❝ ဘဝတူ ❞
ကျွန်မ ရုံး က ပြန် တော့ ကျွန်မ ရှေ့ မှာ ဟိုဘက် ရုံး က အမျိုးသမီး နှစ်ယောက် ကို တွေ့ ရပါ တယ် ။ ရုံးချင်း မနီးမဝေး မို့ သူတို့ နဲ့ ကျွန်မ သိ ပေမဲ့ ရင်းတော့ မရင်းနှီးပါဘူး ။
ကျွန်မတို့ ရဲ့ အရှေ့ မျက်နှာချင်းဆိုင် ခပ် လှမ်းလှမ်းမှာ တော့ ကျွန်မ နဲ့ တစ်ရုံးတည်း ဖြစ်တဲ့ ဝတ်ရည် လာ နေတာ ကို လည်း လှမ်း မြင်နေ ရ ပါတယ် ။
“ မုဆိုးမလေး က လှ နေတာပဲ တဲ့ ”
ဝတ်ရည် ကို လှမ်း ကြည့်ပြီး ကျွန်မ အရှေ့က အမျိုးသမီး တစ်ဦး က ပြော လိုက် ပါတယ် ။
“ လှရင် လှတယ်ပေါ့ အစ်မ ရယ် ။ မုဆိုးမလေး က ထည့် ပြောရသေးတယ် ”
ကျန် အမျိုးသမီး က ရယ်ရယ်မောမော နဲ့ ပြော ပါတယ် ။
“ ထည့် ပြော တော့လည်း သိ ရတာပေါ့ ဟယ် ။ လှနေတော့ မသိရင် အပျို ထင် ပြီး ကြိုက်ကြ လို့ သူ့ ကလေး တွေ ဒုက္ခ ရောက်မှာ စိုးလို့ ပါ ”
ဝတ်ရည် အမျိုးသား က မကြာသေးခင် က မှ ဆုံးသွားခဲ့လေသည် ။ သားသမီး သုံးယောက် ရှိသော် လည်း ဝတ်ရည် က ကလေး အမေ လို့ မထင်ရအောင် လှပ ချောမော လွန်းလေသည် ။
“ ပြောသာ ပြောတာပါ ၊ သိ လည်း တွင်း ဟောင်းရေကြည် အေးမြသည် ဆိုပြီး ကြိုက်ချ င် ကြိုက်ကြမှာ ပါပဲ ”
ထိုသို့ ပြောပြီး အမျိုးသမီး နှစ်ဦး က ရယ် နေ ကြပါတယ် ။ ရယ်ရင်း အနောက် ဘက် ကို လှည့် ကြည့်တော့ ကျွန်မ ကို မြင်ပြီး အရှိန် တန့် သွားပါတယ် ။ ထို့နောက် အားနာသလို ၊ မျက်နှာ ပူသွားသလို အမူအရာ ဖြစ် သွားပြီး
“ တစ်မျိုး မထင်နဲ့ နော် ၊ ဟို ရှေ့က ဝတ်ရည် ကို စ နေတာပါ ”
နှစ်ယောက် စလုံး ပြာပြာသလဲ နဲ့ ကျွန်မ ကို ပြော ကြပါတယ် ။
“ ရပါတယ် ၊ ကိစ္စ မရှိပါဘူး ”
ကျွန်မ ပြုံးပြီး ပြန် ပြောလိုက်ပါတယ် ။ သူ တို့ က သူတို့ စကား ကြောင့် ကျွန်မ ကို အားနာ ပြီး ရှေ့ က နေ ခပ်သုတ်သုတ် လျှောက် သွားကြ ပါတယ် ။ သူတို့ စကား ကို မုဆိုးမ ဖြစ်တဲ့ ကျွန်မ က စိတ်ဆိုးစရာ လို့ မမြင်ပေမဲ့ ကျွန်မ စိတ် ထဲ က ပြောတဲ့ စကား ကို သူတို့ ကြား ရင်ဖြင့် ကျွန်မ ကို စိတ် ဆိုးလေမလား ဟု တွေးရင်း ကျွန်မ တစ်ယောက် တည်း ပြုံး မိပါတယ် ။
“ နှစ်ယောက်လုံး တစ်ပြိုင်နက် ေ .သ သွားတဲ့ လင်မယား က လွဲရင် ကျန်တာ အကုန် မုဆိုးမ နဲ့ မုဆိုးဖိုတွေ ကြီး ပါပဲ အေ ။ စော တာနဲ့ နောက် ကျတာပဲ ကွာ ပါတယ် ။ ဒါ ဘာ ထူးဆန်းလို့ လဲ ။ ငါ တို့ က ကော ဘာ ထူးဆန်းနေလို့ လဲ ”
◾ မိလေးညို
📖 ဟာဟ ( ၁ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment