Wednesday, August 2, 2023

ရွှေ‌တောင်ကြီး ပြိုလဲကျ သွားနိုင်


 

❝ ရွှေ‌တောင်ကြီး ပြိုလဲကျ သွားနိုင် ❞

“ ‌ကောင်‌ရေ ဖြုတ် စားတာ မဝ လို့ လုပ်စား‌ နေ ပြန်ပြီ‌လေ ”

၂၀၀၂ ခုနှစ်  ဇူလိုင်လ က ဇာတိချက်‌ကြွေ ဆက်ဆူဝ သို့ အသွား သမ္ဘူလ‌ဈေးတန်း နဲ့ ဆက်ဆူဝ အကြား  ယာခင်း ထဲ တွင် နှမ်း‌ ပေါင်း ထိုး‌နေ‌သော  ဦးနား‌ဝေး နှင့် တွေ့ရ‌လေ၏ ။ လမ်း‌ဘေး သူ့ ယာခင်း ထဲ ဝင် လိုက်‌သော အခါ အထက်ပါ စကား ဖြင့် နှုတ်ဆက်‌ လေ၏ ။ တောင်‌စောင်းက‌လေး ၊ ပြီး‌တော့ ‌ကြောပြင် ၊ ‌ကြောပြင်‌ ပေါ် က ယာတဲက‌လေး ၊ တဲက‌လေး မှာ ခဏ နား ၊ ရေ တစ်ခွက်‌ သောက် အ‌မော‌ ဖြေ ၊ မ‌တွေ့ရတာ ကြာပြီ ဖြစ်‌သော သူငယ်ချင်း နဲ့ စကား‌ ပြော ၊ ငယ် ဘဝ‌ ရောက် ၊ ကြီး ဘဝ‌ ရောက် ။

“ ငါ ဖြုတ် ဖြုတ် စားလာတာ မင်း အသိ ”

ဟုတ်ပါ၏ ။     

ဦးနား‌ဝေး သည် ငယ်စဉ် က အလွန် ချမ်းသာ၏ ။ မောင်နှမ နှစ်‌ယေောက် တည်း ရှိ ။ သူတို့ မိဘများ မှာ လယ်‌တွေ လုပ် မကုန် ၊ လူငှား နှင့် လုပ်ရ၏ ။ တန်‌ဆောင်မုန်း ၊ နတ်‌တော် ကောက်လှိုင်း တိုက်ပြီ ဆို အားချင်း တစ်ရွာ လုံး ဝိုင်းတိုက် ၊ ကောက်လှိုင်း တိုက်သူများ ကို မနက် အ‌စောကြီး ကောက်ညှင်း‌ပေါင်း အဝ‌ ကျွေး ၊ မနက် ၁၀ နာရီ ၁၁ နာရီ ဆွမ်းခံ ဝင်ချိန် ‌ကောက်လှိုင်းတိုက် လှည်း‌တွေ ပြန် လာပြီ ၊ ရွာ‌ မြောက်ဘက် က လယ်ကွင်း တလင်း ထဲ မှာ ကောက်ဆိုင်ပုံ‌တွေ ပုံ ၊ ကောက်လှိုင်း တိုက်သူများ ကို ကြက်သား နဲ့ ကျောက်ဖရုံသီး ‌ရော ချက် ထားတဲ့ ဟင်း နဲ့ ‌နေ့လည်စာ‌ ကျွေး ၊ ပြန်‌ချေဦး ည‌နေ တစ်‌ခေါက် ။ ရွာလယ်‌ခေါင် မှ ဦးနား‌ဝေး တို့ အိမ်ကြီး မှာ ဟီး လို့ပါ ဗျာ ။ ပျဉ်‌ထောင်အိမ် နှစ်‌ဆောင်ပြိုင်ကြီး ၊ အ‌ဝေး က ပင် မြင်နိုင်ပါ့ ။

“ ငါ ဘာ လုပ်စရာ လိုလဲကွာ ၊ တို့ အ‌မေ အ‌ဖေ မှာ ပစ္စည်း‌တွေ ရှိပါ့ ၊ တို့ တစ်သက် စား မကုန်ဘူး ‌ဟေ့‌ကောင် ”

ငယ်စဉ် လူပျို ဘဝ က ဦးနား‌ဝေး‌ ပြောသော စကား ကျွန်‌တော့် နား ထဲ ခု အထိ ကြား‌ယောင်‌ နေဆဲ ။ သူ‌ဌေး ပ‌ဂေး ရဲ့ သား ဖြစ်‌သော‌ ကြောင့် မျက်နှာ အလွန် ပွင့် ၊ အပျို‌ချောက‌လေးများ က စတင် မျက်စ ပစ်ရသည် ထိ ။ ဦးနား‌ဝေး မင်္ဂလာ ဆောင်‌ တော့ အခြား တစ်ရွာ မှ အပျို‌ချောက‌လေး ကို သွား‌ တောင်း ၊ ကျွန်‌တော် က လှည်း‌ကြော့က‌လေး တစ်စီး‌ မောင်းလိုက် ။ မင်္ဂလာလှည်းများ သူ့ ထက် ငါ အတင်း‌ ကျော်တက် ၊ မင်္ဂလာအုပ် လွင့်ကျ မှာ စိုးလို့ အတင်း ဖက် ထားရ ၊ လူငယ် ဘာဝ ပျော်လိုက်သည့် ဖြစ်ခြင်း ။ သူ့ မိန်းမ လှ မှ လှ ၊ အသားဖြူ ၊ ဥစ္စာ‌ပေါ ၊ ရုပ်‌ချော ၊ နေ နဲ့ လ ရွှေ နဲ့ မြ ။ တစ်ရွာသူ‌လေး ဆက်ဆူဝ ပါလာ ၊ ဦးနား‌ဝေး ကြွား လို့ မဆုံး ။ သည်လို နဲ့ သူ က အိမ်‌ထောင် ကျ ၊ က‌လေး‌တွေ ရ ၊ ကျွန်‌တော် က ရန်ကုန်‌ ရောက်သွား ။ လွန်ခဲ့‌သော အနှစ် ၂၀ ၊ ၁၈၉၂ ခုနှစ် က  ရန်ကုန် မှ ဆက်ဆူဝ သို့ ခေတ္တ ပြန် လာ‌တော့ လွမ်းလွမ်း နဲ့ ဦးနား‌ဝေး အိမ် ကျွန်‌တော်‌ ပြေး ကြည့် ။ အိမ်ကြီး‌ ပေါ် မှာ သူ မရှိ‌တော့ ။

“ ရွာ ထိပ် က နတ်စင်ကုန်း‌ ပေါ်‌ ရောက်‌ နေပြီ ”

ကျွန်‌တော့် တူက‌လေးများ‌ ပြော ပြ၍ သိရ ။ အိမ်ကြီး ကို ‌ရောင်း ပစ်လိုက်ပြီ ။ လယ်‌တွေ လည်း ‌ရောင်း ပစ် လိုက်ပြီ ။ သူတို့ လင်မယား အတွက် တစ်ကွက် နှစ်ကွက် ပဲ ကျန်ခဲ့ ။ ဦးနား‌ဝေး သွား‌ တွေ့ ။ သုံးပင် သက်ကယ်မိုး အိမ်က‌လေး မှာ နှီးဖြာ‌ နေတုန်း‌ ရောက်သွား ၊ သူ့ မယား လည်း အနား မှာ ရှိ ၊ ထမင်အိုး တည် ထား‌သော မီးဖို က မီး‌ပြောင်း နဲ့ ကုန်း မှုတ် ၊ ဖြူစ ပြု‌ နေပြီ ဖြစ်‌သော ဆံပင်များ‌ ပေါ် သို့ ပြာ တွေ ကျ ။ ငယ်စဉ် က အပြုံးက‌လေး မပျက်‌ သေး ၊ သွား တစ်‌ချောင်း ကျိုး ၊ အရွယ် နဲ့ မလိုက်‌ အောင် ရုပ် က ကျ‌ နေပြီ ။

“ ဟဲ့ ချမ်းသာ ၊ ထမင်း စား သွား ၊ ‌ရောက်တုန်း‌ ရောက်ခိုက် ”

သူတို့ ချ‌ ကျွေး‌သော  ငါးပိရည်ကျို နဲ့  ပဲသီး ပြုတ် ၊ ကြက်ဟင်းခါးသီး ပြုတ် ၊ ချဉ်‌ပေါင်ဟင်း စား လို့‌ ကောင်းလိုက်သည့် ဖြစ်ခြင်း ၊ ထမင်း သုံးခါ ထပ် ထည့် ရ ။

“ ဟ‌ကောင် ... မင်း  ငါတို့ ထမင်းဟင်း‌ တွေ စားနိုင်ပါ့ မလား  ‌အောက်‌မေ့‌ နေတာ အတွယ်သား ပါ လားကွ ”

သူ့ ထမင်း မြိုန်‌ရေ ရှက်‌ရေ စား‌ နေ‌သော ကျွန်‌တော့် အား ဦးနား‌ဝေး ပီတိပြုံးကြီး နဲ့‌ ပြော ။

“ ‌ကောင်‌ ရေ ‌ပြော မပြော ချင်‌တော့ဘူးကွာ ၊ ကုသိုလ်ကံ များ ”

“ မ‌ပြော ပါနဲ့‌တော့ ဗျာ ”

စိတ် မ‌ကောင်းစရာများ မ‌ပြော ကြ ၊ ငယ်ငယ် က ထန်းရည် သောက်ကြတဲ့ အ‌ကြောင်း ၊ ကောင်မ‌လေးများ ကို ပိုးကြတဲ့ အ‌ကြောင်း ပျော်စရာ‌လေးများ ရေ နှူး ကြ ။

‌ဟော ... အခု တစ်‌ခေါက် ပြန်‌ တော့ ဦးနား‌ဝေး တို့ လင်မယား နတ်စင်ကုန်း က သုံးပင် အိမ်‌ ပေါ် မှာ မဟုတ်‌တော့ ပါ ။ ယာခင်း ထဲ က တဲက‌လေး‌ ပေါ် မှာ ။

“ ‌တော ထဲ ဝင်‌ နေတာ ‌လေးငါးနှစ် ရှိ ပြီကွ ၊ သာ‌ရေး နာ‌ရေး အ‌ကြောင်းကြီးငယ် ရှိမှပဲ ရွာ ကို ပြန်ဖြစ်‌ တော့တယ် ”

ဦးနား‌ဝေး က သူ့ ဘဝ တစ်စွန်း တစ်စ ကို ‌ဖောက်သည် ချ ။ ဦးနား‌ဝေး တဲ မှာ ဝ‌ အောင် သူ စိတ်‌ ကျေနပ်‌ အောင် ‌နေခဲ့ ပြီး‌ နောက် ရွာ ဘက် သို့ ခရီး ဆက် ခဲ့ ။ သူ က ကျွန်‌တော့် ထက် အသက် သုံး‌လေးနှစ် ပဲ ပို ကြီးသည် ။ ညီအစ်ကို သူငယ်ချင်း လို ချစ်ခဲ့ကြ ။ လမ်း တစ်‌လျှောက် လုံး သူ့ အ‌ကြောင်း ‌ခေါင်းထဲ ကပ် ပါလာ ။

“ ဖြုတ် စား လို့ မဝဘူး‌ ကောင်‌ ရေ ”

မချိတင်ကဲ‌ ပြော လိုက်‌ သော သူ့ စကား နား ထဲ မှ မထွက် ။

“ ‌ကျေလဲကျ ကင်စွမ်ပန် ”

ကျွန်‌တော့် မိတ်‌ဆွေ အသက် ၈ဝ ရှိပြီ ဖြစ်‌သော တရုတ်ကြီး ဦး‌ပေါင်‌ပေါင် ခဏခဏ‌ ပြော လေ့ ရှိသည့် စကား ကျွန်‌တော် သွား သတိရ ။

“ ‌ကျေလဲကျ ကင်စွမ်ပန် ”

ပြည်ကြီး‌ပေါက် တရုတ်ကြီး မပီကလာ ပီကလာ‌ ပြော ။

“ ဗမာ လို ဘယ်လို ပြန်ရ မလဲ ဗျာ ”

ဦး‌ပေါင်‌ပေါင် က မြန်မာပြန်‌ ပေးတဲ့ စကား

“ ထိုင် စား‌ နေမယ် ဆို ‌ရွှေ‌တောင်ကြီး‌ တောင် ပြိုကျ သွားနိုင်တယ် ကွ ”

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment