Tuesday, November 1, 2022

လူပျို အပျို ဖတ်စာ ( ၂၂ )


 “ ဒီ နေ့ ကိုယ် အလုပ် မအားလို့ မလာနိုင်တော့ဘူး ကွာ ”


“ အလုပ်တွေ က အရမ်း များ နေ လို့ နောက်မှ တွေ့ ကြတာပေါ့ ”


အမြဲ ကြား နေ ရတဲ့ စကား ဖြစ်ပါလိမ့်မယ် ။


မှတ်ထားပါ ။


လူ တစ်ယောက် အားခြင်း ၊ မအားခြင်း ဟာ သူ ကိုယ့် အပေါ် မှာ ထားတဲ့ ချစ်ခြင်းတရား နဲ့ လည်း ဆိုင် ပါတယ် ။


ဆိုပါတော့ ။ 


ချစ်သူ ရည်းစား မဖြစ်ခင် ၊ ကိုယ့် ဆီ ကို အမြဲတမ်း အားအား ယားယား ရောက် နေတာ ဘယ်သူလဲ ။ ဒီ လူတွေ ပဲ လေ ။


ဒါကြောင့်ပြောကြတယ် ။


ယောက်ျားလေးတွေ ဟာ မိန်းကလေး ဆီ က အဖြေ မရသေးရင် ၁၀၉ ၊ ၁၁၀ ပဲ ။ ဘယ်အချိန် ဖြစ်ဖြစ် အားအားယားယား နဲ့ အမြဲ ရောက်လာတယ် ။


ဒါပေမဲ့ ချစ်သူ သက်တမ်း ကြာ တာ နဲ့ သူတို့ ဟာ အမေရိကန်သမ္မတ ထက် တောင် အလုပ် များ သွားတယ် ။ ဘယ်တော့မှ  မအားတော့ပါဘူး ။


ပြန် စဉ်းစား ကြည့်ပါ ။


ချစ်စ ခင်စ မှာ တော့ အလုပ် ပြန် လိုင်းကား တောင် မစီးဘူး ။ မြန် မှာ စိုးလို့ ။ တူနှစ်ကိုယ် ထမင်းချိုင့်ကလေး ဆွဲ ပြီး လမ်းလျှောက် သွားကြတာ ။ ဒါတောင် တွေ့ရတဲ့ အချိန် နည်း နေလို့ အားရ တာ မဟုတ်ဘူး ။


ရည်းစား သက်တမ်းလေး ရလာတဲ့ အခါ


“ လမ်းလျှောက် ရတာ ကြာ ပါတယ်ကွာ ၊ လိုင်းကား စီး သွားကြရ အောင်လား ”


ဒီထက် ပို ကြာသွားရင်


“ ကိုယ့် ဟာ ကိုယ် သွားတော့ နော် ၊ အလုပ် မအားလို့ ”


“ ကိုယ့် ဟာ ကိုယ် ပြန် နှင့် တော့ အလုပ်တွေ မပြတ်သေးလို့ ”


ဒါကိုမှ စောဒက တက်ရင်


“ နင့် မှာ ခြေတွေ လက်တွေ မပါဘူးလား ၊ ကိုယ့် ဟာ ကိုယ် မသွားတတ်သေးဘူးလား ”


အဆိုလေး တစ်ခု ရှိပါတယ် ။


“ အချစ် မှာ ယောက်ျားလေး က စ ချစ်ပြီး မိန်းကလေးတွေ က ဆက် ချစ်ကြပါတဲ့ ”


မှန်တာပေါ့ ။ ရည်းစား စကား ပြော တုန်းက ယောက်ျားလေးတွေ က စ ပြော ရပြီး ၊ ချစ်သူ ရည်းစား ဖြစ် သွားတဲ့ အခါ မိန်းကလေးတွေ က သာ ဆက် ချစ်တာ ပို များပါတယ် ။


ချစ်သူရည်းစား ဘဝ မှာ ယောက်ျားတွေ က အစိုးရ ဆန်ပါတယ် ။


“ မဲဆွယ်ကာလ မှာ တော့ ဘာရမယ် ၊ ညာရမယ် ၊ တစ်သက်လုံး အလို လိုက်ပါမယ်ပေါ့ ၊ အခုပဲ ထ ပြီး ချမ်းသာတော့ မယောင် ၊ ကမ္ဘာ ပဲ ပတ်တော့ မယောင်နဲ့ပေါ့ ”


အိမ်ထောင် လည်း ကျ သွားရော ။


“ ဘတ်ဂျက် လိုငွေ ပြလို့ ပြင်ဆင်စရာတွေ ကျန် သေးလို့ ” နဲ့ ဒုံရင်းဒုံရင်း ပါ ပဲ ။


မိန်းကလေးတွေ လည်း ဒီအတိုင်းပါပဲ ။ မဲဆွယ်ကာလ မှာ မဲဆွယ် ခံ လိုက်ရပေမဲ့ အိမ်ထောင် ကျ ရင် ဒီ အိမ် တစ်ခုလုံး ကို ခြယ်လှယ် ခွင့် ရတဲ့ ဘုရင်မ ဖြစ် ချင်တယ် ။ ဟုတ်တယ် ။ ဘုရင်မ တော့ ဖြစ်တယ် ။ ဒါပေမဲ့ ဒီမိုကရေစီ ခေတ် မှာ ဖြစ်တဲ့


“ စည်းမျဉ်းခံ ဘုရင်မ ”


ယောက်ျားလေးများ ဟာ မိန်းကလေးတွေ ကို နာရီ လို သဘော ထား ကြပါသတဲ့ ။ ပထမ တော့ လက်ပတ်နာရီ လိုပဲ သဘော ထား တယ် ။ သွား လေရာ ဆောင် သွားတယ် ။ လူကြား ထဲ ဆို ဂုဏ်ယူစွာ ဖြင့် ထုတ် ကြည့်တတ်တယ် ။ ကြာ လာတဲ့ အခါ တိုင်ကပ်နာရီ လို သဘော ထား တယ် ။ သွားလေရာ ဆောင် မသွားတော့ဘူး ။ အိမ်ပြန် ရောက် မှ ပဲ ကြည့် ဖြစ် တော့တယ် ။ ဒီ ထက် ပို ကြာ သွား ရင် တော့ သံပတ်နာရီ ဖြစ်သွားပြီ ။ သွားလေရာ ခေါ် မသွားဘူး ။ အိမ် မှာ မြင် လည်း မကြည့်ဘူး ။ အဲ လိုအပ် မှ သံပတ် လာ နှိုး နေ သလိုမျိုး ။ ဒီတော့ ချစ်သူရည်းစား ထားမဲ့ မိန်းကလေးတွေ ကို သတိပေး ပါ ရစေ ။ ကိုယ် ချစ်တဲ့ သူ က ကိုယ့် ကို


“ မအားသေးလို့ နောက် မှ နော် ” 


“ အလုပ်တွေ ရှုပ် နေလို့ ခွင့်လွှတ်ပါ ”


“ တခြား အရေးတကြီး ချိန်းထားတာ ရှိလို့ ”


စသည်ဖြင့် ကြား လာရရင်  ဒီ စကားလေး ကို အသေအချာ မှတ်ထားပါ ။


“ ဘယ်သူ မှ တကယ် အလုပ် မများပါဘူး ။ ကိုယ့် အပေါ် မှာ တန်ဖိုး ထား ပုံ က သူ အား ၊ မအား ဆို တာ နဲ့ ဖော်ပြ နေပါတယ် ”


◾အကြည်တော်


#လူပျိုအပျိုဖတ်စာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment