ညဉ့် က အတော် နက်နေပြီ ။ ဤကဲ့သို့ တောင်ဒဂုံ ဆိပ်ကမ်း မြို့နယ် ရှိ သူငယ်ချင်း တစ်ဦး ထံ မူးမူးရူးရူး နဲ့ နန့်နန့် တက် ၍ လိုက် လည် မိပြီး မှ ကက်ကက်လန် စကား များကြပြီး စိတ်ဆိုးဆိုး ဖြင့် ဘောက်ထော် ရှိ အိမ် သို့ ပြန် ရန် ထွက်ခဲ့မိခြင်း က ကျွန်တော့ ၏ ပထမ အမှား ဖြစ်သည် ။
တော်သေးသည် ဟု ဆိုရမည် ။ ဘယ်က ဘယ်လို မျက်စိ လည် လမ်းမှား ပြီး ရောက်လာသည် မသိသော အငှားကား တစ်စီး ကို တွေ့ လိုက်ရသဖြင့် အလှ မပျက် ချွေး မထွက် ဘဲ အိမ် သို့ ပြန် ရောက်နိုင်ခြင်း ဖြစ်သည် ။
ဘုရားဒကာ ကားဆရာကြီး က လည်း စိတ် ပဲ ကောင်း လို့လား ၊ အဖော် ပဲ လိုချင် လို့ လား မသိ ဤမျှ ဝေးသော ခရီး ကို မဆိုစလောက် ဟု ပြောရမည် ဖြစ်သော ငွေ ၂ဝဝ၀ /- ကျပ် နှင့် “ တက် ” ဟု အတည်ပြု ပေး သဖြင့် ဝမ်းသာလုံး ကို မနည်း မြိုချပြီး ကား ပေါ် တက် ခဲ့ရသည် ။ ကား ပေါ် ရောက် သော် လည်း ဒေါသ က မပြေချင် ။ ဟုတ်တယ်လေ ။ သူငယ်ချင်း က မြို့ ထဲ မှာ စားသောက်ရင်း မှ သူ့ အိမ် လိုက်ခဲ့ သူ ထပ် ပြုစုဦးမည် ဟု အတင်းအဓမ္မ ခေါ်ပြီး အိမ် ရောက် ၍ တစ်ပြား မျှ ပင် မကုန်နိုင်သေးခင် ပြဿနာ တက် ခြင်း ဖြစ်သည် ။ ပြဿနာ က လည်း ...
“ မြနန္ဒာ ×× ရေညိုချိန်ရိပ်သန်း ×× ”
“ ဟင် .. ဘာသံကြီးလဲဟ ”
ကားဆရာ ၏ နှုတ် မှ ထွက်လာသော သံကွဲ သံကြောင်ကြီး ။ စာသား တွေ က လည်း ကပေါက်တိ ကပေါက်ချာ နှင့် မှား နေသေး ။ အေးလေ သူ လည်း တစ်နေ့ လုံး နေပူကျဲတဲ ထဲ ကားမောင်း ရှာရတော့ ပင်ပန်း လှရှာပေ မပေါ့ ။ ဒါ သူ့ ဖြေဖျော်ရေး ပဲ ။ ဆိုပါစေလေ ။
နေပါဦး ခုနက ပြဿနာ က ဒီလောက် ငြင်းခုန်စရာ မဟုတ် ။ ဟို အကြောင်း ဒီ အကြောင်း ပြော ရင်း နာမ်လောက အကြောင်း ရောက်ရှိ သွား ကာ မှ ..
“ ရွှေမန်းတောင် ထိပ် ×× တူနယ် တယ်နယ် ××× တယ်နယ် ခိုတယ် ××× ”
အား ... ဒီ အသံဆိုးကြီး က လည်း တမှောင့် .. နေပါစေလေ ... ကိုယ် နဲ့ ဘာ ဆိုင်တာမှတ်လို့ ... ။
ဘာတဲ့ ... အင်း ... နာမ်လောက အကြောင်း ရောက်သွား ရင်း မှ သူငယ်ချင်း က ပရလောက ကို သူ လုံးဝ မယုံကြောင်း ... အဓိပ္ပါယ် မရှိ ပြော နေကြကြောင်း .. ကျွန်တော် က စာပေ အထောက်အထားများ ရှိကြောင်း .. လုံးလုံး မဟုတ်ဘဲတော့ စာရေးဆရာများ က ရေးကြ မှာ မဟုတ်ကြောင်း ။
“ အပျော်ပွဲလေး ရှားပါဘိကွယ် xxx ”
“ ဟ .. ဘာသံကြီးလဲ ဟ ”
အမလေး .. ဒီ ကားဆရာ မောင်းကွဲသံကြီး က ငှက်ဆိုး ထိုး တဲ့ အတိုင်း ပဲ အသံ မှာ တော်တော်ကြီး ကို ပါရမီ နည်းရှာတယ် ထင်ပါ့ ။
“ တောက် ... ”
ရုပ် နဲ့ အသံ နဲ့ က လည်း လိုက်ပါ့ ။ စုတ်တီး စုတ်ဖတ် ။ ကျီးကြည့် ကြောင်ကြည့် နဲ့ ။
ထားပါလေ သူ့ ကိစ္စ ။ ကဲ .. ကိုယ့် ကိစ္စ ဆက် ရအောင် ။
သူငယ်ချင်း က စာ ထဲ တွေ့ ရုံ နဲ့ မယုံ ... သူ ကိုယ်တိုင် မျက်ဝါး ထင်ထင် တွေ့ ရ မှ ယုံ မည် ဟု ဆိုသဖြင့် ...
“ ကဲ .. ဂျပန်ပြည် ရှိတယ် ဆိုတာ မင်း ယုံလား ”
ဟု ဆိုလိုက်၍ သူငယ်ချင်း က မျက်နှာ ကွက်ကွက်ကြီး ဖရိုဖရဲနှင့် ကက်ကက် လန် ...
“ မြနန္ဒာ xxx ရေချိုရင် xxx ရိပ်ကာသန်း xxx ”
“ ဟဲ့ ... ပလုပ်တုတ် ”
ကားဆရာ ၏ အသံချောက်ကွဲကြီး ကြောင့် လွှတ်ခနဲ အော်မိ မလို ဖြစ်သွား၏ ။ အင်မတန် ဆိုးပြီး တော်တော် ကျက်သရေ တုံးတဲ့ အသံ ပါ ။ ကဲ .. ဒီ ကားဆရာ ဒီလိုတော့ လွှတ် ထားလို့ ရတော့မည် မဟုတ် ။ သူ့ အသံကြီး ဖြတ်ဖြတ် ဝင် လာရင် ကျွန်တော့် စိတ်ကူးတွေ ကပြတ်ပြတ် သွားတယ် ။ အဲဒီ အသံကြီး နဲ့ ခရီး သွားရတာ နှင့် စာလျှင် ကက်ဆက် သီချင်းလေး နှင့် သွားရတာ မှ ငြိမ့်တိမ့်တိမ့် ရှိဦးမည် ဟု စဉ်းစား မိ ပြီး ကားဆရာ ၏ ပခုံး ကို ပုတ်လိုက်ရာ ...
“ ဟေ့လူ ”
“ ဟာ ... ”
“ ကျွိ .. ”
ကားဆရာ ဘာ ကို ကြောက်လန့် သွားသည် မသိ ။ ကား စတီယာရင် ကို ဘယ်ကွေ့ ချ လိုက်မိပြီး ပလက်ဖောင်း ပေါ် တက်ကာ နီး တွင် ညာ သို့ပြန် ကွေ့ ကာ မီးပွိုင့် ကို တစ်ပတ် ပတ်ရင်း ဓာတ်တိုင် နှင့် ပွတ်ကာ သီကာ ရှောင် ၍ ကား ကို ရုပ်ပျက် ဆင်းပျက် ရပ် လိုက်သည် ။ ပြီးနောက် အတန် ကြာ သည် ထိ စကား လည်း မပြော လှုပ် လည်း မလှုပ် ဘဲ ငှက်ကုလားအုတ် သေ သေနေ၏ ။ ကျွန်တော် လည်း ပခုံး ကို ကိုင် လှုပ် ယုံ နဲ့ ဤမျှ ဟန်ပျက်သွား သော ကားဆရာ ကို နားမလည် နိုင်သဖြင့် ...
“ ဘာ ဖြစ်သွားတာလဲဗျ ... ဟင် ”
ထိုတော့ မှ ကားဆရာ သတိ ပြန် ဝင်လာပြီး ကတုန်ကရင် နှင့် ကျွန်တော့် ဖက် သို့ မဝံ့မရဲ လှည့် ကြည့်သည် ။ ပြီးမှ မျက်လုံး ပေကလပ် ပေကလပ်နှင့် ...
“ ဪ ... ခင်ဗျား ကိုး ”
“ ဟုတ်တယ်လေ ... ဟုတ်တယ် .. ကျွန်တော်ပဲ ... ဘာဖြစ်လို့လဲ ”
“ ဘာ ဖြစ်ရမှာလဲဗျ ... ခင်ဗျား က ... ဟီး ”
ကားဆရာ စကား ကို ဆက် မပြောနိုင်သေးပဲ ကလေး မုန့်တောင်း သလို ချုံးပွဲချ ငိုချလိုက်သည် ။
တော်တော် ကြာ မှ ...
“ ဆင်းဗျာ .. ခင်ဗျားကြီး .. ဆင်း ... ကျုပ် ကား မစီးနဲ့ ”
“ ဟင် ... ဘာဖြစ်လို့လဲ ... ကျုပ် ဘာလုပ် မိလို့လဲ ”
“ ဘာ လုပ်လို့လဲ ဟုတ်လား .. ခင်ဗျား လက်အေးကြီး နဲ့ ... ဟီး ... ကျုပ် နောက်ကြောကို ... ကျဥ .. ကျဥ ”
ကားဆရာ သူ့ အငို ကို အနိုင်နိုင် မျိုချ နေရ၏ ။
ပြီး မျက်နှာ ပေါ် က မျက်ရည်များ ၊ နှပ်များ ၊ သွားရည်များကို သုံးမျိုးပေါင်း မျက်နှာ သစ် ဆေးရည် လိုသ ဘော ထားပြီး မျက်နှာ ပေါ် ဝလုံး ပုံ ဝိုင်း၍ ဝိုင်း၍ အတန် ကြာ ရေး နေသေး၏ ။
“ မဟုတ်ဘူးလေ ... ကျွန်တော် က ကားဆရာ ကို ကက်ဆက် ဖွင့် ခိုင်း ဖို့ ပခုံးလေး ကို ဟောဒီလို တို့ပြီး ... ”
“ အဲဒီ ပခုံး ကို တို့ တာပေါ့ ဗျ .. အီး ”
“ ပခုံး တို့ တာ နဲ့ ဒီလောက် တောင် လန့် ရလားဗျာ ”
“ လန့်တာပေါ့ ဗျ ... ကျုပ် က လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လုံးလုံး အသုဘ ကား မောင်း လာရတာဗျ ... အဲဒါ .. ဒီနေ့ မှ ဒီ အငှားကားလေး ရ လို့ မြို့ပြင် မှာ အမောင်း စမ်း ရင်း ခင်ဗျား ကို တင်လာ တာ ... သူ့ ဒုက္ခ ကို ကယ်တင် လာတဲ့ သူမှန်း မသိ ဘာမှန်း မသိ ... သူ့ လက်အေးကြီး နဲ့ ဟေ့လူ ဆိုပြီး တို့ လိုက်တာ ကျုပ် က ခါတိုင်း လို အသုဘကား မောင်းရင်း မသာကြီး ထ တို့ တယ် မှတ်ပြီး ... အောင်မလေး .. အခု စဉ်းစားရင် အခု ကြက်သီး ထ တယ် ... တော်ပါဗျာ .. ဆင်းတော့ ခင်ဗျား ကို ကျုပ် မတင်ချင်တော့ဘူး ”
ကျွန်တော် လည်း လန့် သွား၏ ။ ဟုတ်တယ်လေ ဒီ အချိန် ဒီလို နေရာကြီး မှာ နောက်ထပ် ကား ရဖို့ မလွယ် ။
“ အဲလိုတော့ မလုပ်ပါ နဲ့ ကားဆရာ ရယ် ... ကားခ ပို ပေး ဆိုပိုပါ့မယ် နောက် လည်း မတို့တော့ပါဘူး ”
“ မရဘူးဗျာ ... ကံကောင်းလို့ ကား မတိုက်တာ ... ဆင်းဗျာ ကျုပ် ပိုက်ဆံ လည်း မလိုချင်တော့ဘူး .. သူ့ လက်အေးအေးကြီး နဲ့ အဟွင့် .. ရွှတ် ”
“ အစ်ကိုကြီး က လည်း အချင်းချင်း တွေ ပဲ ဟာ ”
“ ဘာ အချင်းချင်း မှ မချင်းချင်းဘူး ... ခု ကား ပေါ် ကဆင်း ဆိုဆင်း ... ဒါပဲ ... ခင်ဗျားကြီး မဆင်းရင် ကျုပ် အော် မှာနော် ... မသာကြီး ဆင်း ဆို ခုဆင်း ”
ကားဆရာ၏ မျက်နှာ မှာ ခုပဲ မသာကြီး နှင့် ဖက် အိပ် ရမလို ခုပဲ လူ ထ သ,တ်တော့ မလို ဖြစ်နေ၏ ။
ကားဆရာ အား မည်သို့ မှ တောင်းပန် ၍ ရတော့မည် မဟုတ် သဖြင့် ကျွန်တော် မဆင်းချင် ဆင်းချင် နှင့် ကားပေါ် က ဆင်း လိုက်ရသည် ။ ‘ တောက် ’ ဒီနေ့ တော့ အိမ် မှ ပြန် ရောက် နိုင်ပါဦးမလား ။
ည က အတော် နက် နေပြီ ။ လိုင်းကား ရှာ ၍ မတွေ့တော့ ။ ဖြတ်သွား ဖြတ်လာ အငှားကားများ က လည်း လူ ပါသည် နှင့် မလိုက်ချင်တော့သည် နှင့် ဖြစ်နေသည် ။ အိမ် ကို မည်သို့ ပြန်ရမှန်း လည်း မသိတော့ ။ သူငယ်ချင်း နှင့် က လည်း ရန် ဖြစ်ထား လာသည် ဆို ပြန်တော့ သူ့ အိမ် သို့ပြန် သွားရန် က မသင့် ။ ဒီ က နေ ဘောက်ထော် ထိ လမ်း လျှောက် ပြန် ဖို့ကလည်း မည်သို့မျှ မဖြစ်နိုင် ။ ထို့ကြောင့် မကြံတတ် မစည်တတ် ဖြစ်ပြီး တောင်မြောက်လမ်းဆုံ မှတ်တိုင်နား ဓါတ်တိုင် တစ်တိုင် အောက် မယောင်မလည် နှင့် ရပ်နေရခြင်း ဖြစ်၏ ။
ကားတစ်စီး ၏ မီးအလင်းရောင် တွေ့ရသည် ။ ဝမ်းသာအားရ လမ်းမ ပေါ် တက်၍ လှမ်း တား လိုက်သည် ။ အချက်ပြ မီးအလင်းရောင် နှင့် အတူ ကား က သူ့ နား ကပ်လာ၏ ။
“ ဘယ် သွားမလို့လဲ ညီလေး ”
“ ဘောက်ထော် ကို ပါ ”
ကားဆရာ မျက်မှောင် ကြုတ်သွားသည် ။
“ ဘောက်ထော် တော့ မရောက်ဘူး မှော်ဘီ တော့ ရောက်မယ် ”
“ အဲ ... ”
သွားရမယ့် လမ်း က တခြားစီ...
“ လိုက်ခဲ့ပါဗျ ... ညနက်နက် မှာ တစ်ယောက် တည်း မှော်ဘီ ထိ ပြန်ရမှာ ပျင်းလို့ နှစ်ထောင်ပဲ ပေး ... အနည်းဆုံး အဝေးပြေးဂိတ် တော့ ပြန် ရောက်မှာပဲ ”
“ အင် ”
ကားဆရာ က သူ ကားမောင်း ရမှာ ပျင်းလို့ အတင်းကြီး ခေါ်နေသည် ။ နေ့ဘက် ဆို လျှင် တော့ အတော် ပေါသည့် ဈေး ။ သို့သော် သွားရမယ့် လမ်း က တစ်ခြားစီ ။
“ လိုက်ခဲ့စမ်းပါ ဗျ ... ခင်ဗျား ဒီ က ကား စောင့် နေလို့ ဒီ အချိန် ဘာ ကား မှ ရမှာ မဟုတ်ဘူး ... မှော်ဘီ ရောက်ရင် ရန်ကုန် ထဲ ပြန် ဝင် တဲ့ အဝေးကားတွေ နဲ့ လမ်းကြုံ ပြန် လိုက်လို့ ရတယ် ”
“ အဝေးပြေးဂိတ် ရောက်တော့ ရော ... ”
“ ဟို က နေ ကား ပြန် ငှားပေါ့ဗျ ... ခင်ဗျား က လည်း ခေါင်းသုံးစမ်းပါ ဗျ ... လွယ်လွယ်လေး .. ဟား ဟား ကြာတယ် ... တစ်ထောင် ပဲ ပေးဗျာ ”
“ အင် ...”
ကြည့်ဦး ပြောပုံ ။ ဒီ က နေ မှော်ဘီ ကို စီး မှော်ဘီ က နေ အဝေးပြေးဂိတ် ကို ထပ် စီး အဝေးပြေး က မှ ဘောက်ထော် ကို ထပ်စီး ။ သူ ပြောသည့် အတိုင်း ဆို ဒီ ည မပြော နဲ့ မနက်ဖြန် မနက် တောင် ရောက်မည်မဟုတ် ။ ထို့ကြောင့် စိတ်ညစ်ညစ် နဲ့ ပဲ ...
“ တော်ပါဗျာ ... ကိုယ့် လမ်းကြောင်း သာ ကိုယ် သွားပါ ...”
“ ငါးရာပဲ ပေးဗျာ ကျုပ် သရဲ ကြောက်လို့ ”
“ အလိုဗျာ ရုပ်ကြမ်းကြီးနဲ့ နွဲ့နေပြန်ပြီ သွားပါဗျာ .. တစ်ပြား မှ မပေးနိုင်ဘူး ”
“ ဒါဆို တက် ... ”
“ အင် ”
ကားဆရာ အားရဝမ်းသာ နှင့် ကားတံခါး ကို ပါ ဖွင့်ပေး နေသည် ။
“ ကျုပ် အလကား တင်သွားမယ်လေ .. မှော်ဘီ ကို .. လာပါဗျာ ကျုပ် သရဲ ကြောက်လို့ပါ ”
အတော်ကလေး ကို စိတ်ပျက် သွားမိသည် ။ ဘယ့်နှယ် ကား မရလို့ စိတ် ညစ်နေရသည့် ကြား ထဲ သရဲ ကြောက် တဲ့ ကားသမား နဲ့ မှ လာ တွေ့နေ ရတယ်လို့ မတတ်သာသည့် အဆုံးတော့ ... ။
“ ကဲဗျာ .. လိုက်ဆို တော့ လည်းလိုက် ရတော့မှာပေါ့ ဗျာ... အဲ ... ကျုပ် က သရဲ ဖြစ်နေရင် ...”
ကားဆရာ မျက်လုံး ပြူး သွားပြီး ကားတံခါး ကို ‘ ဂျိုင်း ’ ခနဲပိတ် လိုက်သည် ။ ပြီးနောက် သူ့ ကို ခြေဆုံး ခေါင်းဆုံး ပြန်ကြည့် လိုက်သည် ။ သူ မျက်လုံး ပြူး ပြလိုက် သည် ။ ကားဆရာ ဆံပင်များ ထောင် တက် သွားပြီး ကား ကို ဝူးခနဲ မောင်း ထွက် သွားတော့၏ ။
ကားဆရာ အဖြစ်အပျက် ကို ကြည့်ပြီး စိတ်ညစ်နေသည့် ကြား ထဲ ရယ် ဖြစ် သေး၏ ။ ဘယ့်နှယ် ယောက်ျားကြီး တန်မဲ့ သရဲ ကြောက် နေရသေးတယ် လို့ ။ သူ လည်း ယောင်ပေပေ နှင့် ထိုနေရာ တွင် သာ ဆက် ရပ်နေ မိသည် ။
ဟော ဟော ကား တစ်စီး လာ ပြန်ပြီ ။ သူ လက်များ ကို အပေါ် အောက် လှုပ်ရမ်းပြီး တားလိုက်သည် ။
“ ဘယ်လဲ ... ”
“ ဘောက်ထော် သွားချင်လို့ပါ ”
“ ဘောက်ထော် ဘယ်နားလဲ ”
လမ်း အမည် ကို ပြောပြ လိုက်၏ ။ ကားဆရာ က မျက်မှောင် ကြုတ် ပြီး ပြန် ကြည့်လိုက်သည် ။
“ လမ်း ထဲ ဝင် ပေးရမှာလား ”
“ အဲ .. နည်းနည်း ဝင် ရမယ် ”
“ ဒါဆို ... လမ်း မကြုံဘူး ”
‘ ဝူး ’ ခနဲ မောင်းထွက်သော ကား ကို ကြည့်ပြီး သူ စိတ်တို သွား၏ ။ အစ က တည်းက လမ်း မကြုံဘူး ဆိုရင် ဘာကြောင့် လာ ရစ် နေသေးလဲ ။ သူ့ အတွေး မဆုံးခင်မှာ ထို ကား က ဘက်ပြန် ဆုတ် လာသည် ။ စိတ် ပြောင်းပြီး တင်တော့မယ် ဟု မှန်းပြီး ဝမ်းသာသွား၏ ။
“ ဒါဆို ခင်ဗျား အိမ် က ဦးတင်မောင်ကြီး အိမ် နား မှာ ပေါ့ ”
“ ဟုတ် ... ဟုတ်ပါတယ် .. သူ့ အိမ် နဲ့ မျက်စောင်း ထိုး ပါပဲ ”
ဝမ်းသာအားရ ပြောလို့ ပြောလို့မှ မဆုံးသေး ...
“ အဲဒါဆို ပို မကြုံဘူးဗျာ ”
ဟု ဆိုကာ ကား ကို ပြန် မောင်း ထွက်သွားတော့၏ ။
“ တောက် ... ”
အရှိန်ပြင်းပြင်း မောင်း လာသော ကားတစ်စီး မီးရောင် ကို မြင်တော့ သူ ကမန်းကတမ်း တား လိုက်သည် ။ ကား က သူ့ အရှေ့မှာ မရပ်ဘဲ သူ့ ကို လွန် သွား မှ “ ကျွိ ” ခနဲ ရပ်သွား၏ ။ ပြီးနောက် အရှိန်ပြင်းပြင်း နှင့် ဘက်ခ် ပြန် ဆုတ်လာ၏ ။
“ ဟင် ... ကိုယ်ပိုင်ကားကြီး ”
ဟုတ်ပါသည် ။ ကိုယ်ပိုင်ကား ပါ ။ ကိုယ်ပိုင်ကား မှ အနက်ရောင် ပြောင်လက် နေသော အဖိုးတန် ကားကြီး ပါ ။ သူ လည်း မရ ရတာ စီး ရ တော့ မည်မို့ ကား ဆီ ကမန်းကတမ်း ပြေး သွားပြီး ကားမောင်း သူ ရှိ ရာ ငုံ့ ကြည့်လိုက် ရာ ...
“ ဟင် ”
မြင်ရတဲ့ မြင်ကွင်း ကြောင့် သူ အတော် အံ့အား သင့် သွား၏ ။ ကားမောင်း လာ သူ မှာ သူလို ကိုယ်လို ယောက်ျားသား မဟုတ်ဘဲ ရုပ် ခပ်ချောချော မိန်းကလေး ဖြစ် နေ သော ကြောင့်ပင် ။ အနက်ရောင် ဝမ်းဆက် ဝတ် ထားပြီး ဆံပင် ကို ဖားလျားကြီး ချ ထား၏ ။ သူမ ၏ ပုံ မှာ ဝိညာဉ် တစ်ကောင် နှင့် ပင် တူ သေး၏ ။ “ တောက် ဝိဉာဉ် လောက နဲ့ အခုထိ စာရင်း မပြတ်သေးဘူး ” ။ ခုနက ကားသမား ဆို လျှင် ထို ကောင်မလေး လမ်း မှ ကားဖြတ် တား လျှင် သရဲ မှတ်ပြီး ထွက်ပြေးမလား မသိ ။
“ တက် ”
အသံ က သေးသေးစွာစွာ ပါ ။ သူ လည်း အူကြောင်ကြောင် နှင့် ကားတံခါး ကို ဆွဲ ဖွင့် လိုက်ပြီး ...
“ ဘောက်ထော် ကို နော် ...”
“ လျာမရှည် နဲ့ ... တက် မှာ ဖြင့် တက်စမ်းပါ ”
စိတ် မရှည်စွာ ပြောသော မိန်းကလေး ၏ စကား ကြောင့် သူ ကမန်းကတမ်း ကား အနောက်ခန်း ထဲ ဝင် ထိုင် လိုက်သည် ။ သူ ကား ထဲ ရောက်သည် နှင့် ကား က အရှိန် ပြင်းစွာ မောင်း ထွက် သွား၏ ။ ဩော် စီးပွားရေး အကွက် မြင်သည့် မိန်းကလေး ပဲ ။ အေးလေ .. ခေတ်ကာလ က လည်း ဒီလို အကွက် မြင် မှ ဖြစ် မှာကိုး ။ သွားရင်း လာရင်း ညကြီးပိုင်း တစ်ကြောင်း ဓာတ်ဆီဖိုး ရ အောင် အောက်ဆိုက် ဆွဲတာ ဖြစ်မယ် ။
“ ဘောက်ထော် ကို ဘယ်လောက် ပေး ရမှာလဲ ”
သူ ၏ စကား မဆုံးမီ ...
“ ဝုန်း ... ”
ကျယ်လောင်စွာ ဖွင့် လိုက်သော ကက်ဆက် သံ ကြောင့် သူ့စကားသံများ အား ဖုံးလွှမ်း သွား၏ ။ ဖွင့် လိုက်သည့် သီချင်း က လည်း တစ်ခါမှ မကြားဖူးသော HIP HOP သီချင်း ။ ဆူညံပေါက်ကွဲသံ နှင့် အတူ ငိုသံများ ။ မိန်းကလေး က ထို သီချင်းသံစဉ် အတိုင်း ကျယ်လောင်စွာ လိုက် ဆိုသည် ။
“ ရွှေရော ငွေရော ငါ ဆင်ပေးထားတာ xxx မင်း အဖေ ရော အမေ ရော ဝင်ဝင် နှိပ်စက်တာ x x x x အခြေဂိုး အနေဂိုး နင် တို့ အမျိုးလား ကွာ ”
ပြီးနောက် အရှေ့ မှာ ဘာမှ မရှိပါဘဲ ကားဟွန်း ကို အဆက်မပြတ် တီး သည် ။ ကား ၏ မီတာ လက်တံ ကို ကြည့်တော့ တစ်နာရီ မိုင် ခြောက်ဆယ် နှုန်း ။ သူ လည်း မိန်းကလေး ၏ ထူးဆန်းသော အပြုအမူ ကြောင့် ကြက်သီးများ ပင် ထ မိသည် ။ မည်သို့ လုပ်ရမည် မသိ ။
စကား ဆက်ရန် ပြင်စဉ် မှာ ပင် ...
“ ကျွိ ”
ရုတ်တရက် ချိုးကွေ့ လိုက်သော အချိုးအကွေ့ ကြောင့် သူကား ထဲ မှ လွင့်စင်ကျ မတတ်လိမ့်ထွက် သွား၏ ။ ကား ၏ ဦးတည်ရာ ကြည့် တော့ မြို့ပြင်သို့ .. ။
“ ဟာ ”
သူ အကြီးအကျယ် လန့်သွား မိ၏ ။ ထို့နောက် ပျာပျာသလဲ ဖြင့် ...
“ ဒီ ... ဒီမှာ ... ကျွန်တော် သွားမှာ ဘောက်ထော် ကို ဗျ ... ခင်ဗျား ဘယ် ကို မောင်း နေတာလဲ ... ဒါ မြို့ပြင် သွားတဲ့ လမ်းမကြီး ...”
သူ ကားကက်ဆက်သံ ထက် ကျော်အောင် ပင် မနည်း အော်ယူရသည် ။ သူ့ အော်သံ ကို မိန်းကလေး က ကား ကို ဂီယာ ချိန်း လိုက်ပြီး ...
“ လျှာမရှည်နဲ့ ... ကိုယ့် ဂီယာ ကိုယ်ထိုး ပဲခူး ရောက်ရောက် ... ”
“ ဗျာ ”
သူ အကြီးအကျယ် အံ့အား သင့် သွားမိ၏ ။
နောက် ဒီ ကောင်မလေး သူ့ ကို ကားတင် ပြေးပြီ လား ဟူ၍ ပင် သံသယ ဖြစ်မိ၏ ။ ဒါလည်း မဖြစ်နိုင် ဒီ ကောင်မလေး နဲ့ သူ က တစ်ခါမှ တွေ့ဖူးတာမှ မဟုတ်တာ ။ ဒါဆို ဒီ မိန်းကလေး က စိတ် မနှံ့ တာလား ။ ဒါလည်း မဖြစ်နိုင် ။ သူ့ ကြည့် ရတာ အကောင်း ပုံ ပါပဲ ။ ဒါဆို ... သရဲမ လား ၊ လာပြန်ပြီ ဝိညာဉ် လောက ။ သူ စဉ်းစား၍ မဆုံးခင် မှာ ပင် ...
“ ရော့ ဒီမှာ ကြည့်စမ်း ...”
ကောင်မလေး က သူ့ ဆီ တစ်ခု ခု ပစ် ပေးလိုက်၍ သူ လှမ်း ဖမ်း လိုက်သည် ။
“ ဟင် ”
ဓာတ်ပုံအယ်လ်ဘမ် တစ်ခု ။
“ ဟင် .. ဒါ ဘာလုပ်ရမှာလဲ ”
သူ့ အမေး ကို ကောင်မလေး က ...
“ လျှာမရှေနဲ့ ... အထဲ က ပုံတွေ ကြည့် ”
ဟု ခပ်ဆတ်ဆတ် ပြန် ပြောသည် ။ သူ လည်း ကြောက်အား လန့်အား နဲ့ ခေါင်း ကို ခပ်ဆတ်ဆတ် ငြိတ်လိုက်ပြီး အယ်လ်ဘမ် ကို ဖွင့် ကြည့်လိုက်သည် ။ ထို အယ်လ်ဘမ် ထဲ တွင် ( ယခု ကား မောင်း နေသူ ) ကောင်မလေး နှင့် ကောင်လေး တစ်ယောက် စုံတွဲပုံများ ။
“ ဒါ .. ဒါဘာတွေလဲ ”
“ အဲဒါ ကျွန်မ ချစ်သူ ပဲ ”
သူ့ စကား မဆုံးမီ ဖြတ် ပြောသော ကောင်မလေး စကားကြောင့် သူ မျက်လုံး ပြူးသွားပြီး ...
“ ဟင် ... အဲဒါ ကျုပ် နဲ့ ဘာဆိုင်လို့ ...”
“ သူ နဲ့ ကျွန်မ သိပ် ချစ်ခဲ့ကြတာ ”
“ အင်းလေ .. ချစ်ပါ ... ဒါပေမယ့် ကျုပ် နဲ့ က ... ”
ကောင်မလေး သူ့ စကား ကို ဂရုမစိုက်ဘဲ သူ ပြောချင် ရာ ဆက်ပြော၏ ။
“ အခုတော့ ... အခုတော့ ... ”
ကောင်မလေး မျက်ဝန်း ပေါ် မှ မျက်ရည်စများ ဝိုင်း တက်လာသည် ။
“ သူ က မိဘ သဘော တူ တဲ့ လူနဲ့ယူတော့မှာတဲ့ ...”
သူ ခေါင်း ကုတ် လိုက်သည် ။
“ ပြဿနာ ပဲ ”
သူ့ ကိစ္စ အတွက် ဘာ ပြောလို့ ပြောရမှန်း မသိတော့ ။ အိမ် ကို လည်း အမြန် ပြန် ရောက်ချင် နေပြီ ။ သူ့ စိတ် ထဲ မှာဒါပဲ ရှိသည် ။ အိမ် ရောက် ရင် နွေးနွေးထွေးထွေး နေ .. ထမင်းကောင်းကောင်း စား ... ။ သူစဉ်းစား နေတုန်းမှာပင်
“ အဲဒါ ကောင်းသလား ”
ရုတ်တရက် ဖြတ် မေးသော ကောင်မလေး စကား ကြောင့် သူ လည်း ယောင်ပြီး ...
“ အင်း ... ကောင်းသားပဲ ”
သူ့ စကား ကြားတော့ ကောင်မလေး မျက်နှာမာ နှင့် သူ့ ကို ဝေ့ ကြည့်ပြီး ..
“ ဘာ ကောင်းတာလဲ ... ဘာကောင်းတာလဲ ပြောစမ်း ”
သံကုန်ခြစ် အော်မေးသည် ။ ပြီးတော့ ဟွန်း ကို အဆက်မပြတ် တီးသည် ။ ပြီးနောက် “ အား ” ခနဲ အော်ပြီး ကားစတီယာရင် ကို ဟိုဘက်လှည့် ဒီဘက် လှည့် လုပ်သည် ။ သူ လုပ် လိုက်တိုင်း သူ့ ကား အကောင်းစားကြီး ယိုင်ထိုး ယိုင်ထိုး ။ သူ လည်း လန့်သွားပြီး ...
“ ဟေ့ ... ကား ကို ကောင်းကောင်း မောင်းပါ ... တိုက်ကုန် ပြုကုန် မှ ဖြင့် ဒုက္ခ ရောက်ကုန်ပါ့မယ် ”
သူ့ စကား ကို ကောင်မလေး က ရယ်သည် ။
“ ဟားဟား .. သိပ် ကြောက် နေပြီလား ... ကျွန်မ အခု ထွက် လာတာ ကား တိုက်ပြီး သေဖို့ ထွက်လာတာ ... ”
“ ဘာ ”
ကောင်မလေး ၏ အဖြေ စကားကြောင့် သူ ကြက်သီး ထ သွား၏ ။
“ ဟုတ်တယ် ... ကျွန်မ သေဖို့ ထွက်လာတာ ... ပြောစမ်း ဘယ် မှာ သေလို့ ကောင်းသလဲ ... ”
ကောင်မလေး စကား ကြောင့် သူ လန့်သွားပြီး..
“ ဒါတော့ ကျုပ် ဘယ် သိမှာလဲဗျ ။ ကျုပ် လည်း သေဖူးတာ မှ မဟုတ်တာ.. ဖွဟဲ့ လွဲပါစေ ချော်ပါစေ ... ကလူ ကလူ ...”
သူ့ စကား မဆုံးခင် ကောင်မလေး မျက်လုံး လက်ခနဲ ဖြစ်ပြီး ...
“ ဟိုမှာ ... ဟိုမှာ တွေ့လား ဂျစ်ကား တစ်စီး ... ဂျစ်ကား တစ်စီး လာပြီ ... ”
ဟုတ်ပါသည် ။ မျက်နှာချင်း ဆိုင် မှာ အရှိန်ပြင်းပြင်း နဲ့ မောင်း လာသော ဂျစ်ကား တစ်စီး ။
“ ဘာ ... ဘာလုပ်ဖို့လဲ ဟင် ”
သူ ၏ ကတုန်ကရင် အမေး ။
ကောင်မလေး အားရဝမ်းသာ ဖြင့် ...
“ ခေါင်း ထိုး ထည့်လိုက်မယ် ... ခေါင်းထိုး ထည့် လိုက်မယ်လေ တစ်ခါတည်း ပွဲချင်း ပြီးအောင် ... ဟားဟား ... ကဲ. . ငါ လာပြီ ... မေထူးချွန် လာပြီ ”
ဆိုပြီး အရှေ့ မှ ဂျစ်ကား ဆီ သူ့ ကားခေါင်း ကို ဦးတည် လိုက်ရာ ...
“ အောင်မလေး အမေ ရဲ့ ကယ်တော်မူပါဗျ ”
သူ ၏ ကြောက်လန့်တကြား ရေရွတ်သံ ။ အလိုလို နေရင်း နဖူးမှ ဇောချွေးများ စိမ့်ထွက် လာသည် ။
“ ဟီး ဟီးဟီးဟီး ... ဟားဟားဟား ... ဟီးဟီး ”
သူ့ ကို ကြည့်ပြီး ကောင်မလေး မြင်း ဟီ သလို ရယ်သည် ။ ဦးတည်ချက် မပြောင်းလဲ ။ ဂျစ်ကား နှင့် ကတဖြည်းဖြည်း နီးလာသည် ။ အရှိန် က တစ်နာရီမိုင် ရှစ်ဆယ် ။
“ အမေ ... ကယ်တော်မူပါဗျ ”
သူ ၏ ရေရွတ်သံ ။
ကောင်မလေး ကား ကို ဂီယာ ချိန်း လိုက်သည် ။ ပြီးနောက် ... ‘ ဟိုင်းယား ’ ဟူသော ညာသံပေးသံ နှင့် အတူ ...
“ ရှီး ” ခနဲမြည်သံ ။
“ အား ...”
သူ ၏ ကြောက်လန့်တကြား အော်သံ ။ ဂျစ်ကား မီးရောင် က မျက်စိ ထဲ ဝင်လာပြီး ...
“ အား ... လုပ်ကြပါဦးဗျ ”
သူ ၏ သံကုန်ခြစ် အော်သံ ။ ကောင်မလေး ကား လက်ကိုင် ကို ‘ ဝှီး ’ ခနဲ ဆွဲ ချလိုက်သည် ။ ဖျပ်ခနဲ မျက်နှာ ပေါ် လာ ဟတ်သော လေများ ။ မျက်လုံး မဖွင့်ရဲသေး ။ အတန်ကြာ မှ...
“ ဟားဟား ... သိပ် ကြောက် သွားသလား ... မတိုက်ရသေးပါဘူး ”
ကောင်မလေး ၏ အော်သံ ။ သူ မျက်လုံး ဖွင့် ကြည့် လိုက်တော့ လမ်းမ ပေါ် အရှိန်မပျက် ဆက် မောင်း သွားနေသော ဂျစ်ကား ။ သူ လည်း တုန်လှုပ် ခြောက်ခြား စွာ နှင့် ...
“ ကြောက်... ကြောက်တာပေါ့ဗျာ ... ခင်ဗျား တကယ် နောက် တဲ့ လူ ပဲ ... ကျုပ် ဖြင့် တကယ် တိုက်ပြီ တောင် မှတ်တာ ... ဝူး ... တော်သေးတာပေါ့ ”
“ မတော်နဲ့ဦးလေ ... ဂျစ်ကား က သေးလို့ ကျွန်မ မတိုက်သေးတာ ...”
“ ဟင် ...”
“ ဟားဟားဟား ... ပွဲချင်း က ပြီးချင် မှ ပြီးမှာလေ ... ဟုတ်ဘူး လား ... ဟားဟားဟား ”
ကောင်မလေး စကား ကြောင့် သူ ငိုချင် လျှက် နှင့် ပင် ဒေါသ ထွက် သွားပြီး ...
“ ဟာဗျာ ... ခင်ဗျား က လည်း ခင်များ ဖာသာ ခင်များ ရည်းစား ပျက် လို့ သေချင် ရင် ကိုယ့် ဖာသာ ကိုယ် သေပေါ့ဗျ ... ဘာလို့ ကျုပ် ကို ခေါ် ရတာလဲ ”
ကောင်မလေး က သူ့ ကို ဆတ်ခနဲ ဝေ့ကြည့်သည် ။ ပြီးမှ ...
“ ဘာလို့ ခေါ်လာလဲ ဟုတ်လား ... ကျွန်မ တစ်ယောက် တည်း မသေ ရဲ လို့ ရှင့် ကို ခေါ် လာတာပေါ့ ”
“ ဘာလို့ မသေရဲရတာလဲ သေရင် ပြီးပြီပဲ ”
“ ကျွန်မ တစ်ယောက် တည်း သေရင် တိုင်ပင်ဖော် တိုင်ပင်ဖက် မရှိဘဲ သရဲ ဝိညာဉ် တွေ အလည် မှာ မျက်နှာ ငယ်မှာ စိုးလို့ ရှင့်ကို အဖော်ခေါ် ခဲ့တာ ”
“ အင် ”
လာ ပြန်ပြီ တစ်ယောက် ။ သူ ကြောက်ပုံ က တစ်မျိုး သေပြီး မှ ကြောက်မှာ တဲ့ ။ သူ့ ကို ကြည့်၍ ကောင်မလေး က ကျယ်လောင်စွာ ရယ် ကာ ...
“ ဟားဟားဟား ... မေထူးချွန် တို့ အကြံ မပိုင်ဘူးလား ဟားဟား သေတာတောင် အဖော်ကလေး နဲ့ ... ဟောဟော .. ဟောဟော ဟိုမှာ လာပြန်ပြီ .. ဆီဘောက်ဆာ ကားကြီး ကြိုက်ပြီဗျာ .. ကြိုက်ပြီ ဟားဟား ... အဲဒီ ကားကြီး နဲ့ ဆို ဆိမ့်နေမှာပဲ ... ဟားဟားဟား ”
သူ ညွှန်ပြရာ ကြည့် လိုက်တော့ ဂါလံ ‘ ၁၆၀၀ ’ အမည် ပေါက် ဆီဘောက်ဆာ ကားကြီး ။ ကား ကို ဂီယာ ချိန်း လိုက်တာ မြင်ရသည် ။ နောက် လီဗာ ကို ဆောင့်နင်း ချ လိုက်သည် ။ ကား က ဝူးခနဲ ဆီဘောက်ဆာကား ဆီ ဦးတည် သွားသည် ။ သူမ က တဟီးဟီး တဟားဟား နဲ့ အားရဝမ်းသာ သီချင်း ကို ကျယ်လောင်စွာ သီဆို လိုက်သည် ။
“ ရွှေရော × × × ငွေရော × × × ငါဆင် ပေးထားတာ × × × နင့်အဖေ ရော နင့် အမေ ရော ဝင်ဝင် နှိပ်စက်တာ ××× အခြေဂိုး ××× အနေဂိုး ××× နင် တို့ အမျိုးလား ကွာ ××× ”
ကောင်မလေး ၏ အပြုအမူ နှင့် ကျယ်လောင် သော သီချင်းသံ ကြောင့် သူ့ နဖူး မှ ချွေများ ပြိုက်ခနဲ ပြန် ကျလာရာ ...
“ ဟေ့ဟေ့ ... အရှေ့ ကြည့် မောင်းပါ ဟ .. တိုက်... တိုက်ကုန်တော့မယ် ”
ကား က တော့ ဦးတည်ချက် မပြောင်းဘဲ ဆီဘောက်ဆာ မှ ဆီဘောက်ဆာ တည့်တည့် ။
“ မ ... မလုပ် ... မလုပ်ပါနဲ့ ...”
သူ ၏ အထိတ်တလန့် စကား ကို ကောင်မလေး က တဟားဟား ရယ် ကာ ...
“ ဟားဟား ... တိုက်မှာပါ .. မကြောက်ပါ နဲ့ တိုက် ကို တိုက်မှာ ”
ဟု ဆို၍ လီဗာ ကို ဆောင့် နင်းချလိုက်သည် ။
“ အား ... ”
သူ ၏ ငယ်သံ ပါအောင် အော်သံ ။
ကောင်မလေး က သူ့ ကို လှည့် မကြည့် ။ ‘ ဟိုင်းယား ’ ဟု ညာသံ ပေးပြီး ဂီယာ ကို ဆောင့် ချိန်း လိုက်သည် ။
“ ဟာ .. တိုက် ... တိုက် ”
ဆီဘောက်ဆာကြီး က မျက်စိ ထဲ တည့်တည့် တိုး ဝင်လာပြီ ။
“ အားသေပါပြီဗျ ...”
သူ ကြောက်အားလန့်အား နဲ့ သံကုန်ခြစ် အော်လိုက်သည် ။
“ ဝုန်း ” ခနဲ မြည်လိုက်သော ဘရိတ် အုပ်သံ တစ်ချက် ။
ဆံပင်များ အနောက် ဘက် သို့ လန်ထွက်သွားသည် ။ ဆီဘောက်ဆာ ကားကြီး “ ဝှီး ” ခနဲ နဘေး နား က ကပ် ဖြတ်သွားသံ ကို ကြား လိုက်ရသည် ။ ကားပေါ် မှ “ သေချင်လို့လား ” ဟူသော ဆုတောင်းသံများ ။ နောက် ကောင်မလေး ၏ ငှက်ဆိုး ထိုး သလို ရယ်သံ ... ။ နောက် ...
“ ဟား ဟား ဟား သိပ် ကြောက်သွားသလား ကိုဘောက်ထော် မကြောက် ပါ နဲ့ ... ကျွန်မ မတိုက် ရသေးပါဘူး ”
ဂြိုဟ်ဆိုးမလေး ၏ စကား ။ သူ မျက်လုံး မဖွင့်ရဲသေး ။ မျက်လုံး ထဲ မှ မျက်ရည်များ နှာခေါင်း ထဲ မှ နှပ်များ တစ်ကိုယ်လုံး အနှံ့ ဇောချွေးများ စိမ့် ထွက်လာပြီး … လူ လည်း တစ်ဟီးဟီး နဲ့ အဖျား တက်ချင် သလို ဖြစ် လာသည် ။ ဤအတိုင်း ဆက်သွား နေ လျှင် မကြာခင် သေးပါ ထွက် တော့မည် ။
“ ကျွန်မ စဉ်းစား နေတယ် ကျွန်မ ဝင်တိုက် လိုက်လို့ ကိုယ် က တော့ ဆုံးသွား ပြီ ထားပါတော့ .. တမလွန် မှာ အဖော် ပါလို့ သရဲ မကြောက်ဘူး ပဲ ထားဦး .. အဲ ... ကျန်ခဲ့တဲ့ ဆီဘောက်ဆာ ကားသမား က ယဉ်တိုက်မှုအတွက် အမှု ဖြစ်ဦးမယ် .. သူ့ မိန်းမ ခမျာ ဘုမသိဘမသိ နဲ့ တစ်ခုလတ် သော် လည်းကောင်း မုဆိုးမ သော် လည်းကောင်း ဖြစ်ဦးမှာ ... ကိုယ့် ကြောင့် တစ်ဖက် လူ ကို ဒုက္ခ မရောက် စေချင်ဘူးလေ .. ဒီတော့ ကိုဘောက်ထော် ”
“ ခင်ဗျာ ”
ဘောက်ထော် မဟုတ်သော် ငြား ကောင်မလေး ၏ ခေါ်သံ ကြောင့် သူ ယောင် ပြီး ပြန် ထူးမိသည် ။
“ ဘယ် ကုက္ကိုလ်ပင် ကောင်းလဲ ကြည့်စမ်းပါဦး ”
“ ဟင် ... ဘာ ... ဘာလုပ်ဖို့လဲ ”
ကောင်မလေး စကားကြောင့် ပတ်ဝန်းကျင် ကို ဝေ့ ကြည့်ပြီး သူ အလန့်တကြား ပြန် ဖြေမိသည် ။ ကောင်မလေး က ဘေး ဆီ ဝေ့ကြည့် ရင်း ...
“ ကားခေါင်း ကို ကုက္ကိုလ်ပင် ခြေရင်း ထိုးဝင် လိုက်မယ်လေ ... ရုပ်ရှင် ထဲ မှာ ကုက္ကိုပင် သုံးပတ် လှည့်ပြ လိုက်ရင် ပြီးပြီ .. ဒါဆို ကိစ္စ အေးရော ... ဘယ်သူမှ လည်း ဒုက္ခ မရောက်တော့ဘူး ”
“ ဗျာ ”
ကောင်မလေး စကား ကြောင့် ကောင်မလေး က သူ့ ကို လှည့် မကြည့်ဘဲ သူ ပြန်ပြီး တုန်တက်သွား၏ ။
ဘေးဆီ ဝေ့ကြည့်ရင်း က ပဲ ...
“ အို ...ကုက္ကိုလ်ပင် ဆို မတော်တဆ ချော်ပြုပြီး ကိစ္စ အေးချင် မှ အေး မှာ ကြာတယ် လမ်းဘေး ချောက် ထဲ ပဲ ထိုးချ လိုက်တော့မယ် နော့် .. ဟုတ်ပလား ”
“ ဟာ ... မလုပ် .. မလုပ်နဲ့ ... ဟတကယ် ကျပြီ ဗျ ... ကျပြီ ဟ ”
သူ ၏ အာမေဋိတ်သံများ ။
ကောင်မလေး ထံ မှ ...
“ ရွှေရော ××× ငွေရော ××× ငါ ဆင်ပေးထားတာ xxx ”
သီချင်းသံ ။
ကား က ‘ ဝှီး ’ ခနဲ လေ ထဲ မှာ ...
“ အား ..…”
သူ ၏ ကြောက်လန့်တကြား အော်သံ ...
နောက်ဆုံး ...
“ အား ...”
“ ကျွိ ”
“ ဒုန်း ... ”
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment