❝ သူများ နှပ်ချတာ မခံရစေနဲ့ ❞
“ ဒူးရင်းသီး ၊ ရာသီဥတု က အရမ်း ပူနေတယ် ၊ လူတွေ က ပူတာ မစားချင်ဘူး ၊
နှစ်လုံး လောက် ပဲ ဝယ် ၊ လိုရ မယ်ရ ”
“ ပန်းသီး သုံးလုံး ထက် ပို မဝယ်နဲ့ ၊ ပန်းသီးဖျော်ရည် က သူဌေးတွေ မှ သောက်တာ ၊
နာနက်သီး အမှည့် ၁ဝ လုံး အသင့် ရှိပါစေ ၊ အစိမ်း ၃ဝ ရံထား ၊ အစိမ်း လို အစိမ်း ၊ အမှည့် လို အမှည့် ၊ လိုတာ ဖြည့်ဝယ် ၊ မဝယ်ခင် စာရင်း လုပ်သွား ”
“ ငှက်ပျောသီး အချော တစ်ဖီး ( သီးမွေး ) ၊ အကြမ်း သုံးဖီး ( ဖီကြမ်း ) ဆို လုံလောက်တယ် ၊ တကယ် ရင့် ၊ တင်း ၊ ဖောင်းနေတာမှ ဝယ် ၊ အနု မှည့် ဆေးမှည့် မဝယ် နဲ့ ၊ အုပ်မှည့် ဆေးမှည့် သတိထား ကြည့် ၊ ဆေးမှည့် က နနွင်း ဆိုးထားသလိုပဲ ၊
အရမ်း ဝါထိန် နေတယ် ၊ ဒါပေမယ့် ငှက်ပျောသီး က ခပ်ပိန်ပိန် ရယ် ၊ သိပ် မရင့်ဘူးကွ ”
“ သင်္ဘောသီး ခုနစ်လုံး ဆို တော်ပြီ ၊ စမ်းကြည့် ၊ ခူးတုန်း က အောက် လွတ်ကျလို့
ဒဏ်ရာ ရပြီး ပျော့ နေရင် မယူနဲ့ ”
“ သင်္ဘောသီး အရမ်း သေးတာ မဝယ်နဲ့ ၊ အရည် မရွှမ်းဘူး ၊ ချဉ်ခါး ၊ အကြီးဆုံး ကို ရအောင်ရှာ ၊ အကြီး မရှိ မှ အလတ်စက ဝယ် ၊ လောဘ မကြီး နဲ့ ၊ တစ်နေ့ စာ လောက်ရင်
တော်ပြီ ”
“ စတော်ဘယ်ရီ နှစ်ခြင်း သုံးခြင်း ဖွင့်ကြည့် ၊ သွန်ချ ကြည့် ၊ လတ် ရဲ့လား မှို တက်နေပြီလား ၊ တစ်ခြင်း ဘယ်နှစ်ခွက် စာ ရ နိုင်သလဲ ၊ တွက် ကြည့်ပြီး မှ ဈေး စကား ပြော ”
“ ဖရဲသီး နည်းနည်း ရှားနေပြီ ၊ အကြီး ကို ယူ ၊ နွမ်း နေရင် မယူ နဲ့ ၊ အထဲ က အသား က
ပျော့ နေပြီ ”
“ သခွားသီး ကြီးတာ ကို ရွေး ၊ အလုံး ကို ဆ ကြည့် ၊ အသား ပြည့် မပြည့် နမ်းကြည့် ၊
မွှေး နေပြီ ၊ မွှေးအီ နေပြီ ဆိုတာကို ရွေး ”
“ အေး ... ငါ မင်း ကို ပြော ထားမယ် ၊ လူ မျက်နှာ မကြည့် နဲ့ ၊ ပစ္စည်း မျက်နှာ ကို ကြည့် ၊
ဈေးသည် က အတင်း ထိုးပေးတိုင်း မယူနဲ့ ၊ အလုပ် ဖြစ် လောက်မှ ယူ ၊ တစ်လုံး ကြိုက် ရင်
တစ်လုံး ပဲ ယူ ”
“ ပင်သည် ဆီ က တတ်နိုင် သမျှ ရအောင် ရှာဝယ် ၊ ဖောက်သည်ဆို တာက တဆင့် ခံ
ဖြတ် ခုတ် တွေ က များတယ် ၊ မင်း ကို ဈေး နှစ်ဆ ရိုက်လိမ့်မယ် ”
“ ဘုရားဖူး သွားချင်လို့ပါ ၊ အလှူ လုပ် ချင်လို့ပါ ၊ ခဏ နားဦးမယ် ၊ ရှိတာလေးတွေ ယူ သွားပါ ၊ သင့်အောင် ကြည့်ပေးပါ နဲ့ လက်ကျန်တွေ အတင်း ထိုး ပေးတတ်တယ် ၊ မယုံ နဲ့ ၊ မယူ နဲ့ ၊ မင်းတို့ ဟိုနေ့ က ဈေးသည် ထိုး ပေးတဲ့ ဒူးရင်းသီး ၁၉ လုံး သုံး မဖြစ်လို့ လွှင့် ပစ်လိုက်ရတာ သိတယ် မဟုတ်လား ”
“ ဒူးရင်းသီး ဝယ်ရင် တစ်လုံးချင်း နမ်းကြည့် ၊ မွှေး နေပြီလား ၊ အနံ့ ထွက်နေပြီလား ၊ အကွဲ လား ၊ အလုံ လား ကြည့် ၊ တချို့အလုံး က လုံ နေပေမယ့် မွှေးအီ နေပြီ ၊ အစေ့ ကြီးမှာလား
သေးမှာလား ၊ အနှစ်ပါးမှာလား ထူမှာလား ၊ ဘယ် နှစ်ခွက် ထွက် မှာ လဲ တွက် ၊ ခွက်ရေ နဲ့ ချိန် ၊
ဈေး နဲ့ ချိန် ”
“ အေး ... ငါ အောင်လံ ကို ပြန်ဦးမယ် ၊ တစ်ရက် နှစ်ရက် ပါ ။ သိပ် မကြာပါဘူး ”
“ ပစ္စည်း ကောင်း ရမယ် ၊ အောက်ဈေး နဲ့ ရမယ် ၊ ဝယ်တဲ့ သစ်သီး အားလုံး
အသုံး တည့်ရမယ် ၊ တစ်ဝက် ပစ် စား မဖြစ် စေနဲ့ ၊ သစ်သီး မြင် လိုက်ရုံ နဲ့ ခွက်ရေ ကို မှန်း နိုင်ရမယ် ၊ ဝက် မြင် ရုံ နဲ့ အသား ထွက် မှန်း နိုင်မယ့် ဝက်ထိုးသမား လို ပေါ့ ”
“ မင်း ကို ဟိုနေ့ က ငါ လိုက်ပြပြီးပြီ ၊ ဝယ်ရမယ့် ဆိုင်တွေ ၊ မောင်ဦး က လူမှန် ၊
ဒေါ်ကြည်လေး က မဆိုးဘူး ၊ ကြောင်ကြောင် က ရိုက်စား ၊ ဟို မျက်နှာ ပွစိစိ နဲ့ ကောင်မ က ဖျံ ”
“ အေး ... အဓိက ကတော့ သူများ နှပ်ချတာ မခံရဖို့ပဲကွ ”
ကျွန်တော့် အအေးဆိုင် အတွက် သစ်သီး ဝယ်မယ့် ကလေး ကို မှာ နေတာပါ ခင်ဗျာ ။ ကျွန်တော် က အောင်လံ ကို ခဏ ပြန်ရဦးမှာ ၊ မပြန်ခင် ဝယ်မယ့် ကလေး ကို သေချာ
မှာ ရတယ် ။
သစ်သီးသည် တွေ က ပြော တတ်တယ် ၊ နာနတ်သီး မှည့် အောင် သည်လို လုပ် ၊
ပန်းသီး ကို ဘယ်လိုဟာ သုံး ၊ အကြံဉာဏ် ပေး တတ်ပါတယ် ။ ဒါပေမယ့် ပြော တိုင်း ယုံလို့ မရဘူးဗျ ၊ တကယ် လုပ်ကြည့် တကယ် သုံးကြည့် ၊ လုပ်လို့ တကယ် ဖြစ်မှ ယုံ ။ တချို့ ဈေးသည်တွေ က လစ်ရင် လစ်သလို ချ တာဗျ ။ ဈေး နဲ့ ချတယ် ၊ အလေး နဲ့ ချတယ် ၊ စကား နဲ့ မြောက်ပင့်ပြီး ချတယ် ၊ ချွဲနူပြီး ချ တယ် ၊ ချနည်းမျိုးစုံ တတ်ပါ့ဗျာ ။ ဥပမာ စပျစ်သီး ဗျာ ၊ တကယ် ကောင်းတာ အောက် က ထားတယ် ။ ညံ့တာ ရွဲတာ အပေါ်ယံ က တင်ထားတယ် ။
ရောင်းသူ က ဈေး တင် ၊ ဝယ်သူ က ဈေးဆစ် ။ ဈေးတည့်ပြီ နော် အရွဲ က မပါ ပါအောင်
ထည့် ချိန် ပေးလိုက်တာ ၊ ဈေးသည် ပညာ ။
ဟဲ့ကောင်မ ၊ ငါ့ ကို ပတ်တီး ချဖို့ မစဉ်းစား နဲ့ ငါ လည်း ဈေးသည် ပဲ ၊ လုပ်စား လာတာ အို သေတော့မယ် ၊ နင် က ငါ့ အသက်
တစ်ဝက် လောက် ပဲ ရှိသေးတယ် ၊ ပညာ မပြ နဲ့ ၊ ဒါ နင့် ဉာဏ် အကုန်ပဲလား ၊ စိတ် ထဲ က ပြော ။
အောက် က စပျစ်သီး လှန် ကြည့် ။
“ ကဲ ... ဒါချိန် ဟေ့ ၊ နှစ်ပိဿာ ဟင် ... နင့် အလေး က ပါး နေပြီ ၊ ကြည့် ချိန် ၊
ငါ ပြန် ချိန် မကြည့်ချင်ဘူး ၊ အလုပ် ရှုပ်တယ် ”
အဲသည်လို ပြော ဝယ် မှ ကောင်းတာ ကို အလေး ပြည့် ရတာ ဟား ... ဟား ... မနူးမနပ် ဝယ်သူများ ဆိုလို့ကတော့ အကောင်းဆုံး က နည်းနည်း ၊ အရွဲအပြဲ က များများ
အလေး က လျော့သေး ။
ပိုက်ဆံအိတ်ကြီးကြီး ဖွင့်ဖွင့်ပြီး ဟန်ကြီးပန်ကြီး တစ်ခွဲသား နဲ့ လာ ဝယ်တဲ့ ဝယ်သူ ဆို
ပို ရောင်း ကောင်း ၊ အဲသည်လို ဝယ်သူမျိုး ကို မှ နှပ် ချလို့ ရတာကလား ဗျာ ။ ကျွန်တော် တို့ လို
အကြော သိ ထားတဲ့ ဝယ်သူ ဆို သူတို့ က ခပ်လန့်လန့်ဗျာ ။ ဒါပေမယ့် လစ် ရင် လစ်သလို အလှော် ခံရတာပါပဲ ။ တစ်နည်း မဟုတ် တစ်နည်း ။
“ ဘာ ... လူမမာ စားဖို့ ပန်းသီး ဟုတ်လား ၊ အသာနေ ၊ ညည်း မဝယ်နဲ့ ၊ ငါ လိုက်ဝယ် ပေးမယ် ”
မိတ်ဆွေများ ကို တစ်ခါတစ်လေ သည်လို ပဲ ကူညီရတယ် ။ စဉ်းစားကြည့် ဗျာ ။
ကျွန်တော်တို့ ဝယ်ရင် ဘေကြီးတွေ မှ တစ်လုံး ၃၅၀ ၊ ၄၀ဝ ကျပ် အလွန်ဆုံး ။ ဝယ်သူ လူစိမ်း က သူတို့ ရောင်းပြီ ဆို ၅၀၀ ၊ ၆၀ဝ ကျပ် ဗျာ ။ ဈေး ဆို ကတည်း က ၇၅ဝ ကျပ် ဖမ်းဆို ထားတာလေ ၊ ကဲ ... ဆစ်ချင် သလောက် ဆစ် လိုက်စမ်း ၊ သည်ဘက် က ဝယ်သူ က မရှိမဖြစ် လူမမာစာ ဗျာ ။ ဝယ် ကို ဝယ် ရတော့ မှာ ။
ဘာလုပ်လုပ် ပထမ သိ ရမယ်ဗျာ ၊ သိ ပြီးရင် တတ် ရမယ်ဗျာ ၊ တတ် ပြီးရင် နပ်ရမယ်ဗျာ ။ အဲဒါကြောင့် ကျွန်တော် က မကြာခဏ
မေးလေ့ ရှိတယ် ။
“ ငါ့လူ နပ် ကဲ့လား ၊ နပ် ပြီလား ”
နပ်ပြီ ဆို မှ မြတ် တာပါ ခင်ဗျာ ၊ မနပ် လို့ ကတော့ ခံ ပေဦးတော့ အလဲအကွဲ ၊ အပြဲ ။
◾မောင်ချမ်းသာ
📖မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။
.
No comments:
Post a Comment