Wednesday, November 23, 2022

အရင်း မှာ လည်း အမှည့်‌တွေ ရှိပါ့


 

❝ အရင်း မှာ လည်း အမှည့်‌တွေ ရှိပါ့ ❞

ကျွန်‌တော် သည် ၂၀၀၂ ခုနှစ်  မေလ ၁၄ ရက်‌ နေ့ တွင် ပြည်မြို့ မှ ရန်ကုန် သို့ ဆင်း ခဲ့ပါ၏ ။ တိုက်ကြီး က ထွက် လာ ကတည်း က ရန်ကုန်မိုး နှင့် တိုး‌ တော့၏ ။ စဲ လိုက် ။ သည်း လိုက် ။ စဲ လိုက် ။ ‌မှော်ဘီ‌ ရောက်‌သော အခါ ပို သည်း လာ၏ ။ ကား‌ရှေ့ မှန် ရေသုတ်တံ သည် ရေ နိုင်‌အောင် မသုတ်နိုင်‌တော့‌ချေ ။ ကမာရွတ် လှည်းတန်း တည်းခိုအိမ်‌ ရောက် သည် အထိ မိုး က မပြတ်‌ပေ ။ ‌နောက်‌နေ့ နံနက် တည်းခိုအိမ် မှ သူငယ်ချင်း ကိုဟန်သိန်း ကို‌ ခေါ် ၍ ‌တောင်ဥက္ကလာ နန္နဝန်‌ဈေး သို့ သွားကြ၏ ။ မိုး သည်း‌ နေ သည့် ကြား မှ မြောက်ဒဂုံ ကိုဝင်းဟန်‌ နေအိမ် သို့  ‌ရောက်‌သော အခါ  မိုး သာ မက လေ ပါ ပါ‌လေ၏ ။ သူငယ်ချင်းများ စု မိ၍ ထွေရာ‌လေးပါး တောင်‌ရောက်‌ မြောက်‌ရောက် ။ ရှေ့‌ရောက်‌ နောက်‌ရောက် စကား လက်ဆုံ ‌ပြော မကုန် ရှိကြ၏ ။ ငယ်သူငယ်ချင်းများ ဆုံ မိကြသည့် ထုံးစံ အတိုင်း ။

“ ဘယ်လိုလဲ ‌ကျော်ကြီး ။ အဆင်‌ပြေလား ”

သူ က ‌တောင်ဥက္ကလာ နန္နဝန်‌ဈေး မှာ မီး‌သွေး‌ ရောင်းသူ ။

“ ငါ့ မိသားစု က‌ တော့   စား‌လောက် ပါတယ် ကွာ ။ ‌နေဖြစ် စားဖြစ်‌ပေါ့ ။ သူ‌ဌေး‌တော့ မဖြစ်ဘူး‌ ပေါ့ ကွာ ”

“ ကိုလှ‌ဖေကြီး က‌ ရော ”

“ ဟာ ...  မင်း ကိုလှ‌ဖေ က ‌ဘောစ့် ကွ ။ တို့ အထဲ မှာ သူ အ‌ထောဆုံးပဲ‌ မောင် ။ အိမ်‌ ရောင်း လို့ ရ ထားတဲ့ ငွေ သိန်း  ၅ဝ ကို အတိုး‌ ပေး ထားတာကွ  ။  လုပ်ငန်း တစ်ခု မှာ လည်း
‌ငွေ အပ် ထား‌သေးတယ်  ။ တစ်လ ‌လေးကျပ် တိုး နဲ့ ”

ကိုလှ‌ဖေ က ပင်စင်စား ။ အသက် ၆၈ နှစ် ဘာမျှ မလုပ်နိုင်‌တော့ပါ ။ အတိုးရင်းပွား ပေးစားခြင်း သည် သူ နှင့် ကိုက်ပါ၏ ။

“ ဒါထက် ကိုဝင်းဟန် ။ ခင်ဗျား က‌လေး‌တွေ က‌ ကော ဘာလုပ်ကြတုံး ”

“ တစ်‌ယောက် က တက္ကစီ‌မောင်း တယ် ကွ ။ အငှား ။ နှစ်‌ယောက် က ဖိနပ်ချုပ်လုပ်ငန်း‌ ထောင် ထားတယ် ”

ကျွန်‌တော်တို့ စကား‌ ကောင်း‌ နေစဉ် လူငယ် တစ်‌ယောက် အိမ်‌ပေါ် သို့ တက်လာ၏ ။

“ ဒါ ငါ့ သား ပဲ ကွ ဖိနပ် လုပ်ငန်း‌ ထောင်ထားတာ သူ‌ ပေါ့ ”

ထိုအချိန် မှာ မိုး က တဗြင်းဗြင်း ရွာ ‌နေပါ၏ ။

“ ‌အေး ... မင်းတို့ ဖိနပ်လုပ်ငန်း နဲ့ ခုလို မိုး သည်းပုံမျိုးနဲ့‌တော့ အကိုက်ပဲ ကွ ”

“ ဟင် ... ဘဘ ဘယ်လိုလုပ် သိ လဲ ”

“ မိုး‌တွေ ရွာ ။ မိုးရွာ ထဲ ဖိနပ်စီး ။ ဖိနပ် ပြတ် ။ မိုး သည်း ။ ဖိနပ် ပြတ် ။ အသစ် ဝယ် စီး ။
ဖိနပ်သမား‌ ရောင်း‌ ကောင်းတာ ဒီလို အချိန်မျိုး‌ပေါ့ ကွာ ”

မိုး စတင် ရွာလိုက်ပြီ ဆိုသည် နှင့် တစ်ပြိုင်နက် ထီးဖိနပ် အဝယ် လိုက် ။ အ‌ရောင်း သွက်၏ ။ ထီးပြင် ။ ဖိနပ်ပြင် ဆိုင်‌လေးများ လည်းအလျှိုလျှို ပေါ် လာကြ‌လေ၏ ။ ဘယ်မြို့ သွား ကြည့်ကြည့် ။

နည်းနည်းက‌လေး မိုး အစဲ တွင် ကျွန်‌တော်တို့ သည် သူငယ်ချင်း လှ‌မောင် ၏ အိမ် သို့ အ‌ပြေးအလွှား ချီတက်ကြ၏ ။ လမ်း တဝက်တွင် မိုး ရွာပြန်၏ ။ မထူးပြီ ။ ဆက်‌ လျှောက်ကြ‌ပေါ့ ။ လှ‌မောင် အိမ် သို့ ‌ရောက်ပြီ ။ သူ့ ဇနီး က ကပျာကယာ ‌ရေ‌နွေး ကြို၍ ‌ကော်ဖီ‌ ဖျော်‌ လေ၏ ။ ဟန်သိန်း က စကား စလိုက်၏ ။

“ ဘယ်လိုလဲ ။ မင်း သား နိုင်ငံခြား သွားဖို့ အစီအစဉ် ”

“ ငါ လက်‌ လျော့ လိုက်ပြီကွာ ။ အရင်‌ ပြော ထားတာက ၁၇ သိန်း တဲ့ ကွာ  ။ အခု ၂၇ သိန်း ဆို‌ တော့ ငါ လည်း ဘယ်လိုမှ မကပ် နိုင်‌တော့ဘူး ။ မင်း စဉ်းစား ကြည့် ငါ ပင်စင် ယူ ထားတာ ငါးနှစ် ရှိ‌နေပြီ ။ ‌ချွေတာ‌ရေး စား‌သောက်‌ နေရတာကွ ”

ဟုတ်ပါ့ ... ပင်စင်စား တစ်‌ယောက် ၏ သား  နိုင်ငံခြား သွား အလုပ် လုပ်ဖို့ ဆိုသည်မှာ အ‌တော် မလွယ်ပါ ။

ကံအား‌လျော်စွာ သူ့ သား အကြီး‌ကောင် က စင်္ကာပူ မှာ အလုပ်ရ ။ အိမ် ပြန် ငွေ ပို့‌ နေ‌ပေပြီ ။ အခု ‌နောက် ထွက် မှာ က အငယ်‌ကောင် ။

“ အဲဒီ‌တော့ ဒီ‌ကောင့် ကို ဘယ်လို လုပ်မတုန်း ”

ကျွန်‌တော် က ကြားဖြတ်‌ မေး လိုက်မိ၏ ။ ကျွန်‌တော်တို့ ငယ်သူငယ်ချင်းများ အလွန်
ပွင့်လင်း ကြ၏ ။ တစ်ဦး နှင့် တစ်ဦး ဘာမျှ အားနာစရာ မလို ။ ငတ် အတူ ။ စား အတူ‌ ကောင်‌တွေ ။ ငယ်ငယ်‌လေး ကတည်း က ။

“ ရှင်း‌ နေတာပဲကွ ။ ၂၇ သိန်း လည်း အကုန် မခံ‌တော့ဘူး ။ ၁၇ သိန်း လည်း အကုန် မခံ‌တော့ဘူး ။ ခုနစ်သိန်း ထုတ်‌ ပေးပြီး‌တော့ ( သူ့ အစ်ကို ပို့‌ ပေးတဲ့‌ ငွေ ထဲ က )  ဒီမှာပဲ အလုပ် လုပ်‌ နေတယ် ”

“ ဘယ်လို အလုပ်မျိုးလဲ ကွာ ”

လှ‌ဖေ က ဝင်‌ မေး၏ ။ တစ်ဦး နှင့် တစ်ဦး မ‌တွေ့ဖြစ်‌တော အ‌ကြောင်းစုံ မသိကြရ ။

“ သူ့ သူငယ်ချင်း တစ်‌ယောက် နဲ တွဲပြီး တာယာအ‌ဟောင်း‌ တွေ ဝယ် ။ လုပ်သား ငှား ။ တာယာ‌ရေငင်ကြိုး ။ တာယာ‌ရေငင်ပုံး ။ တာယာ‌ရေတည်ပုံး ( စည်ပိုင်းပြတ် သ‌ဘောမျိုး ) ‌တွေ လုပ်‌ နေတယ်ကွ ”

“ ဟာ ... အဲဒီ လုပ်ငန်းဆို ငါ လည်း ရှယ်ယာ ဝင် ပါ ချင်တယ် ကွာ ”

“ ‌ဟေ့‌ကောင် ... ဟန်သိန်း ။ မင်း အရမ်းလည်း  ‌လောဘ မကြီးနဲ့ ။ က‌လေး‌တွေ လုပ် ပါ‌စေကွာ ”

လုပ်ငန်း က အလားအလာ ‌ကောင်း‌ နေ‌သော‌ကြောင့် လာဘ်မြင်‌သော ကိုဟန်သိန်း က သွားရည် ယို‌ နေ‌လေ၏ ။

“ လုပ်ငန်း က အဆင်‌ ပြေ‌နေပြီ မဟုတ်လား ”

‌ကျော်မြ က ဝင်‌မေး၏ ။

“ အဆင်‌ပြေတယ် ဆို ရမှာ‌ပေါ့ ။ ‌ရောင်းလို့ မ‌လောက်ဘူးကွ ။ ထွက်သမျှ ကုန်တာပဲ ။ အခု အလုပ်သမား‌ တောင် ထပ်‌ ခေါ်‌နေရတယ် ”

စင်စစ် ထို လုပ်ငန်း သည် အလွန် အားကိုး ထိုက်‌သော လုပ်ငန်း ဖြစ်ပါ၏ ။ ‌ငွေ နှင့် ကြေး နှင့် ပုံ‌ အော လိုက်လျှင် အမြန် သူ‌ဌေး ဖြစ်နိုင်ပါ၏ ။ တာယာ အစုလိုက် အပုံလိုက်ကြီးများ
‌လေလံ ပစ် သည်ကို ဝင် ဆွဲ လိုက် ရပါ က  ခပ်‌ကောင်း‌ကောင်း ခပ်သန့်သန့်များ ကို
တာယာ အတိုင်း ရောင်း စား လို့ ရ‌သေး၏ ။ အညံ့အစုတ်များ ကို တာယာပစ္စည်းများ ထုတ်လုပ် နိုင်၏ ။ ယခုအခါ တာယာ က ထုတ်လုပ်‌သော ပစ္စည်းများ အမယ်‌ တော်‌တော် စုံ ၏ ။ လယ်ယာသုံး လှည်းနွားသုံး ပစ္စည်း အဖြစ် ။ လှည်းသိမ်းကြိုး ။ လှည်းစည်းကုံးကြိုး ။ ထွန်ကျင်ကွင်း ။ ထမ်းပိုးကြိုး ။ ဝါရှာမျိုးစုံ ။ ‌ရေပုံး ။ ‌ရေငင်ကြိုး ။ တာယာစည်ပိုင်းပြတ် ။ စုံလို့ပါ ဗျာ သည်‌နေ့ ထုတ်လုပ်‌ နေကြတာ ။

“ ငါ့ သား က နိုင်ငံခြား သွား စကား သိပ် မ‌ပြော တော့ ဘူး ကွ ”

လှ‌မောင် က‌ ပြော ။

“ ဘယ်‌ ပြောတော့မလဲကွ ။ ဒီ အလုပ် နဲ့  သူ တွက်‌ခြေ ကိုက်‌ နေလို့ ဖြစ်မှာ‌ပေါ့ ။ ဘယ်နှယ့်လဲ ဝင်‌ငွေ ပြန် ရ‌နေပြီလား ”

“ အဲဒါ‌တော့ ငါ့ မိန်းမ မှ သိ မှာကွ ။ သူတို့ သားအမိ လုပ်ကြတဲ့ အလုပ် ကွ ”

လှ‌မောင် မျက်နှာ သည် ရွှင်‌ နေပါ၏ ။ သူ့ မိန်းမ မိ‌ပွေး ၏ မျက်နှာ သည် ချို‌ နေပါ၏ ။ ရွှင်ချို‌ နေ ပုံ ‌ထောက်‌တော့ သူတို့ စီးပွား‌ရေး အဆင်‌ ပြေ‌ နေလို့ပဲ ဟု တွက်ဆ လို့ ရပါ၏ ။

“ သူငယ်ချင်း တို့  မင်းတို့ အားလုံး ဒီည ငါ့ အိမ် မှာ အိပ်ကြကွာ ။ တို့ သူငယ်ချင်း‌တွေ မ‌တွေ့ရတာ ကြာပြီ ။ ပြန်လည် ဆုံဆည်းခြင်း  အထိမ်းအမှတ် ဒီည ဒီအိမ် မှာ ‌ပျော်‌ပျော်ပါးပါး‌ ပေါ့ ကွာ ”

ဟန်သိန်း ။ ‌ကျော်မြ ။ လှ‌ဖေ ။ ဝင်းဟန် ။ လှ‌မောင် ။ ဝဲကြီး ။ ကျွန်‌တော် စတဲ့ သူငယ်ချင်းများ ဟာ နှစ်နှစ် တစ်ကြိမ် ။ သုံးနှစ် တစ်ကြိမ် ဆုံဆည်း‌လေ့ ရှိပါ၏ ။ လှ‌ဖေ အိမ် မှာ ။ ‌ကျော်မြ အိမ်မှာ ။ ဟန်သိန်း အိမ် မှာ အဆင်‌ ပြေသလို ။ သည်နှစ် ထူးထူးခြားခြား လှ‌မောင် တို့ လင်မယား က ဖိတ်မန္တက ပြု‌လေပြီ ။ အမှန် က ဝင်းဟန် အိမ် မှာ ချက်ပြုတ်စား‌သောက် ။ ‌ရှေး‌ခေတ်ဟာင်း‌ အောက်‌မေ့ဖွယ် တဝါးဝါး တဟားဟား စားမြုံ့ ပြန်ကြဖို့ စီစဉ် ပြီးသား ခင်ဗျာ ။

“ ကဲ ... ဝင်းဟန်‌ ရေ ။ နင့် အိမ် မှာ ညအိပ်ဖို့ အစီအစဉ် ဖျက် လိုက်‌တော့  ။ ဒီမှာ ဒကာ‌ ပေါ်ပြီ ။ လှ‌မောင် ကို ဦးစား ‌ပေး လိုက်ပါဟာ ။ အိမ် ပြန် ။ နင့် မိန်းမ‌ ပြော ချေဦး ။ ချက်‌ရေးပြုတ်‌ရေး မစီစဉ်နဲ့‌တော့ လို့ ”

ထို ည က လှ‌မောင် အိမ် မှာ ညစာ စားကြ၏ ။ ညစာ သောက်ကြ၏ ။ ညဉ့်နက် လတ်‌သော် အခန်းကျဉ်းက‌လေး ထဲ မှာ တ‌ပျော်တပါး စု အိပ်ကြရတာ ။ ‌ပျောရွှင်စွာ အိပ်ခြင်း ။ တစ်‌ရေး နိုး‌သော် ကျွန်‌တော် နဖူး‌ ပေါ် လက်တင် စဉ်းစား မိ၏ ။  ( ထိုအချိန် တွင် ည က သောက် ထားသည်များ အာနိသင် ပြယ်၍ လူ လန်းဆန်း‌ နေ‌လေပြီ ။ )  အပြန်ပြန် အလှန်လှန်။တွေး ကြည့်‌ နေမိ၏ ။ ‌ဘေး က ဟန်သိန်း အိပ်‌မောကျ ‌ဟောက်‌ နေတုန်း ။

ကျွန်‌တော် အ‌ဖြေ တစ်ချက် လက်ခနဲ ရ လိုက်ပါ၏ ။ နိုင်ငံခြား ထွက် မှ အလုပ် ရ သတဲ့ လား ။ ချမ်းသာ မယ် တဲ့ လား ။ သူ‌ဌေး ဖြစ်မယ်တဲ့ လား ။ မဟုတ်ပါ ။ နိုင်ငံခြား က လူ‌တွေ သည် မှာ လာပြီး စီးပွား ရှာ‌ နေကြပါ၏ ။ ကုမ္ပဏီ‌တွေ သည် မှာ လာ ကြီးပွား‌ နေကြပါ၏ ။ ချမ်းသာ ‌နေကြပါ၏ ။ ဟား ... ဟား ... သူတို့‌ တောင် လာ ရှာ‌ နေ‌သေးတာ ။ အိုးပစ်အိမ်ပစ် ဗျာ ။ ကျွန်‌တော်တို့ က ဘာလို့  မရှာ နိုင် ရမှာလဲ ။ ဘာလို့ မလုပ်နိုင်ရမှာလဲ ။ တစ်ခု မဟုတ် တစ်ခု ။ ဂွင်‌တွေ ရှိပါ့ဗျာ ။ အဖျား တက် အမှည့် စားရ နိုးနိုး ။ အရင်း မှာ လည်း အမှည့် ‌တွေ ရှိ ပါ့ဗျာ ။ အရင်း မှာ အမှည့်‌တွေ စား ‌နေရသူ‌တွေ  အားကြီး ပါ ဗျာ ။ လှ‌မောင် သား လို က‌လေး‌တွေ အားကြီး ပါ ။ အလုပ်‌တွေ အားကြီးပါ ။  ဂွင်‌တွေ အားကြီးပါ ။ ရှာ တတ် လုပ် တတ် ဖို့ ပဲ လို တာပါဗျာ ။

◾  မောင်ချမ်းသာ

📖  မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment