Thursday, November 17, 2022

တစ်သက်တာ စိတ်ချမ်းသာဖို့


 

❝ တစ်သက်တာ စိတ်ချမ်းသာဖို့ ❞

လေးလေး ရေး ပြသလောက် ဟာ အများဆုံး ကြုံတွေ့ ရတတ်တဲ့ ပြဿနာတွေ ပါပဲ ။ ငါ့ တူမများ အတွက် မလွဲမရှောင်သာ လို့
အိမ်ထောင် ပြု ရပြီ ဆိုရင် ၊ နဖူးစာ ပါ လာ လို့ အို ရပြီ ဆိုရင် ၊ အို ပြီး တဲ့ အချိန် မှာ တွေ့ကြုံ ရင်ဆိုင် ရနိုင်တဲ့ အချက်အလက်တွေ ကြို သိ ထား ရတော့ ရင်ဆိုင် လာရရင် မှန်မှန်ကန်ကန် ဖြေရှင်း လို့ ရတာပေါ့ ။ အမှား နည်းတာပေါ့ ။

ယောက်ျား ဆိုတာ မရခင် ကမ္ဘာ ပေါ်  ရှိသမျှ မိန်းမတွေ ထဲ မယ် ကိုယ့် ချစ်သူ ကို အလှဆုံး ထင်ပြီး ရ ပြီး တာ နဲ့ ကိုယ့် မိန်းမ က လွဲရင် ကမ္ဘာ ပေါ် ရှိ သမျှ မိန်းမတွေ ကို အကုန် လှတယ် ထင် တော့တာ ။

“ ငါ့ မိန်းမကြီး ငါ ချစ်လွန်း လို့ မယားကြီး ရာထူး တိုး ပေး လိုက်ပြီ ” ဆို ပြောတဲ့ စကား ရှိသကွယ့် ။ ဒီတော့ ...

အပျိုစင် ဘဝ မှာ ယောက်ျားတွေ အကြောင်း သိထားဖို့ လို သလို -

အိမ်ထောင်သည် ဘဝ ရောက် တဲ့ အခါ မှာ လည်း ကိုယ့် ခင်ပွန်း အကြောင်း သိထားဖို့ လို ပါတယ် ။ ဒါမှလည်း တစ်သက်တာ စိတ် ချမ်းသာ ဖို့ နေတတ် ထိုင်တတ် ပါမယ် ။

လေးလေး ရဲ့ စေတနာ က အတိုင်းအဆ မရှိပေမယ့် သိ သလောက်ပဲ ရေး ပြ ရ တာမို့ သည်မျှ နဲ့ ပဲ ကျေနပ်ပါလို့ ။

သာယာပျော်ရွှင်၍
   တစ်သက်စာ
       စိတ်ချမ်းသာနိုင်ကြပါစေ ။

လေးလေးကံချွန်
စ - ၈ ( ၄၄ )
သိုးခြံမြို့သစ်
မန္တလေး ။

◾ ကံချွန်

📖 အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment