❝ တောလက်ဆောင် ❞
ကျုပ်တို့ က တော့ ကျေးတောသူတွေ ပ ... တော် … ။
ကျုပ်သို့ ရွာကလေး က မြယာကုန်း တဲ့ ၊ အိမ်ခြေ သုံးကျိပ်ကျော် လောက် ဆိ သပ ။
ကျုပ်သို့ ရွာသူရွာသားတွေ ဆိုရင် မိရိုးဖလာ ဓားမခါးချပ် ယာခုတ် လယ်လုပ် လုပ်စား ကြသာ ချည်းပ ။
ကျုပ်သို့ ရွာ ရဲ့ အဆေ့ဘက် မှာ ဆိုရင် မူးမြောင်း ၊ အနောက်ဘက် မှာ တော့ တောခင်တန်းကလေး ၊ မြောက်ဘက် မှာ တော့ ယာခင်း နဲ့ လယ် ၊ တောင်ဘက်မှာ တော့ ဘုန်းမြတ်ကြီးကျောင်း ။
အဲ့သာ ဘုန်းမြတ်ကြီးကျောင်း ဆိုသာ ကျုပ် အတွက် အရေးကြီး သဟာပ ။
ဘယ့်နှယ့် တော် … အရေးအကြီးပဲ ဆိပါ့မလား ၊ သူ ဘုန်းမြတ်ကြီးကျောင်း မှာ ဆင်ဝါ ဆိုတော့ ကျုပ် က လည်း အိမ် မှာ မျက်ရည်ကလေး သို့ … သို့ နဲ့ … ရက်ကန်းသင် ပေါ် က နေပီး သူ့ ကို ပဲ မျှော်ရသာ နည်းရော့လား .. ။
သူများ ဆွမ်းခံ ကြွ လာသဟာ ဆိုမှ ဖြင့် အမှင်းအိုး ဦးပေါင်းလေး ကော်သဲ့ ပြီး အောက်ပြည် အောက်ရွာ က လာတဲ့ အပိဖုတ်ကလေး နဲ့ ၊ မောင်ကြီး လိုက် လို့ ပိုက်ထဲတိုး လို့ ယုန်သား ဟင်းချိုကလေး နဲ့ ကောင်းနိုးရာရာ ရွေးချယ် ခပ်ယူပြီး အပြေး အပြေး သွား လောင်းမှိရဲ့ … ။
ဒီ အချိန်မှာ ဆိုရင် ဝါလေးဆယ် ကျော် ရတဲ့ ဘုန်းမြတ်ကြီး လို ဣန္ဒြေ သိက္ခာတွေ လုပ်လုပ် နေတာ တွေ့လိုက် သမဖြင့် …
ကိုရင် စံကျော်ကြီး ရယ် ... အနှီလို မျက်နှာကြီး လုပ်လုပ် အထားစမ်းပါ နဲ့ လို့ သူ့ ရင်ဘတ် ကို သာ တအား တအား ထု ၊ သူ့ မျက်နှာတွေ ကို အပဲ့ အပဲ့ ဖြစ် သွားအောင် ကုတ်ရင်း ပြော ပြောပစ် လိုက်ချင်သာပဲ ... ။
သာပေမင့် အောင့်ပြီး ပြန် လာခဲ့သာ ချည်းပါပဲ ။ တကယ်ဆိုတော့ အလုပ်ယက် ပါဘူးတော် ၊ တစ်ခု အသိထား မှိသယ် တော့ .… ။
သူ့ မျက်နှာ ဟာ နည်းနည်း ညှိုးများ နေသလား လို့ ၊ သူ လည်း စိတ် ထဲ ချစ်ရှာပေမင့် ကိုရင် မို့ အောင့် နေရသာ ဖြစ်မှာပ .. ။
သာ့ကြောင့် လေ သူ ဆွမ်းခံပြန် ချိန် လောက် ရောက်ပလား ဆိုမှ ဖြင့် သူ ကြားလောက် အောင် ရက်ကန်းစင် ပေါ် က နေပြီး …
ကျောင်းကြီး ပေါ် အပျော်ယင် ထွက်ခဲ့ … မောင်ရယ် …
ရွှေရစ်တန် ထိုးပါလို့ .. တိမ်ခိုးဆင် .. ရက်လိုက်မယ် …. ဆိုရ သဟာပ ။
သာပေမင့် ကသဲ တော် သတင်းကျွတ် ကျတော့ လည်း အထွက်သေးဘူး တော့ သိမ် လုပ်နေသဟာပ ၊ သည်များဖြင့် မျှော် လိုက်ရတာ လည်ပင်း ကို ဆေ .. လို့ ။
ကဲ … နေစမ်း ။ အဘဲ့လောက် နေမဟာလဲ .. နေ နေ ... အရိုးကျအောင် နေ လိုက်ပ ။
တန်သင့်ပီ ... အားအားဆိ ….သူ့ ချည်း တွေး မနေအားသာဘူးပ ။
••••• ••••• •••••
ဆင်းရဲသူ ဆင်းရဲသား လက်လုပ်လက်စား လယ်သမား မိလက္ခု တွေ ဆိုသာ အားသယ်ရယ် လို့ မဆိုသာဘူး ... ။
ရက်ကန်းစင် နဲ့ မောင်းစင် နဲ့ မီးလင်းစင် နဲ့ ထင်းစင် နဲ့ … သောက်ရေတွင်း နဲ့ … ခြံဝင်း နဲ့ မူးမြောင်းရေ နဲ့ … လယ်တွေ နဲ့ ကူးလူးဆက်ဆံ တုံ့ပြန်သွားလာ … အအား မဆိ လုပ်ကိုင် နေသည် ချည်း တစ်မုံ့ ... ။
အနှီ အချိန် က လည်း .. လယ် ထဲမှာ ပ ... ။
နေ ကလည်း သာတော့ မလိုချည်းပ … တော် ။ တစ်ကိုယ်လုံး ချွေးတွေ ယိုကျ သမို့ ဆွဲဆွဲသို သပ ... ။
သူ လေ သူ ... မောင်မင်းကြီးသား လားလား …. လူ့ ဆေ့ မှာ မားမားကြီး ရပ်ပြီး ပုဆိုးဆေ ဖြတ်သစ်သ နဲ့ ကတုံး ပြောင်ပြောင် ပ ။ သူ့ မျက်နှာ ကြည့်ရ သဟာလဲ ပြောင်တင်းသပနော် ပြုံးဖြီးဖြီး ချည်း ... ။
အနှာလို .. တွေ့ လိုက်ရသယ် ဆိုပဲ ကျုပ် ရင်ထဲမဟာ အဆို့သား …. ။
ပီးသော့ခါ ပြောပြောသိုသို ပ ... ။
“ ခါးပုံ ကို မောင် ဖြုတ်လို့ … ချွေး သုတ်တော့ပေး ” ရော့ .. တဲ့ ၊ အိုး ဝမ်း လည်း နည်းသပ ၊ စိတ် လည်း နာသပ ၊ သူ သုတ် ပေးသဟာ ကို မခံဘူးပ ... လို့ နှုတ်ခမ်း ကို သူ … သူ ချွန်သမို့ ...
“ သီး … ပလေချေ ... မောင် မသုတ် နဲ့ … တုပ်တုပ်ကျ … ချွေး ” ဆိုပီး အနို့လို ပြောလိုက် မိသဟာပဲ ။
သဲ့နောက် … ရယ်ကာ ပြုံးကာနဲ့ ချော့ချော့ … နော့နော့ပီး ကိုရင်စံကျော် ရယ် လေ .. ကိုရင်စံကျော် ပ ။ ကတဲတော် အသံ မကြား ဘလံ မကြား နဲ့ နေပြည်တော် သွား ... အမှုထမ်း သဟာ တော် သမို့လား .…. ။
မတော်သပ … သူ ရိုင်းသမို့ ကျုပ် မရိုင်းလို ။
သူ စိမ်းသမို့ ကျုပ် မစိမ်းလို …. ငယ်ကချစ် … အနှစ် တစ်ရာ ဆိုသဟာမို့ အဝ ကို လူကြုံ ကြည့်ပီး စိမ်းလေတဲ့ … ကိုရင် သိအောင် ချစ်လက်ဆောင် ပါး ရသေးသတော့ …. ။
အနှီ လက်ဆောင် ဆိုသဟာ အခြား ဟုတ်ပါသမို့လား ။ ဗိုင်း ငင်သည့် ဝဲလင်းဆောင် မှာ စောင်းပိုက် ပွေ့ လာစဉ် က ကိုရင် ကြိုက်သပ ဆိုသဲ့ ဘန့်ပွေးလိပ် ဆိုသဟာပ ... ။
သင်းတို့ နေပြည်တော် မတော့ ကြေးရေတတ် အပျိုတွေ ဟာ ဈေး မှာ ဝယ် တဲ့ ဖက်ဖြူလိပ် ယောလိပ် ဆိုသဟာတွေ နဲ့ ကိုရင့် ကို တည်ကောင်း … တည်ကြပါလိမ့် တစ်မုံ့ ။
သာပေမင့် ခု လူကြုံ ပါးသဟာ တော့ ... ကိုရင့် ချက်မြှုပ် ရပ်ဌာနေ က ... ရွာ အနောက်ဘက် အနပ်ခါး တော မို့မို့မှာ အလေ့ကျ ပေါက်နေသဲ့ ဘန့်ပွေးပင်တွေ ပေါ် ဆိ ... ။
“ မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို ” ဆိုသဟာပ ... ။
အနှီ ဖက်စို ဆိုသဟာ … ကိုရင် ရို့ အဝ နေပြည်တော် မတော့ နေပြည်တော်သူ အပျိုတွေ ဆိုတာ အားလပ် နေကြသဟာ မို့ မီးကင်လော့ ၊ နေလှမ်းလော့ ၊ တုံးဖိလော့ နဲ့ ဖက်တွေ ချောနပ် နေသဲ့အောင် သူရို့ အစေအပါး ဆိုသဟာတွေ ကို ခိုင်းစေ နေကြပေမပ …. ။
ကျုပ်သို့ … ကျေးတောသူ ဆိုသဟာဖြင့် မအားမလပ် ရသာ ကြောင့် ကိုရင့် အတွက် လဲ သတိရ သမို့ ..
“ မီးမကူ နေပူမှာ မခြောက်အားလို့ ထားရသယ် ။ အိပ်ရာ အောက် မှာ ကိုရင် ရေ ... မင်း သောက်ဖို့ ကို ” အဲဒီလိုသာ ဆိုလိုက်ချင် သပ ... ။
တော်ရို့ … နေပြည်တော် ဆိုသာ မှူးကြီး မတ်ကြီး အသည်ကြီးတွေ ပြည့်သိပ် နေသဟာ မို့.. အပျိုတွေ ဆိုသဟာလဲ ကြေးရေတတ် သမီး … မှူးကြီးမတ်ကြီး သမီး .. နန်းတော်သူတွေ ချည်း ဖြစ်ကုန်ကြပေမပ ... ။
သာ့ကြောင့် … သူရို့ တည်ကြမြဲ ဆေးလိပ် ဆိုသဟာ လဲ အလိပ်ကောင်း .. ။ သူရို့ ကတ်ကြေး နဲ့ ဖြတ်ပီး သပ်သပ်ရပ်ရပ် အငှားလိပ် ပေးကြသဟာ ဖြစ်မပ ... ။
ကိုရင် သိသပတော် … ကျုပ်သို့ ကျေးတောသူ ဆိုသဟာက မိရိုးဖလာ ဆိုသလို အပို ကို ဇာမချဲ့ဘဲ …
“ ညှာအနား ရှေ့သွားနဲ့ ကိုက်လို့ တို ” အောင် ဖြတ်ပီး ... ။
စင်းထားတဲ့ သနပ်ရိုး အုန်းနှဲရိုးတွေ ကို လုံးအောင် ပတ်လိုက်သပ .. ။
သဟာက ကျုပ်သို့ ဓလေ့ပဲ တော်ရေ့ ... ။
အဲ … သာ့ကြောင့် ဆေး - ဆေးရိုး က လဲ … မစစ်ပါဘဲ …. ကျေးတောသုံး ဖြစ်ပါဘိ နှင့် ... ချိုတောင့်ချိုခဲ လှလေခြင်းမို့ ... ။
“ မချိုတောင့် … လိပ်ဆေး ” လို့ ဆိုသဟာပဲ ။ တော်ရို့ … အဝ နေပြည်တော် ဆိုသဟာ ဖက်ဖြူလိပ် ကို သင်္ဘောစက္ကူ ... ပတ် ပီး ပန်းသတ်သိ ... ပိုးကြိုး နဲ့ အမျိုးမျိုး လှပအောင် တန်ဆာ ဆင် ကြပေမင့် ...
ကျုပ်သို့ ကျေးတောသူများ မဖြင့် ရက်ကန်း ဖြတ်စ စောင်မြိတ်စ ဆိုသဟာတွေ နှင့် ဗျာကသီ တစ်ခု ပြီး တစ်ခု ရစ်ထည့်လို့ ...
“ ပိုးမကူ …. စောင်မြိတ် အသာယူလို့ ... ချည်ဖြူ တစ်ပင်ရစ်ကယ် နှင့် ငယ်ချစ်မောင် ရွှေဝ သွား ကို .. ”
ငယ်ချစ် အတွက် ကိုရင့် အတွက် တတ်နိုင်သမျှ … စွမ်းအား ဆိသမျှ သတိတရ နဲ့ ပေး လိုက်ချင် သမို့ အဝ နေပြည်တော် သွား စိတ်ချရသည့် လူကြုံ ဆီ မှာ တကူးတက နဲ့ ကျုပ် သို့ ကျေးတောသူ … ဘန့်ပွေးလိပ် ဆိုသဟာ ... ကိုရင်စံကျော်ရေ - အမြတ်တနိုး “ ပါးလိုက်ကဲ့ … လေး ”
◾ရန်ကုန်ဘဆွေ
📖 ဂျာနယ်ပြာ ၊ ၁/၄
ဧပြီလ ၊ ၁၉၅၅ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment