မှန်ပေသည် ။ သူ ၏ တွေးဆချက် မှန်ပေသည် ။ သူ ရောက်သွားချိန် တွင် သူမ က မျိုးမြင့်ထွန်း ဆိုသော သူ့ အမျိုးသား ဟောင်း ၏ ခြံ တံခါး ကို ကျော် တက်ဖို့ လုပ်နေပြီ ။ သူ့ ခါးကြား မှာ လည်း သူ့ ထံ မှ ယူ သွားသော မေ့ဆေးဗူး ကို ထိုးထည့် ထား၏ ။ သူမ ဘာ ဆက် လုပ်မည် ကို သိချင်၍ သူ အသာလေး ငြိမ် ကြည့်နေ လိုက်သည် ။
ဟို စုံတွဲ က တော့ ခြံ ထဲ တွင် ကြည်နူးစွာ ထိုင်နေကြသည် ။
သူမ က သာ ဘယ်သူမှ မမြင်နိုင်တဲ့ ပန်းခြုံ နဘေး မှ နေ၍ ခြံစည်းရိုး ပေါ် ကျော်တက် နေပြီ ။ သို့သော် သူ စီး ထားသော ဒေါက်ဖိနပ် ၊ ဝတ်ဆင်ထား သော ထဘီစကပ်အကြပ် ကြောင့် ဘယ်လိုမှ ကျော်တက် မရနိုင် ဖြစ်နေသည် ။ သူမ အောက် ပြန် ဆင်းလိုက်ပြီး ...
ဒေါက်ဖိနပ် ချွတ်လိုက်သည် ။ ပြီးနောက် စလင်းဘက် ကို ချွတ် ၍ ချထား လိုက်သည် ။ ခါးကြား မှ ပြောင်း ကို စမ်းသည် ။ နောက် ထဘီ ကို မ ၍ ခြံစည်း ပေါ် သို့ ‘ ယစ် ’ ခနဲ ညာသံ ပေး၍ ကုပ်ကပ် တက် လိုက်သည် ။
သူမ ၏ ပုံ မှာ ရန်သူပေါင်း မြောက်မြားစွာ ကို သေသေကျေကျေ တိုက်ခိုက် မည့် ကွန်မန်ဒို ပုံမျိုး ဖြစ်နေသည် ။ ရုပ်တည်ကြီး နဲ့ ‘ အီစ်အီစ် ’ အသံ ပေး ကာ ခြံစည်းရိုး ပေါ် ကုပ် တက် နေသည် ။ သူ့ လက် က ခြံစည်းရိုး အပေါ် သို့ မမီနိုင်သေး ။ အံကြီး ကြိတ် ကာ မရ ရအောင် တွယ် တက်နေ သည် ။ တစ်ကိုယ်လုံး လည်း ဇောချွေးများ ရွှဲနစ် နေသည် ။ ခြေထောက် နှစ်ဖက် က လည်း ပြုတ် မကျနိုင်အောင် အုတ်နံရံ ကို အသေအကျေ ကျားကန် ထား ရ၏ ။ ဖတ်ခနဲ လက် တစ်ဖက် ကို ခြံစည်းရိုး ပေါ် မြှောက်တင် လိုက် သည် ။ ပြီးမှ ထို လက်အား နှင့် ပင်ခြံစည်းရိုး ပေါ် ကုတ် တက် လိုက်သည် ။
ရပြီ ။ ဟိုဘက် ခြံထဲ ကို သူ့ ခေါင်း က ကျော် မြင်ရပြီ ။ ခြေ နှစ်ဖက် က လေ ထဲ တွဲလဲ ။ ဟို အတွဲက တော့ သူ့ ကို မမြင်သေး ။ သူတို့ ဖာသာ သူတို့ ကြည်နူးစွာ စကား တွေ ဖောင်ဖွဲ့ နေသည် ။
“ ဟား ဟား ဟား ဟား ... နာ ဖို့သာ ပြင်ပေတော့ ”
သူမ ၏ ရယ်သံ တိုးတိုး ။ နောက် ခါးကြား တွင် ဆောင်ထားသော ဝါးပြောင်း ကို လက် တစ်ဖက် နှင့် ဆွဲထုတ် လိုက်သည် ။ အုတ်နံရံစွန်း ကို တံတောင် တစ်ဖက် နဲ့ သာ ခေါက်တင်ပြီး ကြိုတင် ယူဆောင် လာသော မေ့ဆေးအပ် ကို ခါးကြား မှ ဆွဲထုတ်ကာ ပြောင်း ထဲ ထည့် လိုက်သည် ။ နောက် ဆတ်ခနဲ ဟိုစုံတွဲ ဆီ ဝါးပြောင်း ထိုးချိန် လိုက်သည် ။
“ ဟီး ဟီး ဟီး ... တွေ့ကြပြီပေါ့ ”
သူမ ၏ ဝမ်းသာအားရ ရယ်သံ ။ သူမ တကယ် လုပ်တော့မည် ။
ထိုတော့ မှ သူ လည်း လန့်သွားကာ ...
“ ဟိတ် ဘာ လုပ်တာလဲ ”
ကျယ်လောင်သော သူ့ အော်သံ ကြောင့် သူမ တုန် တက်သွားသည် ။ ဆတ်ခနဲ အနောက်ဘက် လှည့် ကြည့်လိုက်ရာ ...
“ အား ”
သူမ ၏ ခန္ဓာကိုယ် ကို မထိန်းနိုင်ဘဲ ဝါးပြောင်းကြီး ကိုင်ကာ အနောက်ဘက် သို့ ‘ အုန်း ' ခနဲ လန်ကျ သွား လေသည် ။
“ ဖုန်း ...”
“ အွန့် ... ”
အသံက သိပ် မကျယ်ပါ ။ ကတ္တရာလမ်းမ ပေါ် ဖင်ထိုင်ရက် ငုတ်တုတ်ကြီး ဖြစ်နေ၏ ။ နောက်မှ အနောက်ဘက် သို့ တဖြည်းဖြည်း လန်ကျ သွားပြီး...
“ အောင်မလေး ကျိုးပါပြီ အမေ ရဲ့ ”
သူမ ၏ ငယ်သံ ပါအောင်အော် သံကြောင့် သူ လည်း လန့်သွားပြီး ...
“ မေထူးချွန် ”
သူ ၏ အလန့်တကြား အော်သံ ။ သူမ လှည့် မကြည့်နိုင်တော့ ။ ဝါးပြောင်း ကြီး ကျစ်ကျစ်ပါအောင် ဆုပ်ကာ အံ့ကြီး ကြိတ်ပြီး အတောင့်လိုက်ကြီး ငုတ်တုတ် မေ့ နေသည် ။
ခြံ ထဲ လှမ်း ကြည့် လိုက်တော့ ဟို စုံတွဲ က ဘာဆို ဘာမှ မသိဘဲ
ကြည်နူးစွာ တီတီတာတာ ပြော နေတုန်း ။
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment