Saturday, August 19, 2023

အစိမ်း ရဲဲ့ သ‌ဘော အိမ်ပြန် မိန်းမ နဲဲ့ တိုင်ပင် လိုက်ပါဦးမည်


 

❝ အစိမ်း ရဲဲ့ သ‌ဘော အိမ်ပြန် မိန်းမ နဲဲ့ တိုင်ပင် လိုက်ပါဦးမည် ❞

“ ကျွန်‌တော် တို့ အ‌ရောင်း အဝယ် လောက မှာ မိတ်‌ကောင်း‌ ဆွေ‌ကောင်း ဟာ အ‌ရေကြီးဆုံးပဲ ဗျာ ”

ဩဂုတ်လ ၃ ရက်‌ နေ့ က အောင်လံမြို့ မြောက်ပိုင်း ရှေ့‌ဆောင်ပွဲရုံ သို့ ‌ရောက်‌သော အခါ ပွဲစားကြီး ဦးစိုးညွန့်‌ရွှေ က အထက်ပါ အတိုင်း နိဒါန်း ချီ‌လေ၏ ။

“ အင်း ... ခင်ဗျားတို့ က ပွဲစား လက်‌ဟောင်းကြီး‌ တွေ ဆို‌တော့ လူ့ သ‌ဘော ကို ‌နော‌ကျေ‌ နေပြီ‌ ပေါ့‌လေ ”

“ ဒီလိုဗျာ ကိုချမ်းသာ ရ ၊ ကျွန်‌တော်တို့‌ အောင်လံ မှာ အဝယ်‌တော် ၁၀ ဦး ရှိတဲ့ အထဲ မှာ လူ အမျိုးမျိုး စိတ် အ‌ထွေ‌ထွေ‌ပေါ့ ဗျာ ”

ကျွန်‌တော် သည် “ အင်း ” လိုက်ရင်း သူ့ ဆီ မှ ပွဲစားပညာ ကို သင်ယူ‌ နေ‌လေ၏ ။

“ အဲဒီ ၁ဝ ဦး ထဲ မှာ နှစ်ဦး သုံးဦး ဟာ သ‌ဘောထား ‌တော်‌တော် ပြည့်ဝ ကြတယ် ဗျာ့ ။ သူ့ ဘက် ကိုယ့် ဘက် မျှတယ် ”

သူ က နာမည်‌ တွေ ထုတ်‌ ပြော ၏ ။

“ ဟာ ... တစ်‌ယောက် က‌ တော့ဗျာ ၊ သူ့ ဂွင် ထဲ ဝင်ပြီ ဆို  လည်ပင်း လျှာ ထွက်‌ အောင် ညှစ်‌ တော့တာပဲ ဗျို့ ၊ သူ့ ကို‌ တော့ ကျွန်‌တော် က “ မရှိ‌ပေါင်း ” ပဲ ဗျာ ”

သူ့ ပွဲရုံ သို့ ပဲတီစိမ်း အိတ် ( တစ်အိတ် ပိသာ၃၀ )  ၁၀ဝ မှ ၅၀ဝ အထိ နေ့စဉ် ဝင်‌ လေရာ အဝယ်‌တော်များ နှင့် အမြဲ နပန်းလုံး‌ နေ ရ‌သော ပွဲရုံ ဖြစ်ပါ၏ ။

“ ပဲတီစိမ်း‌ လှောင်ရင် ဘယ်နှယ့်‌ နေမလဲ ဗျာ ”

ကျွန်‌တော် က ကို လိုချင်တာ ဆွဲ‌ပြော လိုက်၏ ။

“ ခင်ဗျား ဘာသာ ဆုံးဖြတ် ဗျာ ၊ ပဲတီစိမ်း ရဲ့သ‌ဘော ကို ‌ပြော ပြမယ် ”

‌အောင်လံ တွင် ယခု နှစ် ပဲတီစိမ်း အထွက်‌ ကောင်းတယ် ခင်ဗျာ့ ၊ ကျွန်‌တော် ခန့်မှန်းတာ က မေလ ၅ ရက်‌ နေ့ မှာ ထွန်လို့ ယက်လို့ ဖြစ်‌ လောက်‌အောင်  မိုး ရွာ လိုက်‌တော့ စိုက်ရက် အပင်လုပ်ရက် ကို တွက်ပြီး  ဇူလိုင် ၁ဝ ‌နေ့‌ ပေါ်မယ်  မှန်းခဲ့တယ် ။  မှန်းတာ ထက် သုံးရက်‌ စောပြီး ခုနှစ်ရက်‌ နေ့ မှာ ပဲတီစိမ်း စ ဝင်တာပဲ ။ စ‌ ပေါ်‌ ပေါ်ချင်း အချိန် ၂ဝ တစ်တင်း က ၆၂၀ဝ   နဲ့‌ ဈေး ဖွင့် ခဲ့ကြတယ်ဗျာ ။ ၆၃၀၀ - ၆၄၀ဝ  ဇူလိုင် ၂၈ တနင်္ဂနွေ‌ နေ့ မှာ ၆၅၀၀ ဖြစ် တာပါပဲ ။ အဲသည်‌ နောက် ဆက်တက် ၊ ဩဂုတ်လ ၃ ရက်‌နေ့  စ‌နေ‌နေ့ ကျ‌တော့ နည်းနည်း ပြန်‌ အေးချင် သလိုလို ( စ‌နေ ၊ တနင်္ဂနွေ ဘဏ် ပိတ်ရက် ၊ ငွေလွဲ မလာ ၊ သီးနှံ‌ ဈေးများ အီ တတ် ၏ ။ ထုံးစံ ။ )

“ အတက် ကြမ်းတယ် လို့ ဆိုရမယ် ဗျာ့ ၊ ဒီ‌ဈေး မ‌နေ‌သေးဘူး ကိုချမ်းသာ တက်ဖို့ အလားအလာ ရှိ‌သေးတယ် ဗျာ ”

“ အဟုတ်လား ပွဲစား ”

“ ‌စောင့်ကြည့်‌လေ ”

“ ဒါဆို ဝယ် ထားရင် ဘယ်နှယ့်‌ နေမလဲ ”

“ ခက်တယ် ကိုချမ်းသာ ၊ မိုးပဲတီစိမ်း က “ အထပ် ” မခံချင်ဘူး ဗျာ ” 
( အိတ် နဲ့ ထည့်ပြီး ထပ်ထားသည် ကို အထပ် ဟု‌ ခေါ်သည် )

“ ပဲတီစိမ်း ဟာ အသီး ရဲ့ အခွံစိမ်း ရာ က‌ နေ ရင့်မှည့် လာပြီ ၊ အဆန် ရင့်ပြီ ၊ ကျောက်စိမ်း လို ပြောင်လက်‌ နေပြီ ၊ အခွံ က မည်းသွားပြီ ၊ ခြောက်သွားပြီ ဗျာ ၊ ဆွတ်လို့ ရပြီ‌ပေါ့‌နော် ။ ( ပဲတီစိမ်း ဆွတ်သည် ကို ပဲ‌ခြောက်‌ ကောက်သည် ဟု ‌ခေါ်သည် ။ )

“ အဲ ... ရင့် လို့ ‌ခြောက် လို့ ‌ကောက် တဲ့ အခါ မိုးထဲ‌ ရေထဲ လုပ် ရတာ ဆို‌တော့ အခွံ မှာ အစိုဓာတ် က ရှိ‌ နေတယ် ၊ အခွံ မှာ ရှိ‌ နေတဲ့ အစိုဓာတ် က အဆန် ကို သွား ဟပ် တယ်ဗျာ ၊ အဲဒီ‌တော့ အဆန် ဟာ ‌ကောင်း‌ကောင်း မ‌သွေ့‌ခြောက် ဘဲ ဖြစ်‌ နေတယ် ”

“ ပဲ‌ခြောက်‌ ကောက်ပြီး ‌နေလှန်း မ‌နေ‌တော့ ဘဲ ခြွေ‌လှေ့စက်‌ ပေါ် တင် ခွဲ လိုက်တယ်ဗျာ ၊ စက် က ထွက် လာတာ ကို အိတ် နဲ့ ထည့် ပြီး ပွဲရုံ လာ ချတယ် ဗျာ ၊ ဝိတ် ( အချိန် ) နဲ့ ‌ရောင်းစား ရတာ ဆို‌တော့ အချိန်‌ လျော့ မှာ စိုးတာကိုး ဗျာ ”

“ ဟုတ်တာ‌ပေါ့ ပွဲစား ၊ သူသူ ကိုယ်ကိုယ် လူ့ သဘာဝ ရသ‌လောက် ယူ ချင် ကြတာ ‌ပေါ့ဗျာ ၊ ဘယ် အ‌လျော့ ခံချင်ပါ့မလဲ ”

“ အဲဒီလို ဝိတ်‌လျှော့ မှာ စိုးလို့ ဖုတ်ပူ မီးတိုက် ပွဲရုံ လာ ချ‌ တော့ ထပ်ထားမယ် ဆို အရည်အ‌သွေး က ကျသွား နိုင်တယ်ဗျာ့ ။ အ‌ရောင်‌ ဖျော့ လာမယ် ၊ မိုးမိ‌ ရေ စို လာမယ် ဆို ပို ဆိုးတာ‌ပေါ့ ၊ အ‌ရောင် ပျက်ရုံ တင် မဟုတ်ဘူး ၊ တစ်‌စေ့ နဲ့ တ‌စေ့ ကပ်ပြီး အခဲ‌လေး‌တွေ ဖြစ်သွား နိုင်တယ်ဗျာ့ ၊ ဒါ‌ကြောင့် အထပ် မခံဘူးလို့‌ ပြော တာ ”

“ ထပ်ထား လို့ အ‌ရောင် ပျက် သွားမယ် ၊ ခဲ သွားမယ် ၊ ‌ထွေး သွားမယ် ဆို အဝယ် ဘက် က ငြင်းမယ်ဗျာ ”

“ ဟုတ်တာ‌ပေါ့ ”

“ ‌ဈေး‌ မြောက် လာမယ် ဆိုတာ အကဲဖမ်း လို့ ရတယ် ကိုချမ်းသာ ရဲ့ ၊ ဒါ‌ပေမယ့် ကျွန်‌တော် လည်း ထိန်း မထားရဲဘူးဗျာ ၊ ‌ရောက် လွှတ်ပဲ ”

“ အင်း ... ပဲတီစိမ်း ရဲ့ သ‌ဘော က အခတ်သား ပါလား ”

“ ဒီလို‌တော့ ရှိတယ် ကိုချမ်းသာ ရဲ့ ၊ ဝယ် ၊ ‌ခြောက်‌ နေ‌ အောင် လှန်း ၊ အ‌စေ့ ကို သွားနဲ့ ကိုက်ကြည့် လို့ “ ဂျွတ် ” ခနဲ‌ နေပြီ ဆို‌တော့ မှ အိတ် ထဲ ထည့် ထပ် ထား လိုက်ရင်‌တော့ စိတ်ချရမယ် ဗျာ့ ၊ မပျက်နိုင်‌ တော့ဘူး ”

“ အဲဒီလို “ ရှယ် ” ပြန် ကိုင် လိုက်မယ် ဆို ဝိတ် က‌ လျော့သွား မှာ‌ပေါ့ ”

“ ဟာ ... ‌သေချာတာ‌ပေါ့ ကိုချမ်းသာ ရယ် ”

“ ‌ဈေးကျ သွားရင် ပို ဆိုး မယ်‌နော် ”

“ အမယ်‌လေး ကိုချမ်းသာ ၊ ဝိတ် က‌ လျော့ ၊ ဈေး က ကျ ဆိုရင်‌တော့ အမြီးနုတ်  ခေါင်းနုတ် နဲ့ ဘာ ကျန်‌ တော့မလဲ ဗျာ ၊ ပဲတီစိမ်း ရဲ့ သ‌ဘော က ငါးရှဉ့် ဖမ်းဆုပ် ရ သလိုပဲ ဗျာ့ ၊ အကိုင် ရ ခက်တယ် ၊ အဲဒါပဲ ကိုချမ်းသာ ၊ အကျိုးအ‌ကြောင်း အဆိုးအ‌ကောင်း ကို ပြော ပြ လိုက်ပြီ ၊ ‌လှောင်ဖို့ မ‌လှောင်ဖို့ က‌တော့  ခင်ဗျား သ‌ဘော‌ပေါ့ ဗျာ ၊ ‌လှောင်မယ် ဆို အိတ် ၁၀ဝ လား ၊ အိတ် ၂၀ဝ လား ၊ အခု ကျွန်‌တော် သိမ်းခိုင်း လိုက်မယ် ”

“ ဟာ ... ဟာ ... ‌နေပါဦး ပွဲစား ရဲ့ ၊ အိမ်ပြန် မိန်းမ နဲ့ တိုင်ပင်ပါရ‌စေဦး ဗျာ ”

“ အဲ ... အဲဒါ‌ ကောင်းတယ် ”

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment