Monday, November 7, 2022

လူပျို အပျို ဖတ်စာ ( ၂၈ )


 “ တစ်ခါတစ်ရံ မှာ အချစ် ကို ရှာဖွေ နေတာ နဲ့ စာရင် ”


“ လက်ထပ် စာချုပ် ပြေး ဝယ် လိုက်တာ က ပို မြန်ပါတယ် ”


အချစ် က လက်ဆောင် ရ ထား တဲ့ ဖန်ထည် ပစ္စည်း နဲ့ တူ ပါတယ် ။


အလကား ရ တဲ့ အတွက် တန်ဖိုး မရှိဘူးလို့ တွက် ချင်ရင် လည်း ရပါတယ် ။ ဒါပေမဲ့ အသေအချာ တယုတယ ထား ရင် လည်း သူ များ ငေး ကြည့် ရ လောက် အောင်  လှပ နေမှာပါ ။ တချို့ က လည်း ပစ်စလက်ခတ် ထား တဲ့ အတွက် အချစ် ဟာ ကွဲကြေ လွယ် ပါတယ် ။ တချို့ က လည်း “ အချစ် ဆို တာ တန်ဖိုး မရှိပါဘူး ကွာ ” ဆိုပြီး ချောင်ထိုး ထား ရာ က တစ်သက်လုံး ပြန် ရှာ မတွေ့တော့တာမျိုး ဖြစ် တတ်ပါတယ် ။


ပြောပါရစေ ။


အချစ် ကို ချောင်ထိုး ထား တတ် တဲ့ အထဲ မှာ အပျိုကြီး ၊ လူပျိုကြီး တွေ ပါ ပါတယ် ။


လောက မှာ “ နတ်ဖက် တဲ့ စုံတွဲ ” တွေ ရှိ သလို “ နတ်ဖွက် တဲ့ စုံတွဲ ” တွေ လည်း အများကြီး ရှိ ပါတယ် ။ 


အပျိုကြီး လူပျိုကြီး ဆိုတာ ။


“ နတ် ဖွက် ခြင်း ခံရတဲ့ သူတွေ  ပါ ”


“ အားမငယ်ပါနဲ့ ”


“ ဖူးစာရေးနတ် ဟာ သူ ချစ်တဲ့ သူတွေ တခြား နောက် ပါသွားမှာ စိုးလို့ ရံဖန်ရံခါ ဖွက်ထား တတ် ပါတယ် ”


( ဒီလိုပဲ နှစ်သိမ့် ရတာပေါ့ )


“ လူပျိုကြီး ဆိုတာ အရာရာ ပိုင်ဆိုင်ပြီး ဘာ ပိုင်ဆိုင်မှု မှ လက်ဆုပ် လက်ကိုင် မပြနိုင်သူတွေ ဖြစ်ပြီး ”


“ အပျိုကြီး ဆိုတာ အရာရာ ကို ပိုင်ဆိုင်ခွင့် ရှိပေမဲ့ ကျော်ခွပြီး အရာရာ ကို ဘာ ပိုင်ဆိုင်မှု မှ လက်ဆုပ် လက်ကိုင် မပြနိုင်သူ ” အကောင်းဆုံး ဆိုတာ ကျော် ခွ ပြီး “ ဒီထက် ပို ကောင်း တာများ ထပ် ရှိနိုင်ဦးမလား ” ရှာဖွေရင်း အရွယ် လွန် သွား သူတွေ ဖြစ်ပါတယ် ။


လူတွေ က သက်တမ်း အရ ( မတော်တဆ မပါ ) တကယ် အိမ်ထောင် ပြုချင်စိတ် ဖြစ်တာ ယောက်ျားလေး က ( ၂၆ ) နှစ် ဖြစ်ပြီး ၊ မိန်းကလေး တွေ က ( ၂၂ ) နှစ် ဖြစ် ပါသတဲ့ ။ ပြီးတော့ ယောက်ျားလေး တွေ က ( ၃၂ ) နှစ် မှာ တစ်ကြိမ် ထပ် ဖြစ်ပြီး ၊ မိန်းကလေး တွေ က ( ၂၆ ) နှစ် မှာ အိမ်ထောင် ပြုချင် စိတ် ထပ် ဖြစ်ကြပါတယ် ။ ယောက်ျားလေး တွေ  ( ၃၈ ) နှစ် မှာ အိမ်ထောင် ပြုချင်စိတ် ထပ်ဖြစ်ပြီး ၊ မိန်းကလေး တွေ က ( ၂၈ ) နှစ် မှာ အသည်းအသန် ဖြစ်လေ့ ရှိတယ် လို့ ဆိုပါတယ် ။


တကယ်တမ်း အိမ်ထောင် ပြု သင့် တဲ့ အရွယ် ၊ အချစ်စစ် ကို တွေ့ နိုင်တဲ့ အရွယ် က ( ၂၆ ) နှစ် က နေ ( ၃၂ ) နှစ် အရွယ် လို့ ဆိုပါတယ် ။ ပြော ရ ရင် တော့ လူ့ သက်တမ်း တစ်လျှောက် အချစ်စစ် ကို တွေ့ရှိ နိုင်ခြေ ဟာ ( ပျမ်းမျှ အားဖြင့် ) အရမ်း ကို နည်း လွန်းပါတယ် ။ ပြော ရ ရင်တော့ ယောက်ျားလေး တွေ ထက် စာ ရင် မိန်းကလေးတွေ ဟာ တစ်အိုးတစ်အိမ် ထူထောင်ချင် စိတ် ပို များ ပါတယ် ။


ဆိုပါစို့ ။


အသက် ( ၂၈ ) နှစ် လောက် က နေ စ ပြီး အပျိုကြီး လူပျိုကြီး အဖြစ် စတင် သတ်မှတ် ကြပါတယ် ။ အမှန်တော့ ( ၃၂ ) နှစ် ကျော် ရင် တော့ အပျိုကြီး လူပျိုကြီး တကယ် ဖြစ်ပါပြီ ။


အပျိုကြီး လူပျိုကြီး ဖြစ်ကြတာ အကြောင်းပြချက် မျိုးစုံ လည်း ရှိတတ်ကြပါတယ် ။ မိဘ မခွဲနိုင်လို့ ၊ စိတ်ကြိုက် မတွေ့လို့ ၊ ကိုယ့် ကို ချစ်မယ့်သူ မရှိလို့ စသည်ဖြင့် ပေါ့ ။


အမှန်တော့ “ အရွေး လွန် ရင်း အရွယ် လွန် သွားတာပါပဲ ”


အိမ်ထောင် ပြု ချင်ရင် ဘယ်သူ မဆို ပြုလို့ ရနိုင် ပါတယ် ။


ဘယ်လောက်ကြီးပဲ ရုပ် ဆိုးပါစေ ၊ ဘယ်လောက်ပဲ ချို့ယွင်းချက် ရှိပါစေ အိမ်ထောင် ပြုချင် ပြုလို့ ရပါတယ် ။ ဒါပေမဲ့ ပြုလို့ မရ သူ တွေ လည်း ရှိပါတယ် ။ “ အပျိုကြီး လူပျိုကြီး ”  တွေပါ ။


ကိုယ်တိုင် လည်း လူပျိုကြီး ဖြစ် နေလေတော့ လူပျိုကြီး အကြောင်း ကောင်းကောင်း သိပါတယ် ။


လူပျိုကြီး အပျိုကြီးတွေ ဟာ အနည်းငယ် တော့ ကြောင်တောင်တောင် နိုင် ပါတယ် ။ ( ကျွန်တော် လည်း အူကြောင်ကြောင် ကောင်မျိုး ပါ ပဲ )


သူတို့ တွေ ဟာ အိမ်ထောင်ရေး နဲ့ ပတ်သက်ပြီး အစဉ်းစား လွန် တဲ့ ရောဂါ ရ နေကြတာ များပါတယ် ။ နောက် ပို ဆိုး တာ က “ လွယ်လွယ်ကူကူ နဲ့ စိတ်ပျက် တတ် တဲ့ ရောဂါ ” ပါ ။ ကျန်တဲ့ အရာဝတ္ထုပစ္စည်း အသုံးအဆောင် ၊ ယုတ်စွ အဆုံး ကိုယ့် ရဲ့ အပေါင်းအသင်း ကို က အစ စိတ် မပျက်တတ်ပါဘူး ။


ဒါပေမဲ့ ချစ်သူ နဲ့ ပတ်သက် ရင် တော့ စိတ်ပျက် လွယ် ကြပါတယ် ။ အဓိက အတွေး က တော့ “ ရေရှည် ငါ နဲ့ ဖြစ် ပါ့မလား ” ဆိုတာ ပါ ပဲ ။


ဟိုဘက် က ဖြစ်ပါတယ် ။ ကိုယ့် ဘက်က သာ မဖြစ်တာ များ ပါတယ် ။ တစ်ယောက် တည်း ကို ပဲ ချစ် ၊ အဲဒီ တစ်ယောက် နဲ့ မညားလိုက် လို့ အပျိုကြီး လူပျိုကြီး ဖြစ် တာ ဒီ ခေတ် မှာ ရှား ပါတယ် ။


“ မင်း ကို မှ မချစ်ရ ရင် ဒီဘဝ မှာ ငါ တော့ ‌ေ သ ရချည်ရဲ့ ”  ဆိုတဲ့ သူ တွေ ခုချိန် ထိ မ‌ေ သ သေးဘဲ ၊ သား တွဲလောင်း မယား တွဲလောင်း နဲ့ လန်းလန်းကြီး ရှင်သန် နေကြသူ တွေ ကို အပျိုကြီး ၊ လူပျိုကြီး တွေ မမြင်ချင် မှ အဆုံး မြင်တွေ့ နေရမှာပါ ။


“ မင်း နဲ့ သာ မညား ရ ရင် ဒီဘဝတော့ ငါ ‌ေ သ ပြီပဲ“ 


လို့ ပြော သူတွေ သာ တကယ် ‌ေ သ ရင် နေ့စဉ် သတင်းစာ တစ်စောင်လုံး နာရေးကြော်ငြာ နဲ့ ပဲ ပြည့် နေ မှာ သေချာပါတယ် ။ 


ဘဝ မှာ အသက် ကြီး လာ တဲ့ အခါ “ ဆေးပေး မီးယူ ၊ ကူဖော် လောင်ဖက် ” လိုအပ် မှန်း အပျိုကြီး လူပျိုကြီးများ သိ ကြပါတယ် ။


ဒါပေမဲ့ သူတို့ ရဲ့ အတွေး မှာ ကို က


“ ဆေးပေး မီးယူ လိုအပ် တာ တော့ မှန်ပါရဲ့ ၊ ဒါပေမဲ့ အသက် ကြီး လာ တဲ့ အခါ ၊ ကိုယ် က ဆေး ပေး နေရပြီး ၊ သူ က မီးယူ ( အပူ ) လာရင် ဒုက္ခ ”


“ ကူဖော် လောင်ဖက် ဆိုတဲ့ အတိုင်း ကိုယ် က ကူဖော် ၊ သူ က လောင်ဖက် ( မီး ) ဖြစ် နေရင် ဒုက္ခ ”


မဆီမဆိုင် တွေ တွေး တာနော် ။ တွေး ရင်လည်း ကိုယ့် ဘက် နာမှာ စိုးလို့ အဲလို တွေး တာ ။


“ သူ အဆင်ပြေပါ့မလား ”


ဆိုတဲ့ အတွေး ထက် ကို


“ ကိုယ် အဆင်ပြေပါ့မလား ”


အဲဒါ အမြဲ ခေါင်းထဲ ရောက် ရောက် လာတယ် ။


“ ငါ နဲ့ ရေရှည် အဆင် မပြေ နိုင်ပါဘူးလေ ”


ဆိုတဲ့ အတွေးမျိုး နဲ့ သာ ဇာတ်သိမ်း သွားကြတာ များ ပါတယ် ။


“ လောက မှာ ဒီလောက် ရွေးချယ်စရာ များ တာ ၊ သူတို့ ဘာလို့ အိမ်ထောင် မကျတာလဲ ”


အဖြေ က ရှင်းပါတယ် ။


“ လူပျိုကြီးတွေ က အပြေး သန်လို့ ”


“ အပျိုကြီးတွေ က အရှောင် မြန်လို့ ”


လောက မှာ လေး နဲ့ မြား လွယ်ပြီး ရောက် လာ ပါ လျက် နဲ့ ဘယ် ပစ်မှတ် ကို မှ ထိ အောင် မပစ်ဖူး တဲ့ ၊ ဘယ် သားကောင် ကို မှ ရအောင် မဖမ်းနိုင်ဘဲ ကိုယ့် ကိုယ် ကိုယ် လူစွမ်းကောင်း ထင် နေကြတာ “ အပျိုကြီး လူပျိုကြီး ” တွေပါပဲ ။


“ ငါ နဲ့ တော့ မဖြစ်လောက်ပါဘူး ” အတွေး နဲ့ ခပ်ဝေးဝေး မှာ ဆွေးပြီး ကျန်နေခဲ့ရသူ ။


အဲ … ဒါပေမဲ့ အထင်တော့ မသေးနဲ့နော် ။


“ အပျိုကြီး လူပျိုကြီး ဆိုတာ သင်ကြားရေး မှာ ပါရဂူ ”


“ ကိုယ်တိုင် ဝင် ဖြေ မှ စာမေးပွဲ မအောင်တာ ”


နောက် တစ်ခု မှတ် ထားပါ ။


“ အိမ်ထောင် ပြု ရတာ လွယ်ပါတယ် ”


“ အပျိုကြီး လူပျိုကြီး ဖြစ်ဖို့ နှစ်ပေါင်း ( ၃၀ ) ၊ ( ၄၀ ) လောက် မရင်း ရင် မရပါဘူး ”


နောက်ထပ် တစ်ခု မှတ်ထား ပေးပါ ။


Fall in love ( ချစ်မိတာ လွယ်ပါတယ် )


Stay in love ( ချစ်ခြင်း ကို တည်မြဲအောင် လုပ်ရတာ ခက်ခဲပါတယ် )


Not stay in love ( ချစ်ခြင်း ကို တည်မြဲအောင် မလုပ်နိုင်ရင် အပျိုကြီး လူပျိုကြီး လုပ်ပါ )


စိတ် ချမ်းသာ ရ ပါလိမ့်မယ် ။


◾အကြည်တော်


#လူပျိုအပျိုဖတ်စာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment