Showing posts with label တီးလုံးသီးသန့်. Show all posts
Showing posts with label တီးလုံးသီးသန့်. Show all posts

Wednesday, February 19, 2025

အစိန္တေယျ ( တီးလုံးသီးသန့် )

 

❝ အစိန္တေယျ ❞

( တီးလုံးသီးသန့် )


တေးရေး •• မုံရွာ ဦးလေးခန့်

တေးဆို   •• ဌေးဌေးမြင့်


        အစိန္တေယျ အပ္ပမေယျ အနန္တစကြာသတ္တ 

အတုမရှိသော ကျေးဇူးဂုဏ်တော်

အပေါင်းတည်ရာ ဖြစ်တော်မူသော

အရှင်ဝိပသီမြတ်စွာ ဘုရားကိုယ်တော်


        ဘုန်းတော် အနန္တ ကံတော် အနန္တ

ဉာဏ်တော် အနန္တ စကြဝဠာ ကမ္ဘာမိုးမြေ 

ဖြန့်ဖြန့်ကျိုးမျှ တန်ခိုးတော် အနန္တ နဲ့ ပြည့်စုံတော်မူသော

အရှင်သိခီမြတ်စွာ ဘုရားကိုယ်တော်


        လောကီမာန်ချိုင် နှောတိဉာဏ်ပိုင်

ပေါပြည့် လျှံကြိုင် လျှံကြိုင် ဗောဓိမဏ္ဍိုင်

ခန်းဝါပိုင် ငါးခိုင်မာန်မျိုး နှိမ်ပယ်ချိုးလို့

တန်ခိုးတော်သခင် 

အရှင်ဝိပသူ မြတ်စွာဘုရားကိုယ်တော်


         သီလာမြေထု မေယုသမ္မင်္တိံ ဝရဇိန်ပညာ

ထူးချွန်လွန်ကဲ သိမ်မွေ့နက်နဲ ခက်ခဲလှစွာ

တရားဒေသနာသခင် ဖြစ်တော်မူသော

အရှင်ကောက္ကုဿန်  မြတ်စွာဘုရားကိုယ်တော်


        သုံးလူ့ရှင်ပင် ကျွန်းထိပ်တင်

သောင်းခွင် စကြစဠာ နတ်ဗြဟ္မာတို့

ရှိခိုးကော်ရော် ဖူးမြော်ပါရ

အရှင် ကောဏဂုံ မြတ်စွာဘုရားကိုယ်တော်

 

          ဘဝသုံးပါး ဟုန်းဟုန်းသွားတဲ့

ရထားသံသရာ ယာဉ်စကြာ ဆိုတာ 

ဘယ်လိုဘယ်သို့ ဟောဖော်မြွက်

ဓမ္မစက်သခင် ဖြစ်တော်မူသော 

အရှင်ကဿပ မြတ်စွာဘုရားကိုယ်တော်


         သမ္ဘာလျှံကြိုင် ကမ္ဘာမဏ္ဍိုင် မြရောင်လှိုင်

ခန့်ခိုင်ထင်ရှား ဖြစ်တော်မူသော

အရှင် ဂေါတမ မြတ်စွာဘုရားကိုယ်တော်

           

     ( ဤ ခုနစ်ဆူကုန်သော 

မြတ်ဘုရားကိုယ်တော်အပေါင်းတို့သည်

ဤ မင်္ဂလာမဏ္ဍပ် ကျောင်းတော်အမှတ်ဖြင့်သာလျှင် ရွှေဖဝါး ရတနာ စကြာချလှမ်း ကြွမြန်းစံကြပါကုန်ဘုရား )

Saturday, December 5, 2020

အချစ်ကို ဘယ်လို ‌ေြပာရမယ်

 
   ❝  အချစ်ကို ဘယ်လိုပြောရမယ် ❞ 


တေးရေး   သောင်းတင်ဌေး


      မြစ်ယမုံခြား သေလာရိုးမ ဆီးရံခစေ မုန်တိုင်းရယ်ထန် အဆန်ခရီး တက် မစုံ ရွက် မပါ မင်းရှိရာ အလာဝယ် နေပူကြဲတာကြုံတယ် မိုးက သည်းလာ တစ်ဖုံကွယ် နှင်းဖွဲတွေကျ ဒီကာလကို မေ့ပြီလားကွယ် မောင်ရှာပေးလာဖူးတဲ့ ပန်းသဇင်တွေ နှင်းတွေ အပြေးကြားမယ် အတွေးမှားကာ ချစ်နေသူရယ် ‌ဪ မေ့လွယ် မုန်းလွယ် ခက်လိုက်တာ မေ့အပြုံးရယ်က မောင်ဘယ်လို မုန်းနိုင်ပါ့မယ်ကွယ်

      ခုတော့ ခုတော့ မြကြိုးခက် လှမျိုးယှက်ကာ စိမ်းနေသူရယ် မြရွက် မြရိုးသဖွယ် မင်းဘာကြောင့်စိမ်း ယိမ်းညွှတ်စေချင်သော်လည်း စိမ်းကားသူက မြပဝါကိုခြုံ မိုးအဆုံးမြေအဆုံး ရှောင်ခွါပုန်းတော့ကွယ် ရှာလေ ဝေးပြီအချစ်ရယ် ဖွေရှာသူ မောပြီမို့ ကိုယ့်ချစ်သူ ဘယ်မှာရှိတယ် တိုင်တည်ပါရစေ နော်ကွယ် ဖိုးရွှေလမင်းရယ် ဆန်ဖွတ်ရင်း သတင်းပေးပါလားကွယ်

      မိုးမြေရေလှိုင်း ပန်းတိုင်း သက်သေထားပါ့မယ် ကြယ်လစုံသော ညဉ့်လွှာရုံဝယ် ချစ်သူလာမယ့် လမ်းက ပန်းတွေကြဲ အမြဲမျှော်နေမယ် တစ်လောကလုံး မုန်းချင် မုန်းပါစေကွယ် ချစ်တဲ့သူ ပြုံးနေသမျှ မောင့်ဘ၀ ကျေနပ်နေပါ့မယ် ဒါတွေ ညည်းညှာ မယုံရင် ကြယ်စုံရံခ ဖိုးရွှေလကို မေးပါ အချစ်ဦးရယ်

      ( ကြယ်တွေလတွေ ခွန်းဆက်ရတာ နှမြောမိတယ် ရေစက်ရယ်ကြုံ ဘဝရယ် ဖီလာသွား အများနဲ့ ကိုယ့်မှာမတူတယ် လွမ်းမျိုးမေတ္တာ ကုဋေ ကုဋာကြွယ် ကြယ်ရောင်မဖြာ ဪ သော်တာ မလှပြန်တော့ တိမ်မဲညို ကိုလူဆိုး စိုးမိုးတဲ့ ညအမှောင်မှာကွယ် သည်လို ညခင်းမျိုးမယ် လမင်းကြီး ခရီးလွန်နေပြီကွယ် အချစ်ကို ဘယ်လိုပြောရမယ် အချစ်ကို ဘယ်လိုပြောရမယ် )


°°°°°   °°°°°°   °°°°°°  °°°°°°


۝ တီးလုံး သီးသန့်


ဟင်္သာတထွန်းရင် သီဆိုထားတဲ့ 

အချစ်ကို ဘယ်လိုပြောရမယ် သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/qqv5xXuVkKBWCQ


စိုးစန္ဒာထွန်း သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ် သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/tkc9nsrTLDxjWw


°°°°°°  °°°°°°°  °°°°°°°  °°°°°


မောင်မောင်ကြီး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်

( ရေဒီယို မှာ လွှင့်တဲ့ သီချင်း )


https://yadi.sk/d/awIPBjnDrAqQXw


မောင်မောင်ကြီး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/BxRWhE1fncnwsQ


သောင်းတင်ဌေး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/ckEqzG6dMTsd7g


ကိုတင်လှိုင် သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/rdmThe-GMW0f4w


ဟင်္သာတ ထွန်းရင် သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/B1OySchkbNMfTA


လွှမ်းမိုး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/u9W55L8pJcBKkA


ခင်ညွန့်ရီ သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/n8KkrJUYmEbFNQ


အောင်သူ သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/H8j5PTZtuTB5KA


စိုးစန္ဒာထွန်း သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/GovCCJV1sKJ9uw


Tuesday, October 20, 2020

ဘယ်သူတွေ ရူးသလဲ


  ❝  ဘယ်သူတွေ ရူးသလဲ  ❞


တေးရေး   ဂီတစာဆိုစိန်မောင်မြင့်


       တစ်ပင်မှ တစ်ပင်ကူး မြူးတူးပျော်ပါးတတ်တဲ့ငှက်ကလေးပေလား

       ကိုင်းဖျားကို ကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘဝလမ်းဆီ သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက စိမ်းရက်လေပြီ သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အညှိုးခက်တော့သည် မိုးလျှပ်နွယ် အိပ်မ က် ပမာညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည် စိတ္တဇအသည်း အိပ်မရဘဲ အတိတ်ဘဝထဲ ဝဲချာချာလည်

      (  လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့ ယောက်ျားအသည်းမို့ ဆင်ခြင်ရာသည် အချစ်ဦး သခင်ရဲ့ မပြစ်ဘူးအထင်နဲ့ ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည် ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ ကမ္ဘာတည် အမုန်းဆိုတာ ဝေလာဝေး တို့နှစ်ကိုယ် ကြင်သည့်အရေး ကြားလေသွေးမှာ စိုးမိသည် ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည်  ခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း အမုန်းပင်လေးများ စိုက်သွားလေတဲ့ သူ့ကိုမှ ရှာမိပြန်သည် မြင်မြင်သမျှ တွေ့သမျှ လူကို မေးမြန်းမိပြီ ကျနော့်ကိုလေ အရူးလို့ ပြောကြ ကျနော့်ကိုလေ အရူးလို့ဆိုကြ ဟားတိုက်လို့ ရယ်လိုက်ချင်သည် မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ် လို အဖြေထုတ်ချင်သည် ပြေးသူနဲ့ ကျန်ရစ်သူ မြင်သူနဲ့ ပြောကြသူ ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ )


•••••   •••••••   •••••••   ••••••


တီးလုံးသီးသန့် 


https://yadi.sk/d/m8_bqQl8dIV24w


မာမာအေး သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ


https://yadi.sk/d/dYllWtIITgLdZA


စိန်မောင်မြင့် သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/Dccn-CAZr8iflQ


လွှမ်းမိုး သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/WhSWUMHR8ml48w


ကိုင်ဇာ သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/h7QkipaLEbVCjA


နီနီဝင်းရွှေ သီဆိုထားတဲ့ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/_j3TQoWWN6menA


အောင်သူ သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/uZncKJ7VGuDfSw


ရာဇာဝင်းတင့်သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/llfpVGMW-GcRMw


စိုးစန္ဒာထွန်း သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 

 https://yadi.sk/d/FmpCDtfIUTOaew

           

အိအိချွန် သီဆိုထားတဲ့ ဘယ်သူတွေရူးသလဲ 


https://yadi.sk/d/mzB4t-eeYO7ATw


Friday, October 9, 2020

ချစ်တောင်ပြုံး


 ❝  ချစ်တောင်ပြုံး  ❞ 

တေးရေး...  ဂီတစာဆို ကိုခင်မောင်ဝင်း

       ရက်ကန်းသမလေးရဲ့ ချစ်သူ သစ်ဖောင်သမားလေးရဲ့ ချစ်သူ ( အချစ်ကြီးသူ နှစ်ဦးရဲ့ ချစ်ခဲ့ဖူးတဲ့ တောင်ပြုံးနယ်မြေ ရင်ခတ်ပန်းတွေလည်း သက်သေပြချင်ပါရဲ့ သစ်ဖောင်သမားလေး ကိုရင်မောင်နဲ့ ရက်ကန်းသမလေး မရွှေဥ အဖြစ်တွေ )  ဘဝအမှောင် ကျပြန်တော့လည်း သစ်ဖောင်ချသွားမယ့် ချစ်လင် ကိုရင်မောင်အတွက် မျက်နှာငယ်မလေး စိတ်မချနိုင်ရှာပေ ဖြေမရွှင် ကြိတ်ကာနွမ်း အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       ( အကွက်ဆန်းကလေးတွေ မထွင်နိုင်ဘူးအစဉ် ရက်ကန်းသမလေး ငိုပွဲဆင် ချစ်သူမောင် အပြန်နှောင်းတော့ ခေါင်းတမော့မော့ လည်တမော့မော့ပင် )  ကိုရင်မောင် ဘေးမသီရအောင် ဆုတောင်းပေးခဲ့ပေမယ့် ဖောင်စီးယောက်ျားအန္တရာယ်များ အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       အချစ်ကြီးသူ နှစ်ဦးရဲ့ ချစ်ခဲ့ဖူးတဲ့ တောင်ပြုံးနယ်မြေ ရင်ခတ်ပန်းတွေလည်း သက်သေပြချင်ပါရဲ့ သစ်ဖောင်သမားလေး ကိုရင်မောင်နဲ့ ရက်ကန်းသမလေး မရွှေဥ အဖြစ်တွေ  ဘဝအမှောင် ကျပြန်တော့လည်း သစ်ဖောင်ချသွားမယ့် ချစ်လင် ကိုရင်မောင်အတွက် မျက်နှာငယ်မလေး စိတ်မချနိုင်ရှာပေ ဖြေမရွှင် ကြိတ်ကာနွမ်း အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ

       ( အကွက်ဆန်းကလေးတွေ မထွင်နိုင်ဘူးအစဉ် ရက်ကန်းသမလေး ငိုပွဲဆင် ချစ်သူမောင် အပြန်နှောင်းတော့ ခေါင်းတမော့မော့ လည်တမော့မော့ပင် )  ကိုရင်မောင် ဘေးမသီရအောင် ဆုတောင်းပေးခဲ့ပေမယ့် ဖောင်စီးယောက်ျားအန္တရာယ်များ အသည်းနင့် ရင်နာမျက်ရည် အချစ်ကြီးသူ နှစ်ဦးရဲ့ ဘဝမုန်တိုင်းစခဲ့ပြီလေ


🌿  🌿  🌿  🌿  🌿  


ဟင်္သာတ ထွန်းရင် ရဲ့  ချစ်တောင်ပြုံး 


https://yadi.sk/d/WaJrvrZBJGMB1Q


မေရွက်ဝါ ရဲ့  ချစ်တောင်ပြုံး 


https://yadi.sk/d/qyztPpUlEjB6qg


အောင်သူ ရဲ့ ချစ်တောင်ပြုံး 


https://yadi.sk/d/-NSXF-uJxMfSIQ


ဟင်္သာတထွန်းရင် သီဆိုထားတဲ့  ချစ်တောင်ပြုံး သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/rkm2M2UaX7mTKQ


Sunday, July 5, 2020

ရွှေပြည်တန်


❝   ရွှေပြည်တန်  ❞

      တေးရေး ••• ရွှေညာမောင်

      ( နေခြည်လျှံ မြအသွေးလို ရွှေပြည်တန် အလှကလေးကို မြင်တဲ့နေ့ကစ၍ စွဲနေပြီခင် )
( ညအိပ်ရာဝင်ရင် ခင် နဲ့ မောင်/ကိုကို နဲ့ ပေါင်းရပါစေသားလို့ ဆုတောင်းရနေ့စဉ် )
စွဲလန်းတဲ့ သံယောဇဉ် သနားပါ အပျိုစင် မောင့်ကိုချစ်ရင် ရွှေပြည်တန် အလှကလေးကို မောင်တောင်းပန်ချင်

      ( သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင် မောင် ခင့်အပေါ်မှာ ချစ်စိတ်တွေဝင် )
နှစ်ယောက်ထဲတွေ့ရင် ရွှေပြည်တန်မကလေးကို ချစ်တင်းနှောကာ သဘောကျစေချင် ရွှေပါးအပ်မယ်ခင်

      ( ဒေဝတိန် နတ်မှူးက ဓါတ်ကူးသလိုပင် အလှဧကရီဆိုလောက်တဲ့ ခင် )
( ကြယ်ဥက္ကာ ညဉ့်ရောင်မီးလို ခင့်မောင်ကြီးထင် )
​ ​မြင့်ဆောင်ထီးညောင်အလယ်တွင် ရှုစဖွယ် ပဝင်းလို့ လမင်းလိုပင် ထင် မျက်နှာတော် ကြည်ပြုံးလို့ရွှင်

    ( သက်ထားပျိုစင် အသဲစွဲကလေးမို့လိုချင် မောင် ခင့်အပေါ်မှာ ချစ်စိတ်တွေဝင် )
နှစ်ယောက်ထဲတွေ့ရင် ရွှေပြည်တန်မကလေးကို ချစ်တင်းနှောကာ သဘောကျစေချင် ရွှေပါးအပ်မယ်ခင်

◾  အေဝမ်း တင်မောင် သီဆိုထားတဲ့  ရွှေပြည်တန်

https://yadi.sk/d/SygMkgaKR_OidQ

◾ ဝင်းဦး သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/hdb-LToUjwbrUQ

◾ မြန်မာပြည်သိန်းတန် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/Cdy57KLrEC2_SQ

◾ စိုင်းထီးဆိုင် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/5YvhPD6ojgs0uA

◾  မန္တလေး သိန်းဇော် သီဆိုထားတဲ့ ရွှေပြည်တန်

https://yadi.sk/d/TWx-qTzccj6qrw

🚩  မန္တလေး သိန်းဇော် သီဆိုထားတဲ့ ရွှေပြည်တန်  သီချင်းရဲ့  တီးလုံးသီးသန့်

https://yadi.sk/d/v4gQRRV499-RwA

https://koaungnaingoo.blogspot.com

.

Tuesday, April 7, 2020

လေရူးမလေး မိမိမော်

🍂🍂   လေရူးမလေး မိမိမော်

                 ◾ တေးရေး ကိုသန်းလှိုင်

       လေရူးမလေး မိမိမော်ရေ  ( မိမော် ) ရေ
 
      မင်းရဲ့အကြောင်း သတင်းကောင်းတွေ ကြားရလေမှ မျက်ရည် ပင်လယ်ေ၀

       တစ်ယောက် မှ တစ်ယောက်ပြောင်း ထောင်သောင်းမက  အသင်္ချေ အနန္တ ချစ်သူတွေ ရှာဖွေ အလှအပ ပစ္စည်းနဲ့ အခြေကြီးမှုအတွက် ဘ၀ကိုပင် အနစ်မွန်းခံ စွန့်လွှတ်ရန်အသင့်ပေ ဟင် ကြောက်စရာ အကြံကြီးပါဘိ ရွှေမင်းသမီး ဆန်လိုသူရေ မင်းအတွက်ကြောင့်ပဲ ရှိုက်ဖို ငိုကြွေး အသည်းများ ကြွေခဲ့သူတွေ မ်ားပဲ များပါပြီကော မိမော် မိမိမော်ရေ

       အောင်မြင်မှုတွေ ခံယူစဉ်တုန်းမတော့ အပြုံးများနှင့်လေ ရိုးသားသော နှလုံးသားတွေ သစ်ရွက်လိုပင် ချေချေမွှေ အတုံ့အလှည့် ၀ဋ်ကြွေးဆိုတာ ဘ၀တစ်ကွေ့မှာလေ တွေ့ကြုံ ဆုံရစမြဲပါမေ အချစ်ကြီးချစ်၍ အရှုံးကြီး ရှုံးကြသူတွေလို ရှိုက်ဖို ငိုကြွေး ဆွေးမပြေနိုင် အသည်းလည်း ကြွေရဦးမယ်လေ သည်အခါများမှာ မင်းအတွက် ဟားတိုက်ရယ်မောသံတွေ ပျံ၀ဲ သဲမဲစွာနေ လေရူးမလေး မိမိမော်ရေ ( မိမော် ) ရေ


  🎧     သန်ဖေလေး သီဆိုထားတဲ့ လေရူးမလေး မိမိမော် ရဲ့ တီးလုံး သီးသန့် လိုချင်ရင်တော့ အောက်က လင့်ခ် မှာ တင်ပေးထားပါတယ်...

https://yadi.sk/d/liZZPjmjaeZzxw

  🌿     သန်းဖေလေး ရဲ့  လေရူးမလေး မိမိမော်

https://yadi.sk/d/6dCuUVNWcf9IMQ

   🌿    လွှမ်းမိုး ရဲ့  လေရူးမလေး မိမိမော်

https://yadi.sk/d/2rWL7vu6PZoqBA

   🌿    စိန်မောင်မြင့် ရဲ့  လေရူးမလေး မိမိမော်

https://yadi.sk/d/8clMhGdrknVwtA

   🌿    မင်းအောင် ရဲ့  လေရူးမလေး မိမိမော်

https://yadi.sk/d/87AyGgq6_9JzKQ

 .