ကလင် ...
အခန်းဝ မှ ဘဲလ် မြည်သံ ကြောင့် သူ့ စိတ်တွေ ထိတ်ခနဲ ဖြစ်သွားသည် ။ သူမ များ လား ။
မဖြစ်နိုင် ။ သူမ က အခုမှ ဆေးရုံ က ဆင်းစ ပင် ဖြစ်သေးသည် ။ ဆေးရုံ ဆင်းစ ဆို ဘယ်ကို မှ ထွက်နိုင်ဦးမည် မဟုတ် ။ သို့သော် ဖြစ်နေမလား ဟူသော မျှော်လင့်ချက် ဖြင့်တံခါး ကို ဆွဲဖွင့် လိုက်သည် ။
“ ဟင် ...”
သူ အကြီးအကျယ် အံ့အား သင့် သွားသည် ။ မှန်၏ ။
သူမ ပင် ဖြစ်သည် ။ ပုတ်သိုးသော မျက်နှာပေး နှင့် အိမ် ထဲ လှမ်း ဝင် လာသည် ။ ပြီးလျှင် ဘယ်ကိုမှ မကြည့်ဘဲ သူ့ စလင်းဘက်ခ် ထဲ မှ ဟမ်းဖုန်း ကို ထုတ် ကာ ...
“ ဖုန်းဆက်ပေးစမ်း ”
ဟု ဆို၍ သူ့ ထံ ဖုန်း လှမ်း ပေး၏ ။ သူ က ဇဝေဇဝါ ဖြင့် ...
“ ဘယ်ကို ဆက်ပေးရမှာလဲ ”
“ ကိုမျိုးမြင့်ထွန်း ဆီ ကို ”
“ အင် ...”
သူမ စကား ကို သူ ရိပ်မိ နေလျက်သားပင် ဖြစ်သော်လည်း ရုတ်တရက် ကြောင် သွားမိသည် ။ ထို့ကြောင့် ...
“ ဘာလို့ ဆက်မှာလည်း .. သူ မင်္ဂလာဆောင်တော့မယ် ဟ ”
“ အေး ... သူ မင်္ဂလာ မဆောင်ခင် သူ နဲ့ ရှင်းစရာ ရှိတာ ရှင်းချင်လို့ ”
“ အေး ... နင် ရှင်းချင် လည်း နင့် ဖာသာ နင်ဆက်ပါ့လား ”
သူမ ဖျပ်ခနဲ သူ့ ကို ပြန်လှန် ကြည့်သည် ။ သူ က ခါးထောက် ၍ မိုက်ကြည့် ကြည့် နေလိုက်သည် ။ ဒါကိုတောင် သူမ က မျက်နှာ ကို အချိုး တစ်ချက် မှ မပြင်ပဲ ...
“ ဒါဆို .. နင် ငါ့ ကို နံပါတ် နှိတ်ပေး ”
ဆိုပြီး ဖုန်း ကို ထိုးပေး ပြန်၏ ။ သူ လည်း တင်း နေသူမို့ ...
“ ဘာလို့ နှိပ်ပေး ရမှာလဲ နင့် ဖာသာ နင် နှိပ်ပေါ့ ”
သူမ သူ့ ကို ဝေ့ ကြည့်ရင်း ...
“ ငါ က ဆွဲကြိုး နှစ်ကုန်း နဲ့ မို့ မအားဘူး ”
“ အင် .. ”
ဘာမှ မဆိုင်ဘူး ။ သူမ ဆွဲကြိုး နှစ်ကုံး ဝတ်ထားသည် နှင့် လက် မအား သည် နှင့် ၊ ဘာမှ မပတ်သက်ပါ ။ အရေး ထဲ ကြွားချင်ပုံ ပြောပါတယ် ။ သူ သက်ပြင်း ချ လိုက်မိသည် ။ ဘာမှဆက် မပြောချင်တော့ ။ ဖုန်းနံပါတ်လေး နှိပ်ရုံ နဲ့ တော့ ဘာမှ အပန်းမကြီး ။ ထို့ကြောင့် ဖုန်း ကို ဆွဲယူ လိုက် ပြီး ...
“ နံပါတ် က ..”
“ Record ထဲ မှာ ရှာ ကြည့်လိုက် ”
သူမ ကို ဖြတ်ခနဲ တစ်ချက် ပြန် ကြည့်လိုက်သည် ။ Record ထဲ မှာ သူ့ ဖာသာ သူ ရှာလို့ ရနေတဲ့ ဟာ ကို ၊ သူ့ ဖာသာ သူ မရှာဘဲ အကြောကြီး နဲ့ လာ လုပ်နေတာ ။ သူမ က မသိချင်ယောင် ဆောင် ပြီး ဖုန်း ကို သာ စိုက်ကြည့် နေသည် ။
“ အဲဒီမှာ ... ”
နံပါတ် တစ်ခု ရှေ့ ရောက်တော့ သူမ က လက်ညှိုး နဲ့ ဆတ်ခနဲ ထိုး ပြသည် ။ နောက် ခုနက အတိုင်း မသိချင်ယောင် ဆောင်ပြီး တစ်ဖက် လှည့် နေ လိုက်သည် ။ သူ လည်း ဘာမှ ပြော မနေတော့ဘဲ သူမ ပြောသော နံပါတ် ကို သာ နှိပ်လိုက်သည် ။
“ တီ .... တီ ”
ဟူသော ဖုန်းမြည်သံ ။
“ ရပြီ ...”
သူမ က ဖုန်း ကို ဆတ်ခနဲ ဆွဲယူ လိုက်ပြီး ...
“ ကိုမျိုးမြင့်ထွန်း လား ... အော် ... အိမ် က မာလီ လေ .. သူ့ အနား ဖုန်း ချထားတာ ကို တွေ့ကရာ နံပါတ် လျှောက် နှိပ်လိုက်လို့ ”
“ အင်း ... ”
သူ အတော် တင်း သွားသည် ။ ကြည့်လေ ၊ သူ ပြောလို့ နံပါတ် လည်း နှိပ်ပေး ရ သေးတယ် ။ ဟိုဘက် ကို ပြောတော့ သူ့ မာလီ က တွေ့ကရာ နံပါတ် နှိပ် လို့ တဲ့ ။ အလို လို နေရင်း မာလီ ဖြစ်ရမယ့် ဘဝ ။ သူမ က တော့ ခပ်တည်တည် ပင် ။
“ ဪ .. အင်း ... ကြားပြီးပြီ ... ကောင်လေး တစ်ယောက် ပြောလို့ .. အဲဒါ ... တစ်နေ့လောက် တွေ့ ချင်လို့ ”
“ အော် .. ဟင်း .. အဟင်း ... ဘာမှ ဒုက္ခ မပေးပါဘူး .. ကျွန်မ က အရင်တုန်းက မေထူးချွန်မဟုတ်တော့ပါဘူး ... ရင့်ကျက် တည်ကြည်တဲ့ မေထူးချွန် ဖြစ်နေပါပြီ ”
“ ဘာ ... အခု လာမယ့် စနေနေ့ တွေ့မယ် .. ဟုတ်လား ဘယ်အချိန်လဲ ”
“ ညနေ လေးနာရီ ”
“ ကောင်းပြီလေ ... လာခဲ့မယ်.. အရင် နေရာဟောင်းလေး မှာပဲ မဟုတ်လား ... အင်းအင်း ... စိတ်ချပါ ဒါပဲနော် ... ဘိုင့်ဘိုင် ... နော် ”
ဆိုပြီး ဖုန်း ကို ဂွတ်ခနဲ ချ လိုက်၏ ။ ပြီးနောက် သူ့ ဘက် ခပ်တည်တည် လှည့် ၍ ...
“ ကြားတယ်နော် ... စနေနေ့ ညနေ လေးနာရီ ငါ နင့် ကို လာခေါ်မယ် ”
သူမ စကား ကြောင့် သူ မျက်လုံး ပြူး သွားပြီး ...
“ ဟင် .. လုပ်ပြန်ပြီ ... ငါ နဲ့ ဘာ ဆိုင်လို့လဲ ”
“ မဆိုင် လည်း လိုက်ခဲ့ ... ဟို ရောက်လို့ သူ က ငါ့ ကို စကား မချေ မငံ ပြောရင် နင် ဝင် ကစ်ပစ် ... သိလား ... တရားရုံး စရိတ် ငါ တာဝန် ယူတယ် ”
“ အင်း ... ”
ပြောပုံ ကို ကြည့်ဦး ... ကိုယ် က ကြား ထဲ က လူမိုက် ဝင် လုပ်ရဦးမယ့် ပုံ ။ သူ တစ်ခု ခု ပြန် ပြောရ န်ပြင်တုန်း မှာ ပင် ...
“ ကဲ ... ငါ သွားတော့မယ် ... စနေနေ့ ညနေ နင့် ကို ငါ လာခေါ်မယ် အဆင်သင့် ပြင်ထား ”
ဟု ဆို၍ လှည့် ထွက် သွား တော့၏ ။ အိမ် အပြင် လှေကား ရောက် တော့ မှ သူ လည်း သတိရ သွားပြီး သူမ နောက် ပြေးလိုက်ကာ ...
“ မေထူးချွန် ”
သူမ လှည့် ကြည့်ပါသည် ။
“ နင် ... အဲဒီ မျိုးမြင့်ထွန်း ဆိုတဲ့ လူ ကို တကယ် ချစ်လို့ လား ”
မရည်ရွယ်ဘဲ သူ့ နှုတ် က လွှတ်ခနဲ ထွက်သွားမိ၏ ။ ဒါကို သူမ မျက်မှောင် ကြုတ် သွားသည် ။ အဖြေ ပေးရန် စဉ်းစား နေပုံ ရသည် ။ အတန် ကြာ မှ ...
“ နင် ချစ်တဲ့ သူ ဆိုရင် နင် ရေထဲ တွန်းချမလား ”
ဟု ပြန် ဖြေပြီး ဂေါက်ဂက် ဂေါက်ဂက် နှင့် ဆင်းချ သွား၏ ။ အလိုလို နေရင်း သူ့ စိတ် ထဲ ကြည်နူးမိ သွားသလို ။ ထို့ကြောင့် အိမ်ဝရန်တာ သို့ ပြေး ထွက်ပြီး သူမ ကို စောင့်ကြည့်နေလိုက်သည် ။ သူမ တိုက်ခန်း လှေခါး မှ ထွက် လာမှ ...
“ မေထူးချွန် ...”
သူမ ပြန် မော့ ကြည့်သည် ။
“ ဒါဆို နင် ချစ်တာ ဘယ်သူ့ ကို လဲ ”
သူမ မျက်နှာ ရဲခနဲ ။
သူ ၏ ကျယ်လောင်သော အော်သံ ကြောင့် ဖြတ်သွား ဖြတ်လာများ သူမ ကို လှည့်ကြည့် လှည့်ကြည့် လုပ်ကြသည် ။ ထို အဖြစ် ကို မြင့်တော့ သူမ လည်း ရှက်ရမ်း ရမ်းသည် ထင့် ။ လမ်းမ ပေါ် ဟိုကြည့် ဒီကြည့် လုပ်ပြီး ခဲတစ်လုံး ကို ပြေး ကောက် လိုက်သည် ။ နောက် သူ ရှိရာ အခန်း သို့ ချိန်ရွယ်ပြီး လှမ်း ပစ်လိုက် သည် ။ သို့သော် ခဲလုံး က သူ့ ဆီ မရောက်ဘဲ သူမ ခေါင်းပေါ် တည့်တည့် သာ ပြန်ကျ လာ၍ “ အား ” ခနဲ အော်ပြီး ခဲလုံး လွတ်ရာ ပြေးသည် ။ ခဲလုံး ကျ သွားတော့မှ သူ့ ကို လက်သီး ဆုပ် ပြ ကာ ...
“ နင် သေမယ် ... ”
ဟု အော်ပြီး ကား ထဲ ‘ ဝုန်း ’ ခနဲ ဝင်ကာ ‘ ဝူး ’ ခနဲ မောင်းထွက် တော့၏ ။ ဘာကြောင့်ရယ်မသိ ၊ သူမ ကို ကြည့် ၍ သူ ဟက်ဟက်ပက်ပက် ရယ်မိ လိုက်သည် ။
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment