❝ စာရေးမ လှလှ အလိုရှိသည် ❞
( ၁ )
“ ဘဝ ဟူသည် ရယူခြင်း မဟုတ် ၊ ပေးဆပ်နေရခြင်း ဖြစ်သည် ”
မောင်တင်မြင့် သည် အဆိုတော် မင်းနောင် ၏ “ ဘဝဟူသည် ” သီချင်း ကို ညောင် နာနာ အသံ ဖြင့် ခပ်တိုးတိုး ညည်း လိုက်သည် ။ သို့ ညည်း လိုက်ရင်း ဆိုင်ခန်း အတွင်း မှ အမှိုက်များ ကို လှည်း ၍ တစ်နေရာ တွင် စုပုံ လိုက်သည် ။ ပြီးမှ မှန်ဗီဒိုကြီး အောက် မှ အမှိုက် များ ကို လှည်း ထုတ်လိုက်ပြန်သည် ။ သို့ လှည်းထုတ် လိုက် ပြီး လျှင် အမှိုက်ပုံး ရှိရာ သို့ အသာ သိမ်း ယူ ၍ သွား ရသည် ။ အားလုံး အမှိုက် လှည်း ပြီး လျှင် မှန်ဗီရိုများ ကို အရင်ဆုံး ကြက်မွေး နှင့် ဖုန်ခါ ရသည် ။ ပြီးမှ အဝတ်စို ဖြင့် သုတ် လိုက်သည် ။ နောက် အဝတ်စို ဖြင့် သုတ် ပြီး တစ်ဖန် အဝတ်ခြောက် ဖြင့် သုတ်လိုက်သည် ။
မောင်တင်မြင့် သည် သီချင်းကလေး တအေးအေး ဖြင့် သူ့ အလုပ် ပြီးရန် ခပ်သုတ် သုတ် လုပ်နေ တော့သည် ။ သူဌေး ဦးဘမောင် ကား ဆိုင် အတွင်း သို့ ဝင်ရောက် လာသည် ။ မောင်တင်မြင့် က မသုတ်ရသေး သော မှန်ဗီရို တစ်လုံး ကို အမြန် အဝတ်ခြောက် ဖြင့် ထပ်၍ သုတ် လိုက်သည် ။
သူဌေး ဦးဘမောင် က မောင်တင်မြင့် နောက် နား ရပ် ၍ ကြည့် လိုက်ပြီး မေး နေကျ မေးခွန်း ကို မေး လိုက်သည် ။
“ ခုထိ အလုပ် မပြီးသေးဘူးလား ၊ ဘယ်အချိန် ရှိပြီလဲ ”
“ ပြီးပါပြီ ဆရာ ၊ ဒီ တစ်လုံးပဲ အဝတ်ခြောက် နဲ့ သုတ်ဖို့ ကျန်ပါတော့တယ် ”
သူဌေး ဦးဘမောင် သည် ဖိနပ် ကို ချွတ် ၍ ကြမ်းပြင် ကို ခြေ ဖြင့် စစ် ကြည့် လိုက် သည် ။
“ အမှိုက် က ရော လှည်းပြီး လို့ လား ”
“ ပြီးပါပြီ ဆရာ ”
“ ပြီးတယ် သာ ပြောတယ် ၊ သဲ တရှပ်ရှပ် ပဲ ၊ တစ်ခါ ပြော ထားရင် မှတ်မှပေါ့ ၊ မင်း ကို ငါ ဘယ်လို ပြောထားလဲ ၊ မှန်ဗီရိုတွေ သုတ်ပြီး မှ အမှိုက် လှည်း ပြော ထားတာ ၊ အမှိုက် လှည်း ပြီး မှန်ဗီရို ကို သုတ်တော့ ဗီရို က သဲတွေဖုန်တွေ က ပြန် မကျဘူးလား ၊ ဉာဏ် မှ မရှိဘဲ ၊ မှတ်ဉာဏ် ကို သုံးရတယ်ကွ ”
မောင်တင်မြင့် သည် ဦးဘမောင် ကို ပါးစပ် အဟောင်းသား နှင့် ငေး ၍ ကြည့်နေ မိ သည် ။ သူ့ စိတ် ထဲ တွင် ဘာကို မျှ နား မလည်နိုင်အောင် ရှိ တော့သည် ။ ဦးဘမောင် ပင် သူ့ စကား ကို သူ မေ့၍ လား ၊ သို့မဟုတ် သူ့ ဦးနှောက်များ ပင် အနေအထား မမှန် ၍ လား ဟူ၍ ကား မစဉ်းစားတတ် အောင် ရှိတော့ သည် ။
လွန်ခဲ့သော ၅ ရက် ခန့် က သူ သည် ဦးဘမောင် သင်ကြား ထားသည့် အတိုင်း ပင် မှန်ဗီဒိုများ ကို ရှေးဦးစွာ ဖုန်သုတ် ပြီး အမှိုက် လှည်း ခဲ့သည် ။ ထိုစဉ် ကလည်း မျက်နှာ ငယ်ငယ် ဖြင့် အကြိမ်း ခံခဲ့ရသည် ။ မှန်ဗီရို ကို အရင် သုတ်ပြီး မှ အမှိုက် လှည်း လျှင် ဖုန်များ အမှိုက်များ မှန်ဗီရို ကို ကပ်မည် ၊ ဤမျှပင် ဉာဏ် နည်း ရသည်လား ဟု သူ့ အား ပြစ်တင် မောင်းမဲ ခဲ့သည် ။ ထိုစဉ်က မောင်တင်မြင့် သည် ဦးဘမောင် အား တစ်ခွန်းမျှ တုံ့ပြန် ၍ မပြောရဲခဲ့ချေ ။ ဦးဘမောင် ပြောသည့် အတိုင်း ပင် အမှိုက် ကို ရှေးဦးစွာ လှည်း ပြီး မှ မှန်ဗီရိုများ ကို ဖုန် သုတ်ခဲ့သည် ။
ယနေ့ မူ ဦးဘမောင် သည် ပြောင်းလဲသော စကား ကို ဆိုပြန်ချေ ပြီ ။ အမှိုက် လှည်း ပြီး မှ မှန်ဗီဒိုများ ကို ဖုန် သုတ် လျှင် ၎င်း ဖုန်များ ကြမ်းပြင် ပေါ် ပြန် ၍ ကျမည် ၊ လွှင့်မည် ဤသည် ကို မျှ မသိဘဲ ဉာဏ် နည်းရသလော ဟု ကြိမ်းမောင်း ပြန် လေပြီ ။
ဤသည် ကို လည်း မောင်တင်မြင့် က ဘာမျှ မပြောရဲချေ ။ ဦးဘမောင် ကို သာ ငေး၍ ခပ်ကြောင်ကြောင် ကြည့် နေ မိသည် ။
“ ဘာ ငေးနေတာလဲ ၊ မြန်မြန်လုပ် ၊ ဉာဏ် လည်း မရှိ ဝီရိယ လည်း မရှိ ၊ ဘယ်လို ကောင်စားတွေမှန်း မသိဘူး ”
ဦးဘမောင် သည် ဆိုင် အတွင်း ရှိ သူ့ အလုပ်ခန်း သို့ ဝင်သွား လေသည် ။ မောင်တင်မြင့် က သူ့အလုပ် ကို သူ အပြီးသတ် လုပ်လိုက် လေသည် ။ ပြီးမှ ဆိုင်ထောင့် တွင် ရှိသော တန်းလျား တစ်ခု ပေါ် တွင် အသာ သွား ၍ ထိုင် နေ လိုက်သည် ။
နာရီဝက် မျှ ကြာ လျှင် ဦးဘမောင် သည် လက်ဆွဲသားရေအိတ် ကို ဆွဲ၍ ပြန် ထွက် လာသည် ။ မောင်တင်မြင့် သည် အလိုလို နေရာ မှ ထပြီး သား ရှိနေတော့ သည် ။
“ မဝင်းကြိုင် လာ ရင် ဖက်စပ် ကို ပို့ဖို့ စာတွေ နှစ်စုံ ရိုက်ထား လို့ ပြော ၊ ပြီးတော့ မနေ့ က စာရင်း လည်း ပိတ်ဖို့ ပြော ကြားလား ၊ ငါ ပြောတာ မှတ်မိရဲ့လား ”
“ ဟုတ်ကဲ့ ဆရာ မှတ်မိပါတယ် ”
ဦးဘမောင် သည် ပြောပြောဆိုဆို ထွက် ၍ သွား လိုက်သည် ။ မောင်တင်မြင့် သည် နံနက်ပိုင်း ရောက် လာသော သတင်းစာများ ကို ဖောက် ၍ တွဲ လိုက်သည် ။ သူ့ ခေါင်း ထဲ တွင် ကား ဦးဘမောင် မှာ သွားသော စကား ကို မမေ့ အောင် ပြန် ၍ ရေရွတ် ကြည့်နေ မိသည် ။ သို့ ရွတ် နေရာ မှ မဝင်းကြိုင် ကို မျှော် မိ ပြန်သည် ။ အမှန်တော့ မဝင်းကြိုင် လာရန် အချိန် မှာ စော သေးသည် ။ သို့သော် မောင်တင်မြင့် အဖို့ ရာ ကား မဝင်းကြိုင် ကို မြန်မြန် ရောက်စေ ချင်သည် ။ သို့မှသာ ဦးဘမောင် မှာ သွားသော စကားများ ကို ပြန် ၍ ပြော ရမည် ။ သို့ ပြော ပြီး မှ သူ့ ရင်ထဲ တွင် ပေါ့ ၍ သွားမည် ။ ၉ နာရီ ထိုး လျှင် ရောက်နေကျ အချိန် အတိုင်း မဝင်းကြိုင် ရောက်၍ လာသည် ။ မောင်တင်မြင့် သည် မဝင်းကြိုင် အထဲ သို့ မဝင်မီ ဆီး ၍ ပြော လိုက်သည် ။
“ ဆရာ မှာ သွားတယ် မဝင်းကြိုင် ၊ ဖက်စပ် ပို့ ဖို့ စာ နှစ်စုံ ရိုက်ပါတဲ့ ပြီးတော့ မနေ့က စာရင်းတွေ လည်း ပိတ်ပါ တဲ့ ”
မဝင်းကြိုင် က မောင်တင်မြင့် ကို ကြည့် ပြီး ပြုံး လိုက်သည် ။ မဝင်းကြိုင် ပြုံး လိုက် သော အဓိပ္ပာယ် ကို လည်း မောင်တင်မြင့် က နားလည်လိုက် ဟန် မတူချေ ။
“ ငါ့ မောင့် ရယ် ၊ အထဲ ရောက် မှ ပဲ ပြော တော့ ဘာဖြစ်သွားမှာလဲ ၊ ဒါလောက်တောင် အရေးတကြီး ”
“ မဟုတ်ဘူး မဝင်းကြိုင် ရဲ့ ၊ တော်တော်ကြာ မေ့သွားမှာ ၊ ကျွန်တော် က မေ့တတ် တယ် ၊ ဆရာ က တောင် မနက် က ကျွန်တော် မှတ်ဉာဏ် နည်းတယ် ဆိုပြီး ပွက် သွားသေး ဆရာ က ကျွန်တော် ကျ တော့ အရမ်း ဆူတာပဲ မဝင်းကြိုင် ကျတော့ တစ်ခါ မှ ဆူသံ မကြားရဘူး ”
“ မိန်းကလေး မို့ပါ ကွယ် ၊ တော်တော်တန်တန် ပြောရမှာ အားနာတာပေါ့ ”
“ ဒါဖြင့်လည်း မိန်းမ ဖြစ် ရတာ အလုပ် လုပ်တဲ့ နေရာ ကျတော့ အခွင့်အရေး ပို ရတာ ပေါ့နော် ။ ဒီလို ဆိုရင် မိန်းမ ဖြစ်ရတာ မှ စားသာ သေးတယ် ။ ယောက်ျား ဖြစ်ရတာ မစားသာ ဘူး ၊ အဆူခံ ထိ နေတာပဲ ”
မဝင်းကြိုင် သည် မောင်တင်မြင့် ၏ စကား ကို နားထောင်ရင်း အသံ ထွက်အောင် ပင် ရယ်လိုက်မိသည် ။
“ မထင်နဲ့ ဟေ့ မိန်းမ ဖြစ်တာ ပိုပြီး မစားသာ သေးတယ် ၊ အပေါ်ယံ အခွင့်အရေး တွေ ရတယ်လို့ ထင်ရပေမယ့် အဲဒါက ပိုပြီး ကြောက်စရာ ကောင်းတယ် ”
မောင်တင်မြင့် သည် မဝင်းကြိုင် ၏ အဓိပ္ပာယ် ကို နားမလည် ၍ မေးလည်း မမေးတော့ချေ ။သို့သော် မဝင်းကြိုင် ပြောသော စကား ကြောင့် သူ့ စိတ် ထဲ တွင် စိုးရိမ် လာ မိ သည် ။ ဘာကို စိုးရိမ်မိသည် ကို မဖော်ပြ နိုင်သော် လည်း သူ့ စိတ် ထဲ တွင်ကား စိုးရိမ် စိတ် များ အလိုလို ပွါး ၍ လာတော့သည် ။
“ ကြောက်စရာ ကောင်း ရင် လည်း ဒီမှာ မလုပ်ပါနဲ့လား မဝင်းကြိုင် ရယ် မဝင်းကြိုင် တို့ ဆိုရင် ပညာလည်း တတ်ပြီးသား စက် က လည်း ရိုက်တတ်တယ် ဆို တော့ တခြား အလုပ် တစ်ခု ခု ရှာရှင် ရ မှာပေါ့ ”
မောင်တင်မြင့် က မဝင်းကြိုင် ကို ငေးစိုက် ၍ ကြည့်ရင်း ရိုးသားသော စေတနာ ဖြင့် ပြောလိုက်သည် ။
“ အန္တရာယ် ဆိုတာတော့ ဘယ်မှာ ပဲ ဖြစ်ဖြစ် အနည်း နဲ့ အများ တော့ ရှိတာပေါ့ ငါ့ မောင် ရယ် ၊ ဒါပေမဲ့ ဝမ်းရေး ဆိုတော့ ဒီလိုပဲ စွန့်စားပြီး လုပ်ရတာပေါ့ ကွယ် ”
( ၂ )
မောင်တင်မြင့် သည် ခေါင်း ကို ငိုက်စိုက် ချ ၍ ထား လိုက်သည် ။ အမှန်တော့ ခေါင်း လည်း မဖော်ရဲ တော့ချေ ။ ရှက် လည်း ရှက်သည် ။ ဝမ်းလည်း နည်းသည် ၊ ကြောက်လည်း ကြောက်သည် ။
တစ်သက် နှင့် တစ်ကိုယ် ဤသို့ အပြောအဆို မခံရ ၊ ကိုယ့် ၌ အပြစ် မရှိဘဲ ခုလို အပြော ခံရတော့ လည်း ဝမ်းနည်း မိသည် ။ ဦးဘမောင် ၏ မျက်နှာ ကား တင်းမာ ခက်ထန် ၍ နေသည် ။
“ ဒါ မင်း မခိုးလို့ ဘယ်သူ ခိုးမလဲ ကွ ၊ ပြီးတော့ သူခိုး ခိုးတယ် ဆိုရအောင်လည်း သူခိုး က ဒီ ပန်ကာ တစ်လုံး တည်း ကွက်ပြီး ခိုး မလား ၊ မင်းလို ကောင်မျိုး က ပစ္စည်း လည်း ခိုး သေးတယ် ငါ့ ကို လည်း လိမ်ချင် သေးတယ် ။ ခွေးသူခိုး ၊ မင်း ကို ဂါတ် တိုင်ပြီး ဖမ်းချုပ်မယ် ”
မောင်တင်မြင့် သည် ဦးဘမောင် ၏ ခြေရင်း တွင် ခေါင်းငုံ့ ၍ ထိုင် နေရင်း ရှိုက် ၍ ငိုနေ တော့သည် ။
မဝင်းကြိုင် က မူ မောင်တင်မြင့် ၏ အဖြစ် ကို ကရုဏာ လျှမ်း သော မျက်လုံးများ ဖြင့် ကြည့် နေမိ တော့သည် ။
“ ကျွန်တော် မဟုတ်ရပါဘူး ဆရာ ရယ် ၊ တစ်သက် နဲ့ တစ်ကိုယ် သူများ ပစ္စည်း ဆိုလို့ အပ် တစ်ချောင်း မခိုးဖူးပါဘူး စိတ် ထဲ က တောင် မပြစ်မှားပါဘူး ဆရာ ရယ် ၊ သစ္စာ ဆိုပြီး ပြောရဲပါတယ် ”
“ မင်း သူခိုး ဂါတ် တိုင်ပြီး ဖမ်းချုပ် ခိုင်းမယ် ”
မောင်တင်မြင့် သည် ဦးဘမောင် ခြေအစုံ ကို ဖက် ၍ -
“ ဆရာ ရယ် ရှိခိုး ပါတယ် ၊ ကျွန်တော် လုံးလုံး မဟုတ်ရပါဘူး ”
ဦးဘမောင် သည် မောင်တင်မြင့် ကို တစ်ချက် မျှ ကန် လိုက် ပြီး လျှင် တယ်လီဖုန်း ရှိရာ သို့ သွား လေသည် ။ ဦးဘမောင် သည် တယ်လီဖုန်း နံပါတ်များ ကို လှည့်မည် ပြုရာ မှ ဆိုင်ခန်း အတွင်း သို့ ဝင် လာသော ဇနီးသည် သန်းသန်းနွယ် ကို လှမ်း ၍ ကြည့် လိုက်သည် ။ သန်းသန်းနွယ် က မောင်တင်မြင့် ကို ကြည့် လိုက်ပြီး လျှင် ဦးဘမောင် အား နားမလည်ဟန် ဖြင့် မေး လိုက်သည် ။
“ ဘာဖြစ်တာလဲ မောင် ၊ ဒီကောင်လေး ဘာဖြစ်လို့လဲ ”
“ ဘာဖြစ်ရမှာလဲ နွယ် ရဲ့ ၊ ဆိုင် က ပန်ကာ တစ်လုံး ဒီကောင် ခိုး ပြီး ရောင်း စားတယ် လေ ၊ မင်းတို့ ပြောတော့ ရိုးတယ် ဆို ၊ တကယ့် သူခိုး မှ ရိုးတယ် လို့ ထင်ကြတယ် အံ့ရော ”
“ ဟင် ဘယ်က ပန်ကာ လဲ မောင် ”
“ မောင့် စားပွဲ ပေါ် က ပန်ကာ ပေါ့ မနေ့ က ရှိသေးတယ် ။ ကနေ့ မရှိတော့ဘူး ”
သန်းသန်းနွယ် သည် သူ့ တစ်ကိုယ်လုံး ရှေ့နောက် ယိမ်း သွားအောင် ရယ် လိုက် သည် ။ ပြီးမှ လက်ခုပ် တစ်ချက် မျှ တီးလိုက် ပြီးလျှင် သံကြောင်ကလေး ဖြင့် လှောင်ပြော ပြော လိုက်သည် ။
“ အိမ် က ပန်ကာ ပျက် လို့ မနေ့ ညနေ က နွယ် ဆိုင် က ပန်ကာ ကို ဝင် ယူခဲ့တာပဲ ၊ မောင့် ကို တစ်နေ့တည်း က ပြောထား သားပဲ ”
မဝင်းကြိုင် ၏ မျက်နှာ မှာ အလိုလို လက် ၍ လာသည် ။ မောင်တင်မြင့် က မူ အားလုံး ကို ခပ်ကြောင်ကြောင် ငေးကြည့် မိသည် ။ သည်တော့မှ လည်း ဦးဘမောင် သည် တယ်လီဖုန်း ကို ပြန်ချ လိုက်ပြီးလျှင် ခပ်ပေါ့ပေါ့ ပြော လိုက်သည် ။
“ ဟေ ငါ က ဒီကောင် ခိုးတယ် မှတ်လို့ ဂါတ်တောင် တိုင်တော့ မလို လက်စသတ် တော့ မင်း ယူ သွားတာကိုး ၊ ဒါတောင် ဒီကောင် မသိဘူး ”
မောင်တင်မြင့် သည် ခေါင်း ကို အသာ ငုံ့ ထား လိုက်သည် ။ ကိုယ် မယူသော် လည်း အပြစ် က မလွတ်သေး ။
“ ကဲ မောင် သွား မှာ ဖြင့် သွား ရအောင် ၊ အချိန် နီးပြီ ။ ဧည့်ခံပွဲ က ကိုးနာရီ ခွဲ စ မှာ ”
မောင်တင်မြင့် သည် နေရာ မှ ထ ၍ သူ ထိုင်နေကျ တန်းလျား တွင် ခပ်ကုပ်ကုပ် ထိုင်၍ နေလိုက်သည် ။ မဝင်းကြိုင် က သူ့ အလုပ် ကို သူ ဆက်၍ လုပ် နေ လိုက်သည် ။
“ မဝင်းကြိုင် ဧည့်သည် လာရင် ကိစ္စ ကို စာရေးပြီး မှတ်ထား ၊ နောက်ထပ် တယ်လီဖုန်း လာရင် တစ်နာရီ လောက် ထပ်ပြီး ဆက် လို့ ပြော ၊ ဘယ်က ဆက်တယ် ဆိုတာ ကို လည်း မေး ပြီး မှတ်ထား ကြားလား ”
“ ဟုတ်ကဲ့ အစ်ကို ”
မောင်တင်မြင့် သည် အပြင် သို့ ကြည့် နေရာ မှ မျက်ရည်များ က အလိုလို ကျ ၍ လာ သည် ။ မဝင်းကြိုင် က မောင်တင်မြင့် ကို စိုးရိမ်တကြီး လှမ်း ၍ ကြည့် လိုက်သည် ။
မောင်တင်မြင့် သည် မျက်နှာ ကို လက်ဝါး ဖြင့် အုပ်၍ နောက်ဖေးခန်း သို့ ဝင် သွား လေသည် ။ မဝင်းကြိုင် က စိုးရိမ်တကြီး ဖြင့် မောင်တင်မြင့် နောက်သို့ လိုက်သွား မိသည် ။ နောက်ခန်း တွင် မောင်တင်မြင့် သည် သူ့ မျက်နှာ ကို သူ လက်ဝါး ဖြင့် အုပ်၍ ရှိုက်ကြီးတငင် ငို၍ နေ တော့သည် ။ မဝင်းကြိုင် သည် မောင်တင်မြင့် ၏ အဖြစ် ကို ကြည့် ရင်း အလိုလို သနား ၍ လာသည် ။
မဝင်းကြိုင် သည် မောင်တင်မြင့် ၏ ခေါင်းမွေး နီနီကလေး ကို တယုတယ သပ် ၍ ပေး လိုက်ရင်း ချော့ လိုက်သည် ။
“ ကိုယ် ကောင်းရင် ခေါင်း ဘယ်မှ မပါဘူး ကွယ် ၊ ဘာမှ ဝမ်းနည်းစရာ ရှိပါ ဘူး ၊ ခု ကြည့်လေ မောင်တင်မြင့် မခိုးဘူး ဆိုတာ သိတော့ ဘာမှ မပြောတော့ဘူး ၊ သူ့ အမှား ကို သူ ဝန်မခံဘူး ၊ ဒါတွေဟာ မဆန်းပါဘူးကွယ် ၊ ဝမ်းနည်းစရာ မလိုပါဘူး ”
မဝင်းကြို င်က ချော့ လိုက်မှ မောင်တင်မြင့် ပို၍ ဝမ်းနည်း လာ မိသည် ။ တစ်ချက် ချင်း ဆောင့်၍ ရှိုက်ကာ ရှိုက်ကာ ငိုနေ မိတော့သည် ။ မဝင်းကြိုင် သည် မောင်တင်မြင့် ၏ ပခုံးကလေး ကို သိုင်းဖက် လိုက်ပြီး လျှင် သူ့ ရင် တွင် ကပ်၍ ထား လိုက်သည် ။
“ ကျွန်တော့် တစ်သက် နဲ့ တစ်ကိုယ် သူများ ပစ္စည်း ကို စိတ်နဲ့ တောင် မပြစ်မှားခဲ့ပါ ဘူး မဝင်းကြိုင် ရယ် ၊ ကျွန်တော် ဘယ်လောက်ပဲ စေတနာကောင်း ထားထား ကျွန်တော့် ကို မျက်နှာသာ မပေးခဲ့ဘူး ၊ ကျွန်တော် နေရတဲ့ အဖြစ် ကို လည်း မဝင်းကြိုင် စဉ်းစားကြည့်ပါဦး ၊ အမြဲတမ်း ကြောက်လန့်ပြီး စီတ်ညစ် နေရတာ ၊ တစ်ခါတလေ တော့ လည်း ဒီက ထွက်ပြေး ချင်တယ် ။ ဒါပေမဲ့ ကျွန်တော့် မှာ ဒီ အခန်းကလေး က လွဲ လို့ ဘယ် မှာ မှ နေစရာ မရှိဘူး ။ ဒါကြောင့် ဇွတ် ပေ ပြီး နေတာပါ မဝင်းကြိုင် ရယ် ၊ ကျွန်တော် စိတ် ညစ်လှပြီ ”
“ ဟုတ်ပါရဲ့ ငါ့ မောင် ရယ် ၊ မင်း ဘဝ က ဒီ အခန်း ထဲ မှာ ပဲ အသက် ရှင် နေရ သလိုပဲ ၊ ဒါလောက်တောင် စိတ်ညစ် ရင်လည်း မနေပါနဲ့လား ကွယ် ၊ အဝင်း တို့ အိမ် မှာ လာ နေပါ လား ၊ အဝင်း တို့ မှာ မချမ်းသာလှပေမယ့် ငါ့ မောင် တစ်ဝမ်းတခါး တော့ ကျွေးနိုင် မွေးနိုင် ပါသေးတယ် ”
“ ဒီလိုလည်း ကျွန်တော် နေလို့ မရပါဘူး မဝင်းကြိုင် ရယ် ၊ ကျွန်တော် ငယ်ငယ်လေး ကတည်း က ဆရာတို့ ဆီ မှာ နေ လာတော့ သူတို့ ကျေးဇူးတွေ ကို ထောက်ထားရ မှာပဲ ။ ကျွန်တော့် ထိုက် နဲ့ ကျွန်တော့် ကံ လို့ ပဲ အောက်မေ့ရ မှာပဲ ”
“ အေးလေ မင်း မှာ လည်း ဘဝ ၀ဋ်ကြွေးများ ပါလာသလား မသိဘူး ၊ ဒီ အခန်းထဲ မှာ အချုပ်အနှောင် ခံရဖို့များ လူ ဖြစ်လာရ သလိုပါပဲလား ငါ့ မောင် ရယ် ”
မောင်တင်မြင့် က မျက်ရည်စမ်းစမ်း ဖြင့် မဝင်းကြိုင် ကို မော့ ၍ ကြည့်နေ မိသည် ။ မဝင်းကြိုင် က မောင်တင်မြင့် ၏ နဖူး ကို အသာ သပ် လိုက်ရင်း ညည်း လိုက်မိသည် ။
အမှန်တော့ လည်း မောင်တင်မြင့် ဘဝ သည် ဤ အခန်းငယ် အတွင်း မှာ ပင် နေခဲ့ရ သည် မဟုတ်ပါလား ။
မောင်တင်မြင့် သည် ဦးဘမောင် ပေးသော ပိုက်ဆံ ကို ပင် မယူရဲ ယူရဲ ဖြစ် နေသည် ။ အမှန်တော့လည်း ဦးဘမောင် အပြုအမူ မှာ သူ့ အတွက် အဆန်းတကြယ် ဖြစ် နေသည် ။
“ ယူလေ ကွာ ၃ နာရီ ထိုး နေပြီ ပန်းဆိုးတန်း က နေ လမ်းဆုံး အထိ တည့်တည့်ကြီး သာ လျှောက်သွား ၊ လမ်း ဆုံးတော့ ဘူတာကြီး ကို တွေ့လိမ့်မယ် ဘယ်ဘက် ကို ချိုး ၊ ပထမ ရုပ်ရှင်ရုံ တစ်ရုံ တွေ့လိမ့်မယ် ၊ ဒုတိယရုံ ကျ ရင် တစ်ကျပ်ခွဲတန်း လက်မှတ် မေးပြီး ဝယ်ကြည့် ပိုတာ မုန့် ဝယ်စား ၊ ဒီကား သိပ် ကောင်းတယ် ၊ ကဲ သွား အချိန် မရှိဘူး ”
မောင်တင်မြင့် သည် ဦးဘမောင် ပေးသော ငွေ ၂ ကျပ် ကို အသာ လှမ်း ယူ လိုက်ပြီး လျှင် မဝင်းကြိုင် ကို အကဲခတ် သလို ကြည့် လိုက်သည် ။ မဝင်းကြိုင် သည် တစ်စုံတရာ ကို စိုးရိမ်ထိတ်လန့် နေပုံ ရ သည် ။ မဝင်းကြိုင် ကြည့် လိုက်သော အကြည့် မှာ မောင်တင်မြင့် ထံ မှ အကူအညီ တစ်ခု ခု ကို တောင်းခံ နေ သလို ရှိသည် ။
မောင်တင်မြင့် သည် သူ့ စိတ် ကို သူ တင်း ၍ တစ်စုံတစ်ခု ကို ဆုံးဖြတ် လိုက်သည် ။
“ ကျွန်တော် မကြည့်ချင်ပါဘူး ဆရာ ၊ ဝါသနာ လည်း မပါဘူး ၊ ခေါင်း လည်း ကိုက်နေလို့ပါ ”
ဦးဘမောင် သည် မျက်နှာများ နီ ၍ လာသည် ။
“ ဟေ့ကောင် သွား ကြည့် လို့ ပြော ရင် သွား ကြည့် ၊ ငါ့ ကို ဘာမှ ပြန် ပြော မနေနဲ့ ”
မောင်တင်မြင့် သည် မဝင်းကြိုင် ကို တစ်ချက် မျှ စိုက်၍ ကြည့် လိုက်သည် ။ နက်မှောင်မည်းသော ဆံပင် တို့ မှာ သပ်သပ်ရပ်ရပ် ဖြီး လာ သဖြင့် ခွဲထားသော ဆံချောင်း ဖွေးဖွေးကလေးများ ကို လည်း မြင်ရသည် ။ မဝင်းကြိုင် ၏ ကြည်လင်ရွှန်းမြသော မျက်နှာ ကလေး သည် တဖြည်းဖြည်း မှုန်မှိုင်း၍ လာသည် ။
မောင်တင်မြင့် သည် မဝင်းကြိုင် ကို အတန် ကြာ မျှ စိုက် ၍ ကြည့် ပြီးလျှင် ခေါင်း ငိုက်စိုက် ဖြင့် ထွက် ခဲ့သည် ။ ဦးဘမောင် ပြောသည့် အတိုင်း ပန်းဆိုးတန်း မှ ဗိုလ်ချုပ်လမ်း သို့ လျှောက် လာ ၍ ရုပ်ရှင်ရုံ ရှေ့သို့ ရောက်သော အခါ ဦးဘမောင် ပြော လိုက်သော ရုပ်ရှင် ကို လုံးဝ ကြည့်ချင် စိတ် မရှိ ။ သူ့ စိတ် ကမူ ဆိုင်ခန်း တွင်း သို့ သာ ပြန် ရောက် နေတော့သည် ။
မောင်တင်မြင့် သည် ဘူတာရုံ ဘက် သို့ လျှောက်ခဲ့ ပြန်သည် ။ ဘူတာရုံ ပလက်ဖောင်း တွင် ထိုင် ၍ ရောက်တတ်ရာရာ ကို လျှောက် ၍ တွေးနေ မိသည် ။ သည်လို နှင့် မှေးခနဲ အိပ်ပျော် သွားသည် ။ နိုး ပြန်တော့ လည်း နာရီ ကို မော့ကြည့် ရ ပြန်သည် ။ သူ့ အဖို့ အချိန် ကား ကုန်ခဲ လှသည် ။ စိတ် က အငြိမ် ထား ၍ မရတော့ ချေ ။
ဘူတာရုံ အတွင်း မှ ထွက် ၍ ရည်မှန်းချက် မရှိ လျှောက်ခဲ့ ပြန်သည် ။ သည်လို နှင့် အချိန် ကား တစ်စ တစ်စ ကုန်၍ လာသည် ။ နောက်ဆုံး တွင် လာလမ်း အတိုင်းပင် ဆိုင် ဘက် ဆီ သို့ ပြန် လျှောက်ခဲ့သည် ။
မောင်တင်မြင့် ဆိုင် သို့ ပြန်လည် ရောက်ရှိသော အခါမှာ ၅ နာရီ ကျော်ကျော် မျှ သာ ရှိသေးသည် ။
ဆိုင်ရှေ့ ၌ ကား တစ်ယောက် မျှ မတွေ့ရချေ ။ မဝင်းကြိုင် ၏ စားပွဲ ပေါ် တွင် ရေး လက်စ စာရင်းစာအုပ် နှင့် အဖုံး ဖွင့် လျက် တန်းလန်း ဖောင်တိန် ကို တွေ့ ရသည် ။ မောင်တင်မြင့် ၏ စိတ်များသည် ပို၍ လှုပ်ရှား လာသည် ။ သူ့ ပါးစပ် မှ ပေါက်ကရ သီချင်းများ သည် အလိုလို ထွက် လာသည် ။ ဘာကြောင့် ခုလို သီချင်း ဆို မိသည်ကို လည်း သူ့ ကိုယ် သူ စဉ်းစား ၍ ရေချ ။ ခဏ ကြာ လျှင် အတွင်းခန်း မှ ထွက်လာသော မဝင်းကြိုင် ကို တွေ့ရ သည် ။ သူ့ မျက်နှာကား နီ၍ နေသည် ။ မျက်လုံးများ မှာ မျက်ရည် အပြည့် ရစ်ဝဲ ၍ နေသည် ။ ဆံပင်များ ဖရိုဖရဲ ရှိ နေ တော့သည် ။
သူ သည် မဝင်းကြိုင် ကို တစ်စုံတစ်ခု မေးရန် ဟန်ပြင် လိုက်သည် ။ သို့သော် မေးချိန် မရတော့ချေ ၊ မဝင်းကြိုင်သည် သူ့ လက်ဆွဲအိတ် ကို ယူ၍ ဆိုင်ခန်းတွင်း မှ တစ်ချိုး တည်း ထွက်သွား တော့သည် ။ ခဏ ကြာလျှင် နောက်ခန်း မှ စီးကရက် ခဲ ထွက် လာသော ဦးဘမောင် ကို တွေ့ရ ပြန်သည် ။
ဦးဘမောင် က သူ့ ကို မကြည့်ဘဲ မေးလိုက်သည် ။
“ ဟေ့ ရုပ်ရှင်ကောင်းတယ် မဟုတ်လားကွ ”
“ ဟုတ်ကဲ့ ”
ဦးဘမောင် ၏ အမေး ကို ဖြေလိုစိတ် မရှိသော်လည်း မောင်တင်မြင့် ပါးစပ် မှ အလိုလို ထွက်၍သွားသည် ။ ဦးဘမောင် က မူ အေးဆေးစွာ ဖြင့် ဆိုင်ခန်း အတွင်းမှ ထွက်၍ သွား တော့သည် ။
မောင်တင်မြင့် ၏ နား ထဲ တွင် ကား တစ်ခါက မဝင်းကြိုင် ပြော ခဲ့သော စကား ကို အလိုလို ပြန်၍ ကြားယောင် နေခဲ့တော့သည် ။
( ၃ )
ဘဝဟူသည် ရယူခြင်း မဟုတ် ။
ပေးဆပ်နေရခြင်းသာ ဖြစ်သည် ။
မောင်တင်မြင့် သည် အဆိုတော် မင်းနောင် ၏ “ ဘဝဟူသည် ” သီချင်း ကို ညောင်နာနာ အသံ ဖြင့် ခပ်တိုးတိုး ညည်း လိုက်သည် ။
သို့ ညည်း ရင်း မှန်ဗီရို များ ကို အရင်ဆုံး ကြက်မွေး ဖြင့် ဖုန်သုတ် လိုက်သည် ။ ပြီးမှ အဝတ်စို ဖြင့် သုတ် လိုက်သည် ။ အဝတ်စို နှင့် သုတ်ပြီး တစ်ဖန် အဝတ်ခြောက် ဖြင့် ထပ်၍ သုတ် လိုက်သည် ။
မှန်ဗီရိုများ သုတ်ပြီး လျှင် အမှိုက်များ ကို လှည်း ၍ တစ်နေရာ ၌ စုပုံ လိုက်သည် ။ ပြီးမှ မှန်ဗီရို အောက်ရှိ အမှိုက်များ ကို လှည်း ထုတ် လိုက် ပြန်သည် ။
မောင်တင်မြင့် သည် သီချင်းကလေး တအေးအေး ဖြင့် သူ့ အလုပ် ကို သူ အချိန်မီ ပြီး ရန် ခပ်သုတ်သုတ် လုပ် နေ တော့သည် ။ ထို အတွင်း မှာ ပင် အသက် လေးဆယ် ခန့် ရှိ မိန်းမ တစ်ယောက် ဆိုင်တွင်း သို့ ဝင် လာသည် ။
“ ဘာကိစ္စ ရှိပါသလဲ ခင်ဗျာ ”
မောင်တင်မြင့် က အလိုက် သိ စွာ ဆီး ၍ မေး လိုက်သည် ။ မိန်းမကြီး က သူ့ လက် ထဲ မှ စာ ကို လှမ်း၍ ပေးလိုက်သည် ။
“ မောင်တင်မြင့် ဆိုတာ မင်း ပဲ နဲ့ တူတယ် ၊ မဝင်းကြိုင် က ဒီ စာတွေ ပေးလိုက်တယ် ။ တစ်စောင် ကတော့ မင်း အတွက် ၊ တစ်စောင် က တော့ သူဌေး ဦးဘမောင် အတွက် ၊ ကဲ ဒါပါပဲ သူငယ်ရယ် ”
မောင်တင်မြင့် သည် သူ့ နာမည် တပ် ထားသော စာ ကို ချက်ချင်း ဖွင့် ၍ ဖတ် လိုက်မိသည် ။
မောင်လေး မောင်တင်မြင့်
မင်း ကတော့ အချုပ်ခန်း ထဲ မှာ ဝဋ် ခံပြီး နေရစ်ပေတော့ မမ တော့ အလုပ် က ထွက် လိုက်ပြီ ၊ ထမင်းတစ်လုတ် ကို ဘဝ နဲ့ လဲ ပြီး စား ရတဲ့ အဖြစ် ဟာ ဘယ် လောက်များ ဆိုး သလဲ ၊ အမှန် တော့ တို့ မိန်းကလေးတွေ ဟာ မင်းတို့ ယောက်ျား ကလေးတွေ ထက် အန္တရာယ် များတယ် ဆိုတာ ဦးဘမောင် ရဲ့ စာ ကို ဖတ် ကြည့်ရင် မင်း သိလိမ့်မယ် ။
မင်း စိတ်ဆင်းရဲ ဒဏ် မခံနိုင် လို့ တခြား ကို သွားရင် မမတို့ ဆီ လာ ခဲ့ပါ ။ ငါ့ မောင် အတွက် မမ တို့ တာဝန် ယူ ဖို့ အမြဲတမ်း စေတနာ ရှိပါတယ် ။
ချမ်းသာပါစေကွယ် ။
မဝင်းကြိုင်
မောင်တင်မြင့် သည် အံ ကို ကြိတ်ထား လိုက်ရင်း နောက် တစ်စောင် ကို ဖွင့်၍ ဖတ် လိုက်သည် ။
ဦးဘမောင် တိုးပွားချမ်းသာ ကုမ္ပဏီ
လူကြီးမင်းရှင့်
လူကြီးမင်း ၏ တိုက် မှ အလုပ် ထွက်ကြောင်း စာ တင်ပါသည် ။ ထွက်ရသည့် အကြောင်း ကို ပြစရာ လည်း လိုမည် မထင်ပါ ။ လူကြီးမင်း ကိုယ်တိုင် သိပြီး ဖြစ်ပါ လိမ့်မည် ။ သို့သော် ကျွန်မ ကို ဖျက်ဆီး သလို ဘဝတူ ကျွန်မ လို မရှိ ဆင်းရဲ အမျိုးသမီးလေးများ ကို ဟု ဆက်၍ မဖျက်ဆီးပါရန် အထူး တောင်းပန်ပါသည် ။
ဝင်းကြိုင်
မောင်တင်မြင့် သည် စာ ကို ဖတ်ပြီး လျှင် အောက်နှုတ်ခမ်း ကို ပြတ်လု မတတ် ကိုက် ၍ ထား လိုက်သည် ။
ထို အတွင်း မှာ ပင် ဦးဘမောင် ၏ ကား ဆိုက်သံ ကို ကြား လိုက် ရသည် ။ မောင်တင်မြင့် သည် ဦးဘမောင် ၏ စာ ကို သူ့ စာ နှင့် ရော ၍ တင်ထား လိုက် ပြီးလျှင် လှည်းစရာ ရှိသော အမှိုက်များ ကို လှည်း နေ လိုက်သည် ။ ဦးဘမောင် သည် အခန်း အတွင်း သို့ ဝင် ၍ သွား လေသည် ။ မောင်တင်မြင့် သည် ဣန္ဒြေ မပျက် သူ့ အလုပ် ကို သူ ဆက် ၍ လုပ်နေသည် ။
ခဏ ကြာလျှင် ဦးဘမောင် ထွက် လာသည် ။ သူ့ မျက်နှာ ကား ဘာမှ ထူးခြားခြင်း မရှိချေ ။ စီးကရက် ကို ထုတ်၍ မီးညှိ ဖွာ လိုက်သည် ။ ပြီးမှ ဆိုင်ခန်းတွင်း သို့ ဝင် လာသော ဧည့်သည် ကို ဆီး ၍ နှုတ်ဆက် လိုက်သည် ။
“ အတော်ပဲ ဆရာ ရေ့ ၊ ဆရာ့ ဆီ ကို ကျွန်တော် ခု လာ မလို့ ”
မောင်တင်မြင့် သည် ဣန္ဒြေ မပျက် အမှိုက် လှည်း နေရာ မှ နားစွင့် နေ မိသည် ။
“ ကျွန်တော် လည်း လမ်း ကြုံတာ နဲ့ ဝင် လာတာ ၊ ကျွန်တော် အလုပ် သွင်း ပေးတဲ့ ကလေးမလေး ဘယ်နှယ့်လဲ ၊ တော်ရဲ့လား ”
“ တော်တော့ တော်ပါရဲ့ဗျာ ၊ ဒါပေမဲ့ ကနေ့ ပဲ ထွက်သွားပြီ ဗျ ၊ ကောင်မလေးတွေ က စိတ် မငြိမ်ကြဘူးဗျ အလုပ်ကလေး နည်းနည်း တတ် ရော တခြား ပြောင်း ပြောင်း သွား တတ် ကြတာပဲ အဲဒါ သူ့ နေရာ မှာ နောက် တစ်ယောက် လောက် လိုချင်တယ် ၊ ဆရာ့ ကျောင်း မှာ မရှိဘူးလား ၊ လက်နှိပ်စက်ကလေး တော့ နည်းနည်းပါးပါး ရိုက် တတ်ဖို့ လိုမယ် ပေါ့ ဗျာ ”
“ ကျွန်တော့် ကျောင်း က ဆို နည်းနည်းပါးပါး မကပါဘူး ဆရာ ၊ တစ်မိနစ် ခြောက်ဆယ် ဆို တာ တော့ အောက်ထစ် ပဲ ရှိ ပါတယ် ၊ ကောင်မလေး သုံးလေးယောက် လောက် ရှိပါတယ် ”
“ တစ်ခုတော့ မှာပါရစေ ၊ အလုပ် မတော် ချင် နေပါစေ ၊ ရုပ်ရည်ကလေး သန့်သန့် ပြန့်ပြန့် ပေါ့ ဆရာ ၊ ဘာလို့လဲ ဆိုတော့ အလုပ် က စီးပွားရေး ဆိုတော့ ဆိုင် ကျက်သရ ရှိ အောင် ဗန်းကလေး လှ ဖို့ လို တာပေါ့ ”
“ စိတ်ချပါ ဦးဘမောင် ရာ ၊ မျက်ခမ်းစပ်ကြီး ဆိုင် မှာ ခန့်ထား လို့တော့ ကျက်သရေ ဘယ် ရှိပါ့မလဲ ၊ ကျွန်တော် နေ့ခင်း လောက် ရွေး ပြီး လွှတ် လိုက် ပါ့မယ် ၊ ကဲ ပြန်ဦးမယ် ”
“ အေး ကောင်းပါပြီ ”
မောင်တင်မြင့် သည် လှည်း ပြီးသား အမှိုက်များ ကို ပုံး ထဲ သို့ ကျုံး ၍ ထည့်လိုက်သည် ။
ဦးဘမောင် သည် မောင်တင်မြင့် ကို မျက်နှာထား ရှုသိုးသိုး ဖြင့် တစ်ချက် လှမ်း ကြည့် လိုက်သည် ။
“ ခုချိန်အထိ အမှိုက် လှည်း လို့ မပြီးသေးဘူးလား ”
“ ပြီးပါပြီ ဆရာ ”
ဦးဘမောင် က မှန်ဗီရို ကို လက် ဖြင့် ပွတ် လိုက်၏ ။
“ ဒီ မှန်ဗီရိုတွေ သုတ်ပြီးပြီလား ”
“ ပြီးပါပြီ ဆရာ ”
“ ပြီးတယ်သာ ပြောတယ် ၊ သဲတွေ ကပ်လို့ ၊ တစ်ခါ ပြော ထား ရင် မှတ်ထား မှ ပေါ့ ၊ မှန်ဗီရိုတွေ သုတ်ပြီး မှ အမှိုက် လှည်း တော့ မင်း လှည်း တဲ့ ဖုန်တွေ က ဒီမှာ လာ ကပ် ကုန် တာပေါ့ ၊ မှန်ဗီရို တွေ သုတ်ပြီး မှ အမှိုက် လှည်း ချပါ လို့ ပြောတာ ဘယ်နှခါ ရှိပြီလဲ ၊ လူ ဆိုတာ မှတ်ဉာဏ် ကို သုံးရတယ် ကွ ”
ဦးဘမောင် သည် ပြောပြောဆိုဆို ထွက် ၍ သွားတော့သည် ။ မောင်တင်မြင့် သည် ဦးဘမောင် ကို ပါးစပ် အဟောင်းသား နှင့် ငေး ၍ ကြည့်နေ မိတော့သည် ။ ခု တစ်ကြိမ် တွင် ဦးဘမောင် ၏ စကား များ သည် မဆန်းတော့ ချေ ။
မှန်ဗီရို အရင် ဖုန် သုတ် ပြီးမှ အမှိုက် လှည်း ရမည် ဆို ၍ ပြောသည့် အတိုင်း လုပ်ခဲ့ ၏ ။ နောက်တစ်ဖန် အမှိုက် အရင် လှည်း မှန်ဗီရို ကို နောက် မှ ဖုန် သုတ်ရမည် ဟု ဆိုပြန် သည် ။ ပြောသည့်အတိုင်း လုပ်ခဲ့ ရ ပြန်သည် ။ ယခု တစ်ဖန် မှန်ဗီရို ကို အရင် ဖုန်သုတ်ရ မည် ဟု ဆိုပြန် လေပြီ ။
မောင်တင်မြင့် သည် အကြိမ်ပေါင်း မရေတွက် နိုင်အောင် သူ သုတ် ခဲ့ရသော မှန်ဗီရိုကြီးများ ကို ငေးစိုက် ၍ ကြည့်နေ မိသည် ။ သို့ ကြည့် နေရာ မှ မဝင်းကြိုင် ထိုင် ၍ သွား သော ကု,လားထိုင်ကလေး ကို ငေး ၍ ကြည့် နေ မိ ပြန်သည် ။
ဤ မှန်ဗီရိုကြီး သည် နေ့စဉ်နေ့တိုင်း အကြိမ်ကြိမ် သုတ်ခဲ့ သော်လည်း နောက်နေ့ ၌ ဖုန်များ တက် တက် နေကြသည် ။ ဤသို့ပင် ကု,လားထိုင်လေး ပေါ်တွင် ထိုင် သွားကြ သော စာရေးမများ သည် တစ်ယောက် ပြီး တစ်ယောက် ထွက်သွား ကြသည် ။ သို့သော် တစ်ယောက် ထွက် သွားလျှင် နောက် တယောက် လာ၍ ထိုင် ပြန်သည် ။
ဤ မှန်ဗီဒိုကြီးများ ကို နည်း အမျိုးမျိုးဖြင့် ဖုန် သုတ်၍ မစင် နိုင် သလို ဤ ကု,လား ထိုင် ပေါ်တွင် ထိုင် သွားကြသည့် စာရေးမ လှလှကလေးများ ၏ ဘဝ သည် လည်း ။
မောင်တင်မြင့် ရှေ့ ဆက်၍ မတွေးရဲတော့ချေ တကား ။
◾အောင်လင်း
📖 ဝတ္ထုတိုပေါင်းချုပ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment