“ ဒေါက် ဒေါက်ဒေါက် ... ဒေါက်ဒေါက်ဒေါက် ... ”
တစ်ယောက်တည်း အလုပ် ရှုပ် နေတုန်း အိမ်တံခါး ခေါက် သံ ကြား၍ စိတ်ညစ် သွားရသည် ။ ထို့ကြောင့် ... ။
“ လာပြီ ”
ဟု အသံ ပြု၍ လုပ်လက်စများ သိမ်းဆည်း ကာ အိမ်တံခါး ကို ပြေး ဖွင့် လိုက်သည် ။
“ ဟင် ”
အိမ်တံခါးဝ တွင် လုံးဝ ထင်မှတ် မထားသော သူမ ကို တွေ့တော့ သူ အံ့အားသင့် သွားရသည် ။ သူမ က သူ့ ကို ဂရုမစိုက် ဘဲ အိမ် ထဲ ကျော် ဝင် လိုက်သည် ။ ပြီးနောက် အိမ်ခန်း ထဲ ဟိုကြည့် ဒီကြည့် နှင့် လုပ်ပြီး ...
“ နင့် အိမ် က လည်း ရှုပ်ယှက်ခပ် နေတာပဲ ဟယ် ... ဘာတွေမှန်း လည်း မသိဘူး ”
ဟု ဆို၍ ဟိုဘက် လျှောက်လိုက် ဒီဘက် လျှောက်လိုက် လုပ်နေ သည် ။ ပြီးနောက် စားပွဲပေါ် တွင် တင်ထားသော ဆေးပုလင်းများ ကို ‘ စွပ် ’ ခနဲ ကိုင် ကြည့်ပြီး ...
“ ဒါတွေက ဘာတွေလဲ ..”
“ ဟေ့ဟေ့ ... အရမ်း မကိုင်နဲ့လေ ”
သူ အလန့်တကြား အော် မိသည် ။ သူမ ကိုင် ထားသည့် ပုလင်း က အနံ့ပြင်း သော ခွဲစိတ်ဆောင်သုံး မေ့ဆေးပုလင်း ။ သူမ သူ့ ကို ဝေ့ကြည့်ပြီး ခပ်တည်တည် နှင့် ပြန်ချ လိုက်သည် ။ နောက် စားပွဲခုံ အောက် ငုံ့ ကြည့် လိုက် နံရံ ကို မော့ ကြည့်လိုက် လုပ်နေ ပြန်သည် ။ သူမ ၏ အပြုအမူ ကြောင့် သူ လည်း မသင်္ကာ ဖြစ်သွားပြီး ...
“ နင် ဘာလာ ရှာနေတာလဲ ...”
သူမ သူ့ ကို တစ်ချက် ဝေ့ကြည့်သည် ။ နောက် ဘာမှ မဟုတ်သလို ဟန်မျိုး နဲ့ ...
“ ဟဲ့ .. အသိအိမ် အသစ် ကို ရောက်လာတဲ့ ဧည့်သည် တို့ ဘာသာ ဘာဝ စပ်စုရ တာပေါ့ ဟ ... ဘာမှ မရှာပါဘူး ”
ဟု ဆိုပြီး အိမ် အနောက် ဘက် လျှောက် သွား ပြန်သည် ။
“ ရှုပ်ပွ နေတာပဲ ဟယ် ... နင့် မိန်းမ က မ ရှင်းပေးဘူးလား ”
သူမ ၏ စကား ကို သူ ရှက်ကိုးရှက်ကန်း နဲ့ ခေါင်းကုတ် လိုက်ပြီး ...
“ ဟာ... ငါ့ မှာ မှ မိန်းမ မရှိတာ ”
“ အော် ... ထင်တော့ ထင်သား ... နင့် ပုံ နဲ့ က ...”
သူမ လှည့် မကြည့်ပါ ။ ရေခဲသေတ္တာ ကို ဖွင့်ပြီး အသေအချာ လိုက် ကြည့်သည် ။ ပြီးနောက် အချိုရည်ဗူး တစ်ဗူး ကို ဆွဲယူပြီး ...
“ ငါ က ဟို တစ်နေ့ က နင့် အိမ် ဝရန်တာ မှာ ထဘီတွေ လှန်းထား တာ တွေ့ လို့ မိန်းမ ရှိနေတယ် မှတ်တာ ”
“ ဟာ ... လုံချည်ပါ ကွာ ”
“ ဟီး ဟီး ဟီး ... အေး.. ထင်တော့ ထင်သား နင့် ပုံ နဲ့ က ဟီးဟီး ”
သူမ ရယ်ပါသည် ။ အချိုရည်ဗူး ကို မဖွင့်သေးဘဲ ခပ်တည်တည် နှင့် ဟိုလျှောက် ကြည့် ဒီလျှောက် ကြည့် လုပ် နေသည် ။ သူ မျက်မှောင်ကြုတ် ၍ ...
“ နင် ဘာ လိုက်ရှာနေတာလဲ ”
သူမ ခန္ဓာကိုယ် ကို ပြန် လျှော့ချ လိုက်ပြီး ...
“ ဘာမှမဟုတ်ပါဘူးဟာ ... အဲ ... နင်ပြောတဲ့ ဆင်တောင် တုန်းခနဲ လဲတယ် ဆိုတဲ့ မေ့ဆေးအပ် က ဘယ်ဟာ လဲ ”
သူမ အမေးကြောင့် သူ မျက်မှောင်ကြုတ် လိုက်မိသည် ။
“ ဘာ လုပ်ဖို့လဲ ”
သူမ က ဘာမှ အရေး မကြီးသလို ဟန်မျိုး နှင့် အချိုရည်ဗူး ကို ‘ ဖောက် ’ ခနဲ ဖောက်ပြီး ...
“ ဘာရယ် မဟုတ်ပါဘူး မြင်ဖူးတယ် ရှိအောင် ကြည့်ထားချင်လို့ ”
သူ ဘာမှ ဆက် မမေးဖြစ် ။ မေ့ဆေးအပ် ထည့် ထားသော ဗူး ရှိရာ ဘီရို ကို ဖွင့်၍ ထို အပ် ကို ယူ ပြ လိုက်သည် ။ ထို အပ်ကလေး ကို သူ သေချာ ကြည့် သည် ။ အပ် မှာ တစ်ခါသုံးဆေးရည်ပုလင်းလေး နှင့် တွဲလျက် ရယ်ဒီမိတ် အပ်ကလေး ဖြစ်သည် ။ ထို အပ်ကလေး ၏ နောက်ဆုံး တွင် အပ် ကို ပဲ့ထိန်း ပေးရန် ငှက်မွေးများ ပါရှိသည် ။ ထို အပ်ကလေး ဘေး တွင် ရှိသော ဝါးပြောင်းကလေး ကို ယူကာ ။
“ ဒါကရော ဘာလုပ်တာတုံး ”
“ ဒါက .. အပ် ကို ဒီ ဝါးပြောင်း ထဲ ထည့်ပြီး မှုတ်ရတာ ”
“ ဪ ”
သူမ အတော် စိတ်ဝင်စား နေပုံ ရသည် ။ ဝါးပြောင်းကလေး ကို ချောင်း ကြည့် သည် ။ ပြီးတော့ သူ့ နှုတ်ခမ်း နဲ့ တေ့ပြီး မှုတ် ကြည့်သည် ။ ပြီးနောက် ...
“ ဒီဟာလေး ငါ့ ကို ခဏလောက် ငှားလို့ ရမလား ”
သူမ စကား ကြောင့် သူ မျက်လုံး ပြူးသွားသည် ။
“ ရမလား ဟ ... ဒါက တောထဲ တောင်ထဲ မှာ မှ သုံးရတာ ”
သူမ ဝါးပြောင်း ကို ကိုင်ပြီး ခပ်တည်တည် သူ့ ကို ကြည့်သည် ။ နောက် ထို အပ်ကလေး ထောင်ပြပြီး ...
“ ဒါလေးရော ငါ့ ကို ခဏ ငှားမလား ”
သူမ စကား ကြောင့် သူ မျက်လုံး ပြူး သွားပြီး ...
“ ဘာလုပ်ဖို့လဲ ”
သူ့ အမေး ကို သူမ တစ်ဖက် လှည့် သွားကာ ...
“ အလုပ် ရှိလို့ပေါ့ဟ ”
“ ဘာ အလုပ်လဲ ”
“ နင့် ကို ပြောပြလို့ မဖြစ်ဘူး ”
သူ့ စကား ကို သူမ က ချက်ချင်း တုံ့ပြန်သည် ။ သူ လည်း ထို အပ်ကလေး ကို ချက်ချင်း ပြန် ဆွဲယူ လိုက်ပြီး ...
“ မပေးဘူး ”
ဟု ဆို၍ အပ်ကလေး နဲ့ ဝါးပြောင်း ကို သူမ လက်ထဲ မှ ဆွဲယူ လိုက်ပြီး ဗူးလေး ထဲ ပြန်ထည့်ကာ ပိတ်ထား လိုက်သည် ။ ပြီးနောက် သူ့ နေရာသူ ပြန် ထား လိုက်သည် ။ သူမ က တော့ မကျေနပ်၍ ထင့် ။ နှုတ်ခမ်း ကို ခပ်တင်းတင်း စေ့ကာ သူ့ ကို မိုက်ကြည့် ကြည့် နေသည် ။ သူ လည်း ခပ်တည်တည် နဲ့ ပြန် ကြည့် လိုက်သည် ။ နှစ် ယောက်သား မျက်လုံးချင်း အတော်ကြာကြာ ဆုံဖြစ်ကြ၏ ။ အတန်ကြာ မှ သူမ ရုပ် ချက်ချင်း ပြောင်းကာ နှာခေါင်း ကို တရှုံ့ရှုံ့ လုပ်ပြီး ...
“ ဟဲ့ ... နင် ... နောက်ဖေး မှာ ဘာ တည်ထားတာလဲ ... ငါ့ နှာခေါင်း ထဲတူးနံ့ ရတယ် ”
သူမ စကား ကြောင့် သူ မျက်မှောင်ကြုတ် မိပြီး ..
“ ဟင့်အင်း ... ဘာမှ မတည်ထားပါဘူး ”
“ ဟဲ့ ... တည်ထားလို့ တူးနံ့ ရတာပေါ့ ... သွား ကြည့်စမ်းပါ ဦး.. တော် ကြာ တစ်အိမ်လုံး ပါမီးလောင် သွားပါဦးမယ် ”
သူမ စကားကြောင့် သူ မီးဖို ထဲ ကမန်းကတမ်း ပြေးဝင် မိသည် ။
နောက် မီးဖို ကို သွား ကြည့်သည် ။ မီးဖို ပေါ် ခေါက်ဆွဲပြုတ်အိုး တင်ထားသည် ။ သို့သော် မီးဖွင့် မထား ။ အိုး ကို မပြီး မီးဖို ကို စမ်း ကြည့်သည် ။ ဘာ အပူငွေ့ မှ မရှိ ။ ထို့ကြောင့် သူအိမ်ရှေ့ ပြန် ထွက် လိုက်ပြီး ...
“ ဘာမှ .. ဟင် ”
သူမ ကို မတွေ့ရတော့ ။ ရုတ်တရက် သူမ ဘယ်ကို ပျောက်သွားသည် ကို မစဉ်းစားတတ် ။ နောက်မှ သူမ အကြံ ကို ရိပ်မိပြီး မေ့ဆေးအပ် ထား သည့် နေရာ သို့ ကမန်းကတမ်း ကြည့် လိုက်မိသည် ။
“ ဟာ ”
မေ့ဆေးအပ်ဗူး မရှိတော့ ။ အိမ်ရှေ့ က ဝရန်တာ သို့ ပြေးထွက်ပြီး အောက် ကို ငုံ့ ကြည့် လိုက်တော့ ...
မေ့ဆေးဗူး ပို က်၍ ကား ထဲ သို့ ခပ်သော့သော့ ဝင်ပြေး သွားသော သူမ ။
“ ဟေ့ဟေ့ ... ဟာ .. ဟေ့ .. နေဦး .. နေဦး ”
သူ အလန့်တကြား အော်ပြီး လှေကား အတိုင်း ကမန်းကတမ်း ပြေး ဆင်းသည် ။ သူမ က တော့ ...
သူ့ အော်သံ ကို ဂရုမစိုက် ဘဲ ကားစက် ကို ဝူးခနဲ နှိုးပြီး သူ့ ကို လက် တစ်ဖက် ထုတ် ၍ တာ့တာ ပြ ကာ ကား ကို မှုန်နေအောင် မောင်းထွက် သွား လေသည် ။ သူ လည်း ဘာမှ မတတ်နိုင်တော့ ။ ပြေး လိုက် ၍ လည်း မီတော့ မည် မဟုတ် ။
“ တောက် ... ပါသွားပြီ ... ပါသွားပြန်ပြီ ... ဘာတွေ ဂျိုကျဦး မလည်းမသိဘူး ... ဟင်း ”
မကျေမနပ် ရေရွတ်ရုံ သာ ရှိတော့သည် ။ ဘာမှ မတတ်နိုင်တော့ ။ တော်ယုံတန်ယုံ ဆိုလိုက်ရှာ ၍ ရသေး၏ ။ ယခုတော့ သူ့ အဖြစ် က သူမ တစ်ယောက် ထဲ မှ လွဲ၍ သူမ ရဲ့ အိမ် လိပ်စာလေး ဖုန်းနံပါတ်လေး က အစ ဘာမှ မသိခဲ့ရခြင်း ပင် ။ သို့သော် မျှော်လင့်ချက် တော့ ရှိသည် ။ သူ အလျင်အမြန် အဝတ်အစား လဲ ၍ ထိုနေရာ သို့ .. ။
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment