Friday, November 11, 2022

လူပျို အပျို ဖတ်စာ ( ၃၂ )

 ယောက်ျား တစ်ယောက် ဟာ အိမ်ထောင် မပြုခင် အချိန် အထိ အနာဂတ် ဆို တာ မစဉ်းစားသေးပါ ဘူး တဲ့ ။ အိမ်ထောင် ပြု လိုက် မှ သာ အနာဂတ် ကို တွေး ပူ လေ့ ရှိ ကြပါတယ် ။

မိန်းကလေး ကျ တော့ အပျိုအရွယ် မှာ အနာဂတ် ကို တွေး ပူကြပြီး အိမ်ထောင် ပြု လိုက်တာ နဲ့ အနာဂတ် ဟာ သူ နဲ့ မဆိုင်တော့ပါဘူး တဲ့ ။

ဒါဟာ လူတိုင်း အတွက် အမှန်တရား မဟုတ်ပေ မဲ့ လူ တော်တော် များများ အတွက် က တော့ မှန်ပါတယ် ။

ယောက်ျားလေး အတော်များများ ဟာ လူပျို လူလွတ် အရွယ် မှာ ပျော်ရွှင်မှု ကို ကိုးကွယ် ကြ ပါ တယ် ။ ပျော်သလို နေတယ် ။ ပျော်တာ လုပ် တတ် ကြပါတယ် ။ အချစ် ဆို တာ ကို မတွေ့မချင်း စိတ်ညစ်စရာတွေ ရှောင် တတ် ကြပါတယ် ။

ဒါဆိုရင် အချစ် က စိတ် ညစ် စရာလား ။ မေး စရာ ရှိ ပါတယ် ။ ဟုတ်ကဲ့ ဖန်ခွက် အလွတ်တွေ လို ပါပဲ ။ သူ့ ဟာ သူ ကျ ကွဲ ကောင်း ကျ ကွဲ နိုင်ပေမဲ့ တစ်ခွက် တည်း ဆို ဘာ သံ မှ မထွက်ပါဘူး ။

တစ်ခွက် တည်း ဆို ဘာ သံ မှ မထွက်ပေမဲ့ ဖန်ခွက် အလွတ် နှစ် ခု ထိ မိတဲ့အခါ အနည်း နဲ့ အများ အသံ ထွက် တတ် ပါတယ် ။ ပို ပြီးလည်း အကွဲ အရှ လွယ်ကူ ပါလိမ့်မယ် ။

ယောက်ျားသား များ ဟာ လူပျိုလူလွတ် အရွယ် မှာ ဖန်ခွက် အလွတ် လို ပါပဲ ။ သူ့ ထဲ ကို ဘာ ထည့် ထား ဖို့ ညာ ထည့် ထား ဖို့ မစဉ်းစားပါဘူး ။ ရ သမျှ အကုန် သုံး ပစ်ပြီး အလွတ် အတိုင်း ပေါ့ပေါ့ပါးပါး နေလေ့ ရှိ ကြပါတယ် ။ ဒီ နေ့ မစား ရ ရင် တောင် နောက်နေ့ သူ့ အလိုလို ဖြစ် သွားလိမ့်မယ် လို့ တွေး တတ်ကြ ပါတယ် ။

မိန်းကလေး တွေ က အဲဒီလို မဟုတ်ပါဘူး ။ သူတို့ က အပျို အရွယ် မှာ သူတို့ တစ်ကိုယ် စာ လုံခြုံအောင် အမြဲ တွေး လေ့ ရှိပါတယ် ။ ဒီနေ့မှ အဆင် မပြေ ရင် နောက်နေ့ အတွက် တွေး ပူ ကြလေ့ရှိပါတယ် ။

“ ငါ တစ်ယောက် တည်း ဖြတ်သန်း ရ တဲ့ ဘဝ ဟာ အဆင် မှ ပြေပါ့မလား ”

ဆိုပြီး အမြဲတမ်း စိတ် ထဲ မှာ ရှိ နေတတ်ကြပါ တယ် ။

ဒါပေမဲ့ ခဏ ပါ ပဲ ။

ဖန်ခွက် အလွတ် နှစ်ခု ဟာ အိမ်ထောင် ကျ သွား တဲ့ အခါ ပြောင်းပြန် အချိုး သက်ရောက် သွား ပြန် ပါတယ် ။

ယောက်ျားလေးတွေ ရဲ့ စိတ် ထဲ မှာ

“ ငါ နဲ့ ငါ့ မိသားစု အဆင် မှ ပြေကြပါ့မလား ”

တွေး မိပြီး

မိန်းကလေးတွေ ရဲ့ စိတ် မှာ တော့

“ သူ အဆင်ပြေအောင် စီစဉ်မှာပါ ”

ဆိုပြီး တွေး မိ တတ်ပြန်ပါတယ် ။

“ ဒါဆိုရင် မိန်းကလေးတွေ က အား နည်းသွား တာလား ”

မယုံ မရှိပါနဲ့ ။

မိန်းကလေးတွေ ရဲ့ စိတ် ထဲ မှာ ကိုယ် ချစ်လို့ ပေါင်းသင်း ထား တဲ့ ယောက်ျားသား အပေါ် အားကိုး ချင် စိတ် အပြည့် အဝ ရှိ ကြပါတယ် ။

နေရာတိုင်း မဟုတ် ရင် တောင် တစ် ထောင့် တစ် နေရာ အတွက် ယောက်ျားသား ကို အားကိုး ချင် စိတ် ရှိ ကြပါတယ် ။

စီးပွားရေး မှာ သော် လည်းကောင်း ၊ မိသားစု လုံခြုံရေး မှာ သော် လည်းကောင်း အားကိုး ချင် လို့ အိမ်ထောင် ပြု ကြတာ ဖြစ် ပါတယ် ။

အား နည်းသွားတာ မဟုတ်ပါဘူး ။

ဒီလို အနာဂတ် ကို တွေး ပုံချင်း မတူဘဲ အနာဂတ် တစ်ခု တည်း ကို သွား နေတဲ့ ဖန်ခွက် အလွတ် နှစ်ခု ဟာ ဘယ်လို အရာတွေ နဲ့ အဓိက ပွတ်တိုက် မိ ကြ တာလဲ ။

( ၁ ) ယောက်ျားတွေ ရဲ့ ကတိ မတည်တဲ့ စိတ်

မိန်းမ အတော်များများ ဟာ ယောက်ျားတွေ ရဲ့ မ တည် နိုင် တဲ့ ကတိ စကား တော်တော်များများ ကို မှတ်သားထား လေ့ ရှိ ကြ ပါတယ် ။

“ ဒီနေ့ ညနေ စောစော ပြန် လာမယ် ”

ဆိုတာ က အစ ဟိုး အရင် ချစ်သူရည်းစား ဘဝ မှာ ပြော ထားခဲ့တဲ့

“ တစ်သက်လုံး ချစ်ပါ့မယ် ”

အဆုံး အကုန်လုံး ကို မှတ်မိ နေ တတ်ပါတယ် ။

ဒါကိုလည်း ယောက်ျားတွေ ဟာ မတည်နိုင်တဲ့ ကတိတွေ အမြဲတမ်း ထပ်ကာ ထပ်ကာ ပေး တတ် ကြပါတယ် ။ မိန်းကလေးတွေ က လည်း မတည်နိုင် မှန်း သိပြီး ထပ်ကာ ထပ်ကာ မှတ် ထားပါတယ် ။

ကြာလာတဲ့ အခါ ... ဒါ က လည်း မကြာခဏ ပွတ်တိုက် မိ ပြီး အက်ကြောင်း ထင် လာ တတ် ပါတယ် ။

( ၂ ) အနိုင်အထက် ပြုကျင့်ခြင်း

“ အိမ်ထောင် ပြု တယ် ဆိုတာ မိန်းကလေးတွေ အတွက် တော့ လူမှု အသိုင်းအဝိုင်း က တရားဝင် ခွင့် ပြု ထား တဲ့ တစ်ခုတည်း သော ကျွန်စနစ် ”

ဒါဟာလည်း ... ယောက်ျားသားများ အနေ နဲ့ တမင် လုပ် တာ မဟုတ်သော်ငြား မထင် မှတ်ဘဲ ဖြစ် သွား တတ်တာ မျိုး လည်း ရှိ ပါတယ် ။

ရေလေး ခပ် ခိုင်းတာ က အစ ၊ ထမင်းစားပွဲ ပြင် ပေး တာ အဆုံး ပါ ။

ကိုယ်တိုင် လုပ် ရင်လည်း ရ တာပဲ ကို

“ မိန်းမ ရေ ရေပုလင်းလေး ယူ ပေး စမ်းပါဦး ”

“ မိန်းမ ရေ အဝတ်တွေ လျှော် ပေး စမ်းပါဦး ”

ယောက်ျား ဆိုတာ အိမ်ထောင်ဦးစီး ပါ ။ သူတို့ က ငွေ ရှာတဲ့ အလုပ် ကို ဦးဆောင် လုပ်ရတာ လည်း မှန်ပါတယ် ။ အလုပ် မှာ ပင်ပန်းကြတာ လည်း မှန် ပါတယ် ။

ထိုနည်း လည်းကောင်း ပါ ပဲ ။

အိမ် မှာ နေ တဲ့ မိန်းမတွေ က လည်း နား နေ ရတာ မဟုတ်ပါဘူး ။ တစ်နေကုန် အိမ်မှုကိစ္စ နဲ့ သားသမီး အရေး နဲ့ သူ့ ဟာသူ အား နေရတာ မဟုတ်ပါဘူး ။

သားသမီး များ ရင် ပို ဆိုး ပါ သေးတယ် ။ ( တချို့ ကတော့ ခြွင်းချက်ပေါ့ )

တစ်လောကပဲ နိုင်ငံခြား မှာ လူ တစ်ယောက် ဟာ သူ အလုပ် သွား နေ တုန်း သူ့ မိန်းမ ဘာတွေ လုပ် နေလဲ သိ ချင် လို့ CCTV တပ် ပြီး သူ့ မိန်းမ ကို ပြန် ကြည့်တာ ။ သူ ကိုယ်တိုင် တောင် အံ့အား သင့် ရပါတယ် ။ ဘာလို့လဲ ဆိုတော့ မိန်းမ တစ်ယောက် လုပ် နေရတဲ့ အလုပ် ကို သူ ကိုယ်တိုင် တောင် မ လုပ်နိုင်လို့ ပါ တဲ့ ။

ဒါကြောင့် အပြန်အလှန် လေးစားမှု ရှိ ရပါ့မယ် ။

ငါ ချည်းပဲ ပင်ပင်ပန်းပန်း လုပ် နေရတယ် မထင်ပါ နဲ့ ။

အပြန်အလှန် လေးစားမှု ရှိပါ ။

မိန်းကလေးတွေ ရဲ့ ပြဿနာ က သိပ် များများ မ ရှိပါဘူး ။

( ၁ ) ရစ်တာပါပဲ  

ပြဿနာ တစ်ခု ဖြစ်ပြီ ဆို တော်ရုံ မပြီးတော့တာ ပါပဲ ။ ဒီထက် ပို ဆိုး တာ က တော့ ဖြစ်တဲ့ ပြဿနာ က တစ်ခု ၊ ဒါပေမဲ့ မဆိုင်တဲ့ ဟာ တွေ ပါ အကုန် ဆွဲ ထည့်ပြီး ( မတည် ခဲ့ တဲ့ ကတိစကားများ ) လုံးလည် ချာလည် လိုက် သွားတော့တာပါပဲ ။ 

ဒါကြောင့် မိန်းကလေးတွေ ဟာ ပြဿနာ တစ်ခု ဖြစ်ပြီ ဆိုရင် အပြစ် ဆိုတာ ကို တယ်လီစကုပ် နဲ့ကို ကြည့်ပြီး ရှာတာ ။

အေး မုန်းပြီ ဆိုရင်တော့ ‌ေ သ ဖို့ တောင် ပြင်ပေ တော့ ၊ အပြစ် ဟူသမျှ ကို မိုက်ခရိုစကုပ် နဲ့ ကို ကြ ည့်ပြီး အစ ဆွဲ ထုတ် ရစ် တော့တာပါပဲ ။ 

ချစ်စ ခင်စ မှာ တော့ တီတီတာတာ ပေါ့ ။ ကြာ လာ တော့ ပွစိပွစိ ဖြစ် လာတယ် ။

ပြဿနာ တစ်ခု ကို တိုက်ရိုက် ဖြေရှင်းတာ မျိုး မဟုတ်ဘဲ သွယ်ဝိုက် ပြီး ဝှေ့ ယမ်းတာ မျိုး နဲ့ တူပါတယ် ။

ဒီတော့ ပြဿနာ ဟာ လည်း မကြီးသင့် ဘဲ ကြီး လာ ပါတော့တယ် ။

( ၂ ) အများ နဲ့ နှိုင်းယှဉ်ပြီး ရန်လိုစိတ်

သူတို့ ဟာ ကိုယ့် ရဲ့ အိမ်ထောင်ဖက် ကို ရန်ဖြစ် ဖက် လို သဘော ထား လာ ကြပါတယ် ။ ကိုယ့် ဟာ ကိုယ် အဆင် မပြေ ဖြစ်တိုင်း အပြစ် ပုံ ချ စရာ လူ တစ်ယောက် အဖြစ် သတ်မှတ် ထား လိုက် ပါ တော့တယ် ။ ဒီတော့ ပြဿနာ တိုင်း ရဲ့ အဆုံးသတ် ဟာ လင်မယား ရန်ပွဲ နဲ့ ပဲ ပြီးဆုံး သွား လေ့ ရှိ နေပါတော့တယ် ။

သူတို့ ဟာ ချစ်သူ ထား တာ နဲ့ ရန်သူ မွေး တာ ကို မသဲကွဲ ပါ ဘူး ။

ဒီတော့ မိန်းကလေး တွေ ရဲ့

“ ချစ်တယ် ”

ဆိုတဲ့ စကား ဟာ

“ ရန်ဖြစ်ဖက် မွေး ယူ လိုက် တာ လည်း ဖြစ်နေနိုင် ပါတယ် ”

ဒါကိုမှ အများ နဲ့ နှိုင်းယှဉ် ပြီး ရန်လိုစိတ် က အဆိုး ဆုံး ပါပဲ ။

“ ကြည့်စမ်း ၊ နင် နဲ့ အတူ လုပ်တဲ့ ဟို လူ တောင် ကြီးပွား နေပြီ ၊ နင် က အသုံး မကျ တာ ”

ပြောပြပါရစေ ။

ယောက်ျား အတော်များများ ဟာ ကိုယ့် ကို အပြစ် ရှိ လို့ အပြစ် ပြောတာ ခံ နိုင်ပါတယ် ။ ဒါပေမဲ့ တခြား သူ နဲ့ နှိုင်းယှဉ်ပြီး အပြစ် ပြောတာ ကို မခံနိုင်ကြ ပါဘူး ။

ပြောပြပါရစေ ။

လူတွေ ဟာ လုပ်ငန်းချင်း တူ ပေမဲ့ အင်အား ချင်း မတူပါဘူး ။ စဉ်းစားတွေးခေါ် ပုံ လည်း မတူညီကြ ပါဘူး ။ ဒါကြောင့် လုပ်နိုင်မှု စွမ်းရည် က လည်း မတူညီကြပါဘူး ။

ကာယ နဲ့ ပတ်သက်ပြီး လုပ်ရတဲ့ အလုပ်တွေ တောင် သိသိသာသာ ကွာခြားကြလေ့ ရှိပါတယ် ။

ဆိုပါတော့ ။

ဆေးလိပ်ခုံ မှာ ဆေးလိပ် လိပ် တဲ့ သူ ချင်း တူ ရင် တောင် လျင်မြန်ပုံချင်း မတူပါဘူး ။ ကိုယ် က ဆယ်လိပ် လောက် ပဲ လိပ် ရသေးပေမဲ့ တချို့က အလိပ် တစ်ရာ လည်း ပြီး နေကောင်း ပြီး နေပေလိမ့်မယ် ။

ဒါကိုမှ

“ နင် သူ့ လို မလုပ်နိုင်ဘူးလား“ 

နှိုင်းယှဉ် ပြော နေ စရာ တော့ သိပ် လိုမယ် မထင်ပါဘူး ။

ဘယ် အလုပ် မဆို ဒီ အတိုင်း ပါ ပဲ ။

ဒီတော့ အလွယ် မှတ်ထားပါ ။

“ ယောက်ျားလေး အတော်များများ ဟာ တခြား သူ နဲ့ နှိုင်းယှဉ်ပြီး အပြစ် ပြော တဲ့ အခါ စိတ်ဆိုး တတ် ကြပါတယ် ”

( ၃ ) မလှပတော့တာ

“ အိမ်ထောင် ကျ ပြီး သား မိန်းမ တစ်ယောက် လှပနေ ဖို့ လို သေးလား ”

ဆိုပြီး မေး ကြပါလိမ့်မယ် ။

“ လိုအပ်ပါတယ်ခင်ဗျ ”

အပျို တုန်း က လို တစ်ချိန် လုံး ခြယ်သ ပြီး လှပ နေတာ မျိုး မဟုတ်ဘဲ တစ်ကိုယ်ရေ သန့်ရှင်းမှု နဲ့ လှပတဲ့ အလှ ကို ယောက်ျားတွေ က နှစ်သက် တတ် ကြပါတယ် ။

အပျို တုန်း က လို မလှပတော့ ပေ မဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု နဲ့ မိမိ ပတ်ဝန်းကျင် သန့်ရှင်း သပ်ရပ် နေတာမျိုး ကို မနှစ်သက်တဲ့ ယောက်ျား မရှိပါဘူး ။

ကိုယ်တိုင် က လည်း သန့်ရှင်း သပ်ရပ်တယ် ။ ယောက်ျား ဖြစ်သူ အလုပ် က ပြန် လာတိုင်း အိမ်ကလေး က လည်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဆို မကြိုက်မနှစ်သက် တဲ့ ယောက်ျား မရှိပါ ဘူး ။

အခု ခေတ် မိန်းကလေးတွေ က အတွင်းခံ ဘောင်းဘီ ကို ချွတ်ပြီး ခုတင် အောက် ခြေမ နဲ့ ကလော် ထည့် ထားတယ် ။ ထဘီတန်း က ခုတင် ခေါင်းရင်း မှာ ။ 

အဲဒီ မိန်းကလေး မျိုး ရုပ် ဘယ်လောက် လှလှ ဘယ် ယောက်ျား က မှ ရေရှည် သည်းခံ နိုင် မလဲ ။

ပြောပါရစေဗျ ။

ယောက်ျားလေး ဆိုတာ X.Ray စက်ကြီး ထမ်းပြီး မိန်းကလေးတွေ ရဲ့ အတွင်းစိတ် ကို စုံစမ်း နေတာ မျိုး မဟုတ်ပါဘူးဗျ ။

တချို့ က လည်း ပြော ပါတယ် ။

“ ယောက်ျားတွေ က လှတာ ပဲ မက် တာ လေ ၊ အတွင်းစိတ် ကောင်းတဲ့ မိန်းမ ကျ တန်ဖိုး မထားဘူး ”

ဘယ်လောက်ပဲ အတွင်း စိတ် ကောင်းကောင်း ခုတင် ခြေရင်း မှာ မလျှော်ဘဲ ထားတဲ့ ထဘီပုံကြီး ကို အမြဲတစေ ကျော်ခွ နေ ရရင် ဘယ် ယောက်ျား မှ မကြိုက်ပါဘူး ။ စား ပြီးသား ထမင်းပန်းကန် တွေ မီးဖိုချောင် မှာ ပုံ နေရင် ဘယ်သူ က မှ အိမ် ပြန် ချင် မှာ မဟုတ်ပါဘူး ။

ဒါကြောင့် အိမ်ထောင် ကျ သွား တဲ့ မိန်းမ ဟာ ပို လှ ဖို့ လိုတယ် ။ 

လှတယ် ဆိုတာ ကိုယ် တစ်ယောက် တည်း လှ ဖို့ ပြော တာ မဟုတ်ပါဘူး ။ အိမ်ထောင်ရှင် ယောက်ျား က အမြဲ အိမ် ကို ပြန် လာ ချင် အောင် မိမိ အိမ်ကလေး ကို လည်း လှပ သပ်ရပ် နေဖို့ လည်း လိုအပ်ပါ သေး တယ် ။ 

“ ယောက်ျားတွေ က ဘာကြောင့် လှတာ ကို ကြိုက်လည်း သိလား“ 

“ အကုသိုလ် ပေး တာ ချင်း အတူတူ လှလှပပ နဲ့ အကုသိုလ် အပေး ခံ ရတာ က တော်ကာ ကျ မှာမို့ ပါ ”

မပြင် လို့ သာ မလှတာ ဆိုတဲ့ အမျိုးသမီးများ ။

“ ပြင်ပါ ၊ ဆင်ပါ ၊ လှအောင် နေပါ ”

ကိုယ့် အိမ်ထောင်ဖက် နေ့စဉ် အိမ် ပြန် လာပါလိမ့်မယ် ။

အဲ .. တချို့မိန်းကလေးတွေ က

“ မပြင် လို့ သာ မလှတာ ”

“ ပြင် လိုက် ရင် လည်း ကြောက်စရာကြီး ”

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment