Friday, August 4, 2023

အနုဝင်္ကပါ ( ၁၉ )


 ( ၁၉ )


ယခု ဤ ဆောင်းပါး ပါဝင်သည့် လ အတွက် ရေး ရမည့် အကြောင်းအရာ ကို စဉ်းစား ခဲ့သည် ။ မိနစ် ၄၀ ကျော် ပြီး ၊ အစ ရှာ မတွေ့ သေး ။ ရေး ရန် အချက်အလက် ကား အမြောက်အမြား ရှိပါ၏ ။ သို့သော် ...


လစဉ် နှင့် အမျှ ရုပ်ရှင် ထဲ မှ ရုပ်ရှင် သတ္တဝါတို့ ၏ ဓလေ့ စရိုက်ကလေး များ သာ ရေးခဲ့ သဖြင့် ပရိသတ် ငြီးငွေ့ နေပြီလော ဟု တစ်ဖက် တွေး ရင်း အခြား အကြောင်းအရာကလေး ကြားညှပ် ရေးရ ကောင်းလေမည် လား ဟု စဉ်းစား နေမိခြင်း ဖြစ်ချေသည် ။


( ဤတွင် သာဓု ၏ စာရှုပရိသတ် က လည်း မည်သည့် အကြောင်းအချက်ကလေး များ သိချင် ဖတ်ချင် ကြသည် ကို ထောက်ပြကြ စေချင်၏ ။ )


တစ်နာရီ ကျော်သွား ချေ ပြီ ။ ရေး ရ မည့် အကြောင်းအရာ တွေး မရ သေး ။ ထိုငေး ဤငေး ဖြင့် အတွေး ရ ကျပ်ပြီး ထ ရပ် လမ်းလျှောက် နေမိ ချေသည် ။ 


“ ဘိုးဘိုး ”


လှည့် ကြည့်လိုက်ရာ တံခါးဝ တွင် ရပ် နေသော သုမောင် သမီး နှင့် သား နှစ်ယောက် ကို တွေ့ရပြီး နှစ်ယောက် စလုံး ပြုံး စိစိ လုပ် နေကြသည် ။


“ ဘာလဲ နို့မှုန့် နဲ့ သကြား လား ”


သူတို့ ကလေး နှစ်ယောက် ဆာ ဆာ ရှိလျှင် သာဓု ထံ တက် လာ တတ် ကြသည် ။ အခါတိုင်း ဆိုလျှင် တဒုံး ဒုံး တဒိုင်းဒိုင်း နှင့် လှေကား မှ အပြေးအလွှား ဆူညံ့စွာ တက် လာ တတ် ကြလျက် ယနေ့ အသံဗလံ မ ကြား ငြိမ်ချက်သား ကောင်းစွာ တက် လာ သည် မှာ ပထမ အချက် ထူးခြား နေသည် ။


ဒုတိယ အား ဖြင့် ယခင် က လို အိမ် ပေါ် ရောက်သည် နှင့် နို့မှုန့်ဘူး ဆွဲ သူ ဆွဲ ၊ သကြားပုလင်း ဖွင့် သူ ဖွင့် ဖြင့် ဝရုန်းသုန်းကား မရှိ ၊ ပကတိ ဣန္ဒြေ ကလေး ကိုယ်စီ ဖြင့် ပြုံး နေကြရာ ... 


“ ပြောလေ နို့မှုန့်လား ၊ သွား ၊ နို့မှန့်ဘူး နဲ့ သကြားပုလင်း ယူခဲ့ကြ ”


“ ဟုတ်ပါဘူး ဘိုးဘိုး ရဲ့ ဒီမှာ .. ”


အကြီးမကလေး က သူ့ လည်ပင်း ကို လက်ညှိုး ဖြင့် ထောက်ပြ သကဲ့သို့ အငယ်ကောင် က လည်း ထိုနည်း တူ ။ 


သာဓု ရင်တုန် သွားသည် ။


သူတို့ နှစ်ယောက်စလုံး လည်ပင်း တွင် ရွှေဆွဲကြိုးကလေး တစ်ကုံး စီ ဆွဲ ထား ကြသည် ။ သာဓု တစ်စုံတစ်ရာ ပြောမည် မေးမည် အပြု ...


“ ဖေဖေ နဲ့ မေမေတို့ ဝယ် လာတာ ရွှေ အစစ် ... ၊ အရင်ကလို ပလပ်စတစ် မဟုတ်ဘူး ဘိုးဘိုး ရဲ့  ၊ လှတယ် နော် ”


“ အေး ... သိပ် လှတာပဲ ၊ ကဲ လာ လာကြ ”


မြေး ၂ ယောက် ကို ခေါ် ဆင်းသွား သည် တွင် သုမောင် တို့ လင်မယား က လည်း ( သာဓု ခုံဖိနပ် သံ ကြား၍ ထင် ၏ ) အခန်း ဝ တွင် ရပ် ပြုံး ပြုံး နေ ကြသည် ။ 


“ ဟေ့ ... မင်းသား ၊ ဟေ့ ဆရာမ ၊ ဘာ စိတ်ကူး ရပြီး ကလေးတွေ ကို ဆွဲကြိုး ဆင် တာ လဲ ”


သာဓု ဆူတော့မည် ကို သုမောင် သိ၍ မျက်နှာ ကို အချိုဆုံး ထားပြီး ... 


“ ထိုင်လေ ဖေဖေ ”


ရွှေဘုံ ( သုမောင် ကတော် ... အေး ဘုံ ) ကို သာဓု က ရွှေဘုံ ဟု ခေါ်လေ့ ရှိ၏ ။


သုမောင် က ပက်လက်ကု,လားထိုင် ဖြန့် နေစဉ် ရွှေဘုံ က ရေနွေးကြမ်း ထည့် လာသည် ။


“ ကိုင်း ... ရွှေဘုံ ပြောစမ်း ၊ ကလေး တွေ ကို ဘာကြောင့် ရွှေ ဆင်တာလဲ ”


“ ဒီလိုလေ အဖေ ၊ ကိုဗလ အပြင် က ပြန်လာလို့ ပိုက်ဆံ အကြွေ ပါ လာ ရင် သူ့ သားသမီးတွေ ကို ပေးတယ် ၊ ဝါးကျည်တောက် စုဘူးကလေး ထဲ ထည့် ခိုင်းတယ် ၊ ပိုက်ဆံ စု တဲ့ အကျင့် ကလေး ရ သွား အောင်ပါ ”


“ ဟုတ်ပြီ ၊ အဲဒီ ဝါးကျည်တောက် ထဲ ပိုက်ဆံ ပြည့် သွားတော့ ခွဲပြီး ရေတွက် ကြည့် ရော ၊ တော်တော်များ များ ဖြစ် နေရော ၊ အဲဒါနဲ့ အဲဒီ ပိုက်ဆံ တွေ အဲဒီ ရွှေဆွဲကြိုး ဝယ်တယ် ဆိုပါတော့ ”


“ ဟုတ်ပါတယ် ဖေဖေ ၊ စုလဲ စုမိ သွားတာပေါ့ ”


“ စုမိတာ အသာ ထားစမ်းပါဦး ကွ ၊ အဓိက က တော့ ချစ်လို့ မဟုတ်လား ”


နှစ်ယောက် စလုံး အပြုံး ကိုယ်စီ ဖြင့် သူတို့ ချင်း လှည့် ကြည့် ကြသည် ။


“ အေး ... အဲဒါ သားသမီး ကို ချစ်ရာ မရောက်ဘူးကွ ၊ “ နှစ် ” တာ နဲ့ အတူတူပဲ ”


သင်း တို့ နှစ်ယောက် သား ပါးစပ် အဟောင်းသား နှင့် ပြိုင်တူ လို လှည့် ကြည့် ကြသည် ။


“ မင်း ရော ၊ ရွှေဘုံ ရော ၊ သတင်းစာ တော့ ဖတ်ကြတာပဲ ၊ ဘာ အကြောင်းအရာတွေ ဖတ်ကြတယ် အဖေ မသိဘူး ”


သူတို့ မျက်လွှာ ချ သွား ကြသည် ။


“ အဲ ခရီးသည် သင်္ဘော ကို သောင်းကျန်းသူတွေ ဝိုင်းပစ် လို့ ခရီးသည် ၄၀ ကျော် သေသွားတဲ့ သတင်း မေးရင် ရေရေရာရာ ဘာမျှ မဖြေတတ်ကြဘူး မင်းတို့ ... ”


( အဟမ်း )


“ ဘယ်နေ့ ဘယ်ဆိုင် မှာ ဘာ ကားပစ္စည်း ရောင်းမယ် ဆိုတဲ့ သတင်း ဖတ်မိလား ... မေးရင်လဲ ဇဝေဇဝါ ပဲ ”


“ ဟာ ... အဖေ ရာ ၊ အမြဲ မသိတာ တော့ မဟုတ်ပါဘူး ”


“ အေးပါလေ များ သော အားဖြင့် ကို အဖေ ပြောနေတာပါ ၊ ကဲ တိုင်စီ ငှားစီး သွားပြီး ယာဉ်မောင်း ကို ဓား နဲ့ ထိုး ၊ ကား ပေါ် က ကန်ချ ထားခဲ့ပြီး ကား ခိုး သွား တာ ”


“ ဒါတွေက ရိုးနေပါပြီ အဖေ ရာ ”


“ ဟုတ်ပြီ ၊ ကလေးတွေ ကို ချော့ ခေါ်သွား ၊ မုန့်ကျွေး  နားဆွဲတို့ လက်ကောက် တို့ ဖြုတ်ယူ ပြီး သ,တ် ပစ်တာတွေ ကော ”


ဤတွင် ခွေး,မသား လင်မယားနှစ်ယောက် စလုံး တုန်လှုပ် သွားသည် ။


“ ဒါလဲ ရိုးနေပြီ ၊ ဒီ သတင်းမျိုးလဲ မကြာခဏ သတင်းစာ ထဲ ပါတယ် ။ လူချင်း သတင်း စကား လဲ ကြားရတယ် ။ ဟုတ်ကဲ့ လား ၊ နို့ ခု မင်း တို့ သား နဲ့ သမီး ကို ရွှေဆွဲကြိုး ဝယ် ပေးတော့ ၊ ခု နပြောတဲ့ သတင်းမျိုး နဲ့ ယှဉ်ပြီး မတွေးဘူးလား ၊ မစိုးရိမ်ဘူး လား ”


နှစ်ယောက် စလုံး မျက်နှာ မ ကောင်း ကြ ။


“ ဝယ်ရုံ ဝယ်ထားတာပါ ဖေဖေ ။ အမြဲ မဆင်ပါဘူး သွားတော့ လာတော့ ... ”


“ အေး ... မင်းတို့ မှာ ကိုယ့် ကား နဲ့ ကိုယ် မို့ ထားတော့ ။ ဘတ်စ်ကား သာ စီး ရ ရင် ဒါ အန္တရာယ် ပဲ ”


သုမောင် က ရွှေဘုံ ကို မေးဆတ် ပြသည် ။ ရွှေဘုံ က ရေနွေးကြမ်း ထပ် ဖြည့် ပေးသည် ။


“ မှတ်ထားကွ ၊ ဘုရားပွဲ သွားမယ် ၊ ပြည်ထောင်စုပွဲ လို ၊ ရုပ်ရှင် လို နေရာ မျိုး ကလေးတွေ ရွှေဆွဲကြိုး ဆင် ပေးပြီး သွားကြ ရာ မှာ နောက် ကနေ ကတ်ကြေး နဲ့ ညှပ် ဖြုတ်တာ ၊ မိန်းမပျို ခပ်ကြီးကြီး တွေ တောင် ခံ နေရတယ် ”


( အဟမ်း )


“ အဲ ... ကတ်ကြေး နဲ့ ဖြတ်ရင် တော် သေးတာပေါ့ ၊ ဆောင့် ဆွဲ လိုက်လို့ အဆင် မသင့်ရင် လည်ပင်း အစ် ပြီး ... ”


သူတို့ ဘာမျှ မပြောသေး ။ သာဓု က မူ ဤမျှ ဆို လုံလောက်ပြီ သဘော ထားလျက် ထ ရပ် လိုက်သည် ၌ ...


“ စိတ်ချပါ ဖေဖေ ၊ ဖေဖေ့ မြေးတွေ အန္တရာယ် မဖြစ်စေရပါဘူး ၊ အထူး ဂရုစိုက်ပါ့မယ် ”


သာဓု အိမ် ပေါ် ပြန် တက်လာ ခဲ့ပြီး စားပွဲ တွင် ထိုင် ကာ “ အနုဝင်္ကပါ ” အတွက် အချက်အလက် ရှာ ရ ပြန်ပါသည် ။ ရုတ်တရက် စဉ်းစား ၍ မရသောကြောင့် ယခင် လ အနုဝင်္ကပါ ကို ပြန် ကြည့်ရန် စာအုပ် လှန် လိုက်သည် ။ ဖတ်သည် ။ ပြီးဆုံး သွားသော အခါ အခြား စာမျက်နှာ များ ကို လှန်လှော ကြည့် နေမိရာ မှ ရေးချင် နေသည့် အကြောင်းအရာ များ ကို ဘွားခနဲ သတိ ရ လာသည်  ။ အခြား မဟုတ် ၊ ထုတ်ဝေနေကြသည့် စာစောင်မဂ္ဂဇင်း ဂျာနယ် သတင်းစာ ပါ မကျန် ကမောက် ကမ ဆန် နေသော ဆေးရောင်စုံများ ကိစ္စ ဖြစ်ချေ၏ ။


သာဓု သည် မဂ္ဂဇင်း ဂျာနယ်များ လည်း ထုတ်လုပ်ခဲ့ ဖူးသည်  ။ ဆေးရောင်စုံပုံနှိပ် လုပ်ငန်း လည်း လုပ်ခဲ့ ဖူးသည် ဖြစ်သောကြောင့်  ယင်း စာနယ်ဇင်း ဆေးရောင် တို့ နှင့် ပတ်သက်၍ ကမောက်ကမ တွေ့ ရ လျှင် အသားများ ဆတ်ဆတ် တုန် အောင် ဒေါသ ဖြစ် ရ၏ ။


တွေ့မိ မြင်မိကြပါလိမ့်မည် ။ 


အလွန်ကောင်းသော ကဗျာ ကို အလွန် အဓိပ္ပာယ် ရှိသော ပန်းချီ ဖြင့် သရုပ်ဖော် ရာ တွင် နောက်ခံ ပန်းချီ ကို ( အစိမ်းရောင် ) ဖြင့် ရိုက်ပြီး ကဗျာ စာသား ကို အနက် ဖြင့် ထပ် အုပ် ရိုက် လိုက်သော အခါ ပန်းချီ နှင့် ကဗျာ စာသား များ ရောရှုပ် ကုန်သည် ။ ဖတ်၍ မရ အောင် ရုပ်ပျက် ဆင်းပျက် ဖြစ်ရသည် ကို မကြာခဏ တွေ့ နေရသည် ။


မာတိကာ ကဏ္ဍ တွင် လည်း ထို့ အတူ ပန်းချီဒီဇိုင်းများ ဖြင့် ဝေဝေဆာဆာ နေ သော်လည်း ဆေးရောင် ရွေးပုံ ရိုက်ပုံ ဖြစ်ကတတ်ဆန်း နိုင်လှ သဖြင့် ဝတ္ထုဆောင်းပါး အမည် ခေါင်းစီး သာ ပေါ်ပြီး ရေးသူတို့ ကလောင်အမည် များ အရောင်ချင်း ရော နေသည် ။ အချို့ လုံးဝ ဖတ်၍ မရ ။


တစ်ဖန် ဝတ္ထုဒီဇိုင်းများ  ပုံနှိပ် ရာ တွင် လည်း ကလောင်ရှင် အမည် သာ ထင်ထင်ရှားရှား မြင် ရလျက် စာမူ ခေါင်းစီး ဆေးရောင် ရော နေသည်  ။ ဘာမှန်းမသိရ ။ 


အချို့ ကဗျာလေး ( ၁၀ ) ကြောင်း လောက် သည် ( ပြောင်မြောက်သည် နှင့် အမျှ ) စေတနာဗရပွ ဖြင့် လှလှပပ ပန်းချီ ဖြင့် ကျကျနန သရုပ်ဖော် ကာ ဆေး ၂ ရောင် ၃ ရောင် ဖြင့် ပုံနှိပ် ဖော်ပြ လိုက်ရာ တွင် အနီရင့် ရောင် ခံ ၍ ချောကလက်ရောင် ဖြင့် ရိုက်လိုက် သောကြောင့် မှန်ဘီလူး ဖြင့် ကြည့်၍ ဖတ်ရ သည် အထိ သာဓု ကြုံ လိုက် ရ၏ ။ ဒေါသ ဖြစ်လိုက်သည် မှာ ပြောစရာ မရှိ ။


ထို့ပြင် ကဗျာ ရော ၊ စာညွန့် ရော ၊ ဝတ္ထုဆောင်းပါး စ ရာ တွင် ပန်းချီ နှင့် ရော၍ ရိုက်နှိပ်ရာ ၌ စာလုံးများ က ဖက်ဖူးရောင် ဖြစ်နေသော ကြောင့် ဖတ်ရသည် မှာ မျက်စိ ဒုက္ခ ရောက် လှ၏ ။


အချို့မဂ္ဂဇင်းစာစောင် တို့  ၌ ဓာတ်ပုံ ဝါသနာရှင်ကလေး တို့ ၏ ပုံ များ ကို ဖော်ပြရာ ၌ လည်း လိမ္မော်ရောင် ၊ အဝါ ၊ ဖက်ဖူး ၊ ပန်းရောင် ၊ အပြာဖျော့ဖျော့ စသည် ဖြင့် နု ပေ့ ဆိုသော အရောင်များ ဖြင့် ရိုက်နှိပ်တတ်ကြ ပြန် သောကြောင့် ကလေးမကလေး များ ၏ ရုပ်ပုံ အလှ ဘာမျှ မပေါ် ။ ဖြူရော်ရော် ဖြစ် နေသည် ကို တွေ့ရသည် ။


သင်းတို့ ဓာတ်ပုံ ဝါသနာရှင် ကလေးများ ခမျာ သူတို့ ဓာတ်ပုံ ကလေးများ မဂ္ဂဇင်း စာစောင် တွင် လှလှပပ ပါချင်ကြ သဖြင့် ဓာတ်ပုံ ရိုက်ရသည့် ကိစ္စ မှာ ကြေး မသေး လှ ။ ဆံပင်အလှ နှင့် မိတ်ကပ်ဖိုး က ပင် ၅၀ ကျပ် မကုန်ဘဲ မပြီး ။ အဝတ်အစား လှလှလေး ပါ ဆင့် လိုက်သော် အနင့်သား ကုန်ကြရ ရှာသည် ။ သို့ပါလျက် သူတို့ ပုံ ပါလာ သော အခါ ဖျော့နုနု ဆေးရောင် ဖြင့် ရိုက်ထားသော ကြောင့် ...


“ ဟဲ့ ... ဒါ သမီး ပုံ မှ ဟုတ်ရဲ့လား ”


ဟု မေးယူ ရ လောက် အောင် မှုန်တုံတုံ ဖုန် နေတော့ သဖြင့် ကောင်မလေးများ သနား စရာ ။ အချို့ ဓာတ်ပုံ သာ ပါ လာသည် ။ နာမည်ကလေး သော်မျှ ဖော်ပြ ဖော် မရကြ ။ သူတို့ ဓာတ်ပုံကလေးများ က မဂ္ဂဇင်း ကို တစ်ဖက် တစ်လမ်း ကူညီရာ ရောက် သဖြင့် စေတနာ တုံ့ပြန်သင့်သည် ။


ထို့ပြင် တစ်ဝ ကြော်ငြာပိုင်း ကို ကြည့်ကြလျှင်လည်း ထိုနည်း လည်းကောင်း ကြုံရာ အရောင် ဖြင့် ရိုက်ကြသော ကြောင့် မှုန်ဝါးဝါး ဖြစ် နေကာ ဘာမျှ ဖတ်၍ မရ ။ အရုပ် ပန်းချီ ဒီဇိုင်းဖိုး ရာ ချီ ပြီး အကုန်ခံ ထားရ ပါ လျက် ပုံ မထင် စာ မမြင် ဖြစ် နေသည် ကို တွေ့ရသည် ။ ကိုယ်ချင်းစာတရား ထား သင့်သည် ။


ဆေးရောင်စုံ အဖုံဖုံ ဖြင့် ပုံနှိပ်သည် ကို သာဓု အပြစ် မဆို ။ သို့သော် သူ့ နေရာ နှင့် သူ အနုအရင့် ခွဲခြားသင့်

သည် ။


ဥပမာ ကဗျာ ၊ သို့မဟုတ် ဝတ္ထု သရုပ်ဖော် ပန်းချီ တွင် ( ၂ ) ရောင် ရိုက် မည် ဆိုပါက အောက်ခံ အရောင် သည် အမြဲ ( အရောင်နုနု ) ဖြစ်ရပေမည် ။ အပေါ်မှ ထပ်ရိုက်သည့် အရောင်သည် လည်း အမြဲ ( အရောင် ရင့် ) ရပေမည် ။ ၂ ရောင် စလုံး နုမည် ၊ သို့မဟုတ် ရင့်မည် ဆိုလျှင် ကြည့် ကောင်း တော့မည် မဟုတ် ။


အချို့ ရိုက်တတ်ကြသည် ။ ကောင်မလေး နှုတ်ခမ်း ၊ လက် ၊ မျက်နှာ တို့ က ပြာ နေပြီး ဆံပင် ၊ မျက်ခုံး တို့ က နီနေသည် ။ တစ်ရောင် တည်း ဆို က အကြောင်း မဟုတ် ။ ၂ ရောင် ဖြစ်နေသော အခါ နှုတ်ခမ်း ကို အပြာ ဆိုးပြီး ဆံပင် ကို အနီရောင် ခြယ် ထား သလို ဖြစ်နေ တော့သည် ။


ရရာ ပုံနှိပ်မင် ကို ဝယ် ရိုက်ရ ပါသည် ဟု အကြောင်း ပြလျှင် ထို အကြောင်း သည် မလုံလောက် ။ နု သော အရောင် မှန်သမျှ ရင့်အောင် စပ် ယူ၍ ရသည် ကို ပုံနှိပ်သမား တိုင်း သိကြသည် ။ သိ ရပေမည် ။ အနီ ကို မင်ဖြူ ဖြင့် ရောလျှင် ပန်းနုရောင် ဖြစ် သွား သကဲ့သို့ လိမ္မောရောင် နု နေ ပါ က အနက် နည်းနည်း ဖြင့် စပ်လျှင် လျှပ်တစ်ပြတ် အတွင်း ချောကလက်ရောင် အရင့် ဖြစ်လာ နိုင်သည် ။ အပြာနု တွင် အနီရင့် စပ် ကြည့်ပါ ခရမ်းလှလှလေး ဖြစ်လာမည် ကို ပုံနှိပ်သမားများ နားလည် ကြသည် ။ သို့သော် အပင်ပန်း ခံချင်ကြဟန် မတူ ။


ဤတွင် တာဝန် အရှိဆုံး ပုဂ္ဂိုလ် မှာ ပန်းချီ ၊ ဒီဇိုင်း ၊ အဆင်အပြင် တာဝန်ခံ ဖြစ်ချေသည် ။ သူ က

ကြပ်မတ် ကွပ်ကဲရန် လိုသည် ။ အရောင်အသွေး ရွေးပေး တတ်ရန် ညွန်ပြရန် တာဝန် ရှိသည် ။ 


ယခင် နှစ်လ လောက် က ထုတ် သော မဂ္ဂဇင်း တစ်စောင် တွင် ပရိသတ် စိတ်ဝင်စား နေသော နိုင်ငံခြား အနုပညာသည် တို့ ၏ ဓာတ်ပုံများ နှင့် ဆောင်းပါး ကို နုဖျော့ဖျော့ အရောင် ဖြင့် အစအဆုံး ရိုက်နှိပ် ထားသောကြောင့် အဖိုးတန် ဆောင်းပါး မှာ အရာ မရောက် ဖြစ်သွား ချေတော့သည် ။


အတိုချုပ် ရ သော် တိုက်အုပ်ရော ၊ ဖြန့်ချိသူ ရော ၊ အယ်ဒီတာ ရော ၊ ပန်းချီ ဒီဇိုင်းတာဝန်ခံ ရော အသိ ရှိ ကြသည်  ၊ အမြင် ရှိကြသည်  ၊ ကြည့် ကောင်း မကောင်း ဝေဖန် ပိုင်းခြားတတ် ကြသည့် မျက်စိများ ခပ်ကျယ်ကျယ် ပြန် ဖွင့် ကြည့်ကြရန် အချိန် တန် ပေပြီ ။


ပန်းချီ ဆွဲခ ကုန်သည် ။ ဘလောက် အော့ဖ်ဆက် ကူးရိုက်ခ ကုန်သည်  ။ သို့ပါလျက် စာအုပ် တွင် မထင်မရှား ဝိုးတဝါး ပုံမျိုး ဖြစ်နေ လျှင် အဘယ်မှာ ငွေကုန်ရကျိုး နပ်ပါတော့ မည်နည်း ။


အရုပ်ပန်းချီ ဆိုသည် မှာ လှလှပပ ပေါ်စေချင်၍ ရေးဆွဲ ထည့်သွင်းရ လျက် စာ ဆိုသည် မှာ လည်း ဖတ်ရန် ၊ မှတ်ရန်  ၊ ရေးသား နေကြခြင်း ဖြစ်သည့် အတိုင်း စာရွက် ပေါ် တွင် လွင်နေအောင် ထင်ရှားရန် မှာ အဓိက ဖြစ်သည် ။ အရောင်ရင့်ရင့် ကို သာ သုံးကြစေချင်သည် ။ ( ၂ ) ရောင် ဆို က လည်း အောက်ခံ ကို အမြဲ နု ၍ စာ နှင့် အရုပ် သည် အတတ်နိုင်ဆုံး ရင့် ပေးရန် ဖြစ်ချေ၏ ။ 


ရှိချေသေးသည် ။ သာဓု အမြင်ကတ် နေသော အကြောင်း တစ်ရပ် ။


ယခုခေတ် စာနယ်ဇင်း ( အထူးသဖြင့် ) လုံးချင်းဝတ္ထု နှင့် မဂ္ဂဇင်းတို့ စာမျက်နှာ စက္ကူ အဖြူ ချည်း သက်သက် ထို တစ်ကွက် ဤ တစ်ကွက် ချန်၍ စာ စီ နေကြသည့် ကိစ္စ ။ သာဓုတို့ တစ်တွေ စာရေးဆရာ ပေါက်စ ဘဝ က စာအုပ် ထုတ်ဝေသူ ချင်း ကလိ ကြသည့် စကား တစ်ရပ် ခေတ်စား ခဲ့ ဖူးသည် ။


( စက္ကူ မရောင်း ၊ စာ ကို ရောင်းသည် )


စာအုပ်အထူအပါး စာမျက်နှာ အနည်းအများ စသည် ဖြင့် ထုတ်ကြရာ တွင် စာမျက်နှာ ၂၅၀ ကျော် လောက် ဝတ္ထု က လည်း ၂ ကျပ် ၊ စာမျက်နှာ ၃၀၀ ကျော် ကလည်း ၂ ကျပ် ဖြင့် ရောင်းကြရာ တွင် စာမျက်နှာ နည်းသူ တို့ က အထက်ပါ အတိုင်း ကြော်ငြာ ကြ သည် ။


( စက္ကူ မရောင်း ၊ စာ ကို ရောင်းသည် )


ရှိသေး၏ ။ စာအုပ်ပါးပါးကလေးများ ကို တန်ဖိုးကြီးကြီး ထား၍ ရောင်းသော စာအုပ်တိုက် တစ်တိုက် က မူ စာအုပ်ထူထူ ကို ဈေးနည်းနည်း ဖြင့် ရောင်းရကောင်းလား ဟု ရွှေ စိတ်တော် ခုကာ ပုံစံ တစ်မျိုး ပြင်

လိုက်လေတော့သည် ။ 


“ ဗုံးပေါလအောစာပေ ”


 ဟူ၍ -


ဤသည် မှာ အကြောင်း သင့်၍ ဖော်ပြရခြင်း ဖြစ်လျက် ယခု သာဓု ဆိုလိုရင်း မှာ ( စက္ကူ မရောင်း စာ ကို ရောင်းသည် ) သဘောမျိုး ဖြစ်စေ ချင် သည့် အဓိပ္ပာယ် ပါ ။


အများ သိကြသည့် အတိုင်း မဂ္ဂဇင်း နှင့် လုံးချင်းဝတ္ထု တိုင်း လိုလို တွင် ( စာ ဗလာ ) ဖြင့် အဖြူ ကွက် ချန် ထား တတ်ကြသည် ။ အချို့ တစ်မျက်နှာ လုံး ( ဗလာ ) ။ ဤသည် ကို ( ဖက်ရှင် ) ထွင်သည် ဟု ယူဆရန် ခက်လှသည် သုံးသပ်၍ ရ သလောက်မှာ မူ စာ ကို ကျဲ ပစ်လိုက်ပြီး စာမျက်နှာ ပွားယူ သည် သာ ဖြစ်ချိမ့်မည် ။


တစ်ခါတစ်ရံ မဂ္ဂဇင်း တစ်မျက်နှာလုံး တွင်  စာ တစ်ခြမ်း သာ ပါ သဖြင့် ကျန်သော အဖြူကွက် ကို နှမြော လှ သည် ။ စာမူ က တို နေ၍ ဟု ဆို က လည်း ထိုထို အဖြူကွက်လပ် တို့ တွင် သက်ဆိုင်သည့် ပန်းချီသရုပ်ဖော်များ ရေးဆွဲ ရိုက်ထည့် ပေးစေချင်သည် ။


အိမ်း ... စာမူဆရာ တို့ လည်း ရှိသေးသည်  ။ ယခင်က မဂ္ဂဇင်း ( ၄ ) မျက်နှာ တစ်ဖောင်စာ ကို ဝတ္ထုတို ဆောင်းပါး အဖြစ် ပြည့်ပြည့်ဝဝ ရေးပေး ခဲ့ကြ သော် လည်း ယခု ( အဖြူ ကွက်လပ် စနစ် ဖောင်းပွ လာ သော အခါ ) ကိုရွှေ စာရေးဆရာ တို့ က ပါ ရေသာ ခိုပြီး စာမူ ကို တို ပစ်ကြ ချေ တော့သည် ။ ( ၄ ) မျက်နှာ စာမူခ ၂၀၀ ကျပ် ရသည် ဆိုပါစို့ ။ ( ၁ ) မျက်နှာခွဲ လောက် ရေးပြီး လည်း ၂၀၀ ကျပ် လိုချင် နေကြသည် ။


စာအုပ်ရှင်တို့ က လည်း အားနာပါးနာ ပေးနေ ပသနေကြ ရသည် မှာ အလားအလာ မကောင်းလှချေ ။


( အနုပညာ ကို တန်ဖိုး ဖြတ်၍ မရ ) ဟု ဆိုကြမည် လော ။


လူ နှင့် စပ်ဆိုင်သမျှ မည်သည့် အရာဝတ္ထု ပင် ဖြစ်စေ တန်ရာ နှင့် တန်ဖိုး သည် ရှိ၏ ။ ရှိလည်း ရှိ ရချေမည် ။


တန်ဖိုး လိုချင် က တန်ရာ တန်ရာ ကို ပေးရ ချိမ့် မည် ။


သူတို့ နိုင်ငံ ( ဥရောပ ) တွင် စာရေးဆရာ “ ကျော်ကြားမှု အလိုက် ” သူတို့ ရေး သော စာမူ ကို ( စာလုံးရေ ) ဖြင့် တွက် ပေး ရသည် ။ အချို့ စာ တစ်ကြောင်း အဘယ်မျှ ဟု စည်းကမ်းသ,တ် ထားသည် ။


သူတို့ ဆီ မှ စာအုပ်သစ် သတင်းများ တွင် စာမျက်နှာ အလိုက် တန်ဖိုး သတ်မှတ်သည် ကို တွေ့ဖူးကြပါချိမ့် မည် ။ ထိုထို စာအုပ်များ ကို လှန်ကြည့် လှောကြည့် ပါ ။ တစ်လက်မ လောက် ပင် အလဟဿ မဖြုန်း ၊ စာရှုသူ တို့ အသုံး ဝင်မည့် စာတိုစာစများ ဖြင့် ဖြည့် ကြသည် ။


ယခုခေတ် မြန်မာ့ စာနယ်ဇင်းများ ကဲ့ သို့ အဖြူ အလွတ် ( ခရုသင်း

ကွက် ) များ မပါ ပါ ချေ ။


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      မတ်လ ၊ ၁၉၈၆

      

📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment