Tuesday, November 15, 2022

လူပျို အပျို ဖတ်စာ ( ၃၆ )


 

ဒီ ဖက် ခေတ် မှာ လူငယ် အတော်များများ ဟာ အိမ်ထောင် ပြုတာ နဲ့ စာရင် ဘဝ ကို တစ်ကိုယ် တည်း ဖြတ်သန်း ရ တာ ပို သဘော တွေ့ လာ ကြပါတယ် ။

မှန်ပါတယ် ။

ခေတ် ရဲ့ ပွင့်လင်းမှု ၊ အလုပ်အကိုင် အခက်အခဲ ၊ ရရှိလာမယ့် ဝန်ထုပ်ဝန်ပိုးတွေ ကို မခံစားချင် လို့ ဘဝ ကို အိမ်ထောင်ပြုခြင်း မှ ကင်းဝေး အောင် ကြံစည် လာ ကြပါတယ် ။ တကယ် ချစ် ရင်တောင် ...

Living together နေထိုင်ကြဖို့ ပိုပြီး စိတ်အား ထက်သန် လာကြပါတယ် ။

ဒါဟာ ကိုယ့် ကို ပိုပြီး ပေါ့ပါးစေတယ် လို့ တွေး မိ လာကြပါတယ် ။

တချို့လည်း အပျိုကြီး လူပျိုကြီး ဘဝ နဲ့ ပေါ့ ။ အိမ်ထောင် ပြု ရ တာ လွယ် ပါတယ် ။ အပျိုကြီး လူပျိုကြီး ဖြစ် ဖို့ အခေါ် ခံ ရဖို့ ဆို တာ နှစ်ပေါင်း သုံး ဆယ် ကျော် မရင်း ရင် မရပါဘူး ။

တချို့ က လည်း ငယ်ငယ်ရွယ်ရွယ် မှာ အိမ်ထောင် မပြုကြတော့ ဘဲ အသက် ကြီး မှ ယူကြ တာ မျိုး လည်း ရှိတယ် ။

ဟုတ်တော့ ဟုတ်ပါတယ် ။

အသက်ကြီး မှ ယူ တော့ တစ်ယောက် ကို တစ်ယောက် သိပ်ပြီး သည်း မခံ ရတော့ဘူးပေါ့ ။ 

အိမ်ထောင် ပြုတယ် ဆိုတာ ချိတ် ချိတ် ချင်း ချိတ် တယ် လို့ လည်း ဆို ကြပါတယ် ။

အမှန်တော့ ဂေါက် ဂေါက် ချင်း ဆို လည်း ချိတ် တတ် ကြတာပါပဲ ။

ယောက်ျား တွေ အနေ နဲ့ လည်း တွေး ပါတယ် ။ မိန်းမ ယူ လိုက်တဲ့ အခါ ကိုယ် က လည်း လုပ် ကျွေး ရသေး ၊ ကိုယ့် ကို ဆရာ ပြန် လုပ်တာ လည်း ခံ ရ သေးပေါ့ ။

မိန်းမ တွေ ဘက် က လည်း တွေး တယ် ။ အရင် ကိုယ်တိုင် ဘုရင်မ ဘဝ က နေ ယောက်ျား ယူ လိုက် မှ အိမ်ဖော် ဘဝ ရ တယ်ပေါ့ ။

အိမ်ထောင် ပြုခြင်း ဆိုတာ ဘက်ပေါင်းစုံ မှန် တယ် ဆို ပေ မဲ့ မကောင်းတဲ့ ဘက် က တွေး ရင် အမှားတွေ လည်း အများကြီးပါ ။

တစ်ယောက် မှာ ငါးဆယ် စီ ရှိတယ် ။ နှစ်ယောက် ပေါင်း ရင် တစ်ရာ ဖြစ် ရ မှာ ကို ငါးဆယ် နှစ်ယောက် ပေါင်း လိုက် မှ နှစ်ဆယ့်ငါး ပဲ ကျန်တယ် ဆို ရင် တော့ မဟုတ်သေးပါဘူး ။

ရှိတတ်ကြပါတယ် ။

တစ်ယောက်တည်း ဆို မစားရက် မသောက်ရက် နဲ့ စုဆောင်း ထားပြီး နှစ်ယောက် ဆုံတဲ့ အခါ စုထားတာ ကုန်တဲ့ အပြင် အကြွေးတွေ ပါ ထပ် တင် သွားတာမျိုး ။

ကျွန်တော် တို့ မှာ ဆင်ခြင်စရာတွေ လည်း အများကြီး ရှိပါတယ် ။

လူ ရယ်လို့ ဖြစ် လာရင် အရာရာ ပြည့်စုံနေတဲ့ သူ တော့ မရှိပါဘူး ။

ဒါကလည်း အများနည်းတူ မို့ အားငယ်စရာ မရှိ ပါဘူး ။

အားနည်းတာ ကို အားသာချက် အဖြစ် ပြောင်း နိုင် ရင်တော့ လူတော် ပါ ပဲ ။

ချစ်သူရည်းစား ရွေးချယ် တဲ့ အခါ အိမ်ထောင်ဖက် ရွေးချယ် တဲ့ အခါ ကိုယ် က သူ့ ကောင်းကွက်တွေ ချည်း ပဲ မြင် ပြီး လူတော် လို့ တွေးလို့ မရပါဘူး ။ သူ တော် တာ နဲ့ ပတ်သက်ပြီး ကပ် ပါလာမယ့် အားနည်းချက် ကို ရယူရမယ် ဆို တာ တွေး ထားပါ ။

ဘာပဲဖြစ်ဖြစ် လူ့ ဘ၀ ရ လာ တုန်း မှာ

အိမ်ထောင် ပြုပါ ။

သစ် တစ်ပင် စိုက်ပါ ။

သားကောင်း တစ်ယောက် မွေးပါ ။

ဒါမှမဟုတ်

ငှက်ပျောပင်တွေ အများကြီး စိုက်ပြီး

အပျိုကြီး လူပျိုကြီး ဘဝ ကို ခံယူပါ ။

         လေးစားစွာကြိုးစားလျက်
                        အကြည်တော် 

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment