❝ မိတ် နဲ့ လုပ်စားနေတာ ❞
“ ဟီး ... မောင်ချမ်းသာ ရေ လုပ်စမ်းပါဦး ကွာ ၊ ငါ တော့ နောက် ဆုတ်ချင် စိတ် တောင်
ပေါက် လာပြီ ”
“ ဘာ ဖြစ်လာပြန်တာလဲ ... ဉာဏ်ကြီး ”
“ ဘာဖြစ်ရမလဲကွာ ၊ မင်း ပဲ ငါ့ကို ပြော တယ် မဟုတ်လား ၊ ငွေ ရှိနေပြီ ၊
လုပ်မယ့် လူ ရှိနေပြီ ၊ ရောင်းချမည့် ကုန်ပစ္စည်း က လည်း ရှိနေပြီ ၊ နေရာ ကောင်း လည်း ရှိ နေပြီ ဆိုရင် စီးပွားရေး လုပ်လို့ ရ နေပြီ လို့ ပြော တယ် မဟုတ်လား ”
“ ဟုတ်တယ်လေ ”
“ မဟုတ်သေးဘူးကွ ၊ ငါ ထ လုပ် ကြည့် လိုက်တာ ထင်သလောက် ဖြစ် မလာဘူး ဟေ့ ၊
ငွေ လည်း ပုံအော ထည့် ထားတယ် ကွာ ၊ လုပ်မယ့် လူတွေလည်း အားကြီး ပဲ ကွာ ၊
နေရာ က လည်း ဘာ ကောင်းသလဲ မမေး နဲ့ ၊ ဈေး နားမှာ ကွာ ၊ လူ စည်ပေ့ ဆိုတဲ နေရာ ကွာ ၊ ငါ စားသောက်ဆိုင် ဖွင့်ကြည့် တယ်ကွာ ၊ အစားအသောက်တွေ က လည်း အကောင်းစား အပျံစား ပါ ပဲ ၊ ဒါပေမယ့် ထင်သလောက် မရောင်းရဘူး မောင် ၊ တစ်ခုခု တော့ လို နေပြီကွ ၊ ဘာ လိုနေသလဲ မသိဘူး ၊ ဆိုင် နာမည် ပေးတာ ပဲ မှား လို့လား ဆိုပြီး ငါ့ မိန်းမ ဗေဒင် ဆရာ ဆီ သွား လေ ရဲ့”
“ နာမည် နဲ့ တော့ သိပ် မဆိုင်ပါဘူးကွာ ၊ ဗေဒင်ဆရာ နဲ့ လည်း ဘာမှ မဆိုင်ဘူး ကွ ၊ လူ အင်အား အပြည့် ၊ နေရာ ကောင်း ၊ ပစ္စည်း ကောင်း ၊ ဒါပေမယ့် အရောင်း ပါးတယ်ဆိုတော့ စဉ်းစား စရာပေါ့ ဉာဏ်ကြီး ရာ ”
“ အယ် ... ဉာဏ်ကြီး မင်း ကို ငါတစ်ခု မပြော မိလိုက်ဘူး ကွာ ၊ ဆောရီး ”
“ ဘာလဲ ဟ ... ချမ်းသာ လုပ်စမ်းပါဦး ”
“ မိတ် ကွ ဉာဏ်ကြီး ရ ၊ မိတ် ကွ ၊ စီးပွားရေး လုပ်တယ် ဆိုတာ မိတ် ရဖို့ လည်း
လို သေးတယ် ကွ ၊ မိတ် ... မိတ် ”
“ ဟာကွာ ... ချမ်းသာ ၊ မင်း က ဆရာ စား ချန် ထားတာကိုး ကွ ၊ အစ ကတည်း က အကုန် ပြော ရောပေါ့ ကွာ ”
“ ဆရာ စား ချန်တာ မဟုတ်ဘူး ဟေ့ ၊ ပြော တဲ့ အထဲ ပါ သွားပြီ ထင်လို့ ပါ ကွာ ၊
တောင်းပန်ပါတယ် ”
ဉာဏ်ကြီး ဆိုတာ ကျွန်တော့် မိတ်ဆွေ ပါ ခင်ဗျာ ၊ စီးပွားရေး လုပ်ချင်တယ် ၊ ဘာတွေ လိုသလဲ ဆိုပြီး အကြံဉာဏ် တောင်း လို့ ပေး လိုက်မိပါတယ် ခင်ဗျာ ၊ တမင် ညစ် လိုက်တာတော့ မဟုတ်ဘူး ဗျာ ၊ စီးပွားရေး မှာ မိတ် လိုတယ် ဆိုတဲ့ အကြောင်းလေး ပါ မသွားဘူး ဗျာ့ ။
ကျွန်တော် သတိထား မိနေတာ ကြာပြီ ခင်ဗျာ့ ။ ကျွန်တော် ပြည်မြို့ မှာ အအေးဆိုင် ဖွင့် ၊ ပြည်မြို့ မှာ နေ တော့ ကိုယ်ပိုင်တယ်လီဖုန်း မရှိတော့ ရန်ကုန် ကို ဆက် ချင်ရင်
အောင်လံ ကို ဆက်ချင်ရင် ပုဂ္ဂလိ က တယ်လီဖုန်း အငှားဆိုင်ကလေးတွေ ပြေး ပြီး လက်လီ ဆက် ရတယ်ခင်ဗျာ့ ။ ဆိုင်ချင်းကပ် တွေ တယ်လီဖုန်း လေးငါးလုံး ပဲ ဗျာ ။ လူ မြင်သာတဲ့ နေရာ ဖုန်းလေးတွေ ချ ထားကြတယ် ။ အဲသည် ဖုန်း လေးငါးလုံး ထဲ မှာ မှ ဖုန်း တစ်လုံး ဟာ ဗျာ ၊ ဖုန်း ခေါ် သူ အမြဲ နှယ် ရှိ နေတယ်ဗျာ ၊ တစ်ခါတစ်လေ သုံးလေးယောက် ဆုံ နေတယ်ဗျာ ၊ သူ တစ်လုံးတည်း ရယ် ဆက်သူ များ နေတာ ၊ အခြား ဖုန်းတွေ မှာ ခြောက်ကပ် လို့ ခင်ဗျာ ၊ ဆက်ဆံရေး ခင်ဗျာ့ ၊ မိတ် ခင်ဗျာ့ ၊ သူ က စကား ပြော နေတာ ။
ပြည်မြို့ဈေးကြီး ထဲ မှာ မတိုး ကြက်သားဆိုင် ခင်ဗျာ့ ၊ နံနက် ၉ နာရီ လောက် ဆို မသွား နဲ့ တော့ သူ့ ဆိုင် မှာ ကြက်သား ဆို အစအန တောင် မမြင်ရတော့ဘူး ၊ လိုချင်ရင် စောစော သွား ဗျာ့ ၊ ကိုယ် က စောလှပြီ အောက်မေ့ နေတာ ၊ ကိုယ့် အရင် ရှေ့ က ဝယ် သူတွေ တန်းစီ နေပြီ ဗျာ ။
တချိန်တုန်း က တန်းစီပြီး တိုး ရတဲ့ သမဆိုင် လို ပါပဲဗျာ ၊ သူ့ ပေးပါ ၊ ငါ့ ပေးပါ ၊ သူ အလျင် ရောက်တာ ၊ ငါ အရင် ရောက်တာ ငြင်းခုံ နေကြသေးဗျာ ၊ ထမင်းဆိုင်သမားတွေ ၊ အိမ် မှာ ချက်စားကြမယ့် သူတွေ အမြဲ ကျပ်ညပ် နေတယ် ဗျာ ၊ ရောင်းရချက် က တော့ လွန် တယ်ဗျာ ၊ ကြက်အကောင် ၉၀ - ၁၀ဝ လောက် ဟာ ခဏလေး နဲ့ ကုန်တယ် ဗျာ ၊ သူ့ ဆိုင် နဲ့မျက်နှာချင်းဆိုင် က ကြက်သားသည်မ က တော့ ကြက်ကလေး သုံးလေးကောင် ခင်း ထား ၊ ဝယ်သူ မရှိ ငုတ်တုတ် ဗျာ ၊ နေ မြင့်တော့ ကြက်သား က ညိုလာ ၊
ယင်စိမ်းမကြီးတွေ တဝုန်းဝုန်း နဲ့ ဗျာ ၊ တဈေးလုံး မှာ ရှိတဲ့ ကြက်သားတွေ ကုန် မှ သူ့ ဆိုင် က
ရောင်း ရ ထင်ပါရဲ့ ဗျာ ၊ ငယ် လိုက်တဲ့ မျက်နှာ ၊ မိတ် က ခေါင်းပါးဘိခြင်း ။
ရွှေတောင်ဂိတ် နား မှာ
စာအုပ်ဆိုင်လေး တစ်ဆိုင် လည်း သတိ ထား မိတယ် ခင်ဗျာ့ ၊ ဆိုင် နာမည် က Happy Mark ( ဟက်ပီးမာ့တ် ) တဲ့ ဝတ္တုတွေ ၊ ဂျာနယ်တွေ ၊ လုံးချင်းစာအုပ်တွေ ၊ ဘာသာရေးစာအုပ်တွေ အစုံပဲ ဗျာ့ ၊ ဖွင့် တာ ဘာ ကြာသေးတုံး ၊ မတ်လ ၁၇ ရက်နေ့ က မှ စ ဖွင့်တာ ဗျာ ၊ ကျွန်တော် မကြာခဏ ရောက်တယ် ၊ စာအုပ် မဝယ်နိုင် လို့ စာခိုး ဖတ်တာ ။ ဆိုင်ရှင် ကိုကြည်စိုး ဆိုတဲ့ သူ က တော်တော်မိတ် ပေါတဲ့သူ ခင်ဗျာ့ ။ သူ့ ဆိုင် မှာ လူစုံ ပဲ ဗျာ ၊ ကဗျာဆရာ ၊ ကာတွန်းဆရာ ၊ စာရေးဆရာ ၊ ပန်းချီဆရာ ၊ ကျောင်းသူကျောင်းသား စာပေဝါသနာအိုးလေးတွေ ၊ ဟာ ... အားကြီး ပဲ ၊ ဂျာနယ်တွေ ဆိုတာ ခု ရောက် ခု ကုန် ပဲ ဗျာ ၊ အားပေးမယ့် မိတ် များ တာကိုး ။ အဲ စာအုပ်ဆိုင် တစ်ဆိုင်မှာ တော့ တစ်နေကုန် လို့ မှ ဝယ်သူ တစ်ယောက် ၊ နှစ်ယောက် ဖြိုးဖြိုးဖြောက်ဖြောက် ဗျာ ၊ ပက်စရာ ရေ မရှိသော သကြင်္န်မဏ္ဍပ် ကဲ့သို့ ခြောက်ကပ်ပါဘိခြင်း ။ အမှန်အတိုင်း ပြော ရရင် ကျွန်တော် လည်း မိတ် နဲ့လုပ် စားနေတာပါ ခင်ဗျာ့ ၊ ကုန်းကြမ်း သွင်း တဲ့ မိတ် ၊ ဝယ်စားတဲ့ မိတ် ၊ စားလို့ ကောင်းတယ် ဆိုပြီး ညွှန်တဲ့ မိတ် ၊ သည် မိတ်ဆွေ တွေ အားကိုး နဲ့ ထမင်း စား နေရတာပါ ခင်ဗျာ ။
စီးပွားရေး မှာ ငွေ ရှိ ရုံ နဲ့ မပြီး ၊ လူ ရှိ ရုံ နဲ့ မဖြစ် ၊ ပစ္စည်း ကောင်း နေရာ ကောင်း ရုံ နဲ့ လည်း မလုံလောက် ၊အားပေးတဲ့ မိတ် ရှိ မှ
အောင်မြင် ပေါက်မြောက် နိုင်ကြောင်းပါ ခင်ဗျာ ။
ကဲ ... ဉာဏ်ကြီး ရေ မပြော ဖြစ်တာလေး ပြော လိုက်ပြီ ကွာ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment