Saturday, September 17, 2022

စိုးရှား


 

◾ပရမ်းပတာ

ကျွန်တော် ဆိုတဲ့ ကောင် က ' အချစ် ' ကို မယုံကြည်ဘူး ။ အချစ် အတွက် နဲ့ အသက် ကို စွန့်တယ် ဆိုတဲ့ သူတွေ ဟာ ငတုံးတွေ လို့ ပဲ ထင်တယ် ။

နောက်ပြီး ... ကျွန်တော် က ( သူတို့ ကိုယ် သူတို့ ) အနုပညာရှင် လို့ ထင် နေကြတဲ့ ' နာမည် ကြီး ချင်သူ ' တွေ ကို လည်း အယုံအကြည် မရှိဘူး ... ။ ပါရမီ အခံလေး နည်းနည်းပါးပါး နဲ့  ကံ ကောင်းနေကြ တဲ့ လူညာ တွေ လို့ပဲ ထင်တယ် ။

ကျွန်တော် က ' ကောင်းတာ လုပ် ရင် ကိုယ့် အတွက် ကောင်းကျိုး ဖြစ်တယ် ' ဆိုတဲ့ တရားသေ နိယာမ ကို လည်း မယုံ ကြည်ဘူး ။ ကိုယ် ကစေတနာ နဲ့ အကောင်း လုပ်ပေး လိုက်ပေမယ့် ကိုယ့် အတွက် ဆိုးကျိုးတွေ ပဲ တန်ပြန် ရ လာတာ တစ်ပုံကြီး ... ။ လောကကြီး ဟာ ဖြစ်ချင်သလို ဖြစ်ပျက် နေတာပါ ။

ပြီးတော့ ... ' အပြစ်ဒဏ် ' ဆိုတာ ကို လည်း ကျွန်တော် အယုံအကြည် မရှိဘူး ... ။ စဉ်းစားကြည့်လေ ...

လူ့ လောက ရဲ့ ဥပဒေ ဟာ ခိုးတဲ့ သူ ကို အပြစ်ဒဏ် ပေးတာ မဟုတ်ဘူး ။ ခိုး တာ မိ သွားတဲ့ သူ ကို အပြစ်ဒဏ် ပေးတာပါ ... ။

အပြစ်ဒဏ် ပေးတာ ကို လည်း အယုံအကြည် မရှိ သလို ပဲ ' ဆုပေးခြင်း ' ကို လည်း ကျွန်တော် အယုံအကြည် မရှိ ပြန်ဘူး ။ ဂုဏ်ပြု ချီးမြှင့်တာ နဲ့ မှ မတူဘဲ ။ ဆုယူ တဲ့ သူက ခေါင်းကြီး ငုံ့ပြီး ယူ ရတယ် ။

ရယ်စရာ မကောင်းဘူးလား ... ။

          ◾ စိုးရှား

◾မင်းခိုက်စိုးစန်

📖 သူရဲဘောကြောင်တဲ့ လူညံ့

#ကိုအောင်နိုင်ဦး မှ မျှဝေသည်  ။

.

No comments:

Post a Comment