Saturday, November 5, 2022

လူပျို အပျို ဖတ်စာ ( ၂၆ )


 “ မစဉ်းစားရင် မစွဲလမ်းပါဘူး ” တဲ့ ။


ကျွန်တော် တို့ ဟာ စွမ်းရည် မြင့်မားတဲ့ လူသား တွေ ဖြစ်နေတဲ့ အတွက် တစ်စုံတစ်ခု ကို  စဉ်းစား ရင်း အချိန် ဖြုန်း လေ့ ရှိပါတယ် ။


ဥပမာ ။  ။ ဂိမ်းသမား က ဂိမ်း အကြောင်း စဉ်းစားမယ် ။ ကျောင်းသား က  စာမေးပွဲ အကြောင်း စဉ်းစားမယ် ။ တရားသမား က နိဗ္ဗာန် ရောက်ကြောင်း  စဉ်းစားမယ် ။ . လူငယ်လေးတွေ က အချစ် အကြောင်း စဉ်းစားမယ် ။ ဒါဟာ သဘာဝ ပါ ပဲ ။


စဉ်းစားရင်း တွေးခေါ်  ရင်း နဲ့ သာ လူသား စရိုက် လက္ခဏာ တိုးတက် ပြောင်းလဲ လာကြတာပါ ။


“ တွေးခေါ်  ” တစ်ခု ပါ လာပါပြီ ။


“ စဉ်းစား တွေးခေါ်  ”


တွေးခေါ်ခြင်း ဟာ ကောင်းခြင်း ဆိုးခြင်း နဲ့ အမှန်တရား ကို ခွဲခြမ်း စိတ်ဖြာခြင်း လည်း ဖြစ်ပါတယ် ။ ဒါပေမဲ့ အချစ်ကိစ္စ မှာ တော့ “ တွေးခေါ်  ” ဆို တဲ့ အပိုင်း ကို ထည့် မထားပါဘူး ။


“ မစဉ်းစား ရင် မစွဲလမ်းဘူး ” တဲ့ ။


ဘာကြောင့်လဲ ။ လူ ဆိုတာ အချစ် စိတ် ဖုံးလွှမ်း သွားရင် တွေးခေါ် နိုင်စွမ်း နည်း သွား လို့ ဖြစ်ပါလိမ့်မယ် ။ လူ တစ်ယောက် ကို တွေ့တယ် ။ သူ့ ကို ချစ် မိတယ် ။ အချိန်တိုင်း သူ့ အကြောင်း ပဲ စဉ်းစား မိပြီး စွဲလမ်း လာတယ် ။


“ စွဲလမ်း စိတ် ပို လာတဲ့ အခါ မိုက်ရူးရဲ ဆန်ချင် လာတယ် ”


ဘာလို့လဲ ။ အမှန်အမှား တွေးခေါ်နိုင် စိတ် နည်း သွားလို့ပါပဲ ။ ဒါကြောင့်လည်း အချစ်ကိစ္စ နဲ့ ပတ်သက်ပြီး “ ဖြစ် ချင် ရာ ဖြစ် ” ဆိုတဲ့ သူ တွေ ပေါ် လာကြတယ် ။


“ သူ့ ကို မှ မရ ရင် ဘာ လုပ်ပစ်မယ် ၊ ညာ လုပ်ပစ်မယ် ”


“ ကိုယ့် လက် ကိုယ် ဓား နဲ့ လှီးတာမျိုး ၊ အိပ်ဆေးတွေ သောက် ပစ်တာမျိုး ” က အစ ပေါ့ ။


ဘာကြောင့်လဲ ၊ သူ့ အကြောင်း လိုအပ်တာ ထက် ပိုပြီး စဉ်းစား မိတဲ့ အခါ ၊ တွေးခေါ်နိုင်စွမ်း နည်း သွား လို့ပါပဲ ။ ဒါဆိုရင် အချစ်ရေး မှာ မစဉ်းစားသင့်ဘူးလား ။


“ စဉ်းစားရမယ် ”


“ သူ့ ကို ကိုယ် တကယ် ချစ်တဲ့ အခါ နှစ်ယောက် ပေါင်းပြီး ဖြစ်လာတဲ့ ဘဝ ကို စဉ်းစား ရမယ် ”


ဘဝ နှစ်ခု ပေါင်း ခြင်း ဟာ မိသားစု နှစ်ခု ပေါင်းခြင်း ဖြစ်တဲ့ အတွက် နှစ်ဖက် မိသားစု အကြောင်း စဉ်းစား ရမယ် ။ နှစ် ဘဝ ပေါင်းဖက် ရ မှာ ဖြစ်တဲ့ အတွက် လိုအပ်တဲ့အလုပ်အကိုင် ၊ ငွေကြေး စဉ်းစား ရပါ့မယ် ။


သားသမီးတွေ မွေး လာတဲ့ အခါ သူတို့လေးတွေ လူတန်းစေ့ နေ နိုင်ဖို့ လည်း စဉ်းစား ရ မှာ ဖြစ်ပါတယ် ။


ဒါမှ မဟုတ်ဘဲ သူ့ မျက်နှာ ကွက်ကွက်ကလေး ပဲ ထိုင် စဉ်းစားမိတယ် ဆို ရင် တော့ သူများ သားသမီး ဒုက္ခ မပေးပါနဲ့ ။ ကိုယ့် ကိုယ် ကိုယ် လည်း ဒုက္ခ မခံပါနဲ့ ။ မှတ်ထားပါ ။


“ အချစ်စိတ် ဆိုတာ လူတိုင်း အလကား ရ တဲ့ ရောဂါ တစ်မျိုးပါ ”


ဒီ ရောဂါ ဟာ သူ့ အကြောင်း စဉ်းစား ရင်း နဲ့ အလို လို ဖြစ် လာတာပါ ။ တွေးခေါ်ခြင်း နဲ့ ကုသ လို့ ပျောက် ပါတယ် ။


တချို့ကလည်း ရှေ့ရေး ကြို မတွေးပါဘူး ။


“ အချိန် တန် ရင် သူ့ အလိုလို ဖြစ်သွားပါလိမ့်မယ် ”


ဖြစ်ပါလိမ့်မယ် ။


“ အသက်အရွယ် ကြီး မှ ဒုက္ခ ရောက်နေတဲ့ လူကြီး ”


ဒါကြောင့် အချစ်ကိစ္စ နဲ့ ပတ်သက်ပြီး ကံကောင်း ချင် သလား ။ စဉ်းစား ချည်း မနေပါနဲ့ ။ အနာဂတ် ကို ကြို တွေးပါ ။ ဒါ ဆိုရင်တော့ သာယာ တဲ့ အိမ်ထောင်ရေး တစ်ခု ဖြစ်လာ နိုင်ပါတယ် ။


“ မစဉ်းစားရင် မစွဲလမ်းပါဘူး ” 


◾အကြည်တော်


#လူပျိုအပျိုဖတ်စာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment