Thursday, September 22, 2022

စောရမောင်မောင်

▬▬▬▬▬▬▬
စောရမောင်မောင်
 ▬▬▬▬▬▬▬

စောရမောင်မောင် ( ခေါ် ) ဘသီလှ သည် ကြိမ်ပက်လက် ကုလားထိုင် ပေါ် တွင် အညောင်း ဆန့်လျက် ရှိရာ မှ အလုပ်စားပွဲ ရှိရာ သို့ သွား ရောက်ကာ အံဆွဲ အတွင်းရှိ ကိုယ်ပိုင် “ အယ်လ် ဘမ် ”  ( Album ) တွင် ထည့် ထားသော ဓာတ်ပုံ တစ်ပုံ ကို စူးစိုက် ကြည့်ရှုလျက် ရှိ၏ ။ ဓာတ်ပုံ မှာ အသက် ၂၄ ရွယ် ခန့် ရှိ မိန်းမပျို တစ်ယောက် ဓာတ်ပုံ ဖြစ်၍ ကြည်လင် အေးမြသော မျက်လုံးကလေးများ သည် လည်းကောင်း ၊ လခြမ်း သဏ္ဌာန် ရှိ မျက်ခုံးကလေး သည် လည်းကောင်း ၊ နှုတ်ဆက် တော့မည် ကဲ့ သို့ ရှိ နေသော နှုတ်ခမ်းလွှာ ကလေးများ သည် လည်းကောင်း ကြည့်ရှုသူ အား ရင် ထဲ တွင် ဖို ၍ သွားစေ၏ ။ သို့သော် ဓာတ်ပုံ ကို ခေတ္တ စိုက် ကြည့် ပြီးနောက် ဘသီလှ ၏ မျက်နှာ မှာ အတန်ငယ် ညှိုး၍ သွားလေသည်  ။

ယူနီဘာစီတီ တွင် တစ်နှစ် မျှ နေခဲ့ဖူး၍ ဘသီလှ သည် “ အင်တာ ” အောင်သော လက်မှတ် လိမ် တစ်စောင် ဖြင့် ရှမ်းနယ် ၌ အရာရှိ တစ်ယောက် ဖြစ်ခဲ့ပြီးလျှင် တစ်ဖန် အလုပ် မှ ထွက် ကာ မန္တလေး တွင် အလုပ်အကိုင် အမျိုးမျိုးဖြင့် လှည့်လည် ကျက်စားခဲ့ပြီးနောက် နောက်ဆုံး ရန်ကုန် သို့ ရောက်ရှိ လာခဲ့လေသည်  ။ ( အတွဲ - ၈ ၊ အမှတ် - ၈ မြဝတီ မဂ္ဂဇင်း ၁၉၆၀ ခု ဇွန်လ )

မြို့လယ် ကုန်တိုက်ကြီး စာရေး အလုပ် ကို လုပ်လျက် ရှိသော်လည်း ယင်း အလုပ် မှာ ဗန်းပြ အလုပ် မျှ သာ ဖြစ်၍ ဘသီလှ သည် ထိပ်တန်း လူဆိုးများ နှင့် ပေါင်းကာ ကိုယ်တိုင် လုပ်သည့် အလုပ် ဖြစ်က ကိုယ်တိုင် လုပ်ခြင်း ၊ တပည့် နှင့် ပြီး နိုင် က တပည့် တပန်း တို့ အား ခိုင်းစေခြင်း ၊ လိမ်နည်း ကောက်နည်း အမျိုးမျိုး ကို သင်ပြ ပေးခြင်း ၊ အခါ ပေးခြင်း စသည် တို့ ဖြင့် တစ်ဖက်တစ်လမ်း မှ ဝင်ငွေ ဖြောင့် ခဲ့လေသည် ။

ထို့ကြောင့် လည်း ရန်ကုန် အရှေ့ပိုင်း ကရိလမ်း လူကုံထံ ရပ်ကွက် ၌ တစ်လ လျှင် ၁၀၀ မျှ ပေး ရသော တိုက်ခန်း တစ်ခန်း ကို ငှား ကာ ခမ်းနားသပ်ရပ်စွာ နေထိုင် နိုင်ခဲ့၏ ။

ဘသီလှ မှာ ကျောင်းထွက် ကတည်း က ပင် အနောက်နိုင်ငံ မှ လူဆိုးအသင်းများ အကြောင်း ၊ စုံထောက်များ အကြောင်း စသည့် စာအုပ်များ ကို ဖတ် လျက် ရုပ်ဖျက်နည်း ၊ အသံ ဖျက်နည်း ၊ လက်ပုံစံ ပြောင်းနည်း ၊ သော့ တု လုပ်နည်း ၊ သံသေတ္တာ ဖွင့်နည်း ၊ လက်လှည့် နှင့် မျက်လှည့် အတတ် စသည် တို့ ကို အပျင်းပြေ လေ့ကျင့် လေ့ ရှိ၏ ။ သို့နှင့် စောရ အတတ် တွင် တစ်ဖက်ကမ်း ခပ် သည် ဟု ဆို ရမလောက် တတ်မြောက်ခဲ့လေသည် ။

သို့သော် တွေ့ရာ မြင်ရာ အလုပ် ကို လုပ် လေ့ မရှိဘဲ တကယ် ပိုင် လောက် မှ ကိုင် တတ် ၏ ။ အခြားသော စောရများ သည် ပင် မိမိတို့ မ တတ်နိုင်သည့် အလုပ်များ ၌ အကူအညီ တောင်း ရ၏ ။ ဘသီလှ ၏ အကျင့် တစ်ခု မှာ ဦးနှောက်ကိုသာ အစဉ်အမြဲ အသုံးချလျက် သွေးထွက်သံယို ဖြစ်ရမည့် အလုပ် မှန် သမျှ ကို မူ တတ်နိုင်သမျှ ရှောင်ရှားတတ်ခြင်း ဖြစ်လေသည် ။

လူတို့ မည်သည် အလုပ် တစ်ခုတွင် မည်မျှ ကျွမ်းကျင်လိမ္မာ စေကာမူ ကံ မကောင်း အကြောင်း မသင့် သည့် အခါများ ၌ ခြေချော် လက်ချော် ရှိ တတ်စမြဲ ဖြစ်ရာ ဘသီလှ မှာ ၁၆ နှစ် မျှသော စောရ လုပ်ငန်း ဘဝ ခရီး အတွင်း တွင် ထောင် သို့ သုံးကြိမ် မျှ ကျခံ ခဲ့ရဖူးလေ သည်  ။ သို့သော် ထောင် ကျသည့် အခါများ တွင် ထောင်မှူးများ ခိုင်းစေချက် အရ ထောင် စာရေး အဖြစ် ဖြင့် နေခဲ့ရပြီးလျှင် အစားအသောက်များ ကိုပင် အခြား ထောင်သားများ ထက် မြက်မြက် စား ရသေး၏ ။ ထောင် ထွက် သော အခါများ ၌ လည်း ဘသီလှ သည် ဘဏ် တွင် စုဆောင်းထားသော ငွေများ ဖြင့် နှစ်လ ၊ သုံးလ မျှ ကောင်းစွာ အနား ယူပြီးလျှင် အကြံဉာဏ်သစ်များ ထုတ် ရင်း အေးချမ်းစွာ နေလေ့ ရှိ၏ ။ တစ်ခါတစ်ရံ မြို့လယ် ဟိုတယ်ကြီးများ ၌ အကောင်းဆုံး အခန်းများ ကို ငှားရမ်းကာ တစ်လကိုးသီတင်း မျှ ဟိုတယ် မှ ဧည့်သည် များ အကြောင်း ကို အကဲခတ်ရင်း အကြံဉာဏ် ယူ လျက် ရှိ နေတတ်လေရာ အကွက်ကောင်း တစ်ချက် ဆိုလျှင် တစ်ကြိမ်တည်း နှင့် ပင် ဟို တယ်ခငွေများ ကျေ ၍ သွားတတ်၏ ။

ဘသီလှ သည် ဓာတ်ပုံ ပါ သော ကတ်ထူဖုံး စာအုပ် ကို အံဆွဲ အတွင်း သို့ ပြန်၍ ထည့်ထား လိုက်ပြီးလျှင် အံဆွဲ ကို ဆောင့် ၍ ပိတ် လိုက် လေသည်  ။   

ရန်ကုန်မြို့ ကင်းဘဲလမ်း ၌ အတော် ကျယ်ဝန်းသော ခြံကြီး တစ်ခြံ ရှိရာ ခြံအလယ် တွင် သပ်ရပ်သော နှစ်ထပ်တိုက်ကလေး တစ်လုံး ရှိ၏ ။ ခြံဝ တွင် ကြေးဝါဆိုင်း ဘုတ်ကလေး ဖြင့် ဦးဟန်ထွန်း ဒါရိုက်တာ ၊ ထွန်း ကုမ္ပဏီလီ မိတက် ဟု ဆွဲချိတ်ထား၏ ။ တိုက်ကလေးဘေး တွင် အစိမ်းနုရောင် သုတ်ထားသော ကားဂိုဒေါင်ကလေး တစ်ခု ရှိ၍ ခြံအတွင်း ရှိ ပန်းပင်များ ကိုလည်း လှပစွာ ပြင်ဆင် စိုက်ပျိုး ထား ရာ ဂိတ်ပေါက် မှ အိမ်ရှေ့ ဆင်ဝင် ဆီ သို့ ဝင်သော မြေနီလမ်းကလေး တစ်ခု လည်း ရှိ သဖြင့် အလုံးစုံ ခြုံ၍ ကြည့်သော် အိမ်ရှင် မှာ ပစ္စည်းဥစ္စာ နှင့် ပြည့်စုံသော အထက်တန်းလွှာ တစ်ဦး ဖြစ်ကြောင်း သိရှိရ၏ ။

တစ်နေ့သော နံနက် ၁၀ နာရီ အချိန်လောက် ၌ ခြံရှေ့ သို့ မီးခိုးရောင် “ မော်စကိုဗစ် ” ကား ကလေး တစ်စီး ဆိုက် လာ၍ ကား မောင်းသူ သည် ကြေးဝါ ဆိုင်းဘုတ်ကလေး ကို အသေအချာ ဖတ် ပြီးလျှင် ကား ကို သင့်လျော်သော နေရာ ၌ နေသားတကျ ထား ခဲ့ပြီးနောက် စေ့ရုံမျှသာ စေ့၍ ထားသော ဝင်းတံခါး ကို ဖွင့် ကာ မြေနီလမ်းကလေး အတိုင်း တိုက် ဆီ သို့ သွားလေ၏ ။

မိုးဖွဲကလေးများ ကျ နေသဖြင့် ထို သူ သည် မိုးကာ အင်္ကျီကော်လာ ကို အပေါ် သို့ မြှင့်တင် ကာ ဦးထုပ် ကို နဖူးအလယ် သို့ ရောက်အောင် ဆွဲ ချလိုက်၏ ။ မျက်မှန်အနက် ကြီး ကို လည်း နေသားတကျ ပြင် လိုက်လေသည်  ။

ဆင်ဝင် အောက်သို့ ရောက် သောအခါ တံခါးဘေး တွင် တပ်ထားသော လူခေါ် ခေါင်းလောင်း မှ အဖုကလေး ကို နှစ်ကြိမ် ဆင့် ၍ လက်ဖြင့် အသာ နှိပ်လိုက်၏ ။ အတွင်း မှ ခေါင်း လောင်းသံ ကြားရပြီး နောက် အသက် ၄၀ ကျော် ခန့် ရှိ ရုပ်ရည် သနားကမား မွန်မွန်ရည်ရ ည် မိန်းမကြီး တစ်ယောက် သည် ဆွဲတံခါး  ကို အတန်ငယ် ဖွင့် လိုက်ပြီးနောက် 

“ ဘာကိစ္စပါလဲ ရှင် ”  

“ ကျွန်တော် က အော်တိုကား ကုမ္ပဏီ က ကိုယ် စားလှယ်ပါ ။ ဖိယက်နံပါတ် ဃ -၂၃၂၄၉ ဟာ ဒီ အိမ် က ကားပါလား ခင်ဗျာ ” 

“ ဟုတ် .. ဟုတ်ကဲ့ ၊ တစ်ခုခုများ ဖြစ်လို့ ပါ လား ရှင် ” 

အမျိုးသမီးကြီး၏ အသံမှာ ချိုသာအေးမြ၍ ဣန္ဒြေ ရလှပေ၏ ။ ကားနံပါတ် ကို မေး၍ ဖြေဆို သော အခါ အတန်ငယ် ထိတ်လန့် တုန်လှုပ် သွားဟန် တူလေသည်  ။ 

“ ဘာမှ မဖြစ်ပါဘူး ခင်ဗျာ ။ ဒီ ကား နဲ့ ပတ်သက်လို့ ကျွန်တော် သိချင်တဲ့ အချက်ကလေး တစ်ချက် နှစ်ချက် မေးလို့ သိရရင် ကျွန်တော်တို့ ကို ကူညီတာ နဲ့ အတူတူပါပဲ ” 

“ အို .. ကိစ္စမရှိပါဘူး သိရပါတယ် ။ နို့ပေမဲ့ ကျွန်မ ယောက်ျား က အပြင် သွားနေပါတယ် ”  

“ ဟုတ်ကဲ့ ” 

( လက်ပတ်နာရီကလေးကို ကြည့်ပြီး နောက် ) 

“ နောက် နာရီဝက် လောက် ကြာ မလား မ ပြော တတ်ဘူး ”  

“ ဒီလိုဆိုရင် စောင့်နေဦးမှ ပဲ ။ အားနာစရာ ကြီး ။ ဒုက္ခ ပေးသလို ဖြစ်နေပြီ မှတ်ပါတယ် ” 

“ ကိစ္စမရှိပါဘူး ရှင် ၊ ဘာမှ အားနာစရာ မရှိ ပါ ဘူး ။ အထဲ ကို ဝင်ပါဦးလား ” 

ဧည့်သည် သည် အိမ်ရှင်မိန်းမကြီး ဖိတ် ခေါ်သည့် အတိုင်း အိမ်တွင်း သို့ ဝင်ခဲ့လေ၏ ။

တိုက်အောက်ထပ် နံရံများ မှာ အစိမ်းနု ရောင်ဆေးများ သုတ် ထား၍ အိမ်ရှေ့ ဧည့်ခန်းကြီး တွင် ပန်းနုရောင် ပလတ်စတစ် ကြိုးများ ဖြင့် ရက်ထားသော စားပွဲ ၊ ကုလားထိုင် တစ်စုံ ရှိ၏ ။ အောက် တွင် ရေညှိပန်းရောင် မွေးရှည် ကော်ဇောကြီး ခင်း ထား၏ ။ စားပွဲ ပေါ် ရှိ ကြွေပန်းအိုး ကလေးထဲတွင် ကြက်သွေးရောင် နှင်းဆီပွင့်ကြီးများ ထိုးစိုက်လျက် ဧည့်ခန်း တစ်ခုလုံး မှာ သူ့ နေရာ နှင့် သူ နေသားတကျ ပနံ ရလှ ပေသည် ။

အိမ်ရှင် အမျိုးသမီးကြီး သည် ဧည့်သည် အား နေရာ ထိုင်ခင်း ပေးပြီးနောက် ငွေစီးကရက်ဘူး နှင့် ပြာခွက်ကလေး တစ်ခွက် ကို ချထား ပေး ခဲ့ပြီးလျှင် နောက်ဖေး ဘက် သို့ ဝင်သွားလေ၏ ။

ဧည့်သည် သည် ဦးထုပ် ကို ချွတ်၍ စားပွဲ ပေါ် ၌ တင် ထားလိုက်ပြီးလျှင် မျက်မှန်နက် အဝိုင်းကြီး ကိုလည်း နံဘေး တွင် ချ ထားလိုက် ၏ ။ ထို့နောက် ငွေစီးကရက်ဘူး ထဲ မှ စီးကရက် တစ်လိပ် ကို ယူ၍ သောက် ပြီးလျှင် ကုလားထိုင် နောက်မှီ ကို မှီကာ အလွန် အေးဆေးသော အမူ အရာဖြင့် ရှိနေလေသည် ။

မိနစ် ၂၀ ခန့် မျှ ကြာလတ်သော် ကားကလေး တစ်စီး သည် မြေနီလမ်း ကလေး မှ အိမ် ဆီ သို့ ဝင် လာသံ ကြား ရ ပြီးလျှင် တိုက်ရှေ့ ဆင် ဝင်အောက် ၌ ထိုး၍ ရပ်သံကြားလိုက်ရ၏ ။ မရှေးမနှောင်းပင် ကားတံခါး ဖွင့်သံကြားလိုက် ရ၏ ။ ထို့နောက် ဧည့်ခန်းဆီ သို့ ဝင်လာသော ခြေ သံ တစ်သံ ကို ကြား ရပြီးလျှင် အသက် ၅၀ ကျော် ခန့် ရှိ သားနားသပ်ရပ်စွာ ဝတ်ဆင်ထား သော လူကြီး တစ်ယောက် သည် ဧည့်ခန်း ထဲ သို့ ဝင်လာရာ ဧည့်သည် က ဆီးကြို နှုတ်ဆက် အရိုအသေ ပြုသည့် ဟန် ဖြင့် နေရာ မှ ထ လိုက်၏

“ ထိုင်ပါ မောင် ထိုင်ပါ ”  

“ ဟုတ်ကဲ့ ဦး ”  

“ ကျုပ် နာမည် က ဦးဟန်ထွန်း တဲ့ ” 

လူကြီး မှာ အသက် ၅၀ ကျော် ၆၀ တွင်း ရှိ ပြီ ဖြစ်သော်လည်း တောင့်တင်းသန်မာ၍ ဖျတ် လတ်သွက်လက်သော အမူ ရှိ၏ ။ ခံညား တည်ကြည်သော ရုပ်လက္ခဏာ လည်း ရှိ၍ မျက်နှာထား မှာ မူ ခပ်တင်းတင်း ရှိ လေသည် ။ လက် ထဲ တွင် ထူထဲသော လက်ဆွဲ သားရေအိတ် ကို စားပွဲ ပေါ်သို့ ပစ် တင်လိုက်၏ ။

“ မောင် က ကျုပ် ကို တွေ့ချင်တယ်လို့ ပြော တယ် ။ ဘာကိစ္စလဲ မောင် ” 

“ ဒီလိုပါ ခင်ဗျာ ၊ ကျွန်တော် က ဦး တစ်ယောက်တည်း သာ မဟုတ်ဘူး ။ ဦး ရဲ့ အိမ် သား အားလုံး ကို တွေ့ချင်ပါတယ် ”  

“ အလို ဘာကိစ္စ ”  

“ အားလုံး ရှေ့ မှာ ပြော ရရင် သာ ကောင်းပါ တယ် ခင်ဗျာ ။ ဒီတော့ နောက်ထပ် မပြောရ တော့ဘူး ”  

“ အင်း ... တယ် ဆန်းတဲ့ ကိစ္စပဲ ၊ ကဲပါဗျာ .. ကဲ ပါ ” 

ပြောပြောဆိုဆို နှင့် ပင် ဦးဟန်ထွန်း သည် နောက်ဖေး ဘက် သို့ လှမ်း ၍ မိမိ ဇနီး နှင့် သား သမီးများ ကို ခေါ် လိုက်ရာ တံခါး ဖွင့်ပေးသော အမျိုးသမီးကြီး နှင့် အတူ ၎င်း နောက် မှ အသက် ၂၂ - ၂၃ နှစ် ခန့်ရှိ လူရွယ် တစ်ယောက် ၊ ၁၈ နှစ် ၁၉ နှစ် ခန့် ရှိ မိန်းမပျိုကလေး တစ်ယောက် ထက်ကြပ် လိုက် ပါလာကြလေသည် ။ လူငယ် မှာ ကျယ်ပြန့်သော ပခုံး နှင့် ဖြောင့် စင်း တောင့်တင်းသော ကိုယ်လုံးကိုယ်ပေါက် ရှိ ၍ အားကစားသမား တစ်ယောက် နှင့် တူ၏ ။ မိန်းမပျို မှာ မူ ဖြူစင်သန့်ရှင်းသော အသားအရေ နှင့် ချောမောလှပသော မျက်နှာ ရှိ၏ ။ ဦးဟန် ထွန်း က မျက်ရိပ် ပြလိုက်သည် တွင် ၃ ဦး သား တို့ သည် ကုလားထိုင်များ ပေါ် ၌ အသီး အသီး ထိုင်ကာ ဧည့်သည် အား အတော်အတန် အံ့သြသော မျက်နှာ နှင့် စိုက် ကြည့် နေကြလေသည်  ။ ထိုအခါ ဦးဟန်ထွန်း လည်း ကုလားထိုင် ပေါ် ၌ ထိုင် လိုက်ပြီးလျှင် ဆေးပြင်းလိပ် တစ်လိပ် ကို မီး ညှိ၍ သောက်ပြီးနောက် ဧည့်သည် ဘက် သို့ လှည့်၍ -

“ ကျုပ် ဇနီး မအေးမြင့် ကိုတော့ မောင် တွေ့ ပြီးပြီ ထင်တယ် ၊ ဟောဒါက ကျုပ် သား မောင် စိုးဟန် တဲ့  ။ ဒီနှစ် ဝိဇ္ဇာ ( ခ ) တန်း ကို ဖြေမယ် ၊ ဟို ဘက်က ထိုင် နေတာက သမီး မဟန်တင့် တဲ့  ၊ သူ က ဥပစာ ( ခ ) တန်း ရောက်ပြီ ။ ကဲ မောင် ပြောစရာ ရှိသာ ပြောပေတော့ ”  

“ ဒီလိုပါ ခင်ဗျာ ။ ၁၉၆၀ သြဂုတ်လ ၂၂ ရက် နေ့ ကို ပြန်ပြီး စဉ်းစား လိုက်ကြစေချင်တယ် ။ ခက်တော့ ခက်တာပေါ့ ခင်ဗျာ ။ နို့ပေမဲ့ တကယ် စဉ်းစားရင် သတိ ရ နိုင်ပါတယ် ။ ကိစ္စ က အရေးကြီး သကိုးခင်ဗျ ”  

“ မောင့် စကား က တယ် ဆန်းပါကလား ။ ဒီ နေ့ ကို ဘာဖြစ်လို့ ကျုပ်တို့ က ပြန်ပြီး သတိ ရ ရ မှာ လဲ ။ ဒီနေ့က ဘာမို့လဲ ။ လူ ဆိုတာ မနေ့က စားတဲ့ ဟင်း တောင် သတိ ရ ချင်မှ ရတာ ။ ကျုပ် တို့ မိသားစု ဘယ်လောက် သတိ ကောင်း တယ် ဆိုတာ မောင် က စစ်ဆေး နေတာလား ” 

“ ဒီလိုလဲ မဟုတ်ပါဘူး ခင်ဗျာ ။ ဦး ပြောတဲ့ အတိုင်း လူ ဆိုတာ မနေ့က ဘာဟင်း နဲ့ စားတယ် ဆိုတာ သတိ မရ တော့ဘူး ဆိုတာ လည်း မှန် ပါတယ် ။ ဒါပေမဲ့ ကိစ္စ က အလွန့် အလွန် အ ရေးကြီးတဲ့ ကိစ္စ မို့ စဉ်းစား ဖို့ ပြောတာပါ ”  

“ အလို ဘာကိစ္စမို့ .. ”  

“ ဒီလို ခင်ဗျာ ဦးဟန်ထွန်း ၊ ခုမှ ဖြင့် ကျွန်တော် သွယ်ဝိုက် မနေဘူး ။ တည့်တည့်ပဲ ပြောတော့မယ် ။ ကျွန်တော် အော်တိုကား ကုမ္ပဏီ က ဆိုတာလည်း မဟုတ်ဘူး  ။ အခုလာတာ ကျွန်တော့်ရဲ့ ကိုယ်ရေး ကိုယ်တာ ကိစ္စ နဲ့ လာတာပဲ ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်တော် အခု ပြောတဲ့ နေ့ ကို ပြန်ပြီး စဉ်းစားပါ ဦးဟန်ထွန်း ။ အရေး ကြီးပါတယ် ” 

ဦးဟန်ထွန်း သည် နေရာ မှ ဖျတ်ခနဲ ထ လိုက်၏ ။

“ ဒီမယ် မောင် မောင့် အသား မနာချင်ရင် မြန်မြန် ထွက်သွား ” 

သို့ ပြောဆို ပြီး နောက် ဦးဟန်ထွန်း သည် ခေါင်းရင်း ဘက် ရှိ စားပွဲတစ်လုံး ပေါ် တွင် တင် ထားသော တယ်လီဖုန်း ရှိရာ သို့ လျင်မြန်စွာ ထ သွားလေ၏ ။ သို့သော် တယ်လီဖုန်း ဆီ သို့ မ ရောက်မီ ဧည့်သည် ၏ လက် တွင် ဒန်ရောင် ခြောက်လုံးပူး သေနတ်ကလေး တစ်လက် ၏ ပြောင်းဝ ကို တည့်တည့် မြင် လိုက်ရသဖြင့် ချက်ချင်း ရပ် လိုက်ရလေသည်  ။

ဧည့်သည် လူထူးလူဆန်း သည် နေရာ မှ ထ ကာ သေနတ်ကလေး ကို လက်ထဲ တွင် ကစားရ င်း

“ ဒီမယ် ဦးဟန်ထွန်း ၊ အခုလို ဒုက္ခ များ မယ့် ကိစ္စတွေ မလုပ်ပါနဲ့ ခင်ဗျာ ။ ဒီဟာမျိုး နဲ့ ကျွန် တော့် ကို မရဘူး ။ ထိုင် ၊ ထိုင် ကုလားထိုင် ပေါ် အေးအေး ပြန်ထိုင် ၊ အစ်မကြီး ရယ် ၊ ဟောဒီက ငါ့ ညီ နဲ့ ညီမလေး တို့ ကလည်း မလှုပ်ကြ နဲ့ နော် ။ အေးအေး နေကြ ။ ကဲ - ဦးဟန်ထွန်း က သေသေချာချာ ပြန် စဉ်းစားဦး ။ လ က သြဂုတ် လ ၊ အခု လ ပေါ့ ခင်ဗျာ ။ ရက် က ၂၂ ရက် ၊ အချိန်တော့ တစ်နှစ် တိတိ ရှိ သွားပြီ စဉ်းစားပါ ။ စဉ်းစားပါ ” 

ဦးဟန်ထွန်း ၏ ဇနီး ဒေါ်အေးမြင့် သည် လည်းကောင်း ၊ သားသမီးများ ဖြစ်ကြသော မောင်စိုးဟန် နှင့် မဟန်တင့် တို့ သည် လည်း ကောင်း မျက်နှာတွင် သွေး မရှိသကဲ့ ဖြူဖပ်ဖြူ ရော် ဖြစ်ကာ ကုလားထိုင် ပေါ် တွင် ကျောက်ရုပ် များ ကဲ့သို့ မလှုပ်မယှက် ရှိ နေကြကုန်၏ ။

ဦးဟန်ထွန်း သည် ကုလားထိုင် ပေါ် တွင် ပြန်၍ ထိုင်ကာ မျက်နှာ ထား ကို တစ်မျိုး ပြင်လျ က်

“ ဒီမယ် အခုလို လုပ်တာ ငွေ လိုလို့ လုပ် တာပဲ မဟုတ်လား ။ ရော့ ယူ ဟောဒီ သားရေအိတ် ထဲ မှာ ငွေ ၆ဝဝဝ ပါ တယ် ။ အခုပဲ ဘဏ်တိုက် က ထုတ် လာတာ ။ တစ်ရာ တန် ချည်း ပဲ ။ ယူ .. ယူ ... ယူပြီး အိမ် ထဲ က မြန်မြန် ထွက်သွား ” 

ဦးဟန်ထွန်း သည် မိမိ အနီးမှ လက်ပွေ့ သားရေ အိတ်ကြီး ကို လူထူး လူဆန်း ဘက် သို့ ပစ် ပေးလိုက်၏ ။ သူ ၏ မျက်နှာ မှာ မုန်းတီးခြင်း ၊ ဒေါသထွက်ခြင်း ၊ မချင့်မရဲ ဖြစ်ခြင်း တို့ ဖြင့် ရောပွမ်း ကာ နဖူးတွင် ချွေးပေါက်များ သီး လျက် ရှိလေသည် ။ 

လူထူးလူဆန်း သည် သေနတ်ပြောင်းဝ ကို ဦးဟန်ထွန်း ဘက် သို့ ချိန်ထား ရင်း လက်ဝဲ ဘက် လက် ဖြင့် စီးကရက် တစ်လိပ် ကို မီး ညှိပြီးနောက် ယခင် က ထက်ပင် တည်ငြိမ် အေးဆေးသော အသံဖြင့်

“ ဒီမယ် ဦးဟန်ထွန်း ရဲ့  ၊ ကျွန်တော် လာ တာ ဟာ ငွေ အတွက် လာတာ မဟုတ်ဘူး  ၊ ဦးဟန် ထွန်း တို့ အနေနဲ့ ကြည့် ရင် ကျွန်တော့် ကို လူထူးလူဆန်း တစ်ယောက် လို့ ထင် လိမ့်မယ် ။ ဒါ မှ မဟုတ် အရူး တစ်ယောက် လို့ ထင်ချင် လည်း ထင် လိမ့်မယ် ။ ကျွန်တော် က ထင်လည်း ထင်စရာပေကိုး ခင်ဗျ ။ ပြီးတော့ တစ်ခု ပြောဦးမယ်နော် ။ အားလုံးပဲ ဦးဟန်ထွန်း က စပြီး ဟောဒီ က အစ်မကြီး နဲ့ ငါ့ ညီ ရော ၊ ညီမလေး ရော အား လုံးပဲ ဟောဒီ သေနတ် က ညှာတာ မဟုတ်ဘူး  ။ ဒီ အထဲ က ဘယ်သူ ဖြစ်ဖြစ် တစ်ယောက်ယောက် က ယီးတီး ယားတား လုပ်ရင် ပစ် လိုက်ပြီး သားပဲ ။ နောက်တော့သာ အဆိုး မဆိုနဲ့ " 

“ ငွေ ရ ပြီးပဲ ပြီးရော မဟုတ်လား ”  

“ ဦးဟန်ထွန်း ကို ပထမ ကတည်း က ကျွန်တော် လာတာ ငွေ အတွက် လာတာ မဟုတ်ဘူး လို့ ပြောပြီးပါပြီ ကော ”  

“ ဒါဖြင့် ဘာလဲဟင် ပြောလေ ” 

ဦးဟန်ထွန်း သည် နဖူး မှ ချွေးပေါက်ကြီး များ ကျလာကာ ကုလားထိုင်လက်ရန်းများ ကို လက် နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လျက် ရှိလေ၏ ။ ထို့နောက် လက် ထောက် ကာ နေရာ မှ ရုတ်တရက် ထ ရန် ဟန် ပြင်လိုက်စဉ် ဒေါ် အေး မြင့် က

“ အို ကိုဟန်ထွန်း ကလည်း ဘာ လုပ်မလို့ လဲ ။ အသာ အေးအေး နေစမ်းပါ ” 

ဟု ပြော လိုက်သဖြင့် ဦးဟန်ထွန်း မှာ ငြိမ် သက် သွားလေသည်  ။ ထို့နောက် ဒေါ်အေးမြင့် က ဆက်လက်၍ သား ဖြစ်သူ မောင်စိုးဟန် ဘက် သို့ လှည့် ပြီးလျှင်

“ ကဲ ငါ့ သား ကလည်း စဉ်းစားပါဦး ကွယ် ၊ မနှစ် က ဒီ အချိန်လောက် တို့ အိမ် မှာ ထူး ထူးခြားခြား ဘာများ ဖြစ် လို့ လဲ ။ ဒါထက် နေဦး အင်းယား ကို ပျော်ပွဲစား ထွက်ပြီး ကမာရွတ် က မသန့် တို့ အိမ် မှာ ထမင်း စားကြတာ မနှစ် က သြဂုတ်လ ထဲ က မဟုတ်လား ”  

“ ဟုတ်တယ် မေမေ ” 

“ အဲ .. ဟုတ် .. ဟုတ်ပြီ စဉ်းစားကြ ။ သြဂုတ် လ ၂၂ ရက်နော် ။ နေ့ က စနေနေ့ ” 

ထိုအခါ မောင်စိုးဟန် ၏ မျက်လုံးများ သည် တစ်စုံ တစ်ရာ ကို လေးနက်စွာ စဉ်းစား နေသည့် ဟန် ဖြင့် အတန်ငယ် မှေး၍ သွားပြီး နောက်

“ ဟုတ်တယ် မေမေ ၊ ကျွန်တော် သတိရပြီ ။ ပျော် ပွဲစား ထွက်တုန်းက ကျွန်တော်တို့ ဟာ စနေနေ့ သွား ကြတယ် ။ အဲဒီ နေ့ ည က မမသန့် တို့ အိမ် ည အိပ်ပြီး နောက် တစ်နေ့ တစ်နေ့လုံး နေ ကြတယ် မဟုတ်လား ။ ညနေ ထမင်းစား ပြီးမှ ပြန် ကြတယ်လေ ။ အဲဒီ ညနေ က ညီမလေးတောင် သူ့ သူငယ်ချင်းတွေ ဆီ သွား ချင်တယ် ဆိုလို့ ကျွန်တော် လိုက် ပို့ရသေး တယ် ။ နင် မမှ တ်မိဘူးလား မဟန်တင့် ” 

“ ဪ .. မှတ်မိပြီ ။ နေဦး ကျွန်မ မှာ ဒိုင်ယာရီ ရှိတယ် ။ အဲဒီ နေ့ဟာ ၂၂ ရက် ဖြစ်ချင် ဖြစ်မှာ ပေါ့ ” 

မဟန်တင့် သည် မလှုပ်မရှက် ငြိမ်သက်စွာ ထိုင် လျက် ရှိရာမှ ဤ အကြိမ် ပထမ စ ၍ စကား
ပြော လိုက်ခြင်း ဖြစ်၏ ။ အသံ မှာ သူ၏ မိခင် ကဲ့သို့ ချိုသာအေးမြ၍ သူ ၏ မိခင် ထက် ကြည်လ င်ပြတ်သားလေသည် ။

ဧည့်သည် သူစိမ်း သည် ကုလားထိုင် ကို အ နည်း ငယ် လှုပ်ရှားကာ မဟန်တင့် အား ပြုံး၍ ကြည့်လိုက်၏ ။

“ ဟုတ်ပြီဟေ့ ဟုတ်ပြီ ၊ ညီမလေး မင်း ပြော တဲ့ ဒိုင်ယာရီစာအုပ်ကလေး သွား ယူပေတော့ ။ မြန်မြန် ပြန်ခဲ့နော် ၊ ဒီပြင်ဟာတွေ ဘာမှ လုပ်မယ်များ မကြံနဲ့  ။ သွားသွား မြန်မြန် သွားစမ်း ” 

မဟန်တင့် သည် နေရာ မှ လျင်မြန်စွာ ထ လိုက်ပြီး လျှင် ခန်းဆီး နောက်သို့ ဝင် သွားပြီး နောက် အပေါ်ထပ် သို့ တက် သွားလေရာ လှေကား မှ ၎င်း တက်သွားသော ခြေသံ ကို ကြားရ၏ ။

ဧည့်သည် လည်း သူ ၏ ငွေစီးကရက်ဘူး ကို အိတ် ထဲ မှ ထုတ်၍ လက်ဝဲဘက် လက် ဖြင့် ဖွင့် ပြီးလျှင် ဦးဟန်ထွန်း နှင့် သား ဖြစ်သူ မောင်စိုးဟန် တို့ ကိုပင် တိုက် လိုက်သေး၏ ။ သို့သော် မည်သူ မျှ ယူ၍ မသောက်ချေ ။ ဦးဟန်ထွန်းမှာ မျ က်နှာကြီး နီးမြန်း၍ အံ တကြိတ်ကြိတ် ရှိနေလေသည်  ။ သို့နှင့် သူ ကိုယ်တိုင် စီးကရက် တစ်လိပ် ကို ပါးစပ် ၌ တပ်ကာ အိတ် ထဲ မှ “ ရွန် ဆင် ” ငွေရောင် ဂတ်စ်မီးခြစ်ကလေး ကို ထုတ် ၍ မီး ညှိပြီးနောက် စီးကရက် ကို အားပါးတရ ဖွာရှိုက် လျက် ရှိလေသည် ။ လက်ယာ ဘက် လက် ကမူ ဦးထွန်းဟန် ရှိရာ သို့ သေနတ်ပြောင်း ကို ချိန်မြဲချိန်လျက် ရှိ၏ ။

မကြာမီ လှေကား မှ ပြေး ဆင်းလာသော ခြေသံများ ကြား ရပြီးနောက် မဟန်တင့် သည် လက် ထဲ တွင် သားရေနက် အဖုံး အုပ်ထားသော စာအုပ်ကလေး တစ်အုပ် ကို ကိုင်၍ ဧည့်ခန်း သို့ ဝင် လာပြီး နောက် ကုလားထိုင် တစ်လုံး ပေါ် တွင် ထိုင် ချလိုက်၏ ။ ထို့နောက် စာအုပ်ကလေး ကို ဖွင့်ကာ နှစ်ကြိမ် ၊ သုံးကြိမ် မျှ လှန်လှော ရှာဖွေပြီး နောက် တစ်နေရာ သို့ ရော က်လျှင် 

“ ဟော တွေ့ပြီ ၊ သြဂုတ်လ ၂၂ ရက် ၊ စနေနေ့ ၊ မိသားစု အင်းယား သို့ ပျော်ပွဲစား ထွက် သည်  ။ ညနေ ၅ နာရီ အစ်ကိုကြီး လိုက်ပို့ ၍ အ င်းယားဆောင် နုနု ၊ စိန်စိန် တို့ နှင့် သွား တွေ့သည် ။ အစ်ကိုကြီး မြို့ထဲ ဘိုင်စကုပ်ကြည့်ရန် သွားသည်  ။ ဒယ်ဒီ အင်းစိန် သို့ မိတ်ဆွေ တစ်ယောက် နှင့် တွေ့ရန်သွားသည်  ။ အဲဒီနေ့ ဒါပဲ ။ နောက်တစ်နေ့ တနင်္ဂနွေ နေ့ မှာ မမသန့် အိမ် မှာ ထမင်း စား တာ တောင် ရေး ထားသေး တယ်  ။ ဒီဟာပဲ ။ နေပါဦး ရှင် လိုချင်တာက ဘာကို လိုချင် တာလဲ ” 

ထိုအခါ ဒေါ်အေးမြင့် က ကြားဝင်၍ - 

“ ဟုတ်ပါတယ်ကွယ် ၊ အဲဒီနေ့ ငါ လည်း မှတ် မိတယ် ။ သမီး က သူ့ သူငယ်ချင်းတွေ တွေ့ချင် တယ်ဆိုလို့ အင်းယားဆောင် ကို မင်း က လိုက်ပို့တယ် ။ တစ်နာရီလောက် ကြာတော့ မင်း တို့ မောင်နှမ နှစ်ယောက် ပြန် လာပြီး မင်း က ရုပ်ရှင် ကြည့်ဦးမယ် ဆိုပြီး မြို့ထဲ ထွက်သွား တယ် ။ ကိုဟန်ထွန်း ကတော့ အင်းစိန် မှာ အရေးကြီးတဲ့ ကိစ္စ တစ်ခု နဲ့ သူ့ မိတ်ဆွေ တစ်ယောက် ကို တွေ့စရာ ရှိတယ် ဆိုပြီး ကား နဲ့ ထွက်သွား တယ် ။ ဒီတော့ မောင်ရင် သိချင်တာ က ဘာလဲ ”  

ဧည့်သည် သည် ဦးဟန်ထွန်း ၏ ရင်ဝ ဆီ သို့ သေနတ် ကို တည့်တည့် ပြင်၍ ချိန် လိုက်ပြီးနောက် -

“ ကဲ - ဟောဒီက ခင်ဗျား ဇနီး နဲ့ သားသမီး တွေ ကတော့ ခင်ဗျား ကိုယ်တိုင် ကား ကို မောင်း သွားတယ် ဆိုတာ ပြော နေပြီ ။ ခင်ဗျား ဘာ ပြောချင်သေးသလဲ ”  

“ နေပါဦး ၊ ဒီလူ ဘာ ကြောင်နေတာလဲ ။ ကျပ် ကား ကျုပ် မောင်းတာ ဘာဖြစ်သလဲ ”  

“ ကျွန်တော် မကြောင်ပါဘူး ခင်ဗျာ ။ အင်း စိန် သွားတော့ ဘယ်အချိန်လောက် ရှိပြီလဲ“ 

“ ၆ နာရီ ထိုးလောက် ရှိမှာ ပေါ့ ။ နာရီကို ဘယ်သူ သေသေချာချာ ကြည့်မှာ လဲ ။ နေဝင် ဖြိုးဖြိုး ဆိုတော့ ဒီလောက် ပဲ ရှိမှာ ပေါ့ ”  

“ အိမ်ကို ဘယ်အချိန် ပြန် ရောက်သလဲ ”  

“ ဘယ်လောက်ကြာကြာ နေသလဲတော့ မ ပြောတတ်ဘူး ။ အိမ် ကို တော့ ၈ နာရီခွဲ လောက် ပြန်ရောက်တယ် ” 

“ အင်းစိန် ကို သွား တာပဲနော် ။ ဒီပြင့် ဘယ်မှ မသွားဘူး ဟုတ်လား ဦးဟန်ထွန်း ”  

“ ဟုတ်တယ် ”  

“ ဒီအချိန် အတွင်း ဦးဟန်ထွန်း ကား ကို ဘယ် သူ မှ မငှား ဘူးနော် ။ အမှန်ပဲ ”  

“ ဘာပြုလို့ ကျုပ် က ငှား ရမှာ လဲ ”  

“ အင်းစိန် ကို သွား တာပဲနော် ။ တခြား ဘယ်နေရာ မှ မရောက်ဘူး ” 

“ ဒီ လူ ခက်ပါဘိ ။ ကျုပ် ဘယ်နှစ်ခါ ထပ် ပြော ရဦးမှာ လဲ ” 

“ ဒါဖြင့် အဲဒီ နေ့က နေဝင်ရီသရော ၆ နာရီ နဲ့ ၇ နာရီ ကြား မှာ ခင်ဗျား ကား ကို မဟာဗန္ဓုလ ပ န်းခြံလမ်း နဲ့ ကုန်သည်လမ်း ထောင့်မှာ ဘာဖြစ် လို့ မြင် လိုက်ရသလဲ ” 

“  မဟုတ်ဘူး  ၊ မဟုတ်ဘူး  ၊ ဒါ လိမ်တာ ။ ဘယ်သူ က ပြောလဲ ၊ ဘယ်သူ မြင်လို့ လဲ ။ မမှန် ဘူး .. မမှန်ဘူး ”  

“ မမှန်ရင် ဦးဟန်ထွန်း က ဘာဖြစ်လို့ သည် လောက် ဒေါသ ကြီး နေရတာလဲ ခင်ဗျာ ၊ ကျွန်တော် ပြောတာ အမှန် ခင်ဗျ ။ မြင်တဲ့ လူ က အခြား သူ မဟုတ်ဘူး ကျွန်တော် ပဲ ” 

ထိုအခါ ဦးဟန်ထွန်း နှင့် ဧည်သည် လူထူး လူဆန်း တို့ အပြန်အလှန် ပြောဆို နေကြသော စကားများ ကို နားစွင့်လျက် ရှိနေကြသော သားအမိ သုံးယောက် အနက် ဒေါ်အေးမြင့် က ကြား ဝင်၍ မိမိ ကိုယ် ကို မိမိ ပြော သကဲ့သို့

“ ဪ ... မဟာဗန္ဓုလပန်းခြံလမ်း နဲ့ ကုန်သည်လမ်း ထောင့် ဆိုတော့ ရိုစီ သေသွား တဲ့ နေရာ မဟုတ်လား သားရယ် ”  

“ ရိုစီ ဟုတ်လား အစ်မကြီး ”  

ဒေါ်အေးမြင့် က ဆက်လက်၍ - 

“ ဟုတ်တာပေါ့ မောင် ၊ ရိုစီ ဆိုတာ တခြား သူ မဟုတ်ဘူး  ၊ ဟောဒီ က သားတော်မောင် မောင် စိုးဟန် ရဲ့ ရည်းစား ပေါ့ ။ ခမျာ အဲဒီ မဟာဗန္ဓု လပန်းခြံလမ်း နဲ့ ကုန်သည်လမ်း ထောင့် မှာ ကား တိုက်လို့ သေရ ရှာတယ် ” 

ထိုအခါ ကျောက်ရုပ် ကဲ့ သို့ မတုန်မလှုပ် ရှိ နေသော မောင်စိုးဟန် က လက်သီးများ ကို ဆုပ်လျက်

“ ဟုတ်တယ် မေမေ ၊ ရိုစီ ကား တိုက်ခံရတာ အဲဒီနေ့ပဲ ။ ကျွန်တော် မှတ်မိပြီ ”

ဧည့်သည် က အတန်ငယ်ပြုံး လျက်

“ ဟုတ်ပြီဟေ့ မောင်စိုးဟန် ၊ ကဲ ဆက် ပြောစမ်းကွယ် ” 

“ ဒီလို ခင်ဗျ ။ ရိုစီ ဆိုတာက ကုန်သည်လမ်း မှာ လုပ် နေတဲ့ လက်နှိပ်စက် စာရေးမကလေး ။ ခမျာ ဆင်းရဲ ရှာတယ် ။ သူ နဲ့ ကျွန်တော် တစ်ယောက် နဲ့ တစ်ယောက် မေတ္တာ ရှိနေကြတာ အဲဒီတုန်း က ခြောက်လလောက် ရှိပြီ ။ ဒယ်ဒီ က တော့ သဘော မတူဘူးပေါ့ ခင်ဗျာ ။ ကျွန်တော် တို့ ဟာ လက်ထပ်ဖို့ ပဲ ။ ဒါပေမဲ့ အဲဒီ သြဂုတ် လ ၂၂ ရက် နေ့ ည က မဟာဗန္ဓုလပန်းခြံလမ်း ဘက် အကူး ပန်းခြံ ထောင့် မှာ ကား တိုက်ပြီး သေသွားရှာတယ် ။ ကားနံပါတ် ကို တော့ မမှတ်မိ လိုက်ကြဘူး ။ ဪ .. အင်း ... လက်စသတ် တော့ ” 

မောင်စိုးဟန် သည် တစ်စုံတစ်ရာ အမှတ်ရ ပြီးလျှင် အသိဉာဏ် တစ်မျိုး ဝင်လာသည့် လ က္ခဏာ ဖြင့် သူ ၏ ဖခင် ဦးဟန်ထွန်း အား စေ့စေ့ ကြည့်လိုက်၏ ။ မျက်နှာများ နီမြန်းကာ လက်သီးများ ကို ဆုပ်လျက် ရှိရာမှ ဦးဟန်ထွန်း မျက်နှာ ကို လက်ညှိုး ထိုးလျက်

“ ကျုပ် သိပြီ ၊ ကျုပ် သိပြီ ။ ရိုစီ ကို ခင်ဗျား သ တ်တာပဲ မဟုတ်လား ။ ခင်ဗျားကြီး ခင်ဗျားကြီး လူသ တ် သမားကြီး ”

“ ဟဲ့ မောင်စိုးဟန် ၊ ဘယ်လို ပြောလိုက်တာလဲ ။ နင့် ဒယ်ဒီ ကို ဒီလိုပဲ ပြောရသလားဟင် ”  

“ ဟုတ်တယ် မေမေ ၊ ကျွန်တော် သိပြီ ”

“ ဟေ့ ခွေးမသား စကား မပြောနဲ့ ။ တိတ် စမ်း အရူး ” 

ဦးဟန်ထွန်း သည် နေရာ မှ ထ ပြီးလျှင် ကျား ဟိန်း သကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော အသံကြီး ဖြင့် ကျယ်လောင်စွာ ဟစ်အော် လိုက်လေ၏ ။ သူ ၏ အသားများ မှာ လည်း တဆတ်ဆတ် တုန်လျက် ရှိလေသည် ။ 

“ သူ က ဘာဖြစ်လို့ တိတ် ရမှာ လဲ ဦးဟန်ထွန်း ရဲ့  ။ ဦးဟန်ထွန်း ဘက် က ရှင်း ပြဖို့ သက်
သေ ခိုင်လုံ လောက်နေပြီ မဟုတ်လား ။ အသာ သာ ထိုင် နေစမ်းပါ ” 

ဦးဟန်ထွန်း သည် မိမိ အား ချိန်ထားသော သေနတ် ကို ပဓာန မထားဘဲ အရွယ် နှင့် မမျှ သော လျင်မြန်ခြင်းမျိုး ဖြင့် နေရာ မှ ဖျတ်ခနဲ ထကာ ဧည့်သည် အား ကျားအုပ် သကဲ့သို့ ခုန် ၍ အုပ် လိုက်လေ၏ ။ ထိုအခါ ဧည့်သည် သည် ဦးဟန်ထွန်း ၏ လက်သီး ကို ရှောင် လိုက်သည် တွင် ကြမ်းပေါ် သို့ လက် ထဲ မှ သေနတ် လွတ် ကျ သွားလေသည် ။ သို့နှင့် ဧည့်သည် သည် ကြ မ်းပေါ် မှ သေနတ် ကို ကောက်ယူရန် ကုန်း လိုက်သည် တွင် မဟန်တင့် က

“ မလှုပ် နဲ့ လက် မြှောက် လိုက် ”  

ဟု အော်ဟစ် လိုက် သော အသံ ကို ရုတ်တရက် ကြား လိုက်ရသဖြင့် ဧည့်သည် သည် ကြမ်း ပေါ် မှ သေနတ် ကို မကောက်ရတော့ဘဲ မတ်တတ် ရပ်ကာ လ က် နှစ်ဖက် ကို မြှောက်လိုက် ရတော့၏ ။

မဟန်တင့် သည် စာအုပ် ယူရန် အိမ် ပေါ် သို့ တက် သွားစဉ်က သူ့ ဖခင် ၏ ခေါင်းအုံး အောက် တွင် အမြဲ ထားလေ့ ရှိသော ပစ္စတိုကလေး ကို ခါး ထဲ တွင် ဝှက် ၍ ယူ လာခဲ့ခြင်း ဖြစ်လေသည်  ။ မဟန်တင့် သည် ဧည့်သည် အား ကုလားထိုင် ပေါ် ပြန် ၍ ထိုင်စေ၏ ။ ထိုအချိန်၌ ဦးဟန် ထွန်း သည် ကြမ်းပေါ် တွင် ကျလျက် ရှိသော ဧည့်သည် ၏ သေနတ် ကို ကောက်မည်ပြု လေ ရာ မဟန်တင့် က ဖျတ်ခနဲ သေနတ် ကို ကုန်း၍ ကောက် ယူ လိုက်လေ၏ ။ 

“ ကျွန်မ ကို မပစ်တတ်ဘူးများ မအောက်မေ့ နဲ့ ဒယ်ဒီ ၊ ကျွန်မ ကောင်းကောင်း ပစ်တတ် တယ် ။ သတ္တိ ရှိရင် ဒီ လူ လှုပ်ဝံ့ ရင် လှုပ် စမ်းပါ စေ ။ ဘယ်ရော ညာရော တစ်ခါတည်း ပစ်ထည့်လိုက် လို့ အပေါက်ကလေး နှစ်ပေါက် ရ သွား မယ် ။ ကဲ - ဒီတော့ ဒယ်ဒီ က သာ ရဲ ကို ဖုန်း နဲ့ ခေါ် ပေ တော့ ။ သွားပါ ဒယ်ဒီ မြန်မြန် ” 

ဦးဟန်ထွန်း သည် တယ်လီဖုန်း ဆီ သို့ မ သွားသေး ဘဲ ငိုင်လျက် ရှိ၏ ။ ထိုအခါ ဧည့်သည် က မသိမသာ ပြုံး လျက်

“ သွားလေဗျာ ၊ ရဲ ကို ခေါ်လေ ” 

ဦးဟန်ထွန်း ကား မလှုပ်ချေ ။ နေရာ၌ ပင် ရပ်လျက်ရှိ၏ ။ ထိုအခါ ဒေါ်အေးမြင့် သည် နေရာ မှ ထ ကာ

“ သူ မခေါ်ချင် နေပစေ ၊ ငါခေါ်မယ် ။ ဖယ် စမ်း ”   

ဟု ပြောရင်း တယ်လီဖုန်း ရှိသော စားပွဲ ဘက် ခြေ တစ်ဖက် လှမ်း လိုက်လေ၏ ။ 

“ မအေးမြင့် ၊ မင်း အသာနေစမ်း“  

ဧည့်သည် က ပြောင်လှောင်သည့် ဟန် ဖြင့်

“ ဘာဖြစ်လို့ လဲ ဦးဟန်ထွန်း ရဲ့  ၊ ဘာကြောင့် ရဲ ကို မခေါ်ဝံ့တာလဲ ။ ခင်ဗျား မှာ ကျုပ် တို့ မသိ စေချင်တဲ့ အချက် ရှိပြီ ထင်တယ် ” 

“ ဟေ့ ... တိတ်စမ်း ၊ ငါ မင်း ကို ဖက်ပြီး စကား မပြောချင်ဘူး ။ ကဲ - သမီး ဒယ်ဒီ ကို သေနတ် ပေးစမ်း ”

“ မဟန်တင့် သည် ကိုယ် ကို နောက်သို့ အနည်းငယ် ယို့ လိုက်၏ ။ ထို့နောက် ဦးဟန် ထွန်း၏ မျက်နှာ ကို စေ့စေ့ ကြည့်လျက်

“ ရဲဘက် ကို ဘာဖြစ်လို့ မတိုင်ဝံ့တာလဲ ဒယ်ဒီ ၊ ဒယ်ဒီ ဘာကို ဖုံးနေတာလဲ ပြောစမ်းပါ ” 

ဦးဟန်ထွန်း သည် ရှေ့ သို့ တစ်လှမ်း တိုးကာ မဟန်တင့် လက် ထဲ မှ သေနတ် နှစ်လက်စလုံး ကို ဖျတ်ခနဲ လု ယူ လိုက်လေ၏ ။ ထို့နောက် သေနတ် တစ်လက် ကို အင်္ကျီ အိတ် ထဲ သို့ ထည့်
လိုက်ပြီးလျှင် အခြား တစ်လက်ဖြင့် ဧည့်သည် အား ချိန် ထား လိုက်လေသည် ။

ဧည့်သည် ယောက်ျား သည် သားအဖ နှစ်ယောက်တို့ အပြန်အလှန် ပြောဆိုပြုမှုပုံများ ကို စိတ်ဝင်စားစွာ မလှုပ်မရှက် ကြည့်ရှုလျက် ရှိ၏ ။

“ ကဲ - ဦးဟန်ထွန်း ၊ ချိန်တော့ မနေနဲ့  ။ ပစ်ချင် ပစ်လိုက် ၊ ပစ်ရင် လူသ တ်မှု ပဲ ။ ဘယ်သူပဲ မ မြင်မြင် ခင်ဗျား မိသားစု မျက်စိ အောက်မှာ လူသ တ်မှု ကို ခင်ဗျား ကျူးလွန်တာပဲ ။ နေပါဦး ဘာကြောင့် ခင်ဗျား ပုလိပ် ကို မခေါ်ဝံ့တာလဲ ။ ခင်ဗျား ဘာ ကြောက်နေတာလဲ ။ ခင်ဗျား ဘာ ကို ဖုံး နေတာလဲ ” 

ထိုအခါ ဒေါ်အေးမြင့် က ကြား ဖြတ်၍ - 

“ ဟုတ်တယ် ကိုဟန်ထွန်း ၊ ရှင် ဘာကို ဖုံး နေတာလဲ ။ ရဲ မခေါ်ဝံ့တာ ရှင် တစ်ခုခု ကို ဖုံး ထား ချင်လို့ ပေါ့ ။ ကျုပ် ပြောတာ ဟုတ်တယ် မ ဟုတ်လား ။ ပြောလေ ၊ ရှင် လုပ်ပုံ ကျုပ် နားမ လည်ဘူး ”  

ဟု အသံကုန် အော်၍ ပြော လိုက် လေသည်  ။ 

“ အင်း ... မင်း ဒီလောက် သိ ချင်ရင် ပြော ရ တာပေါ့ ကွယ် ”

ဦးဟန်ထွန်း သည် သား ဖြစ်သူ မောင်စိုးဟန် ဘက် သို့ လှည့်ပြီး နောက် ဆက်လက်၍ - 

“ မင်း က ဒီ စာရေးစုတ်မ များ မက် နေတာ အံ့ ဩ ပါ ရဲ့ စိုးဟန် ရယ် ။ မင်း ကို ဒီလို ကလေကချေ မိန်းမမျိုး နဲ့ ငါ မပေးစားနိုင်ဘူး နားလည်လား ။ ဒီလို အောက်တန်းလွှာ နဲ့ မင်း နဲ့ မတန်ဘူး ။ ဒါကြောင့် အဲဒီ ညနေ က သူ ရုံးဆင်း ပြီးတဲ့ နောက် ဆန်းရှိုင်း မှာ သူ နဲ့ ချိန်းပြီး ငါ က သူ့ ကို ငွေပေးတယ် ။ သူ က ငွေ ကို လက်မခံဘူး ။ သူ က ရယ် နေတယ်လေ ။ နည်း လို့ လားတော့ မပြောတတ်ဘူး ။ ဒါနဲ့ ကား ကို ကုန်သည် လမ်း ဘက် က ခပ်ဖြည်းဖြည်း လှည့်မောင်း လာတော့ မဟာဗန္ဓုလ ပန်းခြံလမ်း က ပန်းခြံထောင့် မှာ သူ့ ကို ငါ တွေ့တာပဲ ။ ဒီနောက် ဘာ ဖြစ်တယ် ဆိုတာတော့ ဖွင့် ပြောဖို့ မလိုပါဘူး ကွယ် ။ မင်းတို့ သိတဲ့ အတိုင်းပဲ ” 

ဦးဟန်ထွန်း သည် တစ်စုံတစ်ရာ ကို နောင် တ ရသည့် ဟန်ဖြင့် အတန်ငယ် မျက်နှာ ညှိုး၍ သွား၏ ။ ဧည့်သည် နှင့် တကွ သားအမိ သုံးယောက် ပါ တုတ်တုတ်မျှ မလှုပ် ကြချေ ။ သို့နှင့် ဧည့်သည် က စကား စ ၍ ပြောလေသည် ။

“ ဒီကို ပထမ ကျွန်တော် လာတုန်း က ဒီ အကြောင်းတွေ ဘာမှ ကျွန်တော် မသိဘူး ။ ရိုစီ ဆိုတာ တခြား သူ မဟုတ်ဘူး ။ ကျွန်တော် နဲ့ စေ့စပ်ထားတဲ့ မိန်းကလေး ။ ဒါပေမဲ့ သူဌေး သား နဲ့ တွေ့တယ် လို့ ကြား ရပြီး သူဌေးသား ဘက် ပါ မလိုလို လက္ခဏာ ဖြစ်နေတာ ကျွန်တော် တွေ့ ရတယ် ။ သူ့ ကို ပိုး နေတာ ဘယ်သူ ဘယ်ဝါ ဆိုတာတော့ ကျွန်တော် မသိပါဘူး ” 

စကား ပြော၍ ဤ နေရာသို့ ရောက်သောအ ခါ မောင်စိုးဟန် သည် တခြား ဘက်သို့ မျက်နှာ လွှဲလိုက်၏ ။ သို့နှင့် ဧည့်သည် က ဆက် လက်၍ -

“ အဲဒီ နေ့ ညနေ နေဝင်ရီတရော လောက် ပန်းဆိုးတန်း ထိပ် မှာ သူ့ ကို တွေ့ တာနဲ့ ကျုပ် တို့ လည်း ပန်းခြံ ထဲ သွားရအောင် စကား တပြော ပြောနဲ့ လျှောက် လာကြတယ် ။ မဟာ ဗန္ဓုလ ပန်းခြံလမ်း နဲ့ ကုန်သည်လမ်း ထိပ် ပန်းခြံ ထောင့် လည်း ရောက်ရော မနီးမဝေး နောက် က ခပ်မှန်မှန် မောင်း လာတဲ့ ကားအနက်ကလေး တစ်စီး ဟာ ကျုပ် တို့ အနား ရောက် ခါ မှ တစ်ခါတည်း အရှိန် ပြင်း လာပြီး ရိုစီ ကို လက် ယာဘက်ဘေး က အတင်း ဝင် တိုက်တာပါပဲ ။ ကျွန်တော် က သူ့ လက်ဝဲ ဘက် က ဆိုတော့ နံ ဘေး ကို ထိုးလဲ သွားပြီး သမံတလင်းခုံ ပေါ် လက်ထောက် ကျ သွားလို့ လက်ဆစ် လွဲ သွားပြီး လ က် မှာ ဒဏ်ရာ ရတာ တစ်ခု ပါ ပဲ ။ ရိုစီ က တော့ လက်ဝဲဘက် စောင်းလဲ သွားပြီး သမံတလင်းနဲ့ ခေါင်း နဲ့ ရိုက်မိ ရှာတယ် ။ လက်ယာ ဘက် တစ်ခြမ်းလုံး ဟာလည်း ကား ရှေ့ ဘီး နဲ့ နင်း ထားလို့ ကြေမွ သွားတာပဲ ။ တိုက် တဲ့ ကား ဟာ နောက် ကို တောင် လှည့် မကြည့် ဘဲ တစ်ခါတည်း မောင်း ပြေးတယ် ။ အချိန်က မှောင် နေပြီ ။ ကား နံပါတ် ကို ဘယ်သူမှ မမှတ်မိလိုက်ဘူး ။ ကျုပ် တစ်ယောက် ပဲ မှတ်မိ လိုက်တ ယ် ။ နို့ပေမဲ့ ရဲ ကို ကျုပ် မတိုင် ခဲ့ဘူး ။ တိုက် သွား တဲ့ ကားနံပါတ် ဟာ ကျုပ် အသည်း ထဲ မှာ စွဲနေ တယ် ။ အခုထက်ထိ စွဲ နေတယ် ။ တစ်သက်လုံး မမေ့ဘူး ။ ကျုပ် ကိုယ်တိုင် ဆေးရုံ ၁၅ ရက် တက်ရပြီး ဆေးရုံ က ဆင်းလာတော့ အရေးကြီးတဲ့ ကိစ္စ တစ်ခု နဲ့ နိုင်ငံခြား သွား နေတာ ဟို မှာ ၁၁ လ ကြာခဲ့ပြီး လွန်ခဲ့တဲ့ အပတ် က မှ ပြန် ရောက်လာတယ် ။ နို့ပေမဲ့ ဒီ ကိစ္စ ကိုတော့ မ မေ့ဘူး ။ ဒီ ကား ကို လိုက် ရှာတာ အခု တွေ့ရတာ ပဲ ။ ကား တိုက်မှု ဆိုတာ တရားရုံး မှာ ဒဏ်ငွေ လောက်ပဲ ရိုက်တယ် ။ လူ     
‌ေ သ သွားတောင် အများ ဆုံး ထောင် တစ်နှစ် ၊ နှစ်နှစ် ပဲ ။ ဒီဟာ လောက် နဲ့ ကျုပ် မကျေနပ်နိုင်ဘူး ။ ကျုပ် ဇနီးလောင်း ကို ဒီ အခါ တုန်း က တမင် သက်သက် ဝင် တိုက်တဲ့ ကား က ကား မောင်းတဲ့ လူ ကို သ တ်ရမှ ကျုပ် ကျေနပ်မယ် ။ ဒါကြောင့် အဲဒီ ည က မောင်း တဲ့ လူ ကို သတ်ရအောင် လာခဲ့တာပဲ ။ အခု တွေ့ပြီ ။ နို့ပေမဲ့ အခြေအနေ က တစ်မျိုး ပြောင်း သွားတယ် ။ ကဲ - ဦးဟန်ထွန်း ၊ ကျုပ် ဘဝ မှာ အဖိုး အထိုက် အတန် ပစ္စည်း ကျုပ် မယ် ဆုံးရှုံး ရပြီ ။ ကျုပ် နဲ့ လက်ထပ်မယ့် မိန်းမ တော့ မရှိတော့ဘူး ။ ဓာတ်ပုံ ပဲ ကျန်ရစ်တော့တယ် ။ ခ င်ဗျား ကလည်း တစ်သက်လုံး စောင့်စည်းလာ သမျှ ခင်ဗျား ဂုဏ်သိက္ခာတွေ ဆုံးရှုံးရပြီ ။ ခင်ဗျား အိမ်သားတွေ ပေါ်မှာ တောင် ခင်ဗျား သိက္ခာ မရှိတော့ဘူး ။ ဒီတော့ ကျုပ် စိတ်ကျေ နပ်ပြီ ”

ဧည့်သည် သည် နေရာ မှ ထ လိုက်၏ ။ ထို့ နောက် မတ်တတ် ရပ်လျက် ဆက်လက်၍ - 

“ ကဲ ကျုပ် သွားမယ် ။ လက် ထဲ က သေနတ် ကို တော့ အသုံး မပြုပါနဲ့ ဗျာ ။ ပြုမယ် လို့ လည်း ကျုပ် မထင်ပါဘူး ။ နို့ပေမဲ့ တကယ်လို့ ခင်ဗျား ပစ် တောင် ကျုပ် မကြောက်ပါဘူး ။ သေဝံ့ပါတ ယ် ” 

ဦးဟန်ထွန်း သည် လက် ထဲ က သေနတ် ကို သတိ မရဘဲ ထူးဆန်းသော ဧည့်သည် အား မျက်တောင် မျှ မခတ်ဘဲ စိုက်၍ ကြည့်နေလေ ၏ ။ သားအမိ သုံးယောက် တို့ မှာ လည်း မှင် တက်မိ နေ သကဲ့ သို့ လူစိမ်း အား စိုက်ကြည့် ကာ အံ့အားသင့်လျက် ရှိကြကုန်၏ ။ ဧည့်သည် က ဆက်လက် ၍ -

“ ခင်ဗျား ကို ကျုပ် ဒဏ် ခတ်ပြီးပြီ ။ စိတ် ဆင်း ရဲတဲ့ ဒဏ် တစ်သက်လုံး ခံ ပေရော့ ။ ဪ တစ် ခုတော့ ကျုပ် ကတိ ပေး ခဲ့ပါတယ် ။ ဒီ အကြောင်းတွေ ရဲ ကို ကျုပ် ဖွင့် မပြော ဘူး ဆို တာတော့ စိတ်ချပါ ။ ကျုပ် ဟာ ကတိ တစ်လုံး ကို ဘယ်တော့ မှ ဖျက်တဲ့ လူ မဟုတ်ဘူး  ။ ကျုပ် နာမည် စောရ မောင်မောင် တဲ့ မှတ်ထား ကြ ။ ကဲ ... ကျုပ် သွားမယ် ” 

ပြောပြောဆိုဆို နှင့် ပင် ထူးဆန်းသော ဧည့်သည် သည် တိုက်အတွင်း မှ ဣန္ဒြေရစွာ ထွက် သွားလေ သတည်း ။

( အကယ်၍ ဤ ဝတ္ထု ၌ ကားနံပါတ်များ မတော်တဆ တူခဲ့သော် စာရေးသူ ၏ စိတ်ကူးယဉ် မျှသာ ဖြစ်ကြောင်း မှတ်ယူစေလိုသည်  ။ စာရေးသူ )

ဒဂုန်ရွှေမျှား 

မြဝတီမဂ္ဂဇင်း 
အမှတ် - ၁ဝ ၊ အတွဲ - ၁ဝ 
ဩဂုတ်လ ၊ ၁၉၆၂ ခုနှစ် 

#ကိုအောင်နိုင်ဦး

No comments:

Post a Comment