Tuesday, September 13, 2022

တစ်ရာ ရာခိုင်နှုန်း


 

❝ တစ်ရာ ရာခိုင်နှုန်း ❞

“ တောက်တဲ့ ... တောက်တဲ့ ”

“ ဟော ငတိုး ရေ ညောင်ပင် က အိမ်မြှောင် စုတ်ထိုး သံ ကြားတယ်ကွ ဒါ လာဘ်ကောင်း တဲ့ နိမိတ် ပဲ ၊ ငါတို့ တော့ ဒီနေ့အဖို့ ငါး ရှာတာ အများကြီး ရလိမ့်မယ် ထင်တယ် ။ လာကွာ မြန် မြန်လျှောက်ပါဟ ”

ငတက် အပြော ကြောင့် ငတိုး က မြန်မြန် လျှောက်ရမယ့် အစား မျက်မှောင်ကြုတ်ရင်း ခြေလှမ်း ကို တုံ့ခနဲ ရပ် ပစ်လိုက်တယ် ။ အဲနောက် ငတက် ကို စိတ်ပျက် လက်ပျက် ဟန် နဲ့ ကြည့်လိုက်ရင်း -

“ ငါ လေ မင်း လို လူ နဲ့ ပေါင်း ရတာ တော်တော်လေး စိတ် လေတယ် သိလား ' အ ' ချက် ကွာ ။ အိမ်မြှောင် စုတ်ထိုးသံ က ဒီလို ဟုတ် ရိုးလား ကွ ။ အခု အော်တဲ့ အကောင် က အိမ်မြှောင် လို အမြှေး ပါတာချင်းတော့ တူပေမယ့် အိမ်မြှောင် ထက် အကောင် ကြီးတယ် ကွ ။ တောက်တဲ့ တောက်တဲ့ လို့ အော် မှ တော့ ပုတ်သင်ညို ပေါ့ ဟ ”

ငတိုး အပြော ကြောင့် ငတက် မျက်နှာ ရှုံ့မဲ့ သွားကာ -

“ ဘာကွ ၊ ငါ့လို လူ ကို ပေါင်း ရတာ စိတ်လေ တယ် ဟုတ်လား ၊ ငါ ကလည်း မင်းလို လူ နဲ့ သွားရတာ တော်တော် စိတ် ကုန်နေပြီကွ ၊ သိ လား ။ “ နုံ ” ချက် ကွာ ။ မင်း ပြောတဲ့ ပုတ်သင်ညို  က မအော်တတ်ဘူး ကွ ။ မအော်တတ်ဘူး ။ အဲ ဒါ မင်း သိရဲ့ လား ငတုံးရ ”

အဲဒီနောက် ငတိုး နဲ့ ငတက် ဟာ တစ် ယောက် ကို တစ်ယောက် စကားနာ ထိုး ခွန်းတုံ့ပြန်ရင်း ကျေအေးမှု ကလည်း ဝေးသထက် ဝေး ခဲ့ပြန်တယ် ။ နောက်ဆုံး ငါး သွား ရှာမယ့် အစီအစဉ် ကို ပင် လက် လွှတ်လိုက်ကြရင်း ဘယ်သူ မှန် လဲ ၊ ဘယ်သူ မှား လဲ ဆိုတာ ကို အ တည် ပြုနိုင်ဖို့ အတွက် ရွာသူကြီး ဦးတိုင်း ထံ ဒေါသ ရှေ့ထား သွား ကြတော့တယ် ။

       •••   •••   •••   ••• 

ရွာသူကြီး ဦးတိုင်း တစ်ယောက် ငတိုး နဲ့ တက် အပြော ကို မျက်လုံးစုံ မှိ တ် နားထောင် ကာ သက်ပြင်း အခါခါ ချရင်း -

“  ဟင်း ... မင်းတို့ လို လူတွေ ကို ငါ အုပ်ချုပ်ရ တာ တော်တော်လေး ကို စိတ် ပျက်မိပါတယ် ကွာ ။ တကယ် “ ဒူ ” ချက်ကတော့ “ တောက်တဲ့ ... တောက်တဲ့ ” လို့ အော်နေ မှ တော့ “ ဖား ” ပေါ့ ကွ ။ ဖား ဖား ”

ရွာသူကြီး ရဲ့ စိတ် မရှည်တဲ့ အော်သံ အဆုံး တွင် မိမိ က သာ တစ်ရာ ရာခိုင်နှုန်း အမှန် လို့ တယူသန် စိတ်နဲ့ ယုံကြည်ခဲ့ကြတဲ့ “ တိုး ၊ တက်  ၊ တိုင်း ” သုံးဦး တို့ သည် စည်းလုံးမှု မရှိတော့ ဘဲ ဖရိုဖရဲ နဲ့ လမ်းခွဲ ခဲ့ ကြလေသတည်း ။

◾ဗညားရာမွန်

📖 ဟာဟ ( ၁ )

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment