Sunday, August 6, 2023

မလျှော့နဲ့


 ❝ မ‌လျှော့နဲ့ ❞


“ ‌ခေါင်းခန်း ထဲ မှာ ‌နေရာ ရ‌သေးလား‌ ဟေ့ ”


“ ‌ဝေါင်လံ ကို ၊ ‌ဝေါင်လံ ကို ... ”


ကားစပယ်ယာက‌လေး သည် သူ‌ အော်လက်စ ‌ဝေါင်လံ ကို အသာ ရပ် ၍ ကျွန်‌တော့် ဆီ ‌ပြေး လာ‌ လေ၏ ။


“ ဘယ်နှစ်‌ယောက် လိုက်မှာလဲ ခင်ဗျာ ” 


“ တစ်‌ယောက်တည်း ပါ ကွာ ”


“ ရ‌သေးတယ် ခင်ဗျာ ”


‌ရှေ့ခန်း တံခါး ဖွင့်‌ပေးပြီး‌ နောက် ကားစပယ်ယာ သည် ဆက်‌ အော်‌လေ၏ ။


“ ‌ဝေါင်လံ ကို ‌ဝေါင်လံ ကို ”


ကားစပယ်ယာများ သည် လည်‌ချောင်း ပုံ‌တောင်း လိုက်‌အောင် ခရီးသည် ကို‌အော်‌ခေါ်‌ နေကြရ‌ လေရာ ‌အောင်လံ သည် ‌ဝေါင်လံ ဖြစ်သွား‌လေ‌ တော့ သည် ။


“ ဟင် ... ဘယ်သူ‌တွေများ မှတ်တယ် ၊ ဖူးဖူး တို့ ပါလား ၊ ညည်းတို့ ဘာ လုပ်ကြ ... ” 


“ ‌ဆေးခန်း လာ ပြတာ ”


“ ဟယ် ... ဘယ်သူ့ ကို ”


“ ‌ဖေ‌ဖေ့ ကို လာ ပြတာ‌လေ ”


ထိုအခါ ကျ မှ  သူ့ အ‌ဖေ  ဝကြီး‌မောင် ကို မြင်မိ ။ မျက်စိများ အခက်သား ၊ အ‌ချောအလှ ကို ‌ရှေးဦး မြင်မိတတ်တယ် ။


“ ကိုဝကြီး‌မောင် ဘယ်လို ဖြစ်တာလဲဗျာ ” 


“ အ‌အေးမိ ပြီး‌ ချောင်းဆိုး ချင် သလို ဖြစ်‌နေလို့ပါ ဗျာ ”


“ ကိုဝကြီး‌မောင် နှယ် ၊ နှာ‌စေး ချောင်းဆိုးများ ‌ရောဂါ လုပ်လို့ ဗျာ ၊ မနက် မိုးလင်း ‌ရေ နှစ်ပုလင်း‌ သောက် ၊ ‌ဆေးလိပ် ဖြတ် ၊ အရက် ဖြတ် ၊ ကွမ်း ဖြတ် ၊ အသီးအရွက် များများ စား ‌ပျောက်‌ရော‌ပေါ့ဗျာ ၊ နှာ‌စေး ချောင်းဆိုး ”


ကျွန်‌တော့် လက်‌တွေ့ နည်း ကို ‌ပြော ပြ ။ ကိုဝကြီး‌မောင် မျက်နှာ အနည်းငယ် ရွှင်လာ ။ 


၂၀၀၂ ခုနှစ် ၊ ဩဂုတ်လ ၂၄  ရက် စ‌နေ‌နေ့ က ကျွန်‌တော့် သား ဖွင့် ထား‌သောပြည်မြို့ ရိုမီယို အ‌အေးဆိုင် မှ ‌အောင်လံ သို့ ပြန် ခဲ့ခြင်း ဖြစ်ပါ၏ ။ ‌အောင်လံ မှာ ပင်မ လုပ်ငန်း ၊အို‌ကေ‌ မြေပဲဆား‌လှော် ။


ကား‌ခေါင်းခန်း ထဲ‌ နေရာ ယူပြီး‌ နောက် ကိုဝကြီး‌မောင် ၊ သူ့ သမီး ဖူးဖူး တို့ နဲ့စကားစမြည်‌ ပြော ။ စကား အရှိန်‌ သေ‌တော့ ကိုဝကြီး‌မောင် အ‌ကြောင်း ‌တွေး မိ ။ ကိုဝကြီး‌မောင် ၊ ကိုဝကြီး‌မောင် ။ တစ်ချိန်က တကယ့် ပ‌ဂေးကြီး ပါ ။ သစ်စက်ကြီး တဝီးဝီး လည်ခဲ့ ဖူးသည် ။ ‌နောက် တိုက်‌ပေါင် ‌ငွေ‌ချေး လုပ်ငန်း‌ ပေါ် လာ‌တော့ ကန်ထရိုက်တိုက်‌တွေ တစ်လုံး ပြီး တစ်လုံး ‌ဆောက် ဖူးသည် ။ တိုက် နဲ့ ကား နဲ့ မယား အ‌ချောအလှ‌လေး‌တွေ တပြုံးပြုံး နဲ့ ပါ ခင်ဗျာ ။


တစ်ချိန်က ကိုဝကြီး‌မောင် သည် ယခု ကိုပိန်ကြီး‌မောင် ဖြစ်‌နေ ပါ၏ ။ တစ်ကိုယ်လုံး လည်း ချုံးကျ ။ အရိုး‌ချောင်းကြီး ‌ထောင် ထား သလို ။ ယခု အခါ တွင် သစ်စက်လုပ်ငန်း ကလည်း ဟန် မကျ ။ တိုက်‌ပေါင်‌ ငွေ‌ချေး က လည်း တာ မစား ။ ထိုအခါ ကိုဝကြီး‌မောင် ‌မော်‌တော်ကား အိမ်သာ ထဲ ကျ ၊ ခရမ်းသီးပိန် ဓားတုံး ၊ ကား မရှိ‌တော့ ၍ လိုင်းကား‌ ခေါင်းခန်း မှာ အပင်ပန်းခံ စီးနင်း လိုက်ပါလာခြင်း ဖြစ်ပါ၏ ။ စင်စစ်အားဖြင့် ကိုဝကြီး‌မောင် ကိုယ်ခန္ဓာ အတွင်း တွင် ဘာ‌ ရောဂါ မှ ရှိပုံ မ‌ပေါ်ပါ ။ အ‌ကြောင်း မရှိ အ‌ကြောင်း ရှာ ၍ ရောဂါ ထူ‌ နေခြင်း ဖြစ်ပုံ ရပါသည် ။ ပါရဂူဆရာများ အား သက်သက်မဲ့ သွား‌ရောက် ဒုက္ခ‌ ပေး‌နေခြင်းဖြစ်ပုံ ရ ပါ၏ ။ ရောဂါ မည်မည်ရရ ရှိဟန် မတူ ။ လုပ်ငန်းကိုင်ငန်း ကျ ၍ စိတ်ကျခြင်း ဖြစ်ပုံ ရပါ၏ ။


“ ပို့ဆွမ်းက‌လေး ပဲ အားပြု‌ နေရ‌တော့တယ် ကွာ ”


ကျွန်‌တော့် စိတ် သည် ကျွန်‌တော့် ဆရာ ဘိုးဝမ်း ဆီ ‌ရောက် သွား‌ လေ၏ ။ ဆရာဘိုးဝမ်း သည် ကျွန်‌တော် တို့ ၁ဝ တန်း‌ ကျောင်းသား ဘဝ ၁၉၆၂ - ၁၉၆၃ ပညာသင်နှစ်များ‌ လောက် က အောင်လံ မှာ ဘိုးဝမ်း မှ  ဘိုးဝမ်း ခင်ဗျာ့ ။  အသင်အပြ က လည်း‌ကောင်း ၊ ဩဇာ က လည်း ရှိ ။ ကျန်းမာ‌ရေး လိုက်စား ၊ တင်းနစ်ကစား ထား‌ တော့ကိုယ်ခန္ဓာ က လည်း  ‌တောင့် မှ‌ တောင့် ၊ ယ‌နေ့ အသက်  ၇ဝ ဘိုးဝမ်း နှင့် များ ကွာပါ ဘိခြင်း ။ ပို့ဆွမ်းက‌လေး ။ မှန်ပါသည် ။ ပင်စင် နာ ၊ ဆရာဘိုးဝမ်း ၊ ပင်စင်က‌လေး အားကိုး ပြု ရ ၊ သူ့ သားသူ့ သမီးများ ကူညီ ပံ့ပိုးမှုက‌လေး ဖြင့် ရပ်တည်‌ နေရ ။


“ ငါ‌ တော့ စိတ် ကို ‌လျှော့ လိုက်ပြီ ကွာ ”


ဆရာ သည်  ‌ပျော့ လျက် ရှိ၏ ။ ကျွန်‌တော်တို့  ၁ဝ တန်း တုန်း က သင်ပြ ခဲ့‌သော ‌လေမျိုး မဟုတ်‌တော့ ။ မာန်များ ဌာန်များ တစ်ခု မျှ မကျန်‌တော့ ။ ထိုအခါ ဘဘဦးသန်းမြင့် ကိုမြင်‌ယောင် မိ ပြန်‌လေ၏ ။ ပူပူ‌နွေး‌နွေး ဩဂုတ်လ ၂ဝ  ရက်‌ နေ့ က ဦးသန်းမြင့် ဆန်ပွဲရုံ တည်ရှိရာ ‌အောင်လံမြို့ ကမ်းနားလမ်း သို့‌ ရောက်‌ လေ၏ ။


“ ဟယ် ... နင်တို့ ဘယ်လို လုပ်ကြတာလဲ ၊ ငါ့ အ‌ဖေ ကို အလုပ် လုပ် ခိုင်း‌ နေကြတုန်း ပဲ လား ဟ ”


ကျွန်‌တော် ပွဲရုံ ထဲ သို့ ရောက်‌ ရောက်ချင်း တုံတုံ နဲ့ ပုံပုံ ကို ကြိမ်း‌မောင်း‌လေ‌ တော့သည် ။


“ ဟင် ... အကို၊ ကျွန်မတို့ ခိုင်းတာ မဟုတ်ဘူး ၊  သူ့ ဘာသာ ဝင် လုပ်တာ ၊  တားလို့ ကို မရဘူး၊ ကြည့်‌ပြောဦး ”


ဘဘ ဦးသန်းမြင့် သည် အသက် ၈၇ နှစ် ရှိပါပြီ ။ မာတုန်း သန်တုန်း ဗျာ ။ သူ က ကျွန်‌တော့် ကို သား လို ချစ်သည် ။ သား လို သ‌ဘော ထား သည် ။ ကျွန်‌တော် က လည်း သူ့ ကို အ‌ဖေ လို သ‌ဘော ထား ၏ ။ သူ့ သားသမီးများ‌ ခေါ်သလို အ‌ဖေ ဟု‌ ခေါ် တတ်၏ ။ ကျွန်‌တော်‌ရောက် သွား‌သော‌ နေ့ က ဘဘသည်  ပွဲရုံ ထဲ မှ ကား‌ ပေါ် သို့ ဆန်အိတ် ထမ်းတင်‌ နေ‌သော အလုပ်သမားများ ထံ မှ ဂရို့တံများ ကို သိမ်း ၍ ‌တောင်းတစ်လုံး ထဲ ထည့်‌ နေ‌ လေ၏ ။ တာလီစာ‌ရေး လုပ်‌သော အလုပ် ဝင် လုပ်‌ နေခြင်း ဖြစ်ပါ၏ ။ သူ့ ဆန်ပွဲရုံလုပ်ငန်း‌အောင်မြင်‌ နေတာပဲဗျာ ။ အသာ  ‌အေး‌အေး‌ဆေး‌ဆေး အနား ယူ ဘေးထွက် ထိုင်‌ နေ ရသားနဲ့ ဟာကို ။ အဘိုးကြီး က  တခါတ‌လေ  ‌အောက် ဖိတ်ကျ‌ နေ‌သော ဆန်များ ကို ဆန်‌ကော တစ်ချပ် နှင့် လိုက် ကျုံး‌ နေ တတ် ၏ ။ အောက်ကျုံးဆန်များ ကို အိတ် တစ်လုံး နဲ့ထည့် သိမ်း‌ နေတတ်၏ ။ အလုပ်‌တွေ ကုန်းရုန်း လုပ်‌နေတုန်း ။


“ သက်‌သောင့် သက်သာ‌ နေစမ်းပါ အ‌ဖေ ရာ ၊ က‌လေး‌တွေ လုပ်ပါလိမ့်မယ် ”


“ ‌ဟေ့‌ကောင် ချမ်းသာ ၊ မင်း က‌ ပြော‌တော့ လွယ်တယ် ၊ ဒါ‌ပေမယ့် အလုပ် လုပ်ချင်‌ နေ တဲ့ ငါ့ စိတ် ကို ‌ဖျောက်လို့ မရဘူးကွ ”


“ ဗျာ ... အ‌ဖေ ”


ကျွန်‌တော် လက်‌ မြှောက် လိုက်ပါ၏ ။ သည် အဘိုးကြီး သည် သေသည် အထိ အလုပ် လုပ် သွား‌တော့မည့် အဘိုးကြီး ဖြစ်ပါ၏ ။ ယ‌နေ့ သူ့ အသက် ၈၇ ၊ ၉ဝ နား ကပ်‌ နေပါပြီ ။ သတင်းစာ ဖတ်တုန်း၊ ဆွမ်း‌ လောင်းတုန်း ၊ သန်တုန်း မြန်တုန်း အလုပ် လုပ်‌နေတုန်း ဗျာ ၊  ‌ကြောက် ‌ကြောက်စရာ ၊ အလုပ် နဲ့ လက် နဲ့ ပြတ်တယ် မရှိ ။ ငါ‌ သေ မှ‌ လျှော့မယ် ၊ ဇွဲ ။ သူ့ စိတ် ထဲ က‌ ပြော‌ နေတဲ့ စကား ။ ကျွန်‌တော် ကြား‌ နေရ ။ အာဂ လူစား ။


◾မောင်ချမ်းသာ


📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment