Tuesday, November 21, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၅ )


 

ပတ်ဝန်းကျင် နှင့် သူမ ၏ ဆက်ဆံရေး မှာ ဤသို့သာ ဖြစ်သည် ။ ပတ်ဝန်းကျင် ပေါ် ဆိုးသွမ်း နေသော လူဆိုးမလေး တစ်ဦး ဟု ဆိုရမည် ဖြစ်သည် ။ ကဲ ... ပတ်ဝန်းကျင် ထားဦး ... သူမ တစ်ယောက် တည်း အတွက် ရော သူမ နှင့် သူမ ၏ ဆက်ဆံရေး က လည်း အဆိုး ဘက် ကို ဦးတည် နေပါသည် ။

ဆိုရပါဦးမည် ... ။

အဆိပ် အလွန် ပြင်းသည် ဟု ကျော်ကြားသော ခလောက်မြွေ မိသားစု ၏ အကြောင်း ဖြစ်သည် ။ ခလောက်မြွေပျိုမလေး က သူ့ မေမေ ကို မေးသည် ။

“ မေမေ ... သမီး က ရာနှုန်းပြည့် ခလောက်မြွေ လား ဟင် ... ”

သူ့ မေမေ က သူမ ကို တအံ့တသြ ကြည့် ရင်း ...

“ ရာနှုန်းပြည့် ခလောက်မြွေ ပေါ့ သမီး ရယ် ... မေမေ သိရသလောက် က တော့ သမီး ဖေဖေ ရဲ့ မိဘတွေ က လည်း ခလောက်မြွေ အစစ်ကြီးတွေ ပဲ ပြီးတော့ မေမေ့ ဘက် က လည်း အဖေ ရော အမေ ရော က သွေးမရော တဲ့ ခလောက်မြွေဗေ့ ဆိုတာတွေ ချည်းပဲ ဆိုတော့ ကာ သမီး လည်း ရာနှုန်းပြည့် ခလောက်မြွေမလေး ပေါ့ ”

“ သမီးတို့ ခလောက်မြွေမတွေ က သိပ်ပြီး အဆိပ် ပြင်းတာပဲ ဆို ... ကိုက် ရင် သေတတ်လား မေမေ ...”

“ အောင်မလေး .. အဆိပ် ပြင်းတာ တော့ ပြောမနေနဲ့ သမီး ရေ ကုလားအုတ်ကြီး တွေ တောင် ကိုက် ပြီး လှည့် ကြည့်စရာ မလိုဘူး ... တုန်းခနဲ ပဲ ”

“ ဒါဆို .. သမီး နဲ့ မြွေသူငယ်ချင်း ရည်ငံ နေတယ် သမီး ချစ်သူ ကို မခွဲပါ နဲ့ မေမေ သမီး နဲ့ သူ့ ကို ခွဲ ရင် ကိုယ့် လျှာကို ကိုက် ပြီး သတ်သေပစ်မယ် သတ်သေပစ်မယ် ... ဟင်း ... ”

သူမ သည် အဆိပ်ပြင်း ခလောက်မြွေမ တစ်ကောင် ဖြစ်သည် ။

ပို၍ တိတိကျကျ ဆိုလျှင် သူမ ၏ ချစ်သူ အတွက် အစွယ် ပေါ်လျှာ တင် ထားသော ရာနှုန်းပြည့် အဆိပ်ပြင်း ခလောက်မြွေပျိုမ တစ်ကောင် ဖြစ်ပါသည် ။

သူမ နှင့် သူမ ၏ တစ်ကိုယ်ရည် ဆက်ဆံရေး သည် အဆိပ်ပြင်း သော ခလောက်မြွေ ဆက်ဆံရေး သာ ဖြစ်သည် ။

◾အကြည်တော်

📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment