( ၂၀ )
သာဓု ရေ ကြောက်၏ ။ မိုး နှင့် ဆောင်းတွင်း ဆို က ရေ ချိုး ခဲသည် ။ တစ်ခါတစ်ရံ ( ၁၀ ) ရက် တစ်ကြိမ် ပင် ရေ မချိုး ဖြစ် ။ ကံကောင်း သည် ဆိုရ မည်လား ၊ ကုသိုလ် ပင် ထူးသည် လား မသိ ၊ ကိုယ်နံ့ ချွေးနံ့ နံသည် ဟူ၍ မရှိ ။
ရေ ပင် မချိုးဖြစ် စေကာမူ မျက်နှာသုတ်ပဝါ ၊ ရေနွေးနွေး ဆွတ် ပြီး ရေပတ် တိုက်ရသည် ။ သို့စဉ် လေပြင်းပြင်း လိမ့် လာကာ စိမ့်ခနဲ ချမ်းပြီး သာဓု ဖျား တတ်ပါ ချေသည် ။ အလွန်သတိထားရပါ၏ ။
မိုးတွင်း ကာလ ထို သွား ဤ သွား အလုပ်ကလေး များလေလျှင် ခြေဖျား ရေအေးပတ် က လည်း ဖျား တတ် ပြန် ပါသည် ။ ဆန်းသည် ဆောင်းတွင်း ကာလ အဘယ်မျှ ချမ်း ပါစေ ၊ ရှမ်းပြည်နယ် ၏ အမြင့်ဆုံး တောင်ပေါ်မြို့ သို့ သွား ၊ နှင်းတော ကြား တွင် အိပ် သော်လည်း ဘာမျှ မ ဖြစ် ၊ ထိုလို အအေးမျိုး ကို ခံနိုင်ပြန်
ပါ၏ ။
ယခု တပေါင်းတန်ခူး ပူ လိုက် သည် မှာ ကိုယ်ရေပြား များ ပင် ကျွတ် ကျွတ် မြည် မတတ် ၊ အနေရ အထိုင်ရ ကျပ် လှသည် ။ လွန်ခဲ့သော ရက်များ အတွင်း က ၁၁ နာရီ ကျော် လျှင် အိမ် ပေါ် ၌ နေ၍ မရ ၊ နေ က ပူ ၊ တိုက်ခတ် လာသော လေ က လည်း ပူ နေ သဖြင့် ပန်းခြံ ထဲ ဆင်း၍ သစ်ပင်ရင်း တွင် သွား ထိုင် နေရသည် ။
ယနေ့သော်မူ အောင်ပြည့် သည် သူ့ တာဝန်အရ ‘ စာမူခဗျ ’ ဟု ဗိန်းဗောင်းသံ စ ချေတော့သည် ။
“ ဆရာ ရေ ခု သင်္ကြန် ပိတ်ရက်တွေ က လဲ ခံ နေတယ် နော ။ အရင် လ က လဲ ဆရာ မရေးတော့ ...”
သာဓု လည်း အယ်ဒီတာ လုပ်ခဲ့ ဖူး ၍ ကိုယ်ချင်း စာ ရချေမည် ။ ချက်ချင်း ထိုင်၍ ကလောင် ကို ကိုင်
လိုက် သော်လည်း ခေါင်း ထဲ တွင် စာမူ စိတ် ထက် ပူအိုက်သည့် အသိ က တအိအိ ဖိစီး နေချေတော့ သဖြင့် ကမန်းကတန်း ထ ၍ ရေ ထက်ဝက် ချိုး ရ တော့သည် ။
ယခုလို နွေရာသီ တွင် သာဓု ရေချိုး မကြောက် ။ သို့သော် အချိန် ကို လု နေရသော အခါမျိုး တွင် ထက်ဝက် သာ ရေ ချိုး၏ ။ အဓိပ္ပာယ် မှာ ပုဆိုး ကို ခါးတောင်း ကျိုက် လျက် ဒူးခေါင်း အထက် ဆီ မှ ရေ သုံးလေး ဖလား
လောင်း၏ ။ နောက် တံတောင်ဆစ် နှစ်ဖက် စလုံး မှ လက်ဖျား ထိ ရေ တစ်ဖလားစီ လည်းကောင်း ၊ ဇက်ပိုး မှ စ၍ ဦးခေါင်း ထိ တစ် ဖလား စသည် ဖြင့် လောင်း ချကာ မျက်နှာသုတ်ပဝါ ယူ သုတ် ၊ ဤတွင် ရေ ထက်ဝက် ချိုး ခြင်း ပြီး လေ၏ ။
စားပွဲ တွင် ထိုင်၍ ဘောလ်ပင် ကို ကိုင်ပြန်ပါ သော်လည်း ရေးစရာ တခြား ကဏ္ဍ စဉ်းစား၍ မရ ။ မကြာ သေး မီ က ရောက် လာသော စာများ အနက် ၄ / ၅ စောင် ပြန် ဖတ်ကြည့် ရာတွင် ...
"ဆရာ ... ရှင် ... ခင်ဗျား ”
( ဆရာ ရေး ရေး နေတဲ့ စူပါစတား ဆိုတဲ့ မင်းသား မင်းသမီးတွေ က ဘယ်သူတွေ လဲ ၊ သူတို့ နာမည် ကို ဘာလို့ ဖော် မရေးတာလဲ ... )
( အဲသလို အနုပညာရှင် အမည်ခံ ပြီး အနုပညာလောက ကို နာမည် ဖျက်နေတဲ့ “ စတား ” တွေကို ရုပ်ရှင် လောက ထဲ က ( ပ ) ထုတ်လို့ မရဘူးလား )
စသည် ဖြင့် ... စသည် ဖြင့် ... ရေးကြ မေးကြသည် ။
( အမိတို့ အမောင်တို့ ရေ .... ဒီလို ကိစ္စမျိုးတွေ ရေး ရာ မှာ နာမည်ရင်း တွေ ဖော်ပြလို့ မရဘူး ။ ဟုတ်သည့် မှန်သည့် တိုင်အောင် သူတို့ ဂုဏ် သရေ ထိခိုက်ပါတယ် ဆိုပြီး တရား စွဲ လို့ ရတယ် ) ။
( နောက် တစ်ချက် ဆရာ က
ကြောက်လို့ ဖော် မရေးတာ လား လို့ မေး ရင် လုံးဝ မကြောက်ဘူး ၊ ခက် တာက အဲသလို သူတို့ ကို မဟုတ်မတရား အသရေ ပျက်အောင် ရေး ပါတယ် ဆိုပြီး တရားစွဲ ရော ဆိုပါတော့ .. ဆရာ ရေးတဲ့ အတိုင်း မှန် နေကြောင်း အထောက်အထား ပြလို့ ဆရာ က နိုင် ရင်လဲ သူတို့ ကို ရုံးတော် က အပြစ်ဒဏ် မပေးနိုင်ဘူး ။ နောက်နောင် ဆင်ခြင်ပါ ဆိုတဲ့ သတိပေး စကား လောက် နဲ့ ကိစ္စ ပြီး ရော )
( အဲ ... ဆရာ က သက်သေ ထင်ရှား မပြ နိုင် လို့ သူတို့ မဟုတ်တာ မ ပေါ်လွင် ရင် တော့ ဆရာ ဒဏ်ရိုက် ခံရ မယ် ၊ ထောင်ဒဏ် နည်းနည်းပါးပါး တောင် ထိနိုင် ရုံ မက နစ်နာကြေး ပါ သူတို့ က တရားစွဲ တောင်း နိုင်သေးတယ် )
( အေး ... ကြောက်တာ မကြောက် တာ အပ , ထား အကြောင်း မထူးတဲ့ ကိစ္စ မှာ ကုန်မယ့် အချိန် တွေ စာ ထိုင် ရေး တာ ပို မကောင်းဘူးလား )
( ခု တော်တော်ကလေး တော့ ဆင်ခြင် လာ ကြပါပြီ ။ အဲ မရှက်တတ် မကြောက်တတ် သူ တချို့ ကတော့
လက်သီးလက်မောင်း တန်း နေဆဲ ပေါ့ ၊ အဲသလို လူစားတွေ ကတော့ သူ့ အရှိန် နဲ့ သူ လွင့် သွားမှာ ပါ ။ အရင်က လဲ မာန တစ်ခွဲသား နဲ့ မတရား လုပ်ခဲ့ကြ သူတွေ ခု ပြားပြား ဝပ် နေကြပြီ ကော ကွ ၊ ဒါလဲ နာမည် မ
ဖော်ပြ ကောင်းဘူး ၊ စာပေသစ္စာ ၊ စာပေသိက္ခာ ပေါ့ ကွာ တို့ ... )
ဤတွင် ဆက် ရေးရန် အတွက် အကြောင်း ရှာရ ပြန်သည် ။ တောင်တောင်မြောက်မြောက် စဉ်းစား နေ ဆဲ မှာ ပင် မြေး နှစ်ကောင် တက် လာပြီး မုန့် တောင်းသည် ။ ဝယ်ပြီး အဆင်သင့် မရှိ ။ ကုန် နေ သဖြင့် နို့မှုန့် ကို သကြား နှင့် ရော ၍ ပလပ်စတစ် အိတ်ကလေးများ ဖြင့် ထည့် ပေး လိုက်သည့် တိုင် အေးအေးလူလူ ဆင်း မသွားကြဘဲ သာဓု ကို မရအရ ဆွဲ ခေါ် ကြသည် ။
အောက်ထပ် ခြံ ထဲသို့ ရောက်သော် တစ်ဖက် ခြံ ထဲ သို့ လက်ညှိုး ထိုး ပြ၏ ။ ထိုမှာ ဘက် တွင် သင်္ကြန် ကျ ရန် ၉ ရက် ခန့် လိုသေး သော်လည်း ကလေးငယ် အချို့ ရေပြွတ်ကလေး များ ဖြင့် ပက် ကစား နေ ကြသည် ။
မြေးများ က ထိုလို ပြွတ်များ ဝယ် ပေးရန် ပူဆာ သဖြင့် သာဓု စိတ် မကောင်းခြင်း ကြီးစွာ ဖြစ် လိုက် ရသည် ။
အကြောင်း သော် နှစ်စဉ် နှစ်တိုင်း အခါ မတိုင်မီ ဆယ့်လေး ငါးရက် စော ပြီး ပလပ်စတစ် ပြွတ်ကလေးများ ကြိုတင် ဝယ် ပေး နေကျ ။ ဤ လ ဤ နှစ် တွင် မူ အလုပ် များ ၍ မေ့ နေ ခဲ့ချေသည် ။
သူတို့ ကို ချော့ ၍ နောက်နေ့ ဝယ် ပေးမည် ဖြစ်ကြောင်း ကတိ ပေးရင်း က သူတို့ နှင့် ရောယောင် ပါ သွားပြီး ဧည့်ခန်း ထဲ ဝင် မိသည် နှင့် ရုပ်မြင်သံကြား မှ နှစ်ပါးသွား လိုလို တေးဆို လှုပ်ရှားနေသည် များ ကို တွေ့လိုက်ရ သဖြင့် သူတို့ အမည်များ မေး ကြည့်ရာ သုမောင်ကတော် က မင်းသား အမည် မင်းသမီး က မည်သူ ဟု ရှင်းပြ၏ ။
သာဓု စိတ်အိုက် သွားသည် ။
စိတ် အိုက်သွား သည် ဆိုခြင်း ထက် ဒေါသ ဖြစ်မိသည် ဆိုက ပို၍ မှန်ပေ လိမ့်မည် ။ အမှန်လည်း ဒေါသ ဖြစ်
မိသည် ဆိုက ပို၍ မှန်ပေ လိမ့်မည် ။ အမှန်လည်း ဒေါသ ဖြစ်မိ ချေသည် ။
( ကရုဏာ ဒေါသော )
ထို စုံတွဲ ထဲ မှ တစ်ယောက် သည် သူ့ အမည် ကို နာမည်ကြီး စူပါစတား တစ်ဦး ၏ အမည် နှင့် မတိမ်းမယိမ်း တူအောင် မှည့် ထားသည် စိတ်ပျက် စရာ ကောင်းလှ သည် ။
ဤလို အမည် နှင့် ပတ်သက်၍ သာဓု ရေးခဲ့ဖူးပြီ ။ ( ရူမဝ ) တွင် ထင်၏ ။ ထို ဆောင်းပါး ကို ဖတ်လိုက် ရ၍ ဆင်ခြင်သူ လည်း ရှိမည် ၊ မဖတ် လိုက် မိ၍ အသိ လျော့နည်းကာ သူများ ယောင် ၍ လိုက် ယောင်သည် လည်း ရှိ ချင် ရှိမည် ။ တစ်နည်း အားဖြင့် သေသေချာချာ ဖတ်ပင် ဖတ်လိုက် ရစေကာ မူ အမှတ်တမဲ့ သဘော ထားလိုက် သူတို့ လည်း ရှိ ချင် ရှိချေမည် ။
ထားတော့ .. ။
ဆိုခဲ့သည့် အတိုင်း ကျော်ကြား နေသူ တစ်ဦးဦး နှင့် နာမည်ချင်း မကွဲမပြား အမည် ပေး လိုက် ရာ ၌ ရည်ရွယ်ချက် တစ်ခု ခု ရှိရ ပေမည် ။ ဥပမာ အားဖြင့် သာဓု တို့ ငယ်စဉ် က ခရုတံဆိပ် ပလေကပ်လုံချည် ဟူ၍ အလွန် ကျော်ကြား ခဲ့ရာ များ မကြာမီ ( ခရုပြားတံဆိပ် ) ဟူသော အမည် ဖြင့် နောက် တစ်မျိုး ပေါ်လာ သည် ။ ပထမ ခရုတံဆိပ် မှာ ( ခရု လုံး ) ၊ နောက် ပေါ် လာသည် ကား ( ခရုပြား ) ။
ဤတွင် ခရုပြားသမား က ခရုလုံး နာမည် ကျော် သဖြင့် သူတို့ က ခရုပြား လုပ် လိုက်လျှင် ( ခရု ) ပါ နေသော ကြောင့် အောင်မြင် ကျော်ကြားလိမ့် မည် ဟု အထင် ရှိနေ ခဲ့သည် မှာ အကြောင်း ရင်း ဖြစ်ချေသည် ။
( လုံးဝ ဆီလျော်ခြင်း မရှိသော အတွေးအထင် ။ )
နောက် ( ၂ ) နှစ် လောက် အတွင်း မှာ ပင် ထို ခရုပြား လုံချည်များ မြန်မာ အထည် ဈေးကွက် မှ ပျောက်ချက်သား ကောင်းသွား လေ တော့သည် ။ အကြောင်းသော် ကား ထို ခရုပြား လုံချည် အသား စားနား ညံ့သော ကြောင့် ။
သာဓု ငယ်စဉ် က ဟု အစ ဖော်မိ သ ဖြင့် သတိ ရ ပေသေးသည် ။ သာဓု သည် ၃ - ၄ နှစ်သား အရွယ် က ကြုံခဲ့ ကြားခဲ့ ရသည် များ ကို ယခုတိုင် မှတ်မိ နေသေး သဖြင့် တစ်ခါတစ်ရံ သာဓု ကိုယ်တိုင်ပင် သာဓု အံ့သြနေရ ချေ သေးသည် ။ ထိုစဉ်က လူကြီး ချင်း ပြောကြသော ( ဘိုင်အို စကုတ် ) ဟူ၍ လည်း ကောင်း ၊ ဓာတ်ရှင် အရိပ်ပြပွဲ စသည် ဖြင့် လည်းကောင်း ၊ ထိုထို အခေါ်အဝေါ် များ ကို နားထဲ တွင် စွဲ နေမိသေး၏ ။
မှိုင်းဝေဝေ ဟူသော ဇာတ်ကား သွား ကြည့် ကြစဉ်က လန်ချား ချင်း မျက်နှာချင်း ဆိုင် ဘီး ဘီး ချင်း ချိတ် မိ၍ သာဓု လန်ချား ပေါ် မှ လွင့် ကျပြီး မေးကွဲ သွား၍ ဓာတ်ရှင် မကြည့်ရဘဲ အိမ်ပြန် ရ သည် ကို လည်း မှတ်မိ နေသည် ။ သို့ ဖြစ်ပွားသည့် နေရာ မှာ ယခု ပပဝင်းရုံ ရှေ့ တွင် ဖြစ်၏ ။
နောက် ၂ ရက် ခန့် အကြာ တွင် အိမ်နီးချင်းများ က ခေါ် သွား ၍ “ မှိုင်းဝေဝေ ”
ကို ကြည့်လိုက်ရ သည် ။ မရေရာ ၊ ဇဝေဇဝါ ၊ တိတိကျကျ ဇာတ်လမ်း မသိ ။ သို့သော် ဇာတ်ကား မှ အခန်းများ ၊ မင်းသား မင်းသမီး များ ကို မှတ်မိ နေသည် ။
ရေနတ်သူ ဗိုလ်ဝ ၊ သားဗိုလ်ဝ ၊ မင်းခေါင် ၊ ဗိုလ်ဟိန်း စသည် ဖြင့် ပေါ်ပေါက် ခဲ့ရာ မှ ကုမ္ပဏီ တစ်ခု က ဗိုလ်တကာ့ ဘုရင် ဟု ရိုက် ထုတ်လိုက် သည် တွင် ( ဗိုလ် ) များ ပျောက်ကုန် ကြတော့သည် ။
ယခု ရေးမည့် အကြောင်းအရာ ကို တွေးခေါက်မိ ခဲ့သ ည် မှာ ကြာပြီ ဖြစ်သော် လည်း ရေး ရန် အခွင့်အလမ်း မ ကြုံခဲ့ဘဲ ယခုမှ အံဝင် လာ လေ တော့သည် ။
မြန်မာရုပ်ရှင် ဟူ၍ ဖြစ်ဖြစ်မြောက်မြောက် ပေါ်စက မင်းသား မောင်ဘဌေး ( ယခု မဟာဝိဇ္ဇာထိုရ် ဦးညီပု ) မင်းသမီး မအေးကြည် ( ခ ) မရီရီ ၊ နောက် မခင်သစ် စသည့် အမည်များ တဖြည်းဖြည်း နှင့် ပေါ် လာကြပြီး ရုပ်ရှင် လုပ်ငန်း ကျယ်ပြန့် လာသည် နှင့် အမျှ မင်းသမီး မင်းသား ဦးရေ လည်း ပွားများ လာသည် ။
ထိုစဉ် ရုပ်ရှင် ပေါ်စ အသံတိတ် စာတန်းထိုး ခေတ် က ရုပ်ရှင်ကို “ ဘိုင် အိုစကုတ် ၊ ဓာတ်ရှင် ၊ အရိပ် ပြပွဲ ” စသည် ဖြင့် အဆင့်ဆင့် ခေါ်ဝေါ် လာရာ မှ ( ရုပ်ရှင် ) အမည် တွင် တန့် သွား လေတော့သည် ။
သာဓု တိတိကျကျ သတိ ထား မိသ ည့် အချက် မှာ မင်းသား မောင်ဘဌေး ၊ မအေးကြည် တို့ နောက်ပိုင်း မင်းသမီး ၊ မင်းသား အမည် ပေး ရာတွင် ၎င်း အမည်များ နှင့် ဆင်တူရိုးမှား မှည့်ခေါ် ပြောင်းလဲ ခြင်း မရှိကြ သော်လည်း ဇာတ်လိုက် မင်းသား ‘ ဘတင့် ’ ဟူ၍ ခေတ်စား လာသောအခါ ဘမြင့် ၊ ဘချစ် တို့ ပေါ် လာကြသည် ။
မင်းသမီး တို့ တွင် လည်း ခင်ခင်ကြည် နာမည် ကြီး လာသည် နှင့် အမျှ ခင်ခင်ရီ ၊ ခင်ခင်အေး ၊ ခင်ခင်စိန် ၊ ခင်ခင်တင့် စသည် ဖြင့် ( ခင်ခင် ) တွေ တသီကြီး တိုး လာသည်
။
နောက်တစ်ဖန် မောင်မောင်အေး ၊ မောင်မောင်လေး ၊ ခင်အောင် ၊ ခင်မောင် ပြီး ဒိုင်ဗင် ၊ ကျွမ်းသမား ၊ မော်တော်ဆိုင်ကယ် စတန့်မင်းသား အဖြစ် မင်းသားသစ် ‘ ကျော်စိုး ’ ပေါ် လာသည် ။
ထို ကျော်စိုး ဆို သူ မှာ နိုင်ငံကျော် စာရေးဆရာကြီး ပီမိုးနင်း ၏ သား ဖြစ်လျက် ( ၁၀ နာရီ ) ဟူသော ဇာတ်ကား ဖြင့် ပွဲဦးထွက် လာရန် ဖြစ် သော် လည်း သူ ပါဝင် သော ထို ( ၁၀ နာရီ ) ဇာတ်ကား ကို ပင် ကြည့် မသွား ရ ရှာဘဲ တစ်နေ့ သော ၁၀ နာရီ အချိန် အတွင်း လောက် တွင် အချစ်ကိစ္စ ဖြင့် ဓားထိုး ခံရပြီး ကွယ်လွန် သွား ရ ရှာချေ၏ ။
၁၀ နာရီ ဇာတ်ကား လည်း ပို၍ နာမည် ကြီးသွား သကဲ့သို့ သူ သည် လည်း ၁၀ နာရီ ကျော်စိုး အဖြစ်
ရုပ်ရှင်ပရိသတ် တွင် တသသ စွဲမှတ် ကျန်ခဲ့ လျက် ၊ အလားတူ စတန့်မင်းသား တို့ အလျှို အလျှို ပေါ်လာချေ
လေတော့သည် ။
ကျော်မိုး ၊ ကျော်ဟိုး ၊ ထို့နောက် ကျော်တိုး ၊ ကျော်ရိုး ဟူ၍ မှည့်ရန် မကောင်းငြား ၊ အခြား စာလုံးလည်း ရှားပါး သဖြင့် လော မသိ ။ ‘ တင်ငွေ ’ အမည် ဖြင့် ဇော်ဝမ်း လို မင်းသားပုပု ကလေး ပေါ် လာပြီး ဆက်တိုက်ပင် တင်ဆွေ ၊ တင်ဖေ တို့ ပိတ်ကား ပေါ် ရောက်လာ ပြန် ချေ၏ ။
သာဓု အမြင် ၌ ထိုစဉ် ကာလ ရုပ်ရှင် ပေါ်စ ကပင် တစ်ဦး တစ် ယောက် နာမည် ကြီး လာ က ထို သူ ၏ နာမည် နှင့် မတိမ်းမယိမ်း အမည်များ မှည့်သည့် အလေ့အထ ထွန်းကား ခဲ့သည် ။
ဤလို အတုယူ အယောင်ဆောင် မှု မျိုး မပြုသင့် ။ မိမိ ၏ အစွမ်းအစ ကို သီးခြား အမည် ဖြင့် အားကိုး လျက် တစ်ကဏ္ဍ ဖွင့်ရန် ဟူသော သတိပေး ဆောင်းပါးမျိုး ရေးခဲ့ခြင်း မရှိ၍ လော မပြောတတ် ၊ ဆက်တိုက် ဆိုသလို ပင် ... ယနေ့ထိ ယင်း စနစ် ကို နောက်ယောင်ခံ လိုက် နေကြဆဲ ပင် ရှိနေ ချေသေးသည် ။
အားလုံး ကြားဖူးကြပါ ချိမ့်မည် ။ ယခု စိန်ညီအစ်ကို တို့ ၏ အဘိုး ဇာတ်မင်းသားကြီး ဘုရားတကာ ဦး ဖိုးစိန်( ဝါ ) ဂရိတ်ဖိုးစိန် ။
သူ့ လက်ထက် သူ့ ခေတ် ကလည်း “ စိန် ” တွေ မှို လို ပေါက်မျှ ဇာတ်မင်းသား တို့ ဗရပွ ပေါခဲ့ ဖူးသည် ။ နောက်ဆုံး၌ တစ်ယောက် သော ဇာတ်မင်းသား က မူ ခပ်ပြောင်ပြောင် ပင် ( ဒုတိယ ဖိုးစိန် ) ဟု အမည် တပ် ၍ ကပြခဲ့ ဖူးသည် ။
မှတ်မှတ်ရရ နားထဲ စွဲ နေခဲ့သည့် စကားရပ် တို့ မှာ ...
“ ခွေး,မသား နာမည် မှည့်စရာ ရှား သမို့လား ကွာ ။ ဒုတိယဖိုးစိန် တဲ့ ... ထွီ ဒီကောင် ဘယ်လောက် အက ကောင်းကောင်း ပထမ ဖိုးစိန် ဖြစ်လာ မှာ မဟုတ်ဘူး ။ ဒုတိယ ပဲ ။ ဖိုးစိန် ကို ကျော်တက်ဖို့ ဆိုတာတော့ ဝေးရော ”
သာဓု ငယ်စဉ် က ရန်ကုန် ၌ ကျောင်း ပိတ်လျှင် ပဲခူး ရှိ အဘိုးအဘွား များ ထံ သွား နေလေ့ ရှိ ရာမှ တစ်နေ့သ၌ မြင်းလှည်း တွင် ကြော်ငြာ ဆိုင်းဘုတ် တပ်၍ နှဲမှုတ် ဗုံ တီး လှည့် လာသည် ကို ကလေး သဘာဝ ကြော်ငြာ လိုက် တောင်းပြီး အလာ သာဓု အဘိုး က ယူ ကြည့်ပြီး အထက်ပါ အတိုင်း ရေရွတ် လိုက် ခြင်း ဖြစ်ချေ၏ ။
သာဓု သည် ဆိုခဲ့ပြီး အတိုင်း ၃ - ၄ နှစ် သား အရွယ်က ကြုံခဲ့ ကြားခဲ့ မြင်ခဲ့ ရသည် များကို မှတ်မိ နေတတ်သည့် နည်းတူ ပညာ အဖြစ် လည်း ယူ တတ်၏ ။ သေ သည့် တိုင် မေ့ပျောက်မည် မဟုတ် ။ မှတ်သား လောက်သည့် ( ဝါ ) ထူးခြားသည့် အကြောင်းအရာ ဆိုလျှင် စိတ်ဝင်စား တတ် သကဲ့သို့ မသိ လျှင် မရှင်း လျှင် လည်း ချက်ချင်း မေး တတ် လျှာရည် တတ် သဖြင့် အဘိုး က သာဓု ကို အလွန် သဘော ကျသည် ။ အထက်ပါ ကိစ္စ လည်း သာဓု နား မရှင်းသော ကြောင့် အဘိုး ကို ထပ် မေး ရာ...
“ ဥပမာကွာ မင်းတို့ ကျောင်း မှာ အပြေး ပြိုင်ကြမယ် ဆိုပါတော့ ။ အဲဒီ အချိန် မင်း ပါ ဝင်ပြေး ရင်း ...‘ ဒုတိယ ကွ ’ ‘ တတိယကွ ’ လို့ အော်ပြီး ပြေး မလား”
“ ဟာ ... အဘိုး ကလဲ ဗျာ ...‘ ပထမကွ ’ လို့ အော်မှာ ပေါ့ ”
“ အေး ... အဲဒါပဲ ၊ မင်း ‘ ဒုတိယ ကွ ’ လို့ အော်ပြီး ပြေးတယ် ဆိုပါတော့ ။ အဲဒါ ဒုတိယ နေရာ လောက် ရောက် နေရင် မင်း ကျေနပ် နေမယ် ၊ ရှေ့ တက် မှာ မဟုတ်ဘူး ၊ ရှင်းရဲ့လား ”
“ ဟုတ်ကဲ့ အဘိုး ”
“ အေး ...တစ်သက်လုံး မှတ်ထား ၊ ငါ့ မြေး ဘာ လုပ်လုပ် ထိပ်ဆုံး က နေ ထိပ်ဆုံး က သွား ၊ ဒုတိယ နဲ့ မကျေနပ် နဲ့ ၊ ကြားလား ”
“ ဟုတ်ကဲ့ ”
“ နောက်ဆုံး ကွာ သာရေး ၊ နာရေး ၊ သူတထူး အရေး ဆောင်ရွက် ရတဲ့ အခါ မှာ လဲ ရှေ့ဆုံး က နေ လုပ် ၊ ဒုတိယ နေရာ က အချောင် မခိုနဲ့ ”
သာဓု အသေအလဲ စွဲမှတ် ထားပါ၏ ။
ဤတွင် မှတ်မိသမျှ တွေးမိသမျှ အသိတရားကလေး ထောက်ပြ ချင်ပါသေး၏ ။ အခြား မဟုတ် ၊ ဇာတ် သဘင် နှင့် ပတ်သက်၍ ဝင်းဗိုလ် တို့ ကျော်ကြား လာသော အခါ အခြားသော ဇာတ်မင်းသား တို့ လိုက်၍ “ ဝင်း ” ကြ ပြန်သည် ။ စိန် ညီအစ်ကို တို့ လည်း “ စိန် ” ပေါင်း များ စွာဖြင့် တိုး နေ ခဲ့ရသည် ။
ထို့ပြင် တစ်ဝ ‘ ဝင်းဦး ’ ဟူ၍ တစ်ခေတ် ထ လာသော အခါ၌ လည်း လိုက်၍ “ ဝင်း ” ကြ ပြန်သည် ။ အချို့မူ ရှိပြီး အမည် ကို ပင် “ ဝင်း ” နှင့် ပြောင်း မှည့်သည် ။ “ ဇော် ” ခေတ်စား လာသော အခါ လိုက်၍ ‘ ဇော် ’ ကြပြီး ‘ ကျော် ’ အောင်မြင်လျှင် “ ကျော် ” လိုက်ကြပြန် ချေသည် ။
ဆင်တူရိုးမှား အမည် မှည့် ကြခြင်း ဖြင့် အောင်မြင်သူ လည်း ရှိသည် ကျဆုံးသူ လည်း ရှိကြသည် ။ အောင်မြင်သူ မှာ မိမိ ပင်ကို အရည်အသွေး ကြောင့် သာ အောင်မြင်ခြင်း ဖြစ်လျက် အမည် ချင်း ဆင်တူ သောကြောင့် လုံးဝ မဟုတ်သည် ကို သတိထား မိလေ၏ လော မပြောတတ် ။ ကျဆုံးသူ တို့ က လည်း မိမိတို့ ၏ ( အမည်အတု ) နှင့် အောင်မြင်မှု ဘာမျှ မဆိုင်သည် ကို သိကောင်း မှ သိချိမ့်မည် ။
ယခုအခါ ကျော်ဟိန်း သည် တစ်ဟုန်ထိုး ကျော်ကြား နေသည် ကို အကြောင်း ပြု၍ ( ဝင်းဟိန်း ) သို့မဟုတ် ( ဇော်ဟိန်း ) ဟူသော အမည် တစ်ခု တပ် ၍ ရုပ်ရှင်မင်းသား လုပ် ကြည့်ပါ ။ အမည် နှင့် အရည်အချင်း တို့ ၏ ခြားနားမှု ကို စကား ပြော လာလိမ့်မည် ။
သာဓု ငယ်စဉ် က ...
ဟဲ ...လာပြန်ချေပြီ ။ သာဓု အမှန် ပင် လာရချေ ဦးမည် ။ တတ်သိ သမျှ ၊ မှတ်မိ သမျှ ဖော်ပြ ချင် ပါ သေး၏ ။
သာဓု ငယ်စဉ်က သိမ်ကြီးဈေး နှင့် ကပ်လျက် ၂၅ လမ်း တွင် နေခဲ့ဖူး လျက် အမေ က သိမ်ကြီးဈေး တွင် အလှကုန်များ ဗန်းကလေး တွင် ဖြန့် တင်၍ ရောင်းသည် ။ မြူနီစီပါယ် လာ ဖမ်း လျှင် ပြေး ရသည် ။ သာဓု ကျောင်းပိတ် သော ရက်များ တွင် အမေ နှင့် ကူဖော်လောင်ဖက် ဈေး ဝိုင်း ရောင်းရသည် ။
သို့စဉ် တောနယ် မှ တက် လာသော လယ်သမား ဦးကြီး ၊ အဒေါ်ကြီး တို့ ယောင်လည်လည် ရောက် လာကြ လျှင် သာဓု က ( ဘာ အလို ရှိပါသလဲ ၊ ဝယ်ချင်တာ ပြောကြပါ ၊ အမျိုးမှန် ၊ ဈေးမှန် တဲ့ ဆိုင် ကို ပို့ပေးပါ့မယ် ) ဟု ဖောက်သည် စပ်၏ ။
ကလေးသူငယ် ဖြစ် သောကြောင့် လူရှုပ် လူပွေ မထင်ဘဲ သူတို့ ဝယ်လို သည့် ကုန် ကို ပြော၏ ။ သာဓု က လိုက်ပို့ ပေး၏ ။ အရောင်းအဝယ် ဖြစ် သွား က ထို ဆိုင်မှ ပွဲခ ရသည် ။ တစ်နေ့တွင် ကု,လားအထည်ဆိုင် ကြီး တွင် ပုလိပ်အရာရှိများ နှင့် အရပ်သား အချို့ တို့ အထည်အုပ်များ ကို စစ်ဆေး ရေးမှတ် နေ သောကြောင့် သာဓု ဝါသနာ အတိုင်း နီးစပ်ရာ တွင် စပ်စု တော့၏ ။
အခင်း အဖြစ် သည် ကား ...
ထိုစဉ်က အင်္ဂလိပ်လူမျိုး ပိုင် အထည်တိုက်ကြီး တစ်တိုက် သည် သမင်တံဆိပ် ဟူ၍ ပဒုမ္မာ ပိတ်အုပ် ထုတ်လုပ် ရောင်းချရာ အလွန် ကျော်ကြား ၊ လူကြိုက်များ သည် ကို အကြောင်း ပြု၍ အဆိုပါ ကု,လား အထည်ဆိုင်ကြီး က သမင်နှစ်ကောင် တံဆိပ် အမည် တပ်ပြီး ရောင်း၏ ။ အင်္ဂလိပ်တိုက် သမင် တစ်ကောင် တည်း ၊ ကုလား က နှစ်ကောင် ဟု ဆို သော်လည်း အနီးကပ် အကောင် မှာ အင်္ဂလိပ်တိုက် ၏ တံဆိပ် နှင့် ဆင်တူ ဖြစ်လျက် အခြား တစ်ကောင် မှာ အဝေး မှ မြင် ရသည့် သဏ္ဌာန် အကောင် သေးသေး ပုံဖော် ထား သည် ။ အမှတ်မဲ့ ကြည့် လျှင် သမင်တံဆိပ် ချင်း မှား နိုင်သည် ။
ဤသည် ကို အင်္ဂလိပ်တိုက် က အတု ပြုလုပ်မှုဖြင့် တရား စွဲသည် ။ ဆိုင်ရာ အမိန့် အရ လာရောက် စစ်ဆေး စာရင်း ယူ ကြသည် ။
နောက်ဆုံးတွင် ထို အမှု ၌ ကု,လား က ရှုံး သဖြင့် သမင် နှစ်ကောင် တံဆိပ် ဖျက်လိုက်ရ ရုံ မျှ မက လျော်ကြေးပင် သောင်းချီ ၍ ပေးလိုက်ရချေ၏ ။
အတု ဖြစ်သော သမင်နှစ်ကောင် ပဒုမ္မာ သည် မူလ လက်ဟောင်း သမင်တစ်ကောင် ထက် ပို၍ လူကြိုက် များ နေသော်လည်း သမင် တံဆိပ် သုံးပိုင်ခွင့် မရှိတော့ ၍ " ငွေသော့ " တံဆိပ် ဟု အမည် တပ် ရောင်းချသော အခါ မူလ လက်ဟောင်း သမင်တံဆိပ် ထက် သုံးဆ မျှ ပို၍ အရောင်း သွက် ခဲ့ကြောင်း မှတ်သားမိ ဖူး၏ ။
အကြောင်းစုံ ကို ပေါင်းခြုံ စစ်ထုတ် လိုက်သော အခါ အတု ဖြစ်သော သမင်နှစ်ကောင်တံဆိပ် ပဒုမ္မာ ပိတ် က မူလ လက်ဟောင်း ထက် အသား စားနား ပို ကောင်း နေ၍ ( ထင်ပေါ် သဖြင့် စင်တော် က ကောက် ) လူကြိုက် များ ခဲ့ခြင်း ဖြစ်ချေ၏ ။
ဤသည် မှာ စီးပွားရေး နှင့် ပတ်သက်သော ( အတုအပ ) ဖြစ်ရာ ယင်း ကဲ့သို့သော ပြဿနာများ ယနေ့ တိုင် ရှိနေသည် ။ ရောင်းကုန် ဝယ်ကုန် ရှိနေ သ၍ ထို ( အတုအပ ) ကိစ္စ ရှိနေ ဦးမည် သာ ။
သို့သော် တေးဂီတ ၊ သဘင် ၊ စာပေ ၊ ရုပ်ရှင် ၊ ပန်းချီ စသည့် အနုပညာလောက တွင် ကား ယင်း ကဲ့သို့သော ( အတုအပ ) များ မရှိသင့် မရှိအပ် ။ အပြတ် ရှင်းရန် အချိန် တန် ချေပြီ ။
( ၁၀ - ၄ - ၈၆ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
မေ ၊ ၁၉၈၆
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment