Saturday, November 5, 2022

လူပျို အပျို ဖတ်စာ ( ၂၄ )


 ကျွန်တော် တို့ ဟာ ဘဝ ကို ခက်ခက်ခဲခဲ ကျော်လွှား နေကြသူတွေပါ ။ ချမ်းသာ တဲ့ သူတွေ က လည်း ချမ်းသာ တဲ့ အလျောက် ၊ ဆင်းရဲ တဲ့ သူတွေ က လည်း ဆင်းရဲ တဲ့ အလျောက် ပေါ့ ။ 


နာကျင်စရာ ၊ ကြေကွဲစရာ တွေ ၊ ပျော်စရာ တွေ ၊ လွမ်းမောစရာ တွေ နဲ့ ပြည့်နှက် နေ တတ် ပါတယ် ။ ပျော်ရွှင်စရာ ကို မကြာခဏ မေ့ တတ်ပေမဲ့ နာကျင်စရာ ကို တော့ ဘယ်တော့ မှ မမေ့ပါဘူး ။ လူ တွေ ဆိုတာ မတည်မြဲ ဖူး လို့ အမြဲ ပြောတာ ကြားဖူး မှာပါ ။ တည်မြဲခြင်း အကြောင်းတရား တွေ လည်း ရှိပါတယ် ။


“ အချစ်စိတ် ပါ ”


အချစ်စိတ် ဟာ တည်မြဲ ပါတယ် ။ ချစ်သူ သာ ခဏခဏ ပြောင်း လဲ သွားတာပါ ။ ခုခေတ် က ပို ဆိုးလာ ပါတယ် ။ 


“ အိမ်ထောင်ရေး မတည်မြဲဘူး ”


ဒီခေတ်မှာ Single Mother , Single Father တွေ အများကြီး ပါ ပဲ ။ အကြောင်း အမျိုးမျိုး ကြောင့် လက်ထပ် ပေါင်းသင်း ကြတယ် ။ သဘောထား မ တိုက်ဆိုင်တဲ့ အခါ လွယ်လွယ်ပဲ ပြန် ကွဲကြလေ့ ရှိ ပါတယ် ။ 


“ ဘာကြောင့်လဲ ”


“ တစ်ယောက် အကြောင်း တစ်ယောက် အသေအချာ မသိဘဲ ပေါင်းဖက် မိ ကြလို့ ”


အကြောင်း လည်း သိ သွား ရော ဆက်ပြီး ပေါင်းဖက် ချင် စိတ် ကုန် သွား တာ မျိုးပါ ။


ယောက်ျား နဲ့ မိန်းမ တွေ ဟာ အပေါ် ယံ ပေါင်းသင်း ပြီး တစ်ယောက် ကို တစ်ယောက် အရမ်း နားလည် ပြီ ထင် တတ် ကြပါတယ် ။ အမှန်တော့ နား မလည်ကြပါဘူး ။


ဆိုပါစို့ ။ ယောက်ျား တွေ ဟာ အကြမ်း နှုန်း နှစ် မျိုး ကို စိတ်ဝင်စားပါသတဲ့ ။


၁ ။ ပိုက်ဆံ 


၂ ။ မိန်းမ 


မဟုတ်ပါဘူး ။ 


သုံးမျိုးပါ ။ 


၁ ။ ပိုက်ဆံ 


၂ ။ မိန်းမ 


၃ ။ ပိုက်ဆံ ရှိတဲ့ မိန်းမ 


ဒါ့အပြင် အများကြီး ထပ် ရှိ ပါသေးတယ် ။


မိန်းကလေး တွေ ဟာ ပို ပြီးတော့ ခန့်မှန်းရ ခက်ပါ တယ် ။ 


ဥပမာ ။  ။ မိန်းကလေးတွေ က “ ဟုတ်တယ် ” လို့ ပြော လိုက်ရင် အဲဒါ ဟုတ်ချင် မှ လည်း ဟုတ် မှာ ပါ ။ ကိုယ့် ကို ရွဲ့ပြီး ပြော တာလည်း ဖြစ် နိုင်ပါ တယ် ။ “ ဟုတ်တယ် ” ဆိုတာ တကယ် ဟုတ်နေတာ လည်း ဖြစ် နိုင် ပါတယ် ။ ဒါကြောင့် “ ဟုတ်တယ် ” ဆိုတာ မဟုတ်ဘူး လို့ ငြင်း တာ လည်း ဖြစ်နိုင် သလို ဟုတ်တယ် လို့ ဝန်ခံ တာ လည်း ဖြစ် နိုင်ပါ တယ် ။ အဲဒီ ဟုတ်တယ် ဆို တာ ဟုတ်တယ် ၊ မဟုတ်ဘူး အပြင် အခြား သော အဓိပ္ပာယ် သက်ရောက်မှု တစ်ခု လည်း ဖြစ်နိုင်ပါတယ် ။ ဒါကြောင့် လူ ကို နားလည် ဖို့ မပြော နဲ့ ။ မိန်းကလေး တွေ ရဲ့ “ ဟုတ်တယ် ” ဆိုတဲ့ စကားလေး တစ်လုံး ကို နားလည် အောင် အရင် ကြိုးစား ကြည့်ပါ ။ နား မလည်နိုင်ပါဘူး ။ ဒါကြောင့် ဘာ ဖြစ် လာသလဲ ဆိုရင်  


“ နားလည်ပါတယ် ၊ နားလည်ပါတယ် ဆိုပြီး ဘဝ ထဲ ကို ဝင် လာကြတယ် ၊ နား မလည်နိုင်ဘူး ၊ နား မလည်နိုင်ဘူး ဆိုပြီး ဘဝ ထဲ က ပြန် ထွက် သွားကြတယ် ” 


ယောက်ျားလေးတွေ အတော်များများ ဟာ မိန်းကလေး တွေ ကို နားလည် နိုင် ဖို့ ကြိုးစား ကြ ပါတယ် ။ နောက်ပြီး အပေါ်ယံ လောက် ကို သိရှိ ပြီး နားလည်ပြီ လို့ ထင် တတ်ကြပါတယ် ။ အဲဒီ စိတ် နဲ့ ပဲ မိန်းကလေးတွေ ကို တာဝန် ယူ တတ်ကြ ပါတယ် ။ 


“ မင်း ပြဿနာ လည်း ငါ့ ပြဿနာ ၊ မင်း အတွက် အရာရာ တာဝန် ယူ ဖြေရှင်း ပေးနိုင်တယ် ” 


ဒီလို စိတ်မျိုး မွေး ကြပါတယ် ။ 


မှတ်မိပါတယ် ။


ခေါင်းမော့ ရင် ကော့ ပြီး ခပ်တည်တည် ပြော ပါ တယ် ။ 


ကောင်မလေး က တစ်ခွန်း ပဲ ပြန် မေးပါ တယ် ။ 


“ ပင်လယ်စာ မှာ ဘာလို့ ငုံးဥ ပါ တာလဲ ဟင် ”  


ဟိုကောင် ငုတ်တုတ် မေ့ သွားတယ် ။ ဘယ်လိုမှ မဖြေနိုင်ဘူး ။


ဟုတ်တယ်လေ ။ ဒီ ငုံး ဟာ ပင်လယ် ဖြတ် ပျံ ပြီး ဥ ခဲ့တာလဲ မဟုတ် ၊ ပျံ ရလောက် အောင် လည်း တောင်ပံ က မရှိ ။ ပင်လယ် နဲ့ ငုံး ဆိုတာ လားလား မှ မသက်ဆိုင် ။ 


“ ဒါဆို ပင်လယ်စာ မှာ လိုက် တိုင်း ဘာကြောင့် ငုံးဥ ပါ နေရပါသလဲ ”  


မိတ်ဆွေ ။ လောက မှာ မဖြေ နိုင် တဲ့ မေးခွန်းပေါင်း မြောက်မြားစွာ ရှိတယ် ဆိုတာ သတိရပါ ။ 


အဲဒီ ထဲ မှာ မှ မိန်းကလေး တွေ ရဲ့ မေးခွန်းတွေ က ပို ကတ်သီးကပ်သပ် နိုင်တယ် ဆိုတာ သိပါ ။ 


အရာရာ ကို ဖြေရှင်း ပေး နိုင်တယ် ဆိုတာ မဟုတ်ပါဘူး ။ အရာရာ ဖြေရှင်း ပေးနိုင်တယ် ထင် ခဲ့ရင် 


“ ပင်လယ်စာမှာ ဘာလို့ ငုံးဥပါတာလဲ ” 


ဆိုတဲ့ မေးခွန်း ကို သတိ ရပါ ။ ( ဥပမာ အနေနဲ့ ပြော ခြင်းသာ ) 


အရာရာ ကို ဖြေရှင်း ပေး နိုင်တယ် ဆိုတဲ့ ကိုယ့် ကိုယ် ကိုယ် အထင် ကြီး ပြီး သူ များ သားသမီး ကို ဘယ်တော့ မှ တာဝန် မယူပါ နဲ့ ။ အရာရာ ကို မဖြေ ရှင်း ပေး နိုင်ပါဘူး ။ 


သို့သော် တတ် နိုင်သလောက် ပံ့ပိုး ကူညီချင် စိတ် ဖြင့် သာ တာဝန် ယူပါ ။


နောက်ထပ် တစ်ခု သတိ ထား ပါ ။ မိန်းကလေး များ မေးခွန်း ထုတ် ပြီ ဆို ရင် အဲဒီ အဖြေ ကို သူ သိ ပြီး သား ဖြစ် နေ တတ် ပါတယ် ။ 


ဒီလောက်ပါပဲ ။


◾အကြည်တော်


#လူပျိုအပျိုဖတ်စာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment