Tuesday, September 20, 2022

ကိန္နရာ သမုဒ္ဒရာ ခြားသည့်နှယ်


 

❝ ကိန္နရာ သမုဒ္ဒရာ ခြားသည့်နှယ် ❞

ကိန္နရာ ချောင်း ခြား သည် ဟု သာ ကြား ဖူး သည် ။ ယခုမူ ကိန္နရီ နှင့် ကိန္နရာ တို့ သမုဒ္ဒရာ သုံးစင်း ခြား လေပြီ ၊ အဖြစ်အပျက် တို့ သည် ရက် နှစ်ဆယ်ခန့် အတွင်း ဖြစ်ခဲ့၍ နာရီပိုင်း အတွင်း ပျက်စီး ပြိုကွဲသွားခဲ့သည် ။ အမြန် ရိုက် ရုပ်ရှင် တစ်ပိုင်း တစ်စ ကို ကြည့်ရ သည် သို့ မြင် လိုက်ရပြီး နောက် ဝယ် လူသား နှစ်ဦး တို့ ၏ ဘဝ နှစ်ခု တို့ သည် ငါးဆယ် ရာခိုင်နှုန်း ပျက်စီး ဆုံးရှုံးသွားကြလေသည် ။ မောင်ဆန်နီ ခေါ် မောင်သန်းတိုး ကို လေဆိပ် လိုက် ပို့ပြီး သင်္ဘော ပြန် ရောက်သော အခါ စိတ်မော လူမော ဖြစ်နေသည် ။ အိပ်ရာပေါ် ပစ်လှဲ ချ လိုက်ပြီး အသက် ဝ အောင် ပြင်းပြင်းဆွဲ ရှူ၍ တအား မှုတ်ထုတ်လိုက်မိသည် ။

ဤ ဇာတ်လမ်း တွင် ကျွန်တော် သည် ဇာတ်ကောင် တစ်ဦး အဖြစ် ပါဝင်ခဲ့ သည် ။ ဇာတ်စီး သေတ္တာမှောက် နောက် ပိုင်းမင်းသားကြီး အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည် ။ တစ်နည်း ဆိုရသော် လူသားနှစ်ဦး တို့၏ ဆုံးရှုံးနစ်နာမှု အတွက် ကျွန်တော့် အကူအညီတွေ ပါ သလို ဖြစ်နေသည် ။ သင်္ဘောသား လူငယ်တွေ ကို ငွေကြေး အသုံးအဖြုန်း မကြီးရန် သတိပေး ဆုံးမ စကား ပြောကြားရမည့် အစား ရောက်လေရာ နိုင်ငံတိုင်း မှာ ကျွန်တော် က ချည်း  ဦးဆောင် ကဲ နေသဖြင့် လူငယ်တွေ က ကျွန်တော့် ကို ခင်ကြသည် ။ ချစ်ကြသည် ။ အားကိုးအားထား ပြုကြ သည် ။ ဂရိအမျိုးသားပိုင် နိုင်ငံခြား သင်္ဘော တွင် မြန်မာသင်္ဘောသား ဆယ့်ငါး ယောက် ရှိသည် ။ ကျွန်တော် က အကြီးဆုံး ( ရာထူး မဟုတ် ) ၊ အသက် အကြီး ဆုံး ဖြစ်သည် ။

သင်္ဘော ခရီးစဉ် အရ အမေရိကန် မှ ကုန်တင်ပြီး ကာရေဗီယံပင်လယ် အတွင်း ရှိ စပိန် စကား ပြော သော ကျွန်းနိုင်ငံလေး တစ်ခု ၏ ဆိပ်ကမ်းမြို့တစ်မြို့ တွင် ကုန် ချသည် ။ ပင်လယ်ကမ်းစပ်မြို့ကလေး ဖြစ်၍ သာယာလှပသည် ။ မြို့သူမြို့သား တွေ က ဖော်ရွေသည် ။ အသားအရောင် မှာ အဖြူ ၊ အဝါ ၊ အညို ၊ အမည်း စုံလှသည် ။ မျက်နှာပေါက်တွေ က မြန်မာ နှင့် ဆင် လှသည် ။ နိုင်ငံတကာ သင်္ဘောဆိပ်မြို့လေး ဖြစ်၍ စတိုးဆိုင် ၊ ဘီယာဘား ၊ ညကလပ်တွေ က လည်း ပေါ လှသည် ။

ညစာ စား ပြီးသည်နှင့် ထုံးစံအတိုင်း ကျွန်တော် က မိတစ်ရာသား လူငယ်တွေ ကို ဦးဆောင်ပြီး မြို့တွင်း သို့ သွား ကြသည် ။ မြို့လယ်ရပ်ကွက် နှင့် ဈေးကြီးများ ကို လှည့်ပတ် ကြည့်ရှုပြီး ညနေ မိုးချုပ်လာသည် နှင့် အားလုံးပင် တိုင်ပင်ထားသည့် အလား ညကလပ် နှင့် ဘီယာဘားများ ရှိရာ ရပ်ကွက်များ ဘက် သို့ ဦးတည် လျှောက်လှမ်းခဲ့ကြတော့သည် ။ မသင့်ဘူး ၊ မတော်ဘူး သင်္ဘော ပြန် ကြပါစို့ ဟု မပြောဘဲ မသိယောင် ဆောင်ပြီး ရော လိုက်နေသည် ။ တစ်နေရာ တွင် သင်္ဘောသား အရက်ဆိုင် ( ဆီးမင်း ဘား ) ဟု ဆိုင်းဘုတ် တင်ထားသော ဆိုင် တစ်ဆိုင် ကို တွေ့၍ အားလုံး ပင် ဝင် လိုက်ကြသည် ။ တံခါးရွက်ကြီး ကို တွန်းဖွင့်ပြီး အတွင်း ဝင်လိုက်သည် နှင့် ပုလင်း နှင့် ဖန်ခွက် ထိသံ ၊ ခါး ကို လက်ညှိုးနဲ့တို့ လို့ ယား သည့် အသံ ၊ ပေါင်တွင်းသား ကို လက်သည်း နဲ့ ဆိတ်လို့ နာသည့် အသံ ၊ ညုတုတု ခရာတာတာ အသံ တို့ နှင့် အတူ ဒစ္စကိုတေးသံ က လည်း ညံ နေ သည် ။ မီးရောင်မှိန်မှိန် ထဲ တွင် ဖို နှင့် မ စုံတွဲများ မြူးထူး ကခုန်နေကြ တာလည်း တွေ့ရသည် ။

ကျွန်တော်တို့ အုပ်စု က ထောင့်ကျကျ စားပွဲလွတ် တစ်လုံးတွင် နေရာ ယူ လိုက်ကြသည် ။ ကုလားထိုင် နှင့် တင်ပါး အသား မကျသေးခင်မှာ “ ဘွဲ့နို့နော့ချေ မီယာမိုး ”  ကောင်းသော ညနေခင်းပါ အချစ်ရယ် ဟူသော အသံ နှင့် အတူ အတွဲ မရှိသေးသော အမျိုးသမီးအုပ်စုကြီး ရောက်လာပြီး သူ့ ထက် ငါ အလျင် ဦးအောင် တစ်ဦး လျှင် တစ်ယောက် ကျ ချဉ်းကပ်၍ ဝင် ထိုင်ကြသည် ။ ကျွန်တော်တို့ က မကန့်ကွက်သော အခါ အတင့် ရဲ လာပြီး လည်ပင်း ဖက် ၍ မွှေးမွှေး ပေး ကြတော့သည် ။ ဘီယာ တိုက်ပါလား ၊ မာတဲလ် ၊ ရှန်ပိန် ၊ ဝီစကီ စသည်ဖြင့် တစ်ယောက် တစ်ပေါက် ပူဆာကြသည် ။ ကျွန်တော်တို့ ကလည်း ခေါင်း ညိတ် လိုက်ကြသည် ။ အတူ သောက်ကြသည် ။ မူး လာတော့ ဒစ္စကိုတေးသံ နှင့် အတူ က ကြ သည် ။ ပျော်လိုက်ကြသည့်ဖြစ်ခြင်း ။

အမှောင် ထဲ တွင် မျက်စိ ကျင့်သား ရလာပြီး ထင်ထင်ရှားရှား မြင်လာ ရသော အခါ ကိုယ့် အမျိုးသမီး နှင့် သူ့ အမျိုးသမီး နှိုင်းယှဉ် ၍ ဘယ်သူ့ အမျိုးသမီး က လှသည် ၊ ဘယ်သူ့ အမျိုးသမီး က ဖြူသည် ၊ ညိုသည် စသဖြင့် အလှ ပြိုင်ကြသည် ။ သည်အထဲတွင် ဆန်နီ ခေါ် မောင်သန်းတိုး နှင့် တွဲ မိနေသော အမျိုးသမီးလေး က အလှဆုံး ဟု တညီတညွတ် တည်း အတည် ပြုကြသည် ။

တကယ့် ကို လှပါသည် ။ အသားအရေ မှာ ဥရောပ ကြိုက် အဖြူ လည်း မဟုတ် ၊ အမေရိကန် အကြိုက် အနီ လည်း မဟုတ် ၊ အာဖရိ က ကြိုက် အညို လည်း မဟုတ်သော မြန်မာ ကြိုက် အဝါလေး ဖြစ်သည် ။ အချိုးအဆစ် ကျ ၍ ဖြန့် ချထားသော သူ့ ဆံပင် ကုတ်ဝဲလေး နှင့် ပနံ ရလှသည် ။ ဂျင်းဘောင်းဘီ ကျပ်ကျပ်ကလေး ဝတ် ထားသဖြင့် ခြေသလုံး ပေါင်တံ တို့၏ အနေအထား အချိုးကျ လှပပုံ ကို ဖော်ပြထားသကဲ့သို့ ရှိသည် ။ ဝင်းဝါ နေသော မျက်နှာ ပေါ်တွင် ကြည်လင်တောက်ပနေသော မျက်လုံး များ မှာ ချစ်စရာ ကောင်းလှသည် ။ နီရဲ နေသော နှုတ်ခမ်းလေး ကွေးဝိုက် ကျပုံ မှာ ဂျိန်းဖောင်ဒါ လိုလို ၊ ရေကဲလ်ဝှက်ချ် လိုလို လှသည် ။ တစ်ချက် တစ်ချက် လျှပ်လက် သကဲ့သို့ ပေါ်ထွက်လာသော ဒစ္စကို မီးရောင် အလင်း တွင် ဖြောင့်စင်းသော နှာတံ နှင့် ကော့ပျံ နေသော မျက်တောင်နက်ကြီးများ ကို မြင် လိုက်ရလျှင် ရင်မှာ ရှိုက်ခနဲ ဖြစ်၍ အသက်ရှူ ပင် မှား မှားသွားသည် ။ တကယ့်ကို လှ ၍ တစ်ညလုံး ထိုင် ကြည့်နေချင်စရာ ကောင်းအောင် ဆွဲဆောင်မှု ရှိပါသည် ။

“ ဆန်နီ မင့် ကောင်မလေး နာမည် ဘာတဲ့လဲ ကွ ” 

ကျွန်တော် က ကိုယ့်ဟာမကြီး ဘေးနား ထားပြီး ဆန်နီ့ ကောင်မလေး ကို ပိုးပန်းနေရုံသာ မက နာမည် ပါ သိချင်၍ မေး လိုက်သည် ။ 

“ ကိန္ဒရီ ဆိုလား ဘာဆိုလား မသိပါဘူး အစ်ကိုကြီး ရာ ၊ အစ်ကိုကြီး မေးကြည့်ပါဦး ”

“ ဆီညာရီတာ ကဲအေ့စ် တူ နံဗရ ”

ကျွန်တော် က လူတတ်ကြီး လုပ်ပြီး စပိန်စကား ဖြင့် မိန်းကလေး နာမည် ဘယ်လို ခေါ်ပါသလဲ ဟု မေး လိုက်သည် ။ ကိန္နရီ ဟု ပင် ဖြေသည် ။ သေချာအောင် မေး၍ ရေးပြ ခိုင်းတော့မှ သူ့ နာမည် အပြည့်အစုံ မှာ ကင်ညီ ဖူးရိုးစ် Keinyie Fourose ဟူ ၍ ဖြစ်သည် ။ ဤ ကျွန်းနိုင်ငံသူ မိခင် နှင့် အီတလီလူမျိုး ဖခင် မစ္စတာဖူးရိုးစ် တို့ ၏ သမီးလေး ဖြစ်နေသည် ။ ဥရောပ မှာ အလှတို့ စုဝေးရာ ဆိုဖီယာလောရင့် တို့ နိုင်ငံ အီတာလျံသွေး ပါ နေ၍ ဤမျှ လှနေခြင်း ဖြစ်မည် ။ ကျွန်တော် တို့ အားလုံးပင် မှန်ကန်အောင် အသံ ထွက် မခေါ်တတ်၍ အမှတ်ရ လွယ်အောင် မြန်မာ ဆန်ဆန် ကိန္နရီ ဟု ပင် အမည် ပေး လိုက်ကြသဖြင့် လှရုံ သာ မက တော်လေးဝ စာရင်း ပါ ဝင်သွားတော့သည် ။ 

“ ဆန်နီ မင်း ကောင်မလေး က ကိန္နရီ ဆိုတော့ မင်းက ကိန္နရာ ပေါ့ ကွ ”

ကျွန်တော် က အသော ဖောက် လိုက်သဖြင့် မြန်မာတွေ ဝိုင်း ရယ်ကြသောအခါ အမျိုးသမီးများ က ဘာကြောင့် ရယ် ကြတာလဲ ဟု မေး ကြသည် ။ ကိန္နရီ နှင့် ကိန္နရာ တို့ ၏ ရက်ပေါင်း ခုနစ်ရာ မြန်မာပုံပြင် ကို အင်္ဂလိပ် စပိန် နှစ်ဘာသာ ဖြင့် ရှင်း ပြသောအခါ အမျိုးသမီးများ သဘော ကျ လွန်း၍ တယုတယ မှတ်သား ထားကြသည် ။ မောင်ဆန်နီ က တစ်ည မပြော နဲ့ တစ်ခဏ တောင် မခွဲပါရစေနဲ့ ဟု ပြောပြီး သူ့ ကောင်မလေး ကို မွှေးမွှေး ပေး လိုက်သောအခါ အားလုံးပင် သဘော ကျ ၍ လက်ခုပ် တီးကြ သည် ။ ပျော်ပျော်ပါးပါး သောက်စား ကခုန်ပျော်မြူးကြသည် ။

ညသန်းခေါင် ကျော် သော အခါ မူးဝေငိုက်မျဉ်းလာကြပြီ ဖြစ်၍ နတ်ဆက် အနမ်းတွေ ကိုယ်စီဖြင့် နှုတ်ဆက် ခွဲခွာကြသည် ။ မောင်ဆန်နီ တို့ အတွဲ ကတော့ နက်ဖြန် ည ရှစ်နာရီ မှာ ပြန် ဆုံကြရန် တိတိကျကျ ချိန်းဆိုနေသံ ကြား ရသည် ။

အပြန်လမ်း တစ်လျှောက် တွင် တော့ ဆန်နီ့ ကောင်မလေး လှ ကြောင်း ချောကြောင်း ကို သာ ပြော လာကြသည် ။ ကံကောင်းသူ မောင်ဆန်နီ က လည်း အထူး အားရကျေနပ်နေသည် ။ နက်ဖြန် အလုပ် သိမ်းပြီးသည် နှင့် စောစောသွားမည် ဟု ဆိုသည် ။

မောင်ဆန်နီ ခေါ် မောင်သန်းတိုး မှာ သင်္ချာအဓိက ဖြင့် ဘွဲ့ ရပြီး နောက် နိုင်ငံခြားသင်္ဘောသား အလုပ်သင်အရာရှိ ( ကဒက် ) ခန့် ဖြင့် ရန်ကုန် မှ ထွက် လာပြီး သင်္ဘော ပေါ် ရောက်သောအခါ ရိုးရိုးသင်္ဘောသား ( အိုအက်စ် ) လုပ် နေရသည် ။ ကုန်းပတ်အရာရှိ စာမေးပွဲ ဝင် နိုင်ရန် လုပ်သက် နှင့် အတွေ့အကြုံ ယူရင်း စာ ကျက်နေသူ ဖြစ်သည် ။ အသက် နှစ်ဆယ်ကျော် အရပ်အမောင်း ကောင်းသော လူဖြောင့် လူချော ဖြစ်၍ ရောက်လေရာ နိုင်ငံတိုင်း မှာ အချောအလှလေးများ က သူ့ ကို မျက်စိ ကျ လေ့ ရှိသည် ။ ရန်ကုန် က ထွက် မလာမီက နောက်ဆုံးနှစ် ဆေးကျောင်းသူ တစ်ဦး နှင့် လူကြီးချင်း စေ့စပ် ထားခဲ့သည် ဟု သိ ရသည် ။ မောင်ဆန်နီ ကံဆိုးချိန် ကြုံလို့ နဲ့ တူ ပါရဲ့ ၊ ဒီမြို့ မှာ ကုန်ချတဲ့ ရက်တွေ ကြာ နေသည် ။ သာမန်အားဖြင့် နှစ်ပတ် ဆယ်ရက် ဆိုလျှင် ကုန်ချ ပြီး နိုင်သည် ။ ဆန်အိတ်တွေ ချနေ၍ မိုး ရွာလျှင် ရပ် ထား ရပြန်သည် ။ ရပ်ထားရသည့် အကြောင်း  တွေ လည်း များ သထက် များ လာသည် ။ ဆန်နီ ကတော့ လေမလာ ကြာ တိုင်း ကောင်း လို ဖြစ်နေသည် ။ ဆီးမင်းဘား နိုက်ကလပ် သို့ နေ့တိုင်း သွားသည် ။ သူ့ ကောင်မလေး ကို မခွဲနိုင် မခွာရက် ဖြစ် နေသည် ။

ကုန်းပတ် ညစောင့် တာဝန် ကျသော နေ့တွင် နေ့လယ် မအိပ်နိုင်ဘဲ တစ်နေကုန် ကိန္နရီ တို့ အိမ် မှာ သွား နေသည် ။ ကိန္နရီမိဘများ နှင့် ပင် ရင်းနှီးခင်မင် နေပြီ ဖြစ်သည် ။ ကျွန်တော့် ကို ပါ ခေါ် သွား၍ လိုက်သွားရသေးသည် ။ တကယ့် မိသားစု အရင်းအချာ လို ဖြစ်နေတာ တွေ့ရသည် ။ ကိန္နရီ မိဘများ မှာ လူချမ်းသာများ မဟုတ်ကြသော်လည်း ကျပ်ကျပ်တည်းတည်း တော့ မဟုတ်ကြ ။ သူတို့ နိုင်ငံ လူနေမှု အဆင့် အရ တီဗွီ ၊ ရေခဲ သေတ္တာ ၊ စားပွဲတင်ပန်ကာ စသည်တို့ဖြင့် သန့်သန့်လေး နေကြတာ တွေ့ ရသည် ။ တိုက်ခန်းလေး ကတော့ အနည်းငယ် ကျဉ်းသယောင် ရှိသည် ။

ကိန္နရီ ၏ မိခင်ကြီး က မောင်ဆန်နီ ကြောင့် သူ့ သမီးလေး ကိန္နရီ လိမ္မာလာပြီ ဖြစ်ကြောင်း ဝမ်းသာ အားရ ကျွန်တော့် ကို ပြော ပြ သည် ။ ကိန္နရီ နိုက်ကလပ်များ သွားပြီး ယောက်ျား တကာ နှင့် တွဲ၍ အရက် သောက် နေသည် ကို တား မရ၍ စိတ် ဆင်းရဲနေသည် မှာ ကြာပြီ ဟု ဆို သည် ။ သူတို့ ယဉ်ကျေးမှု သူတို့ ဓလေ့ထုံးတမ်း အရ အသက် တစ်ဆယ့် ရှစ်နှစ် ပြည့်ပြီးသော သားသမီး ကို မိဘ က ချုပ်ချယ်ပိုင်ခွင့် မရှိတော့ ၊ အကျိုးသင့် အကြောင်းသင့် ပြော ပြ၍ ရလျှင် ရ ၊ မရလျှင် လက်ပိုက်ကြည့် နေရတော့သည် ။ ယခုမူ ( နိုက်ကလပ် တွေ မသွားပါ နဲ့ ၊ တွဲ က နေတာ မောင် မကြည့်နိုင်ဘူးလို့များ ဆန်နီ က ပြော ထားသလား မသိ ။ ) ခြေ ငြိမ် ပြီး ဣန္ဒြေ ရနေသည် ဟု ဆိုသည် ။ ပြိုးပြိုးပြောင်ပြောင် နဲ့ ရွှေရောင် စီတီစင်နာရီလေး တစ်လုံး ကို လည်း ဆန်နီ က ဝယ် ပေးထား၍ သူ့ အသားလေး ဝါဝါ နှင့် ပနံ ရပြီး အလှတွေ တိုးနေသည် ။

နောက်ရက်တွေ မှာတော့ နာရီ သာ မက အင်္ကျီ ဘောင်းဘီ ၊ ဂါဝန် ၊ ဖိနပ် ၊ မိတ်ကပ် ၊ ရေမွှေး က အစ ဝယ်ပေး နေ ရတော့သည် ။ မြို့ နှင့် မိုင် ၂၀ လောက်ဝေးသော အရပ် မှာ ရှိသည့် ပင်လယ်ရေချိုးဆိပ် ကို အငှား ကား ဖြင့် နှစ်ယောက် အတူ သွားကြသည် ။

တစ်နေ့တော့ ညည်းသံ တစ်ချက် ထွက် လာသည် ။ စုဆောင်းထားသည့် ဒေါ်လာ နှစ်ထောင် ကုန်တော့မည် ဆိုသည် ။ သူ ညည်းသံ ကြားတော့ သူ ဖတ်ပြဖူးသော သူ့ မိခင် ထံ မှ စာ ကို သတိ ရမိသည် ။

သားလေး အတိုး ကျန်းမာစေရန် နေ့စဉ် ဘုရားဝတ်ပြု တိုင်း မေမေ ဆုတောင်းမေတ္တာ ပို့လျက် ရှိတယ် ၊ သားလေး အနန္တော အနန္တငါးပါး ကို မမေ့နဲ့ ၊ သား လေး ဖေဖေ ကိစ္စ ပြီး သွားပြီ ၊ ဌာန ဆိုင်ရာ က ထွက်စာ တင်ခိုင်းတယ် ၊ ကံတရား ပေါ့ သား ရယ် ၊ ဖြစ်လာတာ ဘာ တတ်နိုင်မှာလဲ ၊ အခုတော့ အိမ် မှာ အနား ယူ စာဖတ် ၊ ပုတီးစိပ် နေတယ် ၊ ဖြူတုတ် နဲ့ ဖိုးကဲ ကို ရှင် ပြုရင် သူ့မြေး ကိုရင်တွေ ကို စောင့်ရှောက်ဖို့ လူ မရှာ ရအောင် ဒုလ္လဘရဟန်း ဝတ် မယ် ပြောတယ် ၊ မေမေ တို့ အခြေ အနေ ကို သိ ပြီးမို့ သားလေး လိမ္မာပါ ၊ ဘဝအသိ ရှိပါ ၊ ကျန်းမာရေး သတိ ရှိပါ ။ စီးပွားရေး သတိ ရှိပါ ၊ ပေါင်းသင်း ဆက်ဆံရေး သတိ ရှိပါ ။ အလုပ် တာဝန် သတိ ရှိပါ ၊ မိမိ အကျိုးစီးပွား ကို အလွန်အကျွံ မထိခိုက်ပါ က သူတစ်ပါး ကို ကူညီ တတ်ရန် သတိ ရှိပါ ၊ မိမိ ပယောဂကြောင့် သူတစ်ပါး ဒုက္ခ မရောက်ရအောင် သတိ ရှိပါ ။ လောက မှာ မိမိ မှ တစ်ပါး အားထား ကိုးကွယ်ရာ မရှိဘူး သား ၊ ရှင်တော်မြတ်ဘုရား  ကလဲ အတ္တာဟိ အတ္တနော နာထော လို့ ဟောတော် မူတယ် ။ သားလေး အန္တရာယ်တွေ ကြား မှာ ပင်ပန်းကြီးစွာ စုဆောင်း ရရှိတဲ့ ချွေးနှဲစာလေး ကို သား နဲ့ မေမေ တို့ မိသားစု အတွက် အကျိုးရှိရှိ အသုံးချ နိုင်အောင် လိမ်လိမ်မာမာ နဲ့ ပြန်ခဲ့ပါ လို့ မေမေ မှာကြား လို ပါတယ် ။ 

အမြော်အမြင် ကြီးမားသော မေတ္တာတရား ကြီးမားသော မိခင် က သားတော်မောင် ထံ ရေးသော စာရှည်ကြီး ထဲ က တစ်ပိုဒ် မျှ ဖြစ်သည် ။ စာ ထဲ က ဝါကျအချို့သ ည် သူ့ သား နှင့် ပေါင်း နေသော ကျွန်တော့် ကို ရန်တွေ့ သလို ခံစား ရ၍ ကြက်သီးမွေးညင်း ထ မိသည် ။

စာ ကို လက်ခံ ရရှိစဉ်က ဆန်နီ လက် ထဲတွင် ဒေါ်လာ တစ်ထောင့် ရှစ်ရာ ရှိသည် ။ တိုယိုတာ ပတ်ပလေကာ ရ၈ ၊ ၇၉ မော်ဒယ် ဝယ်နိုင် သည် ။ ပြန် ရောင်းလျှင် တစ်သိန်းလေးသောင်း ရ နိုင်သည် ။ အခုတော့ ဒေါ်လာ နှစ်ထောင် ကုန်လုပြီ ဟု ဆိုသည် ။ ရိုးရိုးသင်္ဘောသား တစ်ယောက် အနေဖြင့် ဤမျှ ငွေကြေး ကို စုဆောင်း ရရှိရန် တစ်နှစ် ခန့် အလုပ် လုပ်ကြရ သည် ။ ဥရောပ နှင့် အမေရိက ဆိုတာက အပျော်အပါးတွေ က ပေါ ။ အစစအရာရာ လိုချင်စရာတွေက များ ၊ ကုန်ဈေးနှုန်း က ကြီးတော့ အသုံး နှင့် အဖြုန်း ဆင်ခြင်ရသည် ။ စိတ် ကို ချိုးနှိမ်ရသည် ။ စောင့်စည်း ရသည် ။ အောင့်အည်း ရသည် ။ မဆင်ခြင်ပါက အိမ်ပြန် မလှ ဖြစ်မည် ။

ပြောမည့် သာ ပြော ရသည် ။ ကျွန်တော် ကိုယ်တိုင် က မဆင်ခြင်နိုင်သူ မို့ ကူညီမိလျက်သား ဖြစ် ဖြစ်နေသည် ။ လိမ္မာချင်သူတွေ ကိုယ့် ဟာ ကိုယ် လွတ်လွတ်လပ်လပ် လိမ္မာကြ ၊ ငါ့ ကို အားမနာကြနဲ့ ဟု ပြော ထားသည် ။

ရက် နှစ်ဆယ် ခန့် ရှိပေပြီ ။ ကုန်ချ ပြီးရန် ငါးရက်ခန့် သာ ကျန် တော့သည် ။ တစ်နေ့ တွင် မောင်ဆန်နီ ကျွန်တော့် အိပ်ခန်း သို့ ရောက် လာသည် ။ ကိန္နရီ ကို တရားဝင် လက်ထပ်တော့မည် ဟု ဆိုသည် ။ ကျွန်တော် အံ့သြသွားသည် ။ ဤမျှ ဖြစ်လာလိမ့်မည် ဟု မထင်မိခဲ့ ။ မသင့်လျော်သည့် အကြောင်း ၊ မဖြစ်နိုင်သည့် အကြောင်းတွေ ကို ကျွန်တော် ပြောပြသည် ။ သို့သော် နောက်ကျ နေလေပြီ ။ မောင်ဆန်နီ က လက် မခံသည့် အပြင် မင်္ဂလာလက်စွပ် နှင့် ဝတ်စုံတွေ ကို ပါ ချုပ်လုပ် ပြီး နေပြီ ဟု ဆိုသည် ။ လက်ထပ် ပြီးပါက မည်သည့် ပုံစံ ဖြင့် စခန်းသွားကြမလဲ ဟု မေး ကြည့်ရာ သင်္ဘော ပေါ် မှာ လုပ်သက် တစ်နှစ် ကျော်ပြီး ဖြစ်၍ အလုပ် မှ ထွက်ပြီး ကိန္နရီ တို့ နိုင်ငံ မှာ နေရစ်ခဲ့တော့မည် ဆိုပါလား ၊ ဘုရား ဘုရား ။

ဖြစ် မှ ဖြစ် ရလေ ။ ကျွန်တော် အကြီးအကျယ် တုန်လှုပ် စိုးရိမ်သွား သည် ။ ကား ဝယ်ပြီး ပြန် လာမည့် သား ကို မျှော်နေသည့် မိခင်ကြီး နှင့် အလုပ် ပြုတ်ပြီး စိတ်ညစ်နေသော သူ့ ဖခင်ကြီး တို့ ကို မမြင်ဘူး သော်လည်း စိတ် မှန်း ဖြင့် သနား သွားမိသည် ။ ဤ နိုင်ငံ တွင် ရပ်တည်မည့် သူ့ အစီ အစဉ်များ ကို ပြော ပြသည် ။

လောလောဆယ် ခေတ္တ ဗီဇာ ဖြင့် နေပြီး မကြာမီ နိုင်ငံသား ဖြစ်အောင် ကိန္နရီ ဦးလေး ရှေ့နေ တစ်ယောက် က ကူညီမည် ဟု သိ ရသည် ။ ကျွန်တော် က ဖြစ်ပါ့မလား ဟူသော စောဒက ပုစ္ဆာ အမျိုးမျိုး ကို ကျိုးကြောင်း နှင့်တကွ တင်ပြ ကြည့်သေးသည် ။ ကျွန်တော့် ကို ပင် အထင်သေး သည့် အမူအရာ ဖြင့် ဖြစ်ပါသည် ဟု မထီ ပြုံး ပြုံး၍ ဖြေသည် ။ သင်္ဘောသားချင်း တူပေမယ့် သူ က ဘွဲ့ရ ပညာတတ် သင်္ဘောသား ၊ ကျွန်တော် က ဘုန်းကြီးကျောင်း ထွက် ဘဝ ။ ကျားကွက် မှာ လက်ရည်တူ သရေ ကစား နိုင်သော်လည်း အဆုတ် အတက် မှာ တစ် ကွက် နောက်ကျ နေသူမို့ သူ့ အပြုံးမျိုး ပြုံး ၍ အရှုံးပေး ခေါင်းညိတ် လိုက်ရပါသည် ။

တနင်္ဂနွေ နံနက် ဘုရားကျောင်း မှာ လက်ထပ်သည့် နေ့ က ကျွန်တော် က သတို့သား ဖခင် အဖြစ် တာဝန် ယူ ရသည် ။ မြန်မာဘုန်းကြီးကျောင်းသားဟောင်း ဖြစ်၍ ခရစ်ယာန် ဘုရားကျောင်း နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသဖြင့် ရင်ခုန် နေမိသည် ။ ဘုရား ဝတ်ပြုရန် လာကြသူများ နှင့် အတူ မင်္ဂလာပွဲ လာ ကြသူများ ကလည်း ဝတ်ကောင်းစားလှတွေ ဝတ် လာ ကြသည် ။ ကျွန်တော့် သတို့သား ကတော့ ရန်ကုန် က လာတုန်းက ဝတ် လာသည့် ဝတ်စုံ ကို ပင် နက်ကတိုင် အသစ် လဲ ၍ ဝတ် ထားသည် ။ နဂို ချောသူ မို့ ဘာပဲ ဝတ်ဝတ် ကျက်သရေ ရှိနေသည် ။ သတို့သမီး ကတော့ လေဒီဒိုင်ယာနာ ချားလ်မင်းသား နှင့် လက်ထပ်စဉ် က ဝတ်သည့် ဝတ်စုံမျိုး ကို နိုင်ငံတကာ က လိုက် တုပြီး မင်္ဂလာဝတ်စုံ အဖြစ် ရောင်းချ သော ဝတ်စုံ ကို ဝတ် ထား၍ တအား လှနေသည် ။

လက်ထပ်မင်္ဂလာ ထုံးတမ်းစဉ်လာ အရ ဘုန်းတော်ကြီး က ကျမ်းစာ ဖတ်ခြင်း ၊ ပြုဖွယ်ကိစ္စများ ပြုလုပ်ခြင်း ၊ လက်စွပ် လဲခြင်း ပြုလုပ်ပြီးသော အခါ သူတို့ ဓလေ့ထုံးစံ အရ သတို့သမီး ကို ခေါ်ဆောင် လာပြီး သတို့သား ဖခင် ကျွန်တော့် ထံ အပ် နှံသည် ။ သတို့သမီး သည် ကျွန်တော့် ရှေ့ရောက် သည်နှင့် ဒူး ကို နဖူး နှင့် ထိ သည် ။ ကျွန်တော် က သတို့သမီး ကို တွဲ ထူ ၍ နဖူးဆံစပ် ကို ဖွဖွလေး နမ်း ရသည် ။ ပြီးတော့မှ သတို့သမီး ၏ ဘယ်လက် ကို ကိုင်၍ သတို့သား ၏ ညာလက်ရုံး တွင် ချိတ် ပေးလိုက် သောအခါ ဩဘာလက်ခုပ်သံများ နှင့် အတူ မင်္ဂလာဆောင်ခြင်း ကိစ္စ ပြီး သွားလေတော့သည် ။ ဒါတွေ က စနေနေ့ ညနေ ထဲ က လာပြီး ရီဟာစယ် လုပ်ထားရခြင်း ဖြစ်သည် ။

သင်္ဘော မထွက်ခွာမီ နှစ်ရက်ခန့် အလိုတွင် မောင်ဆန်နီ အလုပ် ထွက်စာ တင်သည် ။ ရေယာဉ်မှူး က ဒေသကိုယ်စားလှယ် မှ တစ်ဆင့် ကုမ္ပဏီ ရှိရာ ဂရိနိုင်ငံ အေသင်မြို့ သို့ ကြေးနန်း ရိုက်၍ ခွင့်ပြုမိန့် တောင်း သည် ။ ကုမ္ပဏီ က လူစား စီစဉ် လို၍ တစ်လ ခန့် စောင့်ပါရန် အကြောင်း ပြန်သည် ။ မောင်ဆန်နီ က မစောင့်နိုင်ပါ ဟု ဆိုသည် ။ ကန်ထရိုက် က စာချုပ် နှစ်ပြည့်ပြီး သူ ဖြစ်၍ တား မရသောအခါ ခွင့်ပြုလိုက်ရတော့သည် ။ ဤ အချိန်မှ စ၍ မောင်ဆန်နီ ခေါ် မောင်သန်းတိုး ခင်ဗျာ သူ့ ဘဝ သမုဒ်ပြင် မှာ သောကမုန်တိုင်း ဆင် တော့မည် ကို ကြိုတင် မသိသေး၍ ပျော်နေရှာသည် ။ 

ရေယာဉ်မှူး သည် မောင်ဆန်နီ အတွက် ရှင်းပေးစရာ ရှိသည့် လက်ကျန် ရက်တွက် လုပ်အားခများ ကို ရှင်း ပေးပြီး သင်္ဘော မှ မထွက်ခွာမီ ဒေသကိုယ်စားလှယ် မှ တစ်ဆင့် လူဝင်မှုကြီးကြပ်ရေး အရာရှိ လက်သို့ အပ် လိုက်သည် ။ နိုင်ငံခြားသား ဖြစ်နေ၍ အစစအရာရာ သတိကြီးစွာ ဆောင်ရွက်ကြရသည် ။ ဒေသအာဏာပိုင်များ သည် မောင်ဆန်နီ ၏ မင်္ဂလာ ကိစ္စအဝဝ ကို ဘာမှ မသိကြသဖြင့် ဤ နိုင်ငံ တွင် နေထိုင်ခွင့် ၂၄ နာရီ ဗီဇာ နှင့် မြန်မာနိုင်ငံ သို့ ပြန်ရန် လေယာဉ်လက်မှတ် ကို စီစဉ်ထားပြီး ဖြစ်သည် ။ အကြောင်းစုံ သိ တော့မှ မောင်ဆန်နီ ခမျာ ပျာယီးပျာယာ ဖြစ် သွားပြီး မိမိ သည် ဤ နိုင်ငံတွင် ရက်ရှည်ဗီဇာ ဖြင့် နေထိုင်ဦးမည် ဖြစ်ကြောင်း မိမိ သည်နိုင်ငံ တွင် တရားဝင် ဇနီး ရှိနေပြီ ဖြစ်၍ ဤ နိုင်ငံသား အဖြစ် ရရှိအောင် လျှောက်ထားရန် စီစဉ်ပြီး ဖြစ်ကြောင်း များ ကို ငိုကြီးချက်မ ရှင်း ပြသည် ။ သည်တော့ ဒေသခံကိုယ်စားလှယ် နှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိ တို့ မှာ ဦးနှောက် ခြောက်ရတော့သည် ။

လူဝင်မှုကြီးကြပ်ရေး အရာရှိ အချို့ က မောင်ဆန်နီ ကို သနား ကြ သည် ။ နောက်ဆုံး လိုက်လျောသည့် အနေဖြင့် ကုမ္ပဏီ ကိုယ်စားလှယ် တာဝန် ယူ ပါ က နှစ်ပတ် ဗီဇာ ထုတ်ပေးပါမည် ။ တစ်ဆယ့်လေးရက် တွင် တစ်ကြိမ် သက်တမ်းတိုးခြင်း ကို သုံးကြိမ် အထိ ခွင့်ပြုနိုင်ပါသည် ဟု လိုက်လျော ကြသည် ။ ကုမ္ပဏီကိုယ်စားလှယ် ကလည်း ထမင်းရေပူလာ လျှာလွှဲ သဘောမျိုး ဖြင့် သင်္ဘောကုမ္ပဏီ သို့ အကြောင်းစုံ တင်ပြပြီး ခွင့်ပြုမိန့် တောင်းသည် ။

သင်္ဘောကုမ္ပဏီ က လုံးဝ ခွင့်မပြုနိုင်ပါ ဟု ချက်ချင်း အကြောင်း ပြန် သည် ။ မြန်မာသင်္ဘောသား တစ်ဦး အလုပ်တာဝန် ပြီးဆုံးပါက ဘေးမသီ ရန်မခ ဘဲ မြန်မာနိုင်ငံ သို့ အမြန်ဆုံး ပြန် ပို့ပေးရန် အတွက် မိမိ တို့ မှာ လုံးဝ တာဝန် ရှိ၍ ၎င်း သင်္ဘောသား ကို ၂၄ နာရီ ထက် နောက် မကျစေဘဲ ၊ လေယာဉ် စီးနိုင်ရန် စီစဉ်ပါ ဟု အကြောင်း ပြန်သည် ။

ကျောတစ်ရာ ရင်တစ်ရာ ဒဏ် ခတ်၍ နန်းရပ် က ထွက်စေ ၊ သူ့ မိဖုရား သမီးသား နှင့် ယာဉ်ရထား အဆောင်အယောင် ဖိနပ်တောင် မပါစေရ ဟူသော အမြင်ကတ် အမိန့်တော် ကို ကြား ရသော မင်းသား ကဲ့ သို့ အားပြတ် ခွေယိုင် မဟန်နိုင်ဘဲ မတ်တတ် က လဲ ကျသွားတော့ မလို ဖြစ် သွားသည် ။ ကိန္နရီ နှင့် ကိန္နရာ တို့ ၏ တစ်သက်တာ ခွဲခွာရသည့် ဇာတ်လမ်း အတွက် ပြည်ဖုံးကား လှစ်သောနေ့ ဖြစ်တော့သည် ။

ကုမ္ပဏီကိုယ်စားလှယ် က နက်ဖြန် နံနက် ငါးနာရီ လေဆိပ် အရောက် သွား ရမည် ၊ ဤ နိုင်ငံ မှ စပိန်နိုင်ငံ မက်ဒ်ရစ် ၊ အိန္ဒိယနိုင်ငံ ဘုံဘေ ၊ ထိုင်းနိုင်ငံ ဗန်ကောက် မှ ရန်ကုန် ခရီးစဉ် ဖြင့် လက်မှတ် လုပ်ထား မည် ။ နံနက် ကား လာ ခေါ်မည် ၊ အသင့် လုပ်ထားပါ ဟု ဆိုသည် ။

ဘာများ တတ်နိုင်မည်နည်း ။ သင်္ဘော ပေါ်တွင် လည်း မနေလို သဖြင့် ပိုင်ဆိုင်သေးသမျှ ပိုက်ဆံလေး တစ်ပဲခြောက်ပြား နှင့် အဝတ်အစား လေးများ ကို အိတ်ကလေး တစ်လုံး တွင် ထည့်၍ ကျွန်တော် နှင့် အတူ ယောက္ခမ အိမ် သို့ ထွက် ခဲ့ကြသည် ။ အိမ် ရောက်ပြီး အကြောင်းစုံ ပြောပြ၍ သိကုန်ကြတော့ တစ်အိမ်လုံး ပူဆွေးငိုကြွေးကြသည် ။ ကိန္နရီ က မျက်နှာ ကို လက်ဝါး နှင့် အုပ်ပြီး အိပ်ခန်း ထဲ ဝင် ပြေးပြီး ။ အရှက်ကွဲ ပါပြီ ဆိုတဲ့ သဘောလား ၊ အသည်း ကွဲပါပြီ ဆိုတဲ့ သဘောလား မဝေခွဲ တတ်ပြီ ။ မောင်ဆန်နီ ခမျာ မနေသာတော့၍ ဝင် လိုက်သွားရတော့သည် ။ မြင်ကွင်း က စိတ်ဆင်းရဲစရာ အတိ ဖြစ်နေသည် ။ ထိုင် ကြည့်နေရတာ မျက်နှာ ပူ သဖြင့် နက်ဖြန် နံနက် စောစော လာခဲ့ပါမည် ၊ တတ်နိုင်ပါက အစွမ်း ရှိသမျှ အောင်မြင်အောင် ကြိုးစားကြပါဦး ဟု ပြောပြီး သင်္ဘော ပြန်ခဲ့ သည် ။

ခြေလှမ်း တစ်ချက် မှားသော လူသား နှစ်ဦး တို့ ၏ ဘဝ နှစ်ခု တို့ သည် ထက်ဝက်စီ ပျက်စီး ဆုံးရှုံးသွားကြပြီ ဟု ထင်သည် ။ နှလုံးသား ကိစ္စ ဖြစ်၍ မေတ္တာတရား ကို ဈေးစကား မဆိုသင့်သော်လည်း နှစ်ယောက် စလုံး အတွက် ငါးဆယ်ရာခိုင်နှုန်း စီ အရှုံး ပေါ် ခဲ့သည်ကတော့ အမှန် ပင် ဖြစ်သည် ။ ဘဝ ပျက် သည် အထိ မနစ်နာ သေး၍ တော်ပေသေးသည် ။ သို့သော် မောင်ဆန်နီ ခမျာ လူပျိုဘဝ မှ အို ခဲ့ရပြီ ။ ရန်ကုန် က စေ့စပ် ကြောင်းလမ်း မှု ပျက် သွားနိုင်သည် ။ တစ်နှစ် လုပ်အားခ ဒေါ်လာ နှစ် ထောင်ကျော် ကုန် သွားပြီ ဖြစ်သည် ။ ဤမျှ ငွေကြေး ကို အမိနိုင်ငံ သို့ ယူ သွားမည်ဆိုပါက တစ်သိန်းခွဲ ခန့် တန်ဖိုး ရှိသည် ။ အခုတော့ လက်ဖဝါး ခြေဖဝါး အပြင် တစ်ပြား မှ မပါသည့် ဘဝ ဖြင့် ပြန် ရပေတော့မည် ။ မိဘ ညီအစ်ကို မောင်နှမ တွေ ကို ဘယ်လို မျက်နှာ ပြ မည်နည်း ။ ပန်း ဝင်ခါနီး မှ ဘောင်းဘီ ကျွတ် ကျသော အပြေးသမား နှင့် တူ တော့သည် ။

နောက် တစ်ယောက် ကိန္နရီ ၏ ဘယ်ဘက်လက်သူကြွယ် မှာ အိမ်ထောင်သည် လင်ရှိ မယား ပါ ဟု အမှတ်တံဆိပ် ခတ်နှိပ်ထားသော လက်ထပ် လက်စွပ်ကလေး ကို တရားဝင် ချွတ် မပစ်နိုင်သေး သမျှ ကာလ ပတ်လုံး ဝတ် ထားရပေတော့မည် ။ သူတို့ နိုင်ငံ သူတို့လူမျိုး ၏ ယဉ်ကျေးမှု နှင့် လူမှုရေး ဥပဒေ အရ တရားဝင် လက် မထပ်ရသေး ပါ က ယောက်ျား တကာ နှင့် ယဉ်ပါး ၍ သားသမီး ပင် ရှိစေဦးတော့ အရေးမကြီး ၊ တရားဝင် လက်ထပ် ပြီး ပါက သတိကြီးကြီး ထား၍ စည်း စောင့်ရသည် ။ လွတ်လပ်စွာ သွားလာလှုပ်ရှား ပျော်ပါးနိုင် ခွင့် မရှိတော့ ။ ပထမ ယောက်ျား နှင့် တရားဝင် ကွာရှင်းမှု မပြုရသေးမီ တခြား ယောက်ျား ကို လက်ထပ်နိုင် ခွင့် လည်း မရှိတော့ ။ ပူပူနွေးနွေး ချစ်လင် ကိုဆန်နီ ကို မြန်မာပြည် မပြန်မီ နာရီပိုင်း အတွင်းမှာ တရားဝင် ကွာရှင်းပေးခဲ့ပါ ဟု ပြောရအောင် ကလည်း ပြော မထွက် ၊ မပြောရက် ၍ မပြော ဖြစ်တော့ ။ ဒီတော့ အကြောင်း သိသော ယောက်ျားများ ကလည်း ကိန္နရီ ကို လက်ထပ်ဝံ့ကြတော့မည် မဟုတ် ။ သိသည် ဖြစ်စေ မသိသည် ဖြစ်စေ လင်ရှိ မယား ကို ယဉ်ပါးမိပါ က ဥပဒေ အရ ကြီးမားသော ရာဇဝတ်မှု ကို ကျူးလွန်ရာ ရောက် နိုင်၍ ကိန္နရီ ၏ ဘဝ သည်လည်း ငယ်ငယ်ရွယ်ရွယ် နှင့် ငါးဆယ်ရာခိုင်နှုန်း နစ်နာ ဆုံးရှုံးရလေပြီ ဟု ဆိုနိုင်ပါသည် ။ 

သူတို့ အကြောင်း တွေး တောရင်း တစ်ညလုံး အိပ် မပျော်နိုင်ခဲ့ ။  မိုး လင်းခါနီး လေးနာရီ က ပင် ထ၍ မျက်နှာသစ် အဝတ်အစား လဲပြီး မောင်ဆန်နီ ကို လေဆိပ် ပို့နိုင်ရန် ကိန္နရီ တို့ အိမ်ဘက် သို့ ထွက် လာခဲ့သည် ။ တစ်အိမ်လုံး နိုး နေကြတာ တွေ့ရသည် ။ သူတို့ လည်း အိပ် ပျော်ခဲ့ကြဟန် မတူ ။ ကုလားထိုင် မှာ ဆေးတံ ထိုင် ဖွာနေသော ကိန္နရီ ၏ ဖခင်ကြီး ကို စပိန် လို “ ဘွဲ့နိဒီးယား ဆီညော်  ”  မင်္ဂလာ နံနက်ခင်းပါ လူကြီးမင်း ခင်ဗျာ တရိုတသေ နှုတ်ဆက်လိုက်ပါသည် ။ အဘိုးကြီး က ပြန်လည် နှုတ်ဆက်ပြီး အင်္ဂလိပ် စကားတစ်ခု ကို ရယ်ရယ်မောမော ပြော ပါသည် ။

“ ဗဲရီးဖန်းနီး မစ္စတာစိုးမိုး ၊ အီးစီး သိမ်းစ်အာရ် နိုးလောင်းဂါး ဟား ဟား ဟား ” တဲ့ ။

သိပ် ရယ်စရာ ကောင်းတယ် ၊ လွယ်လွယ် လုပ်တာတွေ ဟာ ကြာ ကြာ မခံဘူး ဟု ဆိုလိုသလား ၊ မကျက်တဲ့ အိုး အဖိုးမတန် ဟု ဆိုလိုသလား ၊ ထိုင်နေ အကောင်းသား ထ သွားမှ ကျိုးမှန်းသိ ဟု ဆိုလိုသလား ၊ အဓိပ္ပာယ် ကို နား မလည်တော့ပြီ ။ လူကြီး ရှက်တော့ ရယ်သည် ဆိုတာမျိုး တော့ ဖြစ်နိုင်သည် ။ 

ငါးနာရီ ထိုးခါနီး တွင် အိမ်ရှေ့ သို့ ကား တစ်စီး ရောက်လာပြီး ဟွန်း တီးသည် ။ ကုမ္ပဏီ ကိုယ်စားလှယ်ရုံး မှ ကား ဖြစ်သည် ။ လေဆိပ် သို့ လိုက်ပို့ကြမည့် ကိန္နရီ တို့ သားအမိ နှင့် အတူ ကိန္နရီ့အစ်မဝမ်းကွဲ ဆိုသူ တစ်ယောက် လည်း ရှိနေသည် ။ မောင်ဆန်နီ က ကားပေါ် မတက်မီ မြန်မာ ဓလေ့ ဖြင့် လူကြီးများ ရှေ့တွင် ဒူးတုပ် ထိုင် ချပြီး ကိန္နရီ ဖခင်ကြီး မစ္စတာ ဖူးရိုးစ် ကို ဦးသုံးကြိမ် ချ ကန်တော့ လိုက်သောအခါ အားလုံး ဝမ်းနည်းပြီး အော် ငိုကြသဖြင့် ကျွန်တော် ပါ မျက်ရည် လည်လာတော့သည် ။ မစ္စတာ ဖူးရိုးစ် ကတော့ အသံ ကို ထိန်း ၍ ' ဂွတ်လပ်ခ်ဆန်း ' သားလေး ကံကောင်း ပါစေ ဟု ဆုတောင်း ပေးသည် ။

လူ စုံသည် နှင့် ကား ထွက်သည် ။ ကားပေါ် တွင် ဘယ်သူမျှ စကား မပြောနိုင်ကြ ။ အတွေးကိုယ်စီ အဆွေးကိုယ်စီ ဖြင့် လိုက်ပါလာ ကြသည် ။ ကိန္နရီ နှင့် ကိန္နရာ မောင်နှံ တို့ မှာ တစ်ည တာ မဟုတ် တစ်သက် တာ ခွဲခွာကြရတော့မည် ဖြစ်၍ တစ်ဦး ကို တစ်ဦး တအား ဖက် ထားကြ သည်မှာ ကြည့်ရက်စရာ ပင် မရှိတော့ပါ ။ နှလုံးသည်းအူ မှာ အပူလှိုင်း ထ ၍ ရင် ဝ မှာ သောကမုန်တိုင်း တွေ ထန် နေကြသော ချစ်သူ တို့ ၏ မျက်ဝန်း အစုံ တို့ မှာ ပရိဒေဝမိုးကြီး သဲသဲမဲမဲ ရွာချနေလေပြီ ။ “ ချစ်သူ နှင့် ကွေကွင်းရခြင်း သည် ဆင်းရဲ ဒုက္ခ ” လို့ ဗုဒ္ဓရှင်တော် ဟောတော် မူသော ပိယေဟိ ဝိပ္ပယောဂေါ က ဖြင့် တကယ့် ကို ဒုက္ခေါ ပါကလား ဟု တရား ရ မိတော့သည် ။

လေဆိပ်သို့ ရောက်သောအခါ လေဆိပ်အဆောက်အအုံ အတွင်း သို့ ခရီးသည် မှ အပ မည်သူမျှ မဝင်ရ ။ ဝင်ပေါက်ဝ မှန်တံခါး ကြီး အနီး မှာ ပင် အားလုံး ရပ်နေကြရသည် ။ လက်နက်ကိုင် အစောင့် ရှိနေ သည် ။ ခေတ်မီသော နိုင်ငံတကာလေဆိပ်ကြီးများ ၏ စည်းကမ်း ဖြစ်သည် ။ ခြောက်နာရီ ထိုးပေးပြီ ၊ လေယာဉ် ထွက်ခွာရန် နာရီဝက် သာ လိုတော့သည် ။ ကိန္နရီ နှင့် ကိန္နရာ တို့ ရသမျှ အချိန်လေး မှာ တစ်သက်တာ အတွက် အစွမ်းကုန် ချစ်သည့် အနမ်းတွေ အပြန် အလှန် နမ်းပြီး ဖက် ငိုကြသည် ။ မြန်မာနိုင်ငံ ကို ရောက်ပြီး မကြာမီ တိုးရစ်ဗီဇာ ဖြင့် ပြန် လာနိုင်အောင် ကြိုးစားမည် ဖြစ်ကြောင်း ၊ မိမိ ရင်သွေးလေး ကို မပျက်စီးအောင် မွေး ပါရန် မေတ္တာရပ်ခံကြောင်း ၊ ကိန္နရီ အနေဖြင့် မြန်မာနိုင်ငံ ကို လိုက်လာ နိုင်ပါက ပို၍ အဆင်ပြေမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံသူ ဖြစ်အောင် မိမိ စွမ်းဆောင် နိုင်ကြောင်း စသည့် မဖြစ်နိုင်သည်များ ကို အင်္ဂလိပ် စပိန် ဘာသာ စကား နှစ်မျိုး ဖြင့် ကိန္နရီ နားလည်အောင် အမျိုးမျိုး ကြိုးစားပြီး ပြော နေသဖြင့် ကြား နေရသည် ။

အချိန်အားဖြင့် မိနစ်ပိုင်း ကျန် တော့သည် ။ ခွဲကြရပေတော့မည် ။ နောက်ကျနေသာ ခရီးသည်များ ကို တစ်ဦး ပြီး တစ်ဦး အသံချဲ့စက် ဖြင့် အော် ခေါ်နေသည် ။

“ ခရီးစဉ် အမှတ် --- ဖြင့် စပိန်နိုင်ငံ မက်ဒဲရစ်မြို့သို့ သွားမည့် ခရီးသည် မစ္စတာမောင်းတန်တို စစ်ဆေးရေးကောင်တာ သို့ ကြွပါရှင် စပိန် နှင့် အင်္ဂလိပ်ဘာသာ စကား နှစ်မျိုး ဖြင့် တစ်မိနစ် လျှင် တစ်ကြိမ်မျှ အော် ခေါ်နေသော အမျိုးသမီး ၏ အသံ ထွက်ပေါ်လာသည် ။

“ ကဲ ဆန်နီ ရေ ခေါ် နေပြီကွာ ၊ သွား ပေတော့ ”

သောက များနေသော မောင်ဆန်နီ ကို သတိ ပေးလိုက်ရသော် လည်း ကျွန်တော့် ရင်ထဲမှာ ဆို့နင့်၍ မချိတင်ကဲ ဖြစ်လှသည် ။

“ မခေါ်သေးပါဘူး အစ်ကိုကြီး ရဲ့ ၊ မစ္စတာမောင်းတန်တို ခေါ်တာ မဟုတ်လား ”

“ ဘယ်ကလာ မောင်းတန်တို ရမှာလဲကွ ၊ မောင်သန်းတိုး လို့ ခေါ်နေတာ သွားတော့ ”

ဒီတော့မှ ငိုမဲ့မဲ့ အမူအရာကြီး ဖြင့် ကျွန်တော် နှင့်တကွ လိုက်ပို့သူ အားလုံး ကို လက်ဆွဲ နှုတ်ဆက်သည် ။ ယောက္ခမ အဘွားကြီး ကို မတ်တတ်ပင် လက်အုပ် ချီ ၍ ကန်တော့သည် ။ ချစ်ဇနီး ကိန္နရီ ကို မူ နောက်ဆုံး အနေဖြင့် နှုတ်ဆက်အနမ်း တစ်ချက် ဝအောင် နမ်း လိုက်တော့မည် အပြုတွင် ကုမ္ပဏီကိုယ်စားလှယ် နှင့် အတူ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး မောင်ဆန်နီ ကို လေဆိပ်မှန်တံခါးကြီး အတွင်း ဆွဲ သွင်းလိုက်သည် နှင့် ကိန္နရီ ခမျာ မီယာမိုး အချစ်ရေ ဟစ်အော်ပြီး သတိလစ် ခွေလဲ ကျ သွားတော့သည် ။

ဪ ဒုက္ခ ဒုက္ခ ၊ ဘုံဘဝ မှာ ကြုံကြရလေတဲ့ ဒုက္ခ အမျိုးမျိုး အဖုံဖုံတွေ ထဲက ကိလေသာ ရမ္မက် ကြီးတဲ့ ပရိဒေဝ အချစ်မီး ဒုက္ခ ကိုယ်တိုင် မခံစားရသော်လည်း မျက်စိ ရှေ့မှာ မြင်တွေ့နေရပြန်တော့ အိမ်ရှေ့ ပူတော့ အိမ်နောက် မချမ်းသာ ဆိုသလို စိတ်ဆင်းရဲသည် ။ တာနောယက္ခ ဇာတ် ထဲ မှာ ဦးဘိုးစိန်ကြီး နှင့် မင်းသမီးကြီး ဒေါ်ကောလိပ်စိန် တို့ လွမ်းအား ပြိုင် ကောင်း၍ ဇာတ်ရှိန် မြင့်လာသောအခါ အနား ရှိနေ သော တောပျော် ဆရာတော် ရသေ့ကြီး ညည်း သလို ' စိတ်ညစ်လိုက် တာ ငါ့ ချဲမှပဲ ' လို့သာ ညည်း လိုက်ချင်တော့သည် ။

ဘိုးရင်း ရ၄ရ ဂျက်လေယာဉ်ကြီး တစ်စင်း ပြေးလမ်း ပေါ် မှာ နေရာ ယူနေသော စက်သံ ကို ကြား နေရသည် ။ မကြာမီ တဖြည်းဖြည်း စက်သံ မြင့်လာပြီး မိုးကြိုးတစ်စင်း ပစ်ခွင်းလိုက်သံ ကဲ့သို့ အသံကြီး တုန်ခါ မြည်ဟည်း ၍ လေယာဉ်ကြီး ပျံတက် သွား သံကို ကြား လိုက်ရသည် ။

လေယာဉ်ကြီး သည် မောင်ဆန်နီ ကို သယ်ဆောင် ၍ အတ္တလန်တိတ် သမုဒ္ဒရာကြီး ကို ဖြတ်ကျော်ရန် ပြေးတက် သွားလေပြီ ။ ပြီးပါပြီ ။ အဖြစ်အပျက် တို့ သည် ရက်နှစ်ဆယ်ခန့် အတွင်း ဖြစ်ခဲ့၍ နာရီပိုင်း အတွင်း ပျက် သွားလေပြီ ။ အမြန်ရိုက် ရုပ်ရှင် တစ်ပိုင်း တစ်စ ကို ကြည့် ရသည်သို့ မြင် လိုက်ရပြီး နောက်ဝယ် လူသား နှစ်ဦး တို့ ၏ ဘဝ နှစ်ခု တို့သည် ငါးဆယ် ရာခိုင်နှုန်း စီ ဆုံးရှုံး သွားလေပြီ ။

ပုံပြင် ထဲ က ကိန္နရီ ကိန္နရာ တို့ သဘာဝမုန်တိုင်း တိုက်ခတ်၍ တစ်ညတာ ချောင်း ခြားပြီး အိပ် ကြရသည် ကို နှစ်ပေါင်း ခုနစ်ရာ ငိုကြွေး ကြရသည် ဟု ကြား ဖူးပါသည် ။ ယခုမူ နိုင်ငံခြားသူ ကိန္နရီမ ဖူးရိုစ်း နှင့် မြန်မာ ကိန္နရာ မောင်သန်းတိုး တို့ လောကဓံမုန်တိုင်း တိုက်ခတ်၍ ဘဝ တစ်သက်တာ အတ္တလန်တိတ်သမုဒ္ဒရာ ၊ အိန္ဒိယ သမုဒ္ဒရာ နှင့် မြေထဲပင်လယ် ပါ ခြားလေသော အခါ ။

အဏ္ဏဝါစိုးမိုး

စစ်ပြန် မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၁၉၈၈

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment