်ဖို့သာ နီးစပ် တာပါ ”


ဦးလေးကိုအုန်းပွင့် က တော့ ...


“ မီးလောင်တာ က ရောင်းစားစရာ မြေကွက် ကျန်ဦးမယ် ။ လောင်းကစား ဆိုတာက အဲဒီ မြေကွက် ပါ ၊ ဝါးစား ပစ်တာဗျို့ ။ ငွေ မျော ငွေ နဲ့ လိုက် ၊ ငွေ နဲ့ လိုက် ရုံ မကဘူး ။ အခု ဖိုးတွမ်တီး နဲ့ ပါ လိုက် ကုန်ပြီ ”


လက်ခံထားတဲ့ ပွဲခွင်တွေ ကုန် သွားပြီ ။ ပွဲကြေးတွေ က လည်း အဖွဲ့ ကို မရှင်းနိုင်ဘဲ ကုန်သွားပြီ ။ ဇာတ်ပစ္စည်း ၊ တီးဝိုင်း မီးခွင်တွေ လည်း ကစားဝိုင်း ဒိုင်တွေ ဆီ မှာ ကုန်သွားပြီ ။ ဇာတ်ထောင်ဆရာကြီး ကတော့ နောက်ပွဲ တစ်ပွဲ က ပေးကြပါ ၊ အဲဒီ ခွင်မှာ သူ အကုန်လုံး ပြေလည်အောင် ရှင်းပေးပါ့မယ် လို့ အစည်းအဝေး ခေါ်ပြီး လက်မှတ် ထိုးတယ် ။ အဲဒီ ပွဲခွင် ဆိုတာ ဆယ့်ငါးရက် လောက် နား ပြီးမှ က ရမယ့် ပွဲ ။ ရောက် နေတာ လည်း သုံးလ ကျော်ခဲ့ပြီ ။ ဇာတ်သမား လက် ထဲ မှာ လည်း စားလိုက် သောက်လိုက် ၊ ကစားလိုက် နဲ့ ငွေ မရှိ ။ အဲဒီ မြို့လေး က ဇာတ်ရုံအိုကြီး ထဲ မှာ ကုန်းခေါင်ခေါင် သောင် တင် သွားပြီ ။ နား တဲ့ ရက် မှာ ချက် စား ရာ ဆန်ဖိုး တောင် နတ္တိ ။


ဒါတွေ နင် အပြည့်အစုံ သိမှာမ ဟုတ်တော့ဘူး လေ ။ နင် က နာရီ အသစ်ကလေး တစ်လုံး ရသွားပြီ ကိုး ။


“ ငါ လေ ငါ့ ဘဝ မှာ ယောက်ျား တစ်ယောက် ကို အားကိုးတကြီး ချစ်ခဲ့ ဖူးတယ် သိလား ။ သူ့ အတွက် အိမ် က သဘော မတူတဲ့ ကြားက ဘဝပါ ပုံပြီး လက်ထပ် ခဲ့တာ ။ ငါ လည်း အငြိမ့်မင်းသမီး ဘဝ က ရာထူး ကျပြီး ဗလာဇာတ် ထဲ ရောက် လာခဲ့တာပဲ ။ နောက် တဖြည်းဖြည်း နဲ့ ရွှေကိုယ်တော် က ခွာမှန်း မသိ ခွာ တော်မူရာ သူက ငါ့ အောင်မြင်ကျော်ကြားမှု ကို မြတ်နိုး တန်ဖိုးထားတာ ကိုး ။ ငါ့ ကို ဗာလဇာတ် မင်းသမီး အဖြစ် လူပုံ အလယ် ထုတ် မပြရဲတဲ့ အချိန်မှာ သူ့ မေတ္တာ ၊ စေတနာ ဆိုတဲ့ ဥစ္စာတွေ က ဘာ အရာ ရောက်တော့မှာလဲ ။ ငါ က လည်း ထိပ် ချ မှ ဓားပြ မှန်း သိတာ ဟဲ့ ။ ဒါနဲ့ လူ များများ မသိခင် ကွာ ပေးလိုက်ပါတယ် ။ အဲဒီနောက် မှာတော့ ငါ အချစ် ဆိုတာ ကို ယုံကြည်ကိုးစားတဲ့ စိတ်ဓာတ်တွေ ကုန် သွားရော ။ တကယ်တော့ ယောက်ျား ဆိုတဲ့ သတ္တဝါ တွေ ဟာ ချစ် နေဖို့ပဲ ကောင်းတာ ။ ယူ ဖို့ တော့ မစဉ်းစားနဲ့ ၊ အမိ တို့ အိပ်ရာ ထဲ မှာ လူ ရှုပ်နေတာပဲ အဖတ် တင်တာမျိုး ”


နင့် အတွေး နဲ့ နင် တော့ မှန်မှာပေါ့ ဟယ် ။ ဒါပေမယ့် နင့် လုပ်ရပ်ကြီး ကို နံဘေး က ကြည့်ရတာ အန္တရာယ် ကြီးလွန်းလှတယ် ။ အခုပဲ ကြည့်တော့ လုပ်ငန်းရှင် အကျင့်ပျက်တာ ကို တော့ မပြောရဲကြဘူး ။ ရွှေရောင်စူပါကပ်ကလေး နဲ့ လှစ်ခနဲ လှစ်ခနဲ ပျောက် လိုက် ပေါ်လာ လိုက် နင့် ကို ဝိုင်းပြီး လက်ညှိုး ထိုး မေးငေါ့ နေ ကြပြီ ။ သူ က တော့ အကြိုက် တိုး နေတာပေါ့ တို့ ၊ ဒီလို နေချင်လို့ ဒီ ပွဲ ကို သူ ရှာလာတာလေ တို့ ၊ အို ... မလိုတမာ စကားတွေ နား နဲ့ မဆံ့တော့ပါဘူး ။ ပြောမယ့် သာ ပြောနေကြတာ သူတို့ အားလုံး စား ဖို့ ဆန် ၊ ဆီ နဲ့ ဈေးဖိုးတွေ ကို နင် က နင့် နာရီလေး ဆီ က နည်း အမျိုးမျိုး နဲ့ ကြိုးပမ်း ဖန်တီး ပေးနေတာ လည်း သူတို့ အသိ ။ ငါ တို့ ဇာတ်ဆရာကြီး နဲ့ တပည့်တွေ က အရှုံးသမား တို့ ထုံးစံအတိုင်း ကစားဝိုင်း ရှိရာ က ပြန် မှ မလာကြတော့တာ ။


“ မပူကြနဲ့ နော် ၊ ညကြေး သာ ရှင်း မပေးနိုင်တာ ။ ကိုယ့် လူတွေ မငတ် အောင် တော့ ကြံရဖန်ရ မှာ ။ ကိုယ့် ပွဲ ဆိုတော့ ကိုယ့် တာဝန်ပဲလေ ။ နောက်ဆုံး ကိုယ့် မြို့ ကိုယ် ပြန်နိုင်အောင်ထိ ဖန်တီး ရမှာပဲ ”


ဒီလိုနဲ့ မိုး ဖြိုင်ဖြိုင် ရက်တွေ ကို ရောက်မှန်း မသိ ရောက် လာခဲ့တယ် ။ လောင်းကစားရုံ မှာ စုန်းစုန်းမြုပ် နစ်တဲ့ ဘဝ ရောက် နေတဲ့ တို့ ဇာတ်ထောင်ဆရာကြီး အဖြစ် က လည်း ရင်နာစရာ ။ လောင်းကစားဒိုင် ကန်ထရိုက် ဆီ ကို တောင် ပစ္စည်းတွေ အားလုံး ရောင်းလိုက်ရတဲ့ ဘဝ ။ တီးဝိုင်းသမား တချို့လည်း ပြန် သွား ကြပြီ ။ ငါတို့ မပြန်နိုင်သေးတဲ့ လူစုက သာ ခါးပြတ်အငြိမ့်ပွဲကလေး က လိုက် ၊ အဆိုကလေး လိုက် လိုက် နဲ့ အသက်ဆက်နေရတုန်း ၊ နောက် က ရမယ့် ပွဲခွင် ကို မျှော်လင့် နေတုန်း ဗြုန်းဆို ကစားဝိုင်း အမိန့် မပေးတော့ဘူ ။ သက်ဆိုင်ရာ က တားမြစ် ဖမ်းဆီး လိုက်တော့ နင့် နာရီ  (ယာယီ ) လေး လည်း ပါ သွားရော ။


“ ခက်တာပဲ ၊ ငါ့ လက်ဝတ်လက်စားတွေ က ဆရာကြီး ယူ ပေါင်ထားတာ ဆိုတော့ ဟိုပွဲ ရွေးပေး နိုး ၊ ဒီ ပွဲ ရွေးပေးနိုး နဲ့ ရက်တွေ လည်း ညောင်း နေပြီ ။ ပြီးတော့ နင့် မို့ ငါ ပြောရဦးမယ် ” 


တိုးတိုးကလေး ကပ် ပြောလိုက်ပေမယ့် ငါ့ နား ထဲ မှာ ဗုံး ခွဲလိုက်သလိုပဲ ။ ငါ ရင်တွေ တုန် ခြေတွေ လက်တွေ တုန် နဲ့ ဖြစ်သွားပြီ ။ 


“ နင် အဲဒါ ဘယ်လို လုပ်မလဲ ဒုက္ခပါ ပဲ ”


“ အရပ်လက်သည် တစ်ယောက် လောက် ရှာရမှာပေါ့ ။ ဒီအတိုင်း တော့ ပြန် လို့ မဖြစ်ဘူး ။ ဟိုမှာ လည်း ငါ က စပေါ် ယူပြီးသား ” 


“ ဒုက္ခပဲ နာရီမ ရယ် ။ အဖွဲ့ က မှ သောင်တင် နေတဲ့ အထဲ ”


“ ဟဲ့ မပူပါနဲ့ ။ နင်တို့ ကို ပြန် ပို့နိုင်အောင် ကြိုးစားနေတာပါ ။ ငါ့ ကိစ္စ သာ ” 


ဦးဆောင် ခေါင်းရွက် အကျင့် ပျက်တာ နောက်လိုက် ငယ်သား ဆိုတာ က ဘာသား ထုထားတာမို့ ခံနိုင်မှာလဲ ။ လောင်းကစားဝိုင်း ဇယားကွက် ထဲ မှာ ငွေတွေ စည်းစိမ်တွေ တင် ရှုံး ရတာ မဟုတ်ဘူး ။ အကျင့် စရိုက်တွေ ၊ အနုပညာ သိက္ခာ တွေ ပါ ရင်းစား ပြန် မရစတမ်း စုန်းစုန်းမြုပ် ရှုံးရပြီလေ ။ မြစ်ကျဉ်း ရေစီး ထဲ မှာ အလိုက်သင့် မျောပါရင်း ခက်ခက်ခဲခဲ ဆန်တက် လာနေတဲ့ မော်တော်ကလေး တစ်စင်း ကို မြင် ရတော့ ဘ ဝတစ်ခု ရှင်သန်မှု အတွက် အသက် လု ရင်း ရုန်းကန် နေရ ရှာတဲ့ နင့် ရဲ့ သည်းထိတ်ရင်ဖို နေ့ရက်တွေ ကို ငါ မြင်ယောင် နေမိတယ် ။ ဝါဖျော့ဖျော့ အသားအရေ ၊ မကျွမ်းမကျင် အရပ်လက်သည် ရဲ့ အမှား ကြောင့် သွေးအား တွေ တစ်စ ထက် တစ်စ ဆုတ် ယူ လာရင်း ပြည့်ဖောင်းစိုအိ နင့် အလှတွေဟာ ရေစိုဝတ် ကို ညှစ်ချ လိုက် သလို ညှိုးချုံးနွမ်းရော် မျက်နှာလေး နဲ့ ငါ့ လက် ကို ကယောင်ကရမ်း ဆုပ်ကိုင်ရင်း မပီမသ ဝူးဝူးဝါးဝါး တွေ နင် အော်ဟစ် နေခဲ့တာ ။ ကျွမ်းကျင်တဲ့ ဆရာဝန် ရောက်လာချိန် ကျ တော့ ..


“ သွေးလွန် နေတဲ့အချိန် မှာ ငှက်ဖျားပိုး ဝင်သွားတာပါ ။ ကိုယ်ခံအား က နည်း နေတော့  ... ”


စကား ကို ရပ်ပြီး လူနာကို တွေတွေ စိုက် အကဲခတ် နေတဲ့ ဆရာဝန် မျက်နှာ ကို ကြည့်လိုက် ကတည်း က နင့် အနာဂတ် လုံးဝ အကျည်းတန် သွားပြီ ဆိုတာ ငါတို့ သိ လိုက်ရတယ် ။


“ မကစားကြပါနဲ့ ၊ မကစားနဲ့ ၊ မနိုင်တော့ဘူး ။ ပြန်မယ် ။ အားလုံး ပြန်ကြ မယ် ။ သင်္ဘောကြီး နေပါဦး ၊ မနိုင်တော့ဘူး ။ ငါ့ ကို ကယ်ကြပါ ၊ နင်တို့ နဲ့ အတူ ငါ ပြန်မယ် ၊ ငါ့ နာရီ နာရီလေး သင်္ဘောကြီး နေပါဦး ”


အော်သံ ၊ ဟစ်သံ ၊ အရုန်းအကန် အငိုအကြွေး တွေ ကြား မှာ နင် .. နင် အားလုံး ကို စွန့်ခွာ သွားခဲ့ပြီ ။ နင် ရှာပေးခဲ့တဲ့ ဆန်တွေ ၊ ဆီတွေ ငါတို့ မျိုလို့ ကျနိုင် ပါ တော့ မလား နာရီမ ရယ် ။ နင် လေ ငါတို့ အားလုံး ကို အနိုင် နဲ့ ပိုင်းသွားခဲ့ တာပါ ။ အားလုံး နင့် ရဲ့ အလောင်းကလေး ကို ပြင်ပြီး ဈာပန အတွက် စီစဉ် တိုင်ပင် နေကြ ခိုက် ဇာတ်ဆရာကြီး အရက်ခိုး ဝေနေတဲ့ မျက်နှာ နဲ့ ရောက် လာတယ် ။ သူ့ ရဲ့ နောက် မှာ လည်း ဧည့်သည် သုံးယောက် ပါ လာတယ် ။ ဇာတ်ဆရာ မျက်နှာ ပေါ် က ချွေးတွေ သုတ် ရင်း ...


“ ကဲ ... သေတဲ့ လူ လည်း သေ သွားပြီ ။ ဒီတော့ ဟောဒီ ဆရာတွေ က နာရီမ ရဲ့ ဈာပန ကို ကန်ထရိုက် ဆွဲချင်တယ်တဲ့ ။ မင်းတို့ သိတဲ့ အတိုင်းပဲ ။ နာရေး က လွဲရင် ကစား အမိန့် က မရတော့ဘူး လေ ။ အဲဒါ သူ့ နောက်ဆုံး ခရီးလည်း လှ သွား အောင် သူတို့ လည်း အကျိုးရှိ သွားအောင် ညှိကြရအောင် ကွာ ”


ဇာတ် တာဝန်ရှိ ပုဂ္ဂိုလ်တွေ စည်းဝေး ပြီး လက်ခံ လိုက်ကြတယ် ။ ငါးရက် နဲ့ ရက်လည်ဆွမ်း ကျွေးမယ့် ကုန်ကျစရိတ် ထိ သုံးသောင်း ရ သတဲ့ ။ နာရီမ ရယ် နင် ဟာ သေတာ တောင် သောင်းကျော် တန် နေတုန်းပါ လား ။ ငွေပေးငွေယူ လုပ် တော့ ဇာတ်ဆရာ က ...


“ ဒါ ဆွမ်းကျွေးစရိတ် ငါးထောင် ရော့ ၊ ကျန်တဲ့ ဟောဒီ နှစ်သောင်း ငါးထောင် က ငါ့ အရှုံးလေး ပြန် ဆယ်ဖို့ ”


“ ပေးစမ်း ”


ဦးလေးကိုအုန်းပွင့် ပိုက်ဆံ အထပ်လိုက် ကို ဆွဲ လုပြီး ငိုသံပါကြီး နဲ့ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျ ရင်း ...


“ မန္တလေး ပြန် ရောက်မှ သူ့ မိဘတွေ ကို ခင်ဗျား ပြန်ဆပ် ၊ ဒါ ... ဒါ ကျုပ်တို့ ဇာတ်အဖွဲ့ အပြန်စ ရိတ် ”


အသက် ကို တန်ကြေး ဖြတ်ပြီး တို့ ဇာတ် ကို စရိတ် ပေးခဲ့တဲ့ နာရီမ ရယ် ။ နင် သိပ် ကတိ တည်တာပဲ ။ ငါတို့ တွေ ကိုယ့် ဇာတိမြေ ကို ဝမ်းနည်းစွာ ပြန် ရောက် ကြရတော့မယ် ။ ဆူညံ နေတဲ့ သင်္ဘောစက်သံ တွေ ကြား မှာ ငါ က တော့ နင့် အသံ စူးစူးကလေး ကို ကြား နေ ရတုန်း ။


“ မကစား နဲ့ မနိုင်ဘူး ၊ အားလုံး ပြန်ကြမယ် ။ သင်္ဘောကြီး နေပါဦး .. မကစားကြနဲ့ ... သင်္ဘောကြီး .. ရေ .. ”


◾ ချစ်စရာ


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      အမှတ် ၇၁ 

     စက်တင်ဘာလ ၊ ၁၉၉၅


#ကိုအောင်နိုင်ဦး


.

Friday, March 29, 2024

ရှာပုံတော် မင်းသားကြီး


 

❝ ရှာပုံတော် မင်းသားကြီး ❞

[ × × ရှာပုံတော် မင်းသားကြီး
မဏ္ဍပ်တကာ ရောက်ခဲ့ပြီ
ဘယ်ရပ်သူ ဇာတိမှန်းလည်း
မသိတော့ အခက်တွေ့ပြီ ၊
မနှစ်က ပေးတဲ့ သူ့ လိပ်စာ
ရေတွေ စိုလို့ ပျက်ကုန်ပြီ
မမှတ်မိတော့
အခက်သားလားဒေဝီ xxx

သင်္ကြန်ရာသီ ဆိုရင် နေရာ အနှံ့ မှာ ရှာပုံတော် မင်းသားကြီး သီချင်းသံ ကို ကြားရပါတယ် ။ သည်လောက် အောင်မြင် တဲ့ သီချင်း ကို ရေးစပ်ခဲ့တဲ့ ဆရာ ဦးကျော်မြင့် ( ၅၇ နှစ် ) ဟာ မန္တလေးမြို့ မြောက်ပြင် ၊ သူရဲတပ်ရပ် မှာ နေပါ တယ် ။ ကျွန်တော် နဲ့ တစ်မြို့နယ် တည်း နေကြတဲ့ ရပ်နီးနားချင်း တွေ ပေမယ့် တစ်ကြိမ် တစ်ခါ မျှ မတွေ့ဖူး သေးပါဘူး ။

ဦးကျော်မြင့် က စက်ချုပ်ဆရာ အဖြစ် အသက် မွေးပါတယ် ။ ရှာပုံတော် မင်းသားကြီး သီချင်း တစ်ပုဒ် တည်း ပဲ ရေးပြီး အဲသည် တစ်ပုဒ် က ပဲ ပေါက် သွား သလိုလို ပြောတဲ့ လူ က လည်း ပြောပါတယ် ။ သူ့ ကို စိတ်ဝင်စား လို့ သည်နှစ် သင်္ကြန် မှာ တော့ တွေ့ အောင်ရှာမယ် လို့ ကျွန်တော် ဆုံးဖြတ်တယ် ။

မန္တလေး မြို့မတူရိယာ အဖွဲ့ က မိတ်ဆွေ တွေ ၊ အနုပညာ အသိုင်းအဝိုင်း က မိတ်ဆွေတွေ ကို သူ့ လိပ်စာ မေးမြန်း စုံစမ်းတဲ့ အခါ သူရဲတပ်နွားခြံကုန်း နား မှာ နေတယ် ။ သူတို့ ရပ်ကွက် မီးလောင် ခံရလို့ ပြောင်း သွားပြီ ကြားတယ် ။ စက်ဆရာ ဦးကျော်မြင့် လို့ မေးရင် သိတဲ့ လူ များတယ် ဆိုတဲ့ မြေပုံညွှန်း နဲ့ သွားခဲ့ပါတယ် ။

သူ့ အိမ် မီးလောင် ခံရတာ တစ်နှစ် တိတိ ပြည့် တဲ့ မတ်လ ၃ဝ ရက် နေ့ မှာ မီးလောင်ပြင် ကြား က ဆောက်လက်စ သူ့ အိမ် မှာ ဆရာကျော်မြင့်သူ ကို ကျွန်တော် တွေ့ ရတယ် ။

မီးလောင်မြေဟောင်း မို့ သစ်ပင်ရိပ် မရှိပါ ။ သူ့ အိမ် က လည်း ခြင်းကြား လုံး ပြီးခါစ ၊ အမိုး မမိုးရ သေးပါ ။ မီးလောင်သွပ်တွေ ကို ဖြစ်သလို မိုးကာ ထားတဲ့ အရိပ် အောက် မှာ သူ့ မိသားစု က အုပ်ချုပ်စက်တွေ သုံးလေးလုံး တန်းစီ ပြီး ဈေး ချုပ်ထည် တွေ ကို အတွင် ချုပ် ပေး နေ ကြတယ် ။ အပ်ချုပ်စက်သံ တဂျောင်းဂျောင်း အကြား မှာ ဦးကျော်မြင့်သူ က သူ့ သီချင်းရေးဆရာ ဘဝ ကို ပြောပြတယ် ။ တကယ်တမ်း ကျတော့ ဆရာကျော်မြင့်သူ ဟာ သီချင်း အပုဒ်ပေါင်း ၁၅ဝ ကျော် ရေးခဲ့သူ ဖြစ်ပါတယ် ။ စိုးလွင်လွင် ၊ ဇော်ဝမ်း ၊ ဟေမာနေဝင်း စတဲ့ အဆိုတော်တွေ သူ့ သီချင်း ကို သီချင်းခွေတွေ ထုတ်ခဲ့ကြဖူးတယ် ။ “ ခေါင်းပေါ် မှာ အိုင် မပါဘူးခင် ၊ ရပ်ကြီးသူ ခင်ခင်လေး ၊ မန်းမြို့ သူရဲ့ မျက်နှာဖုံးရှင် ၊ သိကြားမင်း ရေးတဲ့ ဖူးစာ ” စတဲ့ လူသိ များတဲ့ အတာသင်္ကြန် သီချင်းတွေ ကို ရေးခဲ့ သူ လည်း ဖြစ်တယ် ။ သူ့ လက် ထဲ မှာ ရေးပြီး ခဲ့ တဲ့ သီချင်းတွေ ၊ မသီဆို မထုတ်လွှင့် ရသေးတဲ့ သီချင်းသစ်တွေ လည်း အများကြီး ရှိနေတဲ့ သီချင်းရေးဆရာ ဖြစ် နေတာ တွေ့ ရပါတယ် ။ သီချင်းတွေ ကို သူ ရေးတာ က စီးပွားရေး အတွက် မဟုတ်ဘဲ အနုပညာသမိုင်း မှာ ကျန်ရစ်စေချင် လို့ ရေးတာ လို့ ဆရာကျော်မြင့်သူ က ပြောတယ် ။ ]

••••• ••••• •••••

ကျွန်တော် က စက်ချုပ်ပညာ သင်ရာ က အနုပညာ ထဲ ရောက် သွား တာ ။ စက်ချုပ် သင်တာ ( မန္တလေး ) ၁၂ လမ်း က ဦးသိန်း တို့ ဦးကျော် တို့ ဆီ မှာ သင်တာ ။

ဆရာတို့ ညီအစ်ကို က ဂီတ ဝါသနာ ပါတယ် ။ ကျွန်တော် က အဲသည် တုန်း က ၁၅ နှစ်သား ၊ သူတို့ က ဂီတနုတ်စ်တွေ သင် ၊ အဲယား ( လေမှုတ် တူရိယာ ) တွေ မှုတ် နေတာ မြင်ရ ကြားရ တော့ ကျွန်တော်တို့ လည်း ဝါသနာ ပါတယ် ။ ကိုယ် က ချာတိတ် ဆိုတော့ ဝါသနာ ပါတယ် မပြောရဲဘူး ။

ဦးကျော် က ဂီတလုလင် အဖွဲ့ ဥက္ကဋ္ဌ ၊ အပျော်တမ်း နုယဉ်တေးဂီတ အဖွဲ့ မှာ လည်း လူကြီး ။ နုယဉ်အဖွဲ့သားတွေ ထဲ က အချို့ က အခြား စီးပွားရေး လိုင်း ထဲ ပါ သူ  က ပါ ၊ ဇာတ် ထဲ ပါ သူ က ပါ နဲ့ လူ လေးငါးယောက် ပဲ ရှိတာ ။ လူကြီးတွေ က နုယဉ် ကို အားဖြည့် ချင် တော့ မင်းတို့ သင်ကြမလား မေးတယ် ။ ကိုယ် က ဝါသနာ ပါ တာ နဲ့ အံကျ ဖြစ် နေတယ် ။

စက် က ချုပ် နေရတော့ မအားဘူး ။ ညနေ အလုပ်သိမ်းသွား မှ သွား သင်ရတာ ။ ထင်ပေါ် ယာဉ်စက်မှု က ဦးသောင်း က ကလယ်ရီနက် မှုတ်တယ် ၊ သူ့ အိမ် ကို နုတ်စ်တွေ သွား သင် ရတယ် ။ ပစ္စည်း မပါဘဲ နုတ်စ်တွေ ချည်း သင်ရ တာ တစ်နှစ် နီးပါး ကြာတယ် ။ နောက်ကျ ပစ္စည်းတွေ ချပေးပြီး စမ်း ခိုင်းတယ် ။ တိုင်မင်တွေ အမျိုးမျိုး နဲ့ ကျင့် ပေးပြီး ရလာပြီ ဆိုမှ သီချင်း ချ ပေးတာ ။

ကျွန်တော်တို့ ခြောက်ယောက် လောက် နေ့စဉ် ချီတက် သွားတယ် ။ သီချင်းလေးတွေ ချ ပေးတာ လေးပုဒ် လောက် မှုတ်တတ် သွားတယ် ။ ကျွန်တော် က ဆက်ဆိုဖုန်း မှုတ်တာ ။

အဲဒီ အချိန် က အနုပညာ ရူး ရူးနေတဲ့ အချိန် ပေါ့ ။ ဝါဆို လပြည့် ၊ သီတင်းကျွတ် လပြည့် ၊ သင်္ကြန်ရက် တို့ ဆိုရင် အတီးအမှုတ်တွေ ယူ သွားပြီး ၊ မန္တလေး တောင် ပေါ် တက်ကြတယ် ။ ဗုံကြီး တွေ ၊ အသံချဲ့စက် တွေ ၊ ဟွန်းတွေ ထမ်းပြီး တောင် ပေါ် က ပြန့်ကြီး မှာ ဆင် ကြတယ် ။ အဲဒီတုန်း က ပရိသတ် က လည်း သိပ် အားပေးတာ ။ ဝိုင်းအုံ နေတာပဲ ။ ကျွန်တော် တို့ မှာ လည်း ဒီလို ဝိုင်းအုံ နေတာ က ပျော်စရာ ပီတိကြီး ပေါ့ ။

ဒီလိုနဲ့ သီချင်း ၁၀ ပုဒ် ၁၂ ပုဒ် လောက် ရ လာတယ် ။ ဆရာတွေ က မင်းတို့ ရပြီလား ပွဲ လက်ခံမယ် ဆိုပြီး ပွဲ လက်ခံတာပေါ့ ။ မြို့တော်ခန်းမ ၂  တို့ ၊ စပယ်ခန်းမ တို့ မှာ မင်္ဂလာပွဲ တွေ လက်ခံတယ် ။ စန္ဒရားကြီး ကို လှေခါး က နေ အပေါ်ထပ် ခန်းမ ကို ထမ်းထမ်း တင်ရ ချရ တာ တွေ သတိရမိပါသေးတယ် ။

ဒီလို လုပ်ရင်း သင်္ကြန် ရောက်ပြီ ဆိုတော့ နုယဉ် ကို လာပြီး ငှား ကြ တယ် ။ ကျွန်တော် တို့ က နှစ်ဖွဲ့ သုံးဖွဲ့ ခွဲပြီး ငှားရာ ကို လိုက်တယ် ။ နုယဉ် က လည်း သင်္ကြန် မှာ ဧည့်ခံမဏ္ဍပ် ရော ၊ အလှပြကား ရော ထွက်ခဲ့သေးတယ် ။

သင်္ကြန်ရူး ရူးသွားပြီ ဆိုတော့ သင်္ကြန် သီချင်းတွေ ရေး တာပေါ့ ။

ရှာပုံတော် မင်းသားကြီး ဆိုတဲ့ ခေါင်းစဉ် ခေါင်း ထဲ ဝင် လာတယ် ။ သင်္ကြန် နဲ့ လိုက်ဘက် ညီ အောင် ဖွဲ့ ရင် ရနိုင်တယ် ဆိုတဲ့ အသိ နဲ့ ဖော်ကျူး ကြည့် တာပေါ့ ။ သင်္ကြန်သီချင်း ရေးမယ် ဆိုရင် လောင်းတာ ပက်တာ တွေ နဲ့ ရေးဖွဲ့ နေ တာ ထပ် နေလို့ ကျွန်တော် က လောင်းတာ ၊ ပက်တာတွေ မပါဘဲ စပ်တာပါ ။

သင်္ကြန် တွင်း မှာ ကောင်းလေး နဲ့ ကောင်မလေး တွေ လိပ်စာ တောင်း တာ လိပ်စာပေး တာ မြင်ခဲ့တွေ့ ခဲ့ဖူးတယ် ။ ဒါလေးကို အကြောင်းပြု လိုက်တာ ပေါ့ ။ လိပ်စာ ရေစို လို့ ပျက်ဖူးသလား ၊ ပျက်တော့ မပျက်ဖူးပါဘူး ။ ရေးတဲ့ အခါ မှာ အသံ ကို “ ထင်း ” နေ အောင် ထည့် လိုက်တယ် ။ ကျွန်တော် က စည်တို နဲ့ ရေး တဲ့ သီချင်း မို့ အသံ က ထင်း ရတယ် ။ နွဲ့ ရင် မလိုက်ဘူး ။

စက်ချုပ်တဲ့ လုပ်ငန်း ကို ကျိုးကြား ကျိုးကြား တော့ ပစ်ခဲ့ဖူး သေးတယ် ။ စက်တွေ ပစ်ထား ခဲ့ပြီး မြို့တော်သိန်းအောင်ဇာတ် ထဲ လည်း လိုက်ခဲ့ဖူး သေးတယ် ။ ဇာတ် က ပြန်လာ ပြီး အိပ်ချင်မူးတူး နဲ့ စက်တွေ ချုပ် ၊ နောက် ရက် ပြန် လိုက်သွား ၊ ဒုက္ခ ရောက်တာပေါ့ ။ စက် လည်း ကောင်းကောင်း မချုပ်နိုင် ၊ ဟို ကျ လည်း ကောင်းကောင်း မတီး မမှုတ်နိုင် ။

ရူးတာပေါ့ လေ ။ အသက် က အစိတ် ဆိုတော့ တီးချင် မှုတ်ချင် တဲ့ သွေး ပဲ ရှိတာ ။ ရူးတယ် ဆိုတာ ဝါသနာ ထက်သန် တာ ကို ဆိုလိုတာပေါ့ ။

အနုပညာ နယ် ထဲ ခြေစုံပစ် ဝင်ချင် ပေမယ့် ထမင်း မစားရဘူး ။ ထမင်း စားရမယ် ဆိုရင်တော့ ဘယ် မှာ ကျွန်တော် စက်ချုပ် နေ မှာလဲ ။ အဲဒီ ထဲ မှာ ပဲ ရှိတော့မှာ ပေါ့ ။ စက်ချုပ် တဲ့ အလုပ် ကို ပစ်ပြီး ငါ ဘယ် ဘဝ ရောက်ရောက် လိုက်လို့ မရသေးဘူး ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

နဂါးပွက်အိုင် က ဈာပန


 ❝ နဂါးပွက်အိုင် က ဈာပန ❞ 


တစ်ချိန်က ကျုပ်တို့ ဆီ မှာ ဖြစ် ချင် ရာ ဖြစ် မောင်ဘချစ် လို့ ခေတ်စား ခဲ့ ဖူးတယ် မို့ လား ။ အခု ကျုပ် ကို လည်း ဒီ မြို့သစ် ရောက် မှ ပြော ချင် ရာ ပြော မောင် ဘချော လို့ ဘွဲ့ချီးမြှင့်ကြသဗျ ။


•••••   •••••   •••••


“ သူခိုးဗျို့ ၊ သူခိုး .... သူခိုး ”


အော် ပြန်ပြီ ။ တစ်လ တစ်ခါ လောက် ကြားရတဲ့ အသံကြီး ။ အစ က တော့ ကျုပ်တို့ အော်သံ ကြားတဲ့ သူ့ အိမ် ဘက် တုတ်ဓားတွေ နဲ့ အပြေးအလွှား ရောက်ခဲ့ဖူးတယ် ။


“ ဘယ်မလဲ ၊ ဘယ်မလဲ ၊ ဘယ်ပြေးလဲ ” မေး ကြတော့ သူ့ ဆိုင်ကယ် ကို လာ ချောင်းတာတဲ့  ။ အခု သူခိုး က တောင် ပြေးသလို မြောက် ပြေးသ လို လို မရေမရာ ။ နောက်တစ်ခါ အော်ပြန် တော့ လည်း အိပ်ချင်မူးတူး နဲ့ ကျုပ်တို့ ရောက်ကြပြန်ရော ။ သူ့ ကြက်ခြံ လာ ကပ်တာတဲ့  ။ လူသံတွေ ကြား မှ ထွက်ပြေး တာ တဲ့  ။ တောပြော တောင်ပြော ။


သုံးခါ လောက် ကျတော့ ကျုပ် စိတ် ထဲ သရိုးသရီ ဖြစ် လာပြီ ။ ရောဂါ ရောဂါ ။ ဒီ ရောဂါ ဘယ်လို ကုရပါ့မလဲ စဉ်းစား ရင်း မြို့ ထဲ ဆိုင်ကယ်ပြင်ဆိုင် က သူ့ ယောက်ဖလေး ကို နည်းမျိုးစုံနဲ့ ချဉ်းကပ် ပြီး အစ်အောက် လိုက် မှ ဆေး တွေ့ တော့တယ် ။


ဖြစ်ပုံက ဒီလို ။ ကျုပ်တို့ မြို့သစ် ကို စီမံချက် နဲ့ မီတာ ၁၅ လုံး ချပေး တယ် ။ ငွေကြေး တောင့်တင်းတဲ့ သူ တွေ အပြေးအလွှား လျှောက် ကြတာ သူ လည်း


ထိပ်ဆုံး က ပေါ့ ။ ဒါပေမဲ့ ဗျာ ... ဥစ္စာ ရင် လို ဥစ္စာ ရင် ခဲ မဟုတ်ဘူး ။ သူများ တွေ တစ်စောင် ၃၀၀၀ ကျပ် နဲ့ လာ တင် နေကြတာ ။ သူ က လူလည်ကြီး လုပ်ပြီး ရ မှ နှစ်ဆ ပေးမယ် ဆို သလိုလို နဲ့ ဝယ် ထားတယ် ။


ကျုပ် က လည်း သုံးထောင် ဒင်ဒင်မြည် တဲ့ ၁၅ ဦး ပဲ တင်ပေး လိုက် တော့ သူ ဟပ်ကော့ကြီး ကျန် ခဲ့ရော ။ အဲဒီမှာ ရောဂါ စ တာပဲ ။ သူများ အိမ်တွေ မီး လင်းတာ ကြည့်ပြီး မအိပ်နိုင် ၊ မစားနိုင် ။ သူ့ အိမ် မီး မရှိလို့ ၊ မှောင် လို့ သူခိုး ကပ်တယ် ။ သူ့ လျှောက်လွှာ တင် ပေးမှ ရပ် မတဲ့  ။ မဟာစီမံချက် နဲ့  ။ လမိုက်ည တွေ မှာ “ သူခိုး ... သူခိုး ” လို့ ဉာဏ်ကြီးရှင် က အော် ပေတာ ကိုး ။


နောက်တော့ သူ အော် ချင် အော် မသွားတော့ဘူး ။ ကျုပ် အိမ်ရှေ့ ချိတ် ထားတဲ့ သံချောင်း ကို ဒေါင်ခနဲ တစ်ချက် ( ငါ ကြားတယ်ဟေ့ ဆို တဲ့ အဓိပ္ပာယ် ပေါ့ ) ထု ပြီး ပြန် အိပ်လိုက်တာပဲ ။


“ ခွေးလို မိုက်တဲ့ ကောင် အိပ်ရေး ပျက်တယ် ”


•••••   •••••   •••••


လာပြီ လာပြီ ။ သူ ပြန် လာပြီ ။ ဒီကောင် မူးပြီး ပြန်လာရင် သိပ်သိ သာတယ် ။ ပါးစပ်က “ ဒေါက်ဝှီး ... ဒေါက်ဝှီး ” နဲ့ တစ်လမ်းလုံး အော်လာတာ ။


“ ဘေးဖယ် ဘေးဖယ် ၊ ကိုးရိုးကားရား မလုပ်နဲ့  ။ တိုက်ပစ်မယ် ။ ဒေါက် ဝှီး .. ”


သူ က သာ ဘေးဖယ် ခိုင်းနေတာ ။ တစ်လမ်းလုံး ပြည့်အောင် တရွတ် တိုက် နေတာ သူ ။ တစ်နေကုန် ထီစက်ဘီး နဲ့ လမ်းတကာ လှည့် နေရတာ ဆိုတော့ သူ့ စိတ်ကူး ထဲ ဆိုင်ကယ်လေး နဲ့ များ ရွာရိုးပတ် ချင် နေပလား မသိ ။


ညနေ တော့ ပင်ရင်း ဆိုင်ကြီး ကို စက်ဘီး ရော ၊ ငွေ ရော အပ်ပြီး ဘသားချော က မြို့ တောင်ဘက် တံတားထိပ် က ဆိုင် မှာ အဖြူရည်လေး နဲ့ နှပ် တော့တာ ။ ကျုပ် အိမ်ရှေ့ ရောက်ရင် လီဗာ တင် လိုက်သေးတယ် ။ 


“ ဂွီး .. ဂွီး .... ဝေါ ... တိုက်သတ်ပစ်မယ် ” တဲ့ ။


“ အင်း ... အကုသိုလ် ကြီး လိုက်တာ ။ ဒီလို သတ္တဝါမျိုး ကျတော့ ဘယ် ခလုတ် မှ မတိုက် ။ ဘယ် ခွေး မှ မကိုက်ပါလား ”


ကျုပ် သက်ပြင်းပူကြီး သာ မှုတ် ပြီး သည်းခံ နေရတော့တယ် ။ တော်ကြာ မူးကြောင် ရူးကြောင် နဲ့ မြို့သစ် ဓမ္မာရုံ ဆောက် ဖို့ ခတ် ထားတဲ့ အသားဝင်းခြံ က အသား တစ်ချောင်း ဆွဲဖြုတ် သွားဦးမယ် ။ ဟိုကောင် မြင်းလှည်း မောင်းတဲ့ ငသောင်း က လည်း နေ့ခင်း သူ့မြင်း ကို ရေချိုး ပေးပြီး ရင် အဲဒီ ဝင်းတိုင် မှာ ချည် တယ် ။ ဖြုတ်ချိန် ကျ တော့ ကြိုး မဖြေတော့ဘူး ။ ‘ ဟဲ့ ... မြင်း ’ ဆို ရိုက်တော့ အသားချောင်း တစ်ချောင်း ပါ သွားပြန်ရော ။ ထင်းကိစ္စ ကို ပညာ ပြပြီး ဖြေရှင်း နေကြတာလေ ။ ကျုပ် သိ တာ ပေါ့ ။ 


အခု လည်း လုပ်ပြန်ပြီ ။


“ ဆိုးတဲ့ ကောင် လည်း ထွက်ခဲ့ ၊ ချောတဲ့ ကောင်လည်း ထွက်ခဲ့ ၊ အကုန် ရိုက်ခွဲပစ်မယ် ” ဆိုပြီး ဝင်းခြံ က အသား တစ်ချောင်း ဆွဲခွာ လိုက်ပြန်ပြီ ။ ဘာမှ မဆိုင်ဘူး ။ ချောတဲ့ ကောင် ဆို တာ ကျုပ် ကို ဒဲ့ ချဲ တာလေ ။


“ ဟာ ... ဒီ မ ... တော့ သေချင်နေပြီ ” ဆိုပြီး ကျုပ် ဝင်းထရံ ကို ဝါးတုတ် နဲ့ ဘုန်း ဆို တစ်ချက် ရိုက် ၊ မိုက်သံ ပေး လိုက်မှ သူ့ အသံ လည်း ငြိမ် သွား တော့တယ် ။ အသားတစ်ချောင်း က တော့ ပါ သွားလေရဲ့ ။ ဒီလိုနဲ့ ဓမ္မာရုံ လည်း အကောင် အထည် ပေါ်ဖို့ ဝေးပါပြီ ။


 •••••   •••••   •••••


ဓမ္မာရုံ ဆိုလို့ အဲဒီ ဓမ္မာရုံ နေရာ မှာ ကပ် နေတဲ့ အကောင်းစား ပုဂ္ဂိုလ်ကြီး အကြောင်း ပြောရဦးမယ် ။ သူ လည်း ပဲ အစ က သုံးလုံး မှာ ဆရာကြီး ပေါ့ ။ ဘယ်လောက်များ အဲဒီ ဆရာ နာမည် ကြီး လိုက်သလဲ ဆိုရင် ဘီဘီစီ က တောင် သုံးလုံး ပေါက်ချင်တာများ ကျွန်တော် တို့ ဆီ လှမ်း မေး မနေပါနဲ့  ။ အဲဒီ ဦးထူး ဆီ သွား မေးပါလို့ ငေါ့တော့တော့ အညွှန်း ခံရဖူးတာပ ။


ဒီလိုနဲ့ သုံးလုံးထူး ဆိုပြီး ဟိုးဟိုး ကျော် ၊ မြောက်ကားကြီး ဖြစ် ၊ ကံ ရား နဲ့ သူ ဘ တစ်ပြန် ၊ ကျား တစ်ပြန် သ,တ်လိုက်ကြတာ နောက်ဆုံး တော့ ဒင်း ... ချို နဲ့ သားရေ ပဲ ကျန်တဲ့ အချိန် နှစ်လုံး က ခေတ်စား လိုက်ပြန်ပါရောလား ။ အဲဒီမှာ ထပ်ပြီး ရေကုန်ရေခန်း ကြမ်းလိုက်တာ အိမ်တိုင် ပါ ချွတ် ရတဲ့ ကိန်း ဆိုက်ကရော ။


သူ လည်း သုံးလုံးထူး ကနေ နှစ်လုံးရူး ဆိုပြီး ဘွဲ့သစ် ရ သွားတယ် ။ အဲ ဒီလို မြို့ ထဲ က အိမ် ကုန်တော့ ကျုပ်တို့ မြို့သစ် က သူ့ အစ်ကို ဝိုင်း ထဲ ဇွတ် ဝင်ပြီး တဲ ထိုး နေတာလေ ။ ဟို အစ်ကို က လည်း ဒင်း ပေးမယ့် အစား ရပ်ကွက် ဓမ္မာရုံ အတွက် လှူတယ် ဆိုပြီး လှူ လိုက်တော့ သူ့ တဲလေး ဖယ် ခိုင်းရတာ တစ်ဖက် ၊ ဝင်းခြံ ချိုးတာတွေ စိတ် ကုန်တာ တစ်ဖက် နဲ့ ကျုပ် တော့ ပြန်တောင် အမ်း ချင်မိတယ် ။


“ တွင်းတူး မိုက်တဲ့ ကောင်တွေ ဒါမျိုးတော့ မသနားပေါင် ဗျာ ။ မြေကြီး ဟက်တက်ကွဲ ပြီး မျိုသွားကြ စမ်းပါစေ ”


•••••   •••••   •••••


ကွန်ပျူတာခေတ် ရောက် ကာ မှ နတ်တွေများ ပို တိုး လာလေသလား မသိပါ ဘူး ။ ပေါလိုက် တဲ့ နတ်ပွဲ တွေ ။ ထီ ပေါက် လို့ ၊ ချဲ ပေါက် လို့ ၊ စာမေးပွဲ အောင် လို့ တွေ နဲ့ နတ်မင်္ဂလာဆောင် ၊ နတ်မွေးနေ့ ၊ နတ်စစ်ထွက် ၊ နတ်ရေချိုး ၊ စုံ မှ စုံ ။ နတ်ပွဲတွေ သာ အရပ် လေးမျက်နှာ ပြောင်း သွားမယ် ။ နတ် အဆိုတော် က တော့ ဒင်း အသံပဲ ။ မိစံ လေ ။


‘ အောင်စေ ပိုင်စေ ’ နဲ့ စမယ် ။ ‘ ချစ်အားငယ်ရသူ ’ တို့  ၊ ‘ ဘဝချင်းဆုံ တွေ့ပါ ရစေ ’ တို့ က နေ ဇော်ပိုင် ရဲ့ ‘ မင်း နဲ့ မှ ချစ်တတ်ပြီပေါ့ ’ တို့ ၊ သဲနု ဆည်းဆာ ရဲ့ ‘ တုံတတုံ တုံ ’ ကို မြူးမြူးကြွကြွ ကူး ၊ နောက်ဆုံး မှ ‘ မောင့်အချစ်မြား ’ တို့  ၊  ‘ မနက်ဖြန်မှ ဆက် ၍ ငိုမယ် ’ တို့ နဲ့ ချွဲချွဲပျစ်ပျစ် ပိတ်မယ် ။ ဒီ ကြား မှာ ကျုပ် မကြားဖူးသေးတာတွေ အများကြီး ပါသေးတာ ။ မွန်းလွဲ ၂ နာရီ လောက် က နေ ည ၁ဝ နာရီ လောက် အထိ နန်းစတော့ ဗျာ .. ဆိုလိုက်တဲ့ အဆို ။ ဒီ ကြား မှာ အတီးပိုဒ် ထဲ ကို “ ကိုယ်တော် ရေ ... ကိုယ်တော် ရေ ” လို့ ကုန်း အော် လိုက်သေးတယ် ။ “ ဟေ့ .. ဟေ့ ... ဟေ့.. ဟား ... ဟား .. ” ဆိုတာတွေ အော် သေးတာ ။ သူတို့ ချင်း တော့ ဟန် ကို ကျလို့  ။ မိစံ က က မယ့် နတ်ကတော် အသက်အရွယ် ကြည့်ပြီး သင့်တော်မယ့် သီချင်း ဆို ပေး ရတာကိုး ။ တစ်ယောက် နဲ့ တစ်ယောက် သီချင်း မထပ်အောင် ဆိုနိုင်တာ တွေ ပါရမီ ထူးပါပေ့ ။


ထားပါတော့ ။ နတ်ဆိုင်းသံ ကြား ရ ရင် သူ့ သီချင်းသံ ကြားရတာ မဆန်းပေမဲ့ တစ်မြို့လုံး ဘယ်က မှ ဆိုင်းသံ မကြားရဘဲ ညနေ ဆို သူ က ဖြီးလိမ်း ပြင်ဆင်ပြီး ကော့ကော့မော့မော့ နဲ့ ထွက် သွားလိုက် ၊ မနက်ကြီး မှ စီးကရက် လက်ကြားညှပ် ပြီး ဆိုက်ကား နဲ့ ပြန် လာလိုက် နဲ့ မျက်နှာ ပြောင် လှချည်လား ။


“ ဆရာချော နိုးပလား ” တဲ့ ။ တစ်ခါတလေ ကျုပ် စောစော ထ တဲ့ နေ့ နဲ့ တိုး ရင် နှုတ်ဆက် သေးတာ ။


“ အေးဟေ့ ၊ တို့ က ခုမှ ပိုက်ဆံရှာ ထွက်ရမှာ  ” လို့ ရွဲ့ အော် မိတော့ မိန်းမ က ...


“ တော်ဟာလေ မကြီးမငယ် နဲ့ ” လို့ ငြူစူ ခံရတယ် ။ အလကား  ... စုတ်မလေး ။ ဒင်းကြောင့် ရွာ နာတယ် ။ တစ်ခါတလေ မန္တလေး ထိုးမုန့် ၊ လမုန့် ထုပ်လေး တွေ ဝင်ပေးတတ်တဲ့ မျက်နှာ ကြောင့် သာ ကြည့် နေရတာ ။ တစ်နေ့ မှ ကျော်ဇောမှု နဲ့ ကို ဆွဲစိ ခိုင်းရဦးမယ် ။


•••••   •••••   •••••


ဒီ ည ကတော့ အမင်္ဂလာ ည ပါပဲ ။


နေဝင်ရီသရော ကတည်း က အဲဒီ ချောင် က ရန်ဖြစ်သံ ၊ ဆဲသံ ၊ ဆိုသံ ၊ ခွေးဟောင်သံတွေ ကြားနေ ခဲ့ရတာ ။ တော်ကြာ ငြိမ် သွားလိုက် ၊ ခဏနေ ပြန် ကြား လိုက်ရနဲ့ ပြီးတယ် မရှိဘူး ။ ည ၉ နာရီ လောက် ကျတော့ အဲဒီ ဘက် က ပဲ စီခနဲ တစ်ချက် ကြား လိုက်ရပြီး မကြာဘူး ကျုပ် အိမ်ရှေ့လမ်း အတိုင်း ငသောင်း မြင်းလှည်း အပြေး မောင်း လာတာ တွေ့ ရတာပဲ ။


“ ဗျို့ ... ဆရာချော ၊ ဒီမယ် လှရီ ကို သူ့ ယောက်ျား က ဓား နဲ့ ထိုးလို့ ဆေးရုံ ကို သွားပို့မလို့ ဗျို့ ” လို့ ကုန်း အော် သွားတယ် ။ တိုင်တာလား ၊ သတင်းပေးတာလား ၊ ဘာမှ အကျိုးအကြောင်း မမေးလိုက်ရတာ ။ နောက် က စက်ဘီး နဲ့ လိုက်လာတဲ့ တစ်ယောက် ကို မေး ကြည့်မှ လှရီ က သူ့ ယောက်ျား ငပွေး ကို မိစံ နဲ့ မပတ်သက် ဖို့ ပြောရာ က ရန်ဖြစ်ကြတာ တဲ့ ။ ဟိုကောင် က လည်း မငြင်းတဲ့ အပြင် ယောက်ျား ကောင်း ရင် မောင်း ထောင်း သလိုပဲ လို့ အယုတ္တ အနတ္တတွေ ကြွေးကြော်ပြီး ထွက် သောက်ပြန် သတဲ့ ။ အဲဒီက အပြန် တစ်ချီ တစ်မောင်း ဖြစ်ကြပြန် တော့ အဲဒီ ကော င် က လှရီ ကို ဓား နဲ့ ထိုးတာ တဲ့ ။ အခု အဲဒီ ကောင် လည်း အရက်ပုလင်း ခါးကြား ထိုးပြီး ထွက်သွား ပြီ တဲ့ ။ ကောင်းတယ် ၊ သိပ်ကောင်းတယ် ။


ပြောတော့ ဘချော ပြောတယ် ဖြစ်ဦးမယ် ။ လှရီ က ပြိတ္တာပုံ ပေါက် နေတဲ့ ဝပြဲမ ၊ လင်တရူးမ ။ ဟို မိစံ က လည်း မော်ဒယ်လ်မ ၊ ဆတ်စလူးမ ။ အင်း .. ဆိုက်ကား နင်း ရင်း ကြက်သင့်ပြီ ထင် ပါရဲ့  ။ ဖြစ်ကြစမ်းကွာ ။ နောက်ဆုံး လှရီ လည်း ဓားထိုး ခံရလို့ သေ ။ ဟိုကောင် လည်း အန်ဖတ်ဆို့ သေ ။ မိစံ လည်း အေ့စ် နဲ့ သေ ။ အားလုံး သေ ကုန်ကြအေးတာပဲ ။


ဘယ်လို ရေစက် ကြောင့် ဘယ်လိုဟာ တွေ နဲ့ ကြုံရ ဆုံရ တယ် မသိ တော့ဘူး ။ မြို့သစ် ဆိုတာ ဒီလိုပဲ ။ လူမျိုးစုံ ၊ စရိုက်စုံ တွေ့ကြရ မှာ တော့ အသိသား ။ အခုတော့ ထင်တာ ထက် ပွဲကြမ်း နေကြပါရောလား ။ ပြော ကို ပြောရဦးမယ် ။


“ ငါ ရင် လည်း ဘုန်းကြီး ဝတ်ပါမှ ၊ ဒါမှ မဟုတ် ဒင်းတို့ ရင် လည်း ဆူနာမီ တောဝါ နဲ့ ပါသွားမှ ၊ ဒီ ဒုက္ခတွေ က ဝေးတော့မယ် ” ကျုပ် စိတ်ကုန် ကုန် နဲ့ မေတ္တာ ပို့ နေ တုန်း ဆိုင်ကယ်ရပ်သံ နဲ့ အတူ


“ ဗျို ...ဆရာချော ၊ အိပ်ပလား ၊ တံခါး ဖွင့်ပါဦး ” တဲ့  ။ ည ၁၂ နာရီ လော က် ရှိနေပြီ ။ ဟင် .. သူခိုး ၊ သူခိုး အော်တဲ့ လူ အသံ ပဲ လို့ သိလိုက်ရတာ နဲ့ ကျုပ် ခေါင်းကြီး သွားမိတယ် ။ ဘာ ထွင်လုံးတွေ လုပ်လာပြန်ပြီလဲ မသိ ။


ကျုပ် အိမ်ရှေ့ ထွက် ပြီး ...


“ ကဲ .. ဆိုစမ်းပါဦး ၊ ဘာကိစ္စလဲ ” ခပ်ငေါက်ငေါက် မေး လိုက်တော့


“ ဟို ... လှရီ ရဲ့ ကလေး တက် နေလို့ ။ အဲဒါ သေဖို့ များ တယ် ။ ခင်ဗျား လိုက်ကြည့်ဦး ” တဲ့ ။


“ ရော ... ဘယ်လိုဖြစ် ရပြန်တာတုံး ”


“ မသိဘူးဗျာ ။ နေမကောင်း တာ ဘယ်နှရက် ရှိမှန်း မှ မသိတာ ။ အခု သူ တို့ အိမ်နား က ဖွားတင့် က ပြောခိုင်း လိုက်လို့ ”


“ ဖြစ်ရလေဗျာ ။ ဟို အရက်သမား နဲ့ လင်တရူးမ က လည်း ကိုယ့် ကလေး ကို ဒီလောက် ပစ်ထားကြရသလား ”


သူတို့ ရပ်ကွက် ထဲ ရောက် တော့ လှရီ တို့ အိမ်ကလေး ထဲ က ဖယောင်းတိုင် မီး မှိန်မှိန် အောက် မှာ မိန်းမကြီး နှစ်ယောက် က ထိုင် လို့ ။ သူတို့ အနီး စောင်စုတ် တစ်ခု ပေါ် မှာ သုံးလေးနှစ် အရွယ် ကလေး တစ်ယောက် က ပိုးလို့ ပက်လက် ။


ကျုပ် အသာ ထိုင်ပြီး ကလေး ကို စမ်း ကြည့်တယ် ။ တစ်ကိုယ်လုံး သွေး ဆုတ်လို့ အေးနေပြီ ။ မျက်ဖြူ လည်း လန် နေပြီ ။ ပါးစပ် မှာ အမြှုပ် ကလေးတွေ စီးကျ နေတယ် ။ သိလိုက်ပါပြီ ။ ကျုပ် လုပ်စရာ တစ်ခုပဲ ရှိ တော့တယ် ။ ဒါကြောင့် ဟို လူ့ ဆိုင်ကယ် နဲ့ ပဲ အိမ် ကို အမြန် ပို့ခိုင်း ၊ ဘုရား စင်ပေါ် တင်ထားတဲ့ မတ်စေ့ တစ်စေ့ ယူပြီး ပြန် ခဲ့ကြတယ် ။


ကျုပ်တို့ ပြန် ရောက်တော့ ကလေး ကို နှစ်လုံးရူး က ပွေ့ချီ ထားတယ် ။ ကလေး ခေါင်းရင်း မှာ မိစံ က ထိုင်ပြီး ဘာတွေ တိုင်တည် ရွတ်ဖတ် နေတ ယ် မသိဘူး ။ ယိမ်းထိုး လို့ ။ အိမ်ရှေ့ မှာ လည်း ဒေါက်ဝှီး က ငပွေး ဆိုက်ကား ဆွဲလာဟန် တူရဲ့ ။ ဆိုက်ကား ပေါ် မှာ ခေါင်း ငိုက်စိုက် ။ ကျုပ် ဆုံးဖြတ်ချက် ကို စောင့် နေကြဟန် ပါပဲ ။


ကျုပ် ကလေး ကို ပြန်ချ ခိုင်းလိုက်တယ် ။ လှုပ်တယ် ဆိုရုံကလေး လူပ်နေတဲ့ ရင်ဘတ်ကလေး ပေါ် ကို မတ်စေ့ကလေး အသာအယာ တင်ပြီး ဗောဇ္ဈင်္ဂသုတ် ကို ရွတ် နေလိုက်တယ် ။


“ သံဝတ္ထန္တိ အဘိညာယ 

နိဗ္ဗာနာယ စ ဗောဓိယာ

ဧတေန သစ္စဝဇ္ဇေန

သောတ္ထိတေ ဟောတု သဗ္ဗဒါ ”


သိသင့်သမျှ သိမြင်ရန် လည်းကောင်း ၊ သစ္စာလေးပါး တိုင်အောင် ထိုးထွင်းသိမြင်ရန် လည်းကောင်း ၊ နိဗ္ဗာန်မျက်မှောက်ပြုရန် လည်းကော င်း ကောင်းစွာ ဖြစ်ထွန်းစေ၏ ။ ဤသစ္စာ စကား ကြောင့် သင့် အား အခါ ခပ်သိမ်း ဆင်းရဲလွတ်ကင်း ၊ ချမ်းသာခြင်း ”


ကျုပ် ရွတ်ဖတ် မပြီးခင် မှာ ဘဲ သူတို့ အိမ် နောက်ဖေး ကုက္ကိုင်ပင် မည်းမည်းကြီး ပေါ်က ဂီးခနဲ ငှက်ဆိုး တစ်ချက် ထိုးတယ် ။ ဘာမှ မကြာ ဘူး ။ ကလေး ခမျာ မေးလေး တစ်ချက် ထိုး ပြီး ငြိမ် ကျ သွား ရှာပြီ ။


သူတို့ မျက်လုံးတွေ က ကလေးငယ် အပေါ် မှာ အဓိပ္ပာယ် မဲ့ စူးစိုက် နေကြပေမဲ့ သူတို့ ရင် ထဲ မှာ လှုပ်ရှား နေကြလိမ့်မယ် ။ သူတို့ မှာ ပြောစရာ စကားတွေ ရင် နဲ့ အပြည့် ရှိနေမှာ ပဲလို့ ထင်တယ် ။ ကျုပ် မှာ လည်း ဆိုစရာ ဆဲစရာ တွေ ရင် ထဲ မှာ လျှံထွက် နေပြီ ။


တော်ပြီလေ ။ ဒီအချိန် မှာ ကလေး ရဲ့ ဝိညာဉ်လေး အေးအေးချမ်းချမ်း သွားပါစေတော့ ။ မင်း ရဲ့ အဖေ နဲ့ အမေ ကိုယ်စား နှုတ်ဆက် လိုက်ပါတယ်ကွယ် ။


မနက်ဖြန် ငပွေး ကို အချုပ် ထဲ သွား တွေ့ ၊ လှရီ ကို ဆေးရုံ မှာ သွား တွေ့ ၊ နောက်ပြီး ဒီ မိဘမဲ့ ဈာပနလေး ကို ... ။


◾မွန်းဇူး


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း

      အမှတ် ၁၉ဝ

      စက်တင်ဘာလ ၊ ၂ဝဝ၅ ခုနှစ်


#ကိုအောင်နိုင်ဦး


.

Thursday, March 28, 2024

ဦး ရဲ့ ကိုကို


 

❝ ဦး ရဲ့ ကိုကို ❞

၁ ။

ကျွန်တော့် ဦးလေး ဦးတိုး တစ်ယောက် တတိယမြောက် မိန်းမ ယူလိုက် သည့် သတင်း ကို ကျွန်တော် သိရချိန် မှာ တော့ ဦးလေး သည် သူ့ဟာမလေး နဲ့ ချောင်းသာ ဆိုလား ၊ ငပလီ ဆိုလား နေလို့ ကောင်းသည့် အရပ်ဒေသ တစ်ခု ခု မှာ အပျော်ကျူး နေလောက်ပါပြီ ။ တဝုန်းဝုန်း ရိုက်ခတ် နေသည့် ပင်လယ်လှိုင်းသံတွေ ကို နားထောင်ရင်း တစ်ဦး နဲ့ တစ်ဦး လိုက်တမ်းပြေးတမ်း ကစားကြ လေမလား ။ ဒါမှမဟုတ် လေသွင်း ထားသည့် မော်တော်ကား ကျွတ် ပေါ် သို့ တစ်ဦး နဲ့ တစ်ဦး အလုအယက် ခုံတက်ကြရင်း ခိုးခိုးခစ်ခစ် ရယ်မောကြ သလား စသဖြင့် တွေးရင်း ကြား က ဝင်ပြီး စိတ်ကူးယဉ် လိုက်မိသည် ။ ကျွန်တော် တို့ မန္တလေး က ရတနာ အရောင်းအဝယ် လောက မှာ ဦးလေး ရဲ့ မိန်းမ ထပ်ယူသည့် သတင်း က လူ ပြောချင်စရာ ဖြစ်သည် ။ တကယ်တော့ ဦးလေး မိန်းမ ယူသည့် သတင်း သည် ဆန်းကြယ်သည့် ကိစ္စ မဟုတ်ပါလေ ။ ယောက်ျား ပဲ ဗျာ ။ ကိုယ် ကြိုက် လို့ ကိုယ် ကျွေးနိုင် ရင် ယူချင် သလောက် ယူလို့ ရတာပဲ မဟုတ်လား ။ ပြီးတော့ ယောက်ျား ကောင်း မောင်းမ တစ်ထောင် လို့ ဆိုကြသည် ။ အခု ဦးလေး ခမျာ သူ ယူသည့် မိန်းမ အရေအတွက် က တစ်ထောင် မပြောနဲ့ ။ လက် တစ်ဝါး တစ်ဖက် စာ ပင် မပြည့်သေး ။

ဒါပေမယ့် သူ့ အသိုင်းအဝိုင်း မှာ သည် ကိစ္စ ကို ဘယ်လို ပြောကြမလဲ ဆိုတာတော့ ကျွန်တော် သိချင်စမ်းလှသည် ။ တို့ လူကြီး က တော့ လုပ်ချလိုက်ပြန်ပြီ ဟေ့ လို့ ရယ်ပွဲ ဖွဲ့မလား ။ အင်း ... အသက်ကြီး တော့ ဖွဲနုလေး ရေစိမ် ကျွေး မှ အစာဝင်သဟဲ့ လို့ များ ရက်ရက်စက်စက် ပြောကြ မလား ။ ကျွန်တော် မသိ ။ အရောင်းအဝယ်ကိစ္စ နဲ့ ရပ်ဝေး သို့ ခရီး ထွက် ရာ မှ ပြန် ရောက် ရောက် ချင်း ဖင် ပူ အောင် မထိုင်ရသေးမီ ဇနီးသည် က ဦးလေး သတင်း ကို ကျွန်တော့် အား ပြောပြ ပါသည် ။ ဦးလေး ရဲ့ တတိယမြောက် မိန်းမ သည် မိုးကောင်းမြို့ မှ ဖြစ်ပါ သတဲ့ ။ အရင် က ကွဲ သွားခဲ့သည့် ဒုတိယဇနီး ထက် အသက် ၅ နှစ် တောင် ငယ်သေး သတဲ့ ။ ဗုဒ္ဓဟူး သမီး ဖြစ်ပေမယ့် ကောင်မလေး နာမည် က နေ့သင့်နံသင့် မဟုတ်ဘဲ ခင်မြတ်ထွေး ဖြစ်ပါ သတဲ့ ။

ကျွန်တော် သည် အသေးစိတ် စုံစမ်း သိရ သမျှ ကို အချက်အလက် စုံလင်စွာ နဲ့ ဂုဏ်တင် ကာ ပြောပြ နေသည့် ဇနီးသည် အား မျက်လုံးကြီး ပြူးကာ ကြည့် နေမိသည် ။ သူ့ အတွက် တော့ ကိုယ့် လင်သား ခရီးဝေး က ပြန်လာတာ လုပ်ငန်း အခြေအနေ အဆင်ပြေ မပြေ သိဖို့ ထက် ဦးလေး ကိစ္စ ပြောပြဖို့ က အင်မတန် အရေးကြီး နေရှာသည် ။ ကျွန်တော့် ဇနီး က သူ ကြားရသမျှ သတင်းတွေ ကို ခဏ ရပ် ပြီး ဤမျှ သာ မလုပ်နိုင်သေးအား စိတ်ဝင်တစား စကား ဆက်ပြန်ပါ၏ ။ တတိယမြောက် ကောင်မလေး သည် ဒုတိယ ကောင်မလေး ထက် များစွာ များစွာ လှပ သည် ။ ကိုယ်လုံး ကိုယ်ပေါက် လည်း တောင့်တင်းသည် ။ သို့သော် အကျင့်စာရိတ္တ တော့ အရင်ဟာ နဲ့ ထူး မခြားနား ။ အသက် ၂၅ နှစ် အတွင်း မှာ လင် နှစ်ယောက် နဲ့ ကွဲသွားခဲ့ ပြီးပြီ ။ ဦးလေး နဲ့ မရခင် လေးငါးခြောက်လ အတွင်း မှာ ပင် တခြား သော ယောက်ျားများ နဲ့ လည်း ရှုပ်ရှုပ် သတင်း ကြားရသည် ။ ( မိုးကောင်း က သတင်း တွေ ကို မန္တလေး က နေပြီး ဘယ်လို ရအောင် စုံစမ်းသလဲ ဆိုတာ ကို ကျွန်တော် ဇနီးသည် အား အားလပ်သည့် အချိန်မှ မေးရပေဦးမည် ) ဦးလေးက လည်း သည် အကြောင်းတွေ ကို အားလုံး သိသည် ။ ခွင့်လွှတ်နိုင်သည် ။ ကောင်မလေး အဖြစ် က ဆင်းဆင်းရဲရဲ နဲ့ သနားချင်စရာ ကောင်းသည် ကိုး ။ အဲသဟာကြောင့် ရင် ထဲ မှာ ချစ်ကြင်နာ သနား ဖြစ်လာကာ မန္တလေး သို့ ပြန်ခါနီး တွင် ဦးလေး က ..

“ ဟဲ့ ကောင်မလေး ၊ နင့် ကို ငါ မကြည့်ရက်ဘူး ။ ငါ နဲ့ လိုက်ခဲ့ပါလား ။ နင့် ကို တင့်တောင့်တင့်တယ် ထားမယ် ” ဟု ပြော သတဲ့ ။ ဤသို့ဖြင့် နောက် တစ်နေ့ တွင် စန်းသော်တာ အမြန်ရထား နဲ့ ခင်မြတ်ထွေး ကို ခေါ်ပြီး မန္တလေး ကို ဆင်း လာခဲ့ကြသည် ။ အဲဗျာ ဒီလိုတော့ လည်း ဦးလေး မိန်းမ ယူတာ လွယ်ကူလှ ချည့်လား ။

“ သူ့ မိန်းမ ကို များ ဆင်ထား လိုက်တာ ညွတ်နေတာပဲ တော် ။ အကုန်လုံး ဒေါ်လေး ဒေါ်သိန်းအိ ပစ္စည်းတွေ ချည်း ပဲ အစ်ကို ရ ”

အားမလို အားမရ နဲ့ သူ့ စကား ကို အဆုံးသတ်ပြီး ကျွန်တော့် အား ပြုံးထေ့ထေ့ နဲ့ ကြည့်၍ နေချေသည် ။ ကျွန်တော် က သည်လို အပြုံးမျိုး သိပ်ပြီး သဘော မတွေ့ ၊ ဇနီးသည် ရဲ့ အပြုံး သည် ဘယ်အရာ ကို ရည်ညွှန်း နေရပါသနည်း ။ ယောက်ျားတွေ ဟာ အသက် ကြီးကြီးငယ်ငယ် ဒီလိုချည်း ပဲ လို့ ဝါးလုံးသိမ်း ပြော ချင်သလား ။ အဲဒါမှ မဟုတ် တော်တို့ အမျိုးတွေ က မိန်းမ ဆိုရင် ငမ်းငမ်းတက် လို့များ ဆိုချင် သလော ။ သူ့ အမူအရာ ကို ကျွန်တော် မခန့်မှန်း နိုင် ။ ကျွန်တော် က တော့ ဦးလေး ကို နည်းနည်း သနား မိသည် ။ သူ့ ခမျာ တစ်ယောက် မကောင်း လို့ တစ်ယောက် ပြောင်း ရင်း ယခု တစ်ခါ တတိယမ္ပိ ပြန်ပါပြီ ။ အဲသည် တတိယမြောက် နဲ့ လည်း အိမ်ထောင်ရေး သုခ ရပါ့မတဲ့လား ။ သေချာတာ က တော့ ဦးလေး ခမျာ သူ့ အနား မှာ မိန်းမ မရှိ လျှင် မနေတတ်တော့ခြင်း ဖြစ်ပါသည် ။

၂ ။

လောက တွင် လူရိုး များ ဆန်းပြား ဗွေ ဖောက်ပြီ ဆိုမှတော့ ဘယ်သူမှ လိုက် မီတော့မည် မထင်ပေ ။ ဦးလေးတိုး သည် အမှန်တကယ် ပဲ လူရိုးလူကောင်း ဖြစ်ပါသည် ။ ကိုယ့် ဦးလေး မို့ အမွှမ်းတင် လိုက်ခြင်း မဟုတ်ပါ ။ အမှန်တော့ ဦးလေးတိုး သည် ကျွန်တော့်အဒေါ် ဒေါ်သိန်းအိ နဲ့ စပ်မှ အမျိုး တော်ရခြင်း ဖြစ်ပါ သည် ။ ဒေါ်လေး နဲ့ မရခင် က ဦးလေးတိုး သည် ကျွန်တော်တို့ ရပ်ကွက် လမ်းထိပ် မှာ နာရီပြင်ဆိုင်လေး ဖွင့် ထားသည် ။ အသက်အရွယ် က ၄ဝ ကျော် ။ မိဘ မရှိ တော့ ။ အသောက်အစား ကင်း ၊ ရိုးသားကြိုးစားသည် ။ အားလပ်သည့် အချိန် မှာ တရား အားထုတ်သည် ။ ဤကား ဦးလေးတိုး ရဲ့ အရည်အချင်း ။

ကျွန်တော့် အမေ တွင် ညီအစ်မ သုံးယောက် ရှိသည် ။ အစ်မ အကြီးဆုံး ကြီးတော် ဒေါ်သိန်းရှိ ၊ ပြီးမှ ကျွန်တော့် အမေ ဒေါ်သိန်းမိ နဲ့ အငယ်ဆုံး ဦးလေး ရဲ့ ဇနီး ကွယ်လွန်သူ ဒေါ်သိန်းအိ ဖြစ်ပါ၏ ။ ညီအစ်မ သုံးယောက် ထဲ တွင် အသက် ၄ဝ နီး တာ တောင် အိမ်ထောင် မပြုနိုင်သေးဘဲ အစ်မကြီး နဲ့ အစ်မလတ် က မွေး ထုတ် သမျှ တူ ၊ တူမတွေ ကို ပဲ ထိန်းကျောင်း နေရရှာသည် ။ ဒေါ်လေး က စီးပွား ရေး ကောင်းသည် ။ ဈေးချို ရွှေဆိုင်တန်း မှာ ဆိုင်ခန်း ရှိသည် ။ ကျောက်စိမ်း နဲ့ ပတ္တမြား အရောင်းအဝယ် လည်း လုပ်သေးသည် ။ သို့ပေမယ့် ဒေါ်လေး ခမျာ သူ့ ဘဝ ကို သူ မပိုင် ။ အဆင် မသင့် လျှင် ကလေး တစ်ယောက် လို အစ်မ နှစ်ယောက် ရဲ့ အဆူအငေါက် ကို ခံရတတ်သည် ။ သူ့ခ မျာ နေ့စဉ် နဲ့ အမျှ အစ်မတွေ ရဲ့ မျက်နှာ ရိပ် မျက်နှာကဲ ကို ပဲ ကြည့် နေရရှာသည် ။ အလိုမကျ လို့ အစ်မတွေ ရဲ့ အဆူခံ ထိပြီ ဆိုမှ ဖြင့် ဒေါ်လေး နေစရာ မရှိပြီ ။ အဲသည်လောက် အထိ အစ်မတွေ ကို ဒေါ်လေး ကြောက်ရရှာသည် ။ ဒါကြောင့်လည်း ဒေါ်လေး ခမျာ အပျိုကြီး ဖြစ်နေ ရဟန် တူသည် ။ အသည်းနှလုံး နဲ့ လူ ပဲ လေ ။ တစ်ချိန်တုန်း က တော့ အချစ် ဆိုသည့် အရာ သည် သူ့ ရင် မှာ ခိုနားကောင်း ခိုနား ခဲ့မည် လို့ ကျွန်တော် ထင်သည် ။

ဤသို့ဖြင့် ကိုယ့် ထမင်း ကိုယ် ရှာ စားပြီး တူ ၊ တူမတွေ ကို ထိန်းကျောင်း ရင်း နဲ့ လူ တစ်ယောက် ရဲ့ အနိမ့်အမြင့် မရှိသော ဘဝ တစ်ခု ကို ပျင်းရိစွာ ဖြင့် ကုန်ဆုံး လိုက် ဖို့ ဒေါ်လေး စိတ်ကူး ထားဟန် တူ ပါ၏ ။ ဒါပေမယ့် ဒေါ်လေး မှာ အပျိုကြီး ဖြစ်မည့် ကံဇာတာ ပါလာဟန် မတူ ။ ကံ ကောင်းသည် လို့ ပဲ ပြောရတော့ မည် ။ မြားနတ်မောင် သည် အချိန် အတော် နောက်ကျ မှ ဒေါ်လေး နဲ့ ဦးလေးတိုး ကို သတိရ သွားခဲ့သည် ။

တစ်နေ့ မှာ ဒေါ်လေး ရဲ့ တစ်တိုနီ လက်ပတ်နာရီလေး ပျက် သွားသည် ။ ဤသို့ဖြင့် နံနက်ခင်း ဈေး သွားချိန် မှာ ဦးလေးတိုး ရဲ့ ကောင်းမှကောင်း နာရီ ပြင်ဆိုင်လေး ဆီ သို့ ရောက်လာခဲ့ကြသည် ။

“ ဘာကိစ္စပါလိမ့် ၊ ဪ ... နာရီ ပျက်လို့လား ။ ညနေ ဈေး အပြန်ကျ ဝင် ယူလှည့်နော် ။ ကျွန်တော် အကောင်းဆုံး ဖြစ်အောင် ပြင် ထားလိုက်ပါ့မယ် ”

“ ဘယ်လောက် ပေးရမလဲ ရှင့် ”

“ တစ်ရပ်ကွက် တည်း နေသူတွေပဲ ဗျာ ။ ပြင်ခ မယူပါဘူး ”

“ အို .. မဟုတ်တာရှင် ။ ကျသင့် တာ ယူပါ ”

“ ကျွန်တော့် ရဲ့ စေတနာပါ ဗျာ ။ မယူပါရစေ နဲ့ ” ဟု ပြောပြီး တစ်တိုနီ နာရီလေး ကို တယုတယ ကိုင်ရင်း မသိန်းအိ ရဲ့ မျက်နှာလေး ကို စူးစူးစိုက်စိုက် ကြည့် လိုက်သည် ။ သူ့ အကြည့်တွေ ကြောင့် တစ်ကိုယ်လုံး အင်အားတွေ ဆုတ်ယုတ် သွားသလို ခံစားရသည် ။ “ ဪ ... သူ ရယ် ” ရင်ထဲ မှာ ဖိုလှိုက်ပြီး မသိန်းအိ ညည်း လိုက်မိသည် ။

ဝတ္ထု ရေး လျှင် သူတို့ နှစ်ယောက် တွေ့ဆုံခန်းလေး သည် သည်လိုပဲ ကြည်နူးဖွယ် ဖြစ်အောင် ရေးဖွဲ့ ပေလိမ့်မည် ။ ဒါပေမယ့် လက်တွေ့ တော့ အဲသလို မဟုတ် ။ ဦးလေးတိုး သည် နာရီ ကို ဖင်ပြန် ခေါင်းပြန် ကြည့် သည် ။ ပြီး မှ ...

“ နာရီ ချေး ဆေးပစ်ရမယ် ။ အစိတ် ကျမယ် ၊ ညနေ လာ ယူလှည့် ” ဟု တုံးတိတိ နဲ့ ပြော ချလိုက်သည် ။ နာရီ ပျက် လို့ လာ အပ်သူက ဘယ်သူ ဘယ်ဝါ ဆိုတာ ဦးလေးတိုး မော့ လည်း မကြည့် ။ “ ဟုတ်ကဲ့ရှင့် ” ဟု ဒေါ်လေး က ပြော လိုက်သည် ။ အဲဒါပါ ပဲ ။ ကဲ ... သည် နှစ်ယောက် ဘယ်လို လုပ်ပြီး ညား နိုင်မလဲ ။ သည် အတိုင်း ဆို ဘယ်လို မှ ညားသွားစရာ အကြောင်း မရှိပေ ။ ဒါပေမယ့် သူတို့ နှစ်ဦး ရဲ့ ဖူးစာကံ ပါလာလေတော့ ဒေါ်လေး နဲ့ အတူ ပါလာသည့် ကြီးတော် ဒေါ်သိန်းရှိ က ဦးလေးတိုး ရဲ့ ပြောဟန်ဆိုဟန်တွေ ကို ဗလာချီ သဘောကျ သွား တော်မူသည် ။ သူ့ စိတ် ထဲ တွင် အသက်အရွယ် မတိမ်းမယိမ်း ဒီ နှစ်ယောက် ကို ပေးစား လိုက် ရ လျှင် ကောင်းလေစွ ဟု တွေးမိသည် ။ မောင်တိုး ဆိုတာ အတွင်းသိ ၊ အစဉ်းသိ ၊ ပစ္စည်းဥစ္စာ ချို့တဲ့တာ က လွဲလို့ တခြား ဘာမှ ပြောစရာ မရှိ ။ ဤသို့ ဖြင့် ကြီးတော် သည် ထို အတွေး ကို သူ့ ခေါင်း မှာ ရေခဲရိုက် ပြီး ကြာကြာ သိမ်း မထားနိုင်အားဘဲ ကျွန်တော့် အမေ ရှိရာ သို့ ကတိုက်ကရိုက် ပြေး လာခဲ့သည် ။

အမေ က အဝတ်တွေ ကို တဖုန်းဖုန်း ရိုက် လျှော်ရင်း ကြီးတော် ရဲ့စ ကား ကို ဆုံးအောင် နားထောင်သည် ။ ပြီးမှ “ ကောင်းသားပဲ မမ ရဲ့ ။ မောင်တိုး ဟာ လူရိုးလူကောင်းလေး ပဲ ။ သိန်းအိ အတွက် လည်း စိတ်ချရတာပေါ့ ” ဟု မဲ ပေးလိုက် သည် ။ ဤမှာပင် ပွဲ က ပြတ်သွားခဲ့ပြီ ။ ဒေါ်လေး အတွက် သည် နှစ်ယောက် က “ မိန်း ” မဟုတ်ပါလား ။ ထိုအချိန်က ကာယကံရှင် နှစ်ယောက် ခမျာ သည် ကိစ္စ ကို ဘာမျှ မသိရှာ ။ သိစရာ လည်း မလိုတာဘဲ ။

၃ ။

အဲဒီ နှစ် က ခန်းမ ( ၁ ) မှာ ကျင်းပခဲ့သည့် ဒေါ်လေး တို့ မင်္ဂလာပွဲ သည် အစည်ကားဆုံး ဖြစ်ခဲ့သည် ။ သည် အသက် သည် အရွယ် ရောက် မှ လက်ထပ်ကြ လို့ အံ့သြခြင်း ဖြစ်ကာ လေ့လာ စူးစမ်းရင်း မင်္ဂလာပွဲ ကို လာကြ သလို အင်မတန် မှ ဂဂျီဂဂျောင် နိုင်တတ်သော ကိုယ့် အမျိုး က လွဲ လျှင် ဘယ်သူ့ ကို မှ အကောင်း မထင်တတ်သော အသိုင်းအဝန်း ထဲ သို့ ဘယ်လို လူစားမျိုး ရောက်လာသလဲ ဆိုတာ သိချင် ၍ လာကြသူတွေ လည်း ရှိသည် ။ မည်သို့ပင် ဖြစ်စေ ၊ ဒေါ်လေး နဲ့ လက်ထပ် ပြီး နောက် ဦးလေး လည်း သူ့ နာရီပြင်ဆိုင်လေး ကို ဖြုတ်ပြီး ဈေးချို ရွှေဆိုင်တန်း ထဲ သို့ ရောက် သွားခဲ့ရ၏ ။ ဒေါ်လေး က ရွှေနဲ့ ကျောက်မျက်ရတနာ အရောင်းအဝယ် နည်းနာနိဿယများ ကို ဦးလေး အား သင်ပေးသည် ။ ထိုစဉ်က ကျောက်စိမ်း အရောင်းအဝယ် သည် မူဆယ် မှ တစ်ဆင့် တစ်ဖက် နိုင်ငံ သို့ မှောင်ခို ပို့နိုင်လျှင် အမြတ်အစွန်း ကောင်းကောင်း ရသည် ။ ဒေါ်လေး အိမ်ထောင်မကျခင် တုန်း က တော့ အဲဒီ ရတနာပစ္စည်းတွေ ကို ကျွန်တော် က ပဲ ဒိုင်ခံပြီး အရောင်းအဝယ် လုပ် ပေးရဖူးသည် ။ ခရီးဝေး သွားစရာ ရှိလျှင် ကျွန်တော် ပဲ သွားသည် ။ ယခု ဦးလေး ရှိတော့ ကျွန်တော် အကူအညီ ပေးစရာ မလိုတော့ ။

ဦးလေး သည် တခြားသော အရောင်းအဝယ် မိတ်ဆွေ အချို့ နဲ့ အတူ မူဆယ် သို့ ခရီးထွက်သည် ။ မန္တလေး မူဆယ် ခရီးသည် တစ်နေကုန် ကား မောင်း ရသည် ။ လမ်းပန်း အခြေအနေ ကလည်း ယခုလို မချောမွေ့သေး ။ မော်တော်ကား စ ထွက် ကတည်း က ဘုရားစာ ၊ တရားစာများ ရွတ်ဖတ်ပြီး လိုက်ရသည် ။ အန္တရာယ် တစ်ခု ခု ကြုံလာလျှင် ဘုရား မှ လွဲ၍ ဘယ်အရာ မှ အားကိုးစရာ မရှိပေ ။ ဤကဲ့သို့ စွန့်စွန့်စားစား သွားရောက်ပြီး ရောင်းရငွေ သည် ကိန်းဂဏန်း ကြီးမား သည် ။ သို့သော် အချို့ အရောင်းအဝယ်သမားတွေ မှာ တော့ ရောင်းရငွေ သည် အိမ် သို့ ပြန်ပါ မလာတတ် ။ ငွေ ကုန်စရာ အပျော်အပါး ကိစ္စတွေ က လည်း များသည် ကိုး ။ ဦးလေး က တော့ ရှင်းသည် ။ အရောင်းအဝယ် ကိစ္စက လွဲ လို့ တည်းခိုးခန်း အပြင် ထွက်ခဲသည် ။ တည်းခိုးခန်း ထဲ မှာ ပင် ပုတီးစိပ် တရားထိုင် သည် ။ ပြီးလျှင် သူ့ လက်စွဲ ဇိနတ္ထပကာသနီ စာအုပ် ကို ဖတ်သည် ။

တက်ထရွန်အင်္ကျီလက်တို နဲ့ ချည်လုံချည် ကွက်စိပ်လေး ပဲ အမြဲတမ်း ဝတ်ဆင်သည့် ဦးလေး ရဲ့ ပုံသဏ္ဌာန် သည် ကျောက်အရောင်းအဝယ်သမား လို့ ဘယ်လို ပြောလို့မှ ယုံနိုင်စရာ မရှိ ။ များသောအားဖြင့် ကျောက်သမားများ သည် လက် ထဲ မှာ ပိုက်ဆံလေး ဖောဖောသီသီ ရလာ လျှင် မြန်မာ့သတ္တိ ကို ပြကြသည် ။ ကောင်းကောင်း ဝတ်သည် ။ ကောင်းကောင်း စားသည် ။ အရက်ကလေး တမြမြ လုပ်ရင်း တခြားသော အပျော်အပါး ကိစ္စတွေ ဘက် သို့ ရောက် ကုန်ကြတတ်သည် ။ ဦးလေး က တော့ အရောင်းအဝယ်ကိစ္စ ပြီး လျှင် မန္တလေး သို့ ချက်ချင်း ပြန် ဆင်း သည် ။ သူ့ မိတ်ဆွေများ က ခဏတစ်ဖြုတ် နေပါဦး လို့ ပြောတာ တောင် ဦးလေး မနေနိုင် ။

“ မအိ စိတ်ပူ နေလိမ့်မယ်ကွဲ့ ”

“ မအိ က အရောင်းအဝယ် ကိစ္စ ပြီးပြီးချင်း ပြန်လာရမှာ တဲ့ ”

“ မအိ က အပိုသုံး မကြိုက်ဘူးကွဲ့ ” စ သဖြင့် သူ့ အား တား သမျှ လူတိုင်း ကို တအိ တည်း အိ ပြ၍ မန္တလေး သို့ ပြန်ပြေး လေ၏ ။ ဒါကြောင့်လည်း သူတို့ လင်မယား စီးပွားရေး သည် တစ်မဟုတ်ချင်း တိုးတက် ကြီးပွားသည် ။ တိုက် ၊ ခြံ ၊ ကား စသဖြင့် လက်ထက်ပွား ပစ္စည်းတွေ က လည်း မနည်းမနော ။

နတ်ဖက် သည့် လင်မယား ဟု လူတိုင်း က အားကျပြီး ချီးမွမ်းကြသည် ။ ပျော်ရွှင်စရာ ကောင်းသည့် သုခဘုံလေး ဖြစ်သည် ။ သို့ပေမယ့် ကံကြမ္မာ က ကြောက်စရာ ကောင်းသည် ။ သည်လင် သည်မယား ခမျာ အိုအောင်မင်းအောင် မပေါင်းသင်း လိုက်ရရှာ ။

သင်္ကြန် ကျခါနီး မှာ ဒေါ်လေး တစ်ယောက် ရုတ်တရက် ကောက်ခါ ငင်ခါ ဖျားသည် ။ အပူအား ကြီးလွန်း၍ သတိလစ် သွားသည် အထိ ဖြစ်သည် ။ ဆရာဝန် ကို အမြန် သွားပင့် သော်လည်း ဒေါ်လေး အသက် ကို မမီတော့ ။ လောက မှာ ဘယ်အရာ မှ မမြဲသည့် အနိစ္စတရား ကို ဦးလေး နားလည်ပါသည် ။ ဘယ်လိုပဲ သံယောဇဉ်တွေ တွယ်တာ လာခဲ့ကြပေမယ့် အချိန် တန် လျှင် ခွဲခွာကြရပေမည် ။ ယခုတော့ အချိန် မတန်ခင် မှာ ခွဲခွာ ခဲ့ရပြီ ဖြစ်သည် ။ ယူကျုံး မရသည့် ပူဆွေးမှု တွေ ကြောင့် အမြဲ ရှုမှတ်ခဲ့သော အနိစ္စတရား ကို ပင် ဦးလေး မေ့ သွားခဲ့သည် ။ အသက် ဝိညာဉ် ကင်းမဲ့ နေသည့် ဒေါ်လေး ရဲ့ ခန္ဓာကိုယ်လေး ကို ပွေ့ဖက်ရင်း မျက်ရည်တွေတွေ ကျလျက် ရှိသည် ။

“ မသိန်းအိ ရယ် ၊ မင်း ငါ့ ကို တစ်ယောက်တည်း ထားခဲ့ရက်တယ်နော် ” ဟု ငိုသံပါကြီး နဲ့ အော် ပြောလိုက်သည် ။ အသုဘ လာကြသူတိုင်း မည်သူမျှ မျက်ရည် မဆည်နိုင်ကြ ။ ဦးလေး ရဲ့ ငိုရှိုက်ပြီး ပြောလိုက်သံ က ကျွန်တော့် နားထဲ မှာ ပဲ့တင် ထပ် သွားသည် ။ ဪ ... သနားစရာ ကောင်းတဲ့ ဦးလေး ရယ် ။ ဒေါ်လေး မရှိတော့ သည့် နောက် မှာ သူ့ ခမျာ တစ်ယောက်တည်း ဘယ်လို နေရှာ မည်နည်း ။ ဦးလေး အတွက် တွေးရင်း ကျွန်တော် ရင်မော သွားခဲ့မိသည် ။

၄ ။

တစ်ယောက် တည်း နေရတာ ကို ဦးလေး ခမျာ မနေတတ် မထိုင်တတ် ဖြစ်ဟန် တူသည် ။ ဒေါ်လေး ဆုံးသွားလို့ မှ ၆ လ မပြည့်သေး ။ မိန်းမ တစ်ယောက် ကောက် ယူ လိုက်လေ၏ ။ ထို သတင်း ကို ကြားခါစ က ကိုယ့် နား ကိုပင် မယုံချင် ။ မကြာခင် ဖြစ်ကြောင်းကုန်စင် သိရတော့ မှ အံ့ဩ ရ သလို ဦးလေး အတွက် စိတ် မကောင်း ဖြစ်ရသည် ။ ဦးလေး ယူလိုက်သည့် မိန်းမ က သူ့ ထက် အသက် ထက်ဝက် ခန့် ငယ်သည် ။ ပြီးတော့ မိန်းမကောင်း မဟုတ် ။

“ တို့ အပြစ်ပါပဲ ကွာ ။ အပျော်သဘော နဲ့ စ ရင်း နဲ့ သူ့ ကို ထိန်းလို့ မရတော့ ဘူးဟေ့ ” ဟု သူ့ မိတ်ဆွေ တစ်ယောက် က ပြော ပြပါသည် ။

“ မူဆယ် က တည်းခိုခန်း မှာ ပေါ့ ကွာ ။ မင့် ဦးလေး က တော့ ထုံးစံအတိုင်း အခန်း ပိတ် ပြီး ပုတီးစိတ် ၊ တရားထိုင် နေတာပဲ ။ အဲဒါကို တို့တစ်တွေ က အပျော် သဘော နဲ့ မကောင်းတဲ့ ကောင်မလေး ကို သူ့ အခန်း ထဲ လွှတ်လိုက် မိတယ် ။ ဒါပေမယ့် မောင်တိုး က လက်ဖျား နဲ့ တောင် မတို့ တဲ့ အပြင် ဒီ အလုပ် ဟာ မကောင်းတဲ့ အကြောင်း တရားဟော လွှတ်လိုက်သေးတာ တဲ့ ။ နောက် တစ်ယောက် လွှတ်လိုက် တော့ လည်း အရင် မိန်းကလေး အတိုင်းပဲ ။ တို့ လည်း မောင်တိုး ရဲ့ ကိုယ်ကျင့်သိက္ခာ ကို တကယ် လေးစား သွားမိတယ်ကွ ။ အဲဒီ အချိန်မှာ ကျော်မြ က ရောက် လာပြီး အကြိုက် မတွေ့သေးလို့ပါဗျာ ။ သူ့ အကြိုက် တွေ့ရင် ဘာမှ မခံနိုင်ဘူး ။ ဈာန် ရတဲ့ ရသေ့ တောင် ဈာန် လျှော သေးတာပဲ တဲ့ ပြောတော့ တို့ နဲ့ အခြေအတင် စကား ပြော ကြရင်း မဆီမဆိုင် အလောင်းအစား တစ်ခု ဖြစ်သွားတယ် ကွ ။ မောင်တိုး ကို ဈာန် လျှော အောင် လုပ်နိုင်တဲ့ မိန်းကလေး ရှိရင် ငွေ ၅၀၀၀ ကျပ် ဆုချမယ်ပေါ့ ကွာ ။ အဲဒီမှာ ပဲ အခု မင့် ဦးလေး ယူ လိုက်တဲ့ ဝေဝေမြင့် က သူ တာဝန် ယူရဲတယ် တဲ့ ။ မင်း ဦးလေး ဈာန် လျှောစေရမယ် တဲ့ ။ မကြာပါဘူး ကွာ ။ ပြောသလို ပဲ မောင်တိုး ဈာန် လျှောတော့တာပဲကွ ။ အင်း ... လျှော ရုံတင် မဟုတ်ဘူး ။ မင်း မြင် တဲ့ အတိုင်း ဝေဝေမြင့် ကို ယူလိုက်တဲ့ အဆင့် အထိ ရောက်သွားတယ် ။ တို့ က ဘယ်လို တရား ချချ ဘယ်လို ပြောပြော မရတော့ဘူး ။ ဝေဝေမြင့် မှ ဝေဝေမြင့် ပဲ ။ အတွေ့အကြုံ မရှိတော့ စွဲလမ်း သွားပြီလေကွာ ။ စွဲလန်း သွားအောင်လည်း ဟို ကောင်မ က လုပ်ထားတာ ကိုး ။ အပျက်မ ဆိုတော့ ဒါမျိုး နောကြေ နေပြီလေ ။ ပထမဦးဆုံး မင်း ဦးလေး အခန်းကို သွား ပလူးပလဲ မလုပ်သေးဘဲ မင်း ဦးလေး နဲ့ စကား ပြော ၊ သူ့ အကြောင်းတွေ ကို မဟုတ်က ဟုတ်က သနားစရာ ဖြစ်အောင် ပြောတယ် တဲ့ ။ သူ့ ခမျာ ဦးလေး မရှိလို့ ဦးလေး အစား ရ လို့ ဝမ်းသာမိတယ် တဲ့ ။ ဒါက အစပျိုး တဲ့ နေ့ ၊ နောက် တစ်ရက် ရောက်တော့ ရင်းနှီး လာပြီလေ ကွာ ။ သူ တရားထိုင် နေချိန်မှာ ယပ်ခတ် ပေးရတာနဲ့ ၊ ရေပူရေချမ်း ကမ်းလှမ်းရတာနဲ့ ၊ နောက်ဆုံးတော့ ရက်တစ်ပတ် တောင် မပြည့်လိုက်ဘူး ”

ယခု မှ စိတ် မကောင်း ဖြစ်နေရှာသည့် ထို ပုဂ္ဂိုလ်အား ဒေါသ ဖြစ်သွား ခဲ့သည် ။ သူ့ ကို ပိုးစိုးပက်စက် ပြောလိုက်ချင်သည့် စိတ် ကို မနည်း ထိန်းထားရ သည် ။ သူတို့ တစ်တွေ ရဲ့ အပျော်သဘော အလောင်းအစား သည် လူ တစ်ယောက် ရဲ့ ဘဝ ကို အများကြီး ပြောင်းလဲ သွားစေခဲ့ပြီပဲ ။

“ မသိန်းအိ နဲ့ ညားခဲ့တုန်း က တော့ အိပ်ရာ ထဲ မှာ ပရုပ်ဆီ အနံ့ ပဲ ရှူခဲ့ရ တာကိုးကွ ။ အခု ယဒ်ဒလေ တို့ ၊ ဂိုယာ တို့ နဲ့ တွေ့မှ ကောင်းမှန်း သိ နေပြီလေ ”

သူ့ စကား ကို ဆုံးအောင် နားမထောင် တော့ ဘဲ ချာခနဲ လှည့် ထွက်လာ ခဲ့သည် ။ ဖြစ်ပြီးမှ တော့ ကျွန်တော် ဘာမျှ မတတ်နိုင်တော့ပါ ။ ဘယ် လမ်း ဘယ် စခန်း အထိ လျှောက်လှမ်းကြမည် ကို ပဲ စိတ်မောစွာ စောင့်ကြည့်ရ ပေတော့မည် ။ သွေး ပူနေချိန် မှာ တော့ ဂိုယာနံ့လေး ကို ရှူရှိုက်ရင်း ကောင်မလေး ဆီ က ကိုကို ... ကိုကို လို့ ခေါ်တဲ့ အသံ ကို ပဲ စွဲလမ်း နေမှာ ဖြစ်သည် ။ တရားသမား ကို တရား ပြ ဖို့ ဆိုတာ လွယ်ကူသော အလုပ် မဟုတ်ပေ ။

၅ ။

ကံ ကောင်းချင် တော့ ဦးလေး နဲ့ အိမ်ထောင် ကျ အပြီး လေးလ လောက် မှာ ဝေဝေမြင့် က သူ့ ဇာတိရုပ် ကို မဖုံးနိုင်တော့ ။ ဦးလေး ခရီးထွက် နေစဉ် အိမ် က လက်ဝတ်ရတနာ ၁၀ သိန်း ဖိုး လောက် ယူပြီး တခြား ယောက်ျား တစ်ယောက် နဲ့ လစ်ပြေး သွားတော့သည် ။ အဲဒီ သတင်း ကြား ရချင်း မန္တလေး သို့ ရောက်ရာ အရပ်မှ ဦးလေး ပြန် လာခဲ့သည် ။

“ မောင်ညို ရာ ၊ ဦးလေး ကို ကူညီစမ်းပါဦးကွာ ။ မိတ္ထီလာ မှာ မင်း အမေ ရောက်နေတယ်တဲ့ ။ မင်း လိုက်သွားပေး ကွာ ။ ဦးလေး က ခွင့်လွှတ်တယ်လို့ ပြောနော် ။ မင်း နဲ့ တစ်ပါတည်း ခေါ်ဖြစ်အောင် ခေါ်လာခဲ့ ကွာ ။ ပြေပြေလည်လည် ဖြစ်အောင် လုပ်ခဲ့ ။ မင်းအမေ က စိတ်ကြီးတယ် ကွ ”

ဆောက်တည်ရာ မရ ဖြစ်နေသည့် ဦးလေး ကို ကြည့်ရင်း စိတ်ညစ် သွားရပါ၏ ။ ကဲ ... ဦးလေး စကား ကို ပဲ နားထောင်စမ်း ပါဦး ။ ကျွန်တော့် ထက် အသက် ငယ် တဲ့ သူ့ မယားလေး ကို မင်း အမေ တဲ့ ။ အမယ့် မိန်းမပျက် က လာလာ ချေသေး ။ စိတ် ကြီးတော်မူသတဲ့ ဗျာ ။

မ - စိတ် မွှန်၍ သင့်မသင့် မချိန်ဆ နိုင်သည့် ဦးလေး ရဲ့ စကား ကို ဟုတ်ကဲ့ ဟု ပြောပြီး မိတ္ထီလာ သို့ လိုက် သွားသည် ။ သို့ပေမယ့် ဦးလေး မှာ သလိုတော့ ကျွန်တော် မပြောနိုင် ။ အကျင့်ပျက် သည့် မိန်းမ တစ်ယောက် ကို မေတ္တာတရား အကြောင်း နားလည် အောင် တရား မဟောချင် ။ ခပ်ကြမ်းကြမ်းလေး ကိုင်တွယ် မှ ဖြစ်ပေမည် ။ ဒါပေမယ့် မိတ္ထီလာ ရောက် တော့ ကျွန်တော် ကံ ကောင်းသွား သည် ။ ထို မိန်းမ မရှိတော့ပြီ ။ တောင်ကြီး ကို တက်သွားသည့် သတင်း ကြားရသည် ။ ဦးလေး ဆီ သို့ သည် ကိစ္စ ကိုဖုန်းဆက် ပြောတော့ တောင်ကြီး ဆက်လို က်တဲ့ ။ အမိန့်တော် ပါးလိုက်သည် ။ မလွယ်ပါလား ။ ရေမြေ ဆုံးစေတော့ ခင်ဖုန်း ကို တော့ တွေ့ အောင် ရှာရတော့မည် ထင်သည် ။ ဒါပေမယ့် တောင်ကြီး အထိ ကျွန်တော် မသွားတော့ ။ မိတ္ထီလာ မှာ ပဲ သုံးရက် လောက် နေသည် ။ ပြီးမှ မန္တလေး ကို ပြန်လာ ခဲ့သည် ။

“ ဦးလေး ရာ ၊ တောင်ကြီး ၊ ကလော ၊ ပင်းတယ နှံ့ နေအောင် ရှာတာပဲ ဗျာ ။ စုံစမ်းလို့ မရဘူး ”

ခြူသံ ပါ အောင် ညည်း လိုက်သည့် ကျွန်တော့် ကို ကြည့်ရင်း ဦးလေး ခမျာ မျက်စိ မျက်နှာ ပျက်သွား ရှာသည် ။ ဦးလေး ကို သနား သွားမိသည် ။ ဒါပေမယ့် ဇာတ်လမ်း က ပြီးပြတ် သွားတာ မို့ လည်း ဝမ်းသာ သွားမိသည် ။ နောက် တစ်လ လောက် ကြာတော့ ကွာရှင်းပြတ်စဲစာချုပ် နဲ့ စာတိုလေး တစ်စောင် ဦးလေး ဆီ သို့ ရောက်လာခဲ့သည် ။

“ ကိုကို ရယ် ....

      ချစ်သူ အသစ် တွေ့ခဲ့မိလို့ ရက်စက်တဲ့ အမိုက်မ မိဝေ ကို ခွင့်လွှတ်ပါနော် ”

ဦးလေး က တော့ စာ ကို ဖတ် ပြီး ကလေး ရယ် ၊ မိုက်လှချည်လား လို့ မြည်တမ်း ၍ နေချေသည် ။ ငွေ ၁၀ သိန်းကျော် ဖိုး ဖြောင် သွားတာ ကို ပင် စိတ် ထိခိုက် ခံစားရဟန် မတူပေ ။ ကျွန်တော် သာ ဦးလေး ကို မကြောက်ရ လျှင် တကယ် မိုက် တာ ဟို ကောင်မ မဟုတ်ဘူး ။ ဦးလေး ဗျ ဦးလေး ဟု ပြောလိုက်မိပေမည် ။ ဦးလေး သည် လေးတွဲ့စွာ သက်ပြင်း မှုတ်ထုတ်လိုက်ရင်း နံရံ မှာ ချိတ် ထားသည့် ဒေါ်လေး ရဲ့ဓာတ်ပုံ နား က စိတ်ပုတီး ကို ကိုင် ကာ  ဘုရားခန်း ထဲ သို့ ဝင်သွား လေ သည် ။ ယခုမှ ပဲ ဘုရား ကို ပြန်လည်သတိရ ဟန် တူ၏ ။

ယခုတော့ လည်း ဘုရားတရား ကို ဦးလေး မေ့ သွားပြန်ပြီ ထင်သည် ။ ထို့အတူ ဒုတိယမြောက် မိန်းမ ကို လည်း သတိရဟန် မတူတော့ ။ တတိယမြောက် ကလေး နဲ့ ပျားရည်ဆမ်း ခရီးသည် တစ်လခွဲ လောက် ကြာသည် ။ ကျွန်တော့် ဆီ သို့ လက်ဆောင်ပစ္စည်းတွေ ပို့သည့် အသစ်စက်စက် ဇနီးမောင်နှံ ကို ဘယ်လို ဆုတောင်း ပေးရမှန်း ကျွန်တော် မသိ ။ ပင်လယ်ကမ်းခြေ မှာ လေကောင်းလေသန့် တွေ ရှူရှိုက် လို့ အကြောအခြင်တွေ ပြေသွားသည် ထင့် ။ ဦးလေး ရဲ့ ရုပ်ခန္ဓာ သည် အတန်အသင့် နုပျို နေသည် ။ ဦးလေး က မော်တော်ကား ထဲ က မဆင်းပါ ။ ထီးလင်းတိုက်ကို မင်္ဂလာဆွမ်းကပ် ဖို့ ကိစ္စအတွက် သွားစရာ ရှိသေးတာကြောင့် ဟု ပြောသည် ။

ကျွန်တော် က ဦးလေး နဲ့ စကား ပြောရင်း ဦးလေး ရဲ့ တစ်ဖက်ခုံ မှာ ထိုင် နေသည့် အဒေါ်တော် ရဦးမည့် အမျိုးသမီး ကို အကဲခတ် လိုက်သည် ။ ဦးလေး ကြိုက်မည် ဆိုလည်း ကြိုက်ချင်စရာ ဖြစ်ပါ၏ ။ မော်တော်ကား အတွင်း သို့ ကပ်သီးကတ်သတ် ဝင်လာခဲ့သည့် နံနက်ခင်း နေရောင်ခြည်များ သည် ဦးလေးကတော် ရဲ့ နား နှစ်ဖက် က စိန်နားကပ် ကို ထင်းခနဲ ရှင်းခနဲ လင်းလက် သွားစေခဲ့သည် ။ ဒါလည်း ဒေါ်လေး ရဲ့ စိန်နားကပ် ပါ ပဲ ။ ကျွန်တော် မှတ်မိသည်လေ ။ ဦးလေး က အရောင်းအဝယ်အခြေအနေ ကို ကျွန်တော့် အား မေးသည် ။ လုပ်ငန်းကိစ္စ ဘက် ရောက်သွား တာ ကြောင့် စကားအမျှင် က မပြတ်နိုင် ။ အနား က မချော က ကျွန်တော်တို့နှ စ်ယောက်ကို ကြည့်ရင်း စိတ်ရှည်တော့ ဟန် မတူပေ ။

“ ကိုကို သွားကြစို့လေ ။ ဘုန်းကြီးကျောင်း က ပြန်ရင် ဈေးချို ကို လည်း သွားဦးမှာနော် ” ဟု ဦးလေး ရဲ့ ပေါင် ကို ပုတ်ရင်း သတိပေး လိုက်သည် ။

“  ဪ ... အေးအေး ၊ ကဲ ... မောင်ညို ၊ ဦးလေး သွားမဟေ့ ။ ဦးလေး ဆီ လာခဲ့ဦးကွာ ။ နောက်မှပဲ အလုပ် ကိစ္စ အတွက် စကား ပြောကြရအောင် ”

ဦးလေး ရဲ့ အသံ က ထူးထူးခြားခြား မြူးကြွလို့ နေပါသည် ။ ကျွန်တော် သည် စက်သံညက်ညောစွာ နဲ့ လျှောခနဲ ပြေးထွက် သွားသည့် မော်တော်ကားလေး ကို ပဲ ငေးမောကြည့်နေမိသည် ။ ဟင် ... ဒီ တစ်ယောက် က လည်း ကိုကို လို့ ခေါ်နေ ပြန်ပါလား ။ ဦးလေး သည် ကိုကို ဆိုတဲ့ အသံလေး ကို အလွန်တရာ မှ နားဝင် ချို ဟန် ရှိသည် ။ အရင် ကိုကို က တော့ သူ့ ဆီ မှာ ၄ လ ပဲ ခံသည် ။ ယခု ကိုကို က တော့ ဘယ်နှလ အထိ ခံလေမည်နည်း ကျွန်တော် မသိပါ ။ တတိယမြောက် ကိုကို က ဒုတိယ က ကိုကို ထက် များ လက်သံ ပြင်းလိုက် လျှင် တော့ ဦးလေး ခမျာ လန်ကွတ်တီ ဝတ် ပြီး တောရိပ် ခို ဖို့ပဲ ကျန်တော့သည် ။ ဦးလေး ရဲ့ ကိုကို တို့ ရယ် ကျွန်တော့် ဦးလေး အပေါ် မှာ တစ်ဆိတ် လောက် ကြင်နာ သနားကြပါကွယ်လို့ ရင် ထဲ မှ ဆုတောင်း ပေးရုံ က လွဲ လို့ ကျွန်တော် က ကော ဘာများ တတ်နိုင်ဦးမည်နည်း ။

◾ ညိုထွန်းလူ

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      အမှတ် ၆၉
      ဇူလိုင်လ ၊ ၁၉၉၅

#ကိုအောင်နိုင်ဦး

.

Wednesday, March 27, 2024

ငါ ယောက်ျား


 ❝ ငါ ယောက်ျား ❞ 


သူတို့ လင်မယား သည် ညနေစာ ကို စောစော စားတတ်ပြီး လေသာဆောင် သို့ ထွက် ကာ မီးထွန်းချိန် အထိ ထွေရာလေးပါး စကား ပြော မြဲ ဖြစ်လေသည် ။


ထို ညနေ တွင် လည်း ခါတိုင်း လို ပင် လသာဆောင် သို့ ထွက် နေကြပြီး ၊ လက်ထပ်ပြီး စ လင်မယား ဖြစ်သည်နှင့် အညီ အပြုံး ကိုယ်စီ နှင့် အချစ် အကြောင်း ကို ဆွေးနွေး နေမိကြ သည် ။ မှောင်ရိပ် သန်းပြီး အေး၍ လာတော့ မှ အိမ်တွင်း ဝင် ဖို့ သတိ ရပြီး စကား ဖြတ်ကြရ လေတော့သည် ။


ဇနီးသည် က အလျင် ထ လိုက် ကာ ...


“ ဪ မောင် ရေ ချစ်ခြင်း ရဲ့ အစ ဟာ ရှာရ ခက်တယ် ဆိုလို့ သတိရ သေးတယ် ၊ မောင့် ကို စ တွေ့ ဖူး ရင် တွေ့ဖူးချင်း ရင် ထဲ မှာ ဖြစ်လာတာ က အို သိပ် သနားစရာ ကောင်းတဲ့ လူ တစ်ယောက်ပါလား ဆိုတာပဲ ၊ သနားလွန်း လို့ ချစ်ရတာပဲ ထင်ပါရဲ့ ၊ ခု ဖွင့်ပြော လိုက်လို့ စိတ် လည်း မဆိုးနဲ့ဦးနော် ” ဟု မမျှော်လင့်သော စကား ကို ပြောသည် ။


သူ သည် ထိတ်ထိတ်ပျာပျာ ဖြစ် သွားပြီး မော် ပြီး သာ ငေးကြည့် နေမိတော့လေသည် ။ ခပ်ရေးရေး မြင် ရသော ဇနီးသည် ၏ မျက်နှာ တွင် နှုတ်ခမ်း က အပြုံး နှင့် မျက်လုံး က အရိပ် ပင် လျှင် သနားခြင်း ဖြင့် နူးညံ့ နေသည် ဟု ထင်သည် ။ သူမ ၏ သနားစိတ် များ မှာ မမြင်နိုင် သော အမှုန့်  ၊ အရည် ၊ အငွေ့အသွင် တစ်ခု ခု ကို ဆောင် ကာ သူ့ ကိုယ်ပေါ် အထပ်ထပ် ကျလာ လွှမ်းမိုး သွားသည် ထင်ပြီး ခြေပစ်လက်ပစ် ပင် စိတ်ပျက် ၍ သွားလေ တော့၏ ။ 


ပက်လက်ကု,လားထိုင် ပေါ် က ကိုယ့် ကိုယ် ကိုယ် ပင် ကြွ၍ မရဘဲ ...


“ အလိုလေး ငါ ဟာ သနားစရာ သတ္တဝါ ဆိုပါလားကွယ် ” ဟု စိတ် တွင်း က တတွတ်တွတ် ညည်းရင်း မောပန်း နေ မိလေသည် ။ ကြယ်တွေ လတွေ ထွက် လာတာ ကို ပင် မမြင်မိ ။


“ အထဲ ဝင်တော့လေ ၊ အအေးမိလိမ့်မယ်” ဟု ဇနီးသည် ၏ အသံ ကို နာခံရ မှ အလို အလျောက် ခြေထောက် က လှမ်း ကာ အိမ်တွင်း ရောက် သော်လည်း စိတ် က တခြား ။


သူတို့ လင်မယား မှာ ညပိုင်း ဆို လျှင် စာ ဖတ်ကြသည် ဖြစ်၍ သူ သည် စာအုပ် တစ်အုပ် ကို လက်ကျင့် ပါနေသည့် အတိုင်း ဆွဲယူ ကာ ဖတ်ဖို့ ကြိုးစားသည် ။ တစ်မျက်နှာ ပြီးတစ်မျက်နှာ ကုန် သွားမိ၏ ။ သို့သော် ခေါင်း ထဲ တွင် ဘာမှ မကျန်ရစ် ။ စာအုပ် တစ်ဝက် ကျိုးလှ ၍ မှ ဘယ်သူ ဇာတ်လိုက် မှန်း မသိ ။


ဇနီးသည် ကို မသိမသာ ခိုး ကြည့် မိလိုက်သည် မှာ ခဏ ခဏ ပင်ဖြစ်ချေ၏ ။ သူမ သည် စာအုပ် ထဲ တွင် စိတ် အတော် ဝင်စားနေသည့် ပမာ မျက်မှောင်ကလေးများ ပင် ကုတ် လျက် ရှိသည် ။ သူမ ၏ ဖိနပ်ဦး က ကြမ်းပြင် ကို စည်းဝါး ကျ စွာ မတိုးမကျယ် တို့ခေါက်နေ သည် က လွဲ၍ ဘာမှ လှုပ်ရှားမှု ကို မမြင်ရချေ ။ သူမ တွင် ဖျတ်လတ်လျက် က တစ်ထစ်ချ ငြိမ်ဆိတ်သော အကြည့် ၊ အပြော ၊ အမူအရာများ ရှိသည် ။


သူ သည် စာအုပ် ကို စိတ်ဝင်စားစွာ ဖတ်ရန် ကြိုးစား ပြန် လည်း မရချေ ။ စာအုပ် ကို ပိတ်လိုက်မည် ရွယ် သော်လည်း ဇနီးသည် က လှည့် ကြည့်မည်ကို မလိုလားချေ ။ စာ မဖတ်ဘဲ မျက်လုံး က စိုက်မိစိုက်ရာ ကို ငေးကာ လက်သည်း ကို သာ ကိုက် နေ မိသည် ။ စာအုပ် ကို ဖွင့် ထားပြီး မျက်နှာ က တခြား ရောက်နေသည် မှာ လည်း မြင် ၍ မကောင်းလှ ဟု သတိရ မိ ပြန်၏ ။ သူ သည် ဘယ်သူ့ ကို မှန်း မသိ ဒေါသ ထွက် ကာ ၊ စာအုပ် ကိုပိတ်ပြီး စားပွဲ ပေါ် တင် လိုက်၍


“ ဒီ ည စောစော အိပ်ချင်တယ်ကွယ် ” ဟု ခွင့်တော င်းကာ အိပ်ခန်း သို့ လာ မိသည် ။ ဇနီးသည် က မူ မကြား၍ လား မသိ ၊ ဘာမျှ မပြောချေ ။


အိပ်ခန်း တွင်း သို့ ရောက်သည့် အခါ မှန်တင်ခုံ သို့ ပထမဆုံး သွားပြီး ကိုယ့် ကိုယ် ကိုယ် ပြန် ကြည့်လိုက်၏ ။


နားထင်ဆံစကလေးများ ကြောင်စ ပြုကာ ဝါရော်ရော် အသားအရေ ၊ ပန်းလျ သော ကိုယ်ဟန် နှင့် လူရွယ် တစ်ယောက် သည် မှန် ထဲ က နေပြီး ခပ်ကြောင်ကြောင် ပြန်၍ ကြည့် သည် ကို မြင်ရ၏ ။


မျက်လုံး နှစ်လုံး ၊ နားရွက် နှစ်ဖက် နှင့် လည်း ပြည့်စုံပါ၏ ။ လက်များ ၊ ခြေများ တွင်လည်း ခြောက်ချောင်း ၊ ခုနစ်ချောင်း ဟူ၍ အတက်အပွား ပေါက် ကာ မနေ ၊ ခြေ နှစ်ချောင်း ပေါ် စုံရပ် နေမည် ဆိုလျှင် လည်း နေ နိုင်ကာ လေးဖက်ထောက်ချင်စိတ် ပေါက် လျှင်လည်း ထောက် နိုင်၏ ။ သူ့ တွင် ခြေလက်အင်္ဂါ အပြည့်အစုံ ရှိသည် ။ ခေါင်း ပေါ် တွင် ဘိုကေ ထား၍ နှုတ်ခမ်းနီ ၊ ပါးနီ မဆိုး သဖြင့် ယောက်ျား မှန်း လည်း သိသာ သည် ။ အချုပ် ဆိုရ လျှင် သူ သည် တခြား ယောက်ျားများ နှင့် ဘာမျှ မကွာချေ ။


ဒါကို ဇနီးသည် က သနားသည် တဲ့ ။


မိန်းမ လည်း ဖြစ် ၊ ငါးနှစ် ကျော်ကျော် လည်း ငယ် ပြီး မိမိ က လုပ်ကျွေး ပြုစုသည် ကို ခံ ရသော ဇနီးသည် က သနားစရာ ကောင်းလိုက်တာ ဟု ဆိုခြင်း မှာ သဘောရိုး တော့ ဟုတ်မည် မထင် ။ လယ်တီပဏ္ဍိတ ညည်းပုံမျိုး သာ ဖြစ်မည် ဟု ထင်ကာ မကျေမနပ် နှင့် အတော်ပင် ဆွေး နေ မိလေသည် ။


ထိုခဏ၌ ကု,လားထိုင် ရွေ့သံ ကြားရ၍ လန့်သွား မိသည် ။ ယခု လို ညကြီးမင်းကြီး မှာ ယောက်ျား တစ်ယောက် မှန် ကြည့် နေသည် ဆိုသည့် ကိစ္စ မှာ တယ်ပြီး မဖွယ်ရာလှပါ တကား ။ သူ့ မိန်းမ မြင် သွားလျှင် ဘာ ထင်မလဲ ။ အိပ်ရာ သို့ မြန်မြန် ပြေးပြီး လှဲကာ နေ လိုက် ရာ ဇနီးသည် က မြင် သွားပြီး ရယ်သံ နှင့် အတူ


“ ဘာဖြစ်လို့ ပြေးလွှား နေရတာလဲ ၊ သရဲ ကြောက်လို့လားဟင် ” ဟု နောက်ပြောင် သံ ကို ကြား ရသည် ။


သူ သည် ဘာမှ ပြန် မပြောတတ်ဘဲ အခန်းဝ က ဖြတ်ပြီး ရေသောက် သွားသော ဇနီးသည် ကို စိတ် ရှုပ်သော အကြည့် ဖြင့် ကြည့် လိုက်မိ၏ ။


ဇနီးသည်ကလေး သည် နည်းနည်း တော့ သွက်လက်လွန်းသည် ဟု ထင်၏ ။ ယောက်ျားလူငယ်ကလေး သဖွယ် အရွှန်း လည်း ပေါများ ၍ သူ့ ထက် လည်း လူပေါင်းဆံ့ သည် ။ မိမိ မှာ တော့ စကားပြော ညံ့ ခြင်း ကို ပင် ဂုဏ် တစ်မျိုး ယူ နေရချေသည် ။ သူ သည် စကားပြော နေရင်း အကောင်းသား က တစ်ဝက်ပြတ် ကာ ထစ်အ ထစ်အ ဖြစ် တတ်သည် ။ သည်လို ဖြစ်တိုင်း လည်း အမူအရာ ပျက်လိုက်သည် မှာ ဆိုစရာ မရှိ ၊ မိမိ ၏ အမူအရာများ မှာ လည်း ဘယ်တော့ မှ ဂနာမငြိမ် ဟု ထင်ကာ ကိုယ့် ကိုယ် ကိုယ် ဒေါသ ထွက်ဖူးသည် ။


သူ သည် ငယ်စဉ် ကတည်း က လူပရိသတ် နှင့် ကင်းကွာ ကာ ချောင် တစ်ချောင် ဝယ် တယော တစ်လက် နှင့် ပျော်သူ ဖြစ်၍ သည်လို လူစားမျိုး ထုံးစံ အတိုင်း အနည်းငယ် မပြေပြစ်သည် ကို တော့ ဝန်ခံပါ၏ ။ သူ့ မိဘများ မှာ ပိုက်ဆံ ကြွယ်ဝ ၍ သူ့ ဘဝ တွင် လို ၍ တ လိုက်လျှင် ရသလောက်ချည်း ဖြစ်ရကား ၊ ဘာမှ စွန့်စားခန်း မရှိသည့် အတွက် သူ စိတ်ပျော့ ချင် လည်း ပျော့ပေမည် ။ ယခု ဇနီးသည်ကလေး နှင့် အကြောင်း ပါသည် မှာ ပင် ကိုယ့် အစွမ်း တစ်ဝက် ပင် မပါချေ ။ သူမ သည် ပွင့်လင်းခင်မင်စွာ နေတတ် ကာ ၊ အပျိုကလေး ဖြစ်၍သာ အပျိုစကား ပြော ကာ လူပျိုစကား မပြောသည် ကို ပြန်ပြီး သတိရ မိပါသည် ။ ယခု မိဘများ ကွယ်လွန် သွားပြန်တော့ အမွေအနှစ်ကလေးများ ကို အကြောင်းပြု ကာ ငြိမ်းငြိမ်းအေးအေး ထိုင် စား နိုင်သည် ။


သို့သော်လည်း သနားစရာ လူ တစ်ယောက် ဆိုသည့် အပြောမျိုး ကို သူစိမ်း တစ်ယောက် က သာ လာပြီး ပြောမည် ဆိုလျှင် ဆွဲ ထိုးမိမည်လား မသိချေ ။ သည်လို ဆိုလျှင် လည်း လက်သီး နှင့် ထိုးခြင်း ဟူသော ဗဟုသုတလေး တော့ ရ သွားပေမည် ။ ယောက်ျားကလေး ဖြစ်သော်လည်း ကလေး ဘဝ တွင် တစ်ခါမျှ မထိုးကြိတ်ခဲ့ဖူးချေ ။ ကျောင်းသွား ကျောင်းပြန် ကို အစေခံကု,လားကြီး က ထမ်းပို့ ထမ်းပြန် ပြီး အိမ် ရောက်တော့ အောက် ကို မဆင်းရ ။


ဗြုန်းခနဲ မေးမိပြန်သည် မှာ


“ ဘာဖြစ်လို့များ ကိုယ့် ကို သနားရတာလဲ ကွယ် ၊ အင်မတန် ညံ့တယ်လို့ များ ထင် နေလို့လား ...”


တစ်ကိုယ်တည်း မချိမဆံ့ ဖြစ်နေမိ၏ ။ ညဉ့် သည် နက် လာ ကာ တိတ်ဆိတ်၍ လည်း နေသည် ။ ဇနီးသည် က တော့ စာ ဖတ်တုန်း ။ သူ့ စိတ်စွဲ နေလျှင် ခေါ်၍ မရ ။ မိမိ လည်း သည် ည တော့ အိပ်၍ ပျော်မည် မထင် ။ စိတ်တွေ က ကယောင်ချောက်ချား ဖြစ်လှသည် ။ တယ် .. သူများ က သနားစရာ ဆိုရုံနဲ့ သနားစရာ လူ ဖြစ်ရရော့ လား ၊ ငါ ယောက်ျား ပဲ ဟာ ၊ သူများ စွပ်စွဲတာ ကို ရယ် ပစ်လိုက် ဖို့ မသင့်ဘူးလား ဟု သတိရ လာ၏ ။


စိတ် ထွက်ထွက် နှင့် ထကာ ဘီယာ နှစ်ခွက် ဆင့် သောက်လိုက်၏ ။ စင်စစ်တော့ သူ သည် တခြား ယောက်ျားများ လို ပင် အရက် ကို လည်း သောက်ရဲ သူ မဟုတ်ပါ လား ။ သို့သော်လည်း မစွဲ ချေ ။ ဘယ်တော့ မှ လည်း စွဲမည် မဟုတ် ။ တစ်ခါ သောက်တိုင်း နှစ်ခါ လောက် တော့ မျက်နှာ ရှုံ့မဲ့ မိမြဲ ဖြစ်၏ ။ ( မသောက်ခင် တစ်ခါ ၊ သောက်ပြီး တစ်ခါ ) သူ့ တွင် တစ်ခါတစ်ခါ အတွေး မျိုးစုံသည့် အခါ အိပ် မပျော်တတ်သော ရောဂါ ရှိ လေရာ ထို အခါမျိုး တွင် မူး ပြီး အိပ်ပျော် သွားအောင် သောက်ပေး ရသည် ။


သောက် ပြီးပြီးချင်း မူးသည် မဟုတ်၍ အတော် ကြာပင် မခံချိ မခံသာ ဖြစ် နေပြီး ဦးနှောက် ထဲ တွင် ယိမ်းထိုး လာ ကာ ခေါင်း ထူ ၍ မနိုင်တော့ဘဲ အိပ်ပျော် သွားလေသည် ။ 


မနက် မိုး လင်း၍ အိပ်ရာ က ထ သော် ပထမဆုံး အတွေး မှာ


“ ငါ ဟာ သနားစရာ သတ္တဝါလား ကွယ် ” ဟူ၏ ။ စကား တစ်လုံး ကို ပြော လိုက် သူမှာ တော့ မေ့ နိုင်၏ ။ ခံရသူ မှာ မသက်သာလှချေ ။ အထက်တန်းပညာ လည်း သင် ဖူး၍ အနုပညာ လိုက်စားသူ တစ်ယောက် ကို ဤသို့သော မှတ်ချက်မျိုး သည် အင်မတန် ထိလှသည် ။


အသေးအဖွဲ စကားကလေး တစ်လုံး ဖြစ်သည် ဟူ၍ လည်း ဆိုနိုင်ပါ၏ ။ အဘယ့်ကြောင့် ဆိုသော် လူထု ပရိသတ် ရှေ့တွင် စင်မြင့် ပေါ် တက် ၍ ဆဲခြင်း လည်း မဟုတ်ပါပေ ။ လင်မယား နှစ်ယောက် စကား တွေ့ကရာ ပြောသည့် အထဲ က အမှတ်မထင် သော စကား တစ်ခွန်း ပင် မဟုတ်ပါလား ။ ပြီးတော့ နောက်ပြောင် တာ လည်း ဖြစ်ချင် ဖြစ်ပေမည် ။ သူ့ တွင် တစ်ခု ခက်သည် မှာ အမြဲ ပြုံးပြီး ပြောတတ်သည့် ဇနီးသည် ၏ စကားများ ကို နောက်တာလား ၊ တကယ်လား မခွဲခြား တတ်ချေ ။


သို့သော်လည်း “ စိတ် မဆိုးနဲ့နော် ” ဟူသော စကား ကို ထောက်ရခြင်း ဖြင့် သူ အား ဇနီးသည် ဘယ်လို မြင်သည် ကို ရိပ်မိ လောက်ပါသည် ။


စင်စစ် ဇနီးသည် မှာ အသက် လည်း ငယ်၍ သူ့ လောက် လည်း စာ မဖတ်ဖူးချေ ။ ဂီတကို လည်း နားထောင်ရုံ က လွဲ၍ ဘာမှ စိတ် ဝင်စားသည် မဟုတ် ။ ပညာရှိ မှန် လျှင် လေ့လာရသော ပန်းချီ ၊ ပန်းပု ၊ ရှေးဟောင်းပစ္စည်း စုခြင်း စသည်တို့ ကို လည်း သူ ဂရုမစိုက် ။ မိမိ ထက် သာတာ တစ်ခု ပဲ ရှိသည်မှာ ဘယ်လို လူ ပရိသတ် စား ထဲ မှာ ဖြစ်ဖြစ်  ဖျိုးဖျိုးဖျတ်ဖျတ် နေနိုင်တတ်ခြင်း ဖြစ်သည် ။


သည်လို မိန်းကလေးမျိုး က မိမိ အား သနားတယ် တဲ့ ။


သူ သည် မခုံး ရှုံ့ ကာ ရယ် လိုက်မိသည် ၊ ရယ်သံ သည် သဘာဝ မကျလှဘဲ သူ့ ထုံးစံအတိုင်း ထစ်အ ထစ်အ နှင့် တစ်ဝက်ပြတ် သွားရကား တစ်ယောက် တည်း ကိုယ့် ဟာ ကိုယ် ကြောင် နေမိသည် ။ ကိုယ့် ကိုယ် ကိုယ် လှောင်လိုက်တာ နှင့် တောင် တူ နေပါပြီ ။


ဇနီးသည် မျက်စိ နှင့် ဆုံ လျှင် ကမန်းကတန်း လွှဲဖယ် လိုက် မိ ပြီး ရင်ထဲ က နာ သလို လို ၊ ဖွင့် ပြော လိုက်ဖို့ လည်း တယ် မရဲလှ ။ စင်စစ် သူ့ လောက် အားနာတတ် သူ လောက မှာ ရှိမည် မထင် ။ သူ့ အား ဇနီးသည် သည် အကဲခတ် နေသည် ဟု လည်း ထင်၏ ။ မိမိ သည် ကျောက်ရုပ် ပမာ ဘယ်မှာ မှ မတုန်လှုပ်ကြောင်း ကို လည်း ပြလို၏ ။


စိတ်ပြေ လက်ပျောက် တယော ကို ယူကာ တီး လည်း တီး ၍ မရ ၊ သို့သော်လည်း ဦးတည်ရာ အသံတွေ စပ်ကာ စမ်း ၍ နေမိသည် ။ တယောသံ သည် ပင် ထစ်အ ထစ်အ နှင့် ဖြစ်နေ သေးသည် ။


သူ့ မျက်စိ တူရူ တွင် ပြည်လမ်းမ သည် အလျားလိုက် ခင်းကာ နေသည် ။ နေ က လည်း မပွင့် တပွင့် ၊ တိမ်များ က ရစ်ဆိုင်း လျက် ၊ ရာသီဥတုကြီး ကို က တအုံနွေးနွေး ရှိ လှသည် ။ စိတ်ညစ်စရာ ရာသီဥတု ကြောင့် များ စိတ် မငြိမ်တာ လေ လား ။


ဇနီးသည်ကလေး က အနား လာ ထိုင် ကာ


“ ကဲ တစ်ခု ခု တီးစမ်းပါဦး ၊ မောင် တီးတာ အားကြီး နားထောင် ကောင်းတာပဲ ” ဟု ဆို၏ ။


သူ သည် ခဏ ခဏ သည်လို ခိုင်းတတ်သည် ။ သူ သည် တီး ရင်း က စိတ်ပါ သွား လျှင် စိတ် သည် တယော မှာ သာ စိုက် ကာ ဇနီးသည် မျက်နှာ ကို မှ သတိ မရတော့ပြီ ။ တစ်ခါ တစ်ရံ ကြုံကြိုက်၍ ဂရု စိုက်လိုက် မိ လျှင် ဇနီးသည် ၏ မျက်လုံးများ မှာ ဂီတ တွင် မှေးမှိတ် မနေဘဲ ပြူးကျယ်ဝိုင်းစက် ကာ ကြည့်ချင်ရာ ကို ကြည့်လျက် ရှိသည် ကို တွေ့ ရ၏ ။ သူ သည် စိတ်ပျက်မည် ဟု ကြံဆဲ မှာ ပင်


“ အဲ အဲဒီ အကျော့ကလေး က လေ ...  ဦးဘိုးငိုကြီး ရဲ့ ကြက်ဖတိန်ညင် တောကိုဝင် ထဲ က တစ်နေရာ နဲ့ ခပ်ဆင်ဆင် မို့ စဉ်းစား နေတာပါ ၊ ဒါပေမဲ့ ဦးဘိုးငို ကျော့သွားတာ က နည်းနည်း ရှေး ဆန်တယ် ” ဟု အထစ်အငေါ့ မရှိ ပြော တတ်သည် ။ သူ သည် ဇနီးသည် ၏ မျက်လုံးများ ကို စိုက် ကြည့်မိ လျှင် ရဲဝံ့ပြုံးရွှင်သော တုံ့ပြန် ကြည့်ခြင်း ကို ခံရ ကာ ကိုယ် က ပင် စပြီး မျက်စိ လွှဲ ပစ်ရ၏ ။


သူ သည် တယော တီးစ ပြုရင်း ၊ စိတ် ပါ လာ ကာ သေးမျှင်သော အသံကလေး နှင့် အတွန့်အခက်များ ဖော် နေ မိလေသည် ။ စိတ်တွင်း က မခံချိ မခံသာ ဝေဒနာ သည် ထိုးတံ မြင်းမြီး နှင့် တယောကြိုး နှစ်ခု တို့ ကြား မှာ တွန့်လိမ် နေ သလို ထင်မြင် မိ၏ ။ ထိုးတံ ထိပ်ဖျား သည် ဂနာမငြိမ် ၊ လူးလွန့်ကာ နေလေ၏ ။ အသက် မရှူ တစ်ချက် ရှူ တစ်ချက် နှင့် သူ့ လက်ဖျား သည် တုန်ကာ နေ လေသည် ။


ဇနီးသည် ထံ မျက်စိ ရောက်၍ သွားမိလေ ရာ သူမ ၏ မျက်နှာ တွင် နှုတ်ခမ်း က အပြုံး နှင့် မျက်လုံး ကအရိပ် ပင် လျှင် သနားခြင်း ဖြင့် နူးညံ့ နေသည် ထင်၏ ။ သူမ ၏ သနား စိတ်များ မှာ မိမိ ၏ မချိမဆံ့ ဝေဒနာ ထက် ပင် အင်အား ကောင်းကာ မမြင်နိုင် သော အမှုန့် ၊ အရည် ၊ အငွေ့ ၊ တစ်ခု ခု သော အသွင် ကို ဆောင်ကာ သူ့ ကိုယ် ပေါ် အထပ်ထပ် ကျ လာ လွှမ်းခြုံ သွား သလို ထင် မိသည် ။ ဆပ်ပြာပူဖောင်းမှုတ် ကစား နေသော သားငယ် ကို ပြုံး ကြည့် ပွေ့ပိုက် တော့မည့် မိခင် ၏ အမူအရာ ကို တွေ့ ရသည် ။


တယောထိုးတံ အလိုလို လွတ်ကျ မသွားခင် ဦးအောင် အောက် ချ လိုက်ရ၏ ။ မိမိ ကိုယ်ကို မျက်စိသူငယ် နှင့် ဖြစ်နေသည် ဟု ထင်ကာ ရုပ်ရှင် ထဲ က သူရဲကောင်း လို  ၊ မားမား ရပ်လိုက်ချင်၏ ။ ဒေါသတွေ ထွက် ပစ်လိုက်ချင်၏ ။ သို့သော် စိတ်အားငယ်စွာ သာ ဘာမှ မတတ်နိုင် ဘဲ ငေးပြီး ကြည့် နေမိသည် ။


ဇနီးသည် ၏ မျက်နှာ တွင် စိုးရိမ်သော အရိပ်ကလေး သန်း လာကာ


“ အို မောင် ဘာဖြစ်နေတာလဲ ၊ မျက်နှာ က လည်း ဖြူ လို့ ၊ နေ မကောင်းဘူးလား ” ဟု မေးသည် ။


“ ဘာမှ မဟုတ်ပါဘူး ၊ ဟို အရင်တုန်း က စိတ်မျိုး ပြန် ဝင်လာလို့ပါ ၊ တစ်ခါတစ်ခါ ဘာဖြစ်မှန်း မသိဘူး ၊ စိတ် ကို ကွပ်ကဲ လို့ မနိုင်နိုင်ဘူး ” ဟု ဒရောသောပါး ပြော လိုက်မိ သည် ။ ဒီ စကား အမှန်ပဲ ထင်ပါ ရဲ့ ။ သူ လူပျို တုန်း က စိတ် လေလွင့်ကာ အိမ် မှာ ပင် အငြိမ် မနေနိုင်သည် ကို သတိ သွား၍ ရ၏ ။ ဘာမှလည်း အကြောင်း မရှိဘဲ ရင်တွင်း မှ အပူ တစ်ခု ကြွ ကာ နေပူမိုးရွာ မရှောင် လျှောက်သွား နေမိ၏ ။ ယခု ဇနီးသည်ကလေး နှင့် တွေ့ မှ စိတ်တွေ ငြိမ်းအေး ပြီး လူလူသူသူ နေ၍ ရသွားသည် ကို မငြင်းနိုင် ။


“ ဟုတ်ပါတယ် ၊ မောင် တစ်ခု ခု ဖြစ်နေတယ်လို့ ထင် သားပဲ ၊ ည ကတည်း က မဟုတ်လား ”


သူ သည် ထိတ်ထိတ်ပျာပျာ ဖြစ်၍ သွား၏ ။


သူ သည် နှုတ်ခမ်း တလှုပ်လှုပ် ဖြစ်နေ ပြီး မှ ထစ်အ ထစ်အ နှင့်


“ မောင် မောင့် ကို သနားစရာ လူ ဆိုတာ ဘာ သဘောလဲ ကွယ် ” ဟု လွှတ်ခနဲ မေး လိုက်မိပြီး ပန်းလျစွာ အဖြေ စောင့်မိသည် ။


ဇနီးသည်ကလေး က ပထမ တွင် နား မလည် သလို မျက်မှောင်ကုတ် လိုက်၏ ။ ထို့နောက် နားလည် သလို မျက်မှောင် ပြေ သွား၏ ။ နှုတ်ခမ်း တွန့် လာပြီး ပြုံး လိုက်၏ ။ နှုတ်ခမ်းဖွင့် လိုက်ပြီး ၊ အသံ ထွက် ကာ အော်ပြီး ရယ်လေတော့သည် ။ 


“ အမယ်လေး မောင် ရယ် ” ဟု တ ပြီး ရယ်ပြန်၏ ။


“ ဖြစ်မှ ဖြစ်ရလေ ” ဟု ညည်းပြီး ရယ်ပြန်၏ ။ သူ့ ပခုံး ကို လည်း ပုတ် လိုက်သေး ၏ ။ ထို့နောက် ရယ် ပြီး ရင်း ထပ်ထပ် ရယ်ရင်း နှင့် ရယ် ၍ မဆုံးနိုင်တော့ချေ ။


သည့်လောက် ရယ်လွန်းတော့ လည်း စိတ်ညစ်စရာ ကောင်းလှသည် ။ သူ သည် အနေရ အထိုင်ရ ခက်ကာ မသက်မသာ စောင့် နေမိသည် ။


ဇနီးသည် သည် သူ့ မျက်နှာ ကို မြင်ကာ ဖြုန်းခနဲ အရယ် ရပ် လိုက်ပြီး မျက်နှာ တည်တည် နှင့်


“ မောင့် ကို မြင်မြင်ချင်း ပထမဆုံး သတိထား မိတာ က ညာဘက် မျက်ခုံး နည်းနည်း ပြတ် နေတာ ကို ပဲ ၊ အဲဒါ အမာရွတ် ဆို ၊ ငယ်ငယ်တုန်း က လိမ့်ကျတာ မဟုတ်လား ၊ အင်း ... အဲဒီ မျက်ခုံးကလေး စုတ်သွား တုန်း က သိပ် နာမှာ ပဲ ဆိုပြီး သနား လိုက်တာ လေ ၊ ခုတောင် တွေး မိရင်း စိတ် မကောင်းဘူး ” ဟု အသံ ခပ်ဆွဲဆွဲ နှင့် ပြော၏ ။


သူ လည်း ရမ်းယောင် ခေါင်းညိတ် ပြီး


“ ဪ ဪ ” ဟု တစ်ဝက်တစ်ပျက် ပြော မိသည် ။


သူ ၏ စူးစမ်းသော အကြည့် ကို သူမ ၏ အကဲခတ်သော အကြည့် က နိုင် သွားပြန်၍ မျက်လုံး လွှဲ လိုက်ရပြန်၏ ။


ဇနီးသည် က သူ့ စိတ်တွင်း ဖြစ်နေ ပုံကို မသိ သလိုပင် ၊ သူ ငယ်ငယ် က စကိတ် စီးရင်းလဲကျ ၍ လက် အရိုးကျိုး ဖူး ပုံကို ပြောပြ နေ ပြန်လေသည် ။


သူ့ စိတ် တွင် အနည်းငယ် ကျေနပ်သလို ဖြစ်ကာ ၊ ရည်ရွယ်ချက် မရှိဘဲ အိပ်ခန်း အတွင်း သို့ ဝင် လာရာ ပိတ်ဆို့ ၍ မရနိုင်သော ရယ်သံသဲ့သဲ့ ကို ကြား ရသည် ။ ပထမ တော့ လိုက် ပြုံး မိသေး၏ ။ လွန်လွန်းလာ တော့ တံခါးဝ သို့ ထွက်ပြီး ကြည့် မိသည် ။ ဇနီးသည် က အပြုံးရိပ်ရောင်ကလေး မှ မရှိသော မျက်နှာ ဖြင့် ခပ်တည်တည် ပြန်ကြည့်၏ ။ အမူအရာ အရုပ်ဆိုး စွာ နှင့် အခန်း တွင်း ပြန် ဝင်လာ ပြန် တော့ ရှိုက်ပြီး ရယ် လိုက် သံ ကို ကြားရ ပြန်၏ ။ 


“ ကြာရင် ခက်ရချည်ရဲ့ ” ဟု ညည်း ကာ အဝတ်အစား ကမန်းကတန်း လဲ ပြီး ရုပ်ရှင်ရုံ ဘက် သို့ ထွက်လာ မှ မေ့မေ့ပျောက်ပျောက် ဖြစ်၍ သွား လေသည် ။


◾ကြည်အေး


📖 ပဒေသာ မဂ္ဂဇင်း

      အတွဲ ၂ ၊ အမှတ် ၁၅

      မေ ၊ ၁၉၄၉


#ကိုအောင်နိုင်ဦး


.

Tuesday, March 26, 2024

ဧယင်ကျူး

❝ ဧယင်ကျူး ❞


“ အောင်မလေး .... ကျုပ် အဖြစ် ကို ကြည့်ကြပါဦး တော့ လို့ အရပ် လေးမျက်နှာ ဝက်ဝက်ကွဲ အောင် အော်ဟစ် လိုက် ချင် ပါရဲ့ ။ တကယ် အော် မဖြစ်လို့  ။ ဘာဖြစ် ရမလဲ ။ ဒီလို ဘေးကျပ်နံကျပ် အဖြစ် မျိုးက ကျုပ် တစ်သက် ကြုံဖူးတာ မဟုတ်ဘူး လေ ။ “ ကိုယ် ခင်းတဲ့ ဇာတ် ကိုယ် နိုင်အောင် က ” ဆိုတဲ့ စကား က ကျုပ် အတွက်များ တမင် ရည်ရွယ် ထားခဲ့သလားပဲ ။ 


“ ကိုင်း ... ဘယ့်နှယ် လုပ်ကြမတုံး မိရွှေရင် ။ အခု ညည်း ခင်း တဲ့ ဇာတ် ညည်း နိုင်အောင် က ပေ တော့ ”


အိုး ... ဒီလို လုပ် နေလို့ တော့ မဖြစ် နိုင်ဘူး ။ ရှေ့ က ပရိသတ်တွေ ရိပ်မိ ကုန် လိမ့်မယ် ။ ဇာတ်ကျော တစ်လျှောက် လုံး လည်း ကြိုးစား ငို လာတာ မျက်ရည် က မထွက် ။ ဘယ် ထွက်ပါ့မတုံး ၊ ကျုပ် စိတ် ထဲ မှာ ဝမ်းမှ မနည်းတာ ။ ဝမ်းနည်း လို့ ဝမ်းနည်းစရာ ကိစ္စတွေ စဉ်းစားမယ် လုပ် ပြန်တော့ ဝမ်း မနည်း တဲ့ အပြင် ဒေါသ ဖြစ်စရာတွေ ချည်း တွေးမိ ။ ခက်တော့ နေပြီ ။ မဖြစ်ဘူး ။ ဖြစ်ဘူး ။ မိရွှေရင် ညည်း ရ အောင် ငို ၊ ရ အောင် ငို ။


အခု ဆရာတော်ဘုရား ရှေ့ ရောက် တော့ မှာ ။ အဲဒီ ကျ ရင် တစ်ခါတည်း ပြေး ပြီးတော့ ဆရာတော်ဘုရား ရုပ်ကလာပ်တော် တင် ထားတဲ့ ပန်းရထား ကို ခေါင်း နဲ့ တိုက် တိုက်ပြီး ငိုရ မှာ အခုတည်း က မျက်ရည်ပေါပေါ ကျ အောင် အစ ပျိုးထား ။ အင်း ... ကျုပ် က လည်း ကျုပ် ။ အရင် သုံး နေကျ နည်းလမ်းတွေ မသုံးဘဲ ကျုပ် အစွမ်းအစ နဲ့ ဘာ အကူအညီ မှ မပါဘဲ ရအောင် ငိုမယ် ဆိုပြီး လုပ် လိုက်တာ လေ ။ ပြီးတော့ စိတ်တိုတို နဲ့ ဘာမှ မ လုပ်ချင် ၊ မကိုင်ချင် ဖြစ်နေတာလည်း ပါ တာ ပေါ့ ။ ကိုင်း .. အခုတော့ ဘယ်နှယ့် ရှိစ ။


ငိုရတာ လည်း သွေးမတော် သားမစပ် ။ မသကာ ဖူး ဖူးတယ် ဆိုရင်လည်း တော်သေး ။ အခု ဟာ က ဆရာတော် ကို ဖူးဖူး ဖို့ မဆိုထား နဲ့  ။ ကြား တောင် မကြားဖူးဘူး လေ ။ ငှား လို့ လာပြီး “ ကျူး ” ပေး ရတာ ။ ဘယ်လိုလုပ် ငိုရပါ့မတုံး ။ “ ကျုပ်တို့ ဒုက္ခ ကို ကိုယ်ချင်းစာ ကြည့်ကြပါ ဦးတော့ ” ဟင်း .. စိတ် ထဲ က အော်ဟစ် ပစ်တာလေ ။


အပြင်ထုတ် အော်လို့ ဘယ် ဖြစ်ပါ့မ လဲ ။ အခု ကျုပ် က စင်ပေါ် မှာ လေ ။ ဧယဉ်ကျူး ဆိုတာ က ဆယ်နှစ် နေလို့ တစ်ခါ ကြုံမယ် ပြောလို့ မရတော့ ပရိသတ်တွေ ဆိုတာ ဝက်ဝက်ကွဲ ပေါ့ ။ မဏ္ဍပ် အကျယ်ကြီး ထဲ မှာ စင်မြင့် ကို နောက်ဘက်ဆုံး မကျတကျ နေရာ မှာ ထိုး ထားတာ ။ စင်မြင့် အလယ် တည့်တည့်မှာ ဆရာတော် ရုပ်ကလာပ် ထားတဲ့ ပန်းရထား ။ အဲဒီ ရှေ့ နေရာ ကွက်လပ်လေး မှာ ကျုပ် ရယ် ၊ မောင်အေး ရယ် က ဇာတ်ကြောင်းလေး နဲ့ ခင်း ပြီး ကျူး ပြရတာ ။


စင်ရှေ့ ရှေ့ဆုံး မှာ တော့ ပျံလွန်တော်မူ သွားတဲ့ ဆရာတော်ဘုရား ရဲ့ ဆွေမျိုး နီးစပ်တွေ ထိုင်ကြတာ ပေါ့ ။ အဲဒီ နောက် မှာ က တော့ ဒီ မြို့ က လူတွေ ကော ၊ ဒီ မြို့ ဘေး က ရွာနီးစပ် က လူ တွေ ကော ။ တချို့ဆို တခြား မြို့ က တောင် တကူးတက လာ ကြည့်ကြ တာ ဆိုတော့ ဒီလောက် ကျယ်တဲ့ မဏ္ဍပ် ထဲ မှာ ပြည့်ညပ်သပ်ပြီး မဆန့်တော့ လို့ မဏ္ဍပ် အပြင် ဘက် နေပူ ထဲ မှာ ထီး ဆောင်း ပြီး မိုးတိုးမတ်တတ် အားပေး နေကြတဲ့ လူတွေ ဆိုတာ နည်းတာ မဟုတ်ဘူး ။ စင်မြင့် နောက် ဆိုင်းသမားတွေ ဘေး မှာ ဆိုတာ လည်း ဆိုင်းသမားတွေ တောင် မမြင်ရတော့ လောက်အောင် နေရာလွတ် မရှိ ပြည့် ညပ်သပ် လို့ ။ ပြီးတော့ ဒီနေ့ က ပထမ ဆုံး နေ့ လေ ။ ကျင်းပ မှာ က သုံးရက် တောင် ။ ဒီတော့ ကျုပ် ကြိုးစားရတာ ပေါ့ ။ နာမည် တစ်လုံး ရဖို့ ဒီလို အခွင့်အရေး ဆိုတာ နည်းမှတ်လို့ ။ တကယ် တော့ ကျုပ် ရဲ့ ဧယဉ်ကျူး သက်တမ်း က တိုပါသေးတယ် ။ ကျုပ် အမေ မင်းသမီးဟောင်းကြီး မျက်နှာ နဲ့ ကျုပ် ကို ငှားကြတာလေ ။ အဲဒီတော့ ကျုပ် က လည်း အစွမ်းကုန် ကြိုးစားရ မှာ ပေါ့ ။


ပရိသတ် ဒီလောက် အများကြီး ထဲ မှာ ဧယဉ်ကျူး ဖူးတာ ဒါ ပထမဆုံး ပဲ လေ ။ ပရိသတ် အားလုံး ခံစား လို့ ရအောင် ဇာတ်မင်းသမီး တွေ ရဲ့ ထုံးစံ အတိုင်း အမူအရာ ပိုပိုသာသာ လေး နဲ့ ပေါ့ တော် ။ ကျုပ် အပြော ကြောင့် ပရိသတ် တွေ ဆိုတာ မျက်ရည် တွေ ကျ ၊ နှပ် တွေ ညှစ် ၊ ပူလွန်း အိုက်လွန်း ၊ လူတွေ ညပ်လွန်း လို့ ချွေးတွေ က တပြိုက်ပြိုက် ကျ ၊ ကလေး ကို ရင်ခွင် ထဲ မှာ သိပ် ရင်း လက် တစ်ဖက် က မျက်ရည်လေး သုတ် လိုက် ၊ နောက် လက် တစ်ဖက် က ယပ်တောင် လေး ခတ် လိုက် နဲ့ ပေါ့ ။


ကျုပ် က အပေါ်စီး က ဆိုတော့ အကုန် မြင် နေရတာပေါ့ ။ ရှေ့ဆုံး က ဆရာတော်ဘုရား ရဲ့ ဆွေမျိုးတွေ ဆို တာ မျက်ရည်တွေ ပြိုက်ပြိုက် ကျ ရော ။


အင်း .... သူတို့  ကသာ ငို နေတာ ။ အဓိက ကျုပ် က မျက်ရက် တစ်စက် မှ မကျသေး ဘူး ။ အသံ က တော့ အကျင့် ရ နေလို့ ငိုသံ ပြော နေရတာပေါ့ ။ ပရုပ်ဆီ က လည်း ထားခဲ့ မိ ။ အင်း .. နောက်ဘက် လှည့် ပြီး မျက်ခွံ ကို ဆွဲ လှန်လိုက်ပြန် ရင် လည်း နောက် က ပရိသတ် တွေ က မြင်ဦး မှာ မျက်ရည် ထွက်အောင် တဘက် နဲ့ မျက်လုံး ထဲ ထိုး ထည့်ရ လွန်း လို့ လည်း မျက်လုံးတွေ က ကျိန်းစပ် နေပြီ ။ မျက်ရည် က မထွက် ။


အံမယ်လေး .... မိရွှေရင် တွေးစမ်း ၊ တွေးစမ်း ၊ ဝမ်းနည်းစရာ တစ်ခု ခု ကို တွေးစမ်း ၊ အင်း .. ဒီ ဆရာတော်ဘုရား နေရာ မှာ မနှိုင်းအပ် နှိုင်းအပ် ကျုပ် အဖေ ၊ ကျုပ် အမေ သေတယ် လို့ မြင် ကြည့်စမ်း ။ အွန် .... ဘယ်လို မှ မြင် ကြည့်လို့ မရပါလား ။ ကျုပ် အဖေ ဆိုတာ အခုမှ သူများ လုံး လို့ ထ လုံးတဲ့ ထဲ မှာ မပါ တဲ့ ချန်ပီယံဟောင်း ဘောသမားစစ် ဆိုတော့ မာလိုက်သမှ ဒေါင်ဒေါင်မြည် တဲ့ အပြင် အခု ကမ္ဘာ့ဖလားပွဲ ကို ပြင်သစ် အထိ သွား ကြည့်ချင်တာ တကဲကဲ လေ ။ ကျုပ် အမေ က လည်း ဇာတ်မင်းသမီးဟောင်း ပေမဲ့ တရား နဲ့ ဓမ္မ နဲ့ အေးအေးချမ်းချမ်း ကုန်စုံဆိုင်လေး ဖွင့် ၊ ပုတီးလေး စိပ် နေတတ် သူ ဆိုတော့ ဘုရား တန်ခိုး နဲ့ အဖျား အနာ တောင် ကင်း လို့  ။ သူတို့  သေရင် ဆိုတဲ့ အတွေး က လည်း ရုတ်တရက် တွေး ကြည့်လို့ မရ ။ အဘိုး ၊ အဘွား သေ တုန်း က လည်း ကျုပ် က ငယ်သေးတော့ ငိုမိလား ၊ မငိုမိဘူးလား တောင် မသိတော့ပါဘူး ။ အခုမှ မှန်း ပြီး ငို ရအောင် က လည်း အခက် ။


အင်း ... ကျုပ် ယောက်ျား ကိုသာဒွန်း ဆိုရင် ကော ။ အံမယ်လေး  ... မြန်မြန် သေပါ စေတော် ။ ဟုတ်တယ် ၊ ဒင်း ကြောင့် ကျုပ် ဘဝ ဒုက္ခ ရောက် နေရတာ ။ ကျုပ် မှာ ကလေး တိုးလိုး တွဲလောင်း အတွက် ကော ၊ ကျောင်း တက်နေတဲ့ ကလေးတွေ အတွက် ကော ရှာ ရတဲ့ အပြင် သင်း အရက်ဖိုး ပါ ကျု ပ်က ပေးရသေးတာ ။ အံမယ်လေး လူပျိုတုန်း က များ ကျုပ်တို့ အိမ် ကို ကျုပ် အဖေ နဲ့ ဘောလုံး အကြောင်း လာ လာ ပြောရင်း ကျုပ် ကို ပိုး တာလေ ။ သေနာကျ ၊ ကိုယ်လုံးကိုယ်ထည်လေး ကလည်း အားကစား သမားဂိုက် ။ ဆေးလိပ် တောင် မသောက်တတ်ဘူး ဆိုတော့ အဖေ က ဆိုလေ “ မောင်သာဒွန်းလေး က တော်ရှာတယ် ” တဲ့ လေ ။ အဲဒီတော့ ဟောဒီက မိရွှေရင် တို့ ရင်တွေ ခုန်မိတာ ပေါ့ ။ သူ လာပြီ ဆိုရင် အလုပ် မရှိ အလုပ် ရှာ လေကန်ဖို့ အရေး ကို ကျုပ် မှာ ခြယ်သ ပြင်ဆင် ပြီး ရေနွေးအိုး နဲ့ ထန်းလျက်လေး ချ ပေးရတာ အမော ။


အံမယ် ... ကျုပ် ကို ကြည့်တာ တောင် လေ သိမ်သိမ်မွေ့မွေ့ နဲ့ ခိုးကြောင်ခိုးဝှက်လေး ကြည့် တာ ။ ကျုပ် ဖြင့် လေ ရင် တွေ ခုန် ၊ ရှက် လည်း ရှက် ၊ သနား လည်း သနား နဲ့ ဘယ်လို လေး မှန်း ကို မသိဘူး ။


ဟော ... မကြာပါဘူး ။ ရပ်ကွက် ထဲ က ဦးလေးမောင်အုန်း က တစ်ဆင့် ကျုပ် ကို တောင်းခိုင်းတော့တာပဲ ။ အဖေ ဆိုတာလေ “ ကျုပ် အတွက် စိတ် အေးရပြီ ” တဲ့ ။ ဒီလို တစ်ကောင်ကြွက် ၊ အလုပ်အကိုင် နဲ့ ဆေးလိပ် တောင် မသောက်တဲ့ အားကစားသမား ဆိုတော့ သဘောကျတယ် တဲ့  ။ ကျုပ် ကို လည်း ဇာတ် ထဲ အမေ နဲ့ လိုက်တာ မကြိုက်တဲ့ အဖေ က ခေါ်ပြီး နားချတော့တာပဲ ။ ဟောဒီက မိရွှေရင် က လည်း တော် တော့်ကို ပြောယူ လိုက်ရတယ် ။ “ အဖေ ကောင်းမယ် ထင်ရင် စီစဉ်ပါ ”  ဆိုတဲ့ စကား နဲ့ အဖေ ပေါ် လွှဲ ချရင်း ချက်ချင်း ကို ခေါင်းညိတ် ခဲ့တာပါ ။ သင်း အကြောင်း မသိသေးခင် လေ ။ 


ဟော ... လင်မယား ဘဝ လည်း ရောက် ရော ဇာတိ ပြ လာပြီလေ ။ အခုမှ သင်း သောက်ကျင့်တွေ ဘွားခနဲ ပေါ်လာတော့တာပဲ ။ သောက်ခွက် ကို  မကြည့်ချင်ဘူး ။ သူ ပြောတဲ့ အတိုင်း ဆေးလိပ် တော့ မသောက်ပါဘူး ။ အရက် တော့ ခွက်ပုန်း သောက်တယ် တော်ရေ့ ။ သောက် လည်း သောက်ချင် သေး ။ ရပ်ကွက် ထဲ က လူတွေ သိမှာ လည်း ကြောက်သေး ။ အရင်တော့ တစ်ခါတလေ ပေါ့ တော် ။ အခုတော့ နှစ်ခါနှစ်လေ ကနေ ဟော အခု “ အမြဲတမ်း အတွက် ကိုယ်သာဒွန်း ” ဖြစ်နေပြီ ။ သင်း အလုပ် က လည်း ကြော့ကြော့လေး  သွား ၊ ကြော့ကြော့လေး ပြန် ရပေမဲ့ ရ တဲ့ လစာ က သင်း တစ်ယောက် စာ တောင် ယိမ်းထိုး နေတယ်လေ ။ ကျုပ် မှာ အမေ့ နောက် လိုက်ရင်း တတ် နေတဲ့ သဘင်ပညာ နဲ့ ပဲ လုပ်စား ရတော့တာ ပေါ့ ။ ကျုပ် လို အအို မင်းသမီး ထက် အပျိုမင်း သမီးလေး တွေ ပေါနေတာ ဆို တော့ ကျုပ် က အရံပေါ့ တော် ။ ဇာတ် နားတဲ့ အချိန် ဒီလို ဆရာတော် တို့  ၊ မယ်တော် တို့ ပျံလွန်တော်မူတာ နဲ့ ကြုံ လို့ ငှားရင် တော့ လည်း ဧယဉ်ကျူး ပေါ့ တော် ။ အခုတော့ ဇာတ် ထဲ က အမေနန်း ရယ် ၊ ကျုပ် အမေ ရယ် ကျေးဇူး နဲ့ ဧယဉ်ကျူး မှာ တော့ ခင်စမ်းရင် ဆိုပြီး နာမည်လေး တော့ ရစ ပြုလာပါပြီ ။


 •••••   •••••   •••••


အဲ ... အဲ ... ဘယ်တွေ ရောက် ကုန်ပါ လိမ့် ။ ဘာတွေ ပြောမိ ဆိုမိ မှန်း တောင် မသိတော့ပါဘူး ။ အံမယ်လေး တော်သေးရဲ့ ဟဲ့ ။ ပရိသတ် က ဒီ အတိုင်းပဲ ကျုပ် ကို အာရုံတွေ စိုက်လို့  ။ တော်သေး တယ် ။ အလွတ် ရ နေတာ ဆိုတော့ အာရုံ သာ မပါတာ ။ ပါးစပ်က တရစပ် ပြော ထွက်လို့ ။ အို ခင်စမ်းရင် နာမည် မရလို့ တော့ မဖြစ်ဘူး ။ ကြိုးစားစမ်း ၊ ကြိုးစား စမ်း မိရွှေရင် ။ ညည်း ပညာ တွေ ပြ လိုက်စမ်း ။ ဒီ ပွဲ က ပေါ့သေးသေး ပွဲ လည်း မဟုတ်ဘူး  ။ အခု ပျံလွန်တော်မူ တဲ့ ဆရာတော်ဘုရား က လည်း ဒီ နယ် မှာ အများ ကိုးကွယ်ကြတဲ့ ဆရာတော် ဆိုတော့ ဧယဉ်ကျူး ဖို့ ငှား ထားတာ တောင် ကျုပ် အပါအဝင် သုံးယောက် လေ ။ ကျန်တဲ့ နှစ်ယောက် က ကျုပ် ရဲ့ မြင်ဆရာတွေ ဖြစ်တဲ့ အမေပျော်ဘွယ် မြင့်မြင့်စန်း နဲ့ အစ်မ သာစည်ခိုင် တို့ လေ ။ ဒီတော့ ဧယဉ်ကျူး ကို ဦးစီးဦး ရွက် လုပ်ဆောင်တဲ့ နာယက တွေ က လည်း ဝါစဉ် အလိုက် လည်း မပေး ၊ တန်းတူ လည်း မကျ အောင် ဧယဉ်ကျူး ပြိုင်ပွဲ သဘောမျိုး အကဲဖြတ် ပေးကြမှာ လေ ။ ဧယဉ်ကျူး ပညာခ ကို လည်း အဲဒီ ပြိုင်ပွဲ ရဲ့ ဆုံးဖြတ်ချက် အတိုင်း အနည်း အများ ရကြမှာ တဲ့ ။


ကျုပ် က ပထမ ရချင် လို့ ၊ ဟို ကျုပ် အစ်မ ဆရာတွေ ကို ကျော ချင်လို့ မဟုတ်ပါဘူး ။ ကျုပ် ရဲ့ ကြိုးစားမှု ကို ပရိသတ် အသိအမှတ် ပြု သွားစေချင် တာပါ ။ ဟော ... အခုတော့ စင်မြင့် ရဲ့ ဘေးထောင့် က မျက်မှန် ကို ကျော်ပြီး စူးစူးစိုက်စိုက် ကြည့် နေကြတဲ့ အကဲဖြတ် ဒိုင် သုံးယောက် ရဲ့ ရှေ့ မှာ အရှက်တွေ တော့ ကွဲတော့ မှာ ပဲ ။ 


ကြိုးစားမှု ပြဖို့ မပြော နဲ့  ၊ စိတ် ထဲ မှာ လူသ,တ်ချင်စိတ်တွေ ကို ထ နေတာပဲ ။ မနှိုင်းကောင်း နှိုင်းကောင်း ဆရာတော်ဘုရား ပျံလွန်တော် မမူဘဲ သာဒွန်း ဆို တဲ့ အကောင် သေရမှာ  ၊ ဘာဖြစ်ရမလဲ ၊ ဒီ ပွဲ က ကြို ငှားထားလို့ အရေးကြီး မှန်း သိရက် နဲ့ မနက် က ကားဂိတ် ဆင်း ကာနီး ပြင်ဆင် နေတုန်း ထမင်း ထဲ ခဲ ပါ လို့ တဲ့ တော်ရေ့ ။ ကျုပ် ကို ငေါက်လား ၊ ဆဲလား နဲ့  ၊ ကျုပ် လည်း ဘာရမလဲ ။ ဒီ လောက် အရေးတကြီး အချိန် မှာ တောင် ပြဿနာ လုပ်ရမလား ဆိုပြီး တစ်ခွန်း မကျန် ပြန် ပက်တာပေါ့ ။ အဲဒါ ထ ပြီး ကျုပ် ကို ပန်းကန် နဲ့ ပေါက်ထည့် လိုက်တာလေ ။ နဖူး မှာ ဘုကြီး ကို ရောင် တက် လာတယ်ပဲ ။ တော်ပါသေးရဲ့ ကျုပ် တစ်လမ်းလုံး ပရုတ်ဆီတွေ နဲ့ သိပ် ပြီး ကြပ်ထုပ် ထိုးလာလို့  ။ ကျုပ် ဆို တာလေ ဒေါသ တွေ ထွက် ၊ ဇိုးဇိုးဇက်ဇက် တုန်ပြီး ပြန် လုံးတာပေါ့ ။ မိရွှေရင် တဲ့ တစ်ရင် တည်း ရှိတယ် ။ အံမယ်လေး ... ရပ်ကွက် ထဲ က လာ ဆွဲမှ ပဲ ကျုပ် ပွဲ ပျက်တော့တယ် ။ အံမယ် ... ဒင်း ပါးစပ် က ဘာ ပြောတယ် မှတ်တုံး 


“ ကောင်မ အပျို တုန်း က သိမ်သိမ်မွေ့မွေ့လေး ဆိုပြီး ယူ တာ ၊ အခုမှ မိန်းမကြမ်း မှန်း သိတယ် ” တဲ့  ။ ဒင်း က အံမယ်လေး ။ “ ဟဲ့ကောင် ၊ နင် သာ ငါ့ ကို လိုချင်လို့ ဆေးလိပ် မသောက်ပါဘူး ၊ အားကစားသမား ပါ ဆိုပြီး ငါ့ အဖေ ကို ကပ် တာလေ ။ အခု အားကစား မပြော နဲ့ ဘောလုံး ဆိုတာ တောင် အလုံး လား ၊ အပြား လား မသိတဲ့ အကောင် ၊ ဟီး .. ဟီး ... နင့် ကို .. အခု ကွာမယ် ၊ အခု ဖြတ် ပေး ”  


ဟင်း .. ဟင်း .. သိတယ် မဟုတ် လား ။ ဒင်း ကျုပ် ကို မဖြတ်နိုင်ဘူး ဆိုတာ သိလို့ အညှာ ကို ကိုင် လိုက် တာလေ ။


“ အေး .. နင့် လို ကောင်မ ကို လည်း ငါ မပေါင်းဘူး ။ အခု ကွာမယ် ” 


ကြည့်စမ်း ၊ ဘုရား ... ဘုရား ... ဒင်း ပါးစပ် က ဒင်း ပါးစပ် က ။


“ အံမယ်လေး တော့ ... အခုတော့ ကျုပ် ကို ကွာမတဲ့ လေ ။ တစ်သက်လုံး မောင့် စောင့်ရှောက်မှု အောက် မှာ ခင့် ကို လုံခြုံစေရမယ် လို့ ဟောဒီ မိရွှေရင့် ပါး ကို နမ်း ရင်း ပြောတာ နင် မဟုတ် လား ဟဲ့ .. အကောင် ရဲ့ ”  


အံမယ်လေး ... ကွာမယ် တဲ့  ။ မခံနိုင် လွန်းလို့ သာ ပြန် ပြောလိုက်တာ ။ ကိုသာဒွန်း က စိတ်ကြီး ရင် တကယ် လုပ် တတ်တာ ။ မဖြစ်ဘူး .. မဖြစ်ဘူး ။


“ ကိုင်း ... တော်ကြပါတော့ ဗျာ ။ ခင်ဗျား လည်း ခရီး သွားရတော့ မှာ ။ လင် နဲ့ မယား ပဲ ဗျာ ။ ခဏတစ်ဖြုတ် ပေါ့ ” 


အရပ် ထဲ က ကိုအုန်းလှ ဝင် ပြောတော့


“ မဟုတ်ပါဘူး ဗျာ ။ ဒီ မိန်းမ က လွန်လွန်းလို့ ပါ ” တဲ့ လေ ။


ကြည့်စမ်း ။ သူ က ပဲ တစ်ပြန် တစ်စီး ၊ အခုမှ ခွေ လှိမ့် ရာ က ပြန် လာတဲ့ ဖိုးချက် က လည်း ဒီလောက် ရန်ဖြစ် နေတာတောင် ထမင်း ကို ဝင် လှပ် နေလိုက် သေးတယ် ။ ဒီကောင် ဆိုတာ က လည်း ဒင်း အဖေ အတိုင်းပဲ ။ လက်ကြော တင်းမယ့် ပုံ မပေါ်ဘူး ။ နေရာတကာ ပျာယာ ပျာယာ လုပ် တတ်တဲ့ အလတ်မ မဆတ်စလူး ခင်ဖုန်း နဲ့ အငယ်ဆုံး အော့ကြောလန် ဘိုတေး က တော့ အော်ဟစ်ငိုယို နဲ့ ဆူညံ လို့ ပေါ့ ။ 


“ ဟဲ့ကောင် ... ငတ်ကြီးကျ မနေနဲ့  ။ ဘယ်သူမှ မမျိုရသေးဘူး ။ ဟီး .. ဟီး ” 


ကျုပ် တစ်ဖက် က လည်း ငို ၊ တစ်ဖက် လည်း ငေါက်ရသေးတယ် ။ ဟုတ်တယ်လေ ။ သူတို့ အဖေ က တစ်လုတ် နှစ်လုတ်ပဲ စားရသေးတာ ။


 •••••   •••••   •••••


“ ဟီး ... ဟီး ” 


“ အစ်မ တဟီးဟီး နဲ့ နှစ်မိနစ် လောက် ရှိနေပြီ ။ ဘာဖြစ် နေတာတုံး ”   


အဲတော့ ... ဟုတ်ပါရဲ့  ။ ကျုပ် အတွေး တွေ လွန် ကုန်တာနဲ့ ဘာဖြစ်လို့ ဘယ် နားတွေ ရောက် ကုန်ပါလိမ့် ။ ကျုပ် နဲ့ တွဲ ကျူး တဲ့ ဖိုးအေး က ကပ်ပြီး တိုးတိုး ပြော မှ သတိ ပြန်ဝင်လာတယ် ။ 


ဟုတ်ပါ့ .... မဏ္ဍပ် ထဲက  ပရိသတ်တွေ ကော ၊ အကဲဖြတ် ဒိုင်တွေ ကော က ဟီး ဟီး နဲ့ နှစ်မိနစ် လောက် နားငြီး နေ ပြီ ။ မျက်ရည် တစ်စက်မှ မကျသေး တဲ့ ကျုပ် ကို ရူးများ သွားပြီလား ၊ မေ့များ လဲတော့မှာလား ဆိုပြီး ပါစပ်လေးတွေ အဟောင်းသား နဲ့ ကြည့် လို့ ။ မဖြစ်ဘူး ၊ မဖြစ်ဘူး .. အတွေးတွေ ကို ထုတ်ပြီး ပြန် ထိန်းဦးမှ  ။ တော်သေးရဲ့ ဧယဉ်ကျူး မယ့် သုံးယောက် မှာ ကျုပ် က ပထမ ရက် ဆိုတော့ ဟို အစ်မတွေ နဲ့ ယှဉ် မကြ ည့်ရသေးဘူး လေ ။


ဟွန်း ... ဒီကောင် ဖိုးအေး ဆိုတာ လည်း ဘာမှ ဖေးမ ဖော် မရဘူး ။ အခု ကျုပ် တို့ ဧယဉ်ကျူးတယ် ဆိုတာ က ဇာတ်လမ်းလေး နဲ့ လေ ။ ဒီ ဇာတ်လမ်း မှာ ကျုပ် က အဓိက ဇာတ်ဆောင် ဆို ၊ ဖိုးအေးက ဇာတ်ပို့ ပေါ့ ။ ဇာတ်ပို့ က အပို့ ကောင်း မှ ဇာတ်ဆောင် ပိုပြီး ကောင်း မှာ ပေါ့ ။ အခုတော့ ကျုပ် က ငို မရတဲ့ အပြင် နဖူး က တဆစ်ဆစ် ကိုက်လာလို့ ဒေါသ တွေ ထွက်နေပါတယ် ဆို ၊ ဒီ ကောင် က ဘာမှ ဖေးမ ဖော် မရဘူး ။ ရ ပါ့မလား ။ ဒင်း မျက်ခွက် ကို က ရုပ်ပြောင် ကိုး ၊ ရုပ်ပြောင် ဆို ဒီကောင် က လူရွှင်တော် လေ ။ ကျုပ် နဲ့ အရင်တွဲ ကျူး တဲ့ အဘအောင် နေထိုင် မကောင်း ဖြစ် နေလို့ ဘယ်သူ မှ မရှိတာနဲ့ ဒီကောင့် ကို ပုဆိုးကွက်ကျဲ ဝတ် ၊ တိုက်ပုံအင်္ကျီ ခပ်မှိုင်းမှိုင်း နဲ့ ခေါင်းပေါင်း ပေါင်း ၊ နှုတ်ခမ်းမွှေးတု တပ်ပြီး ကျုပ် နဲ့ မြေးအဘိုး လုပ် ဖို့ ခေါ်လာရတာ ။


ဒီ ကောင် က တော် တော့ တော်တယ် ။ သူ တော်တာ က လူရွှင်တော် လေ ။ သူ့ ခွင် သူ ပေါ့ ။ အခုတော့ ကျုပ် တစ်ယောက် တည်း ကူကယ်ရာမဲ့ သောင်ပြင် မှာ လွှတ် တဲ့ ဒေါင်းမလေး ဖြစ်ပြီ ပေါ့ ။ ခွေး တော့ မဖြစ်ချင်ပါဘူး တော် ။ အဲ ... အခု ဘယ်နား ရောက် နေ ပါလိမ့် ။ အဆိုအပိုဒ်ကလေး ထည့်ရတော့မယ် နဲ့ တူတယ် ။


“ တူမ ရေ ... တူမ ရဲ့  ၊ ဆရာတော်ဘုရား တို့ ရွာ အဝင်လမ်း ရောက်ပဟဲ့ ၊ အားတင်းထားစမ်း ၊ အားတင်းထား ။ ဆရာတော်ဘုရား က မျှော် နေရော့မယ် ”  


ဟုတ်ပြီ ၊ ဟုတ်ပြီ ရွာ အဝင် ရောက်ပြီ ဆိုပဲ ။ ကျုပ် ငိုရမယ့် အပိုဒ် ကျုပ် သိပြီ ။


•••••   •••••   •••••


ဇာတ်လမ်း က ဒီလို ၊ ကျုပ်တို့ မြေးအဘိုး က တစ်နယ် မှာ  ၊ ဆရာတော်ဘုရား က တစ်နယ် မှာ  ။ ကျုပ် က ကျုပ် အဘိုး ကို “ ဆရာတော်ဘုရား ကို သတိတွေ ရ လိုက်တာ ။ အိပ်မက်တွေ လည်း မကောင်းဘူး ။ ဆရာတော်ဘုရား ဆီ မ ရောက်တာ လည်း ကြာပြီ ။ ဆရာတော် ဘုရား နေထိုင် မှ ကောင်းရဲ့ လား ။ ဆရာတော်ဘုရား ကို သွား ဖူးချင်လိုက် တာ အဘိုးရယ် ” လို့ ပူဆာ တော့ အဘိုး က “ ကိုင်း ... ကောင်းပြီ ။ ဆရာတော်ဘုရား ကို မဖူးရတာ လည်း ကြာပြီ ။ သွားကြတာပေါ့ ” ဆိုတော့ ကျုပ် က “ ဟောဒါ က ဆရာတော် ဘုရား ကို ကပ် ဖို့ ငှက်ပျောသီး နဲ့ အချိုရည် ။ ဟောဒါ က ဆရာတော်ဘုရား အတွက် အားဆေး ၊ ဟောဒါက သီးစုံပွဲ ” နဲ့ ဆရာတော်ဘုရား အတွက် ဝယ်ခြမ်း လာတဲ့ ပုံစံ လုပ်ပြီး အဲဒီ တောင်း ကို ခေါင်း ပေါ် ရွက် လို့  ။ အဘိုး က ခြင်း ထဲ မှာ ဆရာတော်ဘုရား အတွက် လှူစရာ ၊ တန်းစရာ တွေ ထည့်လို့ ။ ထွက်လာ ခဲ့ကြတာပေါ့  ။


လမ်း မှာ နိမိတ်တွေ က ပြ ၊ ခလုတ် တွေ က တိုက် နဲ့ ဆိုတော့ ကျုပ် က ခေါင်း ပေါ် က  သီးစုံပွဲ ကို ချ ။ ခဏ နား ရင်း နဲ့ နိမိတ် မကောင်းတဲ့ အကြောင်း ပြောပြီး ငို ၊ အဲဒီတော့ အဘိုး က “ နိမိတ် မရှိ ၊ နမာ မရှိ မငိုရဘူး ။ ဆရာတော်ဘုရား ဘာမှ မဖြစ်ပါဘူး ။ ကိုင်း .. ဆက် သွားကြရအောင် ”  ဆိုပြီး ချော့မော့ ခေါ်လာတာ ။ တကယ်တော့ ဆရာတော်ဘုရား ပျံလွန်တော်မူတယ် ဆိုတဲ့ သတင်း ကို ကျုပ် အဘိုး က ကြား ပြီးသား ။ ကျုပ် ခံစားရမှာ စိုးလို့ မပြော ဘဲ ညာ ခေါ်လာတဲ့ သဘောပေါ့ တော် ။ အခု လျှောက် လာတာ ရွာ အဝင် ရောက်ပြီ တဲ့  ၊ စဉ်းစား ကြည့်စမ်းပါ ဦးတော် ၊ ဒီ စင်မြင့် ကျဉ်းကျဉ်းကလေး ပေါ် မှာ ဆရာတော်ဘုရား ရုပ်ကလာပ်တော် တင် ထားတဲ့ ပန်းရထား ကို ကျုပ် နောက်ဘက် မှာ မြင် နေရရက်သား နဲ့ အံမယ်လေး ... နိမိတ်တွေ မကောင်းလိုက် တာ ၊ ဆရာတော်ဘုရား နေ မှ ကောင်းရဲ့ လား နဲ့ တစ်လမ်းလုံး မမြင်ချင် ယောင် ဆောင် ပြီး ငိုလာခဲ့ရတဲ့ ဘဝ ။ ဟော ... ကျုပ်တို့ မြေးအဘိုး ရွာ က ထွက် လာ တော့လည်း ဒီ နေရာ ပဲ ။ ဆရာတော် ဘုရား ကျောင်းဝင်း ၊ အိုး ... ကျောင်း လှေကားပေါ် တက်တော့ကော ပဲ ။ ကျောင်း ပေါ် ဆရာတော်ဘုရား ရဲ့ ရုပ်ကလာပ် တွေ့ တဲ့ အခ န်းမှ သာ လှည့်တဲ့ ပြီး တော့ “ ဆရာတော် ဘုရား ရဲ့ ”  ဆိုပြီး ဆရာတော်ဘုရား ရုပ်ကလာပ် တင် ထားတဲ့ ပန်းရထား ကို ခေါင်း နဲ့ တိုက် တိုက်ပြီး ငိုရမှာ လေ ။ ဪ .... သိသိကြီး နဲ့ မသိချင် ယောင် ဆောင် ကြ ရတာလည်း ပညာ ပဲ ။ 


“အဘိုး ရေ ... ဆရာတော်ဘုရား ရဲ့ ရွာ ထဲ ကို ရောက်တော့ လာပြီ ။ ရွာ ထဲ မှာ လည်း တိတ်ဆိတ် လို့ ။ အံမယ်လေး .... မိရွှေရင့် ရင်ထဲ တစ်မျိုးကြီး ရှိလိုက်တာ ” 


ရွာ ထဲ အရောက် မှာ ကျုပ် ပြောရတဲ့ စကား ။


“ အဘိုး ရေ ... ဆရာတော်ဘုရား ကျောင်းဝင်း ထဲ မှာ လူတွေ က တရုန်းရုန်း နဲ့ ။ ဆရာတော်ဘုရား တစ်ခု ခု များ ဖြစ်လေသလား ။ ပြောပါဦး အဘိုး ရဲ့ ” 


“ အို ... ဟုတ်မယ် မထင်ပါဘူး ဟာ ။ ဆရာတော်ဘုရား မွေးနေ့တွေ ဘာတွေများ ကျင်းပ မလို့ ထင်ပါရဲ့ ” 


“ မွေးနေ့ ၊ ဟယ် ... မေ့ နေလိုက်တာ ။ ဒီနေ့ ဆရာတော်ဘုရား သက်တော် ၇၅ နှစ် ပြည့်တဲ့ နေ့ပဲ ။ တိုက်တိုက်ဆိုင်ဆိုင် သမီး တို့ တော့ ကံကောင်းတာပဲ ။ အင်း ... သမီးကလေ ဆရာတော်ဘုရား ကို တွေ့ရင် မမြင်ချင်ယောင် ဆောင် နေ လိုက်မှာ  ။ ဟုတ်တယ်လေ ၊ ဆရာတော်ဘုရား က မှ သမီး တို့ ကို သတိတရ မဖိတ်တာ ။ ဆရာတော်ဘုရား က ဒကာမကြီး လို့ ခေါ် မှ သမီး က ဆရာတော် ဘုရား မျက်နှာ ကို ဝအော င်ဖူးမှာ ”   


ကဲ .. ကြည့် ၊ ကျုပ် ဘဝ ၊ တစ်လမ်းလုံး ငို လာ ၊ အခု ရယ် နဲ့ တော်ကြာ ဝက်ဝက်ကွဲအောင် ငိုရဦး မှာ ။ 


ဆရာတော်ဘုရား ရဲ့ ကျောင်း လှေကားထစ် လည်း ကျော် ရော ... 


“ သမီး ရေ .. သမီး ရဲ့  ။ အားတင်းထား ဟဲ့ ။ ညည်း ဆရာတော် တော့ ပျံလွန်တော် မူရှာပြီကွဲ့ ” 


အဘိုး က ဒီလို လည်း ပြော လိုက်ရော ကျောင်း ပေါ် ကို ပြေး တက်တဲ့ ပုံ လုပ်ပြီး စောစော ကတည်း က ခပ်လျော့ရဲရဲ ထုံး ထားတဲ့ ဆံထုံး ကို မသိမသာ ဖြေချ ၊ ဆံပင် ဖားလျား နဲ့ ဆရာတော်ဘုရား ရဲ့ ရုပ်ကလာပ် ကို အတွေ့ မှာ ပစ် လဲ ကျ ၊ ပြန်ထ  ပြေး ပြီးတော့ ခေါင်း နဲ့ တိုက် တိုက်ပြီး အားရ အောင် ငိုချ ပစ် လိုက်တာပေါ့ ။ ပရိသတ်တွေ ဆို တာ မျက်ရည်တွေ ကိုယ်စီ ပေါက်ပေါက်ကျ ဆိုင်းသံ က တညံညံ ၊ နေ က ပူ ၊ ကျုပ် က လည်း အပူသည် ရုပ် ဖြစ်အောင် ဆရာတော် ဆုံးမှန်း မသိလို့ လိမ်း လာတယ် ဆိုတဲ့ သနပ်ခါး ကို တဘက် နဲ့ ဖိ ဖျက် ရင်း ...


“ အံမယ်လေး ... ဆရာတော်ဘုရား ရဲ့  ၊ တပည့်တော်မ လာပြီ လေ ။ တမည့်တော်မ ကို ထ ပြီး တရားရေအေးလေး တိုက်ကျွေးပါဦး ဆရာတော်ဘုရား ရဲ့  ။ ဟီး ... ဟီး .. ” နဲ့ အော် ငို ။ 


“ သမီး ရေ ... ဆရာတော်ဘုရား ရဲ့ နောက်ဆုံး ခရီး သမီး ရဲ့  ။ သမီး ဝ အောင် ငို ၊ ဝအောင် ငို ” 


ငိုစမ်း မိရွှေရင် ၊ ရ အောင် ငို ။ ညည်း ရ အောင် ငို ၊ အို ... အရေးထဲ ဒီ မျက်ရည် က လည်း မထွက် ။ ကျုပ် ဆရာတော်ဘုရား ရုပ်ကလာပ် နား က ထ ။ ပရိသတ် ဘက် မျက်နှာ မူပြီး ဆရာတော်ဘုရား ရဲ့ ဂုဏ်ပုဒ်ဖော် လွမ်းဆွတ် သတိရစရာ ဇာတ်ကြောင်း နဲ့ ရော ပြီး ပြောရင်း ဒီ တစ်ခါ ပြေး တဲ့ ပြီး ခေါင်း နဲ့ တိုက် ငိုရမယ့် အရေး ကို စိတ်သွင်း အား ယူ ထား လိုက်တယ် ။


မိရွှေရင် ညည်း အပိုင် လုပ်နော် ။ အကဲဖြတ် တဲ့ သူတွေ ကလည်း ဒီ အခန်း အနှစ် ပဲ ဆို တာ သိတော့ မျက်တောင် တောင် မခတ် ငိုချင်း က အပြီး ၊ ဆိုင်းသံ က လည်း အစွမ်းကုန် စ တီး ။ ကွက်တိ ။ ကျုပ် လည်း တစ်ခါတည်း ပြေးတဲ့ ပြီး တော့ ပန်းရထား ကို ခေါင်း နဲ့ အတိုက် ၊ ထဘီစ ကို တက် နင်းပြီး လဲပါ ရော ။ ကြိုး နဲ့ ချည် ထား တာ ဆိုတော့ မကျွတ်ပေမဲ့ ဟန်ချက် ပျက်ပြီး အလဲ ၊ ဆရာတော်ဘုရား ရဲ့ ရုပ်ကလာပ် တင် ထားတဲ့ ပန်း ရထား က စောစောက ကျုပ် ယမ်း ထား တဲ့ အရှိန် နဲ့ အလွှဲ ၊ ပန်းရထား နဲ့ နဖူး နဲ့ “ ဒိုင်း ”  ခနဲ ။ အံမယ်လေး .... ဆွေမျိုး မေ့တယ် ဆိုတာလေ နာလွန်းလို့ မျက်ရည်တွေ ပေါက်ပေါက် ပေါက်ပေါက် ကျလာတယ် ။ ပရိသတ် က လည်း “ ခင်စန်းရင် ကောင်မလေး ကြိုးစားတယ် ။ တော် လိုက်တာ ” နဲ့ ပေါ့ ။ ဒီ က ကျုပ် ပြဿနာ နဲ့ ကျုပ် လေ ။ မထူးပါဘူး ဆို နာ နေတဲ့ အဲဒီ နေရာ နဲ့ တိုက် တိုက်ပြီး ငိုချ လိုက် တာ မျက်ရည်တွေ ဆိုတာ ဘောင်းလန် နေ တာပဲ ။ ပရိသတ်တွေ ဆိုတာ လည်း ကျုပ် ခေါ်ရာ နောက် တစ်ပါတည်း ပဲ ။ မျက်ရည် လည်ရွှဲ နဲ့ လေ ၊ ကျုပ် .. ကျုပ် ခုမှ ပဲ ကျုပ် ကြိုးစားမှု ကို ကျုပ် အားရတော့တယ် ။ တကယ် ။


  •••••   •••••   •••••


ဘာရမလဲ ၊ အဲဒီနှ စ် က ဧယဉ်ကျူး ကြ တဲ့ သုံးယောက် ထဲ မှာ ကျုပ် က တတိယ ရတယ်လေ ။ 


သိတယ် မဟုတ်လား ၊ မိရွှေရင် ပဲ ... ။


◾သျှင်နေမင်း ( Model )


📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း 

      အမှတ် ( ၁၁ဝ )

      ဇန်နဝါရီလ ၊ ၁၉၉၉ ခု နှစ်


#ကိုအောင်နိုင်ဦး


.