အမှောင်ရိပ် သည် လူတို့ ၏ စိတ် ကို တစ်မျိုးတမည် ပြောင်းလဲစေပါသည် ။ ညီအစ်ကို မသိတသိ အချိန် မှ စ၍ ညဉ့်နက်ချိန် အထိ လူတို့ ၏ စိတ်များ အနည်းငယ် ပြောင်းလဲတတ်ကြောင်း လေ့လာသူများ က ဆိုပါသည် ။ ဖြစ်နိုင်ပါသည် ။ အနောက်တိုင်း မှ လူအတော်များများ မှာ ချစ်ရေး ဆိုခြင်း ၊ လက်ထပ်ခွင့် တောင်းခြင်းများ ကို ညနေခင်း အချိန် မှ စ၍ ညပိုင်းများ ၌ သာ အများ ဆုံး ပြုလုပ်ကြလေသည် ။
အဘယ်ကြောင့် ဆိုသော် ထိုအချိန် သည် စိတ်လက် အကြည်သာဆုံး နှင့် အပေါ့ပါးဆုံး အချိန် တစ်ခု ဖြစ်၍ ဖြစ်ပါသည် ။
ထူးနိုင် ၏ စိတ်သည် လဲ ညအမှောင် ကြီးစိုးလေလေ ပို၍ တထိတ်ထိတ်ဖြစ်လေ ဖြစ်နေသည် ။ သူငယ်ချင်းများ ကို ကိုယ်စား မိန်းမခိုး ခိုင်းသည့် ကိစ္စ ဘာဖြစ်မည် မသိ ။ ဝိုင်းပဲ အရိုက် ခံရမလား ။ ဒါမှ မဟုတ် ရဲလက် ပဲ အအပ်ခံရမည်လား မသိသေး ။ ဘာ လှည့်ကွက် နှင့် ဘယ်လို ထောင်ချောက် ဆင်ထားမှန်းမှ မသိတာ ။ တစ်ခုခု တော့ ပိုးစိုးပက်စက် ဖြစ်မှာ မြင်ယောင်မိသည် ။
သူငယ်ချင်းများ ပတ်တီး အဖွေးသား နဲ့ မို့ ဆေးရုံမှာ သွားကြည့်ရ မလား ။ ဒါမှ မဟုတ် ရဲစခန်းသံတိုင် နောက်မှာ အာမခံ နှင့် သွားတွေ့ရမ လား မသိနိုင်သေး ။ စိတ် ထဲ မှာ တော့ စိုးတထိတ်ထိတ် နှင့် ။ ကြိတ် ၍ ဘုရားတ နေရသည် ။
“ ဒေါင် ဒေါင် ဒေါင် ”
“ ဟ ဘာလဲ ဟ”
နာရီ alarm မြည်သံကြောင့် လန့်ပြီး ထ ခုန်မိသေးသည် ။ ကြည့်လိုက်တော့
“ ဆယ်နာရီ ဆယ်နာရီ ထိုးပြီ ”
ဇောချွေး တချို့ ပင် စိမ့်ထွက် လာသည် ။
ချိန်းထားသည့် အချိန် ရောက်ပြီ ။ ဟိုကောင်တွေ ဘာဖြစ်နေပြီ မသိ ။ အခြေအနေ ကို စဉ်းပင် မစဉ်းစားတတ် ။ ထိုစဉ်မှာ ပင်
“ ကလင် ကလင် ကလင် ”
“ ဟင် ”
တယ်လီဖုန်း မြည်သံ ။ ကြည့်လိုက်တော့
“ ဟာ ”
မိုးမောင် ဆီ က ဖုန်း ။ ဒီကောင် က မြရီနွယ် ကို သွား စောင့်တာ ။
“ ဘာ ဘာဖြစ်ပြီလဲ မသိ ”
ကတုန်ကယင် နှင့် ဖုန်း ကို ကောက် ကိုင်လိုက်သည် ။
“ ဟဲလို ၊ ဘာဖြစ်လဲ ဟေ့ကောင် အရိုက်ခံရပြီလား ”
တစ်ဖက်မှ အသံ တိတ် သွားသည် ။ နောက်မှ အသံတိုးတိုး ဖြင့်
“ လိုက်လာတယ် ဟေ့ကောင် ”
“ ဟာ ”
ထူးနိုင် အံ့အားသင့်ပြီး မျက်လုံး ပင် ပြူးသွားသည် ။ အခြေအနေ က သူတို့ လုံးဝ ထင်မှတ် မထားသော အခြေအနေ ။ ထို့ကြောင့် ကတုန်ကယင် ဖြင့်
“ မင်း မင်း ဟာ ဟုတ်သေးရဲ့ လား ၊ အရိုက် ခံရပြီး ကယောင်ကတမ်း တွေ ပြောနေတာလားဟင် ”
“ ဪ ဟုတ်ပါတယ်ဆိုကွာ ၊ မင်း အဒေါ် နေမကောင်းလို့ ငါတို့ ကို လွှတ်လိုက်တာ ဆိုတာကို ၊ မင်း အဒေါ် ဘာရောဂါလဲ မေးပြီး ဆေးတောင် ပြန် ယူ လိုက်သေးတယ် ”
“ ဟယ် ”
ကြက်သေသေပြီး ထူးနိုင် ဘာ ပြောရမှန်း မသိတော့ ။
“ အဲဒါ မင်းတို့ အိမ် ဘယ်မှာ ထားမလဲ ၊ နေရာ သာ ရှယ်ပြင်ထား ၊ ဒါပဲ ဟီ ဟိ ”
တစ်ဖက်မှ ဖုန်းချသွားသည် ။ ထူးနိုင် ရုတ်တရက် ကြောင် နေသေး သည် ။ နောက်မှ သတိရပြီး
“ ဟာ ပါ လာပြီ ၊ ပါ လာပြီ ဆိုတော့ ဒုက္ခပဲ ၊ အခန်းပြင် အခန်း ပြင်ရမယ် ”
ဆိုပြီး အိမ် အပေါ်ထပ် ပြေးတက်ကာ လွတ် နေသော အခန်း တစ်ခု ကို ပြေးဖွင့်လိုက်သည် ။ နောက် ခြင်ထောင် ကိုင်ရ မလို ၊ စောင် ခေါက်ရမ လို ဖြစ်နေစဉ်
“ ကလင် ကလင် ကလင် ”
“ ဟင် ”
နောက်ထပ် ဖုန်း မြည်သံ ။ ကြည့်လိုက်တော့
“ ပလုတ်တုတ် ”
လန့်ပြီး ထ အော်မိသည် ။ သိန်းစိုး ဆီ မှ ဖုန်း ။
“ ဒီကောင်တွေ ဘာဖြစ်ပြီလဲ ၊ ဒုက္ခများ ပြီလား ”
စိုးရိမ်စိတ် နှင့် ဖုန်းဖွင့် နားထောင်လိုက်သည် ။
“ ဟဲလို ”
သိန်းစိုး ဆီက အသံ က
“ လိုက်လာတယ် ဟေ့ကောင် ”
“ ဘာ ဘာ ဘယ်လို ဘာဖြစ်တယ် ”
ထူးနိုင် ထ ခုန်မိပြီး စကားများ ပင် ကယောင်ကတမ်း နှင့် ထွက် သွားသည် ။ ဒါကို သိန်းစိုး က
“ ဟာ လိုက်လာပါတယ်ဆို ”
“ ဟင် ဘယ် ဘယ်လို ”
ထူးနိုင် လန့်ပြီး ဘာတွေ ဖြစ်နေမိမှန်း မသိ ။ အရာရာ မယုံနိုင်စရာ ဖြစ်နေလေသည် ။ ထို့ကြောင့်
“ မင်း မင်းတို့ ဟာ သေချာရဲ့ လား ”
သူ့ အမေးကို သိန်းစိုး က
“ ဟာ လိုက်လာတာမှ သူတို့ အဒေါ် က တောင် မင်းတို့ စားဖို့ ဘာလချောင်ကြော် ပါ ထည့်ပေးလိုက်သေး ”
“ ဟာ ”
ခေါင်းတွေ မူးပြီး အမြင်အာရုံ ပင် ပျာတောက် သွား၏ ။ ခြေ မကိုင်မိ လက် မကိုင်မိ နှင့် ရှေ့ ပြေးရမလို ၊ နောက် ပြေးရမလို ဖြစ် နေမိ၏ ။ ဒါကို သိန်းစိုး က
“ အဲဒါ အခန်းသာ ရှယ် ပြင်ထားတော့ ဒါပဲ ”
“ ဟာ ”
တစ်ဖက် မှ ဖုန်းချ သွားသည် ။ ထူးနိုင် မှာ ကြက်သေသေပြီး ဘာလုပ်ရမှန်းပင် မသိတော့ ။ သူတို့ ထင်ထားတာ တစ်ခု မှ မဟုတ်တော့တာကိုး ။ ဒါကြောင့် ကြိုတင် ပြင်ဆင်ထားခြင်းသည်လဲ မရှိ ။ တကယ် ပါလာပြီ ဆိုတော့ ဘာလုပ်ပြီး ဘယ်နေရာမှာ ထားရမှန်းလဲ မသိ ။ ကြောင်ပြီး ခြင်ထောင် ကိုင် လို ကိုင် စောင် ခေါက် လို ခေါက် ၊ စားပွဲ ရှင်း လို ရှင်း နှင့် တစ်ယောက်တည်း ရှုပ်ယှက်ခတ် နေ၏ ။ နောက်
“ ဟုတ်ပါ့မလား ”
ဟု မဆီမဆိုင် တွေးမိသေး၏ ။ လက်တွေ က အလိုလို လှုပ်ရှားပြီး ဘာ တွေ ဖြစ်နေသည် မသိ ။ လူ နှင့် စိတ် က မကပ်တော့ ။
ထိုစဉ်မှာ ပင်
“ ထူးနိုင် ဟေ့ကောင် ထူးနိုင် ”
မိုးမောင် ၏ အသံ ။ ထူးနိုင် ခေါင်းနပန်း ကြီးသွားသည် ။ ခြင်ထောင် ထဲ ဝင် ပုန်းရမလား ၊ နောက်ဖေး ပေါက်မှ ပဲ ခုန်ချရမလား မဝေခွဲနိုင် ။
“ ထူးနိုင် ဟေ့ကောင် ဘယ်ရောက်နေလဲ ”
မိုးမောင် အသံ ထပ် ကြားရ၏ ။ ထိုတော့မှ ထူးနိုင် လဲ ကမန်းကတန်း အပြင်ပြေးထွက်ကာ
“ လာပြီ လာပြီ ”
သူ အံ့အားသင့်သွားသည် ။
“ ဟင် ”
မြင်ရသော မြင်ကွင်း က မယုံနိုင်စရာ ။ မိုးမောင် နှင့် အတူ အထုပ်အပိုး
အပြည့်အစုံ ဖြင့် မြရီနွယ် ။
မြရီနွယ် က ရှက်ပြုံး ပြုံး နေသည် ။
ထူးနိုင် ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်နေသည် ။
ဒါကို မိုးမောင် က
“ ဟေ့ကောင် ဘာ ကြောင်နေတာလဲ ၊ ဧည့်သည် ကို ခေါ်လိုက်လေ ”
ထိုတော့မှ ထူးနိုင် လဲ သတိရပြီး
“ ဪ ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ လာ လာ မြရီနွယ် လာ ”
မြရီနွယ် ကို လှမ်း ခေါ်၍ အိမ်ပေါ်ထပ် လှမ်း တက် လိုက်ရသည် ။ မြရီနွယ် က သူ တွဲခေါ်ရာ နောက်သို့ ရှက်ရွံ့စွာ လိုက်ပါလာသည် ။
“ လာ မြရီနွယ် ၊ ဒီ အခန်းပဲ ”
ခုန သူ့ ဘာသာသူ ရှုပ်ပွ ထားသော အခန်း ထဲ ဆွဲခေါ်လိုက်သည် ။ မြရီနွယ် က ရှုပ်ပွ နေသော အခန်း ကို ကြည့်ပြီး
“ အဒေါ် က နေမကောင်းလို့ ဆို ”
မြရီနွယ် ၏ ရုတ်တရက် အမေး ကို ထူပူနေသူ မို့ ရုတ်တရက် နားမလည် ။ ထို့ကြောင့်
“ အဒေါ် အဒေါ် ဆုံးပြီလေ ”
မြရီနွယ် က မျက်လုံး ပြူးပြီး
“ ဟင် ဆုံးပြီ ၊ ခုနကပဲ နေမကောင်းလို့ ဆို ”
ထိုတော့မှ ထူးနိုင် လဲ သူ မှားသွားမှန်း သိပြီး
“ ဪ အဒေါ်လား ၊ မဆုံးသေးဘူး ၊ ဆုံးမလို ဖြစ်နေတာလို့ အဟဲ ”
“ အတော် အခြေအနေ ဆိုးလား ”
“ အင်း ဘယ်လို ပြောရမလဲ ”
တကယ်ကို ဘယ်လို ပြောရမှန်း မသိ ။ မရှိသည့် အဒေါ် ကို ဘာရောဂါ တပ်ရမှန်းမသိ ။ ထိုစဉ်မှာ ပင်
“ ထူးနိုင် ဟေ့ကောင် ထူးနိုင် ”
သိန်းစိုး ၏ အသံ ။ ထူးနိုင် ခေါင်းနပန်း ကြီးသွား၏ ။ သိန်းစိုး က သူဇာချို ကို သွား ခိုးလာသူ ကိုး ။ ထို့ကြောင့် မြရီနွယ် ရှေ့ ပျာပျာသလဲ ဖြင့် ဘာ လုပ်လို့ ဘာကိုင်ရမှန်း မသိ ။
မြရီနွယ် က သာ အပြင် ထွက် ကြည့်မလို လုပ်ပြီး
“ ဘယ်သူလဲ မသိဘူး ၊ ကိုထူး ကို ခေါ်နေတာ ”
ထိုတော့မှ ထူးနိုင် လဲ ကပျာကယာ ဖြင့်
“ ဩော် အဒေါ် ကို လာကြည့်တဲ့ ဆရာဝန် ပါ ၊ ခဏလေး နော် ၊ အဒေါ့် ကို သွား ကြည့်လိုက်ဦးမယ် ၊ အခန်း ထဲ မှာ ပဲနေနော် ၊ အပြင် မထွက်နဲ့ ”
“ အင်းပါ ”
မြရီနွယ် က ခေါင်းညိတ်သည် ။ ထူးနိုင် အခန်းပြင် ပြေးထွက် လိုက်သည် ။
“ ဟင် ”
သိန်းစိုး နှင့် အတူ ပါလာသော သူဇာချို ။
ထူးနိုင် အခန်း ထဲ ပြန်ပြေး ဝင်ရမလား ။ ထွက်ပဲ ပြေးရမလား မသိ တော့ ။ ဒါကို သိန်းစိုး က
“ ဟေ့ကောင် ဘာလုပ်နေတာလဲ ၊ ဧည့်သည် ကို လာခေါ်လေ ”
ထူးနိုင် ထွက်ပြေးရ မလို ၊ ပြေးပုန်းရ မလို ဖြစ်နေသေး၏ ။ နောက် တော့မှ “ ဖြစ်ချင်ရာ ဖြစ်တော့ကွာ ” ဟု ဆုံးဖြတ်ပြီး
“ ဪ လာပြီ လာပြီ ”
ဆိုကာ အိမ်ပေါ် ထပ် မှ ပြေးဆင်းကာ သူဇာချို ကို ပြေးခေါ်လိုက်သည် ။
“ လာ ချို လာ ”
အိမ် အောက်ထပ် အခန်းထဲ ဆွဲ ခေါ်လိုက်သည် ။ သူဇာချို့ က သူ့ ကို ကြည့်ပြီး
“ ဘာဖြစ်နေတာလဲ ၊ နေ မကောင်းဘူးလား ”
ထူးနိုင် ပျာပျာသလဲ ဖြစ်နေသည် ။ နောက်မှ သူ့ ကိုယ် သူ ပြန်ထိန်းကာ
“ ကောင်းပါတယ် ၊ အဟဲ ဟိုလေ အပေါ်ထပ် မှာ အဒေါ် အဒေါ် တစ်ယောက် နေမကောင်းလို့ ”
သူဇာချို က မော့ကြည့်ပြီး
“ အင်း ဟို ကိုသိန်းစိုး တို့ တော့ ပြောတယ် ၊ အဒေါ် နေမကောင်းလို့ တဲ့ ”
ထူးနိုင် ဝမ်းသာသွားသည် ။ အကွက်ကောင်း ဆိုက်ပြီကိုး ။ ထို့ကြောင့်
“ အင်း အဲဒါလေ ၊ အခြေအနေ က သိပ် မကောင်းလို့ ကိုယ်တိုင် တောင် မလာနိုင်ဘူး ၊ ခဏနော် ၊ အပေါ် မှာ အခြေအနေ ကောင်း မကောင်း တက် ကြည့်လိုက်ဦးမယ် ”
သူဇာချို က ခေါင်းညိတ်သည် ။ ဒါကို ထူးနိုင် က ပြုံးပြီး
“ ဪ ဒါနဲ့ အပေါ်က ညည်းသံ ကြားရင် တက် မကြည့်နဲ့ နော် ၊ ရတယ် သိလား ၊ ကိုယ် တစ်ယောက်တည်း နိုင်တယ် ”
သူဇာချို က ကြောင်တောင်တောင် နှင့် ခေါင်းညိတ် ပြန်သည် ။
“ သွားပြီနော် ၊ ဟီးဟီး ”
ထူးနိုင် က သာ အပေါ်ထပ် ပြေးတက်ရပြန်သည် ။
“ ဟူး ”
မောပန်းတကြီး ပြေး ဝင်လာသော ထူးနိုင် ကို မြရီနွယ် က ငေးကြည့်သည် ။
အခန်းလေး က ခုနကလို မဟုတ်တော့ ။ သပ်သပ်ရပ်ရပ် ပြင်ထား ပြီးသား ။
“ အဒေါ် နေကောင်းလား ကိုထူး ”
ထူးနိုင် အခန်း ထဲ လှမ်း ဝင်ပြီး
“ သိပ် မကောင်းဘူး နွယ် ရယ် ၊ ဟူး ထုံးစံ အတိုင်း ရင်ကြပ် ဆိုတော့လေ ၊ အဟင်း ”
အရေးထဲ မောနေသေး၏ ။ မြရီနွယ် က သူ့ အထုပ်များ ကို ဖွေရှာရင်း
“ နွယ် တောင် အဒေါ်အတွက် ဆေး ယူလာသေးတယ် ၊ ဒီ ဆေး က သိပ် ကောင်းတာ တိုက်ကြည့်ပါလား ”
မြရီနွယ် က ဆေးဘူး တစ်ဘူး ထုတ်ပေးသည် ။ ထူးနိုင် က ဝမ်းသာ အားရ ဆေးဘူး ကို ယူပြီး
“ ဟာ အတော်ပဲ ၊ အဒေါ် ကို သွား တိုက်ကြည့်ဦးမယ် ၊ ခဏနော် ၊ အဟဲ ”
ဆိုပြီး ကမန်းကတန်း အခန်းပြင် ပြေး ထွက်လိုက်သည် ။ နောက် အခန်းဝရောက်မှ သတိရပြီး
“ ဪ နွယ် ”
မြရီနွယ် သူ့ ကို မော့ ကြည့်သည် ။ ထူးနိုင် ပြုံးပြီး
“ အောက်ထပ် က ညည်းသံ ကြားရင် မစိုးရိမ်နဲ့ နော် ”
မြရီနွယ် ကြောင်တောင်တောင် နှင့် ခေါင်းညိတ်သည် ။
“ ကိုယ် နိုင်တယ် သိလား ”
ဤသို့ဖြင့်
▢ အကြည်တော်
📖 နွယ်ချို
.
No comments:
Post a Comment