❝ လူပါး သံပုံး ထိ ❞
ဦးဘိုးစိန် ၏ ဇာတ်ပွဲ မှာ မြို့တိုင်း ၊ ရွာတိုင်း သို့ ခါတိုင်း မရောက် သဖြင့် တစ်ခေါက် တစ်ခေါက် ရောက်သော မြို့ရွာ ၌ မြို့သူမြို့သားများ မှာ ငါးပါး သော ဒုလ္လဘ ထက် ကြုံရ ဆုံရခဲ လှသော အဘိဒုလ္လဘ တရားကြီး ကို ရသည်ဟု သဘော ထား ကာ အလုပ်အကိုင် အကြံအစ ည်၌ နဂို က မျှ ကောင်းစွာ အလေးမမူ ခဲ့သော စိတ်များ မှာ ထိုအခါ အတွင်း ၌ အလျဉ်း မေ့လျော ၍ နေကြလေ သဖြင့် ၊ ပွဲဈေး ရောင်းသူများ မှ တစ်ပါး စီးပွားရေးတို့ အရေး၌ အလေးမူသော စိတ်များ ကို စွန့်ခွာ ပယ်ရှားပြီးကာ ၊ ခြေဖျား တထောက်ထောက် နှင့် တမြောက်မြောက် နေကြမြဲ မှာ ဓမ္မတာတရား ပင် ဖြစ်လေ၏ ။
ငယ်ရွယ်သူများ ၏ စိတ် ကို ဘုရားသံ ၊ တရားသံ တို့ က တစ်စုံတစ်ရာ တုန်လှုပ် ပြောင်းလဲအောင် မပြုလုပ်နိုင် သော် လည်း ဦးဘိုးစိန် ၏ ဇာတ် ထဲ မှ ပတ်မကြီး တစ်ချက် ပုတ် လိုက်လျှင် မိန်းမပျိုကလေး ရော ၊ ယောက်ျားပျို ကလေး တို့ ပါ တလှုပ်လှုပ် တရွရွ ၊ တသသ တပြင်ပြင် နှင့် တရွှင်ရွှင် ဖြစ်နေ ၍ နေကြလေ၏ ။
ထိုကဲ့သို့ ဦးဘိုးစိန် ၏ ဇာတ်ပွဲကြီး ကို ကနွဲ လျက် သော နေရာမှာ မအူပင် ဒီစတြိက်မြို့ကလေး တစ်မြို့ တွင် ဖြစ်လေ သဖြင့် ၊ ထို မြို့ကလေး က မြေပိုင်ရှင်သူဌေး ဦးဘ မှာ မိမိ ၏ မယားကြီး သေဆုံး နေပြီး နောက် ရ ကာစ နှစ် မကူး သေးသော မယားကလေး အား ပွဲ သွားမည် စိုး သဖြင့် အမျိုးမျိုး တရား ချ လျက် ရှိရာ ...
ဦးဘ ။ ။ မငွေရင် ရယ် ... မင်း တို့ ပွဲ သွားကြည့် လို့ ကုန်မယ့် ပိုက်ဆံ ကို မနက်ဖြန် ဝက်သား ၊ ကြက်သား ဝယ် စား လိုက်ရတာ က အရသာ ခံစား လိုက်ရသေးတယ် ။ အလကား မဟုတ်တာ နဲ့ ကိုယ့် ကိုယ် ကိုယ် အရူး လုပ်ပြီး ငွေကုန် မခံပါနဲ့ ။
မငွေရင် ။ ။ ဒါတော့ ကိုယ် ကြိုက်တာ ကိုယ် လုပ်ပေါ့ ။ ထမင်း ကောင်းကောင်း စား တာ ၊ လျှာ အရသာ ၊ ပွဲ ကြည့်တာက မျက်စိ နှင့် နား အရသာ ဆိုတော့ ပွဲကြည့်တာ က အရသာ တောင် တစ်ခု ပိုသေးတယ် ။ ဒီတော့ တစ်ခါတလေ နား ရော ၊ မျက်စိ ရော အရသာ ခံစားချင်တော့ ဘိုးစိန် ပဲ ကြိုက်မိ တာပဲ ။ ပိုက်ဆံလေး တစ်ကျပ် ၊ နှစ်ကျပ် ကို လည်း ၊ ဒီလောက် တောင် ကပ်စေး နှဲ နေရင် လည်း မကြည့်တော့ ပါဘူး ။
ဦးဘ ။ ။ ကဲလေ .. ပွဲ ဟာ ညဦး မှာ လည်း ပွဲ မကောင်းပါဘူး ၊ လင်းခါနီး ဦးဘိုးစိန် ထွက်တဲ့ အချိန် မှ ပဲ သွား တာပေါ့ ၊ ည ၁၂ နာရီ လောက် တောင် စာရင်းရှင်း ဖို့ အလုပ် ရှိနေသေးတယ် ။
ဤသို့ ပြောလိုက်ရာ ဒေါ်ငွေရင် သည် မိမိ ၏ စစ်စီ စဉ်းလဲသော ခင်ပွန်းသည် မှာ စကား တစ်ခွန်း ကို ပြောဆို မိ လျှင် ၊ ပြန်၍ မရုတ်သိမ်း တတ်သည့် သဘောထား ကို လည်း သိရှိပြီး ဖြစ်သ ဖြင့် မိန်းမ လိမ္မာ ပီသစွာ ဦးဘ ၏ အလို အတိုင်း ရုံဖွင့်ချိန် မှ ပွဲသို့ သွားကြည့်ရန် သဘောတူ လိုက်ရ ပြီးလျှင် ၊ ဒေါ်ငွေရင် မှာ ၎င်း နေ့တွင် ညစာ စောစော ချက် ဖို့ ဈေး ဝယ်ရန် အတွက် အစေခံမကလေး မခွေး ကို ခေါ်ကာ ဈေးသို့ ထွက်သွား လေ၏ ။
••••• ••••• ••••• •••••
ဦးဘ ၏ အိမ်ကြီး မှာ ကျယ်ဝန်းလှသော အိမ်ကြီး ဖြစ်သဖြင့် ထို အိမ်ကြီး ၏ နောက်ဖေး ဘက် မှာ လည်း ဇာတ်ထွက် သကဲ့သို့ တစ်စုံတွဲ ထွက်၍ နေကြရာ ...
မောင်တင် ။ ။ နု ကလည်း ဒီလိုနဲ့ အချိန် ဆွဲပြီး ဒီက အသည်း ကြွေ ရအောင် လုပ် လုပ်နေတာပဲ ။ ဘယ်တော့ သေသေချာချာ စကားပြောရ မှာလဲ ။
နု ။ ။ အသာနေစမ်းပါဦး ဒေါ်ဒေါ်လေး မြင်လို့ အထင်လွဲ နေပါဦးမယ် ။
ဤသို့ ပြောလိုက်ကာ နုနု မှာ အမူအရာ ဣန္ဒြေ တစ်စုံတစ်ရာ မပျက်ပဲ တစ်စုံတစ်ခု မျှ မဖြစ်ပွားသော အနေဖြင့် ၊ အိမ်ရှေ့ခန်း ဘက် သို့ ထွက် လာရာ နောက်ပိုး မောင်မောင်တင် မှာ နုနု ၏ မခံချိ မခံသာ ပြုလုပ်နေ ပုံကို အခံရ ခက် သလို အားမလို အားမရ ရှိသလိုဖြင့် ၊ တက် ခေါက်၍ ကျန်ရစ်ခဲ့လေ၏ ။
နုနု မှာ ဧည့်ခန်း တွင် ထားသော ပီယာနို ကို တစ်ချက် ၊ နှစ်ချက် မျှ နှိပ်ပြီး နောက် ၊ တောင်ကြည့် မြောက်ကြည့် ကြည့် ပြီး လျှင် နောက်ဖေးဆောင် ဖက် သို့ တစ်ဖန် ပြန်လျှောက် လာ ခါ စိတ်ပျက်သော အမူအရာ ဖြင့် ခေါင်း ကုပ် ကာ နေသော မောင်မောင်တင် ကို ပြုံးစိစိ နှင့် မထိတထိ ကြည့်ပြီး လျှင် “ ဘယ်နှယ့်လဲ ဆရာ စိတ်ပျက် နေတာလား ” ဟု မေးပြီး လျှင် မောင်မောင်တင် ၏ အဖြေ စကား ကို မစောင့်ဘဲ လမ်းလျှောက် မြဲ ဆက်လက် ၍ လျှောက်သွား ပြန် ရာ မောင်မောင်တင် မှာ “ ဘာ စိတ်ပျက်တယ် ဆိုတာ နု မသိဘူးလား ” ဟု လှမ်း၍ ပြောလိုက် သော် လည်း နုနု မှာ မောင်မောင်တင် ၏ ဖြေ ဆိုရန် ပြော သော စကား ကို တစ်စုံတစ်ရာ မျှ အရေး မစိုက်သော အနေနှင့် ဣန္ဒြေရ စွာ မီးဖိုခန်း ဘက် သို့ ထွက်သွား ၍ ထမင်း ချက်သော ဘိုးစ အား လက်ဖက်ရည်ပွဲ ပြင်ရန် အမိန့် ပေးလိုက် ပြီးလျှင် အိမ်ရှေ့ခန်း သို့ တစ်ဖန် ပြန်၍ ထွက် သွားကာ ကု,လားထိုင် ပေါ် မှ ထိုင် ပြီး လျှင် စာအုပ် တစ်အုပ် ကို ဖတ်ကာ နေ၏ ။
ဦးဘ မှာ မူကား မိမိ ၏ မယား ပါ သမီး နုနု နှင့် မိမိ ၏ သား ၊ မောင်မောင်တင် ကို မည်သို့မည်ပုံ ဖြစ်ပျက်၍ နေသည် ဟု အရိပ်အမြွက် မသိကြား ၊ ဂရု လည်း မထားပဲ စပါးဈေး ကျသည့် အတွက် နှင့် စိတ် အပျက် ကြီး ပျက်ကာ ၊ မိမိ ၏ အခန်းတွင်း မှာ သာ စဉ်းစားရင်း တံခါး ပိတ်ပြီး တိတ်ဆိတ်စွာ နေလေ
၏ ။
အစေခံ ဘိုးခ မှာ ၊ သခင်မ နုနု ၏ အမိန့် အတိုင်း လက်ဖက်ရည်ပွဲ ကို ကောင်းစွာ ပြင်ပြီး ၊ ယွန်းလင်ပန်းကလေး နှင့် နုနု ၏ အနီးသို့ ယူ လာပြီးလျှင် မုန့် ကို မစားဘဲ လက်ဖက်ရည်ပွဲ ကို မောင်မောင်တင် ထံ ပေး လိုက်ရန် ပြော သ ဖြင့် ဘိုးစ မှာ ထမင်းစားခန်း က စားပွဲ တွင် ထိုင်၍ မှိုင် နေသော မောင်မောင်တင် ထံ လက်ဖက်ရည်ပွဲ ကို သွား၍ ပို့ ပြီး နုနု က ပို့ခိုင်း ကြောင်း ကို ပြော ရာ ၊ မောင်မောင်တင် မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတော့ မလို ဖြစ်လေ၏ ။
သို့သော် နုနု ၏ မထိတထိ နှင့် ၊ ရိတိတိ ပြုမူ ပုံမှာ ရာမမင်း ကို သွေး ဆောင် ၍ ခေါ်သော ရွှေသမင် ၏ အလား ကဲ့ သို့ မိတော့ မလို ၊ ရတော့ မလို နှင့် အနားကပ် မှ မခံဘဲ ။ အသည်းယား စရာ ဖြစ်နေ သဖြင့် တေ့တေ့ဆိုင်ဆိုင် သေသေချာချာ စကား အပြော လည်း မခံဘဲ ၊ နုနု မှာ ရှောင်ရှား၍ သွားပြီး အသည်းယား စရာ လုပ်၍ နေသည်မှာ ဤအခါတွင် မကဘဲ အခါပေါင်း များ လှပြီ ဖြစ်၍ အသည်း ယားသည် ထက် အသည်းယား ကာ ဘာပဲ ဖြစ်ဖြစ် နုနု အား ဇွတ်အတင်း နှစ်၍ မရ အရ ပြော တော့မည် ဟု မောင်မောင်တင် သည် စိတ် ကို ဆုံးဖြတ် လိုက်လေ၏ ။
ဤကဲ့သို့ ဆုံးဖြတ်ချက် နှင့် ( ဖမ်း လိုက်ရင် မိတော့မယ် ၊ မိ လိုက်ရင် ဖမ်းတော့မယ် ) ဟု တိုးတိုးကလေး ရေရွတ် ပြောဆိုကာ မောင်မောင်တင် မှာ တစ်ချက် တစ်ချက် တစ်ယောက် တည်း ပြုံး လို ပြုံး တစ်ချက် တစ်ချက် တစ်ယောက် တည်း အံ ကြိတ် လို ကြိတ် နှင့် ဖြစ်ကာ နုနု အား အားရပါးရ နှင့် ဝဝကြီး တွေ့ဆုံ ပြောဆိုရန် အခါအခွင့် ကို သာ စောင့်စား လျက် နေလေ၏ ။
••••• ••••• ••••• •••••
“ နဝရတ်ကယ် ရောင်စုံ ၊ ခင်းပြန့်တုံ ၊ ပျော်လည်း ခု ပျော်တော် ရုံ ၊ ဖူးရွှေငုံ ငယ်လေ ၊ မလုံပါပဲ ပူဗျာပါ ပွားဆင့်ဆင့်ကဲ ခေါ် သံလိုပဲ ရွှေသည်း မှာ ပန်းအောင် ၊ ဖြေလည်းခု ဖြေနိုင်ပေါင် ၊ နန်းဆောင်မြင့် စက်ရာပျော်လည်း ပျော် မပြေ ။ ဆွေးစေအောင် ခုသား ၊ ရွှေကိုယ်တော် ဘုန်း မြတ်ဖျား သနားလေမညှာ ၊ သစ္စာ သွေလွဲ ၊ မကြင် ဘယ်တွက်လဲ နည်းစေနာ ကံညွှန်း လို့ ကျွမ်း ကြွေလုဖွယ် ၊ ကြုံလာတယ် တစ်ကိုယ်တည်း ထက်နန်းဣန္ဒာ က ရွာလာ တဖွဲဖွဲ ပူရရုံကန် ၊ ဘုန်းခင်ကြောင့်ပဲ ၊ လာလာ ချိန်မြဲငယ်မို့ ဖဲစက်ရာပေါ် ၊ညဉ့်သုံးယံ ဆော်လေညှင်းတယ် သွင်းပြန်ပေါ့ နော် ၊ ညှိုးလျော်ဆို ငိုရက်ကယ် ။ ဘုန်းမေ့ သက် မှူး ၊ ဆန်းမာယာ ပိုဖွဲ့တယ် မုန်းလှဲ့သင့်ဘူး ”
အထက်ပါ အနောက် နန်းမတော် မမြကလေး ရေး သော ပတ်ပျိုး ကို ဆိုကာ စန္ဒရားကြီး ကို တီး ၍ နေသော နုနု မှာ မိမိ သီဆိုသော သီချင်း သည် မိမိ ၏ စိတ် ကို ပြန်၍ ထိခိုက် သလို လှိုက်လှိုက်လှဲလှဲ စိတ် ထဲ က ပါကြောင်း လက္ခဏာ သည် မျက်နှာ တွင် ပေါ် ၍ နေသည် ဟု ထင်ရ၏ ။
ထိုသို့ ထင်ရသူ မှာ စာရေးသူ ၊ စာဖတ်သူ မဟုတ် ၊ မနီးမဝေး ဖြစ်သော မိမိ ၏ အခန်းတွင်း မှ စာအုပ် ကို ကိုင်ရင်း စာ ကို အာရုံ မထားပဲ ၊ နုနု ၏ သီချင်းသံ နှင့် နုနု ကို သာ အာရုံ စူးစိုက်၍ နေသူ မောင်မောင်တင် ဖြစ်လေ၏ ။
ထိုအချိန် မှာ ညနေစောင်း အချိန် ဖြစ်၍ ဦးဘ နှင့် ဒေါ်လှရွှေ မှာ နောင် ဘဝတိုင်း ရေစက် ပါစေရန် ဘုရားသွား ကျောင်းတက် ပါရမီဘဖြည့်ဖို့ အတွက် မိမိတို့ ဆောက်လုပ် ထားသော ဘုရားတန်ဆောင်း သို့ သွား၍ နေသော အခါ ဖြစ်ရကား အိမ် ၌ ကျန်သူ နုနု အဒေါ် ဒေါ်စု မှာ လည်း နောက်ဖေး မီးခိုချောင် တွင် စီမံ လုပ်ကိုင်လျက် နေဆဲ ဖြစ်ရာ အခါအခွင့် ကို စောင့်စား လျက် နေသူ မောင်မောင်တင် မှာ ဒီ တစ်ခါ တော့ ဘာပဲဖြစ်ဖြစ် ဇွတ် နှစ်တော့ မည် အကြံ ပြုမိ လေ၏ ။
ဤသို့ အကြံပြုပြီး လျှင် “ ဒီတစ်ခါ သိရောပေါ့ နုနု ရယ် ” ဟု တိုးတိုး ဖြစ်သော်လည်း အံကြိတ် ကာ ပြောဆို ပြီးလျှင် မောင်မောင်တင် သည် တစ်စုံ တစ်ခု ကို အတင်း ပြုတော့မည့် လက္ခဏာ ဖြင့် မိမိ ၏ အခန်းတွင်း မှ နုနု ရှိရာ ဧည့်ခန်းဘက် သို့ ထွက်၍ လာခဲ့လေ၏ ။
နုနု မှာ သီချင်း က လည်း မဆုံး တစ်ဆုံး မျက်နှာ က လည်း မပြုံး တစ်ပြုံး နှင့် မောင်မောင်တင် အား လည်း လုံးလုံးကြီး ဂရုမစိုက်လှ သလို မျက်နှာထား နှင့် ရှိနေ သဖြင့် ၊
တင် ။ ။ နု ရဲ့ ဘယ့်နှယ့် သောင်မတင် ရေမကျ နဲ့ အနေရ ခက် အောင် လုပ်နေတာလဲ ။
နု ။ ။ ဘာပြုလို့လဲ ၊ နု ကုန်းပေါ် မှာ နေတာပဲ ၊ ရေ ထဲ တစ်ခါ မှ လိမ့်မကျဘူး ၊ ဘာဖြစ်လို့လဲ ။
တင် ။ ။ အဲဒီလို မသိချင်ယောင် ဆောင် မနေစမ်းပါနဲ့ နု ရယ် ၊ ဒီမှာ မအိပ်နိုင် မစားနိုင် ဖြစ် နေတာ မသနားဘူးလား ။
နု ။ ။ ဘယ့်နှယ် ကိုကိုတင် က မေး ရတာလဲ ၊ ဒီလောက် စိတ် မရိုင်းပါဘူး ၊ လူ ကို သနားတတ်ပါတယ် ။
တင် ။ ။ ( အားတက်လာ သဖြင့် ) ကဲ ... ဒါဖြင့် ကိုကိုတင် မစားနိုင် မအိပ်နိုင် ဖြစ်နေတာ ကို မညှာတာ ဘဲ အဲဒါလောက် တောင် ရက်စက်နေရသလား ။
နု ။ ။ ကိုကိုတင် ဒီလို မစားနိုင် ၊ မအိပ်နိုင် ဖြစ်နေတာ နု မှ မသိ ပဲ ။ သိရင် အစော ကြီးက ဆရာဝန် ခေါ်ပေးဖို့ မေမေ နဲ့ ဖေဖေကြီး ကို ပြော မှာ ပေါ့ ။
တင် ။ ။ ဒါ ဆရာဝန် ကု လို့ ပျောက်မှာ မဟုတ်ပါဘူး ။ နု ... ကုမှ ။
နု ။ ။ အို မဟုတ်နိုင်တာပဲ ၊ နု က ဆေးဆရာဝန် မဟုတ်ဘဲ ၊ နု ကု ရင် ကိုကိုတင် ကို ဘယ် သနားရာ ရောက်မလဲ ၊ မေမေ ပြန် ရင် ဒေါက်တာ ဘခင် ကို ခေါ်ပေးမယ် လေ ။ ဒါပေမဲ့ မနေ့က နု မြင် တော့ ကိုကိုတင် ထမင်း စားတာ အများကြီးပဲ ။
ထိုသို့ ပြောဆို နေသော စကား မှာ မောင်မောင်တင် ပြော နေသော နောက်ပိုး စကား ၏ အဓိပ္ပာယ် ကို မရောက် ၊ အပေါက် ကို မထိဘဲ ရှိနေရာ ၊ မောင်မောင်တင် မှာ များစွာ စိတ်ပျက်သော အမူအရာ နှင့် ခေါင်း ကို လက်ယာ လက် ဖြင့် ကုပ်ပြီး ဉာဏ် ထုတ်လျက် နေရာ ၊ ဦးဘ နှင့် ဒေါ်လှရွှေ တို့ ဘုရား မှ ပြန်လာကြ သဖြင့် ဟန် အမူအရာ မပျက်စေဘဲ မောင်မောင်တင် မှာ မိမိ ၏ အခန်း အတွင်း သို့ ဝင်ကာ စာ ဖတ်လျက် ရှိနေလေ၏ ။
နေဝင်၍ ဦးဘိုးစိန် ၏ ပွဲ မှ ပတ်မကြီး ကို ပုတ် လိုက်သော အခါ ၊ သေးငယ်သော မြို့ကလေး မှာ ဆူဆူညံညံ တုန်လှုပ်ပြီး တလှုပ်လှုပ် တရွရွ ဖြစ် ကာ ၊ ဝတ်စားတန်ဆာ ကို ဆင်သူ က ဆင် ၊ ရုံအဝင် နောက် မကျအောင် အပေါက်ဝ က စောင့် သူ စောင့် ၊ ပွဲ ကို မသွားရ သဖြင့် လူကြီးမိဘ ကို ဆောင့် သူ က ဆောင့် နှင့် ဖြစ်၍ နေကာ ရှိနေကြသည့် အတွင်း တွင် ၊ သူဌေးကြီး ဦးဘ ၏ အိမ် မှာ လည်း အလျဉ်း လွတ်သည် မဟုတ်ပေ ။ ဦးဘ ၏ အိမ် မှာ ဇာတ်ရုံ နှင့် မဝေးလှဘဲ ၊ ဆိုင်းသံ ကို ဦးဘ အိမ် မှ ကြား၍ ဒေါ်လှရွှေ ၏ စိတ် ကို လည်း ဆိုင်းသံ က ဖိတ်ကြားနှိုးဆော် လျက် ရှိရာ ၊ ဒေါ်လှရွှေ မှာ လူငယ် မဟုတ် သဖြင့် ဆူထား အောင့်ထား မလုပ် သော် လည်း မျက်နှာတ်ပုပ် နှင့် ခေါင်းကုပ် ပြီး နေလေရာ ဦးဘ မှာ လူပါးလူနပ် တစ်ယောက် ဖြစ်သည့် အတိုင်း ဒေါ်လှရွှေ ၏ အမူအရာ ကို မသိယောင် ဆောင်ကာ စာဖတ် ၍ နေလေ၏ ။
ဤသို့ ဦးဘ သည် စာဖတ် သဖြင့် အတော် ညဉ့် နက်သော အခါ ဒေါ်လှရွှေ နှင့် လည်းကောင်း ၊ ညီမ အပျိုကြီး ဒေါ်စု တို့ မှာ တိုင်ပင်စ ပြုကြလေ၏ ။
စု ။ ။ မမ ရယ် မမ တို့ အိမ်ထောင် ပြုရတာ ဒါတွေ ဒုက္ခများ တာပဲ ။ အိမ်နား ကပ်နေတဲ့ ပွဲဟာ အင်မတန် ကြုံခဲတာဘောင် မကြည့်ရဘူး ၊ နုနု တော့ စိတ်ကောက်ပြီး အစောကြီး အိပ်နေပြီ ၊ ရုံ ဖွင့်တော့မှ လိုက် မကြည့် ချင်ဘူး ၊ ရှက်တယ် တဲ့ ။
ရွှေ ။ ။ ကိုဘ သဘော ကို သည်း အသိသားပဲ စုစု ရယ် ၊ သူ့ စကား ကို နားထောင် မှ ကြိုက်တာ ၊ နုနု လည်း မလိုက်တာပဲ ကောင်းပါ တယ်လေ ၊ တို့ ညီမ ရုံဖွင့် မှ ပဲ သွားတာပေါ့ ။ နုနု ကို မနှိုး နဲ့ သူ မသိအောင် သွားမယ် ၊ ကိုဘ လည်း မလိုက်ဘူး ။ ခေါင်းရင်း အိမ် က မမှိန် နဲ့ ကိုကြွက် တို့ လဲ လိုက်ကြလိမ့်မယ် ။ သူတို့ နှင့် အတူတူ သွားတာပေါ့ ။
လောကကြီး ၌ ဆိပ်ကွယ်ရာ အရပ် မရှိ ဟု ဆိုသော စကား မှာ နေရာ တိုင်း နှင့် သက်ဆိုင်ရ ကား ၊ လျှို့ဝှက်ရန် များစွာ အရေးကြီး သော ဒေါ်လှရွှေ တို့ ညီအစ်မ ပြောဆိုသော စကား ကို မူ ကား ကြားသူ ရှိသည် မဟုတ်ချေ ။
မောင်မောင်တင် မှာ အချက်အလက် နှင့် အကွက် ကို ချောင်းမြောင်း ၍ နေသူ ဖြစ်သဖြင့် ၎င်း၏ အကွက်အချက် ဖြစ်သော စကား ကို အဘယ်မှာ နားမထောင်ဘဲ နေ အံ့နည်း ။
စကား ပြောဆို၍ နေ ကြသော ဒေါ်လှရွှေ တို့ ညီအစ်မ မှာ မိမိ တို့ ပြောဆို သော စကား သည် များစွာ အရေးကြီးသည် ဟု မထင်မြင် ဂရုမထား မိ သော် လည်း မိမိ ၏ အခန်း တွင်း မှ နား စွင့်၍ နေသော မောင်မောင်တင် ၏ အတွက် မှာ များစွာ အရေးကြီး သဖြင့် ထို စကား ကို ကြားလျှင် ကြားချင်း မောင်မောင် တင် ၏ စိတ်နှလုံး မှာ များစွာ လှုပ်ရှားလျက် ရှိလေ၏ ။
••••• ••••• ••••• •••••
ထိုနေ့ ညဉ့် တွင် ဦးဘ ၏ အိမ် ၌ အခြား အိမ်သားများ မှာ အိပ်ပျော် လျက် ရှိကြစဉ် မအိပ်နိုင် ဘဲ ဒုက္ခခံ နေရသူ တစ်ဦး ရှိလေ၏ ။ ထိုသို့ မအိပ်နိုင်ဘဲ ရှိနေသူ မှာ ၊ အိပ်ရာ ထဲ တွင် ဘယ်လှည့် ညာပြန် ဖြင့် အတန်တန် လူးလိမ့်လျက် ရှိနေ၍ တစ်ခါ တစ်ခါ သက်မကြီး ချပြီး အသက် ကို ရှူ ၊ ရင်ထဲ က ပူ သဖြင့် လူး လို လူး နှင့် နေ သော်လည်း မိမိ ၏ ရင်ထဲ ၌ မချိမဆန့် နေကြောင်း ကိုကား မည်သူ့ ကို မျှ ဖွင့်ဟ ၍ မပြောနိုင်ဘဲ ရှိလေ၏ ။
ထိုသူ မှာ ထိုသို့ ရင်ထဲ က ပူရုံမျှ မကဘဲ ချွေးစီးကြီးများ ပင် ကျလျက် လာ ကာ ရေ မှာ လည်း မကြာမကြာ ငတ်လျက် ပါးစပ် မှ လည်း ကယောင် ကတန်း ပြော သကဲ့သို့ တစ်ချက် တစ်ချက် “ အမယ်လေး ဒုက္ခပဲ နုနု ရေ ဒုက္ခ ၊ ဒုက္ခ ” ဟု တိုးတိုးကလေး မြည်တွန်တောက်တီး လျက် ရှိသော မောင်မောင်တင် ပင် ဖြစ်လေ၏ ။
မောင်မောင်တင် မှာ ဤသို့ အိပ်မပျော်ခြင်း မှာ နုနု ၏ အပေါ်၌ ချစ်ခင် သော စိတ် ၊ စွဲလမ်းသော စိတ် ၊ နုနု ၏ မထိမခိုက်နှင့် ၊ မတင်မကျ ပြောဆိုပြုမူပုံ တို့ ကို မခံနိုင်သော စိတ်တို့ ဖြင့် ယနေ့ ည ၌ ဇွတ်မှိတ်၍ စွန့်စား ပြီး လျှင် ၊ နုနု အား မရလျှင် အရကြံမည် ဟု စိတ်မာန် ကို ရဲအောင် တင်းပြီးလျှင် ရဲစိတ် ကို သွင်း၍ နေသော်လည်း ၊ ရဲစိတ် ထဲ တွင် ကြောက်စိတ် က တစ်ချက် တစ်ချက် ဝင်၍ ဖောက် ကာ နောက်သို့ ဆွဲ၍ ထား သဖြင့် မောင်မောင်တင် မှာ ကြောက်စိတ် နှင့် ရဲစိတ် တို့ ၏ လွန်ဆွဲခြင်း အတွက် စိတ် မှာ အလွန်တရာ ပင်ပန်းကာ တစ်ညလုံး မအိပ်နိုင်ဘဲ ရှိလေ၏ ။
မောင်မောင်တင် ပြုလုပ် ကြံစည်ထားသော အကြံအစည် မှာ ၊ သေးငယ် သော အကြံအစည် မဟုတ်ရ ကား ၊ ဤကဲ့သို့ အကြံအစည်မျိုး ကို ကြံစည် စိတ်ကူး မိ သဖြင့် အိပ်၍ မပျော်ခြင်း အတွက် မောင်မောင်တင် အား ယောက်ျား မပီသဘူး ဟု ပြောဆိုရန် မရှိချေ ။
ထိုကဲ့သို့ မောင်မောင်တင် မှာ တလူးလူး တလိမ့်လိမ့် နေရင်း အချိန် သည် တဖြည်းဖြည်း ရွှေ့၍ လာခဲ့ ရာ နံနက် လေးနာရီ ထိုးသော အခါ ဦးဘ ၏ အခန်း မှ နာရီ နှိုးစက်သံ သည် ဆူဆူညံညံ ထွက်ပေါ်၍ လာလေ၏ ။
ဤသို့ နာရီ နှိုးစက်သံ ကြားပြီး မကြာမီ အတွင်း တွင် ပင် ၊ မောင်မောင်တင် ၏ တံခါး ကို အပြင်ဘက် မှ နေ၍ လက်သီး နှင့် ထု ပြီးလျှင် “ ဟ မောင်မောင်တင် ထ ... ထ ... ထစမ်း ” ဟု အော်ဟစ်၍ ခေါ် လိုက်သော မိမိ ၏ ဖခင် ဦးဘ ၏ အသံ ကို ကြား သဖြင့် မောင်မောင်တင် မှာ တံခါး ကို ဖွင့်၍ အပြင် သို့ ထွက် လာရာ ၊ အဝတ်လဲ လျက် ရှိကြသော ဒေါ်လှရွှေ တို့ ညီအစ်မ ကို တွေ့ရ လေသည် ။
ရွှေ ။ ။ ဟေ့ ... မောင်မောင်တင် ပွဲ လိုက်မလား ။
တင် ။ ။ ကျွန်တော် မကြည့်ချင်ဘူး ။
ရွှေ ။ ။ ဒါဖြင့် တို့ ကို ရုံဝ ထိအောင်ပဲ လိုက်ပြီး ပို့ပေးစမ်းပါ ဟယ် ။ ပြီးတော့ ပြန် လာတာပေါ့ ၊ ဖြည်းဖြည်းလည်း လုပ်မနေ နဲ့ ၊ နုနု နိုးလျှင် လိုက်ချင်နေ ဦးမယ် ၊ သူ မသိအောင် သွား ရမယ် ။
ဤသို့ ပြောပြီး နောက် ပွဲသို့ သွားကြရာ အခြားလူများ မှာ စကား တပြောပြော နှင့် ရယ်ကာ မောကာ သွားကြလေ သော်လည်း လိုက်၍ ပို့သော မောင်မောင်တင် မှာ ရယ်ရွှင်ခြင်း လည်း မရှိ ၊ စကား လည်း မပြောဘဲ မိမိ ၏ သန္နိဋ္ဌာန် ချ ထားသာ အမှု ကို ပြုလုပ်ရန် စိတ်ကူး ဖြင့် သာ အောက်သို့ မျက်နှာ ကို ခပ်စိုက်စိုက် ထား ကာ ၊ လမ်းလျှောက် လျက် ပါ လာသည် ကို အတူ ပွဲ သို့ လာသူများ သည် သတိ မထား မိကြချေ ။
မောင်မောင်တင် မှာ ဒေါ်လှရွှေ တို့ လူစုအား ရုံ အဝင်ဝ သို့ ပို့ပြီးလျှင် ပြီးချင်း လှည့်၍ ပြန်ခဲ့လေ၏ ။
မောင်မောင်တင် ၏ သံန္နိဋ္ဌာန် ချထား ချက် ကို ပြုလုပ်ရန် အချိန် မှာ ပွဲ သို့ လိုက်၍ ပို့ သော အချိန်ထက် ၊ အိမ် သို့ ပြန်သော အချိန် မှာ သာ၍ နီးကပ် လာ ရာ ကား ၊ မိမိ၏ အခန်း သို့ ရောက်သော အခါ ၊ မောင်မောင်တင် ၏ နှလုံး သာ လျှင် တုန်လှုပ်လျက် ရှိသည် မဟုတ် ။ မောင်မောင်တင် ၏ ဒူး နှစ်ဖက် မှာ လည်း ခြေ တစ်လှမ်း လှမ်း ထက် တစ်လှမ်း တိုး ၍ တုန်လှုပ်ကာ လာလေ၏ ။
မောင်မောင်တင် မှာ နုနု နှင့် အတူ တစ်ခန်းတည်း အိပ်သူ နုနု ၏ အဒေါ် ဒေါ်စု သည် နုနု အား မနှိုးဘဲ ပွဲ သို့ တိတ်တဆိတ် သွားကြောင်း ကို ကြားသိ ရပြီး ဖြစ်၍ မိမိ အား မခံချိမခံသာ နှင့် အခါတိုင်း မထိတထိနှင့် ရိတိတိ လုပ်နေသော နုနု အား ၊ ဤ အကြိမ် တွင် မထိတထိ မလုပ်နိုင်အောင် ပိုင်ပိုင်ကြီး မေးခွန်း ထုတ်ပြီး “ အဟုတ် ကို ချစ်ပါတယ်” ဟု မသွယ်မဝိုက် တိုက်ရိုက် စကား အပြန် ရစေမည် ဟု သံန္နိဋ္ဌာန် ချကာ နုနု အိပ်ပျော် နေ သဖြင့် အတွင်း မှ ကလန့်မချ ပဲ ထားသော နုနု ၏ အခန်း တံခါး မှ ခြေသံ မကြားရ အောင် ဝင် ကာ ချဉ်ပေါင်ရွက်သည် မောင်မှိုင်း ၏ ပိုင်းလုံးမျိုး လုပ်ရန် အကြံအစည် ဖြစ်လေ၏ ။
ဤသို့သော အကြံ ဖြင့် ခြေသံ မကြားအောင် ခြေဖျား ထောက်ကာ မောင်မောင်တင် မှာ သူခိုး ပမာ ခြေဖျား ထောက်ခါ တက်၍ လာရာ ၊ ရေနံဆီဖိုး နှမြောသော ဦးဘ မှာ မီးအိမ် ကို ငြိမ်းပြီး လျှင် အိပ်၍ နေသဖြင့် တစ်အိမ်လုံး တိတ်ဆိတ် မှောင်မည်း ပြီးလျှင် မောင်မောင်တင် တစ်ယောက် တည်း မှာ သာ အလုပ် ရှုပ် ၍ နေလေ၏ ။
ဤကဲ့သို့ တထိတ်ထိတ် နှင့် နုနု ၏ အိပ်ရာ ဆီ သို့ သွားနေသော မောင်မောင်တင် မှာ မိမိ ၏ တဆတ်ဆတ် တုန်လျက် ရှိသော ဒူးများ ကို အား စိုက်ကာ ထိန်းအုပ် ပြီး လျှင် နုနု ၏ တံခါးဝ ဆီ သို့ သွား၍ တံခါးဝ သို့ ရောက်သဖြင့် အသာအယာ တံခါး ကို ဆွဲ ဖွင့်လိုက်ရာ အတွင်း က ကန့်လန့် မထိုး ထားသော တံခါး မှာ မောင်မောင်တင် ၏ အလိုသို့ လိုက်ကာ အသာအယာ ပွင့် ၍ လာလေ၏ ။
ဤသို့ တံခါး ပွင့်၍ သွားသော အခါ မောင်မောင်တင် မှာ ကြက်သီးများ ထ၍ လာကာ နုနု နိုးလျှင် ထ၍ များ အော် လိုက်မည်လား ဟု စဉ်းစား ပြီး လျှင် ကြောက်အား ပိုသည် ထက် ပို၍ လာလေ၏ ။
သို့သော် မောင်မောင်တင် မှာ ထိုသို့သော အခြေအနေ ကို ရောက်ပြီး မှ နောက်သို့ ပြန် ဆုတ်ရန် မရှိသည့် အတိုင်း ရှေ့သို့ ဇွတ်မှိတ် ၍ တိုးသွား ပြီး လျှင် မောင်မောင်တင် မှာ တုန်လှုပ်အေးစက် လျက် ရှိသော လက် တစ်ဖက် ဖြင့် နုနု ၏ ခုတင်ပေါင် ကို ကိုင် လျှက် အခြား လက် တစ်ဖက်ဖြင့် နုနု ၏ အိပ်ရာ ပေါ် သို့ စမ်း လိုက်ရာ နုနု မှာ အိပ်ရာ ပေါ် ၌ မရှိတော့သည် ကို တွေ့ ရ သဖြင့် နဂို က တုန်လှုပ် လျက် ရှိသော မောင်မောင်တင် ၏ စိတ် မှာ နောက်ထပ် ပိုမို၍ တုန်လှုပ်လာ ပြီး လျှင် ၎င်း ၏ ဦးခေါင်း မှာ ချာရာလည် သကဲ့သို့ ဖြစ်၍ သွားလေ၏ ။
ဤသို့ ဖြစ်သွားပြီး နောက် ပထမ နုနု ကို ကြောက် သဖြင့် တုန်လှုပ်ခဲ့သော စိတ် တို့ သည် ပျောက်ပြယ်၍ သွားကာ နုနု ပျောက် သဖြင့် တုန်လှုပ် ပူပန် ၊ စိုးရိမ်ကြောင့်ကြ ၊ လွမ်းဆွတ်ကြေကွဲ သော စိတ် တို့ မှာ မောင် မောင်တင် ၏ ဝမ်း ထဲ တွင် တစ်ပြိုင်နက် တည်း ဖြစ်ပေါ် လာလေ၏ ။
နုနု သည် အဘယ်ကို ပျောက်၍ သွား သနည်း ၊ အဘယ် ကို ရောက်၍ သွား သနည်း ၊ နုနု မှာ မောင်မောင်တင် ကို ချစ်ယောင် ကြိုက်ယောင် မျှ ဆောင် ပြီး လျှင် တကယ် အစစ် နု ချစ်သော ရည်းစား နောက် လိုက်၍ ပြေးပြီ လော ။ အိမ် သို့ မကြာမကြာ လာ ပြီးလျှင် နုနု ကို ပိုး နေသော စက်သူဌေးသား မောင်တင်ညွန့် သည် ညဉ့်ဦး က အိမ်ရှေ့ ၌ ယောင်လည် ယောင်လည် နှင့် လာပြီး လျှင် မသင်္ကာစရာ ကောင်းအောင် မှောင်ရိပ် ၌ ကပ်ပြီး မတ်တတ် ရပ်လျက် အိမ် ဘက် သို့ စူးစိက်ကာ ကြည့်နေခြင်းသည် မည်သည့် အတွက်ပါနည်း စသည့်ဖြင့် မောင်မောင်တင် ၏ စိတ် မှာ အမျိုးမျိုး အဖုံဖုံ စဉ်းစားကာ များစွာ မသက်မသာ ဖြစ်ရလေ၏ ။
ထိုသို့ စဉ်းစားပြီး နောက် မောင်မောင်တင် မှာ နုနု သည် ပုန်း၍ ပင် နေသလား ဟု တစ်မျိုး စဉ်းစားမိပြီး လျှင် ခုတင် ၏ အောက် တွင် လက် နှင့် စမ်း ပြန် ရာ နုနု ကို မတွေ့ သဖြင့် နောက် သို့ ပြန်၍ လှည့်ပြီး စမ်း လိုက်ရာ တွင် နုနု ၏ အိပ်ရာ ဘေး က စားပွဲ ပေါ် တွင် တင်၍ ထားသော မုန့်သေတ္တာ အလွတ် တစ်ခု ကို လက် နှင့် ခိုက်မိ ပြီးလျှင် အောက် သို့ ကျ၍ သွားရာ ၊ မောင်မောင်တင် မှာ မိမိ ၏ ဖခင် ဦးဘ ကြားမည် ကို များစွာ ကြောက်ရွံ့ ပြီး လျှင် အခန်း ထဲ မှ ပြန်၍ ထွက်ရန် ပျားယိပျာယာ နှင့် ရုတ်တရက် အလှည့် တွင် ယခင် စားပွဲ ပေါ် မှ ကျ၍ နေသော သံပုံး ကို ခလုတ် တိုက်မိ ပြန်၍ ထိုသို့ တိုက်မိသော အသံ မှာ ဆိတ်ငြိမ်မှောင်မိုက် လျက် ရှိသော အိမ်ကြီး ကို ဆူညံ၍ သွားရာ အိပ်ရာ ထဲ တွင် တစ်မှေးမှေး ဖြင့် အိပ် ပျော် စ ဖြစ်သော ဦးဘ ကြားသ ဖြင့် ( ဟဲ့ .... ဘာဖြစ်လဲ ။ နုနု အခန်း ထဲ က အသံပါ လား ၊ နုနု ... နုနု ) ဟု ခေါ်လိုက်ရာ ၊ “ ဟုတ်တယ် ဘဘ နု အခု ဖွားဖွား အခန်း ထဲ မှာ ပြောင်း အိပ်နေတယ် ။ ဒေါ်ဒေါ်လေး ပွဲ သွားတာ နဲ့ တစ်ယောက် တည်း မအိပ်ဝံ့ လို့ ၊ ဘာဖြစ်တာလဲ ။
ဘ ။ ။ ဟင် နုနု နိုး နေသလား ၊ နုနု အခန်း ထဲ က သံပုံးသံ ဟာ ဘာ ဖြစ်တာလဲ ။
နု ။ ။ ကြောင် ပေါ့ ဘဘ ကြောင် ၊ ဒီ ကြောင် ဟာ အင်မတန် ငြိမ်ငြိမ် မနေနိုင်တဲ့ ကြောင် ။
ဘ ။ ။ ဟဲ့ ... ဒါဖြင့် ဒီ ကြောင် ဟာ ငါးကင် ကို ရှာ နေတယ် ထင်တယ် ၊ နေ့လယ် က ငါးသလောက်ကင်ကြီး သိမ်းထားရဲ့လား ။
နု ။ ။ သိမ်းထားတယ် ဘဘ ၊ သူ ဒီလို ရှာလို့ ဘာရမလဲ ၊ သံပုံး နဲ့ တွေ့ မှာပေါ့ ။ ဒီ ကြောင် တော့ မိုးလင်း မှ မှတ် အောင် လုပ်လိုက် ရ ဦးမယ် ဟု ပြောဆို လိုက်ရာ မောင်မောင်တင် မှာ နုနု အား အရှုံး ပေးသော အနေဖြင့် သက်မကြီး ချပြီး ကြောင် နှင့် တူအောင် ( ညောင် ... ညောင် .. ) ဟု ခပ်တိုးတိုး အော် လိုက်လေ၏ ။
◾ရေးသူ ?
📖 ခေတ်ဟောင်း ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment