Saturday, September 17, 2022

ဆိုဖီယာ လပြည့်ဝန်း


 

◾စနစ်တကျ

ကျွန်မ က တော့ လောကကြီး ဟာ စနစ်တကျ ဖွဲ့စည်းထား တဲ့ လျှို့ဝှက်ချက်ကြီး တစ်ခု လို့ ယုံကြည်တယ် ။

ကောင်းကင်ဘုံ ကိန်းဂဏန်း လို့ ခေါ်တဲ့ ' ၁.၆၁၈ ' ဟာ လောကကြီး တစ်ခုလုံး ကို တည်ဆောက် ထား တဲ့ အချိုးအစား ပဲ ဆိုတာ သိ ကြပါသလား ။

အဲ့ဒီ ' ၁.၆၁၈ ' ရဲ့ တန်ဖိုး ကို ဖီ ( PHI ) လို့ ခေါ်တယ် ။ ကမ္ဘာလောက ကို ဖန်ဆင်း တဲ့ ဗိသုကာကြီး ဟာ သက်ရှိ သက်မဲ့ အရာဝတ္ထု တိုင်း ကို ' ၁.၆၁၈ ' ဆိုတဲ့ သင်္ချာဂဏန်း နဲ့ အချိုး ကျ တည်ဆောက် ခဲ့တယ် ။

ကြိုက်တဲ့ ထင်းရှူးသီး တစ်လုံး ကို ကောက် ယူလိုက်ပါ ။ ထင်းရှူးသီး ရဲ့ပတ်ပတ်လည် မှာ အကြေးခွံ ပုံသဏ္ဌာန် အရွက်တွေ ကို အဆင့်လိုက် အဆင့်လိုက် စက်ဝိုင်းပုံ ရစ်ခွေ နေတာ တွေ့ဖူးတယ် မဟုတ်လား ။ အပေါ် အရစ် မှာ ရှိတဲ့ အရွက် အ‌ရေအတွက် ကို အောက် အရစ် မှာ ရှိတဲ့ အရွက်အရေအတွက် နဲ့ စားရင် ၁.၆၁၈ ရတယ် ။

ခြင် ၊ ယင်ကောင် ၊ ပုရွက်ဆိတ် စတဲ့ ကြိုက်ရာ အင်းဆက် တစ်ကောင် ရဲ့ ခန္ဓာကိုယ် အချိုးအစား ကို တွက် ကြည့်ပါ ။ ဦးခေါင်းပိုင်း နဲ့ ရင်အုပ်ပိုင်း ကို အချိုး ချကြည့်ရင် ၁.၆၁၈ ရတယ် ။ ရင်အုပ်ပိုင်း နဲ့  ဝမ်းဗိုက်ပိုင်း ကို လည်း အချိုး ချ ကြည့်ရင် ၁.၆၁၈ ပဲ ရတယ် ။

နေကြာပွင့် ရဲ့ အလယ် က အစေ့တွေ ဟာ စက်ဝိုင်း ပုံ ရစ်ခွေ နေကြတယ် ။ အဲဒီ စက်ဝိုင်းတွေ ရဲ့အချင်း ကို တိုင်းပြီး အပြင်စက်ဝိုင်း ရဲ့အချင်း ( Diameter ) တန်ဖိုး အတွင်း စက်ဝိုင်း ရဲ့ အချင်းတန်ဖိုး နဲ့ စားရင် အဖြေ ဟာ
၁.၆၁၈ ရတယ် ။

နောက်ဆုံး ... စကြဝဋ္ဌာ ရဲ့ ဗိသုကာကြီး ဖန်ဆင်းတဲ့ ' လူသား ' ရဲ့ ခန္ဓာကိုယ် အချိုးအစား ကို ပဲ ကြည့်ဦး လေ ... ။

လူ ရဲ့ ဦးခေါင်း ထိပ်ဖျား ကနေ ကြမ်းပြင် အထိ အမြင့် ကို တည် ဝမ်းဗိုက် အလယ် ဆုံမှတ် ဖြစ်တဲ့ ချက် ရဲ့ အပေါ် နား က နေ ကြမ်းပြင် အထိ အမြင့် နဲ့ စား ရင် အဖြေ ဟာ ၁.၆၁၈ ရတယ် ။

ပခုံး က နေ လက်ချောင်းထိပ်ဖျား အထိ အလျား ကို တည် ပြီး တံတောင်ဆစ် က နေ လက်ချောင်းထိပ်ဖျား အထိ အလျား နဲ့ စားရင် လည်း ၁.၆၁၈ ပဲ ရတယ် ။

တင်ပဆုံရိုး က နေ ကြမ်းပြင် အထိ အမြင့် ကို တည်ပြီး ဒူးခေါင်း က နေ ကြမ်းပြင် အထိ အမြင့် နဲ့ စားရင် လည်း
အဖြေ ဟာ ၁.၆၁၈ ပါ ပဲ ။ ကျောရိုးဆစ်ကလေးတွေ တစ်ခု နဲ့ တစ်ခု အချိုး ချကြည့်ရင် လည်း ၁.၆၁၈ ပဲ လေ ... ။

ကမ္ဘာကြီး တစ်ခုလုံး ဟာ ဘာမှ မဟုတ်ပါဘူး ။ ၁.၆၁၈ ပါ ။

ကဲ ... လောကကြီး ဟာ စနစ်တကျ ဖွဲ့စည်းတည်ဆောက်ထားတယ် ဆိုတာ ယုံပြီလား ... ။

       ◾ဆိုဖီယာ လပြည့်ဝန်း

◾မင်းခိုက်စိုးစန်

📖 သူရဲဘောကြောင်တဲ့ လူညံ့

#ကိုအောင်နိုင်ဦး မှ မျှဝေသည်  ။

.

No comments:

Post a Comment