Saturday, November 12, 2022

လူပျို အပျို ဖတ်စာ ( ၃၃ )


 

သားသမီး တိုင်း ရဲ့ ပထမဆုံး စံပြ ပုဂ္ဂိုလ် ဟာ မိဘတွေ ပဲ ဖြစ်ပါတယ် ။ ( ဒါကြောင့်လည်း ပိုပြီး စံပြ ဖြစ်ချင်လို့ မိသားစု ထဲ အာဏာ လု ကြတာ ပေါ့ )

အသက်အရွယ် ကြီး လာ မှ သာ  အခြား စံပြ ပုဂ္ဂိုလ်တွေ ရှိ ပြီး မိဘ ထက် ပို ပြီး လေးစား ချင် လည်း လေးစား သွား မှာပေါ့ ။

ဒါပေမဲ့ သားသမီး တိုင်း ရဲ့ ပထမဆုံး စံပြ ပုဂ္ဂိုလ် ဆို တာ ငြင်း မရပါဘူး ။

ဘာကြောင့်လဲ ..

ကလေး တစ်ယောက် ဟာ မွေး ကတည်း က မိဘ တွေ ရဲ့ လက် ပေါ် မှာ ပဲ ကြီးပြင်း ပြီး မိဘတွေ ရဲ့ သွန်သင်ဆုံးမမှု ကို ပဲ ခံယူ ခဲ့ကြပါတယ် ။ ( မှတ်ချက် ။ မိဘမဲ့ တွေ က လည်း သူတို့ ကို မိဘ သဖွယ် ပြုစု စောင့် ရှောက် သူ ကို စံပြ ထား မြဲပါပဲ )

မိဘတွေ သွန်သင်ဆုံးမမှု အောက် မှာ ပဲ ကြီးပြင်း ရတော့ ဒီ မိဘ ကို မှ စံပြ မထား ရင် ဘယ်သူ့ ကို ထား ရမှာတုံး ။

ဒီတော့ ကလေး တစ်ယောက် ကို ပထမဆုံး သွန်သင် ဆုံးမ ခွင့် ရှိတာ မိဘတွေ ပါ ပဲ ။ မိဘတွေ ရဲ့ သွန်သင်ဆုံးမမှု အပေါ် မှာ မူတည် ပြီး ကလေး တစ်ယောက် ရဲ့ စရိုက် ဆို တာ ဖြစ် လာ ပါတယ် ။ မိဘတွေ ရဲ့ သွန်သင်မှု မှန်ကန် ရင် မှန်ကန်တဲ့ အလျောက် ၊ မှား ရင် မှားတဲ့ အလျောက် ကလေး တွေ ရဲ့ အနာဂတ် ဖြစ် လာ ပါတော့တယ် ။

ကျွန်တော် ကြုံ ဖူးပါတယ် ။ ကျွန်တော် တို့ နယ် တစ်နယ် ကို ရောက်တော့ နေတဲ့ အိမ် အနား မှာ လူငယ် လင်မယား နှစ်ယောက် ရှိပါတယ် ။ ဘာ လုပ်ကြမှန်း မသိပေမဲ့ အခြေခံ လူတန်းစား က မှန်း သိသာ ပါတယ် ။ ငယ်ရွယ်တဲ့ သူတို့ လင်မယား မှာ သားလေး တစ်ယောက် ထွန်းကား ထား ပါတယ် ။ 

အခြေခံ လူတန်းစား လင်မယား ဖြစ်တဲ့ အလျောက် နေ့တိုင်း အဆင်မပြေမှုတွေ ကြုံ ရပုံ ရ ပါတယ် ။ လင်မယား နှစ်ယောက် လုံး မနက် မိုး လင်း တာ နဲ့ ဆဲသံ ဆိုသံ နဲ့ ဆူညံ နေပါတော့ တယ် ။

ပိုပြီး ထူးဆန်း တာ က သူတို့ မွေး ထားတဲ့ ကလေး ကို အဆဲ က နေ စ သင် တာပါပဲ ။

တအံ့တဩ နဲ့ ကျွန်တော်တို့ မေး ကြည့်တော့

“ ခင်ဗျားတို့ က ဘာ သိ လို့လဲ ၊ ကလေး ဆို တာ အဆဲ က စ သင်ရင် စကား ပို အတတ် မြန် တယ်ဗျ ၊ သူ့ ကို ဒေါသ ဖြစ် အောင် ဆွ ပေးလိုက် ၊ အဆဲ သင် ပေး လိုက် လုပ်ရင် အစောကြီး စကား တတ် သွား ရော ၊ ကျုပ် ဆို တစ်နှစ်ကျော် မှာ စ ဆဲ နေပြီ ”

အဟုတ်ဗျာ ။ သိပ်မကြာဘူး ။ ကလေး က မတ်တတ် စမ်း တာ နောက် ၊ အဆဲ က အရင် တတ် နေပြီ ။

ငါးနှစ်သား လောက် ဆို ရင် ဘယ် ပြော ကောင်းမ လဲ ။ ရပ်ကွက် ပတ် ဆဲ နေပြီပေါ့ ။

လူတွေ က လည်း ဆဲတတ်တဲ့ ကလေး ကို လိုက် စ , တတ် ကြတယ်လေ ။

လူကြီးတွေ က စ , လိုက် ၊ ကလေး က ဒေါသ ထွက် ပြီး ဆဲ လိုက် ၊ လူကြီးတွေ က စ , လိုက် ဒီကလေး က ဆဲ လိုက် နဲ့ ငါးနှစ်သား လောက် မှာ မိဘ ကို ပြန် ကလော် တုတ် နေပြီ ။ 

ကဲ ... ဒါဟာ ဘယ်လို စံပြပုဂ္ဂိုလ်များ လဲ ။

ဒီလို သင်ကြားမှု တစ်ခု နဲ့ ကလေး ရဲ့ ဘဝ ဘယ်လို ရှေ့ဆက် သွား ကြမလဲ ။

မာဂရက်သက်ချာ ပြော ဖူး တယ် ဗျ ။

လူ ဆို တာ အတွေး တစ်ခု က စ တင်ပါတယ် ။

အဲဒီ အတွေး ကို စကားလုံး အဖြစ် ပြောင်း လဲ တယ် ။

အဲဒီ စကားလုံး ဟာ အဲဒီ သူ ရဲ့ စရိုက် ဖြစ်တယ် ။

အဲဒီ လူ ရဲ့စရိုက် ဟာ အဲဒီ လူ ရဲ့ ဘဝ ဖြစ်တယ် ။

အဲဒီ လူ ရဲ့ ဘဝဟာ သူ့ ရဲ့ ကံကြမ္မာ သာ ဖြစ်တယ် ။

ကျွန်တော် တို့ မနက် လင်း တာ နဲ့ ကောင်းသော အတွေး နဲ့ စ တင် ရင် ကောင်းသော စကားလုံး ကို ပြောမယ် ။ ကောင်းသော စကားလုံး ပြော ရင် ကိုယ့် ရဲ့ပင်ကို စရိုက်လည်း ကောင်းမယ် ။ စရိုက် ကောင်း ရင် ဘဝ ကောင်းမယ် ။ ဘဝ ကောင်းရင် ကံကြမ္မာ ကောင်းမယ် ပေါ့ ။

မနက် မိုး လင်း တာ နဲ့ မကောင်းတဲ့ အတွေး နဲ့ နိုး လာရင် လူ က လည်း ဆဲဆို နေမယ် ။ ဒါဆိုရင် စရိုက် ဆိုး တဲ့ အတွက် ဘဝ မှာ ဆိုးသွမ်းတဲ့ သူတွေ နဲ့ ပဲ တွေ့ ရမယ် ။ ဒါဆို ဘဝ ဆိုးမယ် ။ ဘဝ ဆိုးရင် ကံကြမ္မာ ဆိုး နဲ့ပဲ ကြုံ ရမှာပေါ့ ။

ဒါဟာ မာဂရက်သက်ချာ ရဲ့စကား ဖြစ် ပါတယ် ။ ဘာ ကို အခြေခံ ထား သလဲ ဆိုရင် ဗုဒ္ဓ ရဲ့ အဆုံးအမ ကို အခြေခံ ထားပါတယ် ။

ကာယကံ
ဝစီကံ
မနောကံ

ဒီအတိုင်းပါပဲ ။

ကျွန်တော်တို့ ရဲ့ စံပြပုဂ္ဂိုလ်များ ကိုယ့် ရဲ့ သားသမီးများ ကို ဘယ်လို မဲဆွယ်ပြီး ဘယ် လမ်းကြောင်း ကို ထည့် ပေး ချင် လဲ ခင်ဗျ ၊ ကိုယ်တိုင် လင်မယား ချင်း က တော့ အစိုးရ လို သာ ငါးနှစ် တစ်ကြိမ် ရွေးမယ် ဆို အစိုးရသစ် ပဲ လိုချင်ကြ မှာ ချည်းပဲ ။

ကိုယ် ကိုယ်တိုင် ဘဝ ဆိုး နေပြီး ကိုယ့် ရဲ့ သားသမီး ကို ဘယ်လို ဘဝမျိုး ပိုင်ဆိုင် စေ ချင်တာလဲ ။

လူလယ်ကောင် မှာ ဒါ ငါ့ သား ဒါ ငါ့ သမီး လို့ ဂုဏ် ယူ ချင် တာ လား ။

ဒါမှမဟုတ် ကိုယ် ဆုံးမ ခဲ့ တာ မမှန်ကန် တာ ကို ခေါင်း မခံချင်ဘဲ

“ ဟာ ဒီကောင် ငါတို့ နဲ့ ဘာမှ မဆိုင်ဘူး ၊ သူ့ ဘဝ နဲ့ သူ ”

ဆိုပြီး ခေါင်း ရှောင် ချင်တာလား ။

မှတ်ထားပါ ။

မိဘ နဲ့ သားသမီး ဟာ မခေါ်ချင် လို့ ရပါတယ် ။

မတော်ချင် လို့ မရပါဘူး ။

စံပြပုဂ္ဂိုလ်များ လမ်းပြ မြေပုံ မှန်ကန်ပါစေ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment