Thursday, August 10, 2023

သူ့ ကို မြင် ချစ်ချင်သည်


 ❝ သူ့ ကို မြင် ချစ်ချင်သည် ❞ 


နံနက် အိပ်ရာ ထ ပြတင်းပေါက် ကို ဖွင့် လိုက်သည် ။ ပြတင်းပေါက် တွင် ရပ် ၍ အဝေး သို့ ငေးမျှော် လိုက်သော အခါ ရှုခင်း သည် စိတ် ကို ကြည်လင်စေသည် ။ အိမ်ပြတင်း နံဘေး လမ်းမကြီး တစ်ဖက် တွင် စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန် တို့ သည် စိတ်ကြည်နူး ဖွယ်ရာ ဖန်တီးလျက် ရှိသည် ။


နံနက်ခင်း ၏ လတ်ဆတ်သော လေ ကို ရှူခြင်း က လည်း အားသစ်လောင်း သလို ရှိလှသည် ။ နံနက် အိပ်ရာ ထ ကတည်း က ပြတင်းပေါက် တွင် ရပ်၍ ငေး နေသည် မှာ “ ကေသီခိုင် ” တစ်ယောက် လမ်း ပေါ် တွင် လျှောက်သွားသည် အထိ ဖြစ်သည် ။ ကေသီခိုင် သည် အချိန်မှန် သည် လမ်း ကို ဖြတ်သွား တတ်သည် ။ ကေသီခိုင်  ကို တငေးတမော ကြည့် ကျန်ရစ် ခဲ့သည် မှာ ကေသီခိုင် ကွယ်ပျောက်သွားသည် အထိ ဖြစ်သည် ။ သည်တော့မှ ပင် ပြတင်း ပေါက် တံခါး ကို ပိတ် လိုက် ရ လေသည် ။


အစကတော့ ကေသီခိုင် ကို မသိ ။ ကေသီခိုင် အလှ သည် တပ်မက်ဖွယ် ကောင်းလှ သည် ။ နူးညံ့သော နဖူးပြင် ပေါ် သို့ ဆံယဉ်စလေးများ ကျသည် မှာ ချစ်စဖွယ် ကောင်းလှ သည် ။ ပါးပြင် နှင့် လည်တိုင်များ တွင် အကြောစိမ်းကြီးများ ပင် အထင်းသား ပေါ်နေ သည် ။ မှည့် ၍ ဝင်းနေသော မျက်လုံးကြီးများ က အဖမ်းစားနိုင်ဆုံး ဖြစ်သည် ။ ခပ်ရွရွ ကလေး ခြေလှမ်း သွား တိုင်း ကျစ်ကျစ်လျစ်လျစ် လှုပ်သွား တတ်သော တင်သားများ က စိတ် ကို အလိုလို ထိခိုက် သွားတတ်သည် ။


ကေသီခိုင် ကို တစ်ခါ မြင် လိုက်မိ ကတည်း က မနက် တိုင်း မျှော် မိသည် ။ ကေသီခိုင် သည် မနက်တိုင်း ပင် အချိန် မှန် လျှောက် လာ တတ်သည် ။ ကြာတော့ လည်း ကေသီခိုင့် အတွက် ပြတင်းတံခါး ကို  ဖွင့်ရ သလို ဖြစ်လာသည် ။


ပြတင်း တည့်တည့် သို့ ရောက်တိုင်း ကေသီခိုင် သည် အနည်းငယ် စောင်းငဲ့ ၍ ကြည့် တတ်သည် ။ သည်တော့ လည်း ကျွန်တော့် မျက်လုံး များ နှင့် ကေသီခိုင် မျက်လုံး များ က ဆုံမိကြသည် ။ ကေသီခိုင် မျက်လုံး များ က အရောင် တဖျတ်ဖျတ် တောက် နေ သလား ဆင်ရသည် ။


အိမ် ကို လွန်၍ လျှောက်သွား သော ကေသီခိုင် ကို ငေးကြည့် မိ တိုင်း ကျွန်တော့် ရင် များ ကတုန်ကယင် ဖြစ်ရသည် ။ ကြာ တော့ လည်း ကေသီခိုင် ကို ပင် စွဲလမ်း သလို ဖြစ်လာခဲ့ သည် ။


တစ်နေ့ နံနက် တွင် မူ ကေသီခိုင့် လက်ဆွဲပလတ်စတစ်အိတ် ထဲ မှ စာရွက်ခေါက် ကလေး လွင့်ကျ သွား သည် ကို ကျွန်တော် လှမ်း မြင် လိုက်သည် ။


“ ကလေး ရေ စာရွက်ကလေး ထင်တယ် ကွယ့် ။ လွင့် သွားပြီ ”


ကျွန်တော် လှမ်း ပြော လိုက်တော့ မှ ပင် သူ့ ခြေလမ်းများ တုံ့ရပ် သွားသည် ။ 


“ ဪ ဟုတ်ပါရဲ့ ။ ကျေးဇူး တင်ပါ တယ် အန်ကယ် ”


အန်ကယ် ဟု အခေါ် ခံ လိုက်ရသော အခါ ကျွန်တော့် ရင်များ နင့် သွား မိသည် ။ ရင် တွင်း က သာ နင့် သွား မိ သော်လည်း သူ့ အပြုံး နှင့် သူ့ အသံ ကို ကြား လိုက်ရခြင်း သည် နှလုံးသားများ အေးချမ်း သလို ရှိ လှသည် ။


သည်နေ့ မှ စ၍ တစ်ယောက် ကို တစ်ယောက် ပိုမို၍ ဂရုစိုက် မိကြသည် ။ ဖြတ် ၍ လျှောက်သွားတိုင်း ပြုံး ၍ ကြည့် သွား တတ်သည် ။ တစ်ခါတစ်ရံ ကျွန်တော် က ပင် စ၍ နှုတ်ဆက် တတ်သည် ။ ကေသီခိုင် ဟူသော အမည် ကို သိသော နေ့ က စ၍ ကေသီ ဟု ပင် ကျွန်တော် ခေါ်ခဲ့သည် ။ ကေသီ က မူ အန်ကယ် အခေါ် က ပင် ပြောင်းလဲခြင်း မရှိ ။


ကေသီ ကို မတွေ့ ရသော နံနက်များ တွင် ကျွန်တော့် ရင် ထဲ ဟာတာတာ ဖြစ်နေ တတ်သည် ။ နောက် တစ်နေ့ တွေ့ ရသော အခါတွင် ဣန္ဒြေ မဆည်နိုင်တော့ချေ ။ 


“ ဟေး မနေ့ က မတွေ့ပါလား ကေသီ ”


“ ဟုတ်ကဲ့ အန်ကယ် ။ မနေ့ က ကေသီ အပြင် မထွက်ဘူး ”


စကား ပြောတိုင်း ပြုံး လိုက်သော ကေသီ့ အပြုံး သည် သန်းခေါင်ကျော် တစ်ရေးနိုး မှာ ပင် မြင်မိ တတ်သည် ။ သည်မျှ အထိ ကျွန်တော့် စိတ် ကို လွှမ်းမိုး လာသော ကေသီ နှင့် ကျွန် တော် ရင်းနှီး လာသော အခါ ကေသီ သည် ကျွန်တော် အိမ် သို့ပ င် ဝင်ထွက် လာ ခဲ့တော့သည် ။ 


ကျွန်တော် ကေသီ ကို ကြည်နူးစွဲလမ်း နေ မိ သည် ကို ကား သူ့ ခမျာ သိမည် မဟုတ် ။ ကျွန်တော့် အပေါ် တွင် ခင်မင်စရာ လူကြီး တစ်ယောက် အဖြစ် ခင်မင် လာခဲ့သည် ။ တကယ် နီးနီးကပ် ပေါင်းကြည့် တော့ လည်း ကေသီ ၏ ကလေးဆိုး ဆန် တတ်ခြင်းများ ပို၍ ချစ်စရာ ကောင်း လာသည် ။


“ အန်ကယ် က အတီးအမှုတ် လည်း တတ် တယ်နော် ။ အန်ကယ့် ကို ဘယ်သူ ထမင်း ချက် ကျွေးလဲ ”


ကေသီ သည် နံရံ မှာ ချိတ် ထားသော တယော နှင့် မယ်ဒလင် ကို ကြည့် ၍ မေးလိုက်သည် ။


“ ထမင်း ပဲ ကွ ကိုယ့် ဟာ ကိုယ် ချက် စား တာပေါ့ တစ်ယောက်တည်း နေတော့ ရှင်း တာပေါ့ ထမင်း ဆာရင် ထမင်းချက် စားတယ် ။ တယော ထိုး ချင် တယော ထိုးတယ် ။ မယ်ဒလင် တီးချင် မယ်ဒလင် တီးတယ် ။ ပတ္တလား တီးချင် လည်း ပတ္တလား တီးတာပဲ ။ ဟိုမှာ ကြည့် ”


အိပ်ရာ ဘေး မှ ဝါးပတ္တလားကြီး ကို ပြ လိုက်သောအခါ ကေသီ သည် ပို၍ အံ့ဩ တကြီး ဖြစ်သွားသည် ။


“ ဟာ ဟိုမှာ လည်း ပတ္တလားကြီး ။ ဟင် ပတ္တလား ဘေး မှာ လည်း အရက်ပုလင်း ကြီး နဲ့ ”


ကေသီ သည် အရက်ပုလင်း ကို မြင်သည် နှင့် ပင် မျက်နှာ ကို တအား ရှုံ့ လိုက်သည် ။ 


“ ဒါတွေက ကိုယ့် အဖော်တွေ ပေါ့ ကေသီ အရက်သောက်တာ ကေသီ မကြိုက် ဘူးလား ”


“ ဟင် ကြိုက်ပေါင် ”


ကေသီ့ နှုတ်ခမ်းများ သည် စု ၍ ချွန် ထားသည် ။ သည်လို ဆိုတော့ လည်း တစ်မျိုးပင် ကြည့်ကောင်း နေပြန်တော့သည် ။


“ အေးဟေ့ ။ ခုလို မင်း နှုတ်ခမ်း စူထားတာ က အတော် ကြည့်ကောင်းတယ်ကွ ။ ဒီ အတိုင်း နေစမ်း ဓာတ်ပုံ ရိုက်ရအောင် ”


စားပွဲ ပေါ် မှ ကင်မရာ ကို ဆွဲယူ လိုက်သောအခါ ကေသီ ပို၍ အံ့သြ ပြန်တော့သည် ။ 


“ ဟင် အန်ကယ့် အိမ် ကလည်း ပျော်စရာကြီး ပဲ ။ ရှိလိုက်တာတွေ လည်း စုံ နေ တော့ တာပဲ ။ နောက် ဘာတွေ ရှိသေးလဲ ”


ကေသီ သည် ကျွန်တော့် အခန်းကို စိတ်ဝင်စား လာသည် ။ ဓာတ်ပုံ ရိုက် ခံရသော အခါ ပို၍ ကျေနပ် လာသည် ။


“ ကေသီ ခဏ ခဏ လာ လည်မယ်နော် ။ အန်ကယ် စိတ် မဆိုးဘူး မဟုတ်လား ”


ကေသီ ကို မြင် နေရသည့် ကျွန်တော် အလိုလို ကြည်နူး မိသည် ။ စကား ကို ပင် များများ မပြော နိုင်ဘဲ ခေါင်း ကို သာ ညိတ်ပြ ရသည် ။


“ ဓာတ်ပုံလှလှလေးတွေ ရိုက် ပေး ရ မယ် ။ ကေသီ သီချင်း လည်း ဆိုချင်တယ် အန်ကယ် ရယ် ”


“  ကေသီ ”


“ ဟင် အန်ကယ် ”


“ ဟေး သိပ် လှတယ် ။ ရုပ်ရှင်မင်းသမီး လုပ်ရင်လည်း ခဏ နဲ့ နာမည် ကျော် သွား မှာပဲ ။ အသံ လည်း ကောင်းတယ် ။ အဆိုတော် လုပ် ရင်လည်း အောင်မြင်မှာပဲ ”  


“ အိုး တကယ် ပြောတာလား အန်ကယ် ဟင် ”


ကေသီ သည် နိမ့်ချည် မြင့်ချည် မောက်ကြွတက် နေသော ရင် ကို လက်ဝါး ဖြင့် ဖိကာ မျက်လုံးများ က ဝိုင်းဝိုင်း လည် နေသည် ဟု ထင် ရသည် ။


“ တကယ် ပြောတာပေါ့ ကေသီ ။ ကေသီ ကို အကုန် သင် ပေးမယ် ။ အဆိုတော် ဖြစ်အောင် လည်း လုပ်ပေးမယ် ဟုတ်လား ”


ကေသီ သည် စကား ပင် မပြောနိုင်တော့ ဘဲ ဝိုင်းဝိုင်းလည် နေသည် ထင် ရသော မျက်လုံးကြီးများ က သာ ကျွန်တော့် ကို မျက်တောင် မခတ် စိုက်ကြည့် နေ တော့သည် ။


ကျွန်တော့် ထံ သို့ ကေသီ ရောက် လာတိုင်း ပျော်ရွှင်ချမ်းမြေ့ ရ သလို ကေသီ ပြန်သွား သော အခါ မျိုး တွင် လည်း ကျွန်တော့် ရင်များ ဟာတိဟာတာ ကျန်ရစ်ခဲ့ရသည် ။ ကိုယ့် စိတ် ကို ပင် ကိုယ် အတန်တန် ထိန်းထားသည့် ကြား က ပင် တစ်နေ့ တွင် စကား တစ်ခွန်း လွန်သွားမိသည် ။


“  ကေသီ ”


“ ဟုတ်ကဲ့ အန်ကယ် ”


ကေသီ က ချစ်စဖွယ် ပြန် ၍ ထူး လိုက် သော်လည်း ကျွန်တော့် အသံ မှာ ဆက်ထွက် မလာနိုင်အောင် ရှိ တော့သည် ။


“ ဘာလဲ အန်ကယ် ဘာ ပြော မလို့လဲ ”


“ ကေသီ ကို ကိုယ် တစ်ခု ပြော ချင်တယ် ”


“ ပြောပါ အန်ကယ် ။ ပြောလေ ”


ကျွန်တော့် အသံ ကား ထွက် မလာချေ ။ ကျွန်တော့် အာခေါင်များ သည် ပူလောင် လောင် ဖြစ်လာသည် ။ ခြောက်သွေ့ လာသည် ။ ရင် ထဲ က လည်း ပူ တက် လာသည် ။ မပြည့်ဝ သော ဆန္ဒ သည် တုန်ယင် လှိုက်လှဲ လာ တော့သည် ။


“ ဟင် ပြောမယ် ဆိုပြီး ပြော လည်း ပြောဘူး ”


ကေသီ က အသံအုပ်အုပ် နှင့် ပြော လိုက်ပြီး နှုတ်ခမ်း စူ လိုက်သည် ။ 


“ အေးကွာ ပြောတော့ ပြောမယ် ။ ဒါပေမဲ့ ခု မပြောသေးဘူး ။ တစ်နေ့နေ့ ပြောမယ် ဟုတ်လား ”


“ ဟင် အန်ကယ် က သိပ် မုန်းဖို့ ကောင်းတာပဲ ”


မပွင့်တပွင့် နှုတ်ခမ်းစု ပြောတက်သော ကေသီ အမူအရာ ကို ကျွန်တော့် မျက်လုံး အစုံ က ပင် ဖျောက် မရ နိုင်တော့ ချေ ။


တစ်နေ့ တွင် ကျွန်တော့် ထံ သို့ ကေသီ အစောကြီး ရောက် လာခဲ့သည် ။ 


“ အန်ကယ့် ကို လာ ခေါ်တာ ဒက်ဒီ က တွေ့ချင်တယ် တဲ့ ”


“ ဟောဗျာ ။ မင်း အဖေ က ဘယ်လို လုပ် သိလဲ ”


“ မာရီ ပြောပြတာပေါ့ ။ အန်ကယ် တစ်ယောက် တည်း နေတဲ့ အကြောင်း ။ အန်ကယ့် အိမ် မှာ တယောတွေ ၊ မယ်ဒလင်တွေ ၊ ပတ္တလားတွေ ၊ ကင်မရာတွေ ရှိတဲ့ အကြောင်း ၊ အရက်ပုလင်းတွေ ပါ ရှိတဲ့ အကြောင်းပါ ပြောပြတာ ပေါ့ ”


“ အဲတော့ ကေသီ ဖေဖေ က ဒီ အိမ် ကို နောက် မသွားရဘူးလို့ မပြောဘူးလား ”  


“ ဟင် ဘယ် ပြောမလဲ ။ အဲဒါ အနုပညာသမား ပီသတဲ့ လူ တဲ့ ။ သူ လည်း အနုပညာ ဝါသနာ ပါတယ်တဲ့ ။ အိမ် ကို ခေါ် ခဲ့ပါတဲ့ ။ နက်ဖြန်လာခဲ့မယ် မဟုတ်လား ။ ဟုတ်လားဟင် ”


ကျွန်တော် က ခေါင်း ကို သာ ညိတ်ပြ လိုက်သည် ။ သည်တော့ လည်း ကေသီ သည် ငှက်မလေး လို မြူး လာတော့သည် ။


“ ဒါပဲနော် ဆက်ဆက် လာ နော် ”


ကေသီခိုင် သည် အပျံသင် ငှက်မများ ပျံတက် သွားသလိုပင် ခုန်ပေါက် ပြေး လွှား ထွက်သွား တော့သည် ။


နောက် တစ်နေ့ နံနက်ခင်း တွင် ကေသီခိုင် တို့ အိမ် သို့ ကျွန်တော် ရောက်လာခဲ့သည် ။ ကေသီ သည် အိမ်မျက်နှာစာ ဝ က ဆီးကြို စောင့်မျှော် လျက် ရှိသည် ။


“ လာမှ လာပါ့မလား လို့ အန်ကယ် ရယ် ။ မျှော် လိုက်ရတာ ”


“ ဟ ၊ လာမယ် ဆိုတဲ့ နောက် မလာဘဲ ဘယ် နေပါ့မလဲ ဟ ” 


“ ဒက်ဒီ ၊ ဟောဒီမယ် အန်ကယ် လေ ”


“ အေး လာ ဟေ့ ၊ အေးအေးဆေးဆေး စကား ပြောရအောင် ကွာ ”


ကေသီခိုင် ဖခင် သည် အသက် ၆၀ ကျော် လောက် ရှိပေပြီ ။ လူကြီး တစ်ယောက် က ရင်းရင်းနှီးနှီး နှုတ်ဆက် စကား ပြော လိုက်သောအခါ ကျွန်တော် က လည်း အရိုအသေ ပြု၍ အနီး ဝင် ထိုင်လိုက်သည် ။ သို့သော် ကျွန်တော့် မျက်လုံးများ သည် ကေသီခိုင် ဖခင် ထံ မှ တစ် နေရာသို့ ရောက် သွားတော့သည် ။


ကေသီခိုင် နှင့် တူသော မိန်းမ တစ်ဦး သည် လှပစွာ ဝတ်စား ပြင်ဆင် ထားသည် ။ အပြင်သို့ သွားရန် အတွက် ပြင်ဆင်ထားသည် ဟု ထင်မှတ် ရသည် ။ ကေသီခိုင် ကို သေသေချာချာ ကြည့်တော့ မှ လည်း ကေသီခိုင် ကိုယ်တိုင်ပင် ဝတ်စား ပြင်ဆင် ထားကြောင်း သတိ ပြု လိုက်မိသည် ။


အဝတ်အစားတွေ က လည်း ဆင်တူ ဝတ် ထားကြသည် ။ ကေသီခိုင် နှင့် လည်း တစ်ပုံ တည်း တူ လှသည် ။ ကေသီခိုင် ထက် အသက်ကြီးခြင်း မျှ လောက် သာ ကွာသည် ။ ကေသီခိုင် ၏ အကြီး ဖြစ်လိမ့်မည် ဟု ပင် ကျွန်တော် ထင် လိုက်သည် ။


“ အေးကွယ့် ၊ မောင့် အကြောင်း တော့ သမီး က အိမ်မယ် ခဏခဏ ပြောနေတာပဲ ။ သမီး က ဒါလောက် ခင်တယ် ဆိုတော့ လည်း ဦး က ပါ တွေ့ ချင်စိတ် ပေါက် လာတယ် ။ ဒါနဲ့ မောင် က အနုပညာသမား ပဲ ထင်ပါ ရဲ့ ”


ကျွန်တော့် မျက်လုံးများ သည် အဘိုးကြီး ဘက် သို့ ပြောင်း လိုက်ရသည် ။ 


“ ဟုတ်ကဲ့ ကျွန်တော် သီချင်း ရေးပါတယ် ။ ကိုယ်တိုင်လည်း တီး ပါတယ် ။ တခါတလေ ကိုယ့် သီချင်း ကိုယ် အသံ သွင်းပါတယ် ”


“ အေးလေ ဦး လည်း တွက်ပြီးသားပါပဲ ”


အဘိုးကြီး သည် ဆေးပေါ့လိပ်တိုကြီး ကို မီးညှိ လိုက်သည် ။


“ မောင် လည်း ဆေးပေါ့လိပ် ကြိုက်မယ် ထင်ပါရဲ့ ”


“ ဟုတ်ကဲ့ ”


ကျွန်တော် က လည်း ဆေးပေါ့လိပ်ခွက် ထဲ မှ ဆေးပေါ့လိပ်ကြီး တစ်လိပ် ကို ကောက်ကိုင် လိုက်သည် ။


“ အေးကွယ် တို့ နှစ်ယောက် ပဲ အေးအေးဆေးဆေး စကား ပြော ကျန်မှာပ ။ သူတို့ ကတော့ ရုပ်ရှင် အမီ သွားကြ မှာ ”


အဘိုးကြီး မေးငေါ့ ပြော လိုက်တော့ မှ ပင် ရဲရဲတင်းတင်း ကြည့်ခွင့် ရ လိုက်သည် ။ မိန်းမချောကြီး သည် အသက် သုံးဆယ်ကျော် လောက် ပင် ရှိ လိမ့်မည် ။ အသက် သုံးဆယ် ကျော် ဆိုတော့လည်း ကေသီခိုင် နှင့် အသက် ကွာ လှသည် ။ ညီအစ်မ ဖြစ်ရန် လည်း မလွယ်ချေ ။


“ အန်ကယ် အပူ သောက်မလား ။ အအေး သောက်မလား ”


ကေသီခိုင် က အနား သို့ တိုးကပ် လာခဲ့သည် ။


“ ဟဲ့ သမီး ရဲ့ သင့်တော် သလို လုပ် ပေါ့ကွယ့် ။ ဒီလို မေးလို့ ဘယ် ကောင်းပါ့မလဲ ” 


“ အိုး ဒက်ဒီ က လည်း မရင်းနှီး တဲ့ ဧည့်သည် မှ မဟုတ်တာ ”


ကျွန်တော် ရှေ့ တွင် မကြာခဏ စူတတ်သော နှုတ်ခမ်း ကို သူ့ အဖေ ရှေ့ တွင်လည်း

စူ လိုက်သည် ။


“ ဟေ ၊ ရေနွေးကြမ်း လောက် ရရင် တော်ပါပြီ ကေသီ ”


ကေသီ သည် အိမ်ခန်း တွင်း သို့ ခါးလေး ကော့ကာ လိမ်ကာ ဖြင့် ဝင်သွား၏ ။ ပြန် ထွက်လာသောအခါ ကော်ဖီ နှစ်ခွက် နှင့် ရေနွေးကြမ်း တစ်အိုး ပါ လာ၏ ။ ကျွန်တော် နှင့် အဘိုးကြီး ကား စကား လက်ဆုံ ကျစ ပြုပေပြီ ။


မကြာခင် မော်တော်ကား တစ်စီး ဆိုက်သံ ကြားရ၏ ။ မိန်းမချောကြီး သည် အပေါက်ဝ သို့ ပြေးထွက် ကြို လိုက်သည် ။


“ ကိုကို ရေ တင်မောင်ထွန်း လာပြီ ။ သွားတော့မယ် နော် ”


မိန်းမချောကြီး က အဘိုးကြီး ဘက် သို့ လှည့် ၍ ပြောလိုက်သော အခါ အဘိုးကြီး က လည်း လှည့်၍ ပင် ကြည့်တော့ဘဲ “ သွား သွား ” ဟု သာ ကြားဖြတ် ၍ တိုပြတ်ပြတ် ပြော လိုက်သည် ။


“ အန်ကယ် ရေ ၊ ဒက်ဒီ နဲ့ စကား ပြောရစ် နော် ။ ကေသီ တော့ မာမီ တို့ နဲ့ လိုက်သွားဦးမယ် ”


ခုမှပင် ရင်တွင်း ၌ လင်း သွားရတော့သည် ။ ကေသီ နှင့် တူသော မိန်းမချော ကား ကေသီ့ မိခင် ပင် ဖြစ်တော့သည် ။


ကေသီ တို့ သား အမိ သည် အတူ ယှဉ်၍ အိမ် ပေါ်မှ လှမ်း ဆင်း လိုက်ကြသော အခါ ကား နှင့် အကြို ရောက်သူ က ကားတံခါး အသင့် ဖွင့် ပေး လိုက်သည် ။


မော်တော်ကား ထွက်သွားသော အခါ အဘိုးကြီး သည် ကျွန်တော် နှင့် စကား ပြော နေရာ က ပင် မော်တော်ကား ဆီသို့ လှမ်းမျှော် ကြည့် လိုက်သည် ။ အဘိုးကြီး သည် အေးအေးဆေးဆေး နှင့် စကား အတော် ပြောသူ ဖြစ်သည် ။ အချို့ မှတ်သားစရာများ လည်း အမြောက် အမြား ပင် ပါရှိသည် ။


အဘိုးကြီး နှင့် ဇနီး တို့ ၏ အသက် မှာ အနည်းဆုံး အနှစ် ၂၀ လောက် ကွာခြား လိမ့်မည် ထင်မှတ် ရသည် ။ စကား အဆက် မပြတ် ပြောရင်း မှ အိမ်ထောင်ရေး အကြောင်း များ ပါလာခဲ့သည် ။


“ အေးဟဲ့ ။ ဒါနဲ့ စကားမစပ် မောင် က အိမ်ထောင် လည်း မရှိဘူး ထင်တယ် ” 


“ ဟုတ်ကဲ့ တစ်ယောက် တည်း သမား ပါ ဦး ”


“ တစ်ခုတော့ ရှိတယ် ဟေ့ ။ အိမ်ထောင် ပြုလို့များ ရှိ ရင်တော့ ဘယ်တော့ မှ ကိုယ့် ထက် အသက် ငယ် တဲ့ မိန်းမ ကို ယူ ဖို့ စိတ်မကူး နဲ့ မောင် ရေ ”


ကျွန်တော် သည် ငြိမ်သက်စွာ ပင် နားစိုက် ထောင် မိသည် ။ အသက် ငယ်ငယ် မိန်းမ ယူထား သူ လူကြီး တစ်ယောက် ပြော စကား ဖြစ်၍လည်း ပို ၍ ဂရုစိုက် မိသည် ။


“ အသက် ငယ်ငယ် ယူ မိတဲ့ ယောက်ျား တိုင်း ဟာ တစ်နေ့ နေ့ စိတ် ဒုက္ခ တွေ့ ရ တတ် တာပဲ ။ မင်း စဉ်းစား ကြည့်လေ ။ လောက မှာ တစ်ယောက် နဲ့ တစ်ယောက် မေတ္တာ ဘယ် လောက် ရှိပါတယ် ၊ စေတနာ ဘယ်လောက် ထား ပါ တယ် ။ မေတ္တာစွမ်းပကား ကြီးမားလှ ပါတယ် ဆိုတာတွေ ဟာ အပြောတွေ ချည်းပါကွာ ”


“ သံယောဇဉ် တို့ ၊ မေတ္တာ ၊ ကရုဏာ မုဒိတာ ဆိုတာ တွေ ဟာ စိတ်ဆန္ဒ ကို ဘယ် တော့မှ မလွန်ဆန် နိုင်ကြဘူး ။ အိမ်ထောင်ရေး ရဲ့ အဓိက ထဲ မှာ သွေးသား ဟာ လည်း အဓိက အချက် တစ်ခုပဲ ။ ဒီ ကိလေသာ ဆိုတဲ့ စိတ် ဆိုတာ ဟာ လည်း ဘယ်တော့မှ ကုန် နိုင်ကြမှာ မဟုတ်ဘူး ။ ဒီမယ် မင်း ထမင်း ကို နေ့တိုင်း စားတယ် မဟုတ်လား ။ အဲ ထမင်း ကို ဆယ်ရက် လောက် မစား ရ ရင် ဘယ်လို နေမလဲ ။ တစ်လ လောက် မစား ရ ရင် ဘယ်လို နေလဲ ။ အဲဒါပဲ ။ မိန်းမ နဲ့ ယောက်ျား အိမ်ထောင်ရေး ဆိုတာ ဟာ လည်း အဲဒါ သိပ် အရေး ကြီးတယ် ။ အကောင်းဆုံး က တော့ အရွယ်ချင်း မျှ တာ ဟာ အကောင်းဆုံးပါပဲ ကွာ ”


အဘိုးကြီး ၏ စကားလုံးများ သည် ခံစားချက် မှ ထွက်ပေါ် လာသော အသံ ဟု ပင် ကျွန်တော် ထင် လိုက်သည် ။ သည်အခါ ကျတော့ လည်း စောစောက မော်တော်ကား ဖြင့် ပါ သွားသော ကေသီခိုင့် မိခင် ကို ပင် တရေးရေး မြင်ယောင် လာသည် ။


ချက်ချင်းပင် ကျွန်တော့် စိတ်များ ညစ်ညူး သလို ဖြစ်သွား မိသည် ။ ချက်ချင်းပင် ထ ပြန် ချင်စိတ် ဝင် လာခဲ့သည် ။ အဘိုးကြီး ၏ လေ အပြတ် ကို ပင် စောင့်နေ မိတော့သည် ။


ကျွန်တော် အိမ် သို့  ပြန် ရောက်လာသော အခါ ကောင်းကင် တစ်ပြင်လုံး မှိုင်း နေ သလို ကျွန်တော့် စိတ်များ လည်း ရီဝေ ထိုင်းမှိုင်း နေတော့သည် ။ ည ဘက် တွင်လည်း တစ်ည လုံး ပင် အိပ် မပျော်အောင် ရှိတော့သည် ။ တဖြောက်ဖြောက် ရွာ နေသော မိုးသံများ က ပင် ကျွန်တော့် စိတ် ကို ချောက်ချား နေ သလို ရှိ တော့ သည် ။


နောက်တစ်နေ့ နံနက် တွင် ကေသီခိုင် တစ်ယောက် စောစောစီးစီး ရောက် လာခဲ့၏ ။


“ ဟဲ့ ကေသီ ။ စောလှချည်လား ကွယ့် ”


“ ဟုတ်တယ် အန်ကယ် မနေ့ က အန်ကယ် အစောကြီး ပြန် သွားတာ ကိုး ။ ကေသီ တို့ ပြန် အလာ ကို တောင် မစောင့်ဘူး ” 


“ အေးကွာ ”


ကျွန်တော် သည် စကား ပြော ရန် ကိုပင် ဝန်လေး သလို ဖြစ် နေတော့သည် ။ ကေသီ ကမူ ကား ခါတိုင်း လို ပင် တတွတ်တွတ် စကား ပြောရင်း လက် က လည်း အငြိမ် မနေဘဲ မယ်ဒလင် ခေါက် လိုက် ။ တယောကြိုး တို့ လိုက် လုပ်နေ၏ ။


ကျွန်တော် စကား သိပ် မပြော သော အခါ ကေသီ့ မျက်နှာ လည်း ညှိုးသလို ဖြစ် လာသည် ။


“ အန်ကယ် က လည်း ငိုင်ငိုင်ကြီး နဲ့ ။ ဘယ်လိုများ ဖြစ်နေသလဲ မသိဘူး ” 


ကေသီက နှုတ်ခမ်း စူ၏ ။ ကျွန်တော် က မူ ခပ်ယဲ့ယဲ့ မျှ သာ ပြုံး လိုက်မိသည် ။


“ ကေသီ ”


“ ရှင် ”


ကေသီ ၏ ထူးသံကလေး မျှ သာ ဖြစ်သည် ။ ထို လေသံ သည် မေတ္တာဓာတ် နှင့် အသက်ပါသလို ရှိ လှသည် ။


“ ကေသီ့ ကို  ပြောမယ် ဆိုတာ မှတ်မိသေးလား ”


ကေသီ က အသံ ထွက် မလာ ။ မျက်တောင် မခတ် စိုက် ကြည့်ရင်း ခေါင်းညိတ် လိုက်သည် ။


“ ကေသီ့ ကို ကိုယ် ချစ်တယ်ကွာ ။ အဲဒါ ပြောဖို့ ခုထိ စောင့်ခဲ့ရ တာ ”


ကျွန်တော် က ကေသီ့ မျက်နှာ ကို မကြည့် ။ အိမ်ပြတင်း မှ ကျော် ၍ တဖွားဖွား ကျ နေ သော မိုးဖွားများ ကို ငေး ကြည့် နေမိသည် ။


“ ဒါ ပြော မှာများ ဒါလောက် စောင့် နေသလား အန်ကယ် ။ အန်ကယ် ပြောမယ် ဆို ကတည်း က ကေသီ သိ ပါတယ် ။ အန်ကယ် ဘယ်တော့ ပြောမယ် ဆိုတာ ကေသီ စောင့် နေခဲ့ရတာပါ ”


“ အေး ဒါပေမဲ့ ကေသီ ထင် နေ သလို မဟုတ်တော့ပါဘူး ကွာ ။ ကေသီ့ ကို ကိုယ် ချစ်တယ်ဆိုတဲ့ စိတ် ကို လည်း တစ်ခါတည်း ဖျောက် ပစ် လိုက်ပါပြီ ။ ကေသီ လည်း တစ်ခါ တည်း သာ မေ့ ပစ်လိုက်ပေတော့ ဟုတ်လား ”


မျက်တောင် မခတ် စိုက် ကြည့် နေသော ကေသီခိုင့် မျက်လုံးများ တွင် မျက်ရည်စ များ ရစ်ဝဲ လာ တော့သည် ။


“ ကေသီ အသက် အများကြီး ငယ်ပါသေးတယ် ကွယ် လိမ်လိမ်မာမာ နေနော် ဟုတ်လား ”


ကျွန်တော် သည် တစ်လှမ်း ချင်း လှမ်း ကာ ပြတင်းပေါက် တွင် ရပ် လိုက်သည် ။ ကျွန်တော် ပြတင်းပေါက် ရပ် လိုက်သော အချိန် ကေသီခိုင် တစ်ယောက် လည်း အိမ်ပေါ် မှ ဆင်းသွားခဲ့ပေပြီ ။


မိုးဖွားများ တဖွဲဖွဲ ကျ နေ သော လမ်း ပေါ် တွင် ကေသီခိုင် သည် ခေါင်း ငိုက်စိုက် ဖြင့် ကျွန်တော့် ကို ကျောခိုင်း သွား ချေပြီ ။ လက် ထဲ တွင် ထီး ကို ကိုင်ထားပါ လျက် မိုးဖွားများ အောက် တွင် ထီး မဆောင်း ဘဲ တရွေ့ရွေ့ လျှောက် သွား နေ တော့သည် ။


ကေသီ့ နောက်ကျော ကို အငေးသား ကြည့် ရင်း က ကျွန်တော် သည် ပြတင်းတံခါး ကို ပိတ် လိုက်သည် ။ ထို တံခါးကား ဘယ် အခါ မျှ ကျွန်တော် ပြန် ဖွင့်တော့မည် မဟုတ် ချေတကား ။


◾အောင်လင်း


📖 ဝတ္ထုတိုများ ပေါင်းချုပ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment