Wednesday, June 17, 2020

သူဌေးသားများ ရည်းစားထားတော့


  ❝  သူဌေးသားများ ရည်းစားထားတော့  ❞
မိန်းကလေးများ သူဌေးသားဆို အလွန် ကြိုက်ချင်ကြတာ ။
ဟုတ်တယ်နော် ။ ကိုယ့်နားဆိုင်ကယ်လေးနဲ့ လာဝိုက် ၊ ကားလေးနဲ့ လာဝိုက် လို့ကတော့ သူက ချစ်ရေးမဆိုခင် ကိုယ်က အဖြေပေးဖို့ ပြင်နေပြီ ။ ဒါ အများဆုံးဖြစ်တတ်တဲ့ သဘော ။
စဉ်းစားနော် ၊ သေသေချာချာ စဉ်းစား ။
သူဌေးသားကို ရည်းစားထားမယ်ဆိုရင် ကိုယ့်ကိုယ်ကို ပထမ မေးကြည့်ပါ ။
ငါကရော သူဌေးသမီးလားလို့ ။
အဲ ကိုယ်က မပြည့်မစုံချို့ချို့တဲ့တဲ့ နဲ့ သူဌေးသားကို ရည်းစားထားမယ်ဆိုလို့ကတော့
( ၁ ) ရည်းစားပစ်ဘဝရောက်  
         ဖို့ သုံးဆယ် ရာနှုန်း
( ၂ ) တစ်ခုလပ်ဘဝရောက်ဖို့ 
         က သုံးဆယ်ရာနှုန်း
( ၃ ) သူဌေးချွေးမ အမည်ခံ 
        အိမ်ဖော်ဘဝ ရောက်ဖို့
        က သုံးဆယ်ရာနှုန်း
( ၄ ) ယုယကြင်နာစွာ
        ပေါင်းသင်းခံရတဲ့မယား   
        ဘဝရောက်ဖို့က ဆယ် 
        ရာနှုန်း ပဲ
ရှိတယ်ဆိုတာ ပထမ သိထားဖို့လိုတယ်ကွဲ့ ။
နောက်ပြီး သူဌေးသားဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်လည်း မေ့မထားသင့်ဘူး ။
ရှင်းရှင်းလေးပဲ ။
သူဌေးသားဆိုတာ သူဌေးမှမဟုတ်ဘဲ ။
သူဌေးရဲ့သားပဲ ။ သူ့မိဘက ကိုယ့်နဲ့ယူတာ သဘောမတူလို့ ခါထုတ်ရင် မိနစ်ပိုင်းအတွင်း လမ်းပေါ်ရောက်သွားမယ် ။ နာရီပိုင်းလောက်ဆို မြောင်းထဲထိ ရောက်သွားမယ် ။ သူစံစားနေတဲ့ စည်းစိမ်တွေဆိုတာ
သူပိုင်တွေမှ မဟုတ်ဘဲ ။ သူ့မိဘ ပစ္စည်းတွေပဲ ။
သူ့ဘဝ သူ့ဟာသူ ထူထောင် ၊ ကိုယ်ပိုင် စီးပွား ၊ ကိုယ်ပိုင်ဥစ္စာနဲ့ အခြေကျနေတဲ့သူဌေးပေါက်စကို ရည်းစားထားရင်တော့ တော်သေးတာပေါ့ ။
သူဌေးသားဆိုတာမိန်းကလေး အတော်များများရဲ့ အကြိုက်ခံရသူတွေဆိုတော့ သူတို့ဟာ အချိန်မရွေး တစ်ယောက်ကို ရိုးသွားတာနဲ့ နောက်တစ်ယောက်ဆီကိုကူးသွားဖို့ အဆင်သင့်ဖြစ်နေတယ် ။
ဒါကြောင့် ရည်းစားပစ်ဘဝ ရောက်ဖို့ သုံးဆယ်ရာနှုန်းလို့ လေးလေးက ပြောတာပါ ။ သူတို့ဟာ အခွင့်အရေး ပိုပေးတဲ့နား ကပ်မှာသေချာတယ် ။ ကိုယ့် ပစ်မသွားအောင်ဆို အလိုလိုက် မိပြန်တော့လည်းကိုယ်ကျိုးနည်းတတ်တယ် ။
ကိုယ်က အလိုလိုက်လို့ သူကလည်း မရှောင်ပြေးသာလို့ ယူလိုက်ရပြီဆိုရင်လည်း သူ့မိဘက စွန့်ပစ်တာတို့ ၊ နောက် မှ ပေးစားပါ့မယ်ဆို ပြန်ခွဲတာတို့ ၊ စကတည်းက လျော်ကြေးပေးပြီး ဇာတ်သိမ်းခိုင်းတာတို့ မလွှဲမရှောင်သာ ရင်ဆိုင်ရလိမ့်မယ် ။
အဲဒါဆို တစ်ခုလပ်ဘဝရောက်ရပြီပေါ့ ။
အခြေအနေ ဝန်းကျင်အနေအထား အကြောင်းအမျိုးမျိုးကြောင့် အဲသလိုပါပဲ ခွဲလို့မရတဲ့အတွက် လက်ခံရပြီဆိုရင်လည်း မကြည်မဖြူနဲ့ လက်ခံရတာမို့ သူ့အိမ်မှာ အိုးခွက်ဆေး ၊ ကြမ်းတိုက် ၊ တစ်အိမ်လုံး
အဝတ်လျှော်၊ မီးပူတိုက် ၊ မနက်အိပ်ရာထ ညအိပ်ရာဝင်ထိ မနားတမ်း
ခိုင်းတော့မှာပဲ ။ စိတ်ချ ။ သူဌေး ချွေးမ အမည်ခံ အိမ်ဖော်ဘဝ ရောက်ပြီသာ မှတ်ပေရော့ ။
အလွန့် အလွန် ကုသိုလ်ကံကောင်းပါမှ စာနာထောက်ထားတတ်တဲ့ သူဌေးနဲ့ တွေ့ပါမှ သူဌေးသားကို ယူပြီး ကြင်နာယုယခြင်းခံရတဲ့ ဇနီးမယားအဖြစ် နေနိုင်ဖို့က ဆယ်ရာနှုန်းလောက်ပဲ မျှော်လျက်ရှိပါတယ် ။
အသိဉာဏ်နည်းတဲ့ ပညာမတတ်တဲ့ သူဌေးသားကို ယူလိုက် မိလို့ကတော့ ငါးပါးမဟုတ်ဘူး ။ အပါးတစ်ရာလောက် မှောက်ပြ​ီလို့ သဘောထားလိုက်ပေတော့ ။
ဆင်းရဲသည် ဖြစ်စေ ၊ ချမ်းသာသည် ဖြစ်စေ အသိဉာဏ်နည်းတဲ့ယောက်ျားဟာ သူစိတ်ချမ်းသာမှု တစ်ခုတည်းကိုသာ ဦးစားပေးကြည့်တတ်တယ် ။ အသိဉာဏ်နည်းတဲ့ ယောက်ျားလောက က ထွတ်လာတဲ့ စကားတွေ ကြားဖူးမှာပေါ့။
" နွားနဲ့ မယား သနားနဲ့ ” ဆိုတဲ့စကားတို့
" အရိုးကွဲအောင် ရိုက် မှ အသည်းစွဲအောင် ချစ်တာ ” ဆိုတဲ့ စကားတို့ ။
မိန်းကလေးတစ်ယောက်အနေနဲ့ " သူဌေးသား ” ဆိုတဲ့ဂုဏ်ပုဒ်ဟာ မ က် လောက်စရာမဟုတ်ဘူးဆိုတာအလေးအနက် သိထားဖို့လိုပါတယ် ။
သူဌေးသားဆိုတာ သူကိုယ်တိုင်သူဌေးမဟုတ်ဘူးဆိုတာမမေ့ပါနဲ့ ။
သူဌေးသားများရည်းစားထားမယ်ဆိုရင်
ခု လေးလေး ပြောပြသလောက်ကလေးနဲ့ပဲ ထားသင့်မထားသင့် သူ့မိဘရဲ့အသိဉာဏ်၊  လူမှုရေးတွေပါ လေ့လာသင့်တယ် ဆိုတာ ငါ့တူမများ မှတ်ထားကြပေရော့ ။
          ◾    ကံချွန်
အပျိုစင်တို့သိဖို့ယောင်္က်ျားတို့အကြောင်း( ၁ )
.

Thursday, June 11, 2020

မေ့ပစ်လိုက်ပါဗျာ

❝  မေ့ပစ်လိုက်ပါဗျာ  ❞

     မျက်စိနှစ်လုံးဖွင့်လိုက်သည်နှင့် ပတ်ဝန်းကျင်အသစ်က ကြိုဆိုနှုတ်ခွန်းဆက်နေသည်။
     အုတ်နံရံတွေ ၊ သံတိုင်တွေ ကြွေအင်တုံတွေ...။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်ပါလားဟူသော အတွေးက ကပ်ပါလာသည် ။ အခုလောက်ဆို အိမ်ကလူတွေ
တော့ သိကုန်လောက်ပြီ။ မိမိနှင့်သက်ဆိုင်ရာပတ်ဝန်းကျင်လည်း အတော်ဂယက်ရိုက်လောက်ပြီ ၊ မိမိတို့အား ဖမ်းဆီးစဉ် မနက်က အရိုင်းနှင့် ရွှေရောင်သည် အတူတကွ ရှိနေကြ၏ ။ အဖမ်းခံရကာနီးမှ သူတို့နှစ်ဦး အား ကွမ်းယာအဝယ်ခိုင်းလိုက် မိသဖြင့် လွတ်သွားကြခြင်းပင် ။ သည်သတ္တဝါ နှစ်ကောင်လည်း
ခုလောက်ဆို ထွက်ပဲပြေးပလား ၊ တောပဲခိုလေပလား ။ သင်းတို့နှစ်ယောက်က
စိုးရိမ်စရာကောင်း၏ ။ အရိုင်းက တစ်ဦးတည်း ဘာအလုပ်မှ လုပ်တတ်သူမဟုတ် ။ ဘာကိုမှ တိတိကျကျ ဆုံးဖြတ်ဆောင်ရွက်တတ်သူမဟုတ် ။ အနားမှာ ထိန်းပေးသူမရှိလျှင် သွေးဆောင်ရာနောက် ကောက်ကောက် ပါတတ်သူဖြစ်၏ ။ ရွှေရောင်ကတော့ ကိုသာဆိုး ။ အလုပ်တော့ လုပ်သည် ။ ဖင်ပေါ့သည် ။ သို့တစေ ခေါင်းအေးအေးနှင့် ရင်မဆိုင်တတ် ။
ဝူးဝူးဝါးဝါးနှင့် ထင်ရာလျှောက်လုပ်တတ်သည် ။ အာဏာသိမ်းပြီး ပြီးချင်း မန္တလေးကိုတက်၍ လက်နက် အဆက်အသွယ် သွားရှာသည် ။ ပြီးတော့ တွံတေးမှာ စစ်သင်တန်းပေးဖို့ အစီအစဉ်အတွက် သူပဲ လူလိုက်စုနေရ၏ ။ သူနှင့်အတူ ပူးတွဲလုပ်ရန် ကိုဇော်ဝိတ်ကို
တွဲပေးထားရသည် ။ ကိုဇော်ဝိတ်က ခေါင်းအေးသည် ။ စေ့စေ့စပ်စပ်ရှိ၏ ။ ခု
သူတို့လက်ထဲမှာ လက်ပစ်ဗုံး လေးလုံးရှိနေသည် ။ ဒါသည်ပင် စိုးရိမ်မကင်း ဖြစ်စရာ။

     “ ဟေ့...ကိုရင် နိုးပလား ..ရေချိုးလိုက်ပါလား ”

     ဦးအောင်မြင့်မြတ်က အခန်းထောင့်မှာဆောင့်ကြောင့်လေး ထိုင်နေရာမှ လှမ်းပြောသည် ။ သူ့ကြည့်တော့ သန့်နေသည် ။ ရေချိုးပြီးစ မျက်နှာနှင့်ဖြစ်၏ ။ နှစ်ရက်လုံးလုံး ရေနှင့်မထိတွေ့ခဲ့ရဖြင့် တစ်ကိုယ်လုံး စေးထန်းထန်းဖြစ်နေသည် ။

     “ ချိုးချင်တာပေါ့ ဦးရဲ့ … ဘယ်သွားချိုးရမလဲ ”

     “ ကိုတင်အောင် ပြန်လာရင် သွားလိုက်ပေါ့ ”

     ပြောပြောဆိုဆို မနေ့က ရေအလှူရှင် ကိုပြုံးချိုနှင့် ကိုတင်အောင်ဆိုသူတို့
ပြန်ရောက်လာကြလေသည် ။ ကျွန်တော်လည်း ရေချိုးလိုကြောင်း ပြောပြီး ကိုပြုံးချို နောက် လိုက်ခဲ့ရတော့၏ ။ ကျွန်တော်တို့ အချုပ်ခန်းနှင့် ခြေလှမ်းနှစ်ဆယ် ခန့်အကွာတွင် အုတ်ရေကန်ကြီး တစ်ခုကို ဘွားခနဲတွေ့လိုက်ရသည် ။ ကိုပြုံးချို ကမ်းပေးလာသော ရေလဲပုဆိုးကို ဝတ်ကာ တဂွမ်းဂွမ်းနေအောင်ပင် လေးငါးခြောက်ခွက်ခန့် ခေါင်းမှ လောင်းချ ပစ်လိုက်တော့၏ ။ အနည်းငယ် အေးချမ်းသွားသလို ရှိတော့မှ ဆပ်ပြာတိုက်ရင်းပတ်ဝန်းကျင် လေ့လာရေး လုပ်ရလေသည် ။

     ကျွန်တော်တို့ အချုပ်ခန်းမှာ တောင်နှင့်မြောက်တန်းနေသော အချုပ်ခန်းဖြစ်၏ ။
သည်အုတ်ရေကန်မှာ အချုပ်ခန်းနှင့် ဗဟိုကင်းတဲအကြားတွင် ရှိနေသည် ။ကျွန်တော်တို့ သည်ကို ရောက်သည့်နေ့က သည်ကင်းတဲရှေ့မှာ ကားရပ်ပြီး သည်ကင်းတဲကို ဖြတ်ကာ အချုပ်ခန်းသို့ ခေါ်သွားတာပင်ဖြစ်ရပေမည် ။ မည်သည့်သံဆူးကြိုး ၊ မည်သည့်ရေအိုင် ၊ မည်သည့် သစ်သားတန်း ဘာမှမရှိဘဲ ခေါင်းငုံ့ခိုင်း ကျော်ခိုင်း လုပ်လာသည့်နေရာပင်ဖြစ်မည် ။ သူတို့လှည့်ကွက်ကို ရိပ်မိသွားသော ကျွန်တော့်အား အတင်းဆွဲကာ ဝင်ထိုင်ခိုင်းသည့် သစ်ပင်မှာ သည်ကုက္ကိုပင်ကြီးပင် ဖြစ်ပေလိမ့်မည် ။

     အချုပ်ခန်း၏ တောင်ဘက်စူးစူး ကုန်းမြင့်ထက် မှာ Lပုံသဏ္ဌာန် အဆောက်အဦ
တစ်ခုရှိသည် ။ ကျွန်တော်တို့ အား စစ်ဆေးမေးမြန်းသည့် ရုံးခန်းများပင်ဖြစ်ပေမည် ။ အချုပ်ခန်း၏ မြောက်ဘက် မှာတော့ ရေအိုင်ကြီးတစ်ခု နောက် ဟိုမှာဘက် မှာက တန်းလျားတွေ ။ ဒါသည်ပင်လျှင် ကျွန်တော် မြင်ခွင့်ရသည့် နယ်နိမိတ် အကုန်ဖြစ်တော့၏ ။

     ကိုယ့်အခန်းထဲ ကိုယ်ပြန်ရောက်တော့ ပြင်ပပတ်ဝန်းကျင် လေ့လာရေး၏ အဆက် အတွင်း ပတ်ဝန်းကျင် လေ့လာရေးကို ပြုလုပ်ရပြန်သည် ။ တောင်မြောက်တန်းနေသော
အချုပ်ခန်းတန်းလျားကို အရှေ့ခြမ်း ၊ အနောက်ခြမ်း နှစ်ခြမ်း ခွဲထားသည် ။ အရှေ့ခြမ်းမှာ အခန်း ( ၁ )  ( ၂ )  ( ၃ ) သုံးခန်း ၊ အနောက်ခြမ်းမှာ အခန်း  ( ၄ )  ( ၅ ) ( ၆ ) သုံးခန်း ။ ပေါင်း ခြောက်ခန်းဖြစ်၏ ။ အရှေ့ခြမ်းနှင့် အနောက်ခြမ်းကို သုံးပေကျယ်သောလမ်းဖြင့် ပိုင်းခြားထားသည် ။

     သည့်နောက် မှာတော့ အခန်းတစ်ခန်းချင်းစီရှိ လူများကို လှမ်း၍ စပ်စုရလေသည်။ ကျွန်တော်တို့ကို ဖမ်းသည့်နေ့ ညသန်းခေါင်လောက် မှာလည်း လူသစ်များက ထပ်မံရောက်လာသေးသည် မဟုတ်လား ။ ကိုယ့်အသံ လူကြားမည်လည်း စိုးသဖြင့် လူရိပ်လူခြေ အကဲခတ်ပြီးမှ အသံခပ်အုပ်အုပ်ဖြင့် “ မိုးကြီး ” ဟု လှမ်းခေါ်ကြည့်လိုက်သည်။  “ ဗျို့ ” ဟု ပြန်ထူးသံ ကြားတော့ တစ်ခါ ဖြင့် နေရာကျပြီဟု အောက် မေ့ကာ တစ်ခန်းပြီးတစ်ခန်း
လျှောက်ခေါ်ရင်း ကိုယ်တိုင်ပြော အတ္ထုပ္ပတ္တိများကို ကြားနာရလတော့သည် ။

     တစ်ခန်းနှင့်တစ်ခန်း ဤသို့အပြန်အလှန် ပြောနေကြစဉ်မှာပင် ကျွန်တော် ပထမနေခဲ့သော ခြစားနေသည့် အခန်းအတွင်းသို့ အသက်ခြောက်ဆယ်ခန့်ရှိ ဦးကြီးတစ်ယောက်အား ခေါ်လာသည်ကို တွေ့ရလေသည် ။ ထို့ကြောင့် ကျွန်တော်တို့၏ စကားဝိုင်းကို ခေတ္တရပ်နားလိုက်ရပြီး လိုက်လံပို့ဆောင်သူများ ပြန်လည်ထွက်ခွာသွားသည့် အခါကျမှပင် ကျွန်တော်၏ သမိုင်းပေးတာဝန်အရ ထိုဦးကြီးကိုပါ လှမ်း၍ စပ်စုလိုက်ရတော့သည် ။ ဤသို့ဖြင့် အခန်းတိုင်းမှ လူပုဂ္ဂိုလ်အသီးသီး၏ နောက်ခံ သမိုင်းများကို သိခွင့်ရလာတော့၏ ။

     အခန်းအမှတ် ( ၁ ) မှာက စပယ်ဦးပုံနှိပ်တိုက်ပိုင်ရှင် ဦးတင်စိုး နှင့် မှော်ဘီမြို့နယ်မှ ကိုဗိုလ်မြတို့ဖြစ်သည် ။
     ဦးတင်စိုးကတော့ အားပေးကူညီမှုဖြင့် ကျွန်တော်တို့နှင့်အတူ အဖမ်းခံရသူပင် ။ ကိုဗိုလ်မြကတော့ ယခင် ခ.လ.ရ ၁၆ မှ
တပ်သားဟောင်း တစ်ဦးဖြစ်၏ ။ အရေးအခင်းကာလက မှော်ဘီမြို့ ရဲဘော်ဟောင်းများအဖွဲ့၏ စည်းရုံးရေးမှူးလည်း ဖြစ်သည် ။ ၂ /၁၀ /၈၈ ည ၆ နာရီခန့်က အဖမ်းခံခဲ့ရသူဖြစ်၏ ။

     အခန်းအမှတ် ၂ မှာက ကိုဌေး ၊ ကိုအမိန် နှင့် ဗိုလ်ကြီးအောင်ဝင်းတို့ဖြစ်သည် ။
ယင်းအခန်းသည် ကျွန်တော် ထိုးကြိတ်အရိုက်အနှက်ခံခဲ့ရသည့် အခန်းဖြစ်၏ ။
ကိုဌေးကတော့ ကျွန်တော်နှင့် အတူတူ ၂/က ကို ချိုးဖောက်သဖြင့် အဖမ်းခံခဲ့ရသူပင် ။ ကိုအမိန် အဖြစ်ကတော့ ရယ်စရာကောင်းလှ၏ ။ တိုင်ကီဖူးစာဟုပင် ဆိုရချိမ့်မည် ။ အဘယ်ကြောင့် ဆိုသော် သည်တိုင်ကီကြောင့် သူအဖမ်းခံခဲ့ရသည်မှာ နှစ်ကြိမ် တိုင်တိုင်ရှိခဲ့လေပြီ ။ ပထမအကြိမ်က မြို့တော်သန့်ရှင်းရေး အစီအစဉ်ဖြင့် လမ်းကြားထဲတွင်
အမှိုက်ပစ်သော တိုင်ကီထားမှုကြောင့် ထောင်ဒဏ် တစ်လကျခံခဲ့ရသည် ။ ယခုတစ်ခါ သူ၏ တိုင်ကီထဲတွင် အဘယ်သူတစ်ဦးက လက်ဆော့ပြီး သမဂ္ဂစာစောင်များလာထည့် သွားသည်မသိ ။ သူအဖမ်းခံလာရ ပြန်လေပြီ ။ ထို့ကြောင့်ပင် ကိုအမိန်က သည် တစ်ခါပြန်လွတ်ရင်တော့ သည်တိုင်ကီပိုင်းကို မီးရှို့ပစ်မည်ဟု ကြိမ်းဝါးနေ လေသည် ။ ကျွန်တော်ကလည်း အားပေးလိုက်ရ၏ ။ မီးရှို့မှုဖြင့် နောက်တစ်ခါ ထပ်ဖမ်းခံရ
လိမ့်မည်ဟူ၍ပင် ။

     ဗိုလ်ကြီးအောင်ဝင်းကတော့ ပျားမွေးမြူရေးမှ ပဲခူးတိုင်း တိုင်းမှူးဖြစ်သည်။ အရေးအခင်းကာလက မှော်ဘီမြို့နယ် လုံခြုံရေးအဖွဲ့ ၏ အဖွဲ့ဝင်တစ်ဦးဖြစ်၏ ။ သူ့ကိုလည်း ၂ /၁၀ / ၈၈ ည ၈ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်လာခြင်းပင် ဖြစ်သည် ။

     အခန်းအမှတ် ၃ မှာကတော့ ကျွန်တော်ရယ် ၊ ဦးအောင်မြင့်မြတ်ရယ် ၊
လွိုင်ကော်မှ ကိုတင်အောင်ရယ် ဖြစ်သည် ။ ကျွန်တော်နှင့် ဦးအောင်မြင့်မြတ်ကတော့ အထွေအထူး ပြောစရာလိုမည်မထင်ပါ ။ ကိုတင်အောင်အဖြစ်ကတော့ ရင်နာစရာပင် ။

     ဧကန်စင်စစ် သည်ပုဂ္ဂိုလ်သည် အရေးအခင်းကာလက ဘာမှ လုပ်ခဲ့သူမဟုတ် ။
ဒီမိုကရေစီဆိုတာလည်း စိတ်မဝင်စား ။ သူစိတ်ဝင်စားသည်က မော်တော်ကားပင် ဖြစ်သည် ။ လွိုင်ကော် ရန်ကုန်ပြေးဆွဲနေသော သူ့ကားမှတစ်ပါး ဘာမှ အာရုံထား သူမဟုတ် ။ သို့သော် ကားဆရာတို့ ထုံးစံအတိုင်း လူကြုံပါးလိုက်သော စာကို ယူမိရာမှ အဖမ်းခံခဲ့ရခြင်းပင် ။ ယင်းစာက ရန်ကုန် ကျောင်းသားသမဂ္ဂမှ လွိုင်ကော် ကျောင်းသားသမဂ္ဂသို့ အကြောင်းကြားစာဖြစ်၏ ။  “ လက်နက်ကိုင် ထောက်လှမ်းရေးလုပ်ရန် ” ညွှန်ကြားစာဖြစ်သည် ။ သည်စာ သူ့လက်ထဲမှာမိတော့ သူ့ခမျာ မသင်္ကာမှုနှင့် ဖမ်းခံခဲ့ရ ခြင်းပင် ။

     အခန်းအမှတ် ၄ မှာကတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းပင်ဖြစ်သည် ။ ကျွန်တော် မူလနေခဲ့သော ခြစားသည့် အခန်းမှ ဦးကြီး၏ အဖြစ်ကလည်း ရယ်စရာ ။ ၃ / ၁၀ / ၈၈ ည ၈ နာရီခန့်က ဦးကြီးနေထိုင်ရာ ၃၃ လမ်း တစ်လမ်းလုံး ကို မီးဖြတ်ချပြီးနောက် ဦးကြီး၏သားကို ဝင်၍ဖမ်းလေသည် ။ ဦးကြီး၏သားမှာလည်း အရေးအခင်းကာလက ရဲရဲတောက်ပါဝင်ခဲ့သူတစ်ဦး ဖြစ်၏ ။ သို့သော် ထိုသို့ ဝင်မဖမ်းခင်မှာပင် ဦးကြီး၏ သားမှာ ရှောင်သွားပြီးဖြစ်လေရာ ငါးမရ ရေချိုးပြန်သဘောဖြင့် သားမရ အဖေကို ဖမ်းခဲ့ခြင်းပင်တည်း ။

     အခန်းအမှတ် ၅ ကတော့ လူမရှိ ။ နောက် မှသိရသည်မှာ သည်အခန်းမှာ
ယခင်က အချုပ်သားတစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတစ်ခုဖြစ်ခဲ့ဖူးသည် ။ ထို့ကြောင့် ယခု လူမထားတော့ချေ ။ အခန်း ၆ မှာကတော့ မိုးကြီး ၊ ကိုညီဝင်းစိန် နှင့် မှော်ဘီမှ ဦးစိုး တို့ဖြစ်လေသည် ။ မိုးကြီးနှင့် ကိုညီဝင်းစိန် တို့ကတော့ ကျွန်တော်နှင့် အမှုတွဲ တစ်တွဲတည်းပင် ။ ဦးစိုးကတော့ မှော်ဘီမြို့နယ် လျှပ်စစ်အင်ဂျင်နီယာဖြစ်သည် ။
အရေးအခင်းကာလက မှော်ဘီမြို့နယ် လုံခြုံရေးအဖွဲ့ ၏ ဥက္ကဋ္ဌဖြစ်သည် ။ သူ့ကို
၂ / ၁၀ / ၈၈ ည ၈ နာရီခန့်မှာ ဖမ်းဆီးလာခဲ့ခြင်းဖြစ်လေသည်။

xxxxxxxxxxxxxxxxxx

     “ ချေးကျရာ ပျော်တဲ့အကောင်တွေ ”

     ဦးတင်စိုး၏ မှတ်ချက်ဖြစ်သည် ။ သီချင်းကလေးဆိုလိုက် ၊ စကားလေးပြောလိုက် ၊ ကျားကစားလိုက် လုပ်နေသော ကျွန်တော်နှင့် ကိုဌေးကို အနွတ္တသညာပြုလိုက်ခြင်းပင် ။ ကျွန်တော်တို့နှစ်ဦးမှာ ယမန်နေ့ည ၄ / ၁၀ / ၈၈ ကစ၍ အခန်း ၄ သို့ ပြောင်းရွှေ့လာရပြီး ဦးကြီး ဦးမြတ်ကျော်ထွန်းနှင့် အတူနေနေရလေသည် ။ ဦးတင်စိုးက အခန်း ၂ သို့လည်းကောင်း ၊ ကိုဗိုလ်မြ က အခန်း ၃ သို့လည်းကောင်း ပြောင်းလာကြလေပြီ ။ အခန်း ( ၁ ) ကို အလွတ်ထားထား၏ ။ အဘယ်ကြောင့်ဆိုသော် မနေ့ညက ရုပ်ရှင် သရုပ်ဆောင် ကိုအံ့ကျော်ကို ဖမ်းဆီးလာပြီဖြစ်သောကြောင့်ပင် ။

     ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်စေရမည်ဟူသော စကားနှင့်အညီ
ကျွန်တော်တို့နှစ်ဦးမှာ တပ်မှရဲဘော်များနှင့် အတော်လေပေးဖြောင့်နေပြီဖြစ်သည် ။ သူတို့ယူလာသော မုန့်တွေစားလိုက် ၊ လက်ဖက်ရည်သောက်လိုက် ၊ ဆေးလိပ် ဖွာလိုက်ဖြင့် ရုပ်ရှင်အတွေအကြုံတွေ ၊ ဇာတ်ခုံ အတွေ့အကြုံတွေ ၊ ဖောက်သည်ချရင်း အဖွဲ့ ကျနေတော့သည် ။ သူတို့ကလည်း ဒီကိုရောက်ခါစက ဖြစ်ပျက်ခဲ့သည့် ထိုးကြိတ်
ရိုက်နှက် မှုများနှင့်ပတ်သက်၍ ဒေါသအလျောက် လုပ်ကိုင်မိခဲ့ခြင်း ဖြစ်ကြောင်း ယခုလို ခင်မင်သွားပြန်တော့လည်း အားနာမိကြောင်း ပြောပြီး သူတို့ အားလုံး၏ လက်သုံးစကားဖြစ်သည့် “ မေ့ပစ်လိုက်ပါဗျာ ” ဟူ၍သာ ထပ်တလဲလဲ ပြောနေကြတော့သည် ။ အင်းပေါ့လေ……. ကိုယ်က ခံထားရတဲ့သူဆိုတော့ မေ့ရပေမပေါ့ ။

     သည်ကနေ့ ၅ / ၁၀ / ၈၈ ကတော့ အမှန်ကို ထူးခြားသည့်နေ့ပင်ဖြစ်ပေတော့သည်။ နောင် ကျွန်တော်တို့၏ အကျဉ်းသားဘဝတစ်လျှောက် “ ဝက်နိမိတ် ” ဟု အမည်တွင်တော့မည့်
အစနိဒါန်းပင် ဖြစ်လေတော့၏ ။

     နံနက်စာစားအပြီးတွင် တာဝန်ကျတပ်ကြပ်က ဝက်သားစားသူ ၊ မစားသူ
စာရင်းလာကောက်လေသည် ။ ညနေကျလျှင် ဝက်သားဟင်းနှင့် ကျွေးမည်ဆို၏ ။ သို့ဖြင့် ကျွန်တော်တို့ လူစုမှာ ပထမဆုံးစားရမည့်အသားဟင်းကို မျှော်လင့်စောင့် စားနေကြတော့သည် ။ သို့သော် ကိုရွှေဝက်သား မလာမီမှာ ညနေ ၄ နာရီခန့်တွင် လက်ထိပ်နှင့် ခေါင်း စွပ်သာ ရောက်လာတော့၏ ။ ကျွန်တော်နှင့် ကိုဌေးက တစ်တွဲ ၊ မိုးကြီးနှင့်  ဦးတင်စိုးက တစ်တွဲ ၊ အီးနှစ်ထောင်ကားကြီးပေါ်သို့ တက်ကာ မရမ်းကုန်းရဲစခန်းသို့ လိုက်ပါ လာရလေတော့သည် ။

     ရဲစခန်းအတွင်းဘက် အခန်းကျဉ်းတစ်ခုတွင်းသို့ ရောက် မှ ခေါင်းစွပ်ကို ချွတ်
ပေးလိုက်လေရာ ကျွန်တော်တို့ရှေ့ စားပွဲနောက် မှာဖြင့် တရားသူကြီးတစ်ဦး ၊ အမှု
လိုက် ရဲအုပ်တစ်ဦးတို့ကို တွေ့လိုက်ရတော့၏ ။ ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် ပထမဆုံး အကျိုးထူးခံစားရသူမှာ တရားရေး ဝန်ထမ်းများပင်ဖြစ်သည် ။ တချီတည်း ခုန်ကျော် ရာထူးတိုးကာ တရားသူကြီးများဖြစ်သွားကြလေသည် ။ ထို့ကြောင့်ပင်ထင်၏ ။ မျက်နှာမှာ တရားသူကြီးပါးမဝသေး ။ ဇွတ်အတင်း ခပ်တည်တည် လုပ်နေပုံပေါ်နေသည် ။

     “ ခင်ဗျားက ကိုမိုးဝင်း ၊ ခင်ဗျားက ဦးတင်စိုး ၊ ကိုဇင်ဝိုင်း ၊ ကိုဇာဂနာ
ဟုတ်တယ်နော် ” ခေါင်းညိတ်ပြလိုက်၏ ။

     “ ခင်ဗျားတို့ကို ကျောက်တံတားရဲစခန်းကနေ အရေးပေါ်စီမံမှု ၅ ( ည ) နဲ့ ၊ စွဲတင်တဲ့ အမှုပဲ ၊ အဲဒါအကျဉ်းနည်းနဲ့ စစ်ဆေးဖို့  ၅ / ၁၀ / ၈၈ ကနေ ၁၈ /၁၀ /၈၈ အထိ ၁၄ ရက်ခွင့်ပြုတယ် ၊ ဘာမရှင်းတာရှိလဲ ”

     ဪ...   ဒီထက်ရှင်းတာတောင် ဒီလောက် မရှင်းနိုင် ။ မေးစရာမရှိပါဟုသာ
ဖြေရပေလိမ့်မည် ။ အကယ်၍သာ...

     “ ကျွန်တော်တို့ကို ၅( ည ) ဆိုပြီး ဘာလို့ ၁၄ ရက်တောင် ဖမ်းရတာလဲ ”
ဟူ၍သာ မေးလိုက်ခဲ့လျှင်ဖြင့် ထိုပူပူနွေးနွေး တရားသူကြီး၏ မျက်နှာသည် ဘယ်သို့ဘယ်ပုံ ရှိသွားလေမည်နည်းဟု တွေးမိနေသည် ။

     ထိုနေ့က ထောက်လှမ်းရေး ၆ သို့ ပြန်ရောက်သည့်အခါမှာတော့ ဦးကြီး ဦးမြတ်ကျော်ထွန်းရယ် ၊ ကိုညီဝင်းစိန်ရယ် ၊ ကိုအမိန်ရယ် ၊ ဦးအောင်မြင့်မြတ်တို့ ၄ ဦး လွတ်မြောက် သွားကြလေတော့သည် ။

xxxxxxxxxxxxx

     ဦးအောင်မြင့်မြတ်တို့ လွတ်သွားပြီးမှ ကျွန်တော်တို့ အချုပ်ခန်းသည် ပို၍ပင်
လွတ်လပ်လာတော့၏ ။ တစ်နယ်တကျေးမှ ပြန်လာသော ဆွေမျိုးရင်းချာတစ်ဦးကို
လာရောက်နှုတ်ဆက်နေကြသည့်နှယ် ကျွန်တော်တို့ အခန်းရှေ့သည် စည်ကားလျက် ။ နံနက်စာစားအပြီးတွင် ရောက်လာလေ့ရှိသော တပ်မ ၂၂ မှ ရဲဘော်များ ၊ ထောက်လှမ်းရေးတပ်မှ ရဲဘော်များနှင့် တောအကြောင်း ၊ တောင်အကြောင်း ၊ ရုပ်ရှင်အကြောင်း ၊ အငြိမ့်အကြောင်း ၊ ပြောလိုက် သူတို့ယူလာတာတွေ စားလိုက်ဖြင့် အဆင်ကို ပြေနေတော့သည် ။ ထို့အပြင် ညနေဆိုလျှင် ငှက်ပျောသီးလေး နှစ်လုံးကိုင်၍ ရောက်လာတတ်သော တပ်ကြပ်ကြီးစိန်ရ ၊ အချိန်မှန် မြင်းဖြူစီးပြန်လာသော တပ်ကြပ်ကြီးပိန်ရှည် ၊ ဇင်မာဦးအကြောင်း တဖွဖွမေးလေ့ရှိသော တပ်ကြပ်ကြီးဝတုတ် နှင့် ထွေရာလေးပါး ပြောဆိုရင်းဖြင့် အချိန်တွေကုန်မှန်းမသိ ကုန်ခဲ့ရလေတော့သည် ။
ဤသို့လျှင် ပျော်လို့မဆုံး ပြုံးလို့မဝသေးမီကာလအတွင်း၌ပင် ၈ / ၁၀ / ၈၈ ည
၆ နာရီအချိန်ခန့်မှာတော့ ကျွန်တော်တို့ လူသိုက်အားလုံးကို အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ပေးလိုက်ပါတော့သတည်း ။

ဇာဂနာ

ပထမ

Friday, May 15, 2020

မေးကြည့်ပါရစေ ဦးဒေးဗစ်လား

❝ မေးကြည့်ပါရစေ ဦးဒေးဗစ်လား ❞
                 သရ၀ဏ်(ပြည်)

“သင်ကိုယ်တိုင်နိုးထရမယ့်အချိန်ရောက်ပြီ ၊ သင့်ကိုယ်သင်နှိုးထရမယ့်အချိန်ကိုရောက်ပြီ “

     အော်ကြီးဟစ်ကျယ် စူးရှကျယ်လောင်သော အသံကို ဖေ့စ်ဘွတ်တွင်တွေ့တော့ သခင်သန်းထွန်းတို့ ဗမာပြည်ကွန်မြူနစ်ပါတီက ပဲခိုးရိုးမတောထဲ၀ယ်ဖြုတ်ထုတ်သတ် လူသတ်ပွဲများတွင် ရဲနီလူငယ်မောင်မယ်များ က သူတို့မကြေနပ်သည်များကိုစွပ်စွဲ ကြိမ်းဝါးပြောဆိုနေကြသည်လား ဟုထင်မှတ်မှားမိသည် ။ ထိုလူသတ်ပွဲများတွင် သားအရင်းကအဖေအရင်းကို မကြေနပ်ချက်များ၊ စွပ်စွဲချက်များကိုကြိမ်းဝါးပြောဆိုကာလည်မျိုးကိုဝါးရင်းတုတ်ဖြင့် ရိုက်သတ်ကြသည် ။လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက် အချင်းချင်းတွေသတ်ကြသည် ။  တပည့်အရင်းကဆရာအရင်းကို အော်ဟစ်ကြိမ်းဝါး စွပ်စွဲကာ ဝါးရင်းတုတ်ဖြင့် စီရင်သည် ။ သူတို့သည် လူအသိုင်းအဝိုင်း၏ အပြင်ဘက်ကိုရောက် ၊ တောထဲတောင်ထဲမှာအနေကြာသဖြင့် အစုလိုက်အပြုံလိုက် စိတ်ဖောက်ပြန်သွားကြခြင်းဖြစ်ဟန်တူသည် ။

     ဘာသာတရား တခုခု၏ အဆုံးအမကိုမခံယူခဲ့ရခြင်းကြောင်း ကိုယ်အမူအရာ နှုတ်အမူအရာတွ ကြမ်းတမ်း ရိုင်းစိုင်းသွားကြခြင်းဖြစ်သည် ။

    ယခုလည်း အော်ကြီးဟစ်ကြယ် ရန်တွေ့သလိုပြောနေကြသော မိန်းကလေးတယောက်ကိုတွေ့ရတော့ သခင်သန်းထွန်းတို့အကြောင်း ရုပ်ရှင်ရိုက်ကွင်း မှသရုပ်ဆောင်ချက်ဟုသာထင်မိသည် ။

     သို့သော်အထင်နှင့်အမြင်လွဲရသည် ။ ဗကပတို့လိုဘာသာမဲ့တို့အကြောင်းသရုပ်ဆောင်ပြနေခြင်းမဟုတ် ။ တရားဟော ဆရာမတယောက်က သူတို့ ဘာသာအကြောင်း ဟောပြောနေခြင်းဖြစ်ပါသတဲ့ ။ ထိုသူငယ်မနှင့်အပြိုင် ဒေးဗစ်လားဆိုသော ပုဂိုလ်ကလည်း ခရစ်ယာန်တရားများဟောကြားတာ မြင်ရကြားရပါသည် ။ ထိုသူငယ်မနှင့် တကျောင်းထဲဆင်းလား ၊ ဆရာတပည့်တွေလားတော့မသိ ၊ ဒေးဗစ်လားလည်း သခင်သန်းထွန်းတို့ရဲနီလူငယ် များ ​ဖြုတ် ထုတ်သတ်လမ်းစဉ်ဖြင့် ဟစ်စတီးရီးယား ( စိတ်ကစင့်ကလျားရောဂါ ) ဖြစ်သကဲ့သို့ပင် ဟောပြောတာ မြင်ရကြားရသည် ။ အာဘောင်အာရင်းသန်သန် အော်ကြီးဟစ်ကျယ် မစားရ၀ခမန်းပြောကြဟောကြတာမြင်တော့ ငယ်စဉ်မှစကာ ဘ၀တလျောက်လုံးမြင်ခဲ့သိခဲ့ရဖူးသော ခရစ်ယာန်တရားဟောဆရာများ ၊ ခရစ်ယာန်ဘာသာ၀င်များကို သတိရမိသည် ။

    ကျွန်တော့်ဘ၀တွင် ပထမဦးဆုံး တွေ့ဖူးသော ခရစ်ယာန် တရားဟော ဆရာမှာ ဒေါက်တာမျိုးဆက်ဖြစ်သည် ။ ကျွန်တော်တို့ လေးတန်းကျောင်းသားဘဝလောက်က နေမကောင်းလျှင် ကျောင်းသားလူငယ်ဆေးခန်းဆိုတာမှာသွားပြရသည် ။ ပြည်မြို့သံတချောင်းလမ်း ( ယခု ရွှေတချောင်းလမ်း ) သာဖွား သူနာပြုကျောင်း၏ နဘေးတွင် ကျောင်းသားဆေးခန်းရှိသည် ။ ပြည်တမြို့လုံးမှ မူလတန်း ၊အလယ်တန်း ၊ အထက်တန်းကျောင်းသူကျောင်းသား အားလုံး၏ အားထားရာမှာ ပိုက်ဆံတပြားမှ မပေးရသော ကျောင်းသားဆေးခန်းဖြစ်သည် ။ ၁၉၈၈ အရေးအခင်းအပြီး ဦးနေ၀င်း အစိုးရ ပြုတ်ကျသွားအပြီးတွင် ကျောင်းဆေးခန်းစနစ်လည်း နိဂုံးချုပ်သွားတာ ၀မ်းနည်းဖို့ကောင်းသည် ။ ယခုခေတ်တွင် ထိုစနစ်ကိုပြန်လည်အကောင်အထည် ဖော်သင့်ပါသည် ။ ထိုကျောင်းဆေးခန်းတွင် သွားနှင့်ခံတွင်းဆေးခန်းလည်းရှိပါသည် ။ ထိုသွားဆေးခန်းသည်လည်း နိုင်ငံတော်ကအခမဲ့ ကုသပေးခြင်းဖြစ်ပါသည် ။ ကျွန်တော်တို့သည် သွားနာ သွားကိုက်သောအခါ ထို သွားဆေးခန်းတွင်သွားရောက်ပြသပါသည် ။ သွားဆရာ၀န်မှာ ဒေါက်တာ မျိုးဆက် ဖြစ်ပါသည် ။ ဒေါက်တာမျိုးဆက်သည် သူ့သွား ဆေးခန်းလူနာကုတင်တွင် ပက်လက်ကလေးဖြစ်နေသော ကျောင်းသားလူငယ်များကို ချက်ချင်းဆေးကုမပေးသေးပါ ။ ဘုရားသခင်ကောင်းကြောင်း ၊ ခရစ်ယာန်ဘာသာ အနှစ်သာရ တရားများကို ရတတ်သလောက်ဟောကြားပါသေးသည် ။ သို့သော် ဒေါ က်တာမျိုးဆက် စကားပြောလျှင် တိုးတိုးညင်းညင်း နှင့်အင်မတန် နားစိုက်ထောင်မှကြားရသည့် နူးညံ့သည့် အသံမျိုးဖြစ်ပါသည် ။ ကျွန်တော်တို့ကလည်း သူပြောချင်ရာပြော ကိုယ့်သွား ကောင်းဖို့အရေးကြီးသည်ဟုသဘောထားသူများဖြစ်ရာ ဘာမှ စိတ်အနှောက်အယှက်မဖြစ်ပါ ။ ပြောလိုသည်မှာ ဒေါက်တာမျိုးဆက်လည်း ခရစ်ယာန်တရားများပြန့်ပွားရေးကို တတ်စွမ်းသလောက်အားထုတ်သည်ဖြစ်သော်လည်း ကိုယ်အမူအရာ ၊နှုတ်အမူအရာ နူးညံ့သိမ်မွေ့လှပါသည် ။အခြားဘာသာမကောင်းကြောင်းလည်းမပြောပါ ။ ထိုဒေါက်တာမျိုးဆက်သည် ကျွန်တော်တို့နေထိုင်သောပြည်မြို့ဆံတော်ရပ်ကွက် ၊ ညောင်စင်တန်းလမ်းနှင့်စာတိုက်တန်းလမ်းထောင့် တွင်နေထိုင်သဖြင့် ဆေးခန်းတွင်သာမက အိမ်တွင်လည်းမကြာခနတွေ့ဖူးပါသည်  ။ ဘယ်နေရာမှာတွေ့သည်ဖြစ်စေ ဒေါက်တာမျိုးဆက်သည် အလွန်ကို တည်ငြိမ်အေးဆေးတာတော့သတိထားမိပါသည် ။

     နောက် မှသိရသည်မှာ ဒေါက်တာမျိုးဆက်သည် ခရစ်ယာန်တရားဟောဆရာတဦးဖြစ်ကြောင်း ၊ မကြာမီ နိုင်ငံခြားသို့သွား၍ ခရစ်ယာန်ဘုန်းကြီးပဲလုပ်တော့မည်ဖြစ်ကြောင်း သိရပါသည် ။ ၁၉၈၈ အရေးအခင်းအပြီးတွင် သွားဆရာ၀န်ဒေါက်တာမျိုးဆက်လည်း အမေရိကဆိုလား ၊ ကနေဒါဆိုလား နိုင်ငံတခုသို့အပြီးအပိုင်ထွက်ခွာသွားရာ ယနေ့အချိန်အထိ နောက်ထပ် မမြင်မတွေ့ရတော့ချေ ။

     လူငယ်ဘ၀တွင်နောက်ထပ်တွေ့ရသောခရစ်ယာန်တဦးကတော့ အ.ထ.က ( ၁ ) ပြည်မြို့တွင် ရှစ်တန်းအင်္ဂလိပ်စာ ပြဆရာမ ဒေါ်ပန်ထွာဖြစ်သည် ။ သူသည် အသားဖြူဖြူထောင်ထောင်မောင်းမောင်းနှင့် မျက်နှာချိုကာအလွန်သဘောကောင်းသည် ။ ကချင်တိုင်းရင်းသူဖြစ်သည် ။ အဆိုတော် L.ခွန်းရီနှင့် ညီအစ်မ ၀မ်းကွဲတော်သည်ဟုသိရသည် ။ ကျွန်တော်တို့ကဆရာမဒေါ်ပန် ဟုခေါ်သည် ။ အလွန်သဘောကောင်းပြီးသိမ်မွေ့နူးညံ့သည် ။ အင်္ဂလိပ်စကားပြောအသံထွက် အလွန်ကောင်းသည် ဟုကလေးဘ၀မှတ်ဉာဏ်ဖြင့်ထင်မြင်ယူဆမိသည် ။

     တက္ကသိုလ်ရောက်တော့ ခရစ်ယာန် ဘာသာ၀င် ဆရာ ၊ဆရာမများ ၊ သူငယ်ချင်းများစွာကိုတွေ ့လာရသည် ။ တိုးရစ်ဂိုဒ် ဘ၀တွင်လည်း လုပ်ငန်းတူသူငယ်ချင်းများထဲတွင် ခရစ်ယာန်ဘာသာ၀င်များလည်းရင်းရင်းနှီးနှီးပေါင်းဖော်ရသည် ။ သူတို့အားလုံး ခင်ခင်မင်မင် သဘောကောင်း ကြသည် ။ လူကြီးလူကောင်းဆန်ကြသည် ။ အယူသီးမှုနည်းကြသည် ။ သူတို့ဘာသာ မဟုတ်သူအသိုင်းအဝိုင်းနှင့်လည်း အဆင်ပြေချောမွေ့အောင်နေတတ်ကြသည် ။ ထို့ကြောင့်ပင် တက္ကသိုလ်ကျောင်းသားဘ၀ ၊ တိုးရစ်ဂိုဒ် ဘ၀တွင် သူငယ်ချင်းချင်းပေါင်းသင်းဆက်ဆံရာတွင် သူဟာ ဘာ ဘာသာ၀င်ဆိုတာ တွေကိုမေ့နေကြသည် ။ သူ့ဘာသာလည်း ကိုယ် လေးစား ၊ ကိုယ့်ဘာသာလည်း သူလေးစားဘဝဖြင့် နေထိုင်ခဲ့ကြသည် ။ ကထိန် သင်္ကန်းကပ်ရာ ၊ အာစရိယပူဇော်ပွဲလုပ်ရာတွင် သူတို့ပါ၀င်သလို ၊ ခရစ်စမတ်နေ့ ကာရို စင်းဂင်း သီချင်းဆိုရာတွင်လည်း ကျွန်တော်တို့ပါသည် ။ အိဒ် နေ့တွင်လည်း စမိ်ုင်တွေသွားစားကြသည်  ။ ဟိန္ဒူသူငယ်ချင်းက ငှက်ပျောဖက်ဖြင့် ထမင်းကျွေးလျှင်လည်းသွားကြိတ်ကြသည် ။ ဘာသာသည် သာမည ။ ခင်မင်မှုသည် အဓိက ။ စာရေးဆရာဖြစ်တော့လည်း စာပေလောကတွင်ခရစ်ယာန်ဘာသာ၀င်တွေ များစွာနှင့် ခင်မင်ရသည် ။ အတူသွား ၊အတူစား ၊ခရီးတွေသွားခဲ့ကြသည် ။ သူတို့သည် အလွန်ကိုနူးညံ့သိမ်မွေ့ကြတာများသည် ။

     ပြောလိုရင်းမှာ ဒေးဗစ်လားတို့လို ၊ နိုးထချိန်တန်ပြီဟုကုန်းအော်နေသော အမျိုး သမီးလို အော်ကြီးဟစ်ကျယ် ငါးစိမ်းသယ်ရန်တွေ့လုပ်နေကြသော ခရစ်ယာန်များကို ကျွန်တော်ယခင်ကမမြင်ဖူးခဲ့ချေ ။

         ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ တရားဟောရာတွင် အလွန်ကို နူးညံ့သိမ်မွေ့ကြသည် ။ အလွန်ကို ကိုယ်စိတ်နှလုံးသုံးပါးကို ကြည်ညိုဖွယ်ဆောင်ခဲ့ကြသည် ။ သံဃာတော်တို့၏ ဂုဏ် ကိုးပါးနှင့်အညီ နူးညံ့သိမ်မွေ့ခဲ့ကြသည် ။ သို့သော် ထိုအမြင်သည် ဗုဒ္ဓဘာသာအစွန်းရောက်ဘုန်းကြီးအချို့ကြောင့်ပျက်စီးရသည် ။ ဦးဝီရသူလို စင်ပေါ်တွင် မဲ့ကာရွဲ့ကာ စောင်းကာချိတ်ကာ အော်ကြီးဟစ်ကျယ် သိပ်ဖျင်းသော စကား ပြောသူ အချို့ကြောင့် ပျက်စီးရသည် ။ နတ်သုဒ္ဓါထဲ မစင်တစက်ကျသလို ဖြစ်ရသည် ။တသက်လုံးကောင်းလာသမျှ အမည်းစက် စွန်းရသည် ။

     ကျွန်တော်သည် ဗုဒ္ဒဘာသာ ဖြစ်သော်လည်း ငယ်စဉ်ကတည်းက သူတပါးဘာသာကို နှိမ့်ချစော်ကားပြီးမှ ကိုယ့်ဘာသာ ကိုယ့်တရားကို မြင့်တင်ပြီးဟောလျှင် မကြိုက် ။

     ပြည်မြို့တွင်နေစဉ်က အိမ်နားတွင် မိုးကုတ်ဝိပသနာဓမ္မရိပ်သာ ရှိရာ ညစဉ်တရားပွဲများကျင်းပပါသည် ။ ထိုအခါ အချို့ဆရာတော်များသည် အခြားဘာသာ၀င်များ၏ ဗြဟ္မာကြီး ၊ ထာ၀ရဘုရား၊ဖန်ဆင်းရှင် ၊ အလ္လာ စသည်တို့ကို သူ့တရားထဲတွင်ထဲ့ကာ ရှုတ်ချဟောပါသည် ။ ထိုအချက်ကို ငယ်စဉ်ကပင် မနှစ်မြို့ခဲ့ပါ ။ ကိုယ်ဖြူတာကိုပြဖို့ မည်းတဲ့သူကို ရှာပြီး အနားမှာ ရပ်နေခိုင်းစရာမလိုဟု ထင်ပါသည် ။ ကိုယ်ကောင်းခေါင်းမရွေ့ဆိုသောစကားလိုပင် ကိုယ့်ဘာသာကောင်းတာကိုပင်ဟောစေပြောစေချင်ပါသည်  ။

     ဆိုလိုသည်မှာ ကျွန်တော်သည်  ဗုဒ္ဓဘာသာ ၀င်တယောက်ဖြစ်သော်လည်း အစွန်းရောက် ဗုဒ္ဓဘာသာ၀င် တယောက် မဟုတ်ပါ ။

    ဤစာကို ရေးရသည်ကိုလည်း ခရစ်ယာန်မိတ်ဆွေများကိုအားနာပါသည် ။ သို့သော် ဆိုရေးရှိကဆိုအပ်လှဆိုသည့်အတိုင်း ပြောစရာရှိ၍ပြောရခြင်းဖြစ်ပါသည် ။

    ကျွန်တော် ၂၀၀၆ က အင်္ဂလန်နိုင်ငံသို့ရောက်ခဲ့သောအခါ အင်္ဂလန်တောပိုင်းသို့ရောက်ခဲ့ပါသည် ။ ကျွန်တော်၏ အင်္ဂလိပ်မိတ်ဆွေများက သူတို့ရွာ ၊ သူတို့ အရပ်မှ လည်စရာပတ်စရာများကိုလိုက်ပြတိုင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း များကိုလည်း တွေ့ရပါသည် ။ အများအားဖြင့်သူတို့နိုင်ငံမှ ခရစ်ယာန်ဘုရားကျောင်းများသည် သော့ခတ်ထားတာများပါသည် ။ ဘာကြောင့်လဲဟုကျွန်တော်က မေးသောအခါ ခရစ်ယာန်ဘုန်းကြီး မလုံလောက် မှုကြောင့်ဟုဆိုပါသည် ။ ခရစ်ယာန်ဘုန်းကြီးလုပ်လိုသူ လူငယ်တွေ တနေ့တခြား နည်းပါးလာပြီဖြစ်ရာ နဂိုရှိနေသော သက်ကြီးရွယ်အို ဘုန်းတော်ကြီးများ ကွယ်လွန်တော်မူလျှင် အသစ်၀င်လာမည့်သူ မရှိသဖြင့် ဘုရားကျောင်းများ ရှေးယခင်က ပေါများသလောက် ဘုန်းကြီးအရေအတွက်က မီအောင်မလိုက်နိုင်ပဲ ဖြစ်နေပါသည် ။

     ထိုအခါ ဘုန်းကြီးတပါးလျှင် ချပ်( ခ်ျ ) ကျောင်း သုံးလေး ငါး ကျောင်းလောက် တာ၀န်ယူကိုင်တွယ်ရကာ ဘုန်းကြီးလာမည့်နေ့ကိုသာ ဘုရားကျောင်းဖွင့်၍ ဘုန်းကြီးမရှိသောအခါ သော့ပိတ်ထားရသည့် ကျောင်းကများလာပါသည် ။ အထူးသဖြင့် တောဘက်တွင် ခရစ်ယာန်ဘုန်းကြီးရှားပါးလာပါသည် ။  အင်္ဂလန်ကိုသာကိုယ်တွေ့မျက် မြင်ပြောခြင်းဖြစ်သော်လည်း ဖွံဖြိုးတိုးတက်သောနိုင်ငံများဖြစ်သည့် ပြင်သစ် ၊ အီတလီ ၊ စပိန် ၊ အမေရိက ၊ ကနေဒါ ၊ ဩစတေးလျ စသည့် နိုင်ငံများမှာလည်း ထိုနည်းနှင်နှင် ခရစ်ယာန်ဘုန်းကြီး ၊ တရားဟောဆရာ ရှားပါးမှုကိုကြုံတွေ့လာရပါသည် ။

     အလုပ်အကိုင် ပေါသောချမ်းသာသည့်နိုင်ငံများဖြစ်သဖြင့် လူငယ်များသည် ဘုန်းကြီး မလုပ်ချင် ၊ တရားဟောဆရာ မလုပ်ချင် ၊ ဘာသာရေး သမား မလုပ်ချင်ကြတော့ ပါ ။ထိုအခါ ချမ်းသာသော အနောက်တိုင်း နိုင်ငံများသည် ဘုန်းကြီးလုပ်ချင်သော ၊ တရားဟောဆရာလုပ်ချင်သော လူငယ်ခြေတက် များကို ရှာပုံတော်ဖွင့်ရပါသည် ။

    လဤတွင် ဆင်းရဲသော အာရှနိုင်ငံများ ၊ အာဖရိကနိုင်ငံများ ကို တွေ့ပါသည် ။ ထိုနိုင်ငံများတွင် ဥရောပသို့သွားရမည်ဆိုပါက မည်သည့်အလုပ်လုပ်ရသည်ဖြစ်စေ ၊ ရောက်ရလျှင် ပြီးစတမ်းဆိုသူတွေများစွာရှိပါသည် ။ အိမ်သာကျင်း တူးရသည်ဖြစ်စေ ၊ ကူလီထမ်းရသည်ဖြစ်စေ အမေရိကသို့ရောက်ရလျှင် ၊ ကနေဒါသို့ရောက်ရလျှင် ၊ အင်္ဂလန်သို့ရောက်ရလျှင်ပြီးစတမ်းဆိုသော သူ မြန်မာနိုင်ငံအပါ၀င် ဆင်းရဲသော အာဖရိက နှင့် အာရှနိုင်ငံများတွင်များစွာရှိပါသည် ။ နိုင်ငံခြားသွားချင်သောကြောင့် ဗုဒ္ဓဘာသာစစ်စစ်မှ ခါတော်မီ ခရစ်ယာန်ဖြစ်သွားကြသူများစွာကိုလည်းတွေ့ဖူးပါသည် ။အချို့အနောက်တိုင်းနိုင်ငံများဆိုလျှင် နယ်စပ်ဒေသဒုက္ခသည်စခန်းများမှလူများအပြင် ထောင်ကျနေသူများကိုပင် မိမိတို့၏ ဘာသာရေးသင်တန်းကျောင်းသို့တက်မည်ဆိုလျှင် ငွေတပြားမှကုန်စရာမလိုပဲ ပို့ပေးမည်ဟုဆွဲဆောင်ကြသည် ။

     အနောက်တိုင်းသားများသည် လည်၏ ။ နပ်၏ ။ စိတ်ထဲကကြိတ်၍ လူမျိုးရေးခွဲခြား၏ ။ ဘုန်းကြီးလူသစ် စုဆောင်း၍ မရသဖြင့်သာ အာရှတိုက်သား ၊အာဖရိကတိုက်သား လူညို ၊ လူမည်းများကို တရားဟောဆရာဖြစ်သင်တန်းကျောင်းများသို့ခေါ်ယူသင်ကြားပို့ချပေးသော်လည်း အာရှသား လူပုများ ၊ လူညိုများ ၊ အာဖရိက လူမည်း တရားဟောဆရာများ ဟောသော ကဘောက်တိကဘောက်ချာ ( အင်္ဂလိပ်လို ၊ အီတလီလို ၊စပိန်လို ၊ပြင်သစ်လို စသည့်စကားများကိုလည်းကောင်းစွာတတ်ကြသည်မဟုတ် ရကား ) ဘာသာစကားများဖြင့် ထာ၀ရဘုရားအကြောင်းဟောကြားသည်ကိုလည်း လူဖြူတွေက မနာယူချင်ပေ ။

     ထို့ကြောင့် မိမိ ပင်ရင်းနိုင်ငံများတွင်ဥရောပတိုက်သား ၊ အမေရိကန်ု ၊ ကနေဒါ စသော တရားဟောဆရာများ ၊ဘုန်းတော်ကြီးများကို ချန်ထားပြီး ဆင်းရဲသောနိုင်ငံများသို့အနစ်နာခံကာ ယခင်ကသွားရောက်လေ့ရှိသော သာသနာပြု ခရစ်ယာန်ကြီးများနေရာမှာတော့ ဆင်းရဲသော နိုင်ငံမှလာသော သူများ ကို ဆင်းရဲသောနိုင်ငံများသို့ ပြန်လွှတ်ခြင်းဖြင့် သူတို့မှာ မရှိမဲ့ရှိမဲ့ ဘုန်းကြီးအရည်အတွက်ကိုလည်း ထိန်းသိမ်းရာရောက် ၊ ဝေးလံခေါင်ဖျားဒေသများသို့ လည်း သူ့အရိုးဖြင့် သူ့ထိုးကာ သာသနာပြုပြီးသားလည်းဖြစ်ဆိုသော ပုံစံမျိုးဖြင့် ပြန်လည်စေလွှတ်လေ့ရှိသည် ။

     ဆင်းရဲသောနိုင်ငံက လူကို ဆင်းရဲသောနိုင်ငံသို့ပြန်၍ ခရစ်ယာန်တရားဟောခိုင်းလျှင် လူတွေ အထင်မကြီးမှာ ကိုသိသော အင်မတန်ပါးနပ်လှသည့် အနောက်တိုင်းသားများပီပီ အရင်အတိုင်း ပြန်မလွှတ်ခင် လူအထင်ကြီးအောင် အရင်လုပ်ပေးလေသည် ။ အမေရိကန်နိုင်ငံသားခံယူစေခြင်း ၊ ကနေဒါနိုင်ငံသားခံယူစေခြင်း ၊ အင်္ဂလန်နိုင်ငံသားခံယူစေခြင်း ၊ အီတလီနိုင်ငံသားခံယူစေခြင်းစသော အာရှ နှင့် အာဖရိကတိုက်သားများ အထင်ကြီစေမည့် အကွက်တကွက်ကို အရင် လုပ်ပေးလိုက်သည် ။

     ထို့နောက် သာသနာရေးတွင် အရေးပါအရာရောက်သူ ဟုယူဆနိုင်သော ဂုဏ်ပုဒ်တခု ၊ သင်တန်းဆင်းလက် မှတ်တခု ၊ အရေးပါအရာရောက်သောနေရာတခုကို အပြသဘော ချီးမြှင့်လိုက်သည် ။ အီတလီ သာသနာပြုကောင်စီ၏အသိအမှတ်ပြုလက် မှတ်ရ သိက္ခာတော်ရ ဆရာဘယ်သူဆိုတာမျိုး ၊ ကနေဒါ ဘာသာရေးကျမ်းစာကျောင်းမှ ဂုဏ်ထူးဆောင်ဘွဲ့ရှင်ဆိုတာမျိုး စသည့် အမြီးအမောက်တွေ တပ်ပေးလိုက်သည် ။ တကယ်ဆိုရလျှင် သူ့မူရင်းနိုင်ငံတွင် ထိုသူများ တရားဟောလျှင် လာရောက်နားထောင်မည့် မျက်နှာဖြူ ဆယ်ယောက်ပင်မပြည့် ။ သို့သော် အဆာပလာတွေ ဟိတ်တွေ ဟန်တွေနှင့် မြန်မာ ၊ ထိုင်း ၊ လာအို ၊ ဗီယက်နမ် ၊ အီသီယိုးပီးယား ၊ အီရီထရီးယား ၊ ဆိုမာလီစသည့်နိုင်ငံများသို့ပြန်ရောက်သောအခါ အနောက်တိုင်း သာသနာပြုကျောင်းကြီးမှဆင်းလာသော ခရစ်ယာန် တရားဟောဆရာကြီးများ ဖြစ်လာကြလေသည် ။ မသိလျှင်မနက်ဖြန်သဘက်ပဲ ပုတ်ရဟန်းမင်းကြီးရာထူးကိုရတော့မလို ၊ ဘုရားသခင်နဲ့ပဲ မနက်တိုင်း အဆက်အသွယ်ရှိသလို ပြုမူပြောဆိုတွင်ကျယ်နေလေတော့သည် ။

    ဒေးဗစ်လား တို့သည်လည်း ဤ ပုတ်ထဲက ဤပဲမျိုးပင်ဖြစ်သည် ။ ငယ်ဘ၀ ငယ်ကျိုးငယ်နာ ဇာတ်ကြောင်းများကို သိသော်လည်း Personal attack ဖြစ်မှာစိုး၍မလှန်လိုတော့ ။ကနေဒါမှာ မွေး ၊ ကနေဒါမှာကြီး ၊ကနေဒါရေကိုသောက် ၊ ကနေဒါဂျုံကိုစား၍ လူဖြစ်လာခြင်းမဟုတ်သည်ကတော့ ၁၀၀ ရာခိုင်နှုန်းသေချာသည် ။ မြန်မာပြည်မှနိုင်ငံခြားထွက်ခွင့် ချောင်ရာလိုင်းဖြင့် ထွက်ခဲ့၍ တရားဟော ဆရာအဖြစ် ဖုန်သုတ်ပွဲထုတ်ခံရပြီးပြန်ရောက်လာခြင်းဖြစ်သည် ။ မြန်မာပြည်မှာလို အော်ကြီးဟစ်ကျယ် စိတ်ကစဉ့်ကလျားဖြစ်နေသလို အော်ဟစ် တရားဟော ပြောနေပါက ကနေဒါတွင်လာရောက်နားထောင်မည့်လူကြီးလူကောင်း တယောက် မှပင်ရှိမည်မဟုတ်ပေ ။ အရူးမှန်းအကောင်းမှန်းခွဲနိုင်သော ဉာဏ်သည် ကနေဒါကလူများမှာ ကောင်းကောင်းရှိပုံရသည် ။ ထိုသို့ဖြင့် ဒေးဗစ်လား မြန်မာပြည်ရောက်လာသည် ။

     အထက်က ရေးပြခဲ့သော ကြိုးကိုင်ဆရာကြီးတို့၏ လုပ်နည်းလုပ်ဟန်များ ကြောင့် ဗဟုသုတနည်းပါးသော မြန်မာပြည်တွင် တွင်ကျယ်လာသည် ။ အဟောင်းကိုညီးငွေ့နေသော ခရစ်ယာန်အသိုင်းဝိုင်း ၊ အထူးသဖြင့် လူငယ်အသိုင်းအဝိုင်းက ဒေးဗစ်လားတို့ကို အဟုတ်ကြီးမှတ်၍ကိုးကွယ်ဆည်းကပ်ကြသည် ။ ယခင်ကပေါ်ခဲ့ဖူးသော ဘိုးတော်ကျော်သောင်းတို့ ၊ သာဗိန္ဒတို့ ၊ ရပ်စ်ပြူတင်တို့၊ သခင်သန်းထွန်းတို့ နည်းမျိုးဖြစ်သည် ။

            တခါက ရွှေဘိုနယ်မြေမှ မူဆလင်တရားဟောဆရာ မော်လဝီရွှေဖီက ဗုဒ္ဓဘာသာကျမ်းစာများဖြစ်သော တိပိဋက ဓမ္မက္ခ န္စာ နှင့် ဗမာလူမျိုးများကိုထိခိုက်စေသော ဝိနိစ္ဆကျမ်းစာအုပ်နှင့် မော်လဝီ နဲ့ယောဂီစာတမ်းများအားရိုက်နှိပ်ဘထုတ်ဝေခဲ့သောကြောင့် ၁၉၃၈ တွင် ဗုဒ္ဓဘာသာ - မူဆလင် အဓိကရုဏ်းဖြစ်ကာ တဖက်နှင့်တဖက် သတ်ဖြတ်ကြ၍လူ ၁၆၅ ဦးသေ ၊ ၈၁၈ ဦးဒဏ်ရာရ ၊ စစ်သားနှင့် ပုလိပ်လက်ချက်ဖြင့် သေကြရသူ ၅၅ ဦး ၊ ဒဏ်ရာရသူ ၁၀၈ ဦးရှိခဲ့ဖူး၏် ။ ဘာသာရေးသည်အကဲဆတ်၏ ။

     မြန်မာပြည်တွင် ဗုဒ္ဓဘာသာ နှင့် ခရစ်ယာန် အကျယ်အကျယ် မငြိမ်းဖွယ် ပဋိပက္ခများ ဖြစ်လာခဲ့လျှင် လက်သယ်တရားခံမှာ ဒေးဗစ်လားနှင့်အဖွဲ့ဖြစ်သည် ။ဘာသာရေးကို မငြင်းလို ။ သူ့ဘုရားသာသည် ငါ့ဘုရားသာသည် မပြောလို ၊ ဒေးဗစ်လား နှိုင်းယှဉ်ကြည့်လိုလျှင် ၁၉၃၆ မေလ ( ၁ ) ရက်နေ့ကပြည်ခရိုင် ၊ ၀က်ထီးကန်မြို့ အနီး ကျောက်ကွင်းရွာတွင် ဖြစ်ပွားသော ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရှာဖတ်ကြည့်လျှင်သိမည် ။ ဒေးဗစ်လားတို့ဘာသာအရ လူကိုဘုရားသခင်က ဖန်ဆင်းသည်ဆိုရာ တွင် လူ၏ ဦးခေါင်းအတွင်း ဦးနှောက်ကိုထည့် ပေးလိုက်ခြင်းမှာ စဉ်းစားတွေးခေါ်ရန်ဖြစ်သည် ။ အရာရာ ဘုရားသခင်ကို လွှဲချရန်မဟုတ်ပေ ။ မနက်အိပ်ယာထမျက်နှာသစ် တာ ၊ သွားတိုက်တာ ၊ နောက်ဖေးသွားတာမှအစ ကျောင်းသွားတာ စာကျက်တာ ကို မိမိဘာသာကိုယ့်အားကိုယ်ကိုးကာဆောင်ရွက်ရမည်ဖြစ်သည် ။ ထိုသို့ဆောင်ရွက်နိုင်ရန် ၊တွေးတတ်ခေါ်တတ် စဉ်းစားတတ်ရန် ဦးနှောက်ကိုထည့်ပေးထားခြင်းဖြစ်သည် ။ ရောဂါဖြစ်လာပါကလည်း သက်သာပျောက်ကင်းရန် ဘာသာရေးရှုထောင့်ဖြင့် ဘုရားသခင် ၊ ဗုဒ္ဓ ၊ ဗြဟ္မာကြီး ၊ အလ္လာရှင်မြတ်တို့ထံ ဆုတောင်း၀တ်ပြုနိုင်သော်လည်း တဖက်တွင် ဆရာ၀န်များ ၊ သူနာပြုများ ၊ ကျွမ်းကျင်ပညာရှင်များဖြင့်ဆေးကုသမှုခံယူရပေမည် ။ ရောဂါသက်သာလာပါကလည်း ဘုရားတန်ခိုးကြောင့်ပါသကဲ့သို့ အပင်ပန်းခံကုသပေးသော ဆရာ၀န် ၊ သူနာပြု ၊ ဆေးဝါးကျွမ်းကျင် ၊ ဓာတ်ခွဲခန်းပညာရှင် ၊ စေတနာ့၀န်ထမ်း ၊ နိုင်ငံတော် ခေါင်းဆောင်များ  ၊ ခေတ်မီစက်ကရိယာများ ၊ဆေးဝါးများ ကျေးဇူးကြောင့်ဆိုတာလည်း အသိအမှတ်ပြုလက်ခံရမည် ။ ခေါင်းထဲတွင်ပါလာသော ဦးနှောက်ကို အသုံးပြု၍ ကျန်းမာရေး အသိရှိရမည် ။ ရှောင်သင့်တာရှောင် ၊ ဆောင်သင့်တာဆောင်ရမည် ။  ကျေးဇူးသိတတ်ရပေမည် ။ သို့သော် ဒေးဗစ်လားသည် ဘာပဲဖြစ်ဖြစ် ဘုရားသခင်ကိုလွှဲချသော မူဝါဒအရ

“ ကျွန်တော် လုံး၀ အာမခံရဲတယ် ၊ ဘုရားသခင်ကို ယုံသူတွေဟာ ဒီရောဂါ လုံး၀ ၀င်မလာရစေဘူး “ ဟုလည်းကောင်း

“ ဆရာ၀န်တွေ ဆေးတွေက resources တွေ အနာရောဂါကို တကယ်ငြိမ်းစေတာက ဘုရားပဲ ၊ ယုံကြည်လိုက်ပါ ယုံကြည်မှုဟာ ပိုက်ဆံမပေးရပါဘူး ၊ လှည့်စားခံထားရလို့မယုံတာပေါ့ “ ဟု ပြောကြားခဲ့သည် ။

     ဒါဆိုရင် ကျွန်တော်တခုတောင်းဆိုပါရစေ သင်းအုပ်ဆရာကြီးဒေးဗစ်လားခင်ဗျား ။ ဒေးဗစ်လားလောက် ဘုရားနှုတ် ကပတ်တော်ဆိုတာကြီးကိုယုံသူလည်း မရှိတော့ပါ ။ သမ္မာကျမ်းစာ စာအုပ်ကြီးကိုလည်းလက်က ကိုင်ကိုင်ပြနေတာတွေ့ရသဖြင့် ဘုရားနှင့်အတော်နီးစပ်သူဟုလည်းသဘောကျမိပါသည် ။ ထို့ကြောင့် ဒေးဗစ်လား ၏နောက်လိုက်အဖြစ် ကျွန်တော်လဲ ပါ၀င်ချင်ပါသည် ။ ကျွန်အဖြစ်လည်းကောင်း ၊ တပည့်အဖြစ်လည်းကောင်း ဒေးဗစ်လားနောက်ကအလုပ်အကျွေးအဖြစ် လိုက်လိုပါသည် ။ ဆရာဒေးဗစ်လား ဘာသာထဲသို့လည်း၀င်ပါမည် ။ မ၀င်ခင် ခရစ်ယာန်အများနှင့်မဆိုင်ပဲ ဒေးဗစ်လား တဦးတည်းနှင့်ဆိုင်သော မေးခွန်းလေးတစ်ခု မေးလိုပါသည် ။ တစ်ခုတည်းဖြစ်ပါသည် ။

     ထာ၀ရဘုရားကို ယုံလျှင်ရောဂါ မကူးသယောင် ၊ ယေရှုကို ယုံလျှင် ရောဂါမကူးသယောင် ဟောပြောနေတာ ကို သဘောကျ၍ဖြစ်ပါသည် ။ ဒေးဗစ်လားသည် ထာ၀ရဘုရားကိုယုံသူ ၊ မစိုးရိမ်ရဘူး ဘုရားကအချိန်တန်ရင် တာ၀န်ယူသွားလိမ့်မယ် ဟူသောစကားကိုပြောခဲ့သူဖြစ်ပါသည် ။ ထို့ကြောင့်ကျွန်တော်အလွန်အထင်ကြီးပါသည် ။ ခေါင်းဆောင်မတင်မီ တစ်ခုစမ်းသပ်လိုပါသည် ။ အခြားမဟုတ်ပါ ။

     HIV ပိုး ရှိနေသူ၏ သွေးအနည်းငယ်ကို ဆရာဒေးဗစ်လား၏ သွေးကြောထဲသို့ဆေးထိုးအပ်ဖြင့် ထည့်ကြည့်လိုပါသည် ။

     သုံးလကြာလျှင် ဆရာဒေးဗစ်လား၏သွေးကို အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲအဖြေရှာကြည့်ပါမည် ။ ဆရာဒေးဗစ်လားဟောပြောချက် များအတိုင်းဆိုလျှင် ဒေးဗစ်လားသည် ဘုရားကို အလွန်ယုံကြည်သက်၀င်သူဖြစ်သောကြောင့် HIV ပိုးများ ခန္ဒာကိုယ်ထဲတွင်မရှိတော့ပဲ ပျောက်ကွယ်သွားမည် ။ HIV positive မဖြစ်ပဲ negative ဖြစ်မည်ဖြစ်သည် ။ ထိုသို့အဆန်းတကျယ် ဖြစ်ခဲ့လျှင် ဆရာဒေးဗစ်လား ပြောသည့် စကားများ ၊ဟောပြောချက် များသည် အမှန်များဖြစ်ပြီး မယုံမိခဲ့သောကျွန်တော်တို့မိုက် မှားမိကြောင်း ၀န်ချတောင်းပန်ကာ ဆရာ့ထံတွင် ရာသက်ပန်ကျွန်ခံမည်ဖြစ်သည် ။ Negative မဟုတ်ပဲ Positive ဖြစ်ခဲ့လျှင်တော့ ဒေးဗစ်လားမှ ကျွန်တော့်အားဘာမှ ပြန်ပေးစရာမလိုပါ ။မျှတသောကမ်းလှမ်းချက်ဖြစ်သဖြင့် ကျွန်တော့်ထံသို့အမြန်ဆုံးအကြောင်းပြန်ပေးပါခင်ဗျား။

သရ၀ဏ်(ပြည်)
စောင့်ကြည့် News Watch ဂျာနယ်
၁၅.၄.၂၀၂၀

Thursday, May 14, 2020

ပါစင်နယ် အင်တာဗျူး



❝  ပါစင်နယ်အင်တာဗျူး  ❞

     “ ခင်ဗျားနာမည် ”

     “ ဇာဂနာ ”

     “ မဟုတ်ဘူးလေ.… နာမည်ရင်းပြောတာ”

     “ မောင်သူရ ”

     “ တခြား နာမည်ရှိသေးလား ”

     “ ဟင့်အင်း ”

     “ သူငယ်ချင်းတွေ မိတ်ဆွေတွေခေါ်တဲ့နာမည်ကော မရှိဘူးလား ”

     “ ဒါတွေကတော့ အများကြီးပေါ့ ”

     “ ပြောပြပါဦး ”

     “ လန်ခြားကုလား ၊ ကုလားအဘိုးကြီး ၊ ဦးပုည ၊ ဇာတ်ဆရာ ၊ မောင်ရစ် ၊ ကတင်းပုံ ၊ ရှောင်ကွန်နရီ ၊ အဖေကြီး ၊ ဇာတ်ဆရာ ၊ ကိုကို ”

     “ တော်ပြီ ၊ တော်ပြီ ”

     “ ကျွန်တော် မပြောဘူးလား အများကြီးပါဆို ”

     “ ကုလားအဘိုးကြီးလို့ပဲ မှတ်ထားလိုက် မယ်နော် ”

     “ သဘောလေ ”

     “ မိဘအမည် ”

     “ ဦးအောင်သိန်း ၊ ဒေါ်လှကြည် ”

     “ မွေးသက္ကရာဇ် ”

     “ ၂၇-၁-၁၉၆၁ ”

     “ ပညာအရည်အချင်း ”

     “ B.D.S ( Rgn ) ”

     “ မြန်မာလိုဆိုရင်ရော ”

     “ ဘကုံးရေးလုံးကြီးတင်ဆံခတ် ဘီ ဒဒွေးရေး ”

     “ မဟုတ်ဘူးလေ မြန်မာလိုအဓိပ္ပာယ်ပြောတာ ”

     “ ဪ.…ဒါလား... သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ခေါ်တယ်ဗျ ”

     မဂ္ဂဇင်းစာစောင်များနှင့် အင်တာဗျူးနေခြင်းမဟုတ်ပါ ။

     အမှတ် ၆ တပ်မတော် ထောက်လှမ်းရေး တပ်တွင် ကျွန်တော့်အား စတင်စစ်ဆေးခြင်းဖြစ်သည် ။ အချုပ်ခန်း အကျဉ်းလေးထဲတွင် အထုအထောင်းခံပြီး နာရီဝက်ခန့်အကြာ ဤအခန်းသို့ ရောက်ရှိလာခြင်းဖြစ်၏ ။ နောက်ပြန်ခတ်ထားသော လက်ထိပ်နှင့် ခေါင်းစွပ်တို့ကတော့ အရိုက်အရာ ဆက်ခံနေဆဲပင် ။

     “ကျွန်တော်တို့က ခင်ဗျားကို လူကြီးလူကောင်း တစ်ယောက်လို သဘောထားပါတယ် ။ အဲသည်လိုပဲ စစ်ဆေး မေးမြန်းချင်တယ် ။ ခင်ဗျားကလည်း ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ မခြွင်းမချန် ပြောစေချင်တယ် ။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့ဆီမှာ ပြောလို့ရအောင် စစ်တဲ့နည်းတွေရှိပါတယ် ။ ကျွန်တော်ကတော့ မလုပ်ပါဘူး ။ ဒီပြင်အဖွဲ့တွေက လာလုပ်ကြလိမ့်မယ် ။ ဒီတော့ဗျာ အဲသလိုမျိုးအဖြစ် မခံစေချင်ဘူး ”

     ပျားရည်သုတ်ထားသော လှံသွားသည် ချိုမြစူးရှလှဘိ၏။

     သည်နောက် မှာတော့ လက်ထိပ်နှင့် ခေါင်းစွပ်များကို ဖြုတ်ပေးပြီ ကျွန်တော်၏ ကိုယ်ရေးရာဇဝင် အကျဉ်းကို စတင် မေးမြန်းပါတော့သည် ။ ဘယ်ကျောင်းတက်လဲ ၊ ဘယ်တုန်းက ဘွဲ့ရလဲ ၊ အနုပညာနယ်ထဲ ဘယ်လိုရောက်လာလဲ ၊ ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားတွေ ဘယ်နှစ်ကားလဲ စသည် စသည်ပေါ့ ။

    ဤသို့လျှင် အပြန်အလှန် မေးမြန်းဆဲမှာပင် ကင်မရာလွယ်ထားသော ယူနီဖောင်းဝတ် တစ်ဦးနှင့် အခြားနှစ်ဦး ပေါင်းသုံးဦးသည် အခန်းတွင်းသို့ ဝင်ရောက်လာလေသည် ။ ဧကန္တတော့ ကျွန်တော်တို့ အင်တာဗျူး နေပုံကို မှတ်တမ်းတင်လို   .  .ထင့် ။

     သို့သော်ငြားလည်း ကျွန်တော်၏ အထင်မှာ မှားသွားရှာလေသည် ။ ကျွန်တော့်အား နံရံနှင့် ကျော​ကို ကပ်စေ ပြီး ဘုတ်ပြားတစ်ခုတွင် “ သူရ ( ခ ) ဇာဂနာ ( ဘ ) ဦးအောင်သိန်း ” ဟု ရေး၍ ကျွန်တော့်ရှေ့တွင် ထောင်ကာ မှတ်ပုံတင်ဓာတ်ပုံ ရိုက်သကဲ့သို့ ရှေ့တည့်တည့် မှတစ်ပုံ ၊ ဘယ်ဘက်ဘေးမှ တစ်ပုံ ၊ ညာဘက် ဘေးမှတစ်ပုံ သုံးမျိုးသုံးပုံရိုက်ကူးခြင်ပင်ဖြစ်၏။

     ဓာတ်ပုံရိုက်သည့် ကိစ္စပြီးသည့်အခါမှာတော့ စစ်ဆေးမေးမြန်းပွဲ ဒုတိယပိုင်း
အစီအစဉ်ကို ဆက်လက်ကျင်းပပါတော့သည် ။ ကျွန်တော့်အနေဖြင့် ဤအရေးအခင်းတွင် စတင်ပါဝင်လာပုံအကြောင်း တစေ့တစောင်းပင်တည့် ။ ဖော့တန်တာဖော့ ၊ ပြင်းတန်တာပြင်း ၊ ဘယ်ပြပြီး ညာ ရိုက်လိုရိုက်ဖြင့် မေးလိုက် ဖြေလိုက် လုပ်လာသည်မှာ ညနေ ၆ နာရီ ခွဲကျော်ကျော်သို့ပင် ဆိုက်ရောက်လာပေပြီ။ ကျွန်တော့်အား မေးမြန်းနေကြသည့် စစ်ထောက်လှမ်းရေး အရာရှိနှင့် ရဲထောက်လှမ်းရေး အရာရှိတို့မှာလည်း မထတမ်း ၆နာရီကျော် ထိုင်နေကြသည်က တစ်ကြောင်း၊ ဆာလောင် မွတ်သိပ်လောက်ပြီ ဖြစ်သောကြောင့် အစီအစဉ်ကို ခေတ္တရပ်နားကာ အခန်းပြင်သို့ ထွက်သွားကြလေသည် ။ ညောင်းညာခွင့် ၊ ဗိုက်ဆာခွင့် မရှိသည့်အလား အခန်းအလယ်က ခုံတန်းလျားပေါ်မှာ တစ်ယောက်တည်း ငုတ်တုတ်ကြီးကျန်နေခဲ့တော့သည် ။

     သို့သော်လည်း ကယ်တင်ရှင်တစ်ဦးပေါ်လာပြန်ပါသည် ။ လျှပ်တစ်ပြက် မီသွန်း ဖြစ်၏ ။ လက်ဖက်ရည်တစ်ခွက် ကိုင် • • •ဝင်လာပြီး “ ထမင်းတော့ ကျွေးချင်ပါတယ်ဗျာ ၊ ခွင့်မရှိလို့ပါ... အဆာပြေ လက်ဖက်ရည်လေး သောက်လိုက်ပါ ဆေးလိပ် သောက်ချင်ရင်လည်းရော့ ” ဟု ခပ်မြန်မြန် ခပ်သွက်သွက် ပေးစရာရှိတာပေးကာ အခန်းပြင်သို့ ပြန်ထွက်သွားပါတော့သည် ။ ကျွန်တော့်မှာတော့ လက်ဖက်ရည်လေး သောက်လိုက် ၊ ဆေးလိပ်လေး ဖွာလိုက်ဖြင့် မေးခဲ့ဖြေခဲ့သည်များကို ပြန်လှန် စဉ်းစားနေမိ၏ ။

     နောက် နာရီဝက်ခန့်အကြာမှာတော့ အထက်ကပုဂ္ဂိုလ်နှစ်ဦးသည် ပြန်လည် ရောက်ရှိလာပြီး တတိယပိုင်း အစီအစဉ်ကို ဆက်လက် ဆင်နွှဲခဲ့ကြပါတော့သည် ။

     ဒီတစ်ခါမှာတော့ ခေါင်းစဉ်က ပြောင်းသွားပြီဖြစ်၏ ။ အရေးအခင်း ကာလက ကျွန်တော်ပါဝင်ခဲ့သော အနေအထားလှုပ်ရှားမှု ၊ အဆက်အသွယ် စသည်တို့ပင်ဖြစ်၏ ။ အထူးသဖြင့် မေးမြန်းသူ ပုဂ္ဂိုလ်များ၏ အသိချင်ဆုံးကိစ္စမှာ ဦးတင်ဦး ( ဗိုလ်ချုပ်ကြီးဟောင်း ) ၊
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆက်သွယ်မှုအနေအထား ၊ ရွှေချိုးဖြူလူငယ် ၊ ရဲမာန်လူငယ် စသော ရဲရဲတောက် အသေခံလူငယ်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုအနေ အထားတို့ပင်ဖြစ်သည်။

     အဘယ်ကြောင့် ဤမျှ အရေးကြီးနေသည်ကို နောင်သောအခါကျမှ ကျွန်တော့်မှာ သိခွင့်ရခဲ့လေသည် ။ ယင်းမှာ အခြားမဟုတ် ။ ကျွန်တော်တို့အား ဘားလမ်းထဲတွင် ဖမ်းဆီးပြီး ထောက်လှမ်းရေးတပ်သို့ ခေါ်ဆောင်လာသောအခါ ရွှေချိုးဖြူလူငယ်အဖွဲ့က ဟိုင်းလပ်ကားအဝါဖြင့် နောက် မှ ထက်ကြပ်မကွာ လိုက်လာကာ ကျွန်တော်တို့အား ကယ်တင်ရန် ကြိုးစားသည်ဟု သိရ၏ ။ ထို့ကြောင့်ပင်လျှင် ကျွန်တော်တို့ အချုပ်ခန်းကို စောင့်ကြပ်ရန် တပ်မ ၂၂ မှ တပ်စု တစ်စုကို တာဝန်ပေးထားလေသည် ။ ထိုရွှေချိုးဖြူ လူငယ်အဖွဲ့တွင် M79 လောင်ချာ တစ်လက် ရှိနေသည်ဟုလည်းဆို၏ ။

     ကျွန်တော့်မှာတော့ ကိုယ့်အတွက်လည်း သူတစ်ပါးဒုက္ခမရောက်စေ ၊ ကိုယ်လည်း အန္တရာယ်ကင်းစေ မေးမြန်းသူများလည်း သူတို့လိုချင်သည်များကို တစ်ပိုင်းတစ်စ ရကြပါစေ ဟူသောသဘောပိုက်ကာ ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာနည်းကို ကျင့်သုံး.. ဖြေကြားနေရပါတော့၏ ။ တစ်ခါတစ်ရံမှာတော့ အရေးကြီးသည်ဟု ယူဆရသော ကိစ္စများကို အာပတ် လွတ်ရုံ သာမန်ကာလျှံကာ လျှမ်းပြောရပြီး တစ်ခါတစ်ရံမှာတော့ အရေးမကြီးသည့် အရေးအရာများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောခြင်းဖြင့် အချိန်များကို
ကုန်လွန်စေခဲ့ရသည် ။

     သို့ ဖြင့် နောက်တစ်နေ့မနက် ( ၃-၁၀-၈၈ ) ၇ နာရီ အချိန်မှာတော့ ကျွန်တော့်အား မေးမြန်းသူများမှာ ပါးစပ်ညောင်း ၊ လက်ညောင်း ၊ ဖင်ညောင်းသွားကြ၍ ထင်သည် ။ ဆွေးနွေးပွဲ အစီအစဉ်ကို ရပ်ဆိုင်းလိုက်လေတော့၏ ။ ကျွန်တော့်အားလည်း လက်ထိတ်ပြန်ခတ် ၊ ခေါင်းစွပ် ပြန်စွပ်ကာ အချုပ်ခန်းတစ်ခုတွင်းသို့ ပို့ဆောင်လိုက်ပါတော့သည် ။

     သည်တစ်ခါရောက်ရသည့် အခန်းက ပထမဆုံး ကျွန်တော် အထိုးအကြိတ်ခံခဲ့ရသည့် အခန်းလောက် မသားနား ။ အကျယ်အဝန်းကတော့ ၉ ပေပတ်လည် အတူတူပင်ဖြစ် ။ သို့သော်ငြားလည်း ယခုအခန်းပတ်ပတ်လည်မှာ သစ်သားတန်း ဆင့်တွေ တန်းတွေ ရိုက်ထားသည် ။ လေဝင်ပေါက်မှန်သမျှကိုလည်း ကတ်ထူစက္ကူပြားများ ဖိုင်ဘာများဖြင့် ကာရံထား၏ ။ ခြစားထားသဖြင့် စုတ်ပြတ်ကြေမွနေသော သစ်ချောင်းများ အမှိုက်စများကလည်း ဒုနဲ့ဒေး ။ အခန်းထောင့်မှာကတော့ ထွေးခံတစ်လုံး ၊ ပြီးတော့ ပလတ်စ တစ်စက ဘိုးဘိုးခေါ်ရလောက်အောင် ပါးလွှာကြုံလှီနေသည့် ဖျာကြမ်းလား ဖျောချောလား ဘာမှန်းမသိသည့် ဖျာတစ်ချပ် ။ အမှိုက်တွေ စက္ကူစတွေကို သဘောလောက်ပုတ်ခတ်ရှင်းလင်းပြီး ယင်းဖျာပေါ်မှာပင် တုံးလုံးလှဲချလိုက်ရတော့သည် ။ တစ်နေ့လုံး တစ်ညလုံး ငုတ်တုတ်ထိုင်ခဲ့ရသည့်ဒဏ် ၊ ထိုးကြိတ်ခံထားရသည့် ဒဏ်တွေက ကျွန်တော်၏ အရိုးများအသားများကို ကောင်းစွာ တိုက်ပွဲဆင် နေပေတော့သည်။

     “ ရှူး ကိုဇာဂနာ ရေသောက် မလား ”

     မှေးကနဲဖြစ်သွားလိုက် လေသံတိုးတိုးလေးဖြင့် လာခေါ် နေသည်ကို ကြားလိုက်ရသဖြင့် သံတိုင်အဝသို့ လှမ်းကြည့်လိုက်ရာ မျက်နှာပြုံးချိုချိုနှင့် လူတစ်ယောက် ရေနွေးကရားကြီး ကိုင်၍ သံတိုင်ကြားထဲထည့် နှုတ်သီးနှင့် နှုတ်ခမ်းတေ့ကာ ဂွပ်ကနဲ ဂွပ်ကနဲ မြိုချပစ်လိုက်တော့သည် ။

     ထို ကိုပြုံးချို ပြန်သွားပြီးနောက် ခဏတဖြုတ် ပြန်လှဲဦးမည်ဟု ပြင်ဆင်ကာရှိသေး ဒုတိယအကြိမ် အင်တာဗျူးရန်လာပြန်ခေါ်သဖြင့် ကျွန်တော့်မှာ မူလအဆောင်အယောင်အတိုင်း လက်ထိပ်ခတ်ခေါင်းစွပ်စွပ်ကာ ပြန်ပါသွားရပါ တော့သည်။

     သည်တစ်ခါမှာတော့ ခေါင်းစဉ်ကပြောင်းသွားပြန်ပြီဖြစ်၏ ။ မိုးကြီး ( မိုးဝင်း  ) ၏ ပါးစပ်ဆော့မှုမှ ဖြစ်ပေါ်လာသော ရလဒ်ပင် ။ အာဏာသိမ်းပြီး နောက်တစ်နေ့ ချီတက်ပွဲ အကြောင်းဖြစ်၏ ။ ဘယ်လိုစသလဲ ဘယ်သူတွေပါသလဲ ဘယ်သူခိုင်းလို့လဲ ဘာကြောင့် လုပ်တာလဲ ။ တဖြေးဖြေးနှင့် ကျွန်တော်တို့ စကားဝိုင်းသည် ဆွေးနွေးပွဲဆန်လာ၏ ။ တပ်မတော်အပေါ် ကျွန်တော်တို့ သဘောထားကို ပီပီပြင်ပြင် တင်ပြနိုင်လာ၏ ။ မေးမြန်းသူများကလည်း လမ်းဖွင့်ပေးသည် ။ သည်တော့လည်း အခွင့်အရေးရတုန်း ပြည့်ပြည့်ဝဝ ပြောနိုင်လိုက်၏ ။ နိုင်ငံ့အကျိုး ပြည်သူ့အကျိုးကို တကယ်မျှော်ကိုးရင် အစောပိုင်းကပင် အာဏာသိမ်းသင့်ကြောင်း အခုလိုအချိန်မျိုးမှာမှ အာဏာသိမ်းခြင်းသည် ယုံကြည်စရာမဟုတ်ကြောင်း ၂၆နှစ်လုံးလုံး မ.ဆ.လ သစ္စာတော်ခံခဲ့သောတပ်ကို မည်သည့်နည်းနှင့်မျှ လက်ကိုင်တုတ် မဟုတ်ဟု မပြောနိုင်ကြောင်း တိုင်းပြည်
ငြိမ်သက်စေလိုလျှင် အာဏာသိမ်းစရာမလိုသော နည်းလမ်းများစွာရှိကြောင်း ၊ အာဏာသိမ်းခြင်းမှာလည်း လှည့်ဖျားမှုတစ်ရပ်ဟုသာထင်ကြောင်း ၊ အာဏာဆက်ခံခြင်းဟူ၍လက်ခံထားကြောင်း စသည်ဖြင့် ကျယ်ကျယ်ဝန်းဝန်းပင် ဆွေးနွေးမိလိုက်သည် ။
     ပြောကောင်းကောင်းနှင့် လေကြောရှည်မိနေသည်မှာ လေးနာရီခန့်ပင် ကြာသွားလေတော့သည် ။ ဆာလောင် မွတ်သိပ်မှု သင်္ကေတဖြစ်သော ကွီကွီကွမ်ကွမ် အသံများကလည်း ဝမ်းခေါင်းတွင်းမှ ပေါ်ထွက်နေရကား ဆွေးနွေးပွဲအစီအစဉ်ကို ခေတ္တရပ်နားကာ ကျွန်တော်၏ ယာယီစံမြန်းရာ အချုပ်ခန်းသို့ ကြွလှမ်းခဲ့ရတော့၏ ။ သည်တစ်ခါမှာတော့ ပုံစံခွက်ဖြင့်ထည့်ထားသော ပဲဟင်းကြက်ဥကြော်တို့ဖြင့် ခြံရံထားသည့် ထမင်းပန်းကန်က ဆီးကြိုနေပေသည် ။ ဆာဆာနှင့် တစ်ပန်းကန်လုံး ပြောင်သွားအောင် ဝါးပစ်
လိုက် မိ၏ ။ သည့်နောက် ဆွေးနွေးပွဲအစီအစဉ်ကို ပြန်လည် ကျင်းပရပြန်သည် ။

     ပြောလိုက် မေးလိုက် ငြင်းလိုက်ခုံလိုက် ဟောက်လိုက် ရယ်လိုက်ဖြင့် စခန်း
သွားခဲ့ကြရာ ညနေ ၆းဝဝ နာရီထိုးမှပင် စခန်းသိမ်းရတော့၏ ။

     ကျွန်တော်လည်း ထိုအခါမှပင် မိမိ၏ ဘူမိနက်သန်နေရာမှန်သို့ ပြန်ခွင့်ရတော့သည် ။ သည်တစ်ခါလည်း ထမင်းပန်းကန်က အဆင့်သင့်ကြိုနေပြန်သည် ။ ဟင်းကတော့ ပြောင်းသွားပြီဖြစ်၏ ။ ကြက်ဥကြော်နှင့် ပဲဟင်း ။

     ညနေစာစားအပြီးမှာ ကျွန်တော်နှင့်တွေ့ရသည့် ပုဂ္ဂိုလ်ကတော့ မနက်က
မေးမြန်း ဆွေးနွေးခဲ့သူများ မဟုတ်ပါချေ ။ တပ်မှူး ဗိုလ်မှူးစန်းပွင့်ဆိုသူပင်ဖြစ်သည် ။သူက တပ်မတော်၏ သဘောထားကို ၂နာရီခန့် ရှင်းပြနေလေရာ သည်တစ်ခါမှာတော့ ကျွန်တော်က ရာထူးတက်ကာ နားသောတဆင်သူ ဖြစ်လာရတော့၏ ။

     နားထောင်ပွဲအပြီး အခန်းပြန်ရောက်သည့်အခါမှာတော့ ပင်ပန်းနွမ်းနယ်မှုအရှိန်က တွန်းပို့နေသဖြင့် မျက်လွှာနှစ်စုံမှာ ငိုက်စင်းလာပေတော့သည် ။ သို့သော်လည်း ကျွန်တော်၏ ညာဘက် မျက်စောင်းထိုးအခန်းသို့ ကိုဌေး ( ဇင်ဝိုင်း ) ကို တွဲခေါ်လာသဖြင့် အတန်ငယ် မျက်စိကျယ်သွားရပေသည် ။ ကိုဌေးကို ကြည့်ရသည်မှာ ဝမ်းလျှောပြီးစ လူမမာ အရက် မူးလာသည့်နှယ် ပျော့ဖတ်နွမ်းရိလွန်းလှ၏ ။ လိုက်လံပို့ဆောင်သူများ ထွက်ခွာသွားပြီးမှ လေသံတိုးတိုးဖြင့် အခြေအနေကို လှမ်းမေးရသည် ။ တော်တော် မခံချင်စရာကောင်းလှ၏ ။ ကိုဌေးကို စစ်ဆေးမေးမြန်းနေစဉ်တွင် ကားတစ်စီးရောက်လာပြီး ဗိုလ်မှူးတစ်ယောက် ဆင်းလာကြောင်း အရက်နံ့မှာလည်း တထောင်းထောင်း ထနေကြောင်း ခေါင်းစွပ် စွပ်ထားရသဖြင့် ဘယ်သူ ဘယ်ဝါမှန်း မသိကြောင်း ထိုဗိုလ်မှူးဆိုသူက မင်းလားကွ ဇင်ဝိုင်းဟုဆိုကာ ထိုးကြိတ်ကန်ကျောက်ကြောင်း ဘေးလူများဝိုင်းဆွဲသဖြင့်
ဤမျှလောက်သာ ခံရကြောင်း ပြောပြကာ ပခုံး လည်ပင်း ကျောကုန်းတို့မှ ဒဏ်ရာများကို ပြလေသည် ။ သာမန် ရဲဘော်လေးတစ်ယောက်က ပြုမူသည်ဟုဆိုလျှင် နားမလည် ပါးမလည်မို့ ခွင့်လွှတ်သာသေး၏ ။ ခုလို အရာရှိတစ်ယောက်က ဤသို့လုပ်ဆောင်သည်မှာတော့ အောက်တန်းကျလွန်း၏ ။ သေးနုပ် သိမ်ဖျင်းလွန်းလှပေသည် ။ ကျွန်တော်တို့မှာတော့ ရင်ထဲမှာသာ ဒေါသထွက်ခွင့် ရှိသည်မဟုတ်လော ။ မကျေနပ်ပါကလည်း ဘာမှ မလုပ်နိုင် ။ ရှေ့ကသံတိုင်တွေကိုသာ ဝါးစားရန်ရှိတော့၏ ။

     များမကြာမီပင် တပ်မှူးဗိုလ်မှူးစန်းပွင့်ရောက်လာပြီး ကိုဌေးအား တောင်းပန်စကား ပြောလေသည် ။ ကျွန်တော့်အားလည်း လေဝင်လေထွက်ကောင်းသော ဦးအောင်မြင့်မြတ်တို့ အခန်းသို့ ရွှေ့ပြောင်းပေးလိုက်၏ ။ ကျွန်တော့်မှာတော့ ဦးအောင်မြင့်မြတ်ကိုရော သူ၏အခန်းဖော်ကိုပါ စကားပြောမအားတော့ဘဲ ဖျာကြမ်းပေါ်မှာ ခေါင်းကပ်ရင်း အိပ်ချပစ်လိုက်လေတော့သည် ။

ဇာဂနာ

ပထမ

Monday, May 11, 2020

မေဓါဝီ ( တေးရေး မြို့မငြိမ်း ၊ တေးဆို ကိုအောင်နိုင်ဦး )


မေဓါဝီ
 🅼🅰🆈   🅳🅰🆁   🆆🅸
       
         တေးရေး ••  မြို့မငြိမ်း

      ( မေဓါ၀ီလေး ရသေ့နဲ့ နေရရှာသကို ဆင်နှာမောင်း တစ်ပင်လုံး သုံးခွက်တစ်ခွက်တင်ကျို ) သောက်လွန်လွန်းလို့ ကျောက်ခွက်ညိုမှာ ရွှဲရွှဲစိုအောင် ရှူရှူပန်းတယ်လေး သမင်မ သောက်လို့ သန္ဓေပေး မွေး မွေး အလို လူသံပဲ အူ၀ဲ အူ၀ဲ သူပဲ သူပဲငို မိန်းကလေးပါလား သနားစရာ ရေစက်ပဲ မြင်ကတည်းက ခင်မိခဲ့တယ်ကို

        ( မွေးထိုက်လို့မွေးရတော့မယ် သူငယ္မ ကုသိုလ် ငါ့ကုသိုလ် ) ငါ့သမီး မှန်တယ်ဆိုရင် လက်တိုဂျင် ဂလက္ဇို ငါ့လက္ က ထွက်လိုက်ဟ ချိုချို ( က​ေလးက ပါးစပ်ဖြဲငို သေးက ထပ္တလဲစို ရသေ့ကြီး ဂျူတီတွေပို ) အနှီးလဲလို့ မောရင်စိတ်တို ဆဲတော့မှာလိုလို

     ( ဘူးမမှုတ်နဲ့ သမီးရယ် ဖေဖေ့ကိုချစ်တယ်ဆို ဖေဖေလေးကိုချစ်တယ်ဆို ဆို ဆို ဆို ) ကုန်လိမ့်မယ် ဖွာလံတို ဆံက်စ္ကေလးက တစ်ထွာတစ်ညို လှလှပပမှ သပ္ပါယ်ကာ အမြင်မတူ ဒကာမေတြ ကြည်ညို ဆွမ်းတွေ ကွမ်းတွေ ဒလေဟာ ပိုမို ဖောဖောသီသီ မြိုင်မယ် ဤဖေကိုယ်

       ( အ​ေမတူ မျက်လုံးပြုံးယောင် ကြာဆို မပစ်ပဲနဲ့တောင် ကျလိုက် မယ့် အကောင်တွေ တောင်လိုပုံမယ် အလျှို အလျှို နောက်ပိုးခြေတို ) ဩဇာညောင်းမယ့် သမ က်လောင်းလေးကို နတ်သိကြား မစပါ ရှင်ကြီးရှင်ကောင်းမစပါ ပြု ပြုသမျှ ကုသိုလ် အမွ် အမွ် အမွ် ေ၀တယ်ဗျို

      ( ဘူးမမှုတ်နဲ့ သမီးရယ် ဖေဖေ့ကိုချစ်တယ်ဆို ဖေဖေလေးကို ခ်စ္တယ္ဆို ဆို ဆို ဆို ) ကုန်လိမ့်မယ် ဖွာလံတို ဆံကျစ္ကေလးက တစ်ထွာတစ်ညို လှလှပပမှ သပ္ပါယ်ကာ အမြင်မတူ ဒကာမေတြ ကြည်ညို ဆွမ်းတွေ ကွမ်းတွေ ဒလေဟာ ပိုမို ဖောဖောသီသီ မြိုင်မယ် ဤဖေကိုယ်

............................................

◾   ဝင်းဦး သီဆိုထားတဲ့  မေဓါဝီ

https://yadi.sk/d/0oyYDktpxpZMyQ

◾   ပလေးဘွိုင်း သန်းနိုင် သီဆိုထားတဲ့ မေဓါဝီ

https://yadi.sk/d/IbWxMzGo_jtGnA

◾   ဇော်မင်းလေး သီဆိုထားတဲ့ မေဓါဝီ

https://yadi.sk/d/A0T_iViXaevOqA

◾   သုမောင် သီဆိုထားတဲ့ မေဓါဝီ

https://yadi.sk/d/P74CPQWOGh3mKA

◾   ရာဇာဝင်းတင့် သီဆိုထားတဲ့ မေဓါဝီ

https://yadi.sk/d/c0dADEUh5sK_7w

◾    စိုင်းထီးဆိုင် သီဆိုထားတဲ့ မေဓါဝီ

https://yadi.sk/d/v6nTi3R-SdMz9w

🅾    တီးလုံး သီးသန့်

https://yadi.sk/d/ty8bHAnSiD7VEQ

🅾   ရာဇာဝင်းတင့် သီဆိုထားတဲ့ သီချင်းရဲ့ တီးလုံး သီးသန့်

https://yadi.sk/d/flbmelmuiYtdwA

🅾    တယောကိုတင်ရီ ရဲ့ သီးသန့် တီးလုံး

https://yadi.sk/d/3iNpjOdlTgTP0Q

.

Thursday, May 7, 2020

ဆိုင်ကယ်လှလှလေးတွေ



🛴   ဆိုင်ကယ်လှလှလေးတွေ

       ပုစွန်သေစေသော တော်သလင်းနေသည် ကျွန်တော့် အား ကောင်းစွာဒုက္ခပေးနေတော့၏ ။
      အကြိုအကြားများပါမကျန် တရစပ်ထွက်နေသော ချွေးတို့ဖြင့် ကျွန်တော့် တစ်ကိုယ်လုံးမှာ ရွှဲနစ်နေတော့သည် ။ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး မှာလည်း ရှိမှရှိပါသေးရဲ့လားဟု ထင်မှတ်မှား လောက်အောင်ပင် ထုံကျင်နေတော့၏ ။

       မဖြစ်ခံနိုင်ပါရိုးလား....

       ကျွန်တော်တို့ ဖြစ်ပျက်နေပုံကိုလည်း ကြည့်လေ ။

       အမိုးအကာမပါသော တီအီး ၁၁ ကားကြီး၏ ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဘက်​ေထာက် နဖူးနှင့် ကြမ်းပြင်ထိထားပြီး လက်နှစ်ချောင်းကိုယှက်ကာ နောက်စေ့ပေါ်သို့ တင်ထားရလေတော့သည် ။ ရုပ်ရှင်ကားများတွင် စစ်သုံ့ပန်းများအား ဖမ်းဆီးပုံနှင့် တူလွန်းလှပါဘိတော့ ။

       မိမိတို့သည် သူပုန်လည်းမဟုတ် ။ ဓားပြလည်း မဟုတ်ပါဘဲလျက် အဘယ့်
ကြောင့် ဤသို့ဤနှယ် လူ့တန်ဖိုးကို လျစ်လျူရှူသော ဖမ်းဆီးနည်းကို အသုံးပြုမှန်း နားမလည်နိုင် ဖြစ်ရလေသည် ။ ပတ်ဝန်းကျင်က မိမိတို့အား မမြင်စေလို၍ဟု ဆိုရပြန်ကလည်း ကျွန်တော်တို့အား ဖမ်းဆီးစဉ်ကာလကပင် ဝိုင်းအုံကြည့်ရှုနေသော လူအုပ်ကြီးမှာ ရွှေတိဂုံဘုရား တပေါင်း ပွဲတော်တမျှ စည်ကားနေပေရာ ဤအချက်သည် မဖြစ်နိုင်ပါ
ချေ။ သို့ဆိုလျှင် မိမိတို့အား မည်သည့်နေရာကို ခေါ်သွားမှန်း မသိစေလို၍သာ ဖြစ်ပေမည် ။ ဤအချက်သည်လည်း မအောင်မြင်နိုင်ပါချေ ။ အဘယ်ကြောင့်ဆိုသော် ဆရာကြီး ရွှေဥဒေါင်း၏ ဦးစံရှားဝတ္ထုများနှင့် ကြီးပြင်းလာရသော ကျွန်တော်သည် ခေသူမဟုတ်ရကား ကားရပ်ပုံ ၊ မောင်းပုံ ၊ ချိုးကွေ့ပုံတို့ကို စိတ်ဖြင့်မှန်းပြီး ဟော သိမ်ကြီးဈေး ၊ ဘုန်းကြီးလမ်း ၊ ပြည်လမ်း ၊ ဦးဝိစာရလမ်း စသည်ဖြင့် မှတ်သားလာနိုင်ခဲ့ပေသည် ။ “     ခဝဲခြံရောက် မယ် တက်..တက် ” ဟူသော ကားစပယ်ယာများ၏ အသံကို ကြားရသည့်အခါ ဪ.. မရမ်းကုန်း လမ်းဆုံရောက်ပြီကိုး ။ ဒါဆို တို့ကို ထောက်လှမ်းရေး ၆ နဲ့ ရေကြည်အိုင် တစ်ခုခုကို ပို့မှာသေချာပြီဟု တွက်ဆမိလိုက်၏ ။ များမကြာမီပင် ကျွန်တော်တို့၏ တီအီး ၁၁ ကားကြီးသည်လက်ယာဘက်သို့ ချိုးကွေ့လိုက်ရာ ထောက်လှမ်းရေး ၆ ပဲဟု တစ်ထစ်ချ ယူဆလိုက်ရပါတော့သည် ။

       မြေနီလမ်းအတိုင်း မောင်းချလာသော ကိုရွှေတီအီးသည် လက်ယာဘက်ကို
ထပ်မံချိုးပြီးနောက် ကုန်းခပ်မြင့်မြင့် တစ်ခုကို တက်ကာ သက်ပြင်း ခပ်ကြမ်းကြမ်းတစ်ခု မှုတ်ထုတ်ပြီးနောက် ရပ်ချလိုက်လေတော့သည် ။

       “ ဟေ့ တစ်ယောက် မှ ခေါင်းထောင်မကြည့်စေနဲ့ ၊ တစ်ယောက်စီ ဆင်းခိုင်း ၊
ဒါအရင်ယူ ၊ ဟေ့ကောင် ... သော့ဖွင့်ပြီး ပလား ” စသဖြင့် တစ်ယောက်တစ်ပေါက်
အော်ဟစ်ပြောဆိုနေသံများကို ကြားနေရသဖြင့် ဧကန္တတော့ ဒီနေရာဟာ ရုံးခန်းတစ်ခုခု ( ဒါမှမဟုတ် ) ကင်းတဲ တစ်ခုခုဖြစ်လိမ့်မည်ထင်တယ်ဟု တွက်ချက်နေမိ၏ ။ ထိုအခိုက် မှာပင် ဗြုန်းခနဲ ကျွန်တော့်ခေါင်းကို အဝတ်ကြီးတစ်ခု စွပ်ချလိုက်ပြီး “ ထ ” ဟု ပြောလာသဖြင့် ကျွန်တော့်မှာ ခြေကျင်နေသည့်ကြားမှပင် အသာဖြည်းဖြည်း ထလိုက်ရ၏ ။ တစ်ဖန် “ ခုန်ချ ” ဟုဆိုပြန်သဖြင့် ကျွန်တော့်မှာ မမြင်မကန်း ရမ်းခုန်ချလိုက်ရာ ကံအားလျော်စွာ သဲပုံပေါ်တည့်တည့်ကျသွားသဖြင့် သက်သာရာ ရသွားပေသည် ။ ထို့နောက် “ ကဲ...ထ ” ဟုဆိုကာ ကျွန်တော်၏ လက် မောင်းအား လူတစ်ယောက်က ခပ်ကြမ်းကြမ်း ဆွဲခေါ်ပြန်သဖြင့် ကျွန်တော့်မှာ ထိုပုဂ္ဂိုလ်နောက်သို့ ကန့်လန့်ကန့်လန့်နှင့် ပါသွားရပြန်တော့သည် ။

       ထိုပုဂ္ဂိုလ်သည် တစ်လမ်းလုံး ကျွန်တော့်အား “ ရှေ့မှာတန်း ခေါင်းငုံ့ ”  ၊
“ ရေမြောင်းရှိတယ် ကျော်လိုက် ”  “ လှေကား ထစ်တစ်ခုရှိတယ် ” စသဖြင့် တတွတ်တွတ်ပြောပြီး စေခိုင်းလာလေသည် ။ ကျွန်တော်သည်လည်း ရှေ့က ထောက်လှမ်းရေးစာအုပ်များ ဖတ်ခဲ့ဖူးသည့်အားလျော်စွာ “ ခေါင်းငုံ့ ” ဟု အမိန့်ပေးသူက “ လုံးဝမငုံ့ ” ဘဲနေသည့် အဖြစ်ကို သံသယဝင်ပြီး နောက်ပိုင်း ထိုသူစေခိုင်းသမျှကို လိုက် မလုပ်ဘဲနေရန် ဆုံးဖြတ်လိုက်တော့၏ ။ “ သံဆူးကြိုးရှိတယ် ခေါင်းငုံ့ ” ဟု ထိုသူက ပြောလာသောအခါ ကျွန်တော်က မငုံ့ဘဲ တည့်တည့် ဝင်တိုးပစ်လိုက်ရာ ဘာသံဆူးကြိုးနဲ့မှ မညှိဘဲရှိလေသည် ။ အနှီပုဂ္ဂိုလ်... ထိုပုဂ္ဂိုလ်... ၄င်းပုဂ္ဂိုလ်... အကြင်ပုဂ္ဂိုလ်သည် သူ့ကြံစည်မှု ပျက်ပြားသွားသဖြင့် ဒေါသပွားကာ ကျွန်တော့်အား သစ်ပင်ကြီးတစ်ပင်ဆီသို့ အတင်း ဆွဲခေါ်သွားလေရာ ကံအားလျော်စွာ မျက်နှာနှင့် မတိုက် မိဘဲ ပခုံးနဲ့သာ တိုက် မိသဖြင့် သက်သာသွားရပြန်လေသည် ။ သည်နောက် မှာတော့ ထိုပုဂ္ဂိုလ်သည် သူ့ကြံစည်ချက် များ ကုန်ဆုံသွား၍ထင် ကျွန်တော့်အား အခန်းတစ်ခုထဲသို့ ထည့်လိုက်တော့၏ ။ အုတ်နံရံနှင့် ကျွန်တော့်ကို မျက်နှာချင်းဆိုင်  အနေအထားဖြင့် ကပ်ထားခိုင်းပြီးနောက် “ နောက်လှည့်မကြည့်နဲ့ ” ဟု အမိန့်ပေးကာ ထိုပုဂ္ဂိုလ်သည် အခန်းအပြင်သို့ ခပ်သုတ်သုတ် ပြန်ထွက်သွားလေသည် ။ ကျွန်တော့်မှာဖြင့် ငိုအားထက် ရယ်အားသန်... ဘယ့်နှယ်... ခေါင်းစွပ်ကြီးစွပ်ထားတဲ့ဟာ ဘာမှ မမြင်ရတဲ့သူက လှည့်ကြည့်တော့ကော ဘာမြင်ရမှာမို့တုံး ၊ အကန်းကို တောင်ကြည့် မြောက်ကြည့် မလုပ်နဲ့လို့ပြောသလိုချည်းပါလား ။ ထို့နောက် ထိုပုဂ္ဂိုလ်သည် အခန်းထဲ ပြန်ဝင်လာပြီး ကျွန်တော်၏ လက်နှစ်ဖက်ကို နောက်ပြန် လက်ထိပ်ခတ်လိုက်ပြန်ပါသေးသည် ။ ေဩာ်  ဒုက္ခ ဒုက္ခ.. အခုထွက်ပြေးပါလို့ ခိုင်းရင်တောင်မှ မမြင်မကန်းနဲ့ ဘယ်သွားရမှန်း ဘယ်လာရမှန်းတောင် သိမှာမဟုတ် ။ လိပ်ကို မျက်နှာအဝတ်နဲ့စည်းပြီး ပက်လက် လှန်ထားသလိုပါလား ။

       မကြာခင်မှာပဲ အသံခပ်ဩဩ တစ်ခုက ပေါ်ထွက်လာပြန်သည် ။ ဒါက
ဇင်ဝိုင်း ၊ ဒါက ဇာဂနာ ၊ ဒါက မိုးဝင်း စသည်ဖြင့် တစ်ခန်းစီ တစ်ခန်းစီလိုက်၍ မိတ်ဆက်ပေးနေပါတော့၏ ။ တစ်ဆက်တည်း ဆိုသလိုပင် လူလေးငါးယောက်ခန့် ကျွန်တော်ရှိနေရာ အခန်းထဲသို့ ဝင်လာကြလေသည် ။ “ မင်းက ဇာဂနာလားကွ ” ဟူသော ခပ်ကြမ်းကြမ်း အသံနှင့်အတူ အုံးခနဲ ရိုက်လိုက်သော လက်ဖဝါး၏ အရှိန်ကြောင့် ကျွန်တော်၏
နဖူးမှာ အုတ်နံရံနှင့် မိတ်ဖွဲ့သွားရကာ ကြယ်တွေလတွေသည် စီကာတန်းကာ ပေါ်ထွက်လာပါတော့သည် ။ သည်နောက်မှာတော့ “ ဟေ့ကောင် လုပ်စမ်းပါဦးကွ ဒို့အရေးလေးဘာလေး ။

       “ ဒီမိုကရေစီ အော်ပါဦးကွ ”

       “ ဟေ့ကောင် အီမာ ပီတာ ကီစောင် လုပ်စမ်းပါဦး ”

       စသည်ဖြင့် ပြောလိုက် ထိုးလိုက်ဖြင့် အနှီ ပုဂ္ဂိုလ်များမှာ စံချိန်စံညွှန်း မမီမှာစိုး
သည့်အလား ကျွန်တော့်အား တဗုန်းဗုန်း တဒိုင်းဒိုင်းနှင့် ဝိုင်းထိုးနေကြပါတော့သည် ။ ကျွန်တော့်မှာတော့ သမ္မတလူကြမ်းအဖွဲ့ အလယ်သို့ ရောက်သွားရှာသော ရိုးရိုးအအ ရွာသားလေး တစ်ဦးလိုပင် ဖြစ်နေတော့၏ ။ သည်အထဲ ကောင်းကောင်းမထိုးဘဲ “ နောက်လှည့်မကြည့်နဲ့ ” ဟု အမိန့်ပေးနေသေးသဖြင့် ေဩာ်...  သူတို့မျက်နှာကို မြင်သွားမှာ တော်တော် စိုးရိမ်နေရှာကြပါလား ။ ကိုယ့်ကို ပြန်မမြင်နိုင်တဲ့ သူ ဘာမှပြန်မလုပ်နိုင်တဲ့သူ
တစ်ဦးကိုမှ ဝိုင်းဝန်းထိုးကြိတ်ရဲတာ နည်းတဲ့သတ္တိမဟုတ်ပါလားလို့ တွေးမိပြီး အနှီ ပုဂ္ဂိုလ်များကို မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်နေရပါတော့သည် ။

       သည့်နောက် မှာတော့ သူတို့ပဲ ​ေညာင်းသွားလို့လား ။ ကျွန်တော့်ကိုပဲ သနား
သွားလို့လားမသိ ၊ ခေတ္တ အားလပ်ချိန် ဖြစ်သွားလေသည် ။ ကျွန်တော်၏ ကျောပြင် ၊ ဝမ်းဗိုက်တို့မှာလည်း သူတို့ကြိုက်သလို ထိုးကြိတ်ခွင့်ပေးထားပြီး ယခုမှပင် အနားရလေတော့သည် ။ သို့သော်လည်း “ နားပြန်လည်း မသက်သာ ” ဟူ ဘိသကဲ့သို့ အသံစူးရှရှနှင့် လူတစ်ယောက် ရောက်လာပြီး .....

       “ ဟေ့... ဒါဇာဂနာလားကွ ”

       “ ဟုတ်ပါတယ် ဆရာကြီး ” ဟူ၍ အမေးအဖြေ လုပ်ကြကာ ထိုစူးရှရှငနဲသည် အခန်း သံတံခါးကို ဖွင့်၍ ဝင်လာပါတော့သည်။

       သည့်နောက် မှာတော့ “ ဟေ့ကောင် ဒီမိုကရေစီတော့ မရဘူး ဒါပဲရမယ်ကွ ” “ မအေ.. ”  “ ငါ...မသား ” စသည် ဖြင့် ကျွန်တော်တစ်သက်တာမှာ တစ်ခါမျှ မကြားဘူးသော ဆဲနည်းဝေဆာ ပဒေသာဖြင့် အသုံးတော်ခံကာ သူ၏ ဒူးခေါင်း ၊ လက်ဝါးစောင်း ၊ ခြေထောက်တို့ဖြင့် ကျွန်တော်၏ ဝမ်းဗိုက် ၊ ကျောကုန်း ၊ လည်ကုပ်တို့ကို မိတ်ဆက်နေပါတော့သည်   ။ အချက်ပေါင်း နှစ်ဆယ်ခန့် စိတ်ရှိသမျှ သုံးဆောင်ပြီးသည့် အခါမှာတော့ ဤ စူးရှရှငနဲသည်လည်း ခေတ္တအနားယူပြန်လေသည် ။ သို့သော်လည်း ကျွန်တော်ကတော့ မနားရပါချေ ။

       “ ဟေ့ကောင် ဆိုင်ကယ်စီးတတ်သလား .…. စီးတတ်မှာပါကွာ ” ဟူ၍ သူ့ဘာသာသူ အမေးအဖြေလုပ်ကာ ထောက်လှမ်းရေးတပ်၏ နာမည်ကျော်ဆိုင်ကယ်ကို စီးခိုင်းပါတော့သည် ။

      ဆိုင်ကယ်ဆိုသည်မှာ အခြားတော့မဟုတ်ချေ။ ခြေဖျားထောက်၍ ခြေထောက်ကို ကားနိုင်သမျှ ကားခိုင်းပြီး ဒူးကိုကွေးနိုင်သမျှ ကွေးခိုင်းထားကာ လက်နှစ်ဖက်ကို ( လက်ထိပ်ဖြုတ်၍ ) မြှောက်၍ မတ်တတ်ရပ်ခိုင်းထားခြင်းပင် ဖြစ်သည် ။ အတော်ပင် ညောင်းညာ ကိုက်ခဲသော အလုပ်ပင်ဖြစ်၏ ။ ခြေထောက် များ တဆတ်ဆတ်တုန်သည်အထိ ခံစားရလေသည် ။ ထိုအချိန်မှာပင် ဝုန်းခနဲ ပြိုလဲကျသံကြီးနှင့် အတူ “ ဟေ့ကောင် ဇင်ဝိုင်း ဘာဖြစ်တာလဲ ထစမ်း ” ဟူသော အသံကိုလည်းကောင်း ၊ “ ကျုပ်တို့တပ်ထဲမှာ အသက်ကြီးတာ ငယ်တာမရှိဘူး ။ ဟေ့လူ ရပ်စမ်း ” ဟူသော ဦးအောင်မြင့်မြတ် အခန်းမှ အသံကိုလည်းကောင်း ၊ “ တရုတ်ထဲမှာတော့ မင်းတော်တော် သောက်သုံးမကျတဲ့ကောင်ပဲ ”
ဟူသည့်ကို အမိန့်၏ အခန်းမှ အသံကိုလည်းကောင်း ၊ “ ကျွန်တော် မရပ်နိုင်လို့ပါခင်ဗျာ …..တောင်းပန်တယ်ဗျာ ” ဟူသော ဦးတင်စိုး၏ အသံကိုလည်း ကောင်း ၊ “ဟေ့ကောင် မိုးဝင်း မအေ...ဆဲစမ်းပါဦးကွ ” ဟူ၍လည်းကောင်း ၊ “ ကြောက်လှပါပြီခင်ဗျာ ……ကျွန်တော့် တစ်သက်တာ တစ်ခါမှ ဒီလို မခံစားဘူးပါခင်ဗျာ ” ဟူသော နောက်ပိုင်း ဇာတ်ထုပ်မှာ အာဏာပါးကွက်သားများအား ငိုယို တောင်းပန်နေသည့်နှယ် ကိုညီဝင်းစိန်၏ အသံ တို့ကိုလည်းကောင်း ဆက်တိုက် ဆက်တိုက် ကြားလာရတော့သည် ။

       ဒီအကောင်တွေရှေ့မှာ လဲကျလို့ အညံ့ခံလို့ မဖြစ်ဘူး ။ မင်းတို့ကြိုက်သလောက်လုပ် တောင့်ခံမယ်ကွဟု စိတ်ထဲမှာ ကြိမ်းဝါးပြီး ကိုယ့်ကိုယ်ကိုယ်အားတင်းလိုက် မိ၏ ။ သို့ငြားလည်း “ တင်းပြန်လည်း မသက်သာ  ” ဆိုသလိုပင် သူတို့ရှေ့မှာ လဲမကျသဖြင့် မကျေမနပ် ဖြစ်ကြသည်ထင် ကျွန်တော်၏ ပေါင်နှစ်ချောင်းကို တဖုန်းဖုန်းနှင့် လာကန်ကြ
ပါတော့သည် ။ ဪ... ရှင်မဟာမောဂ္ဂလန်လို မထေရ်မြတ်ကြီးပင်လျှင် ခိုးသားငါးရာ ဝိုင်းရိုက်သည့် ဒဏ် ခံရသေးသည်ပဲ ကိုယ်က ဘာကောင်မှ မဟုတ်တာ ..ဝဋ်ရှိသ၍ ခံဦးပေါ့လေ ဟူ၍သာ ဖြေသိမ့်၍ ကြိတ်မှတ်ခံနေရတော့၏ ။

       သို့ သော်လည်း ကံကောင်းထောက် မစွာ ကယ်တယ်ရှင်တစ်ဦးက ပေါ်
လာပါတော့သည် ။ “ ဟေ့...ဒို့ဆီကကောင်တွေ အကုန်ထွက် ” ဟူသော အသံနှင့်
အတူ “ ကိုဇာဂနာ သက်သာသလိုနေပါ သက်သာသလိုနေပါ ” ဟူ၍ ချိုသာပျော့
ပျောင်းစွာ လာပြောလေသည် ။ သို့ဖြင့် ကျွန်တော့်မှာ ဆိုင်ကယ်စီးခြင်း ဘေးဒုက္ခ မှ ကင်းငြိမ်းချမ်းသာ ရတော့၏ ။ ညောင်းညာ ကိုက်ခဲနာကျင်မှုတို့က ယခုမှပင် စုပြုံတိုးဝှေ့ ရောက်လာတော့သည် ။ မတ်တတ်ရပ်ရင်းနှင့်ပင် လက် မောင်း ကလေး နှိပ်လိုက် ၊ ပေါင်ကလေး နှိပ်လိုက်ဖြင့် သက်သာရာ ရလိုရငြား ကျွန်တော့်မှာ လုံးပန်းနေရတော့၏ ။ ထိုအချိန်မှာပင် နူးညံ့သော အသံပိုင်ရှင်သည် ပြန်လည်ရောက်ရှိလာပြီး.…

       “ ကိုဇာဂနာ ခေါင်းစွပ်ချွတ်လိုက်ပါ.…. အေးအေးနားပါ ။ အဲဒီမှာ ဖျာရှိပါတယ် ၊ လှဲချင်လှဲနေပါ ။ ကျွန်တော့်ကို ခေါင်းစွပ်ပေး အပေါ့သွားချင်ရင် ဟိုထောင့်မှာ
ခွက်ရှိတယ် ” ဟူ၍ ပြောလာပြန်လေသည် ။ ခေါင်းစွပ်ကို သံတိုင်များအကြားမှာ လှမ်းပေးရင်း ကိုနူးညံ့၏ မျက်နှာကို ကြည့်လိုက်တော့ အသားဖြူဖြူ နှာတံပေါ်ပေါ်နှင့် ကုလားမင်းသား မီသွန်းနှင့်တူသော လူငယ်တစ်ဦးကို တွေ့လိုက်ရ၏ ။ ကျွန်တော်ကတော့ ထိုပုဂ္ဂိုလ်ကို “ လျှပ်တစ်ပြက် မီသွန်း ”  ဟု
အမည်ပေးလိုက် မိသည် ။ သူထွက်ခွာသွားပြီးသည့် အခါမှာတော့ သမံတလင်းကြမ်းပြင်ပေါ်မှာပင် ခြေပစ်လက်ပစ် လှဲချပစ်လိုက် မိတော့၏ ။

ကျွန်တော်၏ နားထဲမှာတော့ “ တရားမျှတပြီး လွတ်လပ်တဲ့ ပါတီစုံဒီမိုကရေစီ
ရွေးကောက်ပွဲ လုပ်ပေးပါမယ်... တပ်မတော်သားတွေဟာ မိဘပြည်သူတွေနဲ့ ဆက်ဆံရင် နှိမ့်ချပြီး ဆက်ဆံရမယ်
ယဉ်ယဉ်ကျေးကျေး ရှိရမယ် ”
ဟူသော စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်စောမောင်ဆိုသူ၏ စကားသံများကိုသာ ကြားယောင်မိနေပါတော့သည် ။

 ◾    ဇာဂနာ

ပထမ

.

စကားလက် မွန်










စကားလက် မွန်

       ၁၉၈၈ ခုနှစ်သည် အရေးတော်ပုံနှစ်ဟု ဆိုရမလောက်ပင် အစိုးရအား ဆန့်ကျင်သော အရေးအခင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ မောင်ဘုန်းမော် အရေးအခင်းဟုအမည်တွင်ခဲ့သည့် မတ်လ လှုပ်ရှားမှု ၊ ဂျင်ဂလိ ပွဲတော်ဟု ကင်ပွန်းတပ် ခံခဲ့ရသည့် ဇွန်လ အရေးအခင်း ၊ ရှစ်လေးလုံးဟု ကျော်ကြားခဲ့သော ဩဂုတ်လ အရေးအခင်း ၊ ထိုသည်၏နောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အုံကြွလှုပ်ရှားခဲ့သည့် ဒီမိုကရေစီ အရေးတော်ပုံ တို့ပင်တည်း ။

       ဩဂုတ်လ ၂၂ ရက် မှ အစပြုခဲ့သော ယင်း ဒီမိုကရေစီ အရေးတော်ပုံသည်ကား မြန်မာ့သမိုင်းတွင် မကြုံဘူးလောက်အောင် လူတန်းစားအလွှာပေါင်းစုံ ပါဝင်သည့် အစိုးရ ဆန့်ကျင်သော လှုပ်ရှားမှုကြီးဖြစ်ရကား ဆရာဝန်များ ၊ အနုပညာရှင်များ ၊ ရှေ့နေများ စသည့် အသိပညာရှင် ၊ အတတ်ပညာရှင်များသာမက အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့များ၏ လမ်းဘေး သမဂ္ဂပါမကျန် တော်လှန်တိုက်ပွဲဝင်ခဲ့ကြလေသည်။

       အနုပညာရှင် တစ်ပိုင်းတစ်စ ဖြစ်နေသော ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်လည်း ဤအရေးတော်ပုံအစ ကာလများကပင် ပါဝင်ခဲ့ရကား ကျောင်းသားစိတ်တစ်ပိုင်း ကျန်နေသည့်အတွင်းဓာတ်၏ လှုံ့ဆော်မှုကြောင့် တဖြည်းဖြည်း နက်မှန်းမသိ နက်ရှိုင်းစွာ ဝင်ရောက်ဆင်နွှဲမိလေတော့သည်။

       ထိုစဉ်က ကျွန်တော်တို့၏ စုရပ်ဖြစ်သော ရန်ကုန်မြို့ ၂၁ လမ်းရှိ ( ယခင်
သဘင်ကောင်စီရုံးခန်း ) မြန်မာနိုင်ငံလုံးဆိုင်ရာ သဘင်သမဂ္ဂ ရုံးခန်းသည်လည်းအနယ်နယ် အရပ်ရပ်မှ သပိတ်ခေါင်းဆောင်များ ၊ ကိုယ်စားလှယ်များ စတည်းချရာ နေရာတစ်ခုလည်း ဖြစ်လာလေသည် ။

       ရွှေပြည်အေးသမားများ ၊ အကဲခတ်ဆရာများ ၊ ရရင်ရ မရရင်ချ ဆိုသော ပုဂ္ဂိုလ်များ၏ ငြင်းခုံရာ စည်းဝေးခန်းမ တစ်ခုလည်း ဖြစ်ခဲ့လေသည် ။

       ကျွန်တော်တို့ သူငယ်ချင်းတသိုက် မှာလည်း တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်ခွင့် မကြုံရလောက်အောင်ပင် ဟောပြောပွဲများ ၊ အစည်းအဝေးပွဲများ ၊
နယ်စည်းရုံးရေးခရီးစဉ်များ ၊ ဆန္ဒပြပွဲများ ၊ အလှူခံကိစ္စများနှင့် ချာလပတ်ယမ်းနေကြရကား တစ်ဦးနှင့်တစ်ဦး ရုံးရှေ့ကျောက်သင်ပုန်းမှတစ်ဆင့်သာ ဆက်သွယ်ရသည့်ဘဝသို့ ဆိုက်ရောက်ခဲ့ရလေတော့သည် ။

       သို့သော်လည်း ကျွန်တော်တို့ လူသိုက်ကို မျက်နှာချင်း ပြန်လည်ဆုံဆည်းခွင့်ရအောင် ဖန်တီးပေးလိုက်သည့် အရာကား ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ပေါ်ပေါက်လာပါတော့သည် ။ အခြားမဟုတ်ပါ ၊ စစ်တပ်က အာဏာသိမ်းလိုက်
ခြင်းပင်တည်း ။

       ထိုနေ့ ညနေ ၆နာရီခန့်၌ သဘင်သမဂ္ဂရုံးခန်းတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် အလျှိုလျှို ရောက်လာကြပါတော့သည် ။ ဘာလုပ်ကြမလဲ ၊ ဘာတွေဆက်လုပ်ကြဦးမလဲ ။ ဘယ်လို လုပ်ကြမလဲ ။

       သေချာတာတစ်ခုကတော့ နဂိုကပင် နာမည်ကြီးနေသည့်အတိုင်း မိမိတို့ လူသိုက်သည် အဖမ်းခံရပေလိမ့်မည် ။ ဒီတော့ ထွက်ပြေးကြမလား ၊ သွားအဖမ်းခံမလား ၊ တောခိုကြမလား တစ်ခုခုတော့ လုပ်ရပေလိမ့်မည် ။ ပထမဆုံးတော့ ဒီနေရာမှ အမြန် စွန့်ခွာရပေလိမ့်မည် ။ အကယ်၍များ စစ်တပ်သည် သူတို့ကြေညာထားသည့်အတိုင်း အင်အားသုံး၍ သည်နေရာကို ဝင်ရှင်းခဲ့လျှင် လမ်းသူလမ်းသားများ အချောင်သက်သက်
ထိခိုက်နစ်နာကြမည် မဟုတ်တုံလော ။ မိမိတို့အပေါ် သံယောဇဉ် ကြီးမားနေပြီဖြစ်သော လမ်းသူလမ်းသားများကလည်း သူတို့ ကာကွယ်ပေးပါမည် ၊ ဖွက်ပေးထားပါမည် မသွားကြပါနှင့်ဟု အတန်တန်တားကြလေသည် ။

       သို့သော်လည်း ကျွန်တော်တို့တစ်သိုက် မှာ ဆုံးဖြတ်ထားသည့်အတိုင်း
ကိုယ့် ပစ္စည်းလေးတွေ ကိုယ်ဆွဲ ၊ ရုံးခန်းအတွင်းမှ စာရွက်စာတမ်းများကို အလျင်အမြန် ဖျောက်ဖျက်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်း အတွင်းသို့ ရွှေ့ပြောင်းခဲ့ကြတော့သည် ။ ထိုအချိန်က ဆေးရုံကြီးဝင်းအတွင်း၌ အစာငတ်ခံဆန္ဒပြနေကြသော အုပ်စုအဖွဲ့အစည်းအသီးသီးမှာလည်း ညမထွက်ရ အမိန့်ကြောင့် အိမ်ပြန်ခွင့်မရဘဲ လူနာဆောင် အသီးသီး၌ သောင်တင်နေကြလေသည် ။ ထို့ကြောင့်ပင် ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် မှာ အုပ်စု သုံးစုခွဲပြီး အဝတ်လျှော်စက် ၊ ဓာတ်အားပေးစက်နှင့် ရေခဲတိုက် များ အတွင်းသို့ ဝင်ရောက်ပုန်းအောင်းနေရတော့သည် ။

       တစ်ချက်တစ်ချက်တွင် စစ်အစိုးရအလိုမရှိဟူသော အော်သံများ ၊ သေနတ်
သံများ လမ်းမများပေါ်တွင် ချထားသော အပိတ်အဆို့ ၊ အကာအရံများကို လိုက်လံ
ရှင်းလင်းနေသည့် စစ်ကားသံများကို နာခံရင်း တစ်ညတာခရီးကို ကျော်လွန်ခဲ့ရပေသည် ။

       ဤနေရာတွင် ကျွန်တော်နှင့်အတူ ပုန်းအောင်းခဲ့သူများကို မှတ်တမ်းတင်လိုပါသည် ။ ကျွန်တော်တို့ သဘင်သမဂ္ဂ မှ မိုးဝင်း ၊ မိုးမင်း ၊ အရိုင်း ၊ ညီညီလှိုင်
( ညောင်ညောင် ) ၊ ညီဝင်းစိန် ၊ ဖိုးဖြူ၊ စိုးဟန် ၊ တပ်မတော် မှတ်တမ်းရုံးမှ တပ်ကြပ်အောင်သန်း ၊ ကျောင်းသားတပ်ပေါင်းစုမှ ရွှေရောင် ၊ အောင်ဇော်မျိုး ၊ ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်းနှင့် တောင်ဥက္ကလာပမှ ဆိတ်မ ဆိုသူတို့ဖြစ်ပါသည် ။ ညတွင်းချင်းပင် ကျောင်းသားသမဂ္ဂမှ မင်းမင်း ၊ ဇော်ထွန်းတို့ ခေါင်းဆောင်သည့် အစာငတ် ဆန္ဒပြပွဲ ဖြစ်မြောက်ရေးအဖွဲ့သို့ လှမ်း၍ ဆက်သွယ်ပြီး မနက် မိုးလင်းသည်အထိ မည်သည့်နေရာမှ မသွားရန်နှင့် သောင်တင်နေသည့် ကလေးများကိစ္စ မိမိတို့လာမှ ရှင်းပေးမည်ဖြစ်ကြောင်း အကြောင်းကြားထားရပေသည် ။

       သို့ဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၅ နာရီ ထိုးသည့်အချိန်မှာတော့
ကျွန်တော်တို့၏ စီစဉ်ပေးမှုဖြင့် ကျောင်းသူ ၊ ကျောင်းသားလေးများအား ဘေးကင်း ရန်ကင်းစွာဖြင့် အိမ်ပြန်ပို့နိုင်ခဲ့လေသည် ။

       သည်နောက် မှာတော့ ညက ကြိုတင်စီစဉ်ထားသည့်အတိုင်း စစ်အစိုးရ
ဆန့်ကျင်ရေးဆန္ဒပြပွဲကို ချီတက်ရန် စိုင်းပြင်းကြရလေတော့သည် ။ သည်မှာတင် ပြဿနာက စပါလေပြီ ။ ဆေးရုံကြီးအတွင်းရှိ သူ့အစုနှင့်သူ ရှိနေကြသော အဖွဲ့ အစည်းအသီးသီးသည် အင်တင်တင် ဖြစ်နေကြလေသည် ။ တောင်လိုလို ၊ မြောက်လိုလို ၊ အစည်း
အဝေး လုပ်ဦးမလိုလို ၊ အီအီးပါဦးမလိုလိုနှင့် ချီတက်ရန်ကိစ္စကို ရှောင်ဖယ်ရှောင်ဖယ် လုပ်နေကြတော့သည် ။ သည်တစ်ခါက တကယ့်ကို သေနတ်နှင့် ပစ်တော့မှာ မဟုတ်လား ။

       ကျွန်တော်တို့ သူငယ်ချင်းတစ်စု ခေါင်းချင်းဆိုင်ရတော့၏ ။ ကဲ  …….ဘယ်သူမှ မထွက်ခင်ကတည်းက တို့ထွက်ခဲ့တယ် ။ နောက်တစ်နိုင်ငံလုံး ပါလာတော့ ဒို့အရေးမှ မလုပ်ရရင် ခေတ်မမီတော့ဘူးတဲ့ဆိုပြီး ပါလာလိုက်ကြတာ ။ ခုတော့ ဘယ်တစ်ကောင် တစ်မြီးမှ မတွေ့ရတော့ဘူး ။ ခုချက်ချင်း ပစ်ပါ..……. ဖမ်းပါနဲ့ စင်ပေါ်ကနေ လက်သီးလက် မောင်းတန်းခဲ့တဲ့ ဘယ်အနုပညာသမားဆိုတာတွေလည်း အရိပ်တောင် မတွေ့ရတော့ဘူး ။ တို့ဘယ်လိုလုပ်ကြမလဲ ။ ကလေးတွေကိုချည်းပဲ မင်းတို့ ချီတက်ကြတော့ ဆိုပြီး လွှတ်လိုက်တော့မလား ၊ အသေခိုင်းလိုက်တော့မှာလား…….။ 

       ကိုင်း... ဘယ်သူထွက်ထွက် မထွက်ထွက် ၊ တို့ထွက်တယ်ကွဟု ကြိမ်းဝါးပြီး
ကိုဌေး ( ဇင်ဝိုင်း ) ရယ် ၊ မိုးကြီး ( မိုးဝင်း ) ရယ် ၊ မောင်စိန်ထွန်း ( မိုးမင်း ) ရယ် ၊
အောင်သန်းဦး ( အရိုင်း ) ရယ် ၊ မောင်ရွှေရောင်ရယ် ၊ ကျွန်တော်ရယ် နောက် ပြီး
ကျောင်းသားဟောင်းများအဖွဲ့မှ နိုင်လင်းနှင့် ကျော်မြင့်တို့ပါ ပေါင်းကာ စုစုပေါင်း ရှစ်ယောက် တည်းဖြင့် စတင်ချီတက်ခဲ့ကြပါတော့သည် ။

       စစ်အစိုးရ အလိုမရှိ ၊ စောမောင်အစိုးရ အလိုမရှိ.... 

       ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ကျောင်းသားပြည်သူ သတ်ဖို့မဟုတ်ဘူး………စသော ကြွေးကြော်သံများဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက် ထိုမှ ဘုရားလမ်း ၊ မဟာဗန္ဓုလလမ်း ၊ ဘုန်းကြီးလမ်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းအတိုင်း ပြန်လည် ချီတက်ခဲ့ကြရာ တစ်ပတ်ပတ်မိသည့် အချိန်မှာဖြင့် လူတန်းကြီးမှာ နှစ်ထောင်သုံးထောင်ခန့်
ဖြစ်လာလေတော့သည် ။

       ဤသို့ဖြင့် ထပ်မံ ရောက်ရှိလာသော အဖွဲ့များနှင့် ပူးပေါင်းကာ လူလေးထောင်
ကျော်ခန့်ကို ဦးဆောင်ပြီး မြို့တော်ခန်းမသို့ ဦးတည်လိုက်တော့၏ ။

       ထိုနေ့မနက်က အဖြစ်အပျက် များကို အကျဉ်းရုံး၍ ဆိုရသော် ကျွန်တော်တို့လူစုမှာ သေကံမရောက် သက် မပျောက် ၊ ကျည်ဆန်ထွင်းဖောက်သည့် ဘေးမှ ကင်းဝေးကာ ထွက်ပြေးနိုင်ခဲ့လေသည် ။ 

       သို့သော်ငြားလည်း ဇာဂနာနှင့် ဇင်ဝိုင်း သေပြီဟူသော သတင်းက တောမီး
လောင်သည့် နှယ် ပျံ့နှံ့သွားခဲ့တော့၏ ။ တစ်ဆက်တည်းဆိုသလို ကျွန်တော်တို့
နှစ်ယောက်ကို မြေလှန်ရှာနေသည်ဟူသောသတင်းကလည်း ထက်ကြပ်မကွာ လိုက်ပါလေတော့သည် ။ ကျွန်တော်တို့မှာကား တစ်နေရာရာမှာပဲ သွားပြီး ရှောင်နေရတော့မလိုလို ၊ တစာစာ လာခေါ်နေကြသော ညီငယ်ကျောင်းသားများနှင့် အတူပဲ တောခိုရတော့မလိုလိုနှင့် အတော်ဆုံးဖြတ်ရကျပ်နေပါတော့သည် ။ နောက်ဆုံးမှာတော့ ဘယ်ကိုမှ မရှောင်ဘဲ ၊ တောမခိုဘဲ မြို့ပေါ်မှာပင် လုပ်စရာရှိသည်များကို သိုသိုသိပ်သိပ် ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ကျွန်တော် ၊ ကိုဌေး ( ဇင်ဝိုင်း ) ၊ မိုးကြီး ( မိုးဝင်း ) ၊ မောင်စိန်ထွန်း ( မိုးမင်း ) ၊ အောင်သန်းဦး ( အရိုင်း ) တို့ ငါးဦးသားသည် သူငယ်ချင်း ကိုကျော်ဝင်း၏ အိမ်၌ စတည်းချရန် ထွက်ခွာလာခဲ့ကြပါတော့သည် ။

       ဤသို့ဖြင့် စက်တင်ဘာလ ၂၀ ရက် မှစ၍ ကိုကျော်ဝင်း ၊ ကိုသိန်းဦး ၊ ကိုကိုဦး စသည့် သူငယ်ချင်းများအိမ်သို့ တစ်လှည့်စီ သွားနေလိုက် ၊ ရန်ကုန်မြို့ထဲသို့ အလှည့်ကျ သွား၍ အဆက်အသွယ်လုပ်လိုက် ၊ ရန်ကုန်မြို့အနှံ့ ပုန်းအောင်းနေကြသော အဖွဲ့အစည်းဝင်များ ထံသို့ စားနပ်ရိက္ခ အခြောက်အခြမ်းများ လိုက်လံဝေငှလိုက်ဖြင့် တစ်ရက်ပြီး တစ်ရက် ကျော်လွန်ခဲ့ရတော့၏ ။

       မှတ်မှတ်ရရ ၊ ထူးထူးခြားခြား ဆောင်ရွက်ခဲ့သည်များမှာကား အနုပညာတပ်ဦးဟု အမည်ပေးပြီး ရုပ်ရှင်နယ်မှ ဒါရိုက်တာ အောင်မြင့်မြတ် ၊ ပန်းချီပန်းပုနယ်မှ ဦးမျိုးမြင့် ၊ စာပေနယ်မှ မောင်မိုးသူ ၊ ဂီတနယ်မှ ကိုကိုအောင် ( သပြေ ) နှင့် သဘင်နယ်မှ ကျွန်တော် တို့ပါဝင်သော အဖွဲ့တစ်ခုကို လျှို့ဝှက်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်းပင် ။ ရန်ကုန်မြို့ ဘားလမ်းရှိ စင်ရော် မောင်မောင် ရုံးခန်းကို ဆက်သွယ်ရန်ဌာနအဖြစ် သတ်မှတ်ကာ

    ( ၁ ) တောတွင်းရောက် ကျောင်းသားများနှင့် အဆက်အသွယ်ယူကာ မြို့ပေါ်တွင် လှုပ်ရှားရန် 

    ( ၂ ) အလုပ်သမားသမဂ္ဂများကို စည်းရုံးကာ အလုပ်သမားများ အလုပ်ခွင်မဆင်းရေး သပိတ်မှောက်ရန်

    ( ၃ ) နိုင်ငံရေးအရ ခေါင်းဆောင်များအား ပံ့ပိုးကူညီရန် ... စသည့် ရည်ရွယ်ချက် များ သတ်မှတ်ထားခဲ့သည် ။

       ကျွန်တော့်မှာ အငယ်ဆုံးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် အားလျော်စွာ ဟိုပြေးရ
ဒီပြေးရ ၊ ဟိုအဖွဲ့နှင့် သွားဆွေးနွေးရ ၊ ဒီအဖွဲ့နှင့် သွားဆွေးနွေးရ ၊ ဟိုလူကြီးအိမ်သွားရ ၊ ဒီလူကြီးအိမ် သွားရဖြင့် ဖတ်ဖတ်မောနေရတော့သည် ။

       ဤသို့ ပြေးရင်းလွှားရင်းပင် ကိုယ့်အဖြစ်ကို ကိုယ်ပြန်စဉ်းစားမိပြီး ဟိုသွား
လည်းသုတ်သုတ် သုတ်သုတ် ၊ ဒီသွားလည်း ရုတ်ရုတ် ရုတ်ရုတ် ၊ ဦးထုပ်ဆောင်းလိုက် ၊ မျက် မှန်တပ်လိုက် လုပ်နေရသည့်အဖြစ်ကို တဖြည်းဖြည်းရွံရှာလာမိတော့သည် ။ ထိုအချိန်ကလည်း ရန်ကုန်မြို့တလွှားတွင်  (အထူးသဖြင့် အနုပညာ အသိုင်းအဝိုင်း၌ )
ဘယ်သူ့ကို မေးလိုက် မေးလိုက် “ ရှောင်နေတယ်      
” ဟူသော “ ရှောင် ” နာရောဂါသည် အပိုလို မျက်စိနာထက်ပင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေချိန် ဖြစ်ပြန်ရာ ၊ ကိုယ့်ကိုလည်း ဤစာရင်းထဲ အသွင်းခံရမှာကို တွေးပြီး ကြောက်လာမိတော့၏ ။ ဘယ်တုန်းက ဘာလုပ်ခဲ့မှန်းမသိ ဘယ်မှာပါခဲ့မှန်းမသိဘဲ လူအထင်ကြီး ပြီးရော ရှောင်နေတယ်ဆိုသည့် မစ္စတာ
ရှောင်လင်များနှင့် တစ်တန်းတစ်စားတည်း ဖြစ်ကုန်မည်စိုးသဖြင့် ကျွန်တော်တို့ သူငယ်ချင်း တသိုက် မှာ တိုင်ပင်ဆွေးနွေးကြပြီး စက်တင်ဘာ ၂၅ ရက်နေ့ ( အာဏာသိမ်းပြီး တစ်ပတ်အကြာ ) တွင် အသီးသီး ကိုယ့်အိမ်ကိုယ် အလင်းဝင်ခဲ့ကြတော့သည် ။ ရန်ကုန် မြို့ထဲတွင်လည်း ခပ်တည်တည်ပင် ပေါ်ပေါ်ထင်ထင် ဗြောင်သွားလာလှုပ်ရှားပစ်လိုက် တော့၏ ။

       ထို့ကြောင့်ပင်ထင်သည် ။ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဘားလမ်းရှိ စပယ်ဦးပုံနှိပ်တိုက်တွင် ကျွန်တော် ၊ ကိုဌေး ( ဇင်ဝိုင်း ) ၊ မိုးကြီး ( မိုးဝင်း ) ၊ ကိုညီဝင်းစိန် ၊ ဦးအောင်မြင့်မြတ် ၊ ဦးတင်စိုးနှင့် ( မဆီမဆိုင် ပါလာရှာသော ) ( သစ်မွှေးရှမ်းခေါက်ဆွဲဆိုင်မှ ) ကိုအမိန်တို့ ခုနစ်ဦးသည် တပ်မ ၃၃ မှ စစ်ကားများဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတော့သတည်း ။

       ဤစာအုပ်ငယ်တွင် ကျွန်တော်တို့အား စတင်ဖမ်းဆီးသည့် အချိန်မှစ၍ ထိန်းသိမ်း ရာမှ လွတ်လာသည်အထိ တွေ့ကြုံခဲ့သမျှကို အရင်းတိုင်းဖောက်သည်ချထားပါသည်။ စာအုပ်အမည်နှင့် ပတ်သက်၍ အတန်ငယ်ပြောစရာရှိသည် ။ ကျွန်တော်တို့သည် စစ်အစိုးရ တက်လာပြီးသည့်နောက် ပထမဆုံး အဖမ်းခံရသော အနုပညာသမားများဖြစ်ခြင်း၊  ပုဒ်မ ၁၀ ( က ) ဖြင့် ပထမဆုံးအရေးယူခံရသူများဖြစ်ခြင်း မီးလောင်ပြီးစ အင်းစိန်ထောင်တွင်းသို့ ပထမဆုံးအပို့ခံရသော နိုင်ငံရေး အကျဉ်းသားများဖြစ်ခြင်း စသည့် အကြောင်းများတို့အပြင် ကျွန်တော်၏ ပင်ရင်း နဂိုမူလစိတ်မှာ အတန်ငယ်ကြွားဝါလို စိတ်ရှိခြင်းတို့ကြောင့် ဤစာအုပ်အမည်ကို “ ပထမ ” ဟု ကင်ပွန်း တပ်လိုက်ရခြင်းဖြစ်ပါ သည် ။ အကယ်၍ မကျေမလည် ဖြစ်သူများရှိပါက အတင်းပြောကြပါကုန်။

◾  ဇာဂနာ

.

Tuesday, April 7, 2020

လေရူးမလေး မိမိမော်

🍂🍂   လေရူးမလေး မိမိမော်

                 ◾ တေးရေး ကိုသန်းလှိုင်

       လေရူးမလေး မိမိမော်ရေ  ( မိမော် ) ရေ
 
      မင်းရဲ့အကြောင်း သတင်းကောင်းတွေ ကြားရလေမှ မျက်ရည် ပင်လယ်ေ၀

       တစ်ယောက် မှ တစ်ယောက်ပြောင်း ထောင်သောင်းမက  အသင်္ချေ အနန္တ ချစ်သူတွေ ရှာဖွေ အလှအပ ပစ္စည်းနဲ့ အခြေကြီးမှုအတွက် ဘ၀ကိုပင် အနစ်မွန်းခံ စွန့်လွှတ်ရန်အသင့်ပေ ဟင် ကြောက်စရာ အကြံကြီးပါဘိ ရွှေမင်းသမီး ဆန်လိုသူရေ မင်းအတွက်ကြောင့်ပဲ ရှိုက်ဖို ငိုကြွေး အသည်းများ ကြွေခဲ့သူတွေ မ်ားပဲ များပါပြီကော မိမော် မိမိမော်ရေ

       အောင်မြင်မှုတွေ ခံယူစဉ်တုန်းမတော့ အပြုံးများနှင့်လေ ရိုးသားသော နှလုံးသားတွေ သစ်ရွက်လိုပင် ချေချေမွှေ အတုံ့အလှည့် ၀ဋ်ကြွေးဆိုတာ ဘ၀တစ်ကွေ့မှာလေ တွေ့ကြုံ ဆုံရစမြဲပါမေ အချစ်ကြီးချစ်၍ အရှုံးကြီး ရှုံးကြသူတွေလို ရှိုက်ဖို ငိုကြွေး ဆွေးမပြေနိုင် အသည်းလည်း ကြွေရဦးမယ်လေ သည်အခါများမှာ မင်းအတွက် ဟားတိုက်ရယ်မောသံတွေ ပျံ၀ဲ သဲမဲစွာနေ လေရူးမလေး မိမိမော်ရေ ( မိမော် ) ရေ


  🎧     သန်ဖေလေး သီဆိုထားတဲ့ လေရူးမလေး မိမိမော် ရဲ့ တီးလုံး သီးသန့် လိုချင်ရင်တော့ အောက်က လင့်ခ် မှာ တင်ပေးထားပါတယ်...

https://yadi.sk/d/liZZPjmjaeZzxw

  🌿     သန်းဖေလေး ရဲ့  လေရူးမလေး မိမိမော်

https://yadi.sk/d/6dCuUVNWcf9IMQ

   🌿    လွှမ်းမိုး ရဲ့  လေရူးမလေး မိမိမော်

https://yadi.sk/d/2rWL7vu6PZoqBA

   🌿    စိန်မောင်မြင့် ရဲ့  လေရူးမလေး မိမိမော်

https://yadi.sk/d/8clMhGdrknVwtA

   🌿    မင်းအောင် ရဲ့  လေရူးမလေး မိမိမော်

https://yadi.sk/d/87AyGgq6_9JzKQ

 .

Monday, April 6, 2020

ထန်း


ထန်း

       သေရည်သေရက် သောက်စားမှုအကြောင်းမှာ ထန်းပင်အကြောင်း ၊ ထန်းရည်အကြောင်း၊ ထန်းလျက်အကြောင်းမပါရင် မပြည့်စုံပေဘူး။

       ထန်းပေါတဲ့အရပ်မှာ ပင်ကျရည်သောက်သူက အများသားကလား ။

       ကျေးရွာတွေမှာ အရင်က ထန်းရည်သောက်တာကို ရှက်စရာလို့ ယူဆ များတယ်။ ဒါကြောင့် ခပ်ဝှက်ဝှက်သောက်ကြတယ်။ အခုတော့ မြို့က အရက်
သောက်ကြသူတွေ တုပြီး ထန်းရည်သောက်သူတွေလည်း များလာတယ်။ ရှက်စရာ လို့ လည်း တယ်မထင်ကြတော့ဘူး။ အတင့်ရဲသထက်ရဲလာပြီ။ ရိုးအောင်လုပ်လာပြီ။

       ဒါ့ကြောင့် ထန်းရည်အကြောင်းနဲ့ ထန်းရည်သောက်လို့ ဖြစ်ကြ ပျက်ကြတဲ့ ဇာတ်လမ်းအမှန်တွေပါ ကျွန်တော် စုဆောင်းတင်ပြလိုက်ပါတယ်။

    နံနက် (၇) နာရီ၊ (၈) နာရီလောက် အပင်ပေါ်က ချထားတဲ့ မြူအိုးထဲက ထန်းရည်ကို ညနေ (၃) နာရီလောက်မှာ သောက်တယ်။ မြူအိုးဆိုတာက ဆီ ၁ ပိဿာ အစိတ် တစ်ပိဿာခွဲလောက်ဆံ့တဲ့ မြေအိုးပဲ။ ၂ ပိဿာခွဲလောက်ထိ ဝင်တဲ့ မြူအိုးလည်း တချို့ရွာတွေမှာ သုံးကြတယ်။

        ရွာတွေမှာ များသောအားဖြင့် (၃) ယောက်၊ (၄) ယောက် ဝိုင်းဖွဲ့ပြီး သောက်လေ့ရှိတယ်။ တစ်ယောက်တစ်ယောက် အနည်းဆုံး တစ်ဝက်ရည်သောက် ကြတယ်။ တစ်ဝက်ရည်ဆိုတာ အိုးနဲ့ တစ်ဝက်ပေါ့။ အဲဒီလောက်သောက်ရင် မူးတာပဲ။

       မနက်ပိုင်း အပင်ကချခါစ ထန်းရေကတော့ ချိုမြမြကလေးပါ။ ထန်းရေချို အစစ်ကြီးတော့မဟုတ်ဘူး။ မြူအိုးမှာ အရင်ကရှိနေတော့ အမြှုပ်တစီစီ တက်နေပြီ။ ဒါ့ကြောင့် ချိုမြမြကလေးရှိတယ်။ မသောက်ဖူးတဲ့ အူရိုင်းများ သောက်နိုင်တယ်။ ရဟန်းကြီးကြိုက်လို့လည်း ရှေးက ခေါ်ကြတယ်။

       ထန်းရည်က ဥ ​ြသ တွေ စအော်ကြ မြည်ကြတဲ့ တပို့တွဲကုန် တပေါင်း လဆန်းက စပေါ်တာပဲ။ “တပို့တွဲ ပေါက်လဲငုံကင်း ထန်းရည်နင်း၍” ဆိုတဲ့ စာဆိုအတိုင်း ထန်းရွက်များ နင်းချတယ်။ ထန်းနို့ ကလေးတွေစည်းပြီး ထန်းရည်ယိုဖို့ မျက်နှာဖွင့်ကြ၊ လှီးကြတယ်။ ထန်းဖိုပင်တွေမှာ အဲဒီလို စပြီး အလုပ်ဝင်ကြတာပေါ့။ ထန်းဖိုပင်တွေက ထန်းမပင်တွေလောက်ကြာကြာ ထန်းရည်မထွက်ဘူး။ ထန်းနို့ တံက တိုတဲ့အတွက် ကြာကြာအနှီးမခံလို့ လည်း တစ်ကြောင်းပဲ။ နောက်ပြီး ရာသီဥတုအနေနဲ့ ထန်းဖို ထန်းနို့ ကို လှီးပြီး ထန်းရည်ရအောင် လုပ်ရတဲ့အချိန်က ခြောက်သွေ့တဲ့ နွေရာသီလည်း ဖြစ်တယ်။ လေမမှန်တဲ့ရာသီလည်းဖြစ်တယ်။

       တောင်လေကလေးတိုက်နေရင် ထန်းရည် များများရတယ်။ တောင်လေဖြူးဖြူး မလာဘဲ မြောက်လေဖောက်ပြီး နေကလည်း ပူနေမယ်ဆိုရင် ယိုတဲ့ထန်းစက
ခြောက်သွားတယ်။ အဲဒီတော့ ၁၀ ချက်လှီးရမှာ ၁၅ ချက် ပိုလှီးရတယ်။ ထန်းဖို ပင်တွေ ထန်းရည်ယိုသက် တိုတာဟာ ဒါအကြောင်းတစ်ကြောင်းပဲ။
 
       ပြောခဲ့တဲ့အတိုင်း တပို့တွဲလကုန်လောက်ကစပြီး ထန်းစတာပဲ။ ထန်းနို့ ကိုစည်းပြီး မျက်နှာဖွင့်တာ၊ ထန်းပင်ကိုထွင်ပြီး လှီးဖို့ အသင့်ဖြစ်အောင် လုပ်တာ ကို နှေးတာလို့ ခေါ်တာပါ။
 
      “မျက်နှာဖွင့်ပြီးရင် အိုးဘယ်တော့တင်မှာလဲဟေ့” လို့ တစ်ယောက်ကမေးရင်

       “ဖိုနတ်တော့ တင်ပြီးပြီ၊ မနက်ဖြန်သဘက် အိုးတင်တော့မယ်” လို့ ပြန် ပြောတယ်။

       အန္တရာယ်ကင်းအောင်၊ ထန်းလျက်များများရအောင် ထန်းသမားများ ထန်းဖို နတ်တင်ကြတာ ထုံးစံပဲ။

       ထန်းတက်သမား တစ်ယောက်ဟာ တစ်နေ့ ထန်းဖိုအပင် ၁၅ ပင်က ၂၀ အထိ ထုံးစံအတိုင်း အတက်များပါတယ်။ ထန်းလျက်ချက်တာကတော့ များသော အားဖြင့် မိန်းမတွေပဲ။ ထင်းကတော့ ကုန်းထင်း ခပ်တုတ်တုတ် အသုံးများတယ်။ ထန်းရွက်တ်၂ ဆောင်တွဲလောက် ဆောက်ထားပြီး အဲဒီထဲမှာ ညအိပ်ညနေ ချက်ကြ တာလည်း ရှိတယ်။ ခွေးတွေ ကြက်တွေ မတက်နိုင်အောင် ရေအိုးစင်ကို လူ တစ်ရပ်လောက်မြင့်မြင့် လုပ်ထားလေ့ရှိတယ်။ ရာသီဥတုက ကောင်းမယ်၊ လေက မှန်မယ်ဆိုရင် ဒီထန်းဖိုပင်တွေက တစ်နေ့ တစ်နေ့ ၁၂ ပိဿာက ၁၅ ပိဿာ လောက်အထိ ရတယ်။ မိုးအေးပြီး တောင်လေတဖြူးဖြူးဆိုရင် ၁၇ ပိဿာထိတက်တယ် ။

       ထန်းလျက် ကောင်းမကောင်းကတော့ ထန်းသမား ထန်းလှီးတဲ့ဓားချက် နဲ့ ထန်းချက်တဲ့မိန်းမ သန့်သန့်ရှင်းရှင်း လုပ်တတ်ကိုင်တတ်ရှိတဲ့ပေါ်မှာ တည်တယ်။ ဓားချက်က မှန်ဖို့ လိုတယ်။ ထန်းနဲ့ ဓားချက် မကိုက်ရင် ထန်းရည်အထွက် နည်း တတ်တယ်။ ဒီအပင်က ဓားချက်၂ဝကြိုက်တယ်။ တခြားအပင်က ဒီလောက်များများ၊ လှီးဖို့ မလိုဘူး။ အဲဒီလိုရှိတယ်။ လူကြီးမိဘတွေက သူတို့ အတွေ့အကြုံအရ ပြော ထားတာတွေကို မှတ်သားပြီး လိုက်နာရတယ်။ မမှတ်တဲ့ထန်းသမား၊ မလိုက်နာတဲ့ ထန်းသမားဆိုရင် ထန်းရည်အရနည်းတာပဲ။ ချက်သူက ဒီဟာ မီးတော်လောက်ပြီ။ ချချိန်တော်ပြီဆိုတာတွေ သိဖို့ လိုတယ်။ သူမကျွမ်းကျင်ရင် ထန်းလျက်ကောင်း မရနိုင်ဘူး။ သူတို့ ၂ ဦးကောင်းလို့ ရတဲ့ထန်းလျက်ကတော့ ရာဝင်အိုး ၅ဝ ဝင်အိုး နဲ့ လှောင်ထားရာမှာ အခါလည် တစ်နှစ်ရှိသွားဦး တစ်လုံးပျော့မသွားဘူး။

       ဆရာတော်များကို ဖျော်ရည်ကပ်ချင်ရင်၊ ဆေးသမားများ ဆေးဖော်စပ် ချင်ရင် ဒီထန်းဖိုထန်းလျက်က ပိုကောင်းတယ်၊ ပိုပြီး ဆေးဘက်ဝင်တယ်လို့ အဆိုရှိပါတယ်။ ထန်းမ ထန်းလျက်ကတော့ ကြာကြာထားရင် ပျော့သွားရော။ စဉ့်အိုးထဲ ထည့်ထားပေမယ့် မရဘူး။ ဒါပေမဲ့ “ထန်းဖိုလက်ငုတ် ဖုန်စုတ်စုတ်” ဆိုတဲ့ စကားရှိတယ်။  နောက်ပိုင်း လက်ငုတ်ရောက်သွားတော့ ထန်းလျက်က မာမလာ ကြွပ်မလာတော့ဘူး။ မိုးရွာရင် ငိုချင်လာပြီ။ ပျော့လာတတ်တယ်။ ထန်းဖိုဦး ထန်းလျက်လောက် မကောင်းဘူး။ ထန်းဖိုဦးဆိုတာက မြူအိုးတင်ပြီး ၂၅ ရက်လောက်အတွင်းရတဲ့ ထန်းရည်ကိုချက်တဲ့ ထန်းလျက်ကို ဆိုတာပါ။

ထန်းမ

       ထန်းဖိုက ထန်းသီး မသီးဘူး၊ ထန်းမကမှ သီးတယ်။ ကဆုန်လကစပြီး တော်သလင်းလအထိ ထန်းမပင်တွေက ထန်းရည်ရနေတာပဲ။

       “တော်သလင်း တစ်ပုလင်း” ဆိုတဲ့ အချိန်မှ ထန်းတက် ရပ်ကြတော့တယ်။ တော်သလင်းလနောက် တက်ချင်သေးရင်သီးရင့်များကို ခတ်ပြီး ရိုက်ပြီး) ထန်းသွား အရင်းထိအောင် လှီးတတ်ရင် တန်ဆောင်မုန်းလအထိ ထန်းရည် ရနိုင်သေးတယ်။ ဒီနေရာမှာလည်း ပညာလိုပြန်တယ်။ ထန်းပင်ထန်းစ အခြေအနေကြည့်ပြီး ဘယ်နှချက် ခတ်ရမယ်ဆိုတာ သိဖို့ ပိုတယ်။ ထန်းတက်သမားလက်ထဲမှာ ဝါး လက်ကိုင်ကလေးနဲ့ သံတုံးကို ခွေထားတာကလေး ပါတယ်။ အဲဒါကလေးန. လိုမှာလောက် ထုတာကို ခတ်တာလို့ ခေါ်တာပဲ။

       ထန်းရည်မှာ ထနောင်းခေါက်၊ တည်ခေါက် ခတ်ပေးရတယ်။ မြူအိုးကို အပင်ပေါ်မှာ ဆွဲတော့မယ်ဆိုကတည်းက ထနောင်းခေါက်မှုန့် ဘယ်လောက် ထည့်ရမယ်၊ တည်ခေါက် ဘယ်လောက် ခတ်ရမယ်ဆိုတာ သူသိထားတဲ့အတိုင်း ၊ ထည့်တယ်။ ထန်းရည်က အဲဒီအခေါက်တွေ ထည့်ထားတဲ့ အိုးထဲ တစ်စက်စက် ကျတာ။ ဒီလိုမထည့်ရင် ချဉ်သွားရော။ ထန်းရည်မချဉ်အောင် ထိန်းတာပါပဲ။ ဒီလိုအခေါက်တွေ မထည့်ခင် အိုးတွေကို မျက်နှာချင်းအပ် စီသွားပြီး အလယ်မှာ ထန်းရွက်တွေကို ထန်းစစ်ဖတ်နဲ့ ရောအပ်ပြီး ထည့်သွားတယ်။ တောင်လေ မြောက်လေရှိတာမို့ အိုးတွေစီတဲ့အခါ အရှေ့ အနောက်မစီရဘူး၊ တောင်မြောက်ပဲ စီရတယ်။ တောင်ဘက်က မီးရှို့လိုက်တော့ မြောက်ဘက်ထိ လောင်သွားပြီး အိုးတွေ မီးဖုတ်ပြီးသား ဖြစ်သွားရော။ အဲဒီလိုလုပ်ပြီးတော့မှ ထနောင်းခေါက်နဲ့ တည်ခေါက် ခတ်တာပဲ။ ဆီးဖြူသီးလောက်၊ ခုံညင်းလောက် မှန်းဆခတ်ကြတာပဲ။

       ထန်းဖိုရည်ခံတဲ့ မြူအိုးတွေကိုလည်း ဒီလိုပဲ ဖုတ်တာပဲ။ ထန်းမရည် ခံတဲ့ မြူအိုးမှာတော့ တချို့အရပ်က ထုံးမှုန့်ထည့်လေ့ရှိတယ်။ အလယ်ပိုင်း နယုန်လပြည့် က ဝါဆိုလဆန်း ၁၀ ရက်လောက်အတွင်းမှာ ထန်းမပင်တွေက ထန်းရည်အထွက် သိပ်များလာတယ်။ ထန်းဖိုပင်တွေနဲ့ ပင်ရေအတူတူဖြစ်ပေမယ့် ထန်းလျက်ပိဿာ ၂ဝ က ၂၅ ပိဿာအထိထွက်တယ်။ ထန်းလျက်လုံးတဲ့မိန်းမကလည်း အလုံးသေးသေး တွေ မလုံးနိုင်တော့ဘူး။ တစ်ပိဿာ တစ်ပိဿာအစိတ်လောက်ရှိတဲ့ အလုံးကြီး တွေသာ လုံးနိုင်တော့တယ်။

       ထန်းဖိုလက်ငုတ်က ထန်းလျက်ဖျင်းတွေနဲ့ အဲဒီထန်းမပင်ကရတဲ့ ထန်း လျက်လုံးကြီးတွေကို ရောပြီးလှောင်ဖို့ စီစဉ်ကြရတယ်။ ဒီတော့ မြင်ဝါးကို ဂွေကြီး တွေရက်ပြီး မြေနီတွေ သရွတ်ကျဲတယ်။ အဲဒီဂွေ
ကြီးတွေထဲမှာ ဖွဲနုတစ်မိုက်လောက် ခံလိုက်တယ်။ သဘောကတော့ ထန်းလျက်အရည် ယိုမထွက်အောင် လုပ်တာပဲ။ မိုးရွာတော့ ထန်းလျက်လုံးကြီးတွေ အရည်ဖြစ်လာတဲ့အခါ ယိုမကျအောင် တား ထားတာပဲ။ ယက်တဲ့ငွေကလည်း ကောင်းမယ်၊ မြေနီသရွတ်ကလည်း ကောင်းမယ်။ ဖွဲနုကလည်း ထူမယ်ဆိုရင် အလျော့သက်သာတယ်လေ။

       ယေဘုယျအားဖြင့် ၁၅ နှစ်က နှစ် ၂၀ တွင်း ထန်းပင်သက်ရှိတဲ့ အပင်တွေ  ဟာ ထန်းရည် အထွက်ဆုံးပဲ။ အရွယ်အကောင်းဆုံးပဲ။ တက်ရတာလည်း ၁၅
တောင်၊ အတောင် ၂၀ လောက်ရှိတယ်။ သူ့အသက်နဲ့ သူ့အရပ်၊ သူ့ အတောင်  သဘောမျိုးပဲ။ နှစ် ၃၀၊ ၃၅ နှစ်ရွယ်တွေကတော့ အတောင် ၃၀၊ ၃၅ ထိ ကုန်ပြီ။ အဲဒီအပင်ကြီးတွေက ပင်ပျိုတွေလောက် ထန်းရည်မထွက်တော့ဘူး။      ထန်းရည်ဟာ ရေခံမြေခံ အင်မတန်လိုက်တယ်။ မြေနုကျွန်းပေါ်မှာ ထန်းပင်တွေ၊ မူးကမ်း၊ မြစ်ကမ်း၊ အင်းနား၊ အိုင်နားမှာပေါက်တဲ့ ထန်းပင်တွေက ထန်းရည်အရများပါရဲ့၊ သဲတော ကျောက်ကုန်းမှာ ပေါက်တဲ့ထန်းပင်တွေက ထန်းရည်လောက် ထန်းလျက်မထွက်ဘူး။ တစ်မြူတစ်မြူချင်းတူပေမယ့် ထန်းလျက် ထွက်ရာမှာ သဲတော ကျောက်ကုန်းက ထန်းရည်က ထန်းလျက် ပိုထွက်တယ်။ ပိုလည်း ကောင်းတယ်။ အခါးဖောက်ပြီး သောက်တော့လည်း မတူဘူး။ သဲတော ထန်းရည်က ပထမ၊ ကျောက်ကုန်းက ဒုတိယ၊ အင်းနားအိုင်နားမှာပေါက်တဲ့ ထန်းပင်က ထန်းရည်က တတိယလိုက်တယ်။ သဲတောလည်း ဖြစ်မယ်၊ ဆပ်ပြာ မြေလည်းဆန်မယ်ဆိုရင်တော့ အဲဒီထန်းပင်က ထန်းရည်ဟာ အင်မတန်ပြင်းတယ်။ “လဲဆိုကွာ သဲတောထန်းရည် သောက်လာတာကိုး” ဆိုတဲ့ ထန်းရည်သမား စကားရှိတယ်။ သဲက ထန်းရည် ပြင်းတဲ့အကြောင်း ပေါ်လွင်စေတဲ့စကားပဲ။ သဲတောက ထန်းရည်ကို ပမာမခန့် အရမ်းသောက်လို့ လှည်းနဲ့ တင်ရ၊ လူထမ်း ယူခဲ့ရတာတွေ မနည်းဘူး။

       စစ်ကိုင်းမြို့နယ် ဆားတောင်နဲ့ မကျည်းဖြူကြား၊ ဆားတောင်နဲ့ ၂ မိုင် လောက် ဝေးတဲ့နေရာမှာ ဆပ်ပြာမြေ၊ ကျောက်ကုန်း၊ သဲ ၃ လွန်းတင် မြေပေါ် မှာ ပေါက်တဲ့ ထန်းတောတစ်တောရှိတယ်။ သူကြီး ဦးဖေခန့် ရဲ့ ထန်းတောပေါ့။ အဲဒီက ထန်းရည်ကတော့ ၂ ခွက်လောက် သောက်လိုက်ရင် ထိပြီ၊ မူးပြီ အင်မတန် ပြင်းတယ်။

       စောစောက တင်ပြခဲ့တဲ့ ဂွေကြီးတွေနဲ့ လှောင်တဲ့ ထန်းလျက်ခဲကြီးတွေရဲ့ ငါးပုံတစ်ပုံလောက်ကတော့ မြန်မာမုန့် အမျိုးမျိုး လုပ်တဲ့နေရာကို ရောက်တယ်။ ၄ ပုံကတော့ ချွေးထုတ်တဲ့နေရာမှာ သုံးတယ်။ အရက်ချက်တဲ့ နေရာမှာပေါ့။

       အင်းနား အိုင်နား ချောင်းနားက နုန်းတွေမှာ ပေါက်တဲ့အပင်တွေဟာ ထန်းရည် ထန်းလျက် ဖျင်းပေမယ့် ထန်းရွက် ထန်းလျှော်များကတော့ အဲဒီအပင် တွေကမှ ကောင်းကောင်းထွက်တာ။ ခြကိုက်၊ ပိုးကိုက် နည်းတယ်။ သဲတောတို့၊
ကျောက်ကုန်းတို့က ထန်းရွက် ထန်းလျှော်တွေက ပိုးကိုက် ခြကိုက် များတယ်။ လှလည်းမလှဘူး။

       ထန်းခေါက်တောင်း ထန်းခေါက်ဖာတွေ လျှော်ဖျာတွေ ရက်ရာမှာ ထန်းရွက် ထန်းလျှော်ဟာ အင်မတန် စကားပြောတယ်။ နုန်းမြေတွေမှာပေါက်တဲ့ ထန်းပင် ပျိုတွေက အရွက်တွေဟာ ရှည်လည်းရှည်တယ်၊ ကြမ်းလည်းမကြမ်းဘူး၊ ကိုင်လို့ တွယ်လို့ ကောင်းတယ်။ ဒါ့ကြောင့် လျှော်ဖျာ ရက်ကြတာပဲ။ သင်ဖြူး မဝယ်နိုင်တဲ့ လူများက ထန်းလျှာဖျာပဲ ဝယ်ကြတယ်။ နွေရာသီရောက်ရင် ထန်းရွက်တဲ (ထန်းခလက်တဲ) ထဲမှာ ထန်းဘလပ်ကပ်တင်ပြီး လျှော်ခွာပစ်ပြီး ရက်ထားတဲ့ကပ်)၊ အဲဒီပေါ်မှာ ထန်းလျှော်ဖျာ ခင်းအိပ်ရင် အားကြီးအိပ်လို့ကောင်းတယ်။ အိပ်ရင် အေးတယ်။ ရှေးလူကြီးတွေ အင်မတန်ကြိုက်ကြတဲ့ နွေရာသီအိပ်ရာပေါ့။ မြင်းမူ မြို့နယ် နဘဲကျေးရွာဟာ ထန်းလျော်ဖျာ ကောင်းကောင်းထွက်တဲ့ရွာပဲ။ ဗန်းမော် ဆရာတော်ကိုယ်တိုင် ထန်းဘလက်တဲနဲ့ ကပ်ကို အင်မတန်နှစ်သက်တယ်လို့
ဆိုပါတယ်။

       မြေနုတဲ့နေရာမှာ ပေါက်တဲ့ ထန်းပင်က ထန်းသီးဟာ အလုံးချောတယ်။ အသားလည်းပိုပြည့် ပိုအရေရွမ်းတယ်။ ထန်းရည်လည်း ပိုထွက်တယ်။ ထန်းမြစ်မှာ လည်း ပိုချောတယ်။ ဒါပေမဲ့ ဟိုဟာတွေလို မစေးဘူး။ တစ်နယ်မြေက ထန်းမြစ် ဟာ အစေးဆုံးပဲ။

လူထု ဦးလှ

အရက်သမား အမှားတစ်ထောင်

Wednesday, January 29, 2020

ကောင်းတာကြီးတွေကို မြင်အောင် ကြည့်တတ်ရမ တဲ့


ကောင်းတာကြီး‌တွေကို
မြင်တတ်‌အောင် ကြည့်ရမတဲ့
🅺 🅾 🅰 🆄 🅽 🅶 🅽 🅰 🅸 🅽 🅶 🅾 🅾

         “ ဟင် ဦး ဝယ်လာတဲ့ သရက်သီးကလဲ အနာကြီးနဲ့ ”

         “ ဟုတ်ပါ့ ‌မောင့်သရက်သီးကြီးကလဲ အနာကြီးနဲ့ ”

         ၂၀၀၅ ခုနှစ် ‌မေလ ၁၅ ရက်‌နေ့ မနက် ။

         ကျွန်‌တော် ‌မောင်ချမ်းသာ ‌ဈေးက‌လေးက သရက်သီး သုံးလုံးဝယ်လာတဲ့ အထဲမှာ အကြီးဆုံး လှလှကြီး တစ်လုံးမှာ ငရုတ်‌ကောင်း‌စေ့‌လောက် အနာက‌လေး ပါလာသဗျာ့ ။

         အဲဒါ‌လေးကို ကြည့်ပြိး တပည့်မ‌လေး နှင့် ကျွန်‌တော့် ဇနီးတို့က အပြစ်‌ပြောကြတာ ခင်ဗျာ့ ။

         မဖြစ်စ‌လောက်က‌လေးပါဗျာ ။ လှီးထုတ်ပစ်လိုက်ရင် အသားနည်းနည်းက‌လေး ပဲ့ပါသွားမှာ ‌လေးပါဗျာ ။

*****     ***** *****

         “ အဲဒါ လူ့သ‌ဘော‌ပေါ့ ‌ကောင်ရ ”

         သည်အ‌ကြောင်းကို ကျွန်‌တော်က တရုတ်ကြီး ဦးဟုတ်လျန် ( အသက် ၈ဝ ‌ကျော် ) ကို ပြန်‌ပြောပြ‌တော့  .... ဦးဟုတ်လန်ရဲ့ ‌ကောက်ချက် ခင်ဗျာ့ ။

         “ ‌ဟေ့‌ကောင် ငချမ်း မင်း မချမ်းသာချင်ဘူးလား ၊ သူ‌ဌေး မဖြစ်ချင်ဘူးလား ”

         “ အမယ်‌လေး ဘယ်လို ‌ပြောလိုက်ပါလိမ့် ဟုတ်ကြီးရယ် ၊ ချမ်းသာချင်လွန်းလို့ နာမည်ကို‌တောင် ‌မောင်ချမ်းသာလို့ မှည့်ထားတာပါဗျာ ”

         “ ‌အေး အဲသလိုဆို အညံ့ဘက် နင်းကန် အာရုံစိုက် မကြည့်ဘဲ အ‌ကောင်းဘက်ကို ဦးစား‌ပေးပြီး ကြည့်ကွ ”

         “ ကျွန်‌တော် နားမရှင်း‌သေးဘူးဗျာ ”

         “ ဟာကွာ မင်းကလဲ လည်‌တော့မလိုလိုနဲ့ ညံ့လိုက်တာ ”

         “ ဥပမာကွာ မင်း ‌မြေပဲဆား‌လှော်မှာ သုံးဖို့ ‌မြေပဲဆန်ဝယ်တယ် ဆိုပါစို့ ”

         “ အဲဒီ ပဲဆန်‌တွေဟာ တစ်ညီထဲ ရနိုင်ရဲ့လား ”

         “ မရဘူး ဟုတ်ကြီး စက်နဲ့ ပုံသွင်းထားတာမှ မဟုတ်တာ ”

         “ ပဲဆန်‌တွေမှာ အညှပ်ဆန်က‌လေး‌တွေ မှဲ့‌ပြောက်စွန်း‌နေတာက‌လေး‌တွေ စမ်း‌စေ့က‌လေး‌တွေ  မပါဘူးလား ”

         “ ပါတာ‌ပေါ့ ဟုတ်ကြီး ၊ တစ်ခါတ‌လေ ပဲဆန်အ‌ဟောင်း နီ‌ကြောင်‌ကြောင်‌တွေ‌တောင် ပါလာတတ်‌သေး ”

         “ မင်း အဲဒါ‌တွေ ‌ရှောင်‌နေမယ် ဆိုရင် ပဲဆန်ဝယ်လို့ ရပါဦးမလား ”

         “ မရနိုင်ဘူး ၊ မလွှဲသာ မ‌ရှောင်သာ ယူသင့်တဲ့အခါ ယူလိုက်ရတာပဲ ”

         “ ဒါပဲ‌ပေါ့ကွ ၊ အမှန်က‌တော့ကွာ ဒါ‌လေး‌တွေက မဖြစ်စ‌လောက်က‌လေးပါ ၊ ‌ရွေးထုတ်လိုက်ရင် ဘယ်‌လောက်မှ ထွက်မလာပါဘူး ”

         “ ဒါ‌ပေမယ့် များစွာ‌သော လူတို့က အပြစ်ကို အရင်ကြည့် အနာကိုအရင် ရှာတတ်ကြတယ်ကွ ၊ လူ့ဓမ္မတာ ”

         “ တချို့က အဲဒါ‌လေး‌တွေကို ‌ဇောင်း‌ပေး မှန်ဘီလူးနဲ့ အတင်းဖြဲကြည့်ပြီး ပုံကြီးချဲ့တတ်ကြတယ်ကွ ”

         “ မှန်လိုက်‌လေ ဟုတ်ကြီးရယ် ”

         “ ‌အေး အဲဒါပဲ ”

         “ စီးပွါးရှာတဲ့အခါ လုပ်ငန်းတစ်ခုခု လုပ်တဲ့အခါ လူ‌တွေနဲ့ ဆက်ဆံတဲ့အခါ အပြစ်အနာကို ‌ဘေးချိတ်ပြီး အ‌ကောင်းဘက်ကို အဓိက အာရုံစိုက်မယ် ဆိုရင် မင်းလုပ်ငန်း ‌အောင်မြင်ပြီး မင်းသူ‌ဌေးဖြစ်ပြီသာ မှတ်‌ပေ‌တော့ ”

         ဟုတ်ကြီး ဟုတ်ကြီး ၊ ဒါ‌ကြောင့်လည်း သူ‌ဌေးကြီး ဖြစ်‌နေတာပဲ ။

         ကျွန်‌တော့်လုပ်ငန်းပြန်ကြည့်လိုက်‌တော့ ...  ။

         ကျွန်‌တော့်လုပ်ငန်း ‌နောက်‌ကြောင်း ပြန်ကြည့်လိုက်‌တော့ ... ။

         ‌မြေပဲဆန်ထဲမှာ အ‌အောက်‌စေ့က‌လေး‌တွေ ပါလည်း ယူရတာပဲ ခင်ဗျာ့ ။

         ‌ပေါက်ပြဲ‌နေတဲ့ ဆားအိတ်‌တွေ ‌ရောပါလာလည်း ယူရတာပဲ ခင်ဗျာ့ ။

         ( ဝယ်သူက တမင် ညစ်ပြီး ) ကျပ်တန်‌တွေ ထိုး‌ပေးလည်း ယူရတာပဲ ခင်ဗျာ ။ ‌ငွေစက္ကူ အနွမ်းအစုတ်‌တွေ ညှပ်ထည့်‌ပေးလည်း ယူရတာပဲ ခင်ဗျာ့ ။

         ငါးဆယ်ကျပ်တန် ‌မြေပဲဆား‌လှော်က‌လေး တစ်ထုပ် ဝယ်ပြီး တ်စ‌ထောင်တန် ပိုက်ဆံ အပြဲကြီး ထိုး‌ပေးလည်း ယူရတာပဲ ခင်ဗျာ့ ။

         အဲဒါက‌လေး‌တွေကိုသာ ဇာချဲ့ပြီး အ‌ကြောက်အကန် ငြင်းဆန်‌နေမယ်ဆိုရင်‌တော့ ဘာမျှ လုပ်စားလို့ ရမှာ မဟုတ်‌တော့ပါ ။

         ကျွန်‌တော့် ‌မြေပဲ ဆား‌လှော်က‌လေးဟာ ၁၆ နှစ် ‌ကျော်လို့ ၁၇ နှစ်ထဲ ‌ရောက်လာပါပြီ ။ လူသာဆို လူပျို‌ပေါက်က‌လေး‌ပေါ့ ။

         ၁၇ နှစ် သား‌လေးဟာ ကြွကြွရွရွ ‌တောက်‌တောက်ပပ က‌လေး ဖြစ်‌နေပါပြီ ။

         အဲဒါဟာ အပြစ်အနာကို ‌ခေါင်းထဲ သိပ်မထည့်ပဲ ‌ကောင်းကွက်ကြီး‌တွေ ‌ကောင်းတာကြီး‌တွေကို အာရုံစိုက်မိလို့ ဖြစ်‌ပေါ်လာတဲ့ ရလဒ်ပါ ခင်ဗျာ ။

         တရုတ်အဘိုးကြီး ဟုတ်ကြီးရဲ့ စကား‌တွေ မှန်လိုက်‌လေဗျာ ။

         ဟုတ်ကြီးက ချုပ်ပြီး‌ပြောတယ် ။

         “ ‌ကောင်းတာကြီး‌တွေကို မြင်တတ်‌အောင် ကြည့်ဟ ‌ကောင်ရ ” တဲ့ ။

မောင်ချမ်းသာ

ကုမုဒြာ ဂျာနယ်  ၊  ၁ ဇူလိုင်လ ၂၀၀၅

https://koaungnaingoo.blogspot.com

Saturday, November 2, 2019

နှလုံးသား တံတား

💚💚💚   နှလုံးသား တံတား

◾ တေးရေး   ဂီတစာဆို စိန်မောင်မြင့်

         ( ချစ်ဧည့်သည် ချစ်ဧည့်သည်ဗျို့ ရွာနဲ့မောင့်ကို စွန့်ခွါပြီး မြို့ကြီးကိုတဲ့ ပြန်တော့မယ်ဆို ပြန်တော့မယ်ဆို နှလုံးသားမြေမှာ တံတားခင်းပေးခဲ့မယ် နင်းသွားတော့ပျို )

         ဘုရားတွေစုံအောင် လိုက်ပို့ရင်း လယ်ကန်သင်းတွေ ကျော်ဖြတ်ပါလို့ လှည်းကလေးပေါ်မှာ အတူယှဉ်တွဲ ချစ်ပွဲ၀င်ခဲ့ မေ့ပြီလားပျို  ဘုရားအိုကျောင်းပျက် စေတီအထို ကျောက်ချီမတာတွေ အပို အလွမ်းရင်တစ်ခို ကျွမ်းဘ၀င်ဖို အသည်းမချိ ဝေဒနာ ခံစားချက်တွေ ရင်ပွင့်မတတ် ကွဲအက်လို့ပြို အသည်းမှာငို ငုံးဆူ လူသိမှာ စိုးသလို  ငိုသာငို အပူမိတာမျိုးလို ဒွေးမယ်နော် ငွေတောင်ပြည်ပြန်တော့ သုဓနု မင်းသားထက် တို့အဖြစ် ရှစ်ဆပို ရန်ကုန်သူ ပျိုဖြူထွား တို့နှလုံးသား နှုတ်ယူသွားသကို

◾   ဟင်္သာတ ထွန်းရင် ရဲ့  နှလုံးသား တံတား

https://is.gd/ImbdiY

◾ အနိုင် ရဲ့နှလုံးသား တံတား

https://is.gd/Eg2NQm

◾  အောင်သူ ရဲ့နှလုံးသား တံတား

https://is.gd/qDgN24

◾  ပိုးအိစံ ရဲ့နှလုံးသား တံတား

https://is.gd/ky2KDy

 🎻   ဟင်္သာတထွန်းရင် သီချင်း ရဲ့ တီးလုံးသီးသန့်

https://is.gd/lQ5nOk

  🎻  အနိုင်သီချင်းရဲ့တီးလုံးသီးသန့်  

https://is.gd/AXWLub

https://koaungnaingoo.blogspot.com

🅼🆈🅰🅽🅼🅰🆁 🆄🅽🅸🅲🅾🅳🅴

  💚💚💚   နှလုံးသား တံတား

◾ တေးရေး   ဂီတစာဆို စိန်မောင်မြင့်

         ( ချစ်ဧည့်သည် ချစ်ဧည့်သည်ဗျို့ ရွာနဲ့မောင့်ကို စွန့်ခွါပြီး မြို့ကြီးကိုတဲ့ ပြန်တော့မယ်ဆို ပြန်တော့မယ်ဆို နှလုံးသားမြေမှာ တံတားခင်းပေးခဲ့မယ် နင်းသွားတော့ပျို )

         ဘုရားတွေစုံအောင် လိုက်ပို့ရင်း လယ်ကန်သင်းတွေ ကျော်ဖြတ်ပါလို့ လှည်းကလေးပေါ်မှာ အတူယှဉ်တွဲ ချစ်ပွဲဝင်ခဲ့ မေ့ပြီလားပျို  ဘုရားအိုကျောင်းပျက် စေတီအထို ကျောက်ချီမတာတွေ အပို အလွမ်းရင်တစ်ခို ကျွမ်းဘဝင်ဖို အသည်းမချိ ဝေဒနာ ခံစားချက်တွေ ရင်ပွင့်မတတ် ကွဲအက်လို့ပြို အသည်းမှာငို ငုံးဆူ လူသိမှာ စိုးသလို  ငိုသာငို အပူမိတာမျိုးလို ဒွေးမယ်နော် ငွေတောင်ပြည်ပြန်တော့ သုဓနု မင်းသားထက် တို့အဖြစ် ရှစ်ဆပို ရန်ကုန်သူ ပျိုဖြူထွား တို့နှလုံးသား နှုတ်ယူသွားသကို

◾   ဟင်္သာတ ထွန်းရင် ရဲ့  နှလုံးသား တံတား

https://is.gd/ImbdiY

◾ အနိုင် ရဲ့နှလုံးသား တံတား

https://is.gd/Eg2NQm

◾  အောင်သူ ရဲ့နှလုံးသား တံတား

https://is.gd/qDgN24

◾  ပိုးအိစံ ရဲ့နှလုံးသား တံတား

https://is.gd/ky2KDy

 🎻   ဟင်္သာတထွန်းရင် သီချင်း ရဲ့ တီးလုံးသီးသန့်

https://is.gd/lQ5nOk

  🎻  အနိုင်သီချင်းရဲ့တီးလုံးသီးသန့်  

https://is.gd/AXWLub

Monday, October 7, 2019

နောင်အင်းလေး ကို အလည်လာ


    နောင်အင်းလေးကို အလယ္လာ



   မြင့်မြင့်ခင်



https://yadi.sk/d/me0gn0S2WDgMgg



   နွဲ့ယဉ်ဝင်း



https://yadi.sk/d/Ohh9OnMRLDOyCw



   မေဆွိ



https://yadi.sk/d/JJLUCzywaEXqmw



   စိုးစန္ဒာထွန်း



https://yadi.sk/d/I2PaY10beqdElw



   ပိုးအိစံ



https://yadi.sk/d/AuWwEVvyGFjUdw



    တီးလုံးသီးသန့် ( စိုးစန္ဒာထွန်း )



https://yadi.sk/d/f5o2LUEYmx0z7g



    နောင်အင်းလေးကို အလယ္လာ



တေးရေး ဟင်္သာတ မြင့်ငွေ



         ငွေသင်ဖြူးလေး ခင်းထားသလို သတင်းစကား ဆိုလောက်တယ် လှေလှော်ကာ တိမ်ကလေးတွေ အတောက်မယ် ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်တယ် အမှောင်ဆိုင်းတဲ့ အလွမ်းပန်းချီနှယ် တောင်ပိုင်းရဲ့ ရှမ်းပြည်နယ် မှန်းဆ အတွေးေ၀နှော ရှမ်းမလေးတွေလဲ ချောပါတယ် သတင်းမွှေးတဲ့ အင်းလေးကန်သာ၀ယ်

         သွေးရင်းသားရင်း ညီနောင်ဖွား ဖောင်တော်ဦး ဘုရားကို ရောက်အောင်သွား အင်းသူ အင်းသား နှလုံးသားဖြူပါတယ် လှေကလေးနဲ့ ကြိုကာရယ် ဆွေအပြေးဖွဲ့လိုပါတယ် ရှမ်းအိုးစည်သံလေးတွေလဲ ကြားမယ်ကွယ် မြေပြန့်က ဗမာအကိုရယ် ခြေဆန့်လို့ လာရင်ကွယ် နောင်အင်းလေးကို လာဖို့ ဖိတ်ခေါ်မယ်





     နောင်အင်းလေးကို အလယ္လာ



တေးရေး ဟင်္သာတ မြင့်ငွေ



         ငွေသင်ဖြူးလေး ခင်းထားသလို သတင်းစကား ဆိုလောက်တယ် လှေလှော်ကာ တိမ်ကလေးတွေ အတောက်မယ် ရေပေါ်မှာ အိမ်ကလေးတွေ ဆောက်တယ် အမှောင်ဆိုင်းတဲ့ အလွမ်းပန်းချီနှယ် တောင်ပိုင်းရဲ့ ရှမ်းပြည်နယ် မှန်းဆ အတွေးေ၀နှော ရှမ်းမလေးတွေလဲ ချောပါတယ် သတင်းမွှေးတဲ့ အင်းလေးကန်သာ၀ယ်

         သွေးရင်းသားရင်း ညီနောင်ဖွား ဖောင်တော်ဦး ဘုရားကို ရောက်အောင်သွား အင်းသူ အင်းသား နှလုံးသားဖြူပါတယ် လှေကလေးနဲ့ ကြိုကာရယ် ဆွေအပြေးဖွဲ့လိုပါတယ် ရှမ်းအိုးစည်သံလေးတွေလဲ ကြားမယ်ကွယ် မြေပြန့်က ဗမာအကိုရယ် ခြေဆန့်လို့ လာရင်ကွယ် နောင်အင်းလေးကို လာဖို့ ဖိတ်ခေါ်မယ်