Saturday, November 12, 2022

ဘဝ အရသာ


 

❝  ဘဝ အရသာ ❞

အထက်တန်းပြ ဆရာ ဦးဘသန်း သည် သူ့ တပည့် များ ၏ သင်္ချာလေ့ကျင့်ခန်းများ ကို  စစ်ဆေးလျက် ရှိ၏ ။ ဆရာ ကတော် ဒေါ်လှ ကြည် က နောက်နေ့ နံနက်စာ ချက် ရန် ဆန်ထဲမှ စပါးလုံးများ ကို ကောက်ယူ သန့်စင်လျက် ရှိလေ ပြီ ။ အချိန် က ည ၇ နာရီ ခန့် ရှိလေပြီ ။ 

“ ဗျို့ ဆရာ ကြီး ၊ ဆရာဦးဘသန်း ရှိ သလား ဗျို့”

ဟူသော ခေါ်သံ ကြား လိုက် ရ၍ ဦးဘသန်း က အိမ်ရှေ့သို့ လှမ်း ကြည့်လိုက်ရာ လေးအိမ် ကျော် တွင် နေ သော အငြိမ်းစား ရုံးဝန်ထောက် ဦးကျော်စွာ ကို မြင် လိုက်ရ၏ ။

“ ရှိပါတယ် ခင်ဗျာ ၊ အပေါ် ကြွခဲ့ပါ ”

ဟု ဦးဘသန်း က ဖိတ်ခေါ်လိုက်၏ ။

ဦးဘသန်း နှင့် ဦး ကျော်စွာ တို့ မှာ ဘုရား သွား ၊  ကျောင်းတက် ၊ ဥပုသ်စောင့်ဘက် များ ဖြစ် ကြ လေသည် ။ ဦးကျော်စွာ သည် အိမ်ပေါ် တက်လာပြီး ပက်လက်  ကုလားထိုင် တစ်လုံး တွင် ထိုင် လိုက်၏ ။ ဦးကျော်စွာ က ...

“ ဆရာတို့ လည်း အလုပ် ရှိ ကြသေးတယ် ။ ဒီတော့ လာ ရခြင်းအ ကြောင်း ကို  တိုတိုနဲ့ ပဲ ပြော ပါရစေတော့ ။ အလှူအတန်း ထဲ ပါဝင်ဖို့ပါပဲ ”

ဟု ပြောလိုက်၏ ။

ဦးဘသန်း က ...

“ ဘယ်လို အလှူ အတန်းပါလဲ ခင်ဗျာ ”

“ ဪ  ... ဪ ဒီလိုလေ ၊ ဆရာ မသိရသေးဘူးနဲ့ တူတယ် ။  ကျွန်တော် တို့ ဥပုသ် စောင့် ကြတဲ့ ကျောင်း ကို  ဆရာတော် ရဲ့ အလို အရ ဝင်းခြံ ကာ ကြ တယ်လေ ။  ကျောင်း အဝင် ဝ ကို တော့  ကွန်ကရစ် အုတ်တိုင် နှစ်တိုင် ထူ ကြမယ် ။ အဲ ... အုတ်တိုင် တစ်တိုင် အတွက်တော့  ကျွန်တော် တို့ က အလှူ ပါဝင်မယ် လို့ ဆရာတော် ကို  အာမဘန္တေ ခံ ခဲ့တယ် ။  ကျွန်တော်တို့ ဆိုတာ က ကျွန်တော် ရယ်  ၊ ဆရာ ရယ် ၊ ပြီး တော့ ရုံးအုပ်ကြီး ရယ်ပေါ့ ၊ ဆရာ သဘော တူတယ် မဟုတ် လား ”

“ သဘော တူတာတော့ ဟုတ်ပါပြီ ။ အလှူငွေ က ဘယ်လောက် ထည့်ရမလဲ ”

“ သုံးဦး အချိုး ကျပေါ့ ဗျာ ”

“ တစ်ဦး ကို  ဘယ်လောက် ခန့်မှန်းပါသလဲ ခင်ဗျာ ”

“ ကျွန်တော့် အထင် က တော့ တစ်ရာ ထက် ပိုမယ် မထင်ပါဘူး ဆရာ ရဲ့”

ဦးကျော်စွာ ၏ စကား ကြောင့် ဆရာ ကတော် ဒေါ်လှ ကြည် သည် ဦးဘသန်း ကို မော့ ကြည့်လိုက်၏ ။ သူ့ အိမ် ၏ ဘက်ဂျက် အခြေအနေ အရ ပိုငွေ တစ်ရာ မရှိသော ကြောင့် ဖြစ်လေ သည် ။ သည် ကိစ္စ ကို  သင်္ချာဆရာ ဦးဘသန်း က လည်း သိပြီး ဖြစ်လေ သည် ။ ထို့ ကြောင့် ...

“ ဒီလိုရှိတယ် ဦးကျော်စွာ ရဲ့ ၊ ကျောင်း အတွက် ကုသိုလ် ပြု ကြတာ ကို တော့ ကျွန်တော် လည်း ဝမ်းသာ လှ ပါတယ် ။ ဒါပေမဲ့ တစ်ရာ လောက် ဆိုတာ ကို တော့  ကျွန်တော် လည်း မတတ်နိုင်တာ အမှန်ပဲ ဗျ ။ ရှာ ကြံ ချေးငှားပြီး လှူ ရင်တော့ လည်း ဖြစ်တယ်ပေါ့လေ ။ ဒါပေမဲ့ လှူပြီး ခါမှ ကြွေး ကိစ္စ ကို ပူ နေရမယ့် ဟာ မျိုး လည်း  ကျွန်တော် က မလို လားပါဘူး ။ ဒီတော့ ကျွန်တော့် အတွက် ခြေနိုင်လက်နိုင် ဖြစ်တဲ့ ငွေငါးဆယ် ကျပ် ကို စေတနာသုံးတန် ပြဌာန်းပြီး အလှူ ပါ လိုက် ပါရစေ ဗျာ ”

ဆရာဦးဘသန်း ၏ စကား ကြောင့် ဦး ကျော်စွာ သည် ခေါင်းတဆတ်ဆတ် ညိတ်ရင်း က ...

“ ဟဲ ဟဲ ဦးဘသန်း က တော့ သင်္ချာဆရာ လို့ မပြော ရဘူး ။ လှူတာ ကို တောင် မှ အတွက်အချက် နဲ့ ဗျ ”

ဟု ပြော လို က်၏ ။

စေတနာသုံးတန် ပြဌာန်းပြီး ငွေငါးဆယ် လှူမည် ဆိုသော စကား  ကြား ရ မှ ဆရာ ကတော် ဒေါ်လှကြည် သည် ရင် ထဲ က အလုံး ကြီး  ကျ သွားပြီး ပြုံး နိုင်လေ သည် ။ သူ က ပင် ဝင် ပြောလို က် ရသေး၏ ။

“ တွက်ချက် ပြီး မှ လှူတယ် ရယ် လို့ တော့ ဘယ် ဟုတ် ပါ့မလဲ ဦးကျော်စွာ ရယ် ၊ ကျွန်မ တို့ လည်း တတ် နိုင်ရင် တစ်ဦး တည်း က တောင် ဒိုင်ခံ လှူ လို က်ချင်သေးတာပေါ့ ။ ဒါပေမဲ့ ... ”

ဦးကျော်စွာ က တဟဲဟဲ  ရယ်မောရင်း ...

“ တော်ပါတော့ ဆရာ ကတော် ရယ် ။ လင်မယား နှစ် ယောက် လိုက်လည်း လိုက်ပါသတဲ့ ။ ဆရာ ရော ၊ ဆရာကတော် ပါ အတွက်အချက်သမား ချည်း ပဲ ”

ဦးဘသန်း က ...

“ အလှူငွေ ကို  ဘယ်တော့ ပေး ရမလဲ ဦးကျော်စွာ ”

“ ထုံးစံ အတိုင်း လခ ထုတ်တဲ့ နေ့ပေါ့ ဗျာ ၊  ကျွန်တော် လာ ယူပါ့မယ် ၊ ကဲ ရုံးအုပ်ကြီး အိမ် သွား လိုက်ဦးမယ် ”

“ ကောင်းပါပြီဗျာ ”

ရုံးအုပ်ကြီး ဆို သည် မှာ ဦးဘသန်း အိမ် နှင့်  ကျောချင်း ကပ် လော က်တွင် ရှိသော ရုံးအုပ်ဦးမြင့် ကို ဆိုခြင်း ဖြစ် လေ သည် ။ ဦးမြင့် ၊ ဦးဘသန်း နှင့် ဦး ကျော်စွာ တို့ သည် ဆရာတော် ကျောင်း သို့ သွား၍  ကုသိုလ် ယူဘက်များ ဖြစ် လေ သည် ။

    •••••   •••••   •••••   •••••

လခ ထုတ် ရက် ၊ ညနေ ဘက် တွင် ဦးကျော်စွာ ရောက် လာ၍ ဦးဘသန်း က အလှူငွေ ငါးဆယ် ထုတ် ပေးလို က် ၏ ။ ဦးကျော်စွာ က  ကုန်ကျမည့် ငွေ ခန့်မှန်း ခြေ ကို  ပြော သွားသေး သည် ။

“ အားလုံးပေါင်း ငွေ နှစ်ရာ့ငါးဆယ် လောက် တော့  ကုန်လိမ့်မယ် ဗျ ။ ခင်ဗျား က ငါးဆယ် အပြတ် လှူ လေတော့  ကျန်တဲ့ အတွ က် ကို ကျွန်တော် နဲ့ ဦးမြင့် တို့ က တစ်ဝက် စီ အချိုး ကျ စိုက် ဖို့ တိုင်ပင် ကြတယ်လေ ။ လိုအပ်တဲ့ ဘိလပ်မြေ တို့ ၊ အုတ်ခဲ တို့ ၊ သဲ တို့ အတွ က် ကို တော့ ဦးမြင့် က တာဝန် ယူ လေရဲ့ ။ နောက် လပြည့် နေ့ အမီ ပြီး ကောင်းပါရဲ့ ”

ဦးကျော်စွာ ပြော သွားသမျှ ကို  ဆရာဦးဘသန်း နှင့် ဒေါ်လှကြည် တို့ က ပြုံးရွှင်စွာ နားထောင် နေလိုက်လေသည် ။

လဆန်း ၈ ရက် ဥပုသ်နေ့ သည် ကျောင်းပိတ်ရက် နှင့် မတိုက်ဆိုင်သော ကြောင့် ဦးဘသန်း သည် ဥပုသ် မစောင့်ဖြစ်ချေ ။ လပြည့်ဥပုသ် နေ့  ကျ ခါ မှ ပင် ကျောင်းသွား ဥပုသ်စောင့် တော့ မည် ဟု ရည်ရွယ် ထား၏ ။

လဆန်းဆယ်ရက် နေ့ တွင် ရုံးအုပ်ကြီး ဦးမြင့် နှင့် သူ့ ဇနီး ဒေါ်သောင်းမေ တို့ နှစ်ဦးသား သည် ဦးဘသန်း အိမ် သို့ ရောက်လာ ကြ၏ ။ အိမ်ချင်း ကျောချင်း ကပ်လောက် တွင် နေ သော် လည်း မလာစဖူး အလော ထူး ကြသော ကြောင့် အကြောင်း တစ်စုံတစ်ခု တော့ ရှိ မှာပဲ ဟု ဦးဘသန်း က တွေး လို က်မိ၏ ။ ဦးမြင့် တို့ ဇနီးမောင်နှံ နေသားတ ကျ ထိုင် မိ ကြသောအခါ ဦးဘသန်း က ...

“ ဇနီးမောင်နှံ အတူ လာ ကြပုံ ထောက်တော့ အ ကြောင်းထူးများ ရှိပါသလား ဗျာ ”

ဟု မေးစမ်း ကြည့်လို က် ၏ ။ ဦးမြင့် က စကား ပြော မည့် ဟန် ပြင် လိုက်သောအခါ ဒေါ်သောင်းမေ က သူ ပြောမည် ဆိုသော အမူအရာ ဖြင့် ဦးမြင့် ကို  ဟန့် ကြည့် ကြည့်လို က်ပြီး ..

“ အကြောင်း ကတော့ ဒီလို ဆရာ ၊ ဆရာ တို့ ၊  ကျွန်မ တို့ စု လှူ ကြတဲ့ ဆရာတော် ကျောင်း အဝင် ဝ က အုတ်တိုင် ကိစ္စ ပြော မလို့ လာတာ ။ ဒီ အုတ်တိုင် ဖြစ်ဖို့ ကိစ္စ ကို ကိုမြင့် ဟာ ဘယ်လောက် လိုက်ဆောင်ရွ က်ရသလဲ ၊ ဘိလပ်မြေ တို့ ဘာတို့ ဆိုတာ က လို က် ရတာ လွယ်တာ မှတ်လို့ လား ၊ လေးငါးအိတ် ရ ဖို့ အတော် ကို လုပ် ယူရတာ ၊ ဟော ကိုမြင့် ဆောင်ရွက် လို့ လည်း ပြီးရော ဦးကျော်စွာ က နာမည် ထိပ် က ယူချင်သတဲ့လေ ”

ဟု ရှင်းပြ၏ ။

ဆရာဦးဘသန်း က မရှင်းသေး ၍ မေး ရ၏ ။

“ ဘယ်လို နာမည်ထိပ် က လိုချင်တာလဲဗျာ ”

“ ဒီလို ရှင့် အုတ်တိုင် မှာ အလှူရှင်တွေ ရဲ့နာမည် တွေ  ကို ကမ္ပည်း ထိုးမယ်လေ ၊ ဒီတော့ ဦးကျော်စွာ က သူ့ နာမည်  ကို  ထိပ် က ထားမယ် ၊ ပြီးတော့မှ  ကျွန်မ တို့ ၊ ဆရာ တို့ နာမည် တွေ ကို  ရေးမယ် လို့ ပြောပြီး နာမည် ရေးမယ့် လူတွေ  ကို  သူ့ အစီအစဉ် အတိုင်း ပြော လို က်သတဲ့ ။ ဒီနေ့ စာ ရေး မယ့် လူတွေ ပြင်ဆင် နေတုန်း ကိုမြင့် ရောက်သွားပြီး သိခဲ့ရ လို့ တား ခဲ့ပြီး ဆရာ့ ဆီ လာ ပြောတာ ။ ဆရာ က ကော ဘယ်လို သဘော ရသလဲ ရှင့် ”

ဒေါ်သောင်းမေ ပြောသမျှ မှန်ကန် ကြောင်း ဦးမြင့် က ခေါင်းညိတ် ပြီး ထောက်ခံမှု ပြုနေ၏ ။ ဒေါ်လှကြည် က ဦးဘသန်း ၏ သဘောထား ကို  စောင့်မျှော် နေလေ သည် ။

ဦးဘသန်း က ...

“ ကျွန်တော်တို့ အတွက်တော့ ထည့် မစဉ်းစား ကြပါ နဲ့ ၊ ကျွန်တော်တို့ နာမည်တွေ  ကမ္ပည်း မထိုးဖို့ ဆုံးဖြတ် ထား ပါတယ် ။ အလှူ ငွေ စ ထည့် ကတည်း က ဒီလို တောင် ပါမယ် မထင်ခဲ့ပါဘူး ။ အခု မှ ... ”

ဒေါ်သောင်းမေ က ...

“ ဒါ က တော့ ဆရာ ရယ် ၊ ငွေကုန် ကြေး ကျ ခံ အလှူ ပြု ပြီးမှ အလှူဒကာ မည်သူမည်ဝါ ဆို တာ  ကမ္ပည်း တော့ ရေး သင့်တာပေါ့ ”

“ ခင်ဗျားတို့ ရေးချင် တာ ကို ကျွန်တော် က  ကန့်ကွက် နေတာ မဟုတ်ပါဘူး ဗျာ ။ ကျွန်တော့် နာမည် ကို အထက် အောက် ဆိုတဲ့ ပြဿနာ ကြောင့် နာမည် မရေးတာ လည်း မဟုတ်ပါဘူး ။ တတ်နိုင်လို့  ကျွန်တော် တစ်ယောက် တည်း လှူ လည်း ကမ္ပည်း ထိုး မှာ မဟုတ်ပါဘူး ။ ဒီတော့ ဒီ ကိစ္စ မှာ ကျွန်တော့် အတွ က် ထည့် မစဉ်းစားပါနဲ့ ။ ခင်ဗျားတို့ ချင်း သာ ညှိယူ ကြပါ ။ ကျွန်တော် တို့ နာမည်တွေ ကို တော့ ဘယ် နေရာ က မှ  ကမ္ပည်း မတင် ကြပါနဲ့ ”

ဦးဘသန်း သည် ဆိုခဲစေ မြဲစေ ဆိုသော လူ တစ်ဦး ဖြစ် ကြောင်း သိ ကြ သည့် ဦးမြင့် နှင့် ဒေါ်သောင်းမေ တို့ သည် မျက်နှာ မသာမယာ ဖြင့် အိမ်ပေါ် က ဆင်း သွား ကြ၏ ။ သူတို့ သည် ဦးကျော်စွာ တို့ အိမ် သို့ သွား ကြမည် ဖြစ် ကြောင်း ဦးဘသန်း တို့ က အတတ် သိလို က် ကြလေ သည်  ။ ဒေါ်လှ ကြည် က စကား စ ပြော၏ ။

“ ဒီ ကိစ္စ တော်တော် နဲ့ ပြတ်မှာ မဟုတ်ဘူး ရှင့် ၊ ဦးကျော်စွာ ဆို တဲ့ လူ က လည်း သူများ အပေါ် က နေ ရ မှ ကျေနပ်တဲ့ လူစားမျိုး ၊ သူ့ မိန်းမ က လည်း ဒီ အတိုင်းပဲ ။ အလှူ လုပ် တာ တောင် သူ က အော က် ၊ ငါ က အထက်ဆို တာတွေ မြင် ကြသေးတယ် နော် ”

ဦးဘသန်း က သက်ပြင်း တစ်ချက် ချလို က်ပြီး ..

“ အေးပေါ့ ကွယ် ၊ အလှူအတန်း လုပ်တယ် ဆိုတာ က လှူ တဲ့ လူ ရဲ့ စိတ် ထဲ မှာ ကြည်နူး ဝမ်းသာ သွားစေတာ ၊ ခုလို သူ့ နာမည် က အော က် ၊ ကိုယ့် နာမည် က အထက် ဆိုတဲ့ ပြဿနာ ပေါ်ပြီး စိတ် မချမ်းသာ ကြ ရ ရင် ဘယ် ကောင်းတော့ မလဲ ။ အလှူ လုပ်ပြီး စိတ်ညစ်ကြ ရ ၊ စိတ်မချမ်းမြေ့ ကြ ရ ဖြစ် ရတာပေါ့ ။ ဒါ ကြောင့်  ကိုယ် က ငွေငါးဆယ် ကို  စေတနာသုံးတန် ပြဌာန်း ပြီး အပြတ် လှူလို က်တာပေါ့ ”

“ ကျွန်မ က လည်း သဘော တူပါတယ် ရှင် ”

    •••••   •••••   •••••   •••••

နောက်နေ့ နံနက် စောစော တွင် ဦးကျော်စွာ သည် မျက်နှာ မသာမယာ ဖြင့် ဦးဘသန်း တို့ အိမ် ပေါ် ရော က် လာ၏ ။ ဦးဘသန်း တို့ က ကျောင်း အုတ်တိုင် တွင် ကမ္ပည်း ထိုး သည့် ကိစ္စပေပဲ ဟု အတတ် သိ လို က် ကြ၏ ။ ဦး ကျော်စွာ က ...

“ ည က ဦးမြင့် တို့ လင်မယား အိမ် ကို လာ ကြတယ် ဗျ ။ အုတ်တိုင် မှာ ကမ္ပည်း ထိုး ဖို့ ကျွန်တော် စီစဉ် တဲ့ ကိစ္စ ကို သူတို့ က မ ကျေနပ် ကြောင်း လာ ပြော ကြတယ် ။ ပြီးတော့ ဆရာ က လည်း ဆရာ့ နာမည် ကို ကမ္ပည်း ထိုးတဲ့ နေရာ မှာ မထည့်ဖို့ ပြော လိုက်တယ် လို့ ပြောသွား ကြတယ် ”

“ မှန်ပါတယ် ခင်ဗျာ ”

“ ဦးမြင့်တို့ က သူတို့ နာမည် ကို ထိပ် က ထားချင် ကြတယ်ဗျ ”

“ ဟုတ်ကဲ့ ကျွန်တော်တို့ ကို လည်း ဒီလိုပဲ ပြောသွား ကြပါတယ် ” 

“ ဒီလို ဘာ ရမှာလဲ ဗျ ။  ကျုပ် က ပင်စင်စား ပေမဲ့ ရုံးဝန်ထောက် ပဲ ။  ကျုပ်တို့ က ၅၅ နှစ် ပင်စင် ခေတ် နဲ့ ပင်စင် ယူ ခဲ့ရလို့ ၆ဝ ခေတ် သာ မီ လို က်ရင် ခုလည်း ရုံးဝန်ထောက် ပေါ့ ။ သူ က ခုမှ ရုံးအုပ် ရှိ သေးတာ ။ သူ့ နာမည် ကို ကျုပ် အထက် က မထားနိုင်ပေါင်ဗျာ ”

ဦးကျော်စွာ ထံ မှ မမျှော်လင့်သော စကားများ ကို ကြား လိုက်ရ၍ ဦးဘသန်း နှင့် ဒေါ်လှကြည် တို့ သည် တစ် ယောက် မျက်နှာ တစ်ယော က် လှမ်း ကြည့် မိလို က် ကြ ၏ ။  သည် အထိ တင်းမာ နေ ကြ ပါ က သည် ကိစ္စ ပြီး သည့် တိုင် အောင် ဆက်ဆံရေး သည် ယခင် က လို ပြေလည် ကြ တော့ မည် မဟုတ် ကြောင်း ဦးဘသန်း က အကဲခတ် မိလိုက်၏ ။

“ ဒီလိုဆို ဦး ကျော်စွာ က ဘယ်လို စီစဉ်ချင်ပါသလဲ ”

ဟု ဦးဘသန်း က မေးစမ်း ကြည့် လိုက်၏ ။ ဦး ကျော်စွာ  က ..

“ အခု ကျုပ် ကျောင်း ကို သွားမယ် ။ ဆရာတော် နဲ့ တိုင်ပင်ပြီး ကြည့်လုပ်ခဲ့မယ် ”

“ အင်းလေ ကောင်းသလိုပဲပေါ့ ”

ဦးကျော်စွာ သည် မျက်နှာမ ကြည်မသာ ဖြင့် ပင် ထ သွားတော့၏ ။

    •••••   •••••   •••••   •••••

လပြည့်နေ့ ဥပုသ်နေ့ လည်း ဖြစ် ၊ ကျောင်း ပိတ်ရ က် နှင့်လည်း ဆုံ သော ကြောင့် ဆရာဦးဘသန်း နှင့် ဒေါ်လှ ကြည် တို့ သည် ဆွမ်းအုပ် ကို ရွက်၍ ဥပုသ် စောင့်ရန် ဆရာတော် ကျောင်း သို့ နံနက်စောစော က ပင် ရော က် လာ ကြလေ သည် ။ ကျောင်း အဝင် ဝ ရောက် ၍ သူတို့ စုပေါင်း လှူ ထား သော အုတ်တိုင်များ ကို ကြည့် လိုက်ရာ အခြား အုတ်တိုင် တွင် အလှူရှင်များ အမည်များ ကို ကမ္ပည်း ထိုး ထားတာ ကို မတွေ့ရ ။ ဦးဘသန်း ၊ ဦးကျော်စွာ နှင့် ဦးမြင့် တို့ စုပေါင်း လှူ သော အုတ်တိုင် တွင် သာ ကမ္ပည်း ထိုးထား သည် ကို  တွေ့ ကြရ၏ ။ ကမ္ပည်း တွင် ဦးဘသန်း တို့ နာမည် တော့ မပါ ။ ထို့ ကြောင့် ဦးဘသန်း တို့ က  ကျေနပ်သွား ကြ၏ ။ ဦး ကျော်စွာ နှင့် ဦးမြင့် တို့ ၏ နာမည်များ က လည်း အငြင်းပွား ခဲ့ကြ သလို အထက် အောက် မဟုတ်တော့ ။ ဘေးချင်း ယှဉ်၍ ဖြစ် သွား၏ ။ အုတ်တိုင် ၏ အကျယ် အနံ တစ်ပေ သာသာ ရှိ သည် ကို ကြား က မျဉ်းဖြူလိုင်း တား ၍ တစ်ခြမ်း က ဦးကျော်စွာ - ဒေါ်ယဉ်စု ကောင်းမှု ၊ နတ်လူသာဓု ခေါ်စေသော် ၊ ကျန် တစ်ခြမ်း က ဦးမြင့် - ဒေါ်သောင်းမေ ကောင်းမှု ၊ နတ်လူ သာဓု ခေါ်စေသော် ဆိုသော စာလုံးများ ရေးထိုး ထား၍ စာလုံးများ ပြွတ်သိပ် နေပြီး  ကြည့်၍ အဆင် မပြေ ဖြစ်နေလေ သည် ။ ထိုအဖြစ် ကို မြင် ကြ သဖြင့် ဦးဘသန်း နှင့် ဒေါ်လှကြည် တို့ သည် ပြုံးမိ ကြသေး၏ ။

ဆယ်နာရီ ထိုးပြီး ဥပုသ်သည်များ အတော် ကလေး စုံ လေပြီ ။ သို့သော် ဦးကျော်စွာ နှင့် ဦးမြင့် တို့ ကို မမြင်ရသေး ။ ရုံးပိတ်သော နေ့ လည်း ဖြစ် ၊ အလှူအ တွ က် ရေစက် ချ အမျှ ဝေ မည့် နေ့လည်း ဖြစ်၍ အုတ်တိုင် အလှူရှင်များ အားလုံး လာ ကြမည် ဟု ဦးဘသန်း က ထင် ထား၏ ။ ဦးမြင့် အဖို့ လည်း ရက်အား ဖြစ်သော ကြောင့် မလာနိုင်စရာ အကြောင်း မရှိပေ ။

ဆယ့်တစ်နာရီ ထိုး လေပြီ ။

အချိန် မရှိတော့ပြီ ဖြစ်၍ ဆရာတော် က အလှူရေစက် ချရန် ၊ သီလ ပေးရန် စီစဉ်လေ သည် ။ ဦးဘသန်း တို့ က ဦး ကျော်စွာ နှင့် ဦးမြင့် တို့ ကို  မျှော်နေ ကြသေး၏ ။ သို့သော် သူတို့ ကား ပေါ် မလာ ကြ ။ ဥပုသ်သည် များ ကို  သီလ ပေးပြီး ၍ အုတ်တိုင် အလှူရှင်များ အတွ က် ရေစက်ချ အမျှဝေရန် အစီအစဉ် ရောက် လာသောအခါ ဆရာတော် က

“ ကဲ  ကဲ ဒကာတော် မောင်ကျော်စွာ နဲ့ မောင်မြင့် တို့ တော့ ဒီနေ့ ဒီရက် မှာ ရောက် မလာနိုင် ကြပေဘူး ။ ဒီတော့ အဝေး က နေပြီး သာဓုအနုမောဒနာ ခေါ် ကြစေတော့ ။  ကဲ .. ရေစက်ချမယ် ၊ ဒကာမောင်ဘသန်း က ရေစက်ခွက် ကိုင်ပေ တော့ ”

ဟု မိန့်တော် မူလို က်၏ ။

ထို့ ကြောင့် နောက်ဆုံး တွင် ထိုင် နေသော ဦးဘသန်း သည် ရေစက်ခွက် ကိုင် ရန် ရှေ့တက် လာရလေ သည် ။

    •••••   •••••   •••••   •••••

အုတ်တိုင် တွင်  ကမ္ပည်း ထိုး သည့် ကိစ္စ မပေါ်ခင် က ဘုရားသွား ၊  ကျောင်းတက်  ကုသိုလ် ယူ ဘက်များ ဖြစ် ကြသော ဦး ကျော်စွာ နှင့် ဦးမြင့် တို့ မိသားစုများ သည်  ကမ္ပည်း ထိုး ၍ နာမည် အထက်အော က် ကိစ္စ ပေါ် ပြီးသော အခါ ခြားနား သွား ကြလေသည် ။ သေးသေးတင် မခံဘူး ဟူသော ယူဆချက် များ ကြောင့် အပေါင်းအသင်း ပျက်သွား ကြလေသည် ။ ဦးမြင့် နှင့် ဦးကျော်စွာ တို့ မိတ် ပျက်သွား ကြလေ သည် ။ ဦးမြင့် နှင့် ဦးကျော်စွာ တို့ မိတ် ပျက် သွား ကြသော် လည်း ဦးဘသန်း နှင့် ကား နှစ်ဦးစလုံး နှင့် အခင်အမင် မပျက်ပေ ။ ယခင် က အတိုင်း ပင် ပုံမှန် ဆက်ဆံလျ က် ရှိ ကြ လေ သည် ။ တစ်နေ့တွင် ဟိုအကြောင်း စ ကား စပ်မိ ကြ၍ ဒေါ်လှကြည် က ခင်ပွန်း သည် ဦးဘသန်း ကို  မေး၏ ။

“ ကိုကျော်စွာ နဲ့ ကို မြင့် တို့ ဟာ ဒီ ထိ အောင် အာဃာတ  ကြီး ကြတယ်နော် ”

“ ဒါပေါ့ ကွယ် ၊  ကိုယ် လုပ်တဲ့ အလုပ် က  ကုသိုလ် ပြု တဲ့ အလုပ် ၊ ဖြစ်ချင်တာ က  ကိုယ့် နာမည် လူ သိအောင် ကြော်ငြာ ချင်တဲ့ သဘော ဆိုတော့ အားလုံး စိတ် မချမ်းမြေ့ စရာတွေ ကြုံ ကြရတာပေါ့ ၊ ကို ယ် ပြုတဲ့ အလှူဒါန အတွက် ရေစက်ချ အမျှဝေ တာ တောင် သာဓု မခေါ်နိုင် ကြတဲ့ ဘဝ ။ ဒီလို အဖြစ်မျိုးတော့  ကိုယ်တို့ မ ကြုံတွေ့ပါရစေနဲ့ ကွယ် ”

ဟု ဦးဘသန်း က ပြောပြီး သူ့ မိတ်ဆွေများ အတွ က် ဝမ်းနည်း စွာ သက်ပြင်း ချလို က်၏ ။ ထိုအခါ ဒေါ်လှ ကြည် သည် သူတို့ ဇနီးမောင်နှံ စိတ်ချမ်းသာ ရ သော အဖြစ် ကို  တွေး မိ ကာ ဘဝ အရသာ ဆို တာ ဒါပါပဲလား ဟု တွေး လိုက်မိလေ သည် ။

◾ မောင်လရောင်

📖 မြဝတီမဂ္ဂဇင်း
      ၁၉၇၂ ၊ ဖေဖော်ဝါရီ ၊

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment