ဆေးရုံ ရှိ သူမ အခန်း ထဲ လှမ်း ဝင်လိုက်သည် နှင့် သူမ မှောက်ခုံကြီး နှင့် မျက်လုံး တစ်ချက် ပင့် ကြည့်သည် ။ ပြီးတော့ တစ်ခါမှ မသိဖူးသူ လို အရှေ့ ပြန် လှည့်သွားသည် ။ နောက် ဆတ်ခနဲ ပြန် လှည့် ကြည့်သည် ။ ကျွန်တော့် လက် ထဲ က အထုပ် ကို မြင်တော့ စိတ်ဝင်စား သွားပုံရသည် ။ နောက် အရေး မကြီး သလို ဟန်မျိုး နဲ့ အရှေ့ ပြန် လှည့်သွားကာ မုန့် တစ်ခု ကို စိမ်ပြေနပြေ ဝါး နေသည် ။ သူ က သာ မျိုးမြင့်ထွန်း ပေး လိုက်သော အထုပ်ကြီး ပိုက်၍ ...
“ မေထူးချွန် နေကောင်းလား ”
သူ က ဘာမှ ပြန် မဖြေပါ ။ ကျွန်တော် ချ လိုက်သော အထုပ်ကြီး ကို သာ စိတ်ဝင်စားစွာ နဲ့ စောင်း ကြည့် နေသည် ။
“ နင် ဘယ်တော့ ဆေးရုံ ဆင်းမှာလဲ ”
သူမ မုန့် တစ်ခု ကိုက် လိုက်သည် ။ နောက် သူ့ လက်သန်းသေးသေးလေး ဖြင့် အထုပ် ကို ညွှန်ပြ၍ ...
“ အဲဒါ ဘာကြီးလဲ ”
သိချင်စိတ် များ၍ ထင့် စကား ပင် မပီတော့ ...
“ ဒါက ... ”
သူ စကား ကို ထပ် မဆက်သေး ဘဲ သူမ ကို ကြည့်သည် ။ သူမ မုန့် ကို ပင် ဆက် မဝါးသေးဘဲ သူ့ စကား ကို စောင့်နေသည် ။
“ ဒါ ... ကိုမျိုးမြင့်ထွန်း နင့် ကို ပေးလိုက်တာ ”
“ ဟင် .. ”
သူမ ပါးစပ် ဟ သွား၏ ။ မျက်လုံးများ အရောင် လက် သွား၏ ။ နောက် ပါးစပ် ထဲ က မုန့် ကို အားရပါးရ မျို လိုက်သည် ။
“ အဟု ”
အနည်းငယ် သီးသွားပုံ ရသည် ။ နဘေး က အချိုရည်ဗူး တစ်ဗူး
ကို လှမ်း ယူလိုက်ပြီး ‘ ဂလုဂလု ’ နဲ့ နေအောင် မျိုချ လိုက်သည် ။ နောက်မှ ကမန်းကတမ်း ဖြင့် ...
“ ဘာ ... ဘာတွေလဲ ဟင် ”
“ မသိဘူးဟ .. ဒီအတိုင်း ပေးလိုက်တာ ”
“ ဟာ .. နင် က လည်း ”
သူမ စိတ်ပျက်စွာ ညည်း ၏ ။ နောက် မှ ပြောင်လက် နေသော မျက်ဝန်း အစုံ နဲ့ ...
“ အဲ ... ငါ သိပြီ ... သူ က ငါ အလှ ကြိုက်မှန်း သိလို့ ကိုယ်လုံး ပေါ်မှန်ကြီး ပေးလိုက်တာ ဖြစ်မယ် ... အဲ ... နေဦး ”
သူမ မျက်လုံး အပေါ် လှန်ပြီး စဉ်းစား နေပြန်သည် ။
“ ငါ သူ့ ကို ပြောဖူးတယ် ... ငါ့ အခန်း ထဲ က ဘီရို က ဒီဇိုင်း အောက် နေပြီလို့ ... အဲ ... ဒီလောက်ဟာ က လည်း ဘီရို မဖြစ်နိုင်ဘူး ”
သူမ ဘူး ကို မ ကြည့်သည် ။
“ သိပ် မလေးဘူး ဟ ... ဒါဆို ... အင်း ... ငါ ချုပ် ဝတ်ဖို့ ပိတ်စတွေ ဒါလည်း မဖြစ်နိုင်ဘူး ... ပိတ်စတွေ ဆို အိတ် တစ်အိတ် နဲ့ ထုတ်ပေး လိုက်မှာပေါ့ အော် ... သိပြီ သိပြီ .. မုန့်တွေ ... မုန့်တွေ ဖြစ်မယ် ... ငါ ဘီစကစ်မုန့် ကြိုက် မှန်း သိလို့ ပုံးလိုက်ကြီး ဝယ် ပေး လိုက်တာဖြစ် မယ် ... ဟဲ ဟဲ ... အဲ ... မုန့်ပုံး က ဒီလောက် ကြီးပါ့မလား .. အို ... ဘာပဲ ဖြစ်ဖြစ် ဖွင့် ကြည့် လိုက်တာ ကောင်းမယ် ထင်တယ်နော် ”
ဟု ဆို၍ သူ့ ဘက် လှည့် ကာ ...
“ ဟိတ် ... အဲဒါလေး .. ငါ့ ကို ခဏ ဖွင့်ပေး ”
တောင်းပန်သံ လည်းမ ဟုတ် ၊ အမိန့်ပေးသံ လည်း မဟုတ်ပါ ။ နဂို ပြောရိုး ပြောစဉ် အတိုင်း ပြောခြင်း သာ ဖြစ်၏ ။ ကျွန်တော် လည်း စောဒက တက် မနေတော့ဘဲ ဖွင့်ရန်သာ ပြင် လိုက်သည် ။
“ ခဏနေဦး ... ”
သူမ အထုပ် ပေါ် လက် တင်ပြီး ..
“ နင် နဲ့ ငါ လောင်းမလား ”
သူ မျက်မှောင် ကြုတ် လိုက်သည် ။
“ ဘာ လောင်းမှာလဲ ”
သူမ ဗိုက် အောက် ခေါင်းအုံး ကို ပြင် ခု ၍ ...
“ ဒီ အထဲ မှာ ဘာပါမယ် ဆိုတာ ”
“ ဒါတော့ ဘယ် သိမှာလဲ ဟ ”
“ အေးလေ ... ဒါကို နင် လည်း မသိဘူး ငါ လည်း မသိဘူး ... အဲဒါကို ဒီ ထဲ မှာ ဘာ ပါတယ်ဆိုတာ နင် နဲ့ ငါ လောင်းမလား ”
သူမ စကား ကြောင့် သူ စိတ်ညစ် သွား၏ ။ ကြည့်ဦး အလောင်းအစား က လည်း ဝါသနာ ကြီး ပုံ ။ သူ လည်း ပြီး ပြီးရော သဘော နဲ့ ..
“ လောင်းမယ် ဟာ ... ဘာကို လောင်းရမှာလဲ ”
သူမ က ချက်ချင်း အဖြေ မပေးဘဲ မေးဖျား ကို လက်ညှိုး ထောက်၍ မျက်လုံး လှန် စဉ်းစား လိုက်သည် ။ နောက် မှ ...
“ ဒီလိုဟာ ... ဒီ ပုံး ထဲ မှာ ငါ က စားစရာ ပါတဲ့ ဘက် က .. လောင်းမယ် ... နင် က ”
“ ငါ က မှန် တဲ့ ဘက် က လောင်းမယ် ”
သူ ခပ်မြန်မြန် သာ ဖြတ် ပြောလိုက်သည် ။ သူမ က သူ့ စကား ကို သဘောကျ ပြီး ...
“ အေးဟုတ်ပြီ ... များများ မလောင်းဘူး ... ငါးရာကြေး လောက် ပဲ ”
သူ ခေါင်းညိတ် ၍ သာ ထောက်ခံ လိုက်သည် ။
“ ပိုက်ဆံ ပြ ”
သူမ ၏ စကား ကို သူ အိတ်ကပ် ပုတ် ပြကာ ...
“ ပါ ပါတယ် ဟ ”
ထိုတော့မှ သူမ ကျေနပ် သွားပြီး ...
“ ကဲ .. ဒါဆို ဖွင့်မယ် ”
“ အေး ဖွင့် ... ”
သူမ စိတ်ဝင်စား စွာ ဖြင့် အထုပ် ကို အပေါ် စီး မှ နေ၍ အသေအချာ ငုံ့ ကြည့် နေသည် ။ မျက်လုံးများ က လည်း ပြောင်လက် နေမှာ သေချာ၏ ။
သူ အထုပ် မှာ ပတ်ထားတဲ့ တိတ်တွေ ကို စိတ်ရှည် လက်ရှည် ခွာလိုက် သည် ။ အထုပ် ကို ဖွင့်မယ် ပြင်ရုံသာ ရှိသေး၏ ။ သူမ က လက်ကာ တားပြီး ...
“ ခဏ နေဦး ”
သူ သူမ ကို ပြန် မော့ကြည့် လိုက်သည် ။ သူမ က သူ့ ကို ပြန် ငုံ့ကြည့်ပြီး ...
“ ဟို အဓိပ္ပါယ် ရှိသွားအောင် ငါ က တစ်နှစ်သုံး ဆိုမှ ဖွင့် ”
“ ဘာလို့လဲ ”
“ ဘာလို့လဲ ဆိုတော့ ... ”
သူ့ စကား ကို သူမ သံယောင် လိုက်သည့် စကား ။ စကားတော့ ထပ် မဆက်သေး ။ နောက်မှ ...
“ ဒီလိုလေ ဟာ .. နင် နဲ့ ငါ လောင်းထားတယ် ဆိုတော့ အတူတူ တစ်ပြိုင်တည်း ကြည့် မှ အဓိပ္ပါယ် ရှိမှာပေါ့ ”
သူ သက်ပြင်း ချ လိုက်သည် ။ ပြီးမှ ...
“ အေးပါဟာ ”
သူမ ခပ်ဟဟ ရယ်ပါသည် ။
“ ကဲ .. ဒါဆို စပြီ ”
သူ့ လက်များ အထုပ် ပေါ်အသေအချာ တင် ထားလိုက်သည် ။ သူမ နှုတ် မှ အသံ က ...
“ တစ် ”
သူ့ လက်များ ကွေးပြီး အထုပ် ဖွင့်ရန် အစ နှစ်စ ကို လှမ်း ကိုင်လိုက်သည် ။
“ နှစ် ”
သူ့ လက် က အထုပ် ကို ဖြုတ်ပြီးနေပြီ ။
“ သုံး ”
အသံ ဆုံးသည် နှင့် သူ အထုပ် ကိုဆတ်ခနဲ ဆွဲ ဖွင့်လိုက်သည် ။
မျက်လုံးများ က အတွင်း သို့ ...
“ ဟာ ”
“ အလို ”
နှစ်ယောက်လုံး ထံ မှ အံ့အားသင့် သော အာမေဋိတ်သံများ လျှံကျ လာ သည် ။
“ ဟင်ဘာကြီးလဲ .. ဘယ်လိုကြီးလဲ ဟ ”
မယုံနိုင်စွာ တစ်ယောက် မျက်နှာ တစ်ယောက် ပြန် ကြည့်မိကြ သည် ။ ကြည့်လည်း ကြည့်ချင်စရာ ။ အထုပ် ထဲ မှာ တွေ့ နေရသည် က သူမ ပြော သလို စားစရာ လည်း မဟုတ် ၊ သူ ထင် သလို မှန် လည်း မဟုတ် ။
“ ဟင် ... အိမ်သာခွက်ကြီး .. အိမ်သာခွက်ကြီး ”
ဟုတ်ပါသည် ။ သူတို့ မြင်ရသည် က ကြွေများဖြင့် ပြောင် လက်နေသော အိမ်သာခွက်ကြီး ပါ ။
အိမ်သာခွက် မှ ရိုးရိုး အိမ်သာခွက် မဟုတ် ဘိုထိုင် အိမ်သာခွက် ဟု ခေါ်သော အိမ်သာခွက် အမြင့်စားမျိုး ။ အိမ်သာခွက် မှ အိမ်သာခွက် အစစ် ။
“ အဟင့် ... ”
အသံ နှင့် အတူ သူမ ပါးစပ်ကြီး ဟ သွားသည် ။ နောက်မှ မျက်ရည်များ “ ပတစ် ” ခနဲ ကျ လာပါသည် ။ နောက် ပေါင်မုန့် အတောင့် တစ်တောင့် ကို ပါးစပ် ထဲ ထိုး ထည့် လိုက်ပြီး ကျီးကြည့် ကြောင်ကြည့် လိုက် ကြည့် နေသည် ။
“ တောက် ... အတော် အမြော်အမြင် ကြီးတဲ့ လူ ”
သူမ ကို ကြည့်ကာ သူ့ ပါးစပ် မှ လွှတ်ခနဲ အားရဝမ်းသာ ထွက်သွား သည် ။ သူမ က မျက်ရည်များ ဝိုင်းသော မျက်လုံး အစုံ ဖြင့် သူ့ ကို ဝေ့ ကြည့် သည် ။ ပြီးတော့ မယုံသင်္ကာ ဖြင့်
“ ဘာ အမျှော်အမြင် ကြီးတာလဲ ... ဟင် ”
သူမ အမေး ။ ဒါကို သူ အားတက်သရော နှင့် ..
“ ဟုတ်တယ်လေ ... နင်ပဲ စဉ်းစား ကြည့် .. နင် က တင်ပါးဆုံရိုး ကျိုးနေတော့ အင်အင်း က ဘယ် ထိုင် နိုင်ပါ့မလဲ ... ဒါကြီးနဲ့ ဆို အေးဆေးပဲ ... အသာလေး တက် ထိုင်လိုက်ရုံပဲ ... အားလုံး လျှောလျှောရှူရှူ ဖြစ်ပြီ ... ဘာမှ ထိုင် ညှစ် နေစရာ မလိုတော့ဘူး ... ဟုတ်တယ် မဟုတ်လား .. ဒါကို အမြော်အမြင် ကြီးတယ် လို့ ပြောတာ ... တောက်... ငါ တောင် ဒါမျိုး မစဉ်းစားမိဘူးနော့ .. ”
သူမ က ယောင်တောင်တောင် နဲ့ ‘ အင်းအင်း ’ ဆိုပြီး ခေါင်း လိုက် ညိတ်သည် ။ ပြီးတော့ သူ့ အနောက် ကို သူ ပြန် ဝေ့ ကြည့်သည် ။ အနောက် မှ ကျိုးနေသော သူ့ တင်ပါးရိုး ကို မြင်တော့ မှ မျက်နှာကြီး နီရဲ သွားပြီး ...
“ ဘာလို့ ထိုင် ညှစ်ရမှာလဲ နင် ညှစ်ချင် နင် ယူသွား ”
ဟု ဆိုပြီး ..
“ ငါ့ တင်ပါး ကျိုးနေတာ ကို အခွင့်ကောင်း ယူပြီး ... အရှက် ခွဲ တဲ့ ကောင် .. တမင် အရှက် ခွဲတာ ”
ဆိုပြီး သံကုန်ခြစ် အော်သည် ။ သူမ ကို ကြည့်ပြီး သူ လည်း သဘောပေါက် ကာ ရယ်ချင် သွားပြီး ...
“ ဟားဟား ... နင် ညှစ်ဖို့ မဟုတ်ရင်လည်း နင် စားဖို့ သူ ပို့ပေး လိုက်တာ ဖြစ်မှာပေါ့ ခုနကပဲ နင် ပြောတယ်လေ .. ဒါကြီးက စားစရာကြီး ပဲ ဖြစ်မယ် ဆိုတာ လေ ... ဟားဟား ”
ဟု ဆိုလိုက်ရာ သူမ က လက် ထဲ ကျန်နေတဲ့ မုန့် နဲ့ သူ့ ကို လှမ်းပစ်လိုက်ပြီး ..
“ ဘာ နင် စားဖို့လဲ ... နင့် ဖာသာ စားချင်ရင် နင် ယူသွား သူများ ဗိုက် ဆာ နေပါတယ် ဆိုမှ အိမ်သာခွက်ကြီး လာ ပေးတယ် ”
ဆိုပြီး အိမ်သာခွက်ကြီး ကို ဝုန်းခနဲ တွန်းချ လိုက်တယ် .. သူ လည်း ကမန်းကတမ်း အိမ်သာခွက် ကို လိုက် ဖမ်းပြီး ...
“ ဟ ... နှမြောစရာကြီး ဘာလို့ တွန်းချတာလဲ ... နင် က လည်း စား ချင် စား ညှစ်ချင် ညှစ် လို့ ရတဲ့ ဟာ ကို ”
သူ့ စကား ကြောင့် သူမ ဆတ်ဆတ်ခါ နာ သွားပြီး ...
“ နင် ပဲ စား ... နင် ပဲ ညှစ် .. နင့် ဖာသာ နင် ညှစ်ပြီး နင့် ဖာသာ နင် ပြန်စား ... သွား ယူသွား ငါ့ ရှေ့က ယူ သွား ”
ဟု ဆို၍ ဘိုထိုင် အိမ်သာခွက်ကြီး ကို တွန်း ချလိုက် ငိုလိုက် လုပ်နေ သဖြင့် သူ လည်း စိတ်ညစ် သွားပြီး ...
“ အေး ... အဲဒါဆို ပြီးရော ... ငါ သွားတော့မယ် ”
ဆိုတာ ကို သူမ က ထုံးစံ အတိုင်း ...
“ လစ်ချင်တဲ့ နေရာသာ လစ် ... ငါ့ နား ဘယ်တော့မှ မလာ နဲ့ .. အခု လစ် တော်ကြာ လစ် ... အမြန်ဆုံး လစ် ”
ဟု ဆိုပြီး သံကုန်ခြစ် အော်သည် ။ သူ ထိုင်ရာ က အသာ ထ ပြီး ထ ထွက် လိုက်သည် ။ စိတ် ထဲ မှာတော့ ရယ်ချင်နေတုန်း ။ နောက်မှ သတိရ သွားပြီး ...
“ အော် ... မေထူးချွန် ”
သူမ မျက်ရည်များ ဖြင့် လှည့် ကြည့် လိုက်သည် ။ သူ ပြောသင့် မပြော သင့် စဉ်းစား လိုက်သည် ။ နောက်မှ မပြော မဖြစ် ၍ သာ သက်ပြင်းချကာ ပြောချ လိုက်သည် ။
“ ကိုမျိုးမြင့်ထွန်း က ရှေ့ အပတ် ထဲ ဟို အမျိုးသမီး နဲ့ စေ့စပ်တော့မှာ တဲ့ ”
“ ဟင် ”
မျက်ရည်များ ကြား သူမ ပါးစပ် အကျယ်ကြီး ဟ သွား၏ ။ သူ့ စကား
ကို သူမ အံ့အားသင့်သွားပုံ ရသည် ။ သူ လည်း ဘာမှ ဆက် မပြောဘဲ သူမ ထံ မှ ပြင်းရှရှ အော်သံ မကြားရမီ အလျင်အမြန် လှည့် ထွက် လိုက်သည် ။ သူမ က တော့ ကြောင်ပြီး သူ့ ကို ငေးကြည့် နေတုန်း ။
ငိုသံ လည်း ဆက် မကြားရ ။ သူမ ‘ အ ’ သွားပြီ ထင်ရ၏ ။
◾အကြည်တော်
📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment