❝ သွေးဆုံးချိန် ❞
အောင်မယ် ၊ သင်းတို့ က များ ၊ ငါ့ ကို ဒီ အသက် ဒီ အရွယ်ကြီး နဲ့ စိတ် မကုန်
သေးဘူးလား တဲ့ ဟင် ။ သယ် ၊ ငါ က ဘယ် အရွယ် ရှိနေ လို့ စိတ်ကုန်ရမှာ တုံး ။ ကဲ အဲသလို ပြောတော့ နင်တို့ ဘယ့်နှယ် နေသလဲ ဟဲ့ ။ သယ် ဒီ မအေရိုး ကို
ငါ ကလော်တုတ် လိုက် ရရင် ခုနစ်အိမ် ကြား ၊ ရှစ်အိမ် ကြား ဝက်ဝက်ကွဲ သွားရော့မယ် ။ နင် တို့ က ဘာ ငြူစူတာလဲ ။ နင်တို့ မောင်နှမ နှစ်ယောက် သားကြီး သမီးကြီး နဲ့ ဖြစ်လာကြပြီ ။ ဒီ ကနေ့ အထိ ဘာ လိုလေသေးတာ ရှိသလဲ ။ အဲဒါတွေ ဟာ နင်တို့ လုပ်စာလား ဟင် ။ ဟဲ့ သာဝ ၊ နင် ဘာမှ ထပ် မရှည်နဲ့ ။ နင့် သောက်စကား ကို ငါ နားကလော လှတယ် ။ နင် ဟာ ငါ့ သမီး က စပ် မှ ငါ့ သမက် တော်ရတာ ။ နင် အနေသာကြီးပါ ဟယ် ။ နင် က ကော ၊ နင့် လုပ်စာ ဘယ်နှစ်ပြားသား ရှိ လို့လဲ ။ ဒီကနေ့ အထိ ယောက္ခမ ကို မှီခိုပြီး စား နေတာ နင် မဟုတ်လား ။ အောင်မယ် ၊ နင် ကလားဟဲ့ ၊ ငါ့ ကို အမယ်ကြီး လို့ ခေါ်ရတာ ။ ဟဲ့ ခွေးမျိုး ၊ ဝက်မျိုး ။ ငါ့ သမီး လည်း ယူသေးရဲ့ ၊ ငါ့ လည်း ဒီလို စကားမျိုး ပြောသေးရဲ့ ။ လာလာ ချည်သေး သတော် ။ “ ဒီ အမယ်ကြီး ဟာ ဘာ စကား ပြောတာတုံး ” တဲ့ ။ ပြီးတော့ လည်း “ ကျုပ် တစ်မိုးတွင်း လုံး နွား နဲ့ ဖက် ရုန်းလို့ စပါး ရတာပါ ” တဲ့ ။ ဟဲ့ နင် က နွား နဲ့ သာ ဖက် ရုန်းတတ်တဲ့ အကောင် ။ ဒါကြောင့် နင့် ကို ဖက် ရုန်းခိုင်းရတာပေါ့ ။ ဟဲ့ ဖိုးရွှေ ၊ နင် က နင့် ယောက်ဖ ထိ တော့ မချိ အောင် နာ တတ်သလား ဟင် ။ အောင်မယ် ၊ ဟို ကောင်မ မိဖွားရုံ က သူ့ လင် ဘက် က ရှေ့နေ လိုက် နေသကိုး ။ နင် လည်း အတူတူပဲ ။ နင် ဟာ
နွား နဲ့ ဖက် ရုန်းတဲ့ လူ နဲ့ တော်လို့ သာ နွား လို အကောင် နဲ့ ညားခဲ့တာ ပဲ ။ စဉ်းစားစမ်း ၊ ဟဲ့ မိဖေ ။ နင့် ဟာ နင် ကမြင်းကြော ထ ပြီး လင်နောက် လိုက် တုန်း က ငါ ဘာ ပြောသလဲ ။ ဟဲ့ လင် ယူတာ ထုံးစံ ဟဲ့ ၊ ဓမ္မတာ ဟဲ့ ။ ဘာ ဖြစ်ဦး မှာလဲ ။ ညည်း လည်း ကြိုက်တာ ညည်း ယူခဲ့ပြီ မဟုတ်လား ။ ငါ ဘာပြော သလဲ ။ သာဝ ရဲ့ အမေ က လာ အပ်တဲ့ အခါ ငါ က အမွေဖြတ် မဟဲ့ လို့ များ ပြောဖူး သလား ။ နင်တို့ ကို ငါ ကြည်ကြည်ဖြူဖြူ အိမ် မှာ လက်ခံ ပြီးတော့ အရင်းအနှီး စိုက်ထုတ် ပေးပြီး ၊ ဟို ဗန့်ပွေးကုန်း တောင်ဘက် က အလံ
လေးဆယ် လယ် နှစ်ခွက် ကို လုပ် စားဖို့ ပေးခဲ့တယ် မဟုတ်လား ။ နင့် လင် သောက်ဖြစ် မရှိလို့ စပါး မအောင် တော့ ကော ငါ က ဘာ ပြောဖူးသလဲ ။ လယ်သမား သားသမီး တဲ့ တော် ၊ နှီးကလေး တစ်ပင် တောင် မထိုး တတ်ဘူး ။ သောက်ဖျင်း နိုင်လိုက်တာ လည်း လွန်ရော့ ။ ဟဲ့ ဒီ ကောင်ကလေး ဟာ မျောက် ဟိုဒင်း ကို သမန်း ရှ သလို နန့်တန့် နန့်တန့် နဲ့ သောက်ပေါကလေး ။ ဒီမှာ လူကြီး စကား ပြော လို့ ပြောမှန်း မသိဘူး ။ ဟဲ့ သောက်လိုက်ကမ်းဆိုး မသိတဲ့ သာဝ ။ နင့် သား နင် ဆွဲထား စမ်း ။ ငါ စိတ် ပေါက်ပေါက် နဲ့ ထ သ,တ်ရရင် အကုန်လုံး သင်္ချိုင်း ရောက် ကုန် လိမ့်မယ် ။ ငြိမ်းတုတ် တဲ့ နော် ၊ တတုတ် တည်း ရှိတယ် ။ အောင်မယ် ၊ ဟို မီးဖိုချောင် ထဲ က ကောင်မ က ဘာ ဗျစ်တောက်
ဗျစ်တောက် လုပ် နေတာလဲ ။ ဟဲ့ ငါ က မအိုသေးဘူး ဟဲ့ ၊ နား မထိုင်းသေးဘူး ဟဲ့ ။ နင့် အဖေ ရင်မောင် တို့ လို နားထိုင်းမျိုး မဟုတ်ဘူး ။ နားထိုင်းမျိုး ၊ နားတိုင်းမျိုး ။ ကိုင်း ပြော သဟယ် ဘာဖြစ်သေးသလဲ ။ ညည်း က ညည်း လင်တော်မောင် ဖိုးရွှေ အားကိုး နဲ့ ငါ့ ကို အာ မခံနဲ့ ။ ဟေ့ ဒီမှာ ကြည့်စမ်း ၊ မိဂေါက် ။ နင့် အမျိုး အကြောင်း ကို ပါးစပ် ဟ ရင် အူမ မကျန် ငါ မြင်တယ် ။ နင့် ဒွေးတော် အပျိုကြီး ဟာ လည်း အသက် လေးဆယ် ကျော် မှ လင့် နောက် လိုက် ပြေးတယ် မဟုတ်လား ။ ဟေ့ ဒီမှာ မျက်နှာ ကို စေ့စေ့ ကြည့်စမ်း ။ လင်ကောင် တစ်ယောက် ကို ခေါင်း ခေါက် ယူ နိုင်သေးတယ် မှတ် လိုက်ပါ ။ ဒါပေမယ့် နင့် ဒွေးတော် လို ပုန်းလျှိုး ဝှက်လျှိုး လင်နောက် မလိုက်ဘူး မှတ် ။ နင့် အမျိုး ထဲ မှာ အဲသလို လင်နောက် လိုက် ပြေးတဲ့ လူတွေ များလျက်ကနဲ့ နင် နဲ့ ဖိုးရွှေ ညားကြပြီ ဆိုတော့ ပုန်းလျှိုး ဝှက်လျှိုး မညားရ အောင် လူသိ နတ်ကြား မင်္ဂလာ ဆောင်ပြီး ပေးစား လိုက်တာ ငါ မဟုတ်လား ဟဲ့ ။ ဟော အခု မှ ချွေးမ ပီပီ သောက် ကျေးဇူး မသိတတ်ဘူး ။ အောင်မယ် ၊ သူ က များ ငါ့ ကို လင်စိတ် မွှန်သလေ့ ဘာလေး နဲ့ ။ ကောင်မ က ငါ ဒီကနေပြီး ထွေးခံ နဲ့ ပေါက် လိုက်ရင် နဖူးစုတ် သွားမယ် ။ ဟေ့ ဖိုးရွှေ ၊ မင်း ဟာ နားရွက် မလှုပ်ပါနဲ့ ။ နင် ဟာ မောင်နှမ နှစ်ယောက် ထဲ မှာ ကြီးပေမယ့် အချိန် မစီးဘူး ။ နင် သိသင့်တယ် ။ နင့် အဖ ဆုံးတော့ နင် ဘယ် အရွယ် ရှိပလဲ ။ နင် မှတ်မိရဲ့လား ။ နင် ဟာ ပုဆိုးကွင်းသိုင်း တုန်း ရှိသေးတယ် ။ ဖွားရုံ တောင် မှ သင်တိုင်း
ကလေး နဲ့ နှပ်ချေး တွဲလောင်းပဲ ။ နင့် ကို တောင် ရှင် မပြုရသေးဘူး ။ အဲ နင် ဆယ်နှစ် ၊ ဆယ့်တစ်နှစ် အရွယ် မှာ နင့် အဖေ ဆုံးတယ် ။ နင့် အဖေ ကိုရင်ကြူး ဆုံးတော့ ငါ့ အသက် သုံးဆယ် တောင် မပြည့်သေးဘူး ။ ဝတ်ချင် စားချင်တုန်း အရွယ် ပဲ ။ အလှဂုဏ် နဲ့ မောက်နိုင် သေး တဲ့ အရွယ် ပဲ ။ နင့် ဘိုးဘိုး ဟာ ရပ်ရွာ မှာ လယ် တစ်ထောင်ခင်း လောက် ပိုင်တာ မို့ မုဆိုးမ ဖြစ်ရ ပေမယ့် မျက်နှာ မငယ် ခဲ့ပါဘူး ။ တစ်ပင် လဲ မူ တစ်ပင် ထူမယ် ဆိုရင် ဖြစ်နိုင်ပါသေးတယ် ။ ကိုရင်ကြူး ကို ငါ ယူတာ မိဘ ပေးစား လို့ ယူခဲ့ရ တာပါ ။ အပျိုဖြန်း ဘဝ မှာ လင် ယူတာ ဘာ အရသာ လဲ ဆိုတာ ငါ မသိခဲ့ပါဘူး ။ သားတွေ သမီးတွေ ထွန်းကား လာတော့ မှ ပဲ အိမ် မှာ နင်တို့ မောင်နှမ ပျော်ပျော်ပါးပါး နေကြတာတွေ ကို တွေ့ရတော့ မှ အိမ်ထောင်ရေး သုခ ဆိုတာ ဒါကိုး လို့ ငါ သိခဲ့တယ် ။ နင်တို့ ကို သားသမီး ဆိုပြီး ငါ ဘယ်လောက် ချစ်ခဲ့ရ သလဲ သိလား ဟဲ့ ။ ခုတော့ နင်တို့ ကို မိဘ မေတ္တာ နဲ့ ဖူးဖူးမှုတ်ခဲ့ရ သမျှ ငါ့ မှာ ဝမ်းရေစပ်တာ သာ အဖတ်တင် သဟဲ့ ။ ကြည့်စမ်း ၊ နင်တို့ သမုတ် နေတဲ့ ကောင်ကလေးဟာ ငါ့ သား လောက် အရွယ် ပါဟယ် ။ နင်တို့ ထက် တောင် ငယ်ပါသေးတယ် ။ ငါ က စိတ်ကူး ထဲ ထည့် မလား ဟင် ။ ခုတော့ နင်တို့ က အစ သမုတ် တော့ ကောင်ကလေး က လည်း ရဲတင်း လာတာပေါ့ ။ သယ် သယ် ဟဲ့ ဖိုးရွှေ ခွေးမသား ၊ နင် ဒီလို မိုက်မိုက်ကန်းကန်း မပြော နဲ့ ။ ကောင်ကလေး က ရိုးရိုးပါ ။ ငါ က သားသမီး အရွယ် မို့ ဘယ် သွားသွား အဖော် ခေါ်တယ် ။ နင်တို့ မကြိုက်ဘူး ဆိုတာ ငါ သိတယ် ။ ဒါပေမယ့် လူ ဆိုတာ ဒီလိုပဲ ကိုယ့် အပေါ် ကို လူချစ် လူခင် ရှိအောင် ပေါင်းသင်း ဆက်ဆံ ဖို့ လိုတယ် ။ ဒါကြောင့်လည်း ငါ ဟာ ဟို ရွာနီးချုပ်စပ်တွေ ကို ည မရှောင် နေ့ မရှောင် သွားဝံ့တာပေါ့ ။ သူ က လည်း သူ့ ကို ငါ က လယ်လုပ်သား လို သဘော မထားဘဲ တူ လို သား လို သဘောထား တော့ ငါ့ ကို အမေ အရင်း လို စောင့်ရှောက် တာပေါ့ ။ နင်တို့ က နင်တို့ လင်တွေ ၊ နင်တို့ မယားတွေ နဲ့ သာ အနား က တစ်ဖဝါး မှ မခွာနိုင် ဖြစ်တော့ ငါ လည်း အဖော် ရှာရတာပေါ့ ။ ဒါကြောင့်လည်း အချိန် တန် တော့ လယ်ထောက်ခ စပါးတွေ ဟာ ကျီ ထဲ ဝင် လာတာပေါ့ ။ နင်တို့ ခြေမွေး မီးလောင် ရရဲ့လား ဟင် ။ နင်တို့ လက်မွေး မီးလောင်ရရဲ့လား ဟင် ။ ဟဲ့ ဖိုးရွှေ မအေရိုး ၊ ငါ ပြောတာ နားထောင်စမ်း ။ ဟေ့ ဟို မီးဖိုချောင် ထဲ က သောက်ကောင်မ ဟာ ငါ စကား ပြောတုန်း ဆောင့်ကြီးအောင့်ကြီး နဲ့
ငရုတ်သီး မထောင်းပါ နဲ့ ။ ဆုံ ကွဲ သွားပါ့မယ် ။ ဒီ အိမ် မှာ ရှိတဲ့ ပစ္စည်း ဟာ ငါ့ ပစ္စည်း ။ ငါ ရှာတဲ့ ပစ္စည်း ။ နင်တို့ လုပ်စာ မရှိဘူး ။ နင်တို့ ဟာ သားသမီး ဆိုပေမယ့် ငါ့ လက် ထဲ က သူရင်းငှား သာသာပဲ ရှိတယ် ။ ဒီ လယ် ဒီ ချောင်း တွေ ကို ငါ ပေး မှ နင်တို့ ရမှာ ။ နင်တို့ ကိုယ် နင်တို့ အထင် မကြီးပါနဲ့ ။ ချွေးမ က ချွေးမ လို နေပါ ။ သားအမိ ကိစ္စ ထဲ မှာ ညည်း ဘာမှ ဝင် စွက်ဖို့ မလိုဘူး ။ ဒီ အိမ် မှာ ငါ့ သဘော ၊ ငါ လုပ်ချင် ရာ လုပ်မယ် ၊ ပြောချင် ရာ ပြောမယ် ။ ခုနစ်အိမ် မကဘူး ၊ ဆယ်အိမ် ကြားကြား ညည်း အပူ တစ်ပြားသား မှ မပါဘူး ။ ငြိမ်းတုတ် ဆို လို့ တတုတ် တည်း ရှိသကွယ့် နော် ။ ညည်း ကို ငါ က ပါးဆွဲ မရိုက်ဝံ့ဘူး အောက်မေ့ သလား ။ နင်တို့ တစ်တွေ ကြောင့် ပေါ့ဟယ် ၊ နင်တို့ ကို သာ မမွေးရဘူး ဆိုရင် ၊ ဟဲ့ ဖိုးရွှေ ၊ ငါ ဘွင်းဘွင်း ပြောမယ် ။ နင် ရှင်ပြုတဲ့ နှစ် တုန်း က ငါ နောက် အိမ်ထောင် ပြုဖို့ စိတ်ကူး မိပါတယ် ။ ရွာထိပ် က ကိုရင်လှိုင်ကြီး က ငါ့ ကို လိုချင် နေတာ ကြာပြီ ။ နင်တို့ မျက်နှာ ကို ထောက်ပြီး ငါ မယူခဲ့ပါဘူး ။ ငါ့ သားတွေ မျက်နှာ ငယ်မယ် ၊ ငါ့ သမီးတွေ မျက်နှာ ငယ်မယ် ၊ ကိုရင်ကြူး ထားခဲ့တဲ့ ပစ္စည်းတွေ ဖရိုဖရဲ ဖြစ်မှာ စိုးတယ် ။ နင်တို့ အတွက် နောင်ရေး ခက်မှာ စိုးလို့ ငါ ကိုယ်တိုင် က သဘော မတူနိုင်စရာ မရှိ ပေမယ့် မယူခဲ့ပါဘူး ဟဲ့ ။ ဒါတွင် က ရိုးလား ။ ငါ့ မှာ သားကြီး သမီးကြီး နှစ်ယောက် ရှိပေမယ့် အို တယ် သာ ဆိုရ အပျို က ရှုံးပြန် ဆိုတာ လို မုဆိုးမ ဘဝ ပေမယ့် မျက်နှာ ငယ်တယ် လို့များ မအောက်မေ့ နဲ့ ။ ငါ က ခေါင်း ခေါက် ပြီး လင် ရွေး နိုင်သေးတယ် ။ မြို့ က စပါးပွဲစားတွေ ခဏခဏ စကား ကမ်း ကြပါရဲ့ ။ ညည်း တို့ မှတ်မိမှာ ပေါ့ ။ ဟင်္သာတ က စပါးပွဲစား ကိုညိုစိမ့် ဆိုတာ သနားကမား ပါ ။ ရိုးဂုဏ် လည်း ရှိပါတယ် ၊ ပစ္စည်း ပစ္စယ လည်း မခေပါဘူး ။ အခု ဆိုတော့ စတီး စပါးဒိုင်မှာ အဝယ်တော် ဖြစ် နေပြီ ။ သူ နဲ့ သာ ငါ ယူခဲ့မယ် ဆိုရင် အခု ညည်းတို့ တစ်တွေ စိန်နားကပ် တဝင်းဝင်း နဲ့ နေ မှာပေါ့ ။ ဒါမျိုး ကျ တော့ ညည်းတို့ က ဒီလို လင်မျိုး ကို အမေ နှစ်ထပ်ကွမ်း ယူတော်မူပါ လို့ တောင် ငါ့ ကို နှူးကြဦးမယ် ။ နင်တို့ ဓာတ်ကြော ကို သိ ပါတယ် ။ နင်တို့ အဖေ ကိုရင်ကြူး မျက်နှာ ကို ထောက်ထားပြီး နင် တို့ ပြောနေတာ မဟုတ်ပါဘူး ။ နင်တို့ ဟာ ပစ္စည်းတို့ ၊ ဂုဏ်တို့ ကို အင်မတန် မက် တာ ။ ဒါကြောင့် အခု ငါ ဟာ ကောင်ကလေး နဲ့ တွဲ နေတာ ကို မရှုစိမ့် နိုင်တာဘဲ ။ ဒီ ကောင်ကလေး က သာ ရွှေ တွဲလွဲ ငွေ တွဲလွဲ ဆိုရင် နင်တို့ က အရင် ငါ့ ကို ပေးစားမှာပဲ ။ ဘာ မဟုတ်ဘူး လဲ ။ အသက်ငယ် ရော ဘာ ဖြစ်သေးသလဲ ။ ငါ က ကော ဘယ်လောက် ကြီးသေးလို့လဲ ။ ဒီ အရွယ် သနပ်ခါး ခြေဆုံး ခေါင်းဆုံး လိမ်း တာ ကို မင်းတို့ က ဘာမှု နဲ့ တရား စွဲချင်သလဲ ။ ငါ တစ်သက်လုံး က နံ့သာဖြူ ၊ ခြေဆုံး ခေါင်းဆုံး လိမ်းလာတာ နင်တို့ မသိဘူးလား ။ တစ်သက်လုံး မဟာ နဖူး သ သ လာတာ နင်တို့ မမြင်မိဘူးလား ။ မျက်ခုံးမွေး နုတ် တာကော နင်တို့ နဲ့ ဘာ ဆိုင်သတုံး ။ နင်တို့ ငါ့ ကို ဒီလို ချုပ်ချယ်လို့ ရနိုင်ရိုးလား ။ ငါ က ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးမ ဖြစ်ခဲ့ရ ပေမယ့် အပျိုကလေး လို တစ်သက်လုံး နေလာတာ နင်တို့ မသိဘူးလား ။ ခွေးမျိုး ဝက်မျိုး တွေ ။ နင်တို့ ဒီလောက် သဝန်ကြောင် မှန်း သိရင် အာလာကပ္ပ ချစ်တီး နဲ့ တုန်းက ငါ ယူ လိုက်ရ အကောင်းသား ။ ဒါမှ သင်းတို့ ချစ်တီး ကို ပထွေး တော် ရမယ် ။ ကိုင်း ၊ တစ်ခု ပြောစမ်း ။ ငါ ဒီ အသက် ဒီ အရွယ် ရောက် လာပြီ ၊ ငါ ဘယ်နေရာ မှာ လော်မာခဲ့ဖူး သလဲ ။ အစစ အရာရာ မှာ နင်တို့ တစ်တွေ ကို ထောက်ထား ပြီးတော့ အရွယ် ကောင်း တုန်း မှာ တစ်ပင် လဲသော် တစ်ပင် မထူ ခဲ့ပါဘူး ။ ခုလို မြေးတွေ ရ နေတဲ့ အချိန် မှာ ကိုယ့် သိက္ခာ ကိုယ် စောင့်ထိန်းခဲ့တယ် ။ သယ် ဟို ယောက်ျား နဲ့ တွဲတွဲ ၊ ဒီ ယောက်ျား နဲ့ တွဲတွဲ နေတာ က ကော နင်တို့ လို အလေ လိုက်ဖို့ တွဲ တာ မှ မဟုတ်ဘဲ ။ ကုန်သည် ဘာဝ သူ့ အထိုက် အလိုက် ပေါင်းရတာပေါ့ ။ ဒါကို နင်တို့ က မြှူချ နေတယ်
ထင်သလား ။ အေး ၊ အေး ။ ယောက်ျား ဆိုတာ မြှူ ပေါင်းရ သဟဲ့ ။ မြှူ ပြီး ချ တော့လည်း ကျတယ် မဟုတ်လား ။ ဒါကြောင့်လည်း နင်တို့ မှာ လယ်တွေ ချောင်းတွေ တိုးပွား နေတာ မဟုတ်လား ။ ငါ မြှူတာ ကို သတ္တုချ ကြည့်တော့ ဘယ်သူ ဖို့ လဲ ဟဲ့ ။ နင်တို့ ကောင်းစားဖို့ ပဲ မဟုတ်လား ဟင် ။ ကိုင်း ဘာ ပြောချင်သေး သလဲ ။ နင်တို့ မျက်နှာ မငယ်ရ အောင် ငါ လုပ်ခဲ့တယ် မဟုတ်လား ။ ဒါကြောင့် အခု ရွာ ထဲ မှာ ဆိုရင် နင်တို့ ဟာ မြေပိုင်ရှင် ဒေါ်ငြိမ်းတုတ် ရဲ့
သားသမီးများ ဆိုပြီး လူရာ ဝင် လာကြပြီ မဟုတ်လား ။ အဲဒီတော့မှ နင်တို့ က ငါ့ ကို ရမည် ရှာပြီး အမွေ လုချင်ကြ သလား ။ ဟေ့ လုစရာ မလိုပါဘူး ကွယ့် ၊ ဟဲ့ သာဝ ရဲ့ ။ ငါ တောက်တီး တောက်တဲ့ ပြောနေတာ မဟုတ်ဘူး ၊ ဟုတ်တာ ပြောတာ ။ နင်တို့ ငါ့ ပစ္စည်း ကို ငါ မသေခင် အမွေ ခွဲဖို့ မလိုဘူး ။ ငါ ရှာ လာသမျှ နင်တို့ မောင်နှမ ဖို့ ချည်းပဲ ။ ငါ က တော့ အမေ ကိုး ။ မြစ် ဆို တာ ဟာ အညာ က အောက် ကို စုန်တယ် ။ အောက် က အထက် ပြန် ဆန်တာ မရှိဘူး ။ ဒီတော့ ငါ့ စိတ် နဲ့ ငါ့ ကိုယ် ငါ့ဟာ ငါ လုပ်ချင်တာ လုပ်တာ တောင် မှ နင်တို့ ကို အမွေ ခွဲ ပေး ပြီးမှ လုပ်မယ် ။ အခု နင်တို့ က ငါ့ ကို ထွန်းရှိန် နဲ့ အနေအထိုင် မတော်ဘူး လို့ ပြောတယ် ။ ဟေ့ ထွန်းရှိန် ဟာ လက်ညှိုး ထိုး ထည့်တောင် ကိုက် တတ်တာ မဟုတ်ဘူး ။ ရိုးတယ် ၊ စိတ်ချရတယ် ၊ ကူဖော်လောင်ဖက်
ရတယ် ။ နင်တို့ နဲ့ တောင် မတူဘူး ။ နင်တို့ ကြွေး တောင်းရင် တောင်းလို့ ရတဲ့ ပိုက်ဆံ ထဲ က ထန်းရည် ဖိုး နှုတ် သေးတယ် ။ ဒီ ကောင်ကလေး က အသောက်အစား မရှိ ၊ အလောင်းအစား ကင်းတယ် ။ ပွဲလမ်းသဘင် မှာ အချိန် မဖြုန်းဘူး ။ ငါ့ စကား ကို မြေဝယ် မကျ နားထောင် တယ် ။ သူ့ ကို စားရင်းအင်းကလေး
မှတ် ဖို့ ငါ ခေါ် ထားတာ ။ သူ က အားအား ရှိ ရင် မနေတတ်ဘူး ။ ဒါကြောင့် လယ် ထဲ ဆင်း နေတယ် ။ ဒါတွေ ဟာ နင်တို့ သက်သာဖို့ ချည်းပဲ ။ အခုတော့ နင်တို့ ပြောပုံ ကောင်းသေးရဲ့လား ။ နင်တို့ က အဲသလို ကြပ်ကြပ် ပြောတော့ ကောင်ကလေး စိတ်တွေ လည်း ဟို လိုလို ဒီ လိုလို ဖြစ်နေတာပေါ့ ။ ဒီ အထဲ မှာ ရွာ ထဲ က သွားပုပ် လေလွင့် ပြောကြ ပြန်တော့ ကောင်ကလေး မှာ တစ်တက် စား လည်း ကြက်သွန် ၊ နှစ်တက် စား လည်း ကြက်သွန် ဆိုပြီး လက်ရဲ ဇက်ရဲ ဖြစ် လာတယ် ။ ဒီ အထဲ နင်တို့ က မီးလောင် လေပင့် စကား ပြောကြ ပြန်တယ် ။ ငါ လည်း သောက်ရှက် ကွဲတာပဲ ။ နင်တို့ လည်း သောက်ရှက် ကွဲတာပဲ ။ ငါ က လင် ငယ်ငယ်ကလေး ယူချင် လို့ ပြော နေတာ မဟုတ်ဘူး ။ နင်တို့ က နင်တို့ ကိုယ် ကို နင်တို့ ဘာ ထင် နေကြတာတုံး ။ ငါ သနပ်ခါး ခြေဆုံး ခေါင်းဆုံး လိမ်း တာ ကအစ နင်တို့ က မကြိုက်နိုင်ဘူး ။ ငါ အမေ့ ကို တောင် နင်တို့ က ဘာ မတော်ဘူး ၊ ညာ မတော်ဘူး ဆိုပြီး သြဇာ ပေးရအောင် နင်တို့ ကို ငါ က
မွေးထုတ်တာ လား ၊ ငါ့ ကို နင်တို့က မွေးထုတ်တာ လား ။ ငါ့ အပေါ် မှာ သြဇာ လာ မပေးနဲ့ ။ မနေချင်ရင် အိမ် က ဆင်း သွားကြ ။ အေး ၊ ငါ မသေခင် အမွေ တော့ မတောင်းကြနဲ့ဦး ။ နင်တို့ အခု လုပ်နေတဲ့ လယ်ကို ဆက် လုပ်ကြ ။ ငါ ရှာ သမျှ နင်တို့ ဖို့ ချည်းပဲ ။ ဘယ် ယောက်ျား ကို မြှူချချ ၊ စားရရင် နင်တို့ ပဲ ။ ကိုင်း ဘာ ပြောဦးမလဲ ၊ မှတ်ပလား ။ ဟဲ့ ဖိုးရွှေ ဘာလဲ ။ ဟဲ့ သာဝ ဘာလဲ ။ နင်တို့ ဘာ ခွေးစကား ပြောတာလဲ ။ ငါ လင် ငယ်ငယ် နှောင်းနှောင်းကလေး ကို ယူချင်တယ် လို့ နင်တို့ ပြောနေတာလား ။ နင်တို့ က ငါ ဒီ အသက် ဒီ အရွယ် ရောက် မှ လင် တစ်ယောက် ခေါင်း ခေါက် ယူလို့ မရဘူး ထင်သလား ။ အေး ၊ နင်တို့ အဲသလို ပြောတော့ ငါ က အရွဲ့ တိုက် ပြလိုက်ရဦး မပေါ့ကွယ် ။ ဟေ့ ဖိုးဆောင် တို့ ၊ ဖိုးထောင် တို့ လာကြစမ်း ။ ဟို လယ် ထဲ က ကောင်ကလေး ကို သွား ခေါ်စမ်း ။ မြန်မြန် ခေါ်စမ်း ။ အို ကြာ လိုက်တာ ။ အေး ထွန်းရှိန် ။ ထွန်းရှိန် ရေ ။ လာဦးဟေ့ ။ လာဆို မြန်မြန် လာတာ မဟုတ်ဘူး ။ ဘယ်သူ့ ကို မှ သောက်ဂရု စိုက်စရာ မရှိဘူး ။ ငါ့ သဘော ။ လာခဲ့ ၊ လာခဲ့ ။ ဟဲ့ သာဝ တို့ ၊ ဖိုးရွှေ တို့ ၊ ဖွားရုံ တို့ ၊ မိဂေါက် တို့ ။ နင်တို့ လယ် တစ်ပွဲ စီ ယူပြီး ငါ့ အိမ် ပေါ် က ဆင်း သွားကြ ။ ဆင်း ဆို ခုဆင်း ။ ဆန်ကုန် မြေလေး တွေ ။ သူတို့ ကို ငဲ့ပြီး အရွယ် ရှိတုန်းက နောက် လင် မယူခဲ့ဘူး ။ ဟော ခုမှ ခုမှ သွေးဆုံး တဲ့ အရွယ် မှာ လင် ငယ်ငယ်ကလေး ယူ ပြ လိုက်ဦးမယ် ။ အဲဒီ အရွယ် မှာ နင်တို့ လို သားသမီး မျိုး လည်း နောက်ထပ်လို့ မမွေးနိုင်တော့ဘူး ဟဲ့ ။ လာ မအေပေး ထွန်းရှိန် ။
ကြောက်ကန်ကန် လုပ် မနေနဲ့ ။ အိမ် ပေါ် တက်ခဲ့ ။ နင် ငါ့ လင် ဖြစ်ပြီ ။
◾မောင်ထင်
📖 သွေးသောက် မဂ္ဂဇင်း
ဧပြီ ၊ ၁၉၅၃ ခု
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment