“ အောက်ထပ် က ညည်းသံ ကြားရင် မစိုးရိမ်နဲ့ ”
“ အပေါ်ထပ် က ညည်းသံ ကြားရင် ဂရုမစိုက်နဲ့ ”
စသည် ဖြင့် အကွက်ကျကျ နှစ်ဖက် မျှ ပြီး အပေါ်ထပ် အောက်ထပ် နှစ်ဖက်ခွ ပြေးနေသော ထူးနိုင် မှာ တစ်ညလုံး ပတ်ပြေး နေရ၍ လူ က ခံနိုင် သော်လည်း ဒူးခမျာ မခံနိုင်တော့ ။ နောက်ဆုံးမှာ တော့ အပေါ် လဲ မရော က် ၊ အောက် လဲ မရောက်နှင့် ဘယ်မှ မရောက်နိုင်ဘဲ နဖူး မှ ချွေး ခြေမ ကျကာ အပေါ်ထပ် နှင့် အောက်ထပ် ကြား လှေခါး ၌ ပင် ခွေယိုင်လဲ ပြီး အိပ်စက်ခြင်းဖြင့် သာ အားဖြည့် နေရလေသည် ။
••• ••••• •••• •••••
မနက်မိုး ကား စင်စင် လင်းပြီ ။ ထူးနိုင် မှာ တစ်ညလုံး အပင်ပန်းခံ ပ တ်ပြေး နေရ၍ ပင်ပန်းပြီး မထနိုင်သေး ။
မနက်ခင်း ၌ ပင် အိပ်ရာ မှ စောထသော မြရီနွယ် နှင့် သူဇာချို တို့ ထူးထူးဆန်းဆန်း လှေကားထစ် တွင် အိပ်ပျော် နေသော ထူးနိုင် ကို ခွေခွေလေး တွေ့ရသည် ။
“ ဟောတော့ ”
နှစ်ယောက်လုံး ထိုသို့ မြည်သံ ပေး၍ ပင်ပန်းလွန်းကာ အိပ် နေသော ထူးနိုင် ကို မနှိုးတော့ဘဲ မျက်နှာ သစ်ရန် ပြုလုပ်ထားသော နေရာ သို့ သာ သွား လိုက်ကြသည် ။
နှစ်ယောက်သား မျက်နှာ သစ်သော ဘေစင် တွင် ဆုံကြသည် ။
တစ်ယောက် ကို တစ်ယောက် ပြုံး ပြကြသည် ။ နှစ်ယောက် သား သွား
တိုက်ရင်း
“ ဒီမှာ နေတာလား ”
သူဇာချို ၏ အမေး ၊ မြရီနွယ် က ပြုံးပြီး
“ အပေါ်ထပ်မှာ ”
နှစ်ယောက်သား စကား မစ ဖြစ်တော့ ။ ကိုယ့် ဘာသာ ကိုယ် သန့်ရှင်းရေး လုပ် နေကြသည် ။ တစ်ယောက် ကို တစ်ယောက် လဲ စောင်းငန်း ကြည့်ပြီး “ အတော်လှတဲ့ မိန်းကလေး ” ဟု တွေးမိကြသည် ။
ထိုတော့မှ ထူးနိုင် မှာ ရူးကြောင်မူးကြောင် နှင့် နိုး လာပြီး ထို မြင်ကွင်း ကို မြင်ကာ
“ ဟာ သွားပြီ ၊ သွားပြီ ၊ ငါတော့သေပြီ ”
ဆိုကာ ကိုယ့် ခေါင်း ကို ကိုယ် အုပ်ကိုင် ထားမိသည် ။
မိန်းကလေး နှစ်ယောက် ကတော့ သတိ မထားမိသေး ။ ကိုယ့် ကို ကိုယ် သာ သန့်စင်အောင် ကိုယ်လက် သုတ်သင်ပြီး ပြန်လှည့် လာကြသည် ။
“ သွားပြီနော် ”
“ ဟုတ်ကဲ့ ”
နှစ်ယောက်သား နှုတ်ဆက် လိုက်ကြသေး၏ ။
ထူးနိုင် မှာ လှေခါးရင်း ၌ သေချင်ယောင်သာ ဆောင်နေရလေသည် ။
ဟိုကိုပြေး ဒီကိုပြေး မလေးလုံမလေး
ပြိုင်မယ်လေ ၊ နိုင်မယ်လေ ၊ ရှောင်လေ
ရှားလေ အနားမနေဘူးတော့ ၊
ကြက်တက်စူးလို့ ၊ နာတတ်သလေ ။
ခွပ်လိုက်ကြစို့ သူငယ်ချင်းရေ ၊
ယောက်ျားဘာသား ကဲ နွှဲကြမယ်လေ ။
••• ••••• •••• •••••
“ နွယ်ချို လို့ ခေါ်မယ်နော် ”
“ ဘာလို့ လဲ ”
“ နွယ် က ကိုယ့် ကို ချိုမြိန်စေလို့ ”
“ ပိုပြီ ”
“ ဪ ခဏနော် ၊ အဒေါ် ကို သွား ကြည့်လိုက်ဦးမယ် ”
“ ဟုတ် ပြန်လာနော် ”
“ စိတ်ချပါ ၊ ညည်းသံ ကြားရင် ထွက် မကြည့်နဲ့ နော် ၊ ကိုယ်နိုင်တယ် ”
“ ဟုတ် ”
တစ်နေ့လုံး အငြိမ် ။ ထူးနိုင် ဆင်း သွားမှ ဘာကြောင့် အဒေါ် ညည်းသံကြားရမှန်း မသိ ။
••• ••••• •••• •••••
“ နွယ်ချို လို့ ခေါ်ချင်တယ် ”
“ ဘာလို့ လဲ ”
“ ချို က ကိုယ့် ကို နွယ် လို ရစ်ပတ်ထားလို့ ”
“ ပြောတတ်တာ ”
“ ခဏနော် ၊ အဒေါ် နေကောင်းလား သွား ကြည့်မယ် ”
“ ဟုတ်ကဲ့ ဂရုစိုက်နော် ”
“ အင်းပါ ၊ ညည်းသံ ကြားရင် မပူနဲ့ နော် ၊ ကိုယ် နိုင်တယ် ”
ထုံးစံအတိုင်း ထူးနိုင် တက် သွားပြီး ညည်းသံ ကြားရသည် ။ ထုံးစံလို ဖြစ်နေတော့ မထူးဆန်းတော့ ။
ထူးနိုင် မှာ ဆယ်ပေါင်ခန့် ကျသွားသည် ။
••• ••••• •••• •••••
မျက်တွင်းတွေ ချောင် ၊ ဒူးနှစ် ချောင်း ဂျာကလယ်ရိုက် နေသော ထူးနိုင် ကို သူငယ်ချင်းများ ငေးကြည့် နေကြသည် ။
“ အမှန်တော့ သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး ”
ထူးနိုင် ဘာ ဆိုလိုမှန်း မသိ ။ ဒီအတိုင်း ငေးကြည့် နေကြသည် ။ လက် မှာ လဲ ကြက်မောက်သီး နှစ်လုံး နှင့် ။
“ အပေါ်ထပ် နဲ့ အောက်ထပ် လူနာ မေး နေရတာနဲ့ တင် လူ က ဒူးအ တော် ချောင်တယ် ”
ထူးနိုင် တကယ် ချောင်သော ဒူး ကို ပြသည် ။ အားလုံးလဲ ကြည့်သည် ။ ထိုတော့မှ မိုးမောင်က သတိရပြီး
“ သူတို့ နှစ်ယောက် မသိဘူးလား ”
ထူးနိုင် က ခေါင်းခါပြီး
“ မသိဘူးကွ ”
“ ဘာလို့ ”
“ သူတို့ နှစ်ယောက်လုံး က တစ်ယောက် ကို တစ်ယောက် ဒီ အိမ် က ပဲ လို့ ထင် နေကြတာ ၊ တစ်ယောက် ကို တစ်ယောက် က ငါ့ ညီမဝမ်းကွဲ လို့ ထင် နေကြတာ ”
အားလုံး သက်ပြင်း ချသည် ။
“ ဒါနဲ့ နေပါဦး ၊ မင်း အပြင် ထွက်လာတော့ သူတို့ ကို ဘယ်လို နှုတ်ဆက်လဲ ”
“ အိမ် ခပ်ဝေးဝေး က နေပြီး နွယ်ချို ရေ သွားပြီလို့ နှုတ်ဆက်တာပေါ့ ”
“ နွယ်ချို ဆိုတာ ”
“ သူတို့ နှစ်ယောက်လုံး ကို နာမည် တစ်ခုတည်း ပေးထားတာလေ ၊ တ စ်ယောက် က နွယ် ၊ တစ်ယောက် က ချို ဆိုတော့လေ ၊ နွယ်ချို ပေါ့ ”
“ ပိုင်ပါကွာ ”
“ အဲဒါဆိုတော့ သူတို့ နှစ်ယောက်လုံး က လဲ သူတို့ ကို ပြောတယ် ထင်ပြီး ဟုတ်ကဲ့ရှင့် ဆိုပြီး နှုတ်ဆက်တာပဲ ”
“ တယ်ဟုတ် ”
အားလုံး ထူးနိုင် ကို တလေးတစား ကြည့် ကြသည် ။ ဒူး ကိုလဲ လေး စားကြသည် ။ အတန်ကြာ မှ မိုးမောင် က
“ ဒါဆို မင်း ရှေ့လျှောက် ဘယ်လို လုပ်မှာ လဲ ၊ တစ်နေ့နေ့ မှာ သူတို့ စကား စပ်မိရင် မင်း လုပ်ထားသမျှ ပေါ်မှာ နော် ”
ထူးနိုင် ခေါင်းကုတ် ကာ
“ ငါလဲ အဲဒါကို စဉ်းစား နေတာပဲကွ ”
“ ဒါဖြင့် မင်း အချိန် မလွန်ခင် အဲဒီ နှစ်ယောက် ကို ခွဲထားလိုက်ပါလား ”
ထူးနိုင် က အားလုံးကို ပြန်ကြည့်ပြီး
“ မင်းတို့ ကလဲ အခု အိမ်ပေါ် အိမ်အောက် တောင် လုံးနေအောင် ပြေး နေရတာ ၊ ခပ်ဝေးဝေး သာ ဆို ဟိုဖက် အိမ် ဒီဖက် အိမ် ပြေးနေရုံ နဲ့ အရှင် ထွက်ထွက်တယ် ”
“ ဒါလဲ ဟုတ်တာပဲ ”
အားလုံး ငြိမ်ကုန်၏ ။ မှန်သည် ။ နှစ်ယောက် ကို ခပ်ဝေးဝေး ထားရုံ နှင့် မာရသွန်ချန်ပီယံ ဖြစ်သွား နိုင်သည် ။ ရာဂကလဲ တွန်းကန်ဦးမှာ ကိုး ။
“ ဒါဖြင့် မင်း ဘယ်လို စဉ်းစားလဲ ”
ထူးနိုင် ရင် ကော့၍ အသက်ပြင်းပြင်း ရှူလိုက်သည် ။
“ မတတ်နိုင်ဘူးကွာ ”
အားလုံး သူ့ ကို ငေး နေရသည် ။
“ နှစ်ယောက်လုံး သိသွားပြီး တစ်ယောက်ယောက် က စိတ်ပျက်ပြီး အိမ်ပေါ် က ဆင်း သွားရင် လဲ ကျန်တဲ့ တစ်ယောက် နဲ့ ပေါင်းရမှာ ပဲ ဟူး ”
အားလုံး ပါးစပ် အဟောင်းသား ။ ငတိ က ဒူးချောင် နေတုန်း ။
“ ဒါနဲ့ ဒီ ကြက်မောက်သီး နှစ်လုံး က ”
မိုးမောင် က သူ့ လက်ထဲက ကြက်မောက်သီး ကို ကြည့်၍ ပြောသည် ။ ထူးနိုင် က ပြန် ငုံ့ကြည့်ပြီး
“ လက်ဆောင်လေ ၊ နွယ် အတွက် ခွဲတမ်း တစ်လုံး ၊ ချို့ အတွက် တစ်လုံး ”
အားလုံး ပါးစပ် ဟ , ကုန်၏ ။
“ အများကြီး မဝယ်ဘူးလား ”
ထူးနိုင် ခေါင်းခါရင်း
“ ဟင့်အင်း တစ်ယောက် တစ်လုံး ခွဲတမ်းနဲ့ ပဲ ”
ထူးနိုင် ကြက်မောက်သီး နှစ်လုံး ဘောင်းဘီရှေ့အိတ် ထဲ ၌ ထည့်ပြီး
“ ကဲ သွားပြီကွာ ၊ အိမ် မှာ စောင့် နေကြလိမ့်မယ် ”
အားလုံး ပါးစပ် အဟောင်းသား ။ ဟိုကောင် က ကြက်မောက်သီး ခါသွားသည် ။
••• ••••• •••• •••••
မြရီနွယ် တစ်ယောက် တည်း နေရ၍ ပျင်းသလို ဖြစ်လာသည် ။ ထူးနိုင် ကလဲ ဘယ်ကို ထွက်သွားမှန်း မသိ ။ အခန်း ထဲ ၌ တစ်ယောက်တည်း နေ နေရသည် ကို က ပျင်းရိငြီးငွေ့ဖွယ် ။
အိပ်ခန်း ပြတင်းတံခါး မှ အပြင်သို့ လှမ်း ကြည့် လိုက်သည် ။
“ အို ”
အိမ်ဝင်း အတွင်း ရှိ ခုံတန်း ၌ ထိုင်နေသော ကောင်မလေး ။ အိမ် အောက်ထပ် မှ ထူးနိုင် ၏ ညီမလေး လား ၊ တူမလေး လား မသိ ။ တစ်ယောက်တည်း ထိုင် နေတာ တွေ့ရ၏ ။
“ ဘာပဲဖြစ်ဖြစ် စကား သွား ပြောဖြစ်ရင် ကောင်းမှာ ပဲ ”
ဟု တွေးမိသည် ။ ထို့ကြောင့်
▢ အကြည်တော်
📖 နွယ်ချို
.
No comments:
Post a Comment