အခန်း ( ၁ဝ )
ည ( ၁၂ ) နာရီ ။
တယ်လီဖုန်း မြည်သံ ကြား ရသည် ။
စာ ဖတ်နေရင်း မှ စိုးရှား သည် တယ်လီဖုန်း ကို ကောက် ကိုင်လိုက်၏ ။ ဆိုဖီယာ ဆီ မှလာသော တယ်လီဖုန်း ဖြစ်မည် ဆိုသည် ကို ရင် ထဲ က အလိုလို သိ နေသည် ။
“ ဟဲလို ...”
ဖုန်း ကို ထူး လိုက်တဲ့ ငါ့ အသံ က ပုံမှန် အတိုင်း တည်တည်ငြိမ်ငြိမ် မှ ရှိရဲ့လား ဟု သူ့ကိုယ် သူ သံသယ ဖြစ်မိ၏ ။
“ ဟဲလို ... ကျွန်မ ဆိုဖီယာလပြည့်ဝန်း ပါ ... အခု ပြောနေတာ အန်ကယ်ဦးစောဝင်း လား ဟင် ...”
“ မဟုတ်ပါဘူး ... ဆိုဖီယာ ... ကျွန်တော် စိုးရှား ပါ ...”
ခဏမျှ တိတ်ဆိတ်သွား၏ ။ ပြီးမှ ...
“ ကျွန်မ အခု ကွန်ပျူတာ ရှေ့မှာ ထိုင် နေရင်းက လှမ်း ဆက် လိုက်တာပါ ”
“ မိုနာလီဇာ ရဲ့ပုံ နဲ့ လီယိုနာဒို ဒါဗင်ချီ ရဲ့ပုံကို ထပ်တူ ကျ မကျ ကွန်ပျူတာ ပေါ်မှာ ထပ် ကြည့်နေတာ ဆိုပါတော့ ... ကျွန်တော် ပြောသလို အဲဒီ ပန်းချီကား နှစ်ချပ် ဟာ လူ တစ်ယောက် တည်း ရဲ့ ပုံ ဆိုတာ လက်ခံပြီလား ...”
ဝန်ခံဖို့ တုံ့ဆိုင်း နေ၏ ။ ခဏကြာမှ ...
“ အင်း ...”
သူမ ၏ မာန ကို နည်းနည်းတော့ ဖြစ်ဖြစ် ထိခိုက်အောင် လုပ် လိုက်နိုင်သည့် အတွက် စိုးရှား ကျိတ်ပြီး ကျေနပ်သလို ခံစား လိုက်ရသည် ။ သူ က ...
“ အဲဒါဆို မင်း ကို ကိုယ် ထပ်ပြီး အကြံ တစ်ခု ပေးချင်တယ် ၊ နောက်ဆုံး ညစာ ( The Last Supper ) ဆိုတဲ့ ကား ရဲ့ ပုံတူ ရှိလား ”
“ ရှိတာပေါ့ ... ဒါဗင်ချီ ရဲ့ နာမည်ကြီး လက်ရာ ပဲ ဥစ္စာ ၊ ယေရှုခရစ် နဲ့ သူ့ ရဲ့သာဝက ဆယ့်နှစ်ယောက် ရဲ့ နောက်ဆုံး ညစာစားပွဲ ကို ဆွဲ ထားတဲ့ ပန်းချီကား မဟုတ်လား ...”
စိုးရှား က ထင်မှတ် မထားသော မေးခွန်း တစ်ခု မေး လိုက်သည် ။
“ ယေရှု ရဲ့ သာဝကတွေ ထဲ မှာ အမျိုးသမီး ဘယ်နှစ်ယောက် ပါသလဲ ”
“ အို ... ဘယ်လို လုပ်ပြီး အမျိုးသမီး ပုံ ပါ မှာလဲ ၊ သူ့ ရဲ့ လက်ရင်း တပည့် ဆယ့်နှစ်ယောက် စလုံး က ယောက်ျား တွေ ချည်းပဲလေ ၊ နေဦး ... နေဦး ... ကျွန်မ စားပွဲ အံဆွဲ ထဲ မှာ အဲဒီ ပန်းချီကားပုံ ပါတဲ့ စာအုပ် ရှိတယ် ၊ ယူ လိုက်ဦးမယ် ခဏ စောင့် ...”
တယ်လီဖုန်းခွက် ကို ဘေးသို့ ခဏချ ထား လိုက်ပုံ ရသည် ။ အံဆွဲ ဖွင့်သံ စာအုပ် လှန်သံများ ကို ကြား ရ၏ ။
စာရွက် တဖျတ်ဖျတ် လှန်သံများ အဆုံး တွင် မှ ဆိုဖီယာ က ...
“ တွေ့ပြီ ... ဒီမှာ ယေရှု က စားပွဲ ရဲ့ အလယ် မှာ ထိုင် နေတယ် ၊ သာဝကတွေ က ညာဘက် ခြောက်ယောက် ဘယ်ဘက် ခြောက်ယောက် ထိုင် နေကြတာ ၊ ဘယ် မှာ အမျိုးသမီး ပါ လို့လဲ ”
သိပ် ကို သေချာ လွန်းနေသော သူမ ၏ လေသံ ကြောင့် စိုးရှား ပြုံး လိုက်သည် ။ ထိုနောက် စိုးရှား က ...
“ အိုကေ ... ဒါဆိုရင် ယေရှု ရဲ့ညာ ဘက် မှာ ထိုင် နေတဲ့ သူ ကို သေသေချာချာ ကြည့် လိုက်စမ်းပါ ဆိုဖီယာ
...”
အတော်ကြာကြာ တိတ်ဆိတ် သွားသည် ။ ချောက်ချားဖွယ်ကောင်းသော တိတ်ဆိတ်မှု ဟု ပင် မှတ်ရ ထင်ရသည် ။
ထိုနောက် အံ့ဩ တုန်လှုပ်သော ဆိုဖီယာ ၏ အာမေဋိတ်သံ ကို ကြား လိုက်ရလေသည် ။
“ အလို ... ဘုရားရေ ... ဒါ ... ဒါဟာ တကယ်ပဲ မိန်းမ တစ်ယောက် ပါလား ၊ ယေရှုခရစ်တော် ရဲ့ သာဝက တွေ ထဲ မှာ ဘယ်လို လုပ်ပြီး မိန်းမ တစ်ယောက် ပါ နေရတာလဲ ”
“ ဒါကတော့ လျှို့ဝှက်ချက် တစ်ခု ပဲ ဆိုဖီယာ ...”
စိုးရှား က အေးတိအေးစက် ပြော လိုက်၏ ။ ဒီ ည အဖို့တော့ သူ ကောင်းကောင်း အိပ် လို့ ပျော် မှာ သေချာပြီ ။
ရုပ်တည်ကြီး နှင့် နေတတ်လွန်းသော မိန်းမ တစ်ယောက် ကို ဟာခနဲ ဟင်ခနဲ ဖြစ်အောင် လုပ်ရ သည်မှာ သိပ် ကို အရသာ ရှိသည့် အကြောင်း လူ အတော်များများ မသိကြ ။
ဒါပဲ ... ။
စိုးရှား ဆိုတာ အဲဒါပဲ ... ။
မင်း ကိုယ် မင်း သိပ် တော်လှပြီ ထင် နေတဲ့ ပင်လယ်ဓားပြမလေးရေ ... သိချင် စိတ် နဲ့ ငါး တစ်ကောင် လို ဖျပ်ဖျပ်လူး ပေရော့ ... ။
ဆိုဖီယာ က ...
“ နေဦး ... နေဦး ... အဲဒါက ဘယ်လို ဖြစ်ရတာလဲ ၊ လီယိုနာဒို ဒါဗင်ချီ ဟာ ဘာ သဘော နဲ့ သာဝက ဆယ့်နှစ်ယောက် ထဲ မှာ မိန်းမ တစ်ယောက် ရဲ့ ပုံ ကို ထည့် ဆွဲခဲ့တာလဲ ...”
စိုးရှား မျှော်လင့်ထားသည့် အတိုင်း အငမ်းမရ လေသံ ဖြင့် မေး၏ ။ စိုးရှား က တော့ ပျင်းရိငြီးငွေ့စွာ တစ်ချက် သမ်းဝေ လိုက်ရင်း ...
“ ဒီ အကြောင်း ကို ရှင်း ပြရမှာက အရှည်ကြီးပဲ ကွ ၊ တစ်ထိုင်တည်း နဲ့ ပြည့်စုံအောင် မင်း ကို ဘယ်လို လုပ်ပြီး ပြော နိုင်မှာလဲ ...”
“ ကျွတ် ...”
မကျေမနပ် ဖြင့် စုပ် သပ်သံ တစ်ချက် ခပ်တိုးတိုး ကြား ရ၏ ။ သူ တမင် အိုက်တင် ခံနေမှန်း ဆိုဖီယာ က လည်း သိ နေလိမ့်မည် ဖြစ်သည် ။ သူမ က ...
“ ဒါဆိုရင် မနက်ဖြန် ကျ ရင် အန်တီလေး တို့ ရှုတင် ကို ရှင်လာ ခဲ့ပါလား ၊ အန်ကယ်ဦးစောဝင်း နဲ့ လိုက် လာခဲ့ပေါ့ ... ကျွန်မ လည်း အဲဒီမှာ ရှိ နေမယ်လေ ၊ ဘယ်လိုလဲ မကောင်းဘူးလား ...”
စိုးရှား တစ်ယောက် တည်း ကျိတ်ပြီး ပြုံး လိုက်သည် ။ ထိုနောက် ...
“ မင်း က ကိုယ့် ကို အချိန်ပြည့် အားလပ် နေတယ်လို့ ယူဆ ထားလို့လား ဆိုဖီယာ ...”
“ အို ... ဆောရီးပါ ရှင် ... အဲဒီလို မဟုတ်ပါဘူး ၊ ရှင့် အနေ နဲ့ အချိန် ပေးနိုင်မယ် ဆိုရင် လာခဲ့ဖို့ ဖိတ်ချင် တာပါ ၊ ဒါဆိုရင်ရော ... ရှင် ကျေနပ် နိုင်မလား ...”
ဆိုဖီယာ ၏ အသံ က မခံချင် စိတ် ကို မျိုသိပ် ထားရသည့် အသံ မှန်း သိသာ နေ၏ ။ စိုးရှား ပိုပြီး ပျော်ရွှင် သွားသည် ။
( သူတစ်ပါး ကို မခံချိ မခံသာဖြစ်အောင် လုပ်ခြင်း ဖြင့် ပျော်ရွှင်မှု ကို ရှာဖွေတတ်သော သူ့ အကျင့် က မကောင်းမှန်း သိတော့ သိသည် ။ ဒါပေမယ့် အရသာ ရှိလွန်းသောကြောင့် သူ မစွန့်လွှတ်နိုင်ပါ )
စိုးရှား က တမင် အထက်စီး လေသံ ဖြင့် ခပ်မြူးမြူး ပြောလိုက်၏ ။
“ အိုကေ ... မင်း ကို ရှင်းပြဖို့ ကိုယ် လာခဲ့ပါ့မယ် ၊ မေတ္တာ ရှေ့ ထားပြီး လာ ရမှာပေါ့ လေ ...”
“ ရှင့် မေတ္တာ ကို တော့ ရှေ့ မှာ မထားပါနဲ့ ရှင် ၊ မတော်တဆ သူများ မျက်နှာတွေ ကို ထိုး မိပါဦးမယ် ... ဒါပဲ ...”
ဆိုဖီယာ က ခပ်ရွဲ့ရွဲ့ ပြောပြီး ဖုန်း ကို ဂွပ်ခနဲ မြည်အောင် ချသွား၏ ။ တော်တော် ကို့ရို့ကားယား စကားလုံးတွေ ပြော တတ်တဲ့ ကောင်မလေး ပဲ ဟု တွေးရင်း စိုးရှား ပြုံး နေမိသည် ။
ညသန်းခေါင်ယံ ၏ ဂီတ ကို အနက်ရောင် နတ်သမီး က ဖန်ဆင်းသည် ဟု အဲသည် ည က သူ အိမ်မက် မက်သည် ။
မင်းခိုက်စိုးစံ
#အောင်နိုင်ဦး
,
No comments:
Post a Comment