Wednesday, September 14, 2022

ပြောင်းလဲမှု


 

◾  ပြောင်းလဲမှု

တမာစေး ကို သကြား နှင့် စိမ် ၍ စိုက် သော်လည်း တမာရွက် သည် ချို ၍ မလာပေ ။ ခရမ်းချဉ်သီး ကို အလုံး မသီးဘဲ လေးထောင့် ၊ ကုဗတုံး ပုံစံ သီးအောင် ကြံစည်နေသော ဇီဝသိပ္ပံပညာရှင် အကြောင်း ကို ကြား လိုက်ရ သည် ။ ဖြစ်မြောက်လာသည် ကို မတွေ့မြင်ရသေးပေ ။ ဗီဇ ၏ ပြောင်းလဲမှု ၊ မျိုးသစ်ထွန်းမှုများ ကို ဗီဇသုတေသီများ ကြံစည် တီထွင်နေကြသည် ။ သို့သော် ဗီဇနိယာမ သည် လုံးဝ ပြောင်းလဲသွားအောင် မပြုလုပ်နိုင်ကြသေးပေ ။ မျိုး စပ်ခြင်း ၊ မျိုး ခွဲခြင်း နှင့် ထွန်းခြင်းများ ကို သာ ဖန်တီး နိုင်ကြပေသေးသည် ။ အစေ့မဲ့ စပျစ်သီးများ ဖန်တီး နိုင်သော်လည်း စပျစ်ပင် က သရက် သီး အောင် လုပ်၍ မရပေ ။

ထိုနည်းတူ အကုသိုလ် သည် ကုသိုလ် ဖြစ်လာလေ့ မရှိပေ ။ လူမိုက် က လူလိမ္မာ ဖြစ် လာ နိုင်သော်လည်း အကုသိုလ် အကျိုး ကို လွှဲပြောင်း ၍ ရတတ်ပေ ။ ပြောင်းနိုင်သော အရာ ကို ပြောင်း၍ မပြောင်းလဲသော အရာ ကို ရှောင်ကွင်း ရန် သာ ရှိ ပေသည် ။ 

◾လှသမိန်

📖ကြီးပွါးအောင်မြင်လိုသူတိုင်းအတွက် သိမှတ်စရာများ ( ၃ )

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

No comments:

Post a Comment