Tuesday, November 8, 2022

မောင်

❝  မောင် ❞

မောင် သည် ပါးစပ် မှာ နှုတ်ခမ်း တစ်ဖက် ကို တွန့် လာသည် ထိ မှီ့ ကို ပြုံး ၍ ကြည့်လေသည် ။ သို့သော် မောင် ၏ နှုတ်ခမ်း မှာ အပြုံး ပွင့် လာ သည် အထိ တွန့်၍ မလာ အပြုံး တစ်ဝက် အမဲ့ တစ်ဝက် သာ ပေါ် လာ ရင်း နောက် နှတ်ခမ်း တို့ သည် တင်းကြပ် စွာ စေ့ ၍ သွားကြပြန်လေသ ည် ။

ဪ - ဒီလို ဆိုတော့လည်း မောင် ဟာ မှီ့ ကို များ အပြစ် တွေ့ နေ လို့ လား ကွယ် ။ မှီ့ မှာ ဘာ အပြစ်များ ရှိလို့ လဲ မောင်ရယ် ... မှီ သည် မောင့် ရဲ့ အပြုံး တစ်ဝက် အမဲ့ တစ်ဝက် ဆင် ထားသ ည့် နှုတ်ခမ်း ကို ကြည့်ရင်း စိတ် ထဲ မှာ ဝမ်းနည်း ရ ပြန်လေသည် ။

မောင် ဟာ ... မှီ့ ရဲ့ အချစ်ဦး ပါ ကွယ်။ မှီ နဲ့ မောင် တို့ ချစ်ခဲ့ တဲ့ ရက် တွေ မှာ နေ လည်း ထွက် လိုက် ဝင် လိုက် ၊ လမင်း လည်း ဆန်း လိုက် ဆုတ် လိုက် ၊ သစ်ရွက်တွေ လည်း ကြွေလိုက် အသစ် ဝေလိုက် နဲ့ နှစ်တွေ ... လတွေ ကုန် ခဲ့ ပါပေါ့ လားကွယ် ။ ဒါတောင် မှ မောင့် ရဲ့ အပြုံး ဟာ မှီ့  အဖို့ ဘယ်တုန်း က မှ ရိုးတယ် လို့ မရှိခဲ့ပါဘူး။ မောင့် ရဲ့ အယုအယတွေ ဟာ ဘယ်တော့ မှ ဟောင်းခဲ့တယ် လို့ မရှိခဲ့ပါဘူး ။

မှီ သည် မောင့် အကြည့် ကို တုံ့ပြန် ရင်း နောက် ခဏ ကြာ မှ ဘေး သို့ မျက်နှာ လွှဲ လိုက်မိလေ သည် ။ မောင် မှာ အရင်တုန်း က မောင် ပါ ၊ တကယ့် ကို ပါ ပဲ ဟော ... ပါး ပေါ် က မှဲ့လေး ရယ် ၊ အသားဖြူဖြူ ပေါ် မှာ စိမ်း နေတဲ့ နှုတ်ခမ်းမွေး ရေးရေးလေး ရယ် ။

အရင် တုန်း က မောင် ပါ ပဲ ။ ဒါပေမဲ့ မောင့် ရဲ့ အပြုံး မှာ အရင်တုန်း က လို သစ်လွင် တဲ့ အပြုံး မဟုတ် ဟု ထင် မိ လေသည် ။ အရင် က လန်းဆန်း ပါ၏။ သစ်လွင် ပါ၏။ ခုတော့ မောင့် ရဲ့ အပြုံး တို့ မှာ လွင့်ပြယ် လေပြီ။ မောင် နဲ့ မှီ တို့ တွေ့တုန်း က အပြုံးမျိုး မောင့် မှာ မရှိတော့ပြီ။

မှီ သည် ဒါ ကို တွေးရင်း မျက်ရည်များ ပင် လည် လာ ရပေသေး သည် ။ မှီ ကိုယ်တိုင် မောင့် ရဲ့ အနွံအတာ ကို ခံပြီးတော့ မောင် သဘော မကျ တာ ကို မလုပ်ခဲ့ ဘဲ နဲ့ ဘာအကြောင်း နဲ့ များ မှီ့ ကို ခပ်တည်တည် လုပ်နေ ပါလိမ့် မလဲ ပြုံး လိုက်စမ်းပါဦး မောင် ရယ် ။ အရင်  စ တွေ့ တုန်း က ပြုံး တဲ့ အပြုံးမျိုး လေ။

မှီ မှာ စိတ် ထဲ မှာ ဝေခွဲ မရသည့် ဟန် ဖြင့် အောက်နှုတ်ခမ်း ကို အသာ ကိုက်ပြီး သက်ပြင်း ကို သာ ရှိုက် မိလေသည် ။ မှီ့ ရဲ့ သားဦးကလေး မှာ ရင်ခွင် ထဲ မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ် လျက် နေတုန်း ပင် ဖြစ်လေသည် ။ မှီ့  ရဲ့ ရင်သွေးကလေး မှာ သူ့ အဖေ နှင့် တစ်ထေရာ တည်း ဖြစ်သည် ဟု မှီ က ထင်မိလေသည် ။

ဟောဒီ မျက်ခုံး နဲ့ မျက်လုံးလေး ပြူး ပုံ က မောင့် မျက်လုံး လို ပဲ ၊ နှာတံ ဆင်း လာပုံ က လည်း မောင် နဲ့ သိပ် တူတာပဲ။ နဖူး ကျယ် တာ ရယ် မေး က သွယ်ပြီး ဆင်း လာ ပုံ ရယ်။ အို အကုန်လုံး မောင် နဲ့ တစ်ထေရာ တည်း ပါ ပဲ။ သား သား ကြီး လာ ရင် မောင့် လို မောင့် လို ဝတ်လုံ အလုပ် ခိုင်း ရမယ် နော် .. နော် ဟုတ်လား။

မှီ သည် ရင်သွေးကလေး အိပ်ပျော် နေသည် ကို ကြည့် ရင်း ဒါ ဟာ မောင် နဲ့ မှီ တို့ ရဲ့ အချစ် ကို ပိုပြီး ခိုင်မြဲအောင် ရစ် လိုက်တဲ့ သံယောဇဉ် အ မျှင်ကလေး တစ်တန်း ပဲ ဟု အောက်မေ့ ရသည် ။

မောင် က မူ မှီ စဉ်းစားနေသည် ကို မှ အသနား ကရုဏာ မသက် သလို နှင့် လေ ကို ချွန် ကာ အင်္ဂလိပ်ရုပ်ရှင် မဂ္ဂဇင်း ကို ဖတ် နေသည် ။ မောင့် မှာ ရုပ်ရှင် အင်မတန် ကြည့်သူ ဖြစ်သည် ။ မောင် ကြည့် သည့် ရုပ်ရှင် တို့ မှာ လည်း အမေရိကန်စုံထောက် ဇာတ်ကားများ သာ အကြည့် များ သည် ။ တစ်ခါတလေ စိတ်လက် ပေါ့ပါးအောင် ဆိုကာ ရောင်စုံအက ဇာတ်ကား တွေ ကို သွား ကြည့် သည် ။

မှီ က မူ မောင် ရုပ်ရှင် ကြည့် တိုင်း မကြည့်နိုင် ။ မောင့် မှာ မဟာဗန္ဓုလ ပန်းခြံလမ်း တွင် ရုံးခန်း ဖွင့် ထားရာ မနက် ကိုးနာရီ လောက် ထိုးသည် နှင့် တစ်ပြိုင်နက် ကားလေး နှင့် ရုံးခန်း သို့ ထွက် သွားရ၏။ ညနေ ဆို လျှင် လည်း အမှု စစ် ပြီး လျှင် အိမ်သို့ စောစောစီးစီး ပြန် လာ တတ်သည် ။ ဒါပေမဲ့ အိမ် မှာ ကြာကြာ မနေ အဝတ်အစား လဲ ပြီး တစ်ခါ တင်းနစ် ရိုက် ထွက် သွား သည် နှင့် မှီ့  မှာ အိမ် တွင် သာ ကျန်ရစ် လေသည် ။ အမှုများ ၍ နောက်ကျ လျှင် လည်း ညနေ တစ်ခါတည်း ၆ နာရီခွဲ ပွဲ မှာ ဘိုင်စကုတ် ကြည့် ပြီး ၉ နာရီခွဲ လောက် မှ ကား အကြို လွှတ် လိုက်ရသည် ။ ပြန်လာသည် နှင့် တစ်ပြိုင်နက် ဥပဒေ စာအုပ် လှန်ပြီး စာ ဖတ် ရင်း အိပ် ပျော် သွား တတ်ရာ မှီ က အသာအယာ ပုတ်နှိုးရင်း

“ အိပ် မှာ ဖြင့်လည်း အိပ် ရာ ထဲ တစ်ခါ တည်း သွား အိပ်တော့ မောင်ရယ် ”

ဟု ပြော ကာ အိပ်ရာ ထဲ အရောက် ပို့ ရသေး သည် ။ မောင် က မူ တစ်ခါတလေ မှီ့ ကို တွတ်တီး တွတ်တာ စကားတွေ ပြော ရင်း အိပ်ပျော် သွား တတ်သေးသည် ။ မှီ က မူ ဒါတွေကို ကြည့် ရင်း ဪ ... မောင် ဟာ အရိုင်းသက်သက် ပဲ ဟု အောက်မေ့ ကာ ကိုယ့် စိတ် ကိုယ် ဖြေ ရလေသ ည် ။

မှီ တို့ ၏ အိမ် မှာ ဝင်း နှင့် ခြံ နှင့် တစ်ထပ်တိုက်ကလေး ဖြစ်သည် ။ ညနေ မောင် တင်းနစ် ရိုက် သွားလျှင် မှီ က မှီ ရင်သွေး ကို လက်တွန်းလှည်း မှာ တင် ရင်း မောင် ပြန် လာသည် အထိ ခြံ ထဲ မှာ တွန်း ကာ စောင့် နေတတ် သည် ။ မောင့် ရဲ့ ကားဟွန်းသံ ကြား မှ ကလေး ကို အာယား လက်ထဲ အပ် ပြီး မောင့် ကိုယ် က ချွေးတွေ ကို သုတ် ပေးရသည် ။ မောင့် ဘိနပ် ကို ချွတ် ပေးရသည် ။ မောင့် အဝတ်အစားတွေ ကို လဲ ပေး ရသည် ။ မောင် က မူ မှီ ရဲ့ ပါး ကို လိမ် ဆွဲ လိုက်ရင်း -

“ မှီ ရေ ဆာ တယ်ကွာ ၊ ထမင်း မစားရသေး ဘူးလား ”

“ အို မောင် က လည်း ခု တင် ကစား ပြန်လာ ခါ စ ရှိ သေးတာပဲ။ ရေမိုး ချိုး ပြီး မှ စား မှ ပေါ့ မောင် ရဲ့ ... ”

ဟု နှစ်သိမ့် ကာ မျက်နှာသုတ်ပဝါ ၊ ဆပ်ပြာအုပ် အစ ယူ ကာ ရေချိုးခန်း ကို လိုက် ပို့ ရသည် အထိ ဖြစ် လေသည် ။ မောင့် မှာ မူ ဘာ ကို မှ လေးလေးနက်နက် တွေးသူ မဟုတ်။ မောင့် စိတ် မှာ လေ ထဲ တွင် ထောင် တက်သွား သည့် ကြက်တောင်ဖော့ နှင့် သာ တူ လေ သည် ။

မောင် က လုပ်ချင် လျှင် ဗြုံးခနဲ ဒိုင်းခနဲ လုပ် ပစ် လိုက် ရ မှ ကျေနပ်၏။ ပြော ချင် လျှင် ဟော ခနဲ ဒိုင်းခနဲ ပြော လိုက် ရ မှ ကျေနပ်၏။ မောင့် စိတ် မှာ ကြမ်းတယ် ခေါ် ရမလား ၊ ရမ်းတယ် ခေါ် ရမလား မပြောတတ်။ နမော်နမဲ့ နေ နိုင်လွန်း လှသည် ။ တစ်ခါတလေ ညစာ စား ပြီး မှီ က ရေဒီယို ဖွင့် ကာ တေးသံငြိမ့်ငြိမ့် မှာ မြော ကာ 

“ မောင်ရေ မေရှင် အသံ က ပျော့ပြီး ညက်ညက် ကလေး ထွက် လာတယ်နော် ”

ဟု သီချင်း အကြောင်း ကို ပြော နေစဉ် မောင် က အင်း အင်း နှင့် လိုက်ရင်း က စားပွဲ ပေါ် ခြေ နှစ်ချောင်း တင် ပြီး ဆိုဖာ ပေါ် တွင် အိပ် ပျော် သွား တတ် ၏။ တစ်ခုတော့ ရှိ ရဲ့  ၊ မောင် က သားလေး ဖို့  ၊ “  မောင်ခွေးဖို့ ”
ဓာတ်ပြား ဖွင့် ရင် သူ က ပါ ဂီတ မဆန်သည့် အသံသြကြီး ဖြင့် ဘေး က လိုက် ဆို တတ်သည် ။ ကလေး ပိစိညှပ်ကလေး ကို မချီ တတ် ချီ ကာ “ ဖေဖေ့ သားကြီး လေး ရယ် စမ်းပါ ဦး ၊ ကြီး ရင် ဘာလုပ် မလဲ ၊ ဝတ်လုံ လုပ် မလား ၊ ကွန်မြူနစ် လုပ် မလား“  စသည် ဖြင့် တွေ့ကရာ ပြော ရင်း ကလေး ကို အတင်း ပွေ့ ကာ နမ်း တတ် လေသည် ။ ကလေး မှာ ကသိကအောင့် လုပ် သည် ကို မခံနိုင် လွန်း၍ ရှိသည့် အခါ ကျ မှ မှီ က ကလေး ကို လှမ်း ယူကာ

“ အို မောင် က လည်း ကလေး ကို ဒါလောက် ကြမ်းကြမ်းတမ်းတမ်း လုပ် ရသလား ”

ဟု ပြော ရသည် ။

မောင် မှာ ဘာမှန်း မသိတတ် ၊ သူ စား ချင်စရာ ရှိလျှင် ရုံး အပြန် ဈေး ထဲ က ဝယ်ချင် တာ တွေ ဝယ် လာ တတ်၏။ အမှု လိုက် လို့ ငွေ ရ လာ လျှင် ရသမျှ ငွေ ကို မှီ လက်ထဲ အပ် လိုက်၏။ မှီ က ဒါ ဆို ဒါမှ လုပ်ချင်သည် ဟု ဆို လျှင် မှီ အလို လိုက် တတ်၏ ။ နှုတ်ခမ်း ကို စူသည့် အမူမျိုး ၊ ကွေ့ကွေ့ လည်လည် ဖြစ် နေသည့် ခပ်ထေ့ထေ့ အပြောမျိုး နှင့် တော့ မောင့် ရဲ့ စိတ် ကို ဆွဲဆောင်နိုင်မည် မဟုတ်ပေ ။ မောင် မှာ ပါးစပ် က တည့်တည့် ပြော မှ ရိပ်မိ သည့် အစား ထဲ က ဖြစ် လေသည် ။ ဒါဆိုလျှင် ဒါ လို့ ရှင်းရှင်း ပြောမှ မောင် က သဘော ကျ ၏ ။ အသား ကို လို လို့ အရိုး ကို တောင်း လျှင် အရိုး ပေး တတ်သည့် မောင် သာ ဖြစ်လေသည် ။

မှီ မှာ မောင့် အပေါ် ကို သည်းခံ နိုင်ပါ၏ ။ မောင့် ရဲ့ ဒီလို ခပ်ရိုင်းရိုင်း အရိုး သက်သက် အပြုအမူတွေ က ပဲ ပိုပြီး ချစ်စရာ ကောင်းနေသည် ဟု ထင် ရကာ သစ်လွင်လတ်ဆတ် ၍ နေ ပေသည် ။

မောင့် မှာ မှီ သဘော ကျ ကို ရှင်းရှင်း ပြော လျှင် တော့ မှီ့  ရဲ့ စိတ်ကြိုက် ကို လိုက်လျော ပါ၏။ မှီ က အဖြူ ဆိုလျှင် မောင် က လည်း အဖြူ ဟု လိုက်လျော တတ်ပါ၏။

မှီ က

“  မောင် ရေ လမင်း က သိပ် ပူ တာပဲ ”

ဆိုတောင် မှ

“ မှီ ပြောတာ ဟုတ်တယ် ”

ဟု ဆိုသည် အထိ အလို လိုက်မည့် မောင် ဖြစ် လေသည် ။ မောင့် မှာ ခပ်ရိုင်းရိုင်း နေ ချင် သည် က လွဲ လျှင် လင့် ဝတ္တရား ကို မိန်းမ ကျေနပ်အောင် ကျေပွန်သည့် မောင် ဖြစ် လေသည် ။

မှီ က

“ မောင် ရေ ညနေခင်း က သိပ် သာယာ တာပဲ ၊ မြစ်ဘက် ကို လမ်းလျှောက်ရအောင် ”

ဆို လျှင် မောင် က ဘယ်လောက် မလျှောက် ချင် ပေမဲ့ မှီ့  အလို ကို လိုက်ကာ လမ်းလျှောက် ထွက် သည် ။ သို့သော် မှီ က မပြောဘဲ နဲ့ တော့ မောင် သည် နည်းနည်း မှ မိန်းမ ကို ပလီ တတ် ခရာ တတ် သည့် မောင် မဟုတ်ပေ။ မှီ အလိုမကျ ဖြစ် နေလို့ မောင် က များ ချော့ လိမ့်မည် ဆိုကာ မူ ၍ နေ လျှင် ၊ မှီ မှာ တစ်သက်လုံး အမူ မပျက်အောင် သာ နေ ရ လိမ့်မည်။ မှီ မူ နေတာ ကို ဘယ်တော့ မှ သိ မည့် မောင် မဟုတ် ၊ တကယ် ဆိုတော့ မောင့် အချစ် မှာ အရိုးခံ သက်သက် အရိုင်းချစ် မျှ သာ ဖြစ်သည် ။

မှီ နှင့် မောင် တို့ ပထမဆုံး တွေ့ တုန်း က ကျောင်း မှာ ဖြစ်လေ သည် ။ သည် တုန်း က မောင် မှာ ကျောင်း မှ တင်းနစ် ချန်ပီယံ ရသည် ။ မှီ မှာ အေးအေးကုတ်ကုတ် နေကာ စာ ကို သာ ကြိုးစား သူ ဖြစ်သည် ။ မောင် ကစားခုန် ဘက် မှာ ဝါသနာ ပါ သလောက် မှီ က စာ ကို သာ ကြိုးစားသည် ။ ညနေ တိုင် လျှင် လမ်းလျှောက် ရင်း အညောင်း ဖြေသည် ။

မောင့် ကို တွေ့ တုန်း က သူငယ်ချင်း တစ်ယောက် က ဖိတ် သည့် ပါတီ တစ်ခု မှာ မှီ နဲ့ မောင် သည် တစ်စားပွဲ တည်း သွား ကျ လေသည် ။ မှီ တို့ စားပွဲ မှာ မိန်းကလေး သုံးယောက် နှင့် ယောက်ျားလေး နှစ်ယောက် ပေါင်း ငါးယောက် သာ ရှိ ရာ မှီ့  သူငယ်ချင်းမ နှစ်ယောက် နှင့် မောင့် သူငယ်ချင်း မှာ ကပွဲ အကြောင်း ၊ ဂုဏ်ထူးတန်း သားတွေ အကြောင်း ဘိုင်စကုတ် အကြောင်း ၊ စကားတွေ ပြော နေကြသည် ။ မှီ နဲ့ မောင် တို့ နှစ်ယောက် မှာ တစ်ခွန်း မှ စကား မပြောကြဘဲ ငုတ်တုတ် ထိုင်နေကြသည် ။ မှီ မှာ အစ ကတည်း က ပါတီ တို့ ဆိုရှယ် တို့ ကို တက်ချင် စိတ် မရှိ ၊ သွားတတ်သည့် ဝါသနာ လည်း မရှိရကား ၊ ရောက် လာ ၍ သစ်တုံး လို ငုတ်တုတ် ထိုင် နေရ သည့် အခါ တွင် စိတ် ထဲ မှာ ပျင်း ၍ လာ လေသ ည် ။ ဒီတုန်း က မောင် မှာ လည်း သူတို့ အကြောင်း ကို သိပ် စိတ်ဝင်စားပုံ မပေါ် ၊ ဟို စားပွဲ လှမ်း ကြည့် လိုက် ဒီ စားပွဲ လှမ်း ကြည့်လိုက် နောက် မှီ့ ဆီ ကို မျက်လုံးကြီး ဝဲ လာကာ စိုက် ကြည့်ပြီး ပြန် သွားလိုက် နှင့် နေရင်း သမ်း နေလေ သည် ။ မှီ့ သူငယ်ချင်းတွေ က မူ စကား ပြော ရင်း က မောင် သမ်း နေသည် ကို မြင်ရသောအခါ ပြုံး ကြလေ သည် ။ ပျင်းအောင် နားထောင် ရ ၍ အားနာသော ကြောင့် ပြုံး သည့် အားနာ ပြုံး လား ၊ လောကဝတ် ကို နားမလည် ရ ကောင်း လား ဟု သရော် သည့် သရော်ပြုံးလား တော့ မ သိရပေ။

“  ဪ ... မေ့ နေတယ် ၊ ကိုတင်ထွန်း မိတ်ဆက် ပေး ရ ဦးမယ်။ ဟောဒါက စီနီယာအိုင်အေ က မခင်မှီ လေ ၊ မခင်မှီ ဟောဒါက စီနီယာ ဘီအက်စ်စီ က ကိုတင်ထွန်း တဲ့ တင်းနစ်ချန်ပီယံ ပေါ့ ”

ဟု ပါတီ ဖိတ် သူ က မိတ်ဖွဲ့ ပေး၏။

“  သြ - သြ ”

ဒီ တုန်း က မောင် က ဒါပဲ ပြော၏။ မှီ က မူ သူ့ ကို ကြည့် ရသည် မှာ ပျင်းစရာ ငြီးငွေ့ စရာ ကောင်း နေသည် ဟု မှတ်ထင် ရလေ သည် ။

“ ဟုတ်ကဲ့ သိ ရတာ ဝမ်းသာ ပါ တယ် ရှင် ”

ဟု ရော၍ ပြော လိုက် ရသည် ။

“ ကိုတင်ထွန်း က သိပ် စကား နည်းတယ် မခင်မှီ ရဲ့ ”

ဟု မောင့် သူငယ်ချင်း က ပြော၏။ မှီ က မူ ပြုံး ရုံ သာ ပြုံး လေသည် ။

“ ခင်ဗျားတို့ ဟာ က ပျင်းစရာကြီး ဗျာ ”

ဟု မောင် က ပြန် ပြော သည် ။ သူတို့ က မောင့် စကား ကို ပြန် မချေတော့ဘဲ သူတို့ ဘာသာ စကား ဆက် များ နေကြသည် ။ မှီ မှာ မောင့် ကို ကြည့်ရင်း

“ ဟုတ်တယ် - မှီ လည်း သိပ် ပျင်းတာပဲ ၊ အရင် က လည်း ပါတီ တွေ ဘာတွေ သိပ် မရောက် ဘူး ၊ မရောက်ဖူးတော့ လာ ရတာ ခပ်ကြောင်ကြောင်ပဲ ”

“  ကျွန်တော် တော့ သိပ် ဝါသနာ မပါလှပါဘူး။ ကိုယ့် ဘာသာ ကစား နေ ရရင် ပြီး တာပဲ။ ဒီ ပါတီ တွေ က နေ ပြီးလည်း တကယ့် မိတ်ဆွေ အဖြ စ် ဆက်ဆံရေး ကို ရလိမ့်မယ် လို့ မထင်ပါဘူး ”

“ ဟုတ်ပါတယ် ၊ မှီ တော့ ကိုယ် က သိပ်ဝါသနာ မပါလို့ လား မသိ ဘူး။ တစ်ခါတလေ သူတို့ မိတ်ဆက် ပေးလို့ သာ ရေလိုက် ကြာလိုက် လုပ် လိုက် ရပေမယ့် ဒီ မိတ်ဆက်ပေး တဲ့ လူ ကို နောက်တစ်ခါ ပြန်တွေ့တော့ မှတ်မိချင် မှ မှတ်မိ တာ ပဲ။ အမှန်ကတော့ ဒါတွေ ဟာ အပျင်းပြေအော င် လုပ်ကြတဲ့ ကစားနည်း တစ်မျိုးပဲ။ ဘာမှ ထူး ထူးခြားခြား အမြတ် မရပါ ဘူး။ မှီ တော မှာ နေ တုန်း က တွေ့ ဖူးတယ်။ တော က လူတွေ လေ ၊ သူတို့ ဘယ်သူ က မှ မိတ်ဆက် မပေးဘဲ ဘယ် သူ က မှ ပါတီတွေ လည်း မဖိတ်ဖူး ပါ ဘူး ၊ ဒါပေမဲ့ တစ်ဦး နဲ့ တစ်ဦး ရင်းရင်းနှီးနှီး နဲ့ သာရေး နာရေး ကျ ရင် ကူညီကြတာပါပဲ။ မြို့ က လူတွေ လို မဟုတ်ပါဘူး ”

“ ဟုတ်တယ် ။ ကျွန်တော် လည်း ဒါတွေ ကို သိပ် မယုံချင်ပါဘူး ၊ အတုအယောင် တွေ ပဲ ”

ဟု မောင် က ရင် ထဲ မှာ ရှိတာ ကို ပြော လိုက်၏။ မှီ မှာ မောင် ၏ စကား ကို သဘော ကျ ကာ ရယ် ပင် ရယ် မိသေးသည် ။

“ ဟုတ်တယ် အတုအယောင်တွေ ”

ဟု မှီ ရင် ထဲ မှာ ပဲ့တင် ထပ် လာ၏။

“ ဒါက လူတွေ က သတ်မှတ် ထားတဲ့ လောကဝတ် ပါ ပဲ။ ယဉ်ကျေး မှု ဟု မဆိုနိုင်ပါဘူး။ ဒါ ဟာ ယဉ်ကျေးမှု အတုပဲ ”

ဟု မှီ က မောင့် စကား ကို ထောက်ခံလေသည် ။

မောင် နှင့် မှီ တို့ မှာ သည် တုန်း က စ တွေ့ လေသည် ။ နောက်တော့ ကော်ရစ်ဒါ တွေ့ ၊ အတန်း ပြောင်းချိန် တွေ့ နှင့် မြင် လျှင် ပြုံး၍ နှုတ်ဆက်ရာ ကအ စ ကျောင်းဆောင် ကို အလည် သွား သည် အထိ ဖြစ် လာ ရလေသည် ။

နောက် မောင့် ကို မှီ ရဲ့ အချစ်ဦး အဖြစ် နှင့် တွေ့လာ ရသည် ။ ကျောင်း တုန်း က ဆိုလျှင် မှီ့  ကို မောင့် ထက် ချစ်မည့် သူ မရှိ။ မှီ ကိုယ် ၌ က လည်း မောင် သာ လျှင် မှီ့  ကို ဘယ်တော့မှ မုန်း မည် မဟုတ် ဟု ထင်မှတ်မိ လေသည် ။

မှီ့ ကို အချစ်ဆုံး လူ ကို ပြပါ ဆိုလျှင် မောင့် ကို လက်ညှိုး ထိုး ပြ ရပေလိမ့်မည်။ မှီ သာ လျှင် မောင် ၏ မြတ်နိုးခြင်း ၏ တည်ရာ ဖြစ် သလို မောင် သာ လျှင် မှီ ၏ စုံမက်ခြင်း တည်ရာ ဖြစ် လေသည် ။

မောင် ဘီ - အယ်လ် ဝင်သည့် နှစ် ၊ မှီ ဘီ - အေ အထက်တန်း အရောက် မှာ လက်ထပ် လိုက်ကြ ၏။ ပထမ တော့ မှီ က ဘီအေ အောင် အောင် စောင့်ပါဦး ဟု ဆိုသည် ။ ဒါပေမဲ့ မောင် က ပြော ၍ မရ။ လူကြီး တွေ ကို အပြော ခိုင်း ဟန် တူသည် ။ မှီ့ မေမေ က မှီ့ ကို နား အချ တွင် မှီ မှာ ကန်စွန်းခင်း ကို ငြိ လိုက်ရလေသည် ။

လက်ထပ် သည့် နေ့ နှစ်ယောက် ထိုင်ခုံကြီး ပေါ်မှာ ထိုင် နေ ကြရင်း မှီ့ မှာ ရင်ထဲ က ခုန်နေ လေသည် ။ ပရိသတ် ကို မမြင်ရ။ မျက်လုံးတွေ ပြာ နေလေသည် ။ ခေါင်း ကို လည်း ငုံ့ ထားရ လေသည် ။ ဘိသိက်ဆရာ က လက်ထပ် ပေးသ ည့် အခါ တွင် မှီ့ လက်များ မှာ အေးစက် ကာ တုန် ၍ နေ လေ သည် ။

ပရိသတ်တွေ စဲ မှ အဝတ်အစားတွေ ကို လဲ ကာ သက်ပြင်း ကို ချ နိုင် တော့သည် ။ မှီ့ အဖို့ ဆိုလျှင် မောင့် မှာ မှီ့ ဘက်က ချည်း ဟု တစ်ထစ် ချ ပြော နိုင်လောက်အောင် မောင် က မှီ့ ကို ချစ် သည် ။ မောင့် အဖို့ ဆိုလျှင် မောင့် ရဲ့ အရိုင်း အပြုအမူတွေ ကို လုံးဝ ခွင့်လွှတ် နိုင် သည် အထိ မှီ က မောင့် ဘက် မှာ ရှိလေသည် ။

မောင် နှင့် မှီ တို့ သည် တာရိုး ပေါ် မှာ လမ်း လျှောက်ကြသည် ။ တာရိုး ပေါ် တွင် ကုက္ကိုပင် တို့ မှာ ကိုင်းချင်းယှက် လိမ်ကာ တာလမ်း ကို မိုး ထား သည် ။ ကုက္ကိုရွက်ကလေးများ မှာ ရေ ထဲ သို့ ဖြုတ်ခနဲ ကြွေကျကြကာ မျောပါ သွားကြ လေ၏။ ကျေး ကိုက် ထားသော သစ်သီးကလေး များ ကြွေကျ သွားလျှင် ရေမှာ ပလုံစီ ၍ သွား လေသည် ။ တာရိုး နှစ်ခု မှာ တံတား လေး ဆက် ထား၏။ မောင် နှင့် မှီ သည် တံတားကလေး ပေါ် မှာ လမ်း လျှောက် ကြလေသည် ။ တံတား လေး ပေါ် မှ မှီ က အောက် သို့ ငုံ့ ကြည့် ကာ -

“ မောင်ရေ ဒီ ရေ က ဘယ် ရောက်ကုန်ပါလိမ့် နော် ”

ဟု မေး၏။

“ မြစ် ထဲ ကို ရောက်တာပေါ့ မှီ ရဲ့ ”

ဟု တိုတိုပဲ ဖြေ သည် ။ မှီ ကမူ ဘာမှ ပြန် မပြောတော့ဘဲ ရေ ထဲ ကို သာ ငုံ့ ကြည့်နေ၏။

“ မှီ တော့ ရေ ထဲ ကြည့် ရင်း သိပ် မူးတာပဲကွယ် ”

ဟု ပြောသည် ။ မောင် က မူ မှီ့ ကို ကြည့်ရင်း စာမေးပွဲ ကို တွေး နေမိသည် ။

“ မောင် ရေ .. မှီ တို့ ဆီ မှာ နှစ်လ သုံးလ လော က် နေပြီး ရင် လေ မောင် ရန်ကုန် ပြန် ရဦးမယ် နော် ၊ မောင် စာမေးပွဲ အောင်ပြီး ရင် ချိမ်းဘား တက် ရဦးမှာ ပေါ့ ”

ဟု မှီ က မောင့် ကို မော့ ကြ ည့်ရင်း ပြောသည် ။

“ မောင် တော့ ဘာမှ မလုပ်ဘဲ မှီ နဲ့ နေချင်တ ယ် ”

ဟု မောင် က ကလေးဆိုး လို ပင် ပြော မိလေ သည် ။

“ အို ... မောင် ဘာမှ မလုပ်ရင် မှီ တို့ ဘယ်လို နေကြမလဲ ။ မိဘတွေ ဆီ မှာ ပဲ နေလို့ ဖြစ်မ လား မောင် ရဲ့ ။ မိဘ က သားသမီး ကို အိမ်ထောင် ပြု မယ် ဆို ကတည်း က မျက်နှာ လွှဲချင် လို့ အိမ်ထောင် ပြုတာ ပေါ့။ ဘယ်ဘက် က မိဘ ဆီ မှ မှီ တော့ မနေချင်ဘူး။ မောင် နဲ့ ပဲ ရှင်းရှင်းလင်းလင်း နေချင်တယ် ”

မှီ မှာ အိမ်ထောင်ရေး ကို တကယ် စဉ်းစား လို သည် ။ လင် ရယ် မယား ရယ် ဖြစ် လာကြမှ အိုး နဲ့ အိမ် နဲ့ တော့ ရှိ မှ ဖြစ် မှာ ဟု မှီ က ယူဆ ၏။ မှီ့ မှာ ဘယ်ဘက် က မိဘ ဆီ မှာ မှ မနေချင် ၊ ကိုယ့် ပစ္စည်း နှင့် ကိုယ့် အိမ်ထောင် နှင့် နေ ချင်၏။

မောင် မှာ ဆက် ၍ သာ ငေး နေလေ၏။ မှီ ကမူ အား မရသည့် အသံ ဖြင့်

“ ပြောပါ မောင် ရဲ့ မဟုတ်ဘူး လား လို့ ။ မှီ က ကွယ် မောင် နဲ့ မှီ နဲ့ လွတ်လွတ်လပ်လပ် ချစ် နေကြရအောင် ပြောရ တာပါ ”

ဟု နှုတ်ခမ်း ကို စူ ရသည် ။ သည် တော့ မှ မောင့် မှာ ပြုံး လာလေသည် ။

မောင် ပြန်သွားပြီး နောက် မကြာခင် မှာ မောင် တို့ စာမေးပွဲဂေဇက် ထွက် ၏။ မှီ ကမူ ရေဒီယို ကို ဖွင့်ကာ အနားတွင် ဆူ နေသည့် အစေခံမလေး တွေ အား

“  ဟဲ့ - ကောင်မလေးတွေ ငြိမ်ငြိမ်နေစမ်း ”

ဟု ငေါက် လိုက် ကာ စာမေးပွဲဂေဇက် ကို နားထောင် ရသည် ။ မောင့် နာမည် မပါလာသော အခါ မှီ့ မှာ စိတ်ပျက်ဝမ်းနည်း ဖြစ် ရလေ သည် ။ ဒါ မှီ့ အပြစ် ပဲ မောင် စာမေးပွဲ ကျ ရတာ မှီ့ ရဲ့ အပြစ် ဟု ကိုယ့် ကိုယ် ကိုယ် သာ အပြစ် တင် ရသည် ။

မှီ့ မှာ မောင် စာမေးပွဲ ကျ သည် ကို ဖုံးဖိ ထား ရသည် ။ တခြား လူတွေ သိ သွား မှာ ကို ရှက် နေသည် ။

“ မှီ ရေ ကိုတင်ထွန်း တို့ အောင် ရဲ့ လား ”

ဟု အိမ်နား က သူငယ်ချင်းတွေ က မေးသည့် အခါ တွင်

“ မောင် က ဒီနှစ် စာမေးပွဲ မဝင်ဖြစ်ဘူး ကွဲ့ ”

ဟု မသုံးဖူးသော မုသား ကို သုံးရသည် ။

မှီ က မူ စာမေးပွဲ မအောင် တာ ဟာ အရေး မကြီးပါဘူး မောင် ရဲ့ ။ ဒီနှစ် မအောင်ရင် နောင် နှစ် ပေါ့ ။ ဒါထက်လေ မောင် ဝမ်းသာ ဖို့ ပြော လိုက် ဦးမယ် ။ မှီ့ မှာ ကိုယ်ဝန် ရှိ နေပြီ မောင် ရဲ့ ။ ဒါထက် မှီ့ ကို တိုးပြီး ချစ်အောင် သံယောဇဉ် တစ်မျှင် ရစ် လာတာပဲ ဟု စာ ထဲ မှာ ထည့် ရေး လိုက်လေ၏။

မောင် မှာ မှီ့ ကို ရန်ကုန် သို့ ခေါ်သည် ။ တော မှာ မွေး ရတာက သိပ် မကောင်း ဟု ဆို ကာ ရန်ကုန် တွင် အိမ် ငှား ကာ မှီ့ ကို ခေါ်လေသည် ။ မှီ မှာ မောင် သွား ကတည်း က ပျင်း နေ၍ မောင် က ရန်ကုန် ခေါ် တော့ လိုက် လာလေသည် ။ မောင်  ရန်ကုန် သွားတုန်း က ဆိုလျှင် အိမ် မှာ ဝတ္ထု စာအုပ် ဖတ် ၊ ရေဒီယို ဖွင့် ၊ ညီမလေးတွေ စန္ဒရား တီး တာ ကို နားထောင် တာ နဲ့ ပဲ အချိန် ကုန် ရသည် ။ မောင့် ဆီ က စာများ မလာ လျှင် စိတ် ထဲ မှ ညစ် သလို ဖြစ်ရပြန်သေးသည် ။

မှီ့ မှာ ရန်ကုန် ရောက် တော့ ပျော် နေလေသ ည် ။ ရန်ကုန် မှာ ဆိုရင် ဘာမှ မပူရ။ ပျော်ဖို့ ရွှင်ဖို့ လည်း မပူရ ။ ဒီ အထဲ မှာ မောင် တစ်ယောက်လုံး ရှိ သေးသည် ။

မှီ ရောက်စ ပထမ နှစ် မှာ မောင် က ဘီအယ်လ် မအောင်သေး ။ မနက် ၇ နာရီ ဆိုလျှင် အတန်း တက် ကာ ၉ နာရီ မှာ အလုပ် သို့ သွားရ သည် ။ မောင့် မှာ မှီ က ဘီအယ်လ် မအောင် ခင် ဝင်ငွေ များ အောင် အလုပ် လုပ် ပါ ဆို သဖြင့် အလုပ် တစ်ခု ကို လုပ် နေရသေးသည် ။

မောင် အလုပ် သွား နေသည့် အခါ တွင် မှီ သည် သားလေး ဖို့ ခြေအိတ်လေးတွေ ၊ အင်္ကျီ လေးတွေ ကို ထိုး ရသည် မှာ တစ်နေ့လုံး ပင် ဖြစ် သည် ။ မောင် အလုပ် က ပြန် လာ မှ ပင် မောင် က

“ ကျန်းမာရေး ကို ဂရုစိုက်ဦး မှီ ရဲ့ ”

ဟု ဆို ကာ အင်းလျားကန်ပေါင် မှာ လမ်းလျှောက်ကြသည် ။ တစ်ခါ တစ်ခါ မောင် က
ခြေလှမ်းကြဲကြီး နှင့် လျှောက် လေရာ မှီ့ မှာ နောက်ကျန် နေရစ်တတ်သည် ။ မှီ က မောင့် လက် ကို ဆွဲ ထားရင်း

“  မောင် က သိပ် လျှောက် တော့ မှီ မလိုက်နိုင်ဘူး မောင်ရဲ့ ”

ဟု ပြော မှ ဖြေးဖြေး လျှောက် လေသည် ။

မှီ့ မှာ သော်မဆင်သားဖွားခန်း သို့ ရောက် နေသည် ။ ညနေ တိုင်း မောင် အလုပ် က ပြန် လာ လျှင် မှီ ဆီ ရောက် လာပြီး နေထိုင် ကောင်း ရဲ့ လား ဟု အစုံစမ်း လာ တတ်သည် ။ မောင် က မှီ့ ရဲ့ မျက်နှာ ကို ကြည့် လိုက် ၊ ကလေး ကို ကြည့် လိုက် နှင့် ကြည်နူး နေသည် ။ မှီ က မူ

“  မောင် နဲ့ မှီ တို့ ကြား မှာ အချစ် ကို ပိုပြီး ခိုင်မြဲစေမယ့် ရတနာလေး မောင် ရဲ့ ”

ဟု ပြော တတ်သည် ။

မောင် က ပြုံး ကာ

“  သားလေး ဖို့ နာမည် ကောင်းကောင်း ရွေး ထား တယ်။ နောက်မှ ပြောမယ် ”

ဟု ဆိုကာ မှီ့ ကို ပြုံး ၍ ကြည့် နေ၏။ မှီ အချစ် မှာ သားလေး မွေးလာတော့မှ ပိုပြီး သစ်လွင်လာသည် ဟု မှတ်ထင် ရလေ သည် ။ အရင်တုန်း က လို ပေါ့ပေါ့ အချစ် မဟုတ် ။ သားရယ် သမီးရယ် လို့ ရှိ လာတော့ လင်မယား အချစ် မှာ ပိုပြီး လေးလေးပင်ပင် ရှိ လာရသည် ဟု အောက်မေ့ မိလေသည် ။

ခုတော့ မောင့် မှာ ဘီအယ်လ် အောင်၍ ဝတ်လုံ တောင် လိုက် နေ ပြီ ဖြစ်၏။ သားလေး မှာ လည်း တော့တီးတော့တာ နှင့် စကား ပြော တတ်ခါစ အရွယ် ပင် ရောက် လာ၏။ မှီ က မူ မှီ့ အချစ် မှာ သားလေး ရ လာမှ ပိုပြီး လေးနက်လာသည် ဟု ထင်မှတ်နေ၏။

“ သား သား ကို ကြီးရင် ဖအေ လို ဝတ်လုံ အလိုက် ခိုင်း ရမယ်။ ပြီးတော့ သားကလေးကလေ မောင့် လို ရုပ်ချော မောင် ”

ဟု ပြော ရသည် ။ အရင် လင်မယား ဘဝ ရခါစ တုန်း ကတော့ လည်း ရခါစ မို့ မှီ့ မောင့် ကို ချစ် ခဲ့ပါ၏။ ခုတော့လည်း သံယောဇဉ် အမျှင် တောင် ရစ် နေပြီ။ မှီ မောင့် ကို ပို၍ ချစ် ရပါသေး၏။

ပြုံးလိုက်စမ်းပါ မောင်ရယ် ၊ ပြုံးလိုက်စမ်းပါ ။ မောင် နဲ့ မှီ တို့ ရဲ့ အချစ် ဟာ လတ်ဆတ် မလာဘူးလား ဟင် ၊ သစ်လွင် မလာ ဘူးလား ၊ မှီ ဟာ မောင့် ရဲ့ အချစ်ဦး ပါ။ သားလေး ရ လာတော့ မောင့် ရဲ့ အချစ် ဟာ မှီ့ အပေါ် မှာ တိုး ပြီး မလာဘူးလား ။

မောင် က မူ နှုတ်ခမ်း ကို စေ့ ထားရင်း က ပခုံး တစ်ဘက် ကို တွန့်ရင်း

“ မှီ ရေ မောင် လေ မှီ့ အ ပေါ်မှာ အချစ် လျော့လျော့ ပြီး လာတယ် လို့ ထင် တယ်။ ရ ခါ စ တုန်းကတော့ အဆုံးအစ မရှိ ချစ် ခဲ့ပါရဲ့ ။ ဒါပေမဲ့ အဲဒီတုန်း က အချစ် က လေးလေးပင်ပင် ရှိတယ်။ ခုတော့ သားဦးလေး ရ လာတော့လေ မှီ တစ်ယောက် တည်း အပေါ် မှာ စု ပြီး မနေတော့ဘူး။ သားလေး အပေါ် မှာ လဲ ဖဲ့ ပစ် လိုက် ရတယ်။ နောက်လည်း သားလေး သမီးလေး မွေး လာ ရင် လေ ဒီလို မျှမျှ  ပေး လိုက်ရတာ နဲ့ မှီ့ အပေါ်မှာ ချစ်တဲ့ မောင့် အချစ် ဟာ လျော့သွား တော့ မှာ ပဲ ။ လေးလေးနက်နက် ရှိ တော့မှာ မ ဟုတ်ဘူး ”

“ ဒါ က မောင် စိတ် ထင်လို့ ပါကွယ် ”

“ မဟုတ်ဘူး မှီ ရဲ့ တကယ် ဖြစ် နေတာ ”

“ မောင် က မလိမ်ပါနဲ့  ၊ စိတ် ထဲ မှာ ပဲ ထင်တယ်လို့ ပြောပါ ”

“ မဟုတ်ဘူး မှီ ရဲ့ ၊ ပြောလို့ မရဘူး တကယ် ကို ဖြစ် နေတာ ”

မောင့် ရဲ့ စကား အသံ မှာ ရင်ထဲ က ထွက် ၍ လာသော အသံ မျိုး ဖြစ်၏ ။ မောင့် ရဲ့ အချစ် မှာ စိတ်ကူးယဉ် အချစ် သာ ဖြစ် လေသည် ။

မှီ သည် မောင် နှင့် မောင့် ရင်သွေးကလေး ကို တစ်လှည့် စီ ကြည့် မိ လေသည် ။ မောင့် အဖို့ က တော့ သားလေး ရ လာလို့ မှီ့ အပေါ် မှာ အချစ် လျော့ ပေမယ့် မှီ့ အဖို့ က တော့ အချစ် ဟာ လေးနက် လာ ရပါသေးတယ် မောင် ရယ် ။

မောင် ဟာ မှီ့ ရဲ့ အချစ် ပါ ကွယ် ။ မောင့် အချစ် တွေ ဟာ ဘယ်တုန်း က မှ မဟောင်း ခဲ့ ပါဘူး။ ပြုံး လိုက်စမ်းပါ မောင် ရယ် ။ စ တွေ့ တုန်း က အပြုံး မျိုး လေး ပြုံး လိုက်စမ်းပါ ။

သည် မောင် ၏ အပြုံး တစ်ဝက် အမဲ့ တစ်ဝက် နှင့် တွဲ နေ သည့် နှုတ်ခမ်း ကို ကြည့် ရင်း မျက်ရည်များ ပင် လည် လာ လေသည် ။

◾ မြသန်းတင့်

📖  လင်းယုန်ဂျာနယ်
       ၁၉၅၀  ၊ ဇွန် ၁

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment