“ ကလင် ...”
“ ကလင်ကလင် ...ကလင် ...”
ဖုန်း ချလိုက်သည် နှင့် ဖုန်းသံ က ချက်ချင်း ပြန် မြည် လာသည် ။ သူ ချက်ချင်း ဖုန်း ပြန် ကိုင် လိုက်၏ ။
“ ဟယ်လို ”
သူ ဖုန်း ကိုင်လိုက်သည် နှင့် တဖက် မှ ကြားလိုက်ရသည့် အသံ က ...
“ ဟဲ့ ဘာလုပ်နေတာလဲ ငါ စောင့်နေတာ ငါးမိနစ် ကျော်ပြီ ... နင် မဆက်ရသေးဘူး မဟုတ်လား ... အခု ဆက်လိုက် ဒါပဲ ဖုန်းနံပါတ် က .. ၇ဝ၆၉၇၈ နော် ...”
“ ခွပ် ”
“ ဟင် ”
သူ့ ဖာသာ သူ ပြောချင် ရာ ပြောပြီး ဖုန်းချ သွား ပြန်သည် ။ သူ ခုန က အတိုင်း ဖုန်းခွက် ကို ငေးကြည့် နေ ပြန်၏ ။ နောက် အားနာစိတ် နဲ့ ဒီ တစ်ခါတော့ ကူညီ လိုက်မယ်လေ ဟု ဆုံးဖြတ် လိုက်ပြီး သူ ပြောသော ဖုန်းနံပါတ် ကို နှိပ်လိုက်သည် ။
“ တူတူ ” ဟူသော ဖုန်းမြည်သံ နှင့် အတူ တစ်ဖက် မှ ယောက်ျား တစ်ယောက် အသံ ကြားရသည် ။
“ ဟယ်လို ”
ရုတ်တရက်မို့ သူ ဘာ ပြောလို့ ပြောရမှန်း မသိ ဖြစ်သွား၏ ။ ဟို လူ လည်း သူ့ လို ပင် အိပ်ချင်မူးတူး ဖြစ် နေသည် ။ အသံ က မှုန်ဝါးဝါး ...
“ ဪ ... ဟုတ်ကဲ့ ကိုမျိုးမြင့်ထွန်း လား ”
“ ဟုတ်ပါတယ် ခင်ဗျာ ”
“ ကျွန်တော် သက်သက်ဇင် အကြောင်း ပြောချင်လို့ ”
“ ဗျာ ”
သူ့ စကား ကြောင့် တဖက်လူ ကြောင် သွားပုံရ၏ ။ အတန်ကြာ သည် ထိ စကားသံ က ထပ် ထွက် မလာ ။ နောက်မှ တုန့်ဆိုင်းဆိုင်း နဲ့ ...
“ သက်သက်ဇင် အကြောင်း ... ဟုတ်လား ... သူ ဘာဖြစ်လို့လဲ ”
“ သူ ဘာဖြစ်လဲ သိချင်ရင် အခု ချက်ချင်း ကန်တော်ကြီး မြောက်ဘက်ထောင့် က သပြုပင် အောက် ကို လာခဲ့ပါ ... ဒါပဲ ”
ကမန်းကတမ်း ပြောရင်း သူ ဖုန်း ကို ခွပ်ခနဲ ချလိုက်သည် ။ နောက် ကုတင် ပေါ် ငုတ်တုတ် ထ ထိုင်ပြီး ဘာ ဆက် လုပ်ရမှန်း မသိဘဲ တောင်ကြည့် မြောက်ကြည့် လုပ် နေမိသည် ။ နောက်မှ မထူးပါဘူးလေ ချိန်းထားတဲ့ နေရာ သွားဦးမှပဲ ဟု စဉ်းစားမိ၏ ။ ဟုတ်တယ်လေ ၊ ကိုယ် ချိန်း ပေးပြီး မတော်တဆ လက်လွန် ကုန် လျှင် မကောင်းဘူး ။ ထို့ကြောင့် အလျင်အမြန် ပင် ရေမိုးချိုး အဝတ်အစား လဲ လိုက်သည် ။
ထိုနေရာလေး ကို သူ ရောက်သွားသည် နှင့် မျိုးမြင့်ထွန်း ဆိုသည့် လူ ကြိုတင် ရောက်ရှိ နေပြီ ။
အနောက်တိုင်း ဝတ်စုံ ကို သေသေသပ်သပ် ဝတ်ဆင် ထားပြီး စီးကရက် တစ်လိပ် ခဲ ကာ ကန်ရေပြင် ကို ငေးကြည့် နေသည် ။ သူ ရှိရာ ဘက် သို့ လှည့် မကြည့်သေး ။ သူ လည်း ထို မျိုးမြင့်ထွန်း ဆို သူ ဆီ သွားသင့် မသွားသင့် စဉ်းစား နေမိသည် ။
သွား တွေ့ပြီ ဆိုပါတော့ ဘာ ပြောရမည်နည်း ။ ပြောစရာ လည်း ဘာ အကြောင်းမှ မရှိ ။ ကဲ ... ဒါဆို မသွား လျှင် ရော ၊ မသွားလျှင် တမင် လိမ်ပြီး ချိန်းထား ရာ ကျမည် ။ သူ သွားသင့် မသွားသင့် စဉ်းစား နေတုန်းမှာ ပင် ...
“ ဟာ ”
သူ့ မြင်ကွင်း ထဲ မှာ တစ်ဖက် က နေ လွှားခနဲ လွှားခနဲ ပြေး လာသော အရိပ် တစ်ခု ။ အင်္ကျီ က ပန်းနုရောင်ကလေး နှင့် စကတ်အနက်ကလေး ဝတ် ထားသည့် သူမ ခြေ တ စ်လှမ်း လှမ်း လိုက်တိုင်း ဆံပင်နက်နက်ကလေး က လေ ထဲ ဝဲပျံ လှုပ်ရှား နေ လျက် ... ။
“ မေထူးချွန် ... ”
သူ အလန့်တကြား ရေရွတ် မိ၏ ။ သူမ ခြေလှမ်းများ က ကန်ရေပြင် ကို ငေးကြည့် နေသော မျိုးမြင့်ထွန်း ဆီ ဦးတည် လို့ ...
“ ယစ် ( စ် ) ”
မျိုးမြင့်ထွန်း နား ရောက် တော့ ပြေးရင်း နဲ့ ကီ သွင်းပြီး လက် နှစ်ဖက် ဆန့်တန်း လိုက်သည် ။ ထို အသံ ကြားတော့ မျိုးမြင့်ထွန်း က အနောက် ဘက် လှည့် ကြည့် လိုက်သည် ။
“ ဟာ ”
သူ့ ထံ အရှိန် ပြင်းစွာ လက်နှစ်ဖက် ဆန့်တန်းပြီး ပြေးဝင် လာသော မေထူးချွန် ကို မြင်တော့ အံ့အားသင့် ပြီး ပါးစပ် အဟောင်းသား နဲ့ ကြောင် ငေး ကြည့်နေသည် ။
“ အိစ် ... ”
အော်သံ နဲ့ အတူ သူမ မျိုးမြင့်ထွန်း ကို ရေ ထဲ တွန်းချ လိုက်သည် ။ သို့သော်
“ ဖတ် ”
“ ဟင် ”
အဖြစ်အပျက် က မြန်သည် ။ ဟို လူ က ကိုယ် ကို ရို့ပြီး နောက် ကို ခြေ တစ်လှမ်း ဆုတ် လိုက်သည် ။
“ ဟာ ”
သူမ က ဟို လူ ကို မတွန်းမိ ဘဲ ခြေ ချော်ပြီး တစ်ယောက်တည်း သီးသီးသန့်သန့် ရေကန် အစပ် ကို ရောက်သွားသည် ။
“ အောင်မလေး ... ကယ်ကြပါဗျို့ ”
အော်သံ နဲ့ အတူ သူမ ရေကန်စပ် အစွန်းလေး တွင် ခြေ တစ်ဖက် ထောက်ပြီး ယက်ကန်ယက်ကန် ဖြစ် နေသည် ။ လူ တစ်ကိုယ်လုံး ရေ ထဲ ကျ မသွားအောင် လက် နှစ်ဖက် နောက်ပြန် ယှက်၍ အရှိန် ပြန် ယူ နေသည် ။ မသိရင် လေဟုန်စီး ပြီး ပျံသန်း တော့ မလိုမျိုး ။
“ အား ... ကျပြီ ဟ ... ကျ .. အား ”
သူမ ၏ သံကုန်ခြစ် အော်သံ ။ နောက် သူမ တစ်ကိုယ်လုံး ရေ ထဲ ‘ ဝုန်း ’ ခနဲ အပြားလိုက် ကြီး ကျ သွား၏ ။ ဟို လူ က ဘာဖြစ်လို့ ဖြစ်မှန်း မသိပဲ သူမ ကို ကြောင် ငေး ကြည့် နေတုန်း ။ ရေ ထဲ မှ ပလုံစီများ ထ လာသည် ။ သူမ က ပြန် မ ပေါ်လာသေး ။ ကြည့်ရတာ ရှက်လို့ ရေငုတ် နေတာ ထင့် ။ ဟို လူ က ခေါင်း ခါပြီး သူ့ ကား ဆီ ပြန် လှည့် ထွက်သွားသည် ။ ထိုတော့မှ သူမ ရေ ထဲ မှ ‘ ဝုန်း ’ ခနဲ ပြန် ပေါ်လာသည် ။ နောက် တဖူးဖူး နဲ့ ပါးစပ် နဲ့ နှာခေါင်း ထဲ မှ ရေများ ပြန် မှုတ် ထုတ် နေသည် ။ ကုန်းပေါ် ပြန် တက် မလာသေး ။ ရေ ထဲ မှ ပင် ယက်ကန်ယက်ကန် လုပ်နေသေးသည် ။
“ မေထူးချွန် ”
ထိုတော့ မှ သူ လည်း စိုးရိမ် ပြီး သူမ ထံ ပြေးသွား မိ၏ ။ သူ ကမ်းစပ် ရောက်ချိန် တွင် သူမ ‘ ဟီး ’ ခနဲ ‘ ဟဲ ’ ခနဲ နှာမှုတ်သံ ပေး ၍ ရေ ထဲ မှ လေးဖက် ထောက် ၍ ကမ်း ပေါ် တက် လာသည် ။
“ ဘာ ... ဘာ ဖြစ် သွားသေးလဲ ”
သူ ၏ စိုးရိမ်တကြီး အမေး ကို သူမ ဘာမှ ပြန် မဖြေပဲ ရေစိုကြီး နဲ့ လက်သီး နှစ်ဖက် ကို ကျစ်ကျစ် ပါအောင် ဆုပ် ထားပြီး ၊ ရေ ထဲ ကျွတ်ကျန် ခဲ့ သော ဒေါက်ဖိနပ် ကို လက် တစ်ဖက် ဆီ ကိုင်ကာ သူ့ ကား ဆီ သို့ ‘ ဟီး ဟီး ဟီး ဟီး ’ အသံ ပေး ကာ ကားယား ကားယား နဲ့ ပြန်လျှောက် သွားသည် ။
သူမ ၏ ဖိနပ် ထဲ က ရေများ က သူမ ခြေလှမ်း လှမ်း လိုက်တိုင်း ‘ ဖွာ ’ ခနဲ “ ဖွာ ” ခနဲကျနေ၏ ။
ကား ဆီ သို့ ရောက်သော် သူ ကား တံခါး ကို “ ဝုန်း ” ခနဲ ဖွင့် လိုက်သည် ။ ပြီးတော့ ‘ ခွပ် ’ ခနဲ ‘ ခွပ် ’ ခနဲ ဒေါက်ဖိနပ် နှစ်ဖက် ကို ပစ်သွင်း လိုက်သည် ။ နောက်မှ ဆောင့်ကြီး အောင့်ကြီး နဲ့ ကား ထဲ ဝင် ထိုင် လိုက်သည် ။
“ အစ် ( စ် ) ”
“ အင် ”
မာန်သွင်းသံ နှင့် အတူ သူမ ၏ မျက်နှာကြီး ချက်ချင်း နီ တက် သွားသည် ။ နောက် သူမ မျက်လုံးကြီး ပြူးပြီး ခါး ကို ပြန် ကိုင်သည် ။ နောက်မှ သံကုန်ခြစ် ၍ ...
“ အား ... လုပ်ကြပါဦး ... လုပ်ကြပါဦး ”
မျက်လုံးကြီး မှိတ်သွား သည် ထိ သံကုန်ခြစ် အော်သည် ။ လက် တစ်ဖက် က ခါး ကို ထောက် ထားတုန်း .. ။
“ အား လုပ်ကြပါဦး ... လုပ်ကြပါဦးတော့ အမေ ရေ ... သေပါပြီ ဗျ ... သေပါပြီ ”
သူမ ၏ ပျာပျာသလဲ အော်သံ အဆက်မပြတ် ကြားရ၏ ။ သူ မနေနိုင်တော့ ။ သူမ ရှိရာ ကား ဆီ သို့ ပြေး သွားပြီး ...
“ မေထူးချွန် ... ဘာဖြစ်လို့လဲ ... ဘာဖြစ်လို့လဲ ”
သူ ၏ အလောတကြီး အမေး ကို သူမ က
“ တင်ပါး ... တင်ပါး ... အား .. ”
သူမ ၏ အော်သံ ကြောင့် သူ လန့် သွားပြီး ...
“ တင်ပါး .. တင်ပါး ဘာဖြစ်လို့လဲ ”
“ ဟဲ့ ... ဟို ... ဘာ လိုက် စမ်းနေတာလဲ ... အား ”
သူမ ၏ စကား ကြောင့် စမ်းလုလု သူ့ လက် ပြန် ရုပ်လိုက်သည် ။ သူမ က သူ့ အင်္ကျီ ကို ကျစ်ကျစ် ပါအောင် ဆုပ် ထားကာ ...
“ တင်ပါး ... တင်ပါး ... တင်ပါး ပြန် ကျိုးသွားပြီလား မသိဘူး ... ငါ့ ကို ဆေးရုံ ပို့ပေး ... ဆေးရုံ ပို့ ပေး ... အား ... အမေရေ ... သေပါပြီဗျ ... ကယ်တော်မူကြပါဗျ ”
“ ဟင် ”
သူမ ၏ စကားကြောင့် သူ မျက်လုံး ပြူး သွားသည် ။ နောက် ဘာမှ စဉ်းစား မနေနိုင်တော့ ။ သူမ ၏ ကား ပေါ် တက် ကာ ကား ကို အမြန် မောင်း ထွက် လိုက်သည် ။ ကား ၏ ဦးတည်ရာ က ဆေးရုံ ကို ။ သူမ က တော့ ...
“ အမေ ရေ အဖေ ရေ ”
အော်လို့ ကောင်းတုန်း ... ။
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment