Saturday, November 18, 2023

ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း ( ၁ )


 အချစ် အကြောင်း ကို 

တစ်ထိုင်တည်း ပြောလို့ 

တင်းတိမ်ရရိုး ဆိုလျှင်

ကမ္ဘာ ပေါ် မှာ 

လူစွမ်းကောင်း ဆိုတာတောင် 

ပေါ်လာမှာ မဟုတ်ဘူး


   •••••   •••••   •••••   •••••


သူမ သည် 


ကလေး • • •

သဘင်သည် • • •

သူရူး • • •


သုံးဦး ဖလှယ် ထားသော စိတ်ထားမျိုး ရှိပါသည် ။ 


ထို့ကြောင့် သူမ သည် • • •


ကလေး ကဲ့သို့ ချစ်စရာ ကောင်း၏ ။ 

သဘင်သည် ကဲ့သို့ ဆွဲဆောင်မှု ရှိ၏ ။ 

သူရူး ကဲ့သို့လည်း 

ထင်ရာ လုပ်တတ်သည် ။


   •••••   •••••   •••••   •••••


မြန်မာစကား တွင် ကလေး ၊ သဘင်သည် ၊ သူရူး တို့ ၏ စကား သည် မှန်တတ်ကြောင်း ကြားဖူးပါသည် ။ 


သူမ သည် ကလေး ၊ သဘင်သည် ၊ သူရူး နှင့် တူပါသည် ။ ကလေး ကဲ့သို့ ချစ်စဖွယ် ကောင်းပါသည် ။ သဘင်သည် ကဲ့သို့ လည်း နှစ်လိုဖွယ်ရမ္မက် ကို ပေးပါ သည် ။ သူရူး ကဲ့သို့လည်း ပေါင်းရသင်းရ ခက်ပြန်ပါသည် ။


ပို ဆိုးသည် က ရှေးလူကြီးများ ၏ အထင်ကရ စကား ကမောက်ကမ နှင့် မှားကုန်ခြင်း ဖြစ်၏ ။ သူမ သည် မှန်ကန်သော စကား ကို ဆိုခဲ့သော ကြောင့် ဖြစ်ပါသည် ။


ဤသို့ ဆိုသော် သူမ က ဆိုးလို့လား ဟု ပြန် မေးကြလိမ့်မည် ။ ဟုတ်ကဲ့ အတော် ဆိုးပါသည် ။ သူ က ဘယ်သူ့ အပေါ် မှာ ဆိုးနေလို့ လဲ ။ ဤသို့ လည်း မေး နိုင်ပါသည် ။ ကျွန်တော့် အပေါ် တွင် ဆိုးပါသည် ။ ပတ်ဝန်းကျင် အပေါ် တွင် လည်း ဆိုးပါသည် ။ သူ့ ချစ်သူ အပေါ် တွင် လည်း ဆိုးပါသည် ။ အဆိုးဆုံး မှာ သူ့ အပေါ် သူ ပြန် ဆိုး နေခြင်း ပင် ဖြစ်ပါသည် ။


သူမ နှင့် ဆုံစည်းပုံ မှာ ဤသို့သာ ဖြစ်၏ ... ။


◾အကြည်တော်


📖 ကျွန်တော့် ချစ်သူ ပြောသော သူ့ ချစ်သူ အကြောင်း


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment