Saturday, November 11, 2023

ချစ်ရနံ့ကြိုင်


 ❝ ချစ်ရနံ့ကြိုင် ❞


‘ ချစ်ရနံ့ကြိုင် ’ ဇာတ်ကား ကို ကျွန်ုပ် သည် ခင်မေကြီး နှင့် ‘ ဘီအေမ ’ ဇာတ်ကား ကို ရိုက်ကူး ပြီး နောက် ဒါရိုက်တာ အဖြစ် နှင့် တတိယ အကြိမ်မြောက် စီစဉ် ရိုက်ကူးသော ဇာတ်ကား ဖြစ်လေသည် ။


‘ ချစ်နံ့မပြယ် ’ ဇာတ်ညွှန်း ကို ရေးစဉ် က ကျွန်ုပ် ၏ ကျောင်းပြေး အိမ်ပြေး ဘဝ က စစ် နှင့်ပတ်သက်ခဲ့သည့် ဖြစ်စဉ်ကလေးများ ကို ဟို တစ်ကွက် ၊ သည် တစ်ကွက် ထည့် ခဲ့သည် ။ ထို ချစ်နံ့မပြယ် သည် ပြည်သူ့ အသည်းစွဲ ဖြစ်သွားသည့် အခါ စစ်တပ် ကို ကျောထောက် နောက်ခံ ထား ၍ စစ်သားတို့ ဘ ဝကို ဖော်ထုတ်သော ဇာတ်ကား တစ်ကား ကို စီစဉ် ရိုက်ကူး လိုသော ဆန္ဒတွေ ပေါ်လာခဲ့လေသည် ။


ကျွန်ုပ် ၏ ကျောင်းသားခေတ် သည် ပထမ ကမ္ဘာစစ် ၏ အရိပ်အငွေ့ မကင်းသော ခေတ် ဖြစ်လေရာ ကျောင်း သည် စစ်သားစုဆောင်းသော အရာရှိ တို့ အဖို့ အကောင်းဆုံး သွေးဆောင်ရာ ၊ မျက်စိကျရာ ဖြစ်ခဲ့သည် ။ ကျွန်ုပ် ကိုယ်တိုင် ပြည်မြို့ အစိုးရဟိုက်စကူးကျောင်း တွင် နေစဉ် က စစ်သားစုဆောင်း သော အရာရှိ တရားဟော နေသည် ကို အခြားသော ကျောင်းသားများ နှင့် အတူ နားထောင်ခဲ့ရုံ မက လူပုံ အလယ် တွင် ထိုင်ရာ မှ ထကာ စာရင်းသွင်းခဲ့သည် ။ 


လူ့ ဘဝ ၏ ခရီးစဉ် တွင် ထူးခြားသော အဖြစ်အပျက် များ ကို မိမိ ကိုယ်တိုင် က ပြုလုပ်၍ သော် လည်းကောင်း ၊ အခြားသူ ၏ ပယောဂကြောင့် သော် လည်းကောင်း တွေ့ကြုံရ တတ်ရာ ထိုသို့ တွေ့ကြုံရသော ထူးခြားမှုများ သည် လူ တစ်ဦး တစ်ယောက် ၏ ဘ၀ ဖြစ်စဉ် ရာဇဝင် တွင် မှတ်တမ်း တင် သကဲ့သို့ ရှိရကား အခါအားလျော်စွာ သတိရခြင်း ၊ စားမြုံ့ပြန်ခြင်း ဖြင့် နှစ်သိမ့်မှု အရသာ ကို ရှာနိုင်ပြ န်လေသည် ။


ထို့အတူ ‘ ချစ်ရနံ့ကြိုင် ’ စစ်ဇာတ်ညွှန်း ကို ရေးမည် ဟု ကြံ လိုက်လျှင် ပင် လွန်ခဲ့သည့် ကျောင်းသား ဘဝ စစ် တရား နာ ၍ စစ် ထဲ ဝင် စာရင်းသွင်း ခဲ့သည်များ မှာ ရိုးခနဲ ရိပ်ခနဲ ပြေးဝင်၍ လာကြတော့သည် ။


မိတ္ထီလာ စစ်တပ် တွင် စစ်သား ဘဝ က စားရ ၊ သောက်ရ ၊ နေရ ၊ စစ်ရေးပြရ သည့် အခြင်းအရာ တို့ သည် လည်း အပြေးအလွှား ရောက်၍ လာ ပြန်သည် ။


ထို့ကြောင့် ပြည်မြို့ ဟိုက်စကူးကျောင်း သို့ စစ်သား စုဆောင်းရေး အရာရှိ ရောက်လာခြင်း ကို အခြေခံပြီး ဇာတ်ညွှန်း ကို ရေး၍ ကျွန်ုပ် ၏ နေရာ တွင် ဇာတ်လိုက် မောင်မောင်အေး ကို အစားထိုး ပေး လိုက်လေသည် ။


ဇာတ်လမ်း မှာ သော်တာ အမည်ရှိ ကျောင်းသား တစ်ဦး သည် စစ်သားတရားဟော ကောင်းသော အရာရှိ စကား ကို သဘောကျ ၍ စစ် ထဲ ဝင်သွားရာ မှ စစ်သား ဘဝ ၏ အရသာ အဆိုးအကောင်း ကို တွေ့ကြုံ ခံစားရသည် တို့ ကို အသေးစိတ် သရုပ်ဖော် ပေး လေသည် ။


စစ်တပ် နှင့် မနီးမဝေး တွင် တင်တင် အမည်ရှိ အမျိုးသမီး တစ်ဦး မှာ စစ်သားတွေ နောက်ပိုးမှု သောင်းကျန်းလွန်း သဖြင့် စစ်သား ဆို လျှင် အော့နှလုံး နာ ၍ နေလေသည် ။ စစ်တပ်တွင် သော်တာ သည် ဂျမဒါ ခေါ် စစ်ဗိုလ်ကလေး ဖူးညို လက်အောက် တွင် အမှုထမ်း ရ ရာ ဖူးညို ၏ မျက်စိ ထဲ ၌ စစ်သားချော သော်တာ ကို အကြောင်းမဲ့ စပါးမွေး စူး၍ နေခဲ့လေသည် ။


တင်တင် ၏ ရုပ်ချော ခေတ်ဆန်သော သတင်း သည် စစ်တပ် ရှိ စစ်သား ၊ စစ်ဗိုလ်တို့ နား တွင် ရောက်နေရ ကား တင်တင် ကို အနည်းဆုံး မြင်ဖူးအောင် ကြိုးစားခြင်း ၊ စကား ပြောရအောင် ကြိုးစားခြင်း ၊ ဝင်ထွက် သွားလာ နိုင်အောင် ကြိုးစားခြင်း စသည် ဖြင့် နည်းပရိယာယ် အမျိုးမျိုး နှင့် ပိုး ပန်း ကြရာ ဂျမဒါဖူးညို လည်း ပါဝင် လေသည် ။


သော်တာ မှာ သာမန် စစ်သား မျှ သာ ဖြစ် သဖြင့် စစ်သားများ နှင့် မျက်နှာကြော မတည့်သော တင်တင် ကျ လောက်မည့် အခြေ မရှိသည် နှင့် မိမိ ကိုယ် ကို စာရေးကြီး ဟန်ဆောင် ကာ တင်တင် မြင်အောင် ကြိုးစားခြင်း ဖြင့် တစ်ဦး နှင့် တစ်ဦး မျက်စိ ကျ မိလေသည် ။


ဤသို့ဖြင့် စစ်သား မဟုတ် ၊ စာရေးကြီး ဖြစ်သည် ဟူသော အထင် ဖြင့် တင်တင် သည် သော်တာ နှင့်ချစ်ကြိုက် မိရာ တစ်ခါ တစ်ခါ စစ်တပ် မှ ညဘက် တွင် တိတ်တဆိတ် ခိုးထွက် ၍ ရည်းစား နှင့် တွေ့ဆုံလေ့ ရှိသည် ။


တစ်ည ၌ ဂျမဒါဖူးညို သည် စစ်တပ် အတွင်း သို့ လှည့်၍ စစ်ဆေးရာတွ င် သော်တာ ၏ အိပ်ရာ မှာ အဝတ်အထည်ပစ္စည်းများ ကို လူပုံသဏ္ဌာန် လုပ်၍ စောင် ဖြင့် လွှမ်းခြုံ ထား ခဲ့သည် ကို မိသွားရုံ မက သော်တာ နှင့် တင်တင် ကို သင်္ကာမကင်း ရှိနေခြင်း မှ အကယ်ပင် ချစ်ကြိုက်နေကြ လေပြီ ဟု ရှူးရှူးရှဲရှဲ ဒေါသ လွန်ကဲ ကာ အခဲ မကျေ ရှိ နေ လေသည် ။


ထိုမျှ မကသေး ၊ ဖူးညို သည် နောက်တစ်နေ့ ၌ သော်တာ အား နို့ဆီသေတ္တာ ကို ထမ်းပိုးစေလျက် တင်တင် အိမ် သို့ လက်ဆောင် ပေးရန် ခေါ်ဆောင် သွားရာ သော်တာ မှာ အမိန့် ကို မလွန်ဆန် ရဲ ဘဲ မျက်စိမျက်နှာ ပျက်လျက် နှင့် လိုက် ပါရ ရှာသည် ။


တင်တင့် အိမ် သို့ ဂျမဒါဖူးညို သည် ဟိတ်ဟန်ဝင့်ဝင့် နှင့် နောက်ပါ တပည့် သော်တာ အပေါ် အသားယူ အမိန့် ပေး ရင်း ရောက်၍ လာ လေသည် ။ သော်တာ အား စစ်ဝတ် စစ်စား နှင့် ဖူးညို ၏ နောက်ပါး က အခိုင်းအစေ ခံကာ ပါလာ သည် ကို တင်တင် မြင်ရသည့် အခါ အံ့ဩသော မျက်နှာ ထား နှင့် မိမိ အား စာရေးကြီး ဟန်ဆောင် ကာ အချစ် ကို ရအောင် ယူသည့် အဖြစ်အပျက်များ ကို တွေးမိတိုင်း ရှက်ခြင်း ၊ ဝမ်းနည်းခြင်း ဖြစ်လေသည် ။


တင်တင် မျက်နှာ မသာမယာ ရှိလေ ဖူးညို သည် သော်တာ အား မိမိ ၏ လက်အောက်ငယ်သား အဖြစ် ပို၍ ပါဝါ ပြ လေသည် ။


သော်တာ လည်း မည်သို့မျှ မပြောနိုင်ဘဲ ခေါင်းငုံ့ ၍ ခံရင်း ခိုင်းစေသမျှ လုပ်ရ လေသည် ။ ဖူးညို ၏ မတရားမှု ကို မြင်ရသော အခါ တင်တ င်မှာ မေတ္တာ မျှ ဖို့ ဝေးစွ ၊ သော်တာ့ ကို ပင် သနားကရုဏာ သက် ပြန် လေသည် ။


နောက်ဆုံး၌ တင်တင့် မှာ စစ်သား ကို ရှောင်ရာ မှ ဖြစ်မိချစ်မိ သော အခါ အချစ် ကို ပယ်ဖျက်၍ မရတော့ဘဲ ရှိကာ မိဘလူကြီး တို့ ဖျောင်းဖျမှု ကို ပင် နားမဝင် ရှိ လေသည် ။ ဤသို့ဖြင့် သော်တာ့ ၏ စစ်တပ် မှာ နိုင်ငံခြား သို့ ထွက်ခွာရတော့မည့် အမိန့် ကျ၍ တစ်တပ်လုံး ပြင်ဆင် လျက် ရှိ လေပြီ ။


ချိန်းဆိုသည့် အတိုင်း တပ်ကြီး ထွက်မည့် ဆဲဆဲ ည ဘက် တွင် ချစ်သူ ကို ခိုး၍ ထွက်ပြေးတိမ်းရှောင် နေရန် စီမံ ချိန်းချက် လေ တော့သည် ။


ထိုည ၌ ချစ်သူချင်း ပေါင်းသင်းခွင့် ရ သဖြင့် သော်တာ ရော ၊ တင်တင် ပါ မွေ့လျော် ပျော်ရွှင် အချစ်ရေယာ ဉ်တွင် ဒလဟော မျောပါ ရင်း အိပ်ပျော်၍ ကုန်ကြသည် ။


အရုဏ် တက်ချိန်တွင် စစ်တပ် မှ တပ်ကြီး ထွက်အံ့ ဟု နှိုးဆော်သည့် ခရာသံ သည် အိပ်မောကျ နေသော သော်တာ ၏ နားတွင်း သို့ စူးရှစွာ ဝင်၍ လာရာ အိပ်ရာ မှ လူးလဲ ထပြီး စစ်တပ် ၏ ပြင်းထန်သော အမိန့် နှင့် မိမိ ၏ တာဝန် ဝတ္တရား ရှိသည့် သစ္စာတရား တို့ ကို နှလုံး သွင်း မိလေသည် ။ ညားစ ချစ်ဇနီး မှာ မိမိ ၏ ရှေ့ရေး ကို မတွေးနိုင်ဘဲ အိပ်ပျော် လျက်ရှိလေသည် ။ သော်တာ သည် ချစ်မယား နှင့် ဝတ္တရား ကြား တွင် ဗျာများ ၍ နေကာ မျက်ရည်များ သွယ်သွယ် စီးဆင်းလျက် ရှိလေသည် ။


စစ်တပ် ခရာသံ သည် ပြင်းထန်စွာ ဝင်၍ လာ လေလေ သော်တာ သည် ချစ်သူ အား နောက်ဆုံး ကြည့်ခြင်း ဖြင့် ကြည့်ကာ မချိသော နှလုံး ဖြင့် ဝတ္တရား နောက်သို့ ကောက် ကောက်ပါအောင် လိုက်လေတော့သည် ။


လော်ရီကားကြီးများ ဖြင့် လည်းကောင်း ၊ လားဆွဲ လှည်းများ ဖြင့် လည်းကောင်း ၊ စစ်သားများ ကို တင်၍ စစ်တပ် သည် ထွက်ခွာ စ ပြုလေပြီ ။


တင်တင် သည် အိပ်ရာ မှ နိုးသည် နှင့် ကြည့်  လိုက် လျှင် အနီး တွင် ချစ်လင် နှင့် တကွ ၎င်း ၏ စစ်ဝတ်စစ်စား ပစ္စည်းများ ပါ လုံးဝ ပျောက်ကွယ် နေသည် ကို တွေ့ရ ကား ကမ္ဘာမီးလောင်သည့် နှယ် ပူပန်ကြီးစွာ နှင့် လင်ပျောက် ကို လိုက်၍ ရှာလေသည် ။


စစ်တပ်ကြီး သယ်ဆောင် ထွက်ခွာရာ လမ်း အတိုင်း အပြေး လိုက်သည် တွင် ရွေ့လျား သွားနေသော စစ်တပ်ကြီး ကို တွေ့ရ ကား အရူး ပမာ အော်ကာ ဟစ်ကာ သော်တာ့ ကို တကြော်ကြော် ခေါ် သော်လည်း သော်တာ ကား ရှေ့ကားများ နှင့် ပါသွားပြီ ဖြစ်ရကား နောက်ဆုံး ၌ ပဋာမြေလူး လူး လှိမ့် ကျန်ရစ်ခဲ့လေသည် ။


စစ်မြေပြင် စခန်း တွင် ဂျမဒါဖူးညိုကြီး နှင့် အတူ သော်တာ သည် တူးမြောင်းကတုတ် အတွင်း မှ ရန်သူများ ကို ပစ်ခတ် ခုခံ၍ နေရ သော် လည်း ရန်သူကျည်ဆန်များ ပြင်းထန် လွန်း၍ အကျအဆုံး များ ရကား ဝေးလံသော အင်္ဂလိပ်တပ်ရင်း စခန်း တစ်ခု သို့ အကူအညီ တောင်းရသည့် အခြေ သို့ ရောက်လာခဲ့လေသည် ။


ဖူးညို သည် အချစ် နှင့် ပတ်သက်၍ အခဲမကျေ ရှိနေ သော သော်တာ ကို သာ ကျည်ဆန်တွေ အကြား မှ စွန့်စား ၍ သွားရမည့် ဆက်သား တာဝန် ကို ပေးအပ် လိုက်ရာ သော်တာလည်း အသက်ဆံဖျား အမြောက်ကျည်ဆန်တွေ တဖွားဖွား ကျသည့် အထဲ မှ မြင်း တစ်ကောင် ကို ဆွဲ၍ အပြင်း စီးကာ စိုင်း ရလေသည် ။


ကံအားလျော်စွာ ဘေးမခ ဘဲ အင်္ဂလိပ်စစ်တပ် စခန်း ချ ရာ သို့ ရောက် သွားပြီး အကြောင်းကြား နိုင်သဖြင့် ရန်သူ ဝိုင်း ခံရသော မြန်မာတပ်ကလေး မှာ ချမ်းသာရာ ရသော် လည်း မြေကတုတ် တူးမြောင်း တွင် ကျန်ရစ်သော ဂျမဒါ ဖူးညို မှာကား ခြေထောက် တစ်ဖက် ကို အမြောက်ကျည်ဆန် ကျရောက် ထိမှန်ခြင်း ခံရ ရှာ လေသည် ။


စစ်ကြီး ပြီးသည့်အခါ မြန်မာ စစ်တပ် မှာ နိုင်ငံခြား မှ မျက်နှာပန်း လှလှ ပြန်လာသည် တွင် သော်တာ မှာ စစ်ဗိုလ် ကလေးရာထူး နှင့် တိုးတက်သော အဆင့်အတန်း ဖြင့် တွေ့ မြင်ရသော်လည်း ဂျမဒါဖူးညို ကို ကား ခြေတစ်ဖက် မပါ သော ဒူးပြတ်ကြီး ကြောင့် ချိုင်းထောက် ကို အသုံးပြု ကာ မချိသွားဖြဲ တွေ့မြင်ရ လေသည် ။


တင်တင် သည် သော်တာ ကောင်းစွာ ပြန်လာသည် ကို တွေ့ကြုံ  ရပြီးနောက် စစ်အခမ်းအနား နှင့် ကြီးကျယ်စွာ လက်ထပ်သဘင် ဆင်နွှဲရ ရှာလေ သတည်း ။


  •••••   •••••   •••••


အထက်ပါ ရုပ်ရှင်ဇာတ်ညွှန်း ကို စိတ်ကူးယဉ်စွာ ရေးလိုက်ရ သော်လည်း တကယ်တမ်း သရုပ်ဖော်ရေး မှာ လုံးဝ မလွယ်ကူသည် ကို တွေ့ ရပေသည် ။


အထူးသဖြင့် ရန်ကုန်မြို့ တွင် မြန်မာစစ်တပ် ဟူ၍ မရှိ သောကြောင့် ယူနီဘာစီတီကျောင်း မှ အပျော်တမ်းတပ် ကို အားကိုးရ လေသည် ။


ထို စစ်တ ပ်မှာ ကျောင်း ရက်ရှည် ပိတ်ချိန်တွင် ၁ဝ မိုင် စခန်း သို့ သွားရောက် စခန်းချ ကာ စစ်တပ်တ စ်တ ပ်၏ နေမှု ၊ စားမှု ၊ လေ့ကျင့်မှု စနစ် အရ နေထိုင်ကြသည့် အကွက် အခန်းအချို့ ကို ရိုက်ကူးရ လေသည် ။ သော်တာ အဖြစ် နှင့် ပါဝင်ရမည့် မောင်မောင်အေး အား သေနတ်များ ကိုင်စေ လျက် ယူနီဘာစီတီ အပျော်တမ်း တပ် ပတ်ဝန်းကျင် ကို ကျောထောက်နောက်ခံ ထားကာ ရိုက်ကူးခဲ့ရသည် ။ စစ်သား လေ့ကျင့်ခန်းများ အတွက် အင်းစိန် မှ လူရွယ် ကျောင်းသား သုံးဆယ် ခန့် ကို စစ်ဝတ်စစ်စား ဆင်ယင်စေလျက် ၁ဝ မိုင် လမ်း တစ်လျှောက် တွင် လေ့ကျင့် ပေးရသေး သည် ။ အချို့လည်း စစ်ဖိနပ်များဒဏ် ကိုမ ခံနိုင်ဘဲ ပေါက်ပြဲ အနာရ ထော့ကျိုးတွေ ဖြစ် ကုန်ကြသည် ။ မင်္ဂလာဒုံ အင်္ဂလိပ်စစ်တပ်ရုံး သို့ လည်း သွား၍ လိုအပ်သော အကွက် အခန်းများ ကို ရိုက်ခွင့် ပြုရန် တောင်းဆိုရ သေးသည် ။ စစ်မြေပြင် အခန်းကား ကျွန်ုပ်တို့ အတွက် အခက်ခဲ ဆုံး ဖြစ်ရာ အင်္ဂလိပ်ရုပ်ရှင်ကား တွေ ကို သွား ၍ ကြည့်ရင်း လိုရာ အကွက် ကို ရှာရ လေသည် ။ ဤသို့ဖြင့် မြင်းလိမ္မာ တစ်ကောင် ကို အကြောင်းပြု ၍ ရိုက်ကူး ထားသော ဇာတ်ကား တစ်ကား တွင် စစ်မြေပြင် နှင့် အမြောက်ကြီးများ ပစ်ခတ်သော အခန်း ၊ စစ်သား တစ်ဦး မိုးသည်းထန်စွာ ရွာ ဆဲ တွင် မြင်း နှင့် ဒလကြမ်း စီးခန်း ကို တွေ့ရ ကား သက်ဆိုင်ရာ တို့ နှင့် ပြောဆို၍ ကူးယူ လိုက် လေသည် ။ သို့သော် အချောင် ရ သော အကွက် အခန်း ကို အဆင် ပြေ အောင် အသုံးချရေး နှင့် ကျွန်ုပ်တို့ ၏ မင်းသားစစ်သား ၏ အမူအရာ အလှုပ်အရှားများ နှင့် တစ်ဆက်တည်း ဟပ် မိအောင် ဖန်တီးရေး မှာ မလွယ်လှချေ ။


အချောင် ကူး ထားသော မြင်းစီးစစ်သား ၏ အဝတ် အစားမျိုး ကို ချုပ် ရသည် ။ ဦးထုပ် ကိုလည်း အထူး လုပ် ရ သည် ။ ဤသို့ တူညီသော အဝတ်အစား ကို ရသည့် အခါ သော်တာ ( မောင်မောင်အေး ) အား ဝတ် စေသည် ။


အင်္ဂလိပ် မြင်းစီး  စစ်သား မိုးပေါက်တွေ အကြား စစ် မြေပြင်တစ်လွှား တွင် ကဆုန်စိုင်းသည့် အထဲ တွင် မောင်မောင်အေး ၏ အနီးကပ် မြင်းစီး ရုပ် ကို ညှပ်ပေး မှ သာ ယုတ္တိ ရှိနိုင်မည် ဖြစ်ရာ မိုးရွာရေး အတွက် အကြံဉာဏ် ထုတ်ကြ ရ ပြန်သည် ။

 

ထို အချက် အတွက် သဲမှုန့်များ ကို လှည်း နှစ်စီးတို က် မှာယူပြီး သဲကြမ်းများ ကို ဆန်ခါ ဖြင့် ဖယ်ရှားရ လေသည် ။ ပြီးမှ သဲ ထွက်ရုံ မျှ သော အပေါက်များ ဖောက်ထားသည့် ဇလားရှည်ကြီး တစ်ခု ကို လုပ်၍ ခြေထောက် မြင့်မြင့် တပ်စေ ရ လေသည် ။


ဤ အကြံဉာဏ် ရရန် ကျွန်ုပ် တစ်ဦး တည်း သာ မက ထိုအခါက စိတ်ဝင်စားစွာ ကူညီကြသော ပန်းချီဆရာကြီး ဦးစံလွင် ၊ ဓာတ်ပုံဆရာကြီး ဦးဝိန် ၊ ပန်းချီဆရာကြီး ဦးအုန်းလွင်စသည့် ပညာသည်ကြီး များ ၏ စွမ်းရည်များ လည်း ပါဝင် ပေသည် ။


ဤသို့ဖြင့် သဲဇလား မှ သဲများ ကို ကျ စေသည် ။ သို့ သော် သဲများ မှာ အထက် အောက် တန်းတန်းကြီး ကျဆင်း သဖြင့် အခက် တွေ့ ရ ပြန်သည် ။


အချောင် ရ ထားသော ကား တွင် မိုးရေများ မှာ ဒေါင့် တန်း ကျဆင်း လာ သဖြင့် ကျွန်ုပ်တို့က လည်း ဒေါင့်တန်း ကျ ဆင်း အောင် လုပ်ဖို့ရာ ကင်မရာ စောင်း ၍ ချိန်လိုက်ခြင်း ဖြင့် ထိုကိစ္စအ တွက် ချောမော သွား လေ၏ ။


ဤသို့ဖြင့် ကင်မရာ စောင်းစောင်း ချိန်လျက် ကင်မရာ ရှေ့ က သဲမိုး ၊ သဲမိုး ၏ နောက် က စပရင် ပါ သော ဖုံကလေး ပေါ် တွင် မင်းသားစစ်သား ကို မြင်း စီးဟန် ထိုင်စေ လျက် လက်နှစ်ဖက် က ဇက် ကို ဆုပ်ကိုင် စေလျက် တွန်းထိုး ၍ စီး ဟန် အနီးကပ် ရိုက်ယူ ရ လေသည် ။


ဇာတ်ကား ပြသည့် အခါ ထို အစီအမံများ အဆင်ပြေမှု ကြောင့် အချောင် ကူးသည့် ကား ဟူ၍ပင် ထင်သူ မရှိ သလောက် တအံ့တသြ ဖြစ်ကုန်ကြသည် ။


ခက်သော အခန်း တစ်ခန်း ကျန် သေးသည် ။ ထို အခန်း မှာ သော်တာ အင်္ဂလိပ်စ စ်တပ် စခန်း သို့ ဝင်ရောက် ၍ ဆိုင်ရာ အင်္ဂလိပ်စစ်ဗိုလ်များ နှင့် အပြေးအလွှား တွေ့ဆုံရေး ပင် ဖြစ်သည် ။


ထို အခန်း အတွက် မှန်တံခါးများ ပါသော အတွင်းခန်း တစ်ခု ကို လုပ်ရပြန် လေသည် ။ မှန်တံခါး သို့ မိုးရေများ ရိုက်ပက် ၍ စီးကျ စိုရွှဲနေအောင် တိုင်ကီများ ကို သုံးရ လေသည် ။ 


အင်္ဂလိပ် စစ်ဗိုလ် လုပ်ရန် ရန်ကုန်မြို့ အရက်ဆိုင်များ တွင် ကြမ်းပိုး ကျ ၍ နေသော မျက်နှာဖြူ ကဇော် ဗိုလ် နှစ်ဦး ကို နေ့တွက် ကျေနပ်အောင်ပေး၍ စစ်ဗိုလ် လုပ်ခိုင်းရာ သူတို့ လည်း သရု ပ်တူအောင် ဆောင်ရွက်ကြရှာသည် ။ တူးမြောင်း မြေကတုတ် ပြုလုပ်ရန် ပန်းချီဆရာကြီး ဦးစံလွင် အကြံပေးချက် အရ သစ်သားဘောင်များ ဖြင့် စတူဒီယို ထဲ တွင် တူးမြောင်းမြေကတုတ် လုပ် လိုက်ရာ သဘာဝ ကျကျ ဖြစ်ပေါ် လာ ပြန်သည် ။


ဤ နည်းဖြင့် ချစ်ရနံ့ကြို င်ဇာတ်ညွှန်း ဖြစ်မြောက် အောင် သရုပ်ဖော် နိုင်ခဲ့ပေသည် ။ ဂျမဒါဖူးညိုကြီး အခန်း တွင် ကျွန်ုပ် ၏ ပညာသည် ရဲဘော်ကြီးလှမောင်ကြီး ကား နိုင်နင်းစွာ အသုံးတော် ခံခဲ့၍ တင်တင် အခန်း က ခင်မေကြီး သည် နသံသီး တွဲလောင်း နှင့် ပိုင်ပိုင်နိုင်နိုင် ကပြ နိုင်ခဲ့သည် ။ အခက်အခဲ အမျိုးမျိုး ၊ ဉာဏ် အမျိုးမျိုး ထုတ်၍ ရိုက်ကူး ရသော ဇာတ်ကား ဖြစ်၍ တစ်ကြောင်း ၊ ကျွန်ုပ် ကိုယ်တိုင် စစ် နှင့် ပတ်သက်လျှင် ဝါသနာ ထုံသော စိတ်ရင်း ကြောင့် တစ်ကြောင်း စိတ်ပါဝင်စားကာ ပျော်မွေ့လှသည် ။


ထို ကား ကို ရိုက်ကူး ရာ ၌ ဒါရိုက်တာ ဦးအောင်မြတ် သည် လက်ထောက် ဒါရိုက်တာ အဖြစ်ဖြင့် များစွာသော အထောက်အပံ့ ကို ပေး နိုင်ခဲ့လေသည် ။


‘ ချစ်ရနံ့ကြိုင် ’ ဇာတ်ကား ကို ရုံတင်သော အခါ တွင် အင်္ဂလိပ် ဘုရင်ခံ ခွင့် ယူ၍ ဘိလပ် ပြန် ခိုက် ဆာဂျေအေ မောင်ကြီးဘုရင်ခံ အဖြစ် ဆောင်ရွက်ရသော အခါ နှင့် ကြုံ ကြိုက်နေရကား မြန်မာဘုရင်ခံ သည် ဤ ချစ်ရနံ့ကြိုင် စစ်ကား ကို ကြွရောက် ဂုဏ်ပြု ကြည့်ရှုခြင်း ကို အမှတ်ရ မိသည် ။ မြန်မာ့စိတ် စစ်သွေး တို့ ကို ကျွန်ုပ်တို့ ရုပ်ရှင် ဖြင့် ဂုဏ်ယူ ထုတ်ဖော်ချိန်တွင် သာယာဝတီ မှ ဆရာစံ က လည်း လွတ်လပ်ရေး အတွက် လက်နက် စွဲကိုင်၍ တော်လှန်ပုန်ကန် လျက် ရှိတော့ သတည်း ။


◾ဦးညာဏ 


📖 ရှုမဝ မဂ္ဂဇင်း

      အတွဲ - ၆ ၊ အမှတ် - ၆၆ 

      ၁၉၅၂ ၊ နိုဝင်ဘာ  


#ကိုအောင်နိုင်ဦး

8:38 PM 10-Nov-23


.

No comments:

Post a Comment