Monday, November 14, 2022

ဟာသ သရုပ်ဆောင် ဗေလုဝ နှင့် ဗျူးရယ် ရယ်ဗျူး


 

❝  ဟာသ သရုပ်ဆောင် ဗေလုဝ နှင့် ဗျူးရယ် ရယ်ဗျူး ❞

“ လူ က ချော ချင် လျက် နဲ့ မျက်နှာ က ဖျက် နေ တာ .. ကြည့် ပါလား ... ရုပ် ကို က ဘီလူးရုပ် နဲ့ ”  ဆို တဲ့ စကား လေး က အမနာပ တစ်ဖက် သား ကို နာ စေချင်လို့ ပြောတဲ့ စကားလေး မဟုတ် တန်ရာ ။ ရင်းနှီး ချစ်ခင်ကြသူ တွေ နောက်ပြောင် ကျီစယ် လို ၍ ပြော တဲ့ စကားလေး တစ်ခွန်း ပါ ။

ထို စကားလေး က ကိုဗေလုဝ ဆို တဲ့ ဘီလူး သရုပ်ဆောင် ကို များ ရည်ရွယ်ခဲ့လေသလား မသိ ။ အခုတော့ ကိုဗေလုဝ ဟာ တကယ့် ကို ဘီလူး ဖြစ် သွား ခဲ့ပြီလေ ။ ဘီလူး ဇာတ်ကား ဟာ သူ့ ရုပ် ကို ပြပြီး ( အဲ .. မှားလို့ ) သူ့ ရဲ့ အနုပညာ ကို ပီပြင်စွာ ပြပြီး မှတ်တိုင် စိုက်ထူခဲ့တာ ကို ကြည့် ရင် သိ နိုင်လောက်ပါပြီ ။ သူ နဲ့ တွေ့စဉ် မှာ ကျွန်တော့် ကိုယ် ကျွန်တော် တောင် တော်တော်လေး ဝမ်းနည်း သွား မိသည်  ။ “ ဒီလောက် ရုပ် ဆိုး တဲ့ လူ တောင် မင်းသား ဖြစ် သေးတာ ... ငါ သူ့ လောက် ရုပ်မဆိုးဘဲ နဲ့ ”  လို့ တွေးမိ ရင်း ကိုဗေ နဲ့ ပြော ဖြစ် ခဲ့တာများ ကို ပြန် ဖောက်သည် ချ လိုက် ပါ ရစေတော့ ။

မေး - ကိုဗေလုဝ က ပြောခဲ့ တယ် နော် ။ ဘီလူး ဖြစ် မဖြစ်တော့ မသိဘူး ၊ ဗေလုဝ တော့ ပျောက် သွားတယ် ဆိုတာ လေ ။ တကယ်ရော ပျောက် သွားခဲ့တာလား ။ တချို့ က တော့ ဗေလုဝ ကို အခု မှ တွေ့ တာတဲ့ ဗျ ။

ဖြေ - ဘီလူး ထွက် ပြီး တဲ့ နောက် မှာ ကျွန်တော့် ကို တွေ့ ရင် “ ဘီလူး ” လို့ ခေါ်ကြတာ များ ပါ တယ် ။ ဗေလုဝ က တော့ ဘယ် ပျောက်မလဲ ဗျာ ။ “ ဗေလုဝ ” ကြောင့် “ ဘီလူး ” ဖြစ် သွား တာပဲ ။ 

မေး - ဘီလူး ကြောင့် ဗေလုဝ ဖြစ် တာလား ၊ ဗေလုဝ ကြောင့် ဘီလူး ဖြစ်သွားတာလား ။

ဖြေ - ဗေလုဝ ကြောင့် ဘီလူး ဖြစ်တာပါ ။ ဗေလုဝ က ဘီလူး ထက် စော တဲ့ သရဲ ။

မေး - ဗေလုဝ နဲ့ ဘီလူး ကြာသပတေး နဲ့ ဗုဒ္ဓဟူး ကက်ကင်း ကြောင့် ဘီလူး ပို အောင်မြင်ခဲ့ တယ် လို့ ဆို ရင် ဆို လို့ ရ နိုင်မလား ။

ဖြေ - နက္ခတ်တွေ ၊ ကြယ်တာရာတွေ ဆေးပေါင်း စုံ သွားတယ် ထင်ပါရဲ့ ဗျာ ။

မေး - ကိုဗေ က ဟာသ သရုပ်ဆောင် တစ်ယောက် အနေ နဲ့ ရယ်စရာတွေ ချည်း ပဲ လုပ် ရ တော့ စိတ်ညစ်စရာ တွေ ကျန် သေးလား ။

ဖြေ - လူ ဆို တာ ရုပ်ကြီး ရှိ သရွေ့ စိတ် က ဦးဆောင် နေတာ မဟုတ်လား ။ စိတ် တစ်ခု ရှိ နေမှ တော့ ညစ်တာ ၊ ဖြူတာ တွေ ရှိ နေမှာ ပေါ့ ။ ဖူဂျီ နဲ့ တော့ လျှော်လို့ မရဘူး ။

မေး - စိတ်ညစ် နေ တဲ့ လူ တစ်ယောက် ကို  ရယ်မော လာ အောင် ကိုဗေ ရဲ့ ဟာသ ဉာဏ် နဲ့ တကယ် တတ်စွမ်း နိုင် ပါ့မ လား ။

ဖြေ - ကျွန်တော့် ဆီ သာ ခေါ် လာခဲ့ဗျာ ။

မေး - ပရိသတ်တွေ ရယ်မောနိုင် ဖို့ အတွက် မှတ်မှတ်ရရ စိတ်ညစ်စရာ လေးတွေ တွေ့ ကြုံ ခဲ့ရင် တစ်ခု လောက် ပြောပါဦး ။

ဖြေ - မှတ်မှတ်ရရ စိတ်ညစ် စရာကတော့ ရည်းစား ကို ချိန်း ထားပြီး ချစ်သူရည်းစား ရောက် မလာတဲ့ အချိန်ပဲ ။ 

မေး - ကိုဗေ့ ဘဝ မှာ ဟာသ သရုပ်ဆောင် တစ်ယောက် သာ မဖြစ်ခဲ့ဘူး ဆိုရင် အခု ချိန် မှာ ဘာ ဖြစ်နေခဲ့မလဲ ။

ဖြေ - ကျွန်တော် သာ သရုပ်ဆောင် တစ်ယောက် ဖြစ် မလာဘူး ဆို ရင် ကဗျာဆရာ ၊ ဝတ္ထုတို ဆရာ တော့ ဖြစ် နေပြီပေါ့ဗျာ ။

မေး - ဘီလူး ရုပ်ရှင်ကား ဟာ ကိုဗေ တို့ လို ဇာတ်ပို့ဇာတ်ရံ လုပ် နေသူတွေ အတွက် အလင်းပွင့် တစ်ခု ပွင့် ထွက် လာတယ် လို့ ပြောရင် ပြောလို့ ရနိုင်မလား ။

ဖြေ - ပြောလို့ ရပါတယ် ။

မေး - ဟာသ နဲ့ ပတ်သက်လို့ နိုင်ငံတကာ မှာ ရော မြန်မာ မှာ ပါ ဘယ်သူတွေ ကို တိမ်းညွတ် အားကျ ခဲ့ဖူးပါ သလဲ ။

ဖြေ - နိုင်ငံတကာ မှာ ချာလီ ချက်ပလင် ၊ မြန်မာ မှာ ဖိုးပါ ကြီး ။

မေး - တကယ်လို့ များ မစ္စတာဘင်း လို စကား မပြောဘဲ အမူအရာ နဲ့ ရယ် ရအောင် သရုပ်ဆောင် ဖို့ ကမ်းလှမ်း လာခဲ့ရင် လက်ခံဖို့ အစီအစဉ် ရှိပါသလား ။

ဖြေ - သရုပ်ဆောင် တစ်ယောက် မှာ ဘာ မလုပ်ချင်ဘူး လို့  ငြင်းပိုင်ခွင့် မရှိပါဘူး ။

မေး - ဟာသ သရုပ်ဆောင် ဖြစ်ဖို့ နဂိုဗီဇ ဟာသ ဓာတ်ခံ အရေး ကြီးသလား ။ အားထုတ်မှု ပါရမီ က အရေး ကြီးသလား ။ ရုပ်အခံ နဲ့ တင်္ခဏုပ္ပတ္တိဉာဏ် က အရေး ကြီးသလား ။

ဖြေ - အားလုံး ပြည့်စုံ ရင် ပို ကောင်းတယ် ။

မေး - လက်တန်း ရယ်စရာ တွေ ပြော တတ်တဲ့ သူ ကို “ ဗရွတ်ရွှတ်တ ကောင် ”  ၊ အခကြေးငွေ ယူပြီး ပြော တတ်တဲ့ လူ ကို “ လူရွှင်တော် ” လို့ ကာတွန်း ဆရာစောမင်းဝေ က ဆို တယ် ။ ကိုဗေ့ သဘော ထားက ရော ။

ဖြေ - ကာတွန်းဆရာ စော မင်းဝေ စကား က အမှန်ပဲ ။

မေး - တကယ်လို့ များ မစ္စတာဘင်း က ဇာတ်လမ်း တစ်ပုဒ် လောက် အတူတူ သရုပ်ဆောင် ကြည့် ရအောင် လို့ ကမ်းလှမ်းလာခဲ့ရင် ။

ဖြေ - မစ္စတာဘင်း က ကမ်းလှမ်း လာ ရင် ကျွန်တော် ငြင်း မှာ ပဲ ။ ဘာဖြစ်လို့ လဲဆို တော့ သူ ဟာ ကျွန်တော့် လောက် နိုင်ငံ မကျော်လို့ ပဲ ။

မေး - ကိုဗေ က ဟာသဓာတ် ကြောင့် ရုပ်ဆိုး နေတာလား ။ အရုပ် ဆိုး လို့ ဟာသ သရုပ်ဆောင် ဖြစ်တာလား ။

ဖြေ - အမေ ပေးတဲ့ အမွေ မျက်နှာလေးပဲ ဗျာ ... ချော ချော ဆိုးဆိုး ချစ် ရမှာ ပဲ ။ 

မေး - ခင်ဗျား ဘောလုံး ဂျာနယ်တွေ ဖတ် တယ်နော် ။ ကမ္ဘာ က ဘောလုံးသမားတွေ နဲ့ မြန်မာ ဘောလုံးသမားတွေ ထဲ က ဘယ်သူ တွေ ကို ကြိုက် သလဲ ။

ဖြေ - ကမ္ဘာ မှာ တော့ ရွန်းနီ နဲ့ ရော်နယ်ဒင်ဟို ။ မြန်မာ မှာ စိုးမြတ်မင်း ။ ရော်နယ်ဒင်ဟို က အမြဲ တမ်း သွားဖြီး လေး နဲ့  ၊ ဗေလုဝ နဲ့ တူ လို့ ကြိုက်တာ ။

မေး - ကမ္ဘာ မှာ ကို ဘယ် အသင်း ကို အကြိုက်ဆုံးလဲ ။ တကယ်လို့ အဲဒီ အသင်း က သူ တို့ အိမ်ကွင်း မှာ ကန်တဲ့ ပွဲ ကို လာ ကြည့် ဖို့ ဖိတ်ခေါ်ရင် သွား ကြည့်မှာ လား ။

ဖြေ - မန်ယူ ကို အကြိုက်ဆုံး ပဲ ။ သူတို့ က လိုလိုလားလား လက်မှတ် ပေး ရင်တော့ သွား ကြည့် မှာ ပေါ့ဗျာ ။

မေး - ကဲ ... ကိုဗေ ရေ ၊ နောက်ဆုံး အနေ နဲ့ ဟဒယ ပရိသတ် အတွက် ရယ်စရာ တစ်ခွက် လောက် တိုက်ကျွေး ပေးပါလားဗျာ ။ 

ဖြေ - တစ်ခါ က ရပ်ကွက် ထဲ မှာ ချဲ အိမ် ကို ရဲ က ဝင် ဖမ်း ရော ။ ရဲ က အရပ်ဝတ် နဲ့ အိမ်ဝ
မှာ စောင့် နေ ၊ အဘိုးကြီး တစ်ယောက် က စာရွက်လေး နဲ့ ဝင် လာ ၊ ရဲ က မဖမ်းချင်တာ နဲ့ “ အဘ ... ပြန် ” လို့ ပြော တာ ကို အဘိုးကြီး က “ ငါ့ ဂဏန်း က ပြန်စရာ မလိုဘူးကွ .. ဒဲ့ ( တည့် ) ပဲ ... ဒဲ့ ( တည့် ) ပဲ ” နဲ့ နောက်ဆုံး ကား ပေါ် ကို ပါ သွား ပါလေရော ဗျာ ။

◾ ဝိုင်းစက်ကို

📖 ဟဒယမဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၂၀၀၈

#ကိုအောင်နိုင်ဦး
.

No comments:

Post a Comment