Sunday, November 26, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၁၆ )


 

သူ ကား နား ရောက်ချိန် တွင် သူမ က ကားခေါင်းခန်း တွင် မျက်နှာပုတ် နဲ့ ဒူး နှံ့ နေသည် ။ သူ ကားမောင်း သည့် နေရာ ဝင် ယူ လိုက် သည် ။

“ ဘယ် သွားမလဲ ပြော ”

သူမ ဘာမှ မပြောပါ ။ သူ ကား ကို ခပ်ဖြည်းဖြည်း မောင်း ထွက်လိုက် သည် ။ သူမ က တော့ လက်ကလေး ကိုက် ကာ အပြင်ဘက် သို့ ငေးကြည့် နေသည် ။ ကား ကက်ဆက် လည်း မဖွင့်ရဲ ။

“ ရွှေရော ××× ငွေရော ××× ငါ ဆင်ပေးထားတာ xxx ”

ဟူသော အသံကြီး ကြားရမည် ကို ကြောက်နေ၍ ဖြစ်သည် ။  ကားကလေး က တော့ သူ့ အလိုကျ ကန်တော်ကြီး ပတ်လမ်း တစ်လျှောက် လှည့်ပတ်သွား နေလေ သည် ။

“ ဟဲ့ .. ငါ သိပြီ ”

သူမ က ကျွန်တော့် လက်မောင်း ကို ပုတ်ပြီး ပြောသည် ။

“ ဘာကိုလဲ ”

“ ဒီလိုဟ ”

သူမ စကား ကို မဆက်သေး ဘဲ ခါး ကို မျက်နှာ မဲ့ ၍ ဖြည်းဖြည်းချင်း လှည့်သည် ။ အရိုး အက် ထားတဲ့ နေရာက နာ နေပုံ ရသည် ။

“ နင် .. ကိုမျိုးမြင့်ထွန်း ဆီ ဖုံးဆက်ပေး ”

“ အင်း .. ”

“ ငါ က ဘယ်လို ဆက်ရမှာလဲ ”

“ ဒီလိုလေ ဟာ ”

သူမ စကား ကိုမဆက်သေး ပဲ သူ့ ဘက် ရောက်အောင် ခါး ကို ဖြည်းဖြည်းချင်း လှည့်လိုက်သည် ။

“ ဒီလိုလေ ဟာ .. ကျွန်တော် ဟို ကောင်မ အကြောင်း ပြောစရာ ရှိတယ် လို့ ”

“ ဘယ် ကောင်မလဲ ”

“ ဟာ ... နင် က လည်း သူ့ ကောင်မ သက်သက်ဇင် လေ ”

သူ ကျွန်တော့် လက် ကို သတိလက်လွတ် နဲ့ ရိုက်လိုက်ပြီး ပြောသည် ။ နောက် ရင်းနှီးစွာ ကျွန်တော့် လက်မောင်း ကို ကိုင် ထားသည် ။

“ ထားပါတော့ ငါ ဖုန်းဆက် လိုက် လို့ သူ ရောက်လာပါပြီ တဲ့ ငါ က ဘာ ဆက် ပြောရမှာလဲ ”

“ ဘာမှ ပြောစရာမလိုဘူး ”

“ အင်း ... ဒါဆို ”

“ ဒီလိုလေ ဟာ ... နင် က သူ့ ကို ကန်တော်ကြီးစောင်း ကို ချိန်းလိုက် ”

“ အင်း .. ထားပါတော့ ”

“ သူ ရောက်လာပြီ ဆို နင် ရှောင်ပေး ”

“ ရှောင်ပေး ပြီးရင် ... ”

“ ငါ ရောက်လာမယ် လေ ”

“ နင် ရောက်လာတော့ ”

ကျွန်တော့် ၏ ဇဝေဇဝါ အမေး ကို သူမ က ...

“ ငါ .. သူ့ ကို ရေကန် ထဲ တွန်းချမယ် လေ ”

“ ဟာ ... ”

သူမ ၏ စကားကြောင့် သူ ကြောင်သွားမိ၏ ။ နောက် ပါးစပ် အဟောင်းသား နဲ့သူမ ကို ကြည့် နေမိ၏ ။ သူမ က တော့ ဟို လူ ကို တွန်းချရန် ပုံစံမျိုးစုံ နဲ့ လက် ရွယ် ကြည့်နေ၏ ။

“ ဒီလို တွန်းချရင်ကျပါ့ မလား ”

“ မကောင်းပါဘူး ”

“ ဒီလို လည်စေ့ ကို ညှစ်ပြီး ရင် ညို့သကျီး ကို ကန် အားခနဲ အရှေ့ ခွေကျ လာ မှ အရှေ့ခွေကျ လာရင် သူ့ ကိုယ်လုံး ကို ငါ ထိန်း နိုင်မှာ မဟုတ် ဘူး ... ရင်ဝ ကို .. ရင်ဝ ကို ဖနောင့် နဲ့  ”

သူ ဖာသာ သူ စိတ်ပါလက်ပါ လုပ် ကြည့်နေသည် ။

အတန်ကြာ မှ သူ့ ကို ဝေ့ကြည့် မိသည် ။ သူ ငေးကြည့် နေမှန်း သိတော့ ကိုယ်ရှိန် ပြန် သ,တ်လိုက်သည် ။ သူမ ၏ ပုံ က တကယ် လုပ်မယ့် ပုံ ။ သူမ ၏ အပြု အမူ ကြောင့် သူ လည်း လန့်သွားပြီး ...

“ နင် အဲဒီလို လုပ်လို့ ဖြစ်ပါ့မလား အဲဒီလို ဆို ငါ လည်း ဘယ် ကောင်းမှာလဲ ”

ထိုတော့ မှ သူမ ဗြဲခနဲ ရယ် ကာ ...

“ ငါ က စကား အဖြစ် ပြောတာပါ... တကယ် လုပ်လို့ ဘယ်ဖြစ် မှာ လဲ သူ က ရေ မှ မကူးတတ်တာ .. နောက် ကိုယ့် ချစ်သူလေး ကို ဒီလို ဘယ် ရက်စက်နိုင် မှာ လည်း မရက်စက် နိုင်ပါဘူး ”

ဟု ဆို ၍ ခေါင်း ကုပ် ကာ တစ်ဖက် သို့ စပ်ဖြဲဖြဲ နဲ့ လှည့်သွား ပြန် သည် ။ နောက် ကျွန်တော့် ဘက် ပြန် လှည့် လာပြီး ...

“ ငါ က သူ နဲ့ အေးအေးဆေးဆေး စကား ပြောမှာပါ ”

“ ဘာ ပြောမှာလဲ ”

သူ အရှေ့ သို့ ပြန်လှည့် သွားပြီး တိုးညှင်းစွာ နဲ့ ...

“ သူ ငါ့ ကို ဘာလို့ ဖြတ်သွားတယ် ဆိုတာ လေ ”

ကျွန်တော် သက်ပြင်းချ လိုက်မိသည် ။ သူမ က တော့ အပြင် သို့ သာ ငြိမ်သက် ငေးကြည့်နေသည် ။ သူ လည်း မတတ်နိုင်တော့ ...

“ မေထူးချွန် ...”

ဝေ့ကြည့် ပါသည် ။ ပြီးတော့ အရှေ့ဘက် ပြန် လှည့် သွား၏ ။

“ နင် .. သူ့ ကို တကယ် ချစ်တာလား ”

သူမ ဖျပ်ခနဲ ပြန် ကြည့်သည် ။ နောက် ဘာမှ ပြန် မပြောဘဲ ခန္ဓာကိုယ် ကို ထိုင်ခုံ ပေါ် ခပ်လျှောလျှော ထိုင်ချ ပြီး ခုနက အတိုင်း သာ အပြင် ကို ငြိမ်သက်စွာ ငေး ကြည့် နေသည် ။ ကားလေး က သာ အရှိန် မှန်မှန် နဲ့ သူမ အိမ် ဘက် ဦးတည် နေသည် ။ သူ ဘာမှ ပြန် မပြောမိတော့ ။

အချိန်အခါ မဟုတ် ဘဲ မိုးရိပ် တို့ ဝေ့နေ၏ ။ ထူထပ်သော တိမ် များ ကြောင့် ပူပြင်းသော နေမင်း ပင် လျှင် မပွင့်သာ ဖြစ် နေတော့၏ ။ သွေ့ ခြောက် နေသော ရွက်ဝါများ လေပြင်းဝှေ့လိုက် တိုင်း ကောင်းကင်ယံ သို့ လွတ်လပ်စွာ ပြန် တက် လာသည် ။ မည်သူက ကမ္ဘာလောကကြီး ကို အစိုးရပါ သနည်း ။

သူမ ကို ရော မည်သူက အစိုးရပါ သနည်း ။

   •••••   •••••   •••••

“ ကလင် ... ကလင် .. ကလင် ... ”

ညဦးပိုင်း က ပူသလောက် ညနက်ပိုင်း တွင် အေးလာသည့် အတွက် အိပ်ရာ မထဘဲ နှပ်နေစဉ် ကျယ်လောင်သော ဖုန်းမြည်သံ ကြောင့် သူ စိတ်ရှုပ် သွားမိ သည် ။

“ ကလင် ... ကလင်... ကလင် ”

အဆက်မပြတ် မြည် နေသော ဖုန်းသံ ။ ဘယ်ကလဲ ။ ဒီနေ့ သူ့ တွင် ဖုံး ချိန်း ထားသူ မရှိ ။

“ ကလင် ... ကလင်... ကလင် ”

ဖုန်းသံ က မြည် နေဆဲ ။ ထို အသံ ကြားနေ လျှင် သူ လည်း ဆက်အိပ် ၍ ရမည် မဟုတ် ။ ထို့ကြောင့် တယ်လီဖုန်း ကို မျက်လုံး မဖွင့်ဘဲ လှမ်းစ မ်းပြီး ယူ လိုက်သည် ။

“ ဟယ်လို ”

သူ့ ထူးသံ ကြားသည် နှင့် တစ်ဖက် က ကြား လိုက်ရသည့် အသံ က ..

“ ဟဲ့ ... ဘောက်ထော် ... ငါ ပြောမယ် အသေအချာ နားထောင် ... နင် အဲ ဒီက နေ .. ၇၀၆၉၇၈ ကို ဆက်လိုက် ... အဲဒါ ကိုမျိုးမြင့်ထွန်း ဖုံး ပဲ သူ လာ ကိုင်ရင် သူ့ ကောင်မ သက်သက်ဇင်အကြောင်း ပြောစရာ ရှိလို့ လို့ ပြော .. သူ က ဘယ် လာခဲ့ရမလဲလို့ ပြောရင် ကန်တော်ကြီး မြောက်ဖက် သပြုပင်ကြီး ရှိတဲ့ ရေစပ်နား ကို လာခဲ့လို့ ပြောလိုက် ငါ အဲဒီ က စောင့်နေမယ် ”

“ ခွပ် ”

“ အင် ”

သူမ ပြောချင်တာ ပြောပြီး ဖုန်းချ သွား၏ ။ သူ ဖုန်းခွက် ကို ကိုင်ကာ အကြာကြီး ငေးကြည့်နေသည် ။ နောက် သူမ ခိုင်းစေချက် အတိုင်း လုပ်သင့် မလုပ်သင့် စဉ်းစား နေမိသည် ။ သူမ ခိုင်းစေသည့် အလုပ် ကို လုပ်ပေးရန် က လည်း သူ နှင့်ဘာမှ မသက်ဆိုင် ။ ဘာ ဆက် ဖြစ်မယ် ဆိုသည် က လည်း မသေချာ ။ တစ် ခုခု ဖြစ်လျှင် မဆီမဆိုင် ကိုယ့် ခေါင်းပေါ် ကျဦး မည် ။ မလုပ်ပြန် လျှင် လည်း ...

◾အကြည်တော်

📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment