Wednesday, November 2, 2022

လူပျို အပျို ဖတ်စာ ( ၂၃ )


 “ အခု ခေတ် ယောက်ျားတွေ က ရော ယုံရရဲ့လား ”


မေးခွန်းလေး တစ်ခု ပါ ။ အဖြေ က 


“ မယုံရဘူး ”


“ ယုံရတယ် ”


နှစ်မျိုး တည်း လို့ ထင် ရတယ် ။ ဒါပေမဲ့ အခု ခေတ် မှာ အဲဒီ ထက် အဖြေ ပို များပါတယ် ။ 


အခု ခေတ် မှာ တော့ 


“ ယောက်ျား ဆိုတာ သစ္စာ ရှိ ဖို့ ၊ မိန်းမသား အပေါ် ညှာတာ ဖို့ ၊ မိသားစု ကို ကာကွယ် ဖို့ ၊ ဦးစီး ဦးဆောင်နိုင်စွမ်း ရှိ ဖို့ ၊ တာဝန် ယူနိုင်စွမ်း ရှိ ဖို့ အပြင် ခြောက် မနေဖို့လည်း လိုပါသေးတယ် ”


အခု ခေတ် က သိတဲ့ အတိုင်း ခင်မင်တဲ့ ကလေးမလေး တစ်ယောက် သတိ ရ တယ် ။ 


“ သမီး ဘဲ ကို အမြဲ ရေ တောက် နေရတယ် ဆရာ ”


“ ဘာလို့လဲ ”


“ ခြောက် သွားမှာ စိုးလို့ ”


တချို့ က ပြော ကြတယ် ။ 


“ ယောက်ျား တွေ မကောင်းဘူး ၊ ယောက်ျားတွေ မကောင်းဘူး ဆို ၊ အခု ယောက်ျား တွေ ကောင်းလို့ ယောက်ျား အချင်းချင်း တောင် ပြန် ယူ ကြကုန်ပြီ ”


ကဲ ဆိုပါစို့ ။ 


“ ယောက်ျားလေး တွေ ဟာ ယုံကြည် ရ လား ”


“ ယုံကြည်ရပါတယ် ”


ဒါပေမဲ့ စာကြွင်း က 


“ သူ တကယ် ချစ်တဲ့ အခါ ”


အမှား ကျူးလွန် ချင် သူ ဟာ အမှား တစ်ခု ကို ကျူးလွန် ဖို့ စက္ကန့်ပိုင်း လောက် ပဲ အချိန် လိုပါ တယ် ။ ဒါပေမဲ့ အမှား မကျူးလွန် သူ ဟာ အဲဒါကို သူ မမြင်တဲ့ အတွက် သူ တစ်သက်လုံး မကျူးလွန် နိုင်ပါဘူး ။


ဆိုပါစို့ ။ 


သူခိုး တစ်ယောက် ဟာ ဘယ်အချိန် ၊ ဘယ်နေရာ မှာ လူ လစ်ပြီ မို့ နီးစပ်ရာ ပစ္စည်း တစ်ခု ကို စက္ကန့်ပိုင်း အတွင်း ဖျတ်ခနဲ ခိုး ယူ လိုက် သလို မျိုး ပါပဲ ။ ဒါပေမဲ့ လူကြီး လူကောင်း တစ်ယောက် ဟာ ဘယ်အချိန် မှာ လူ လစ်မလဲ စောင့် နေတာ မဟုတ်တဲ့ အတွက် တစ်သက်တာ ခိုးယူ ဖြစ်မှာ တော့ မဟုတ်ပါဘူး ။ 


ဒီ အတိုင်း ပါ ပဲ ။


ယောက်ျားတွေ မှာ လည်း စာရိတ္တ မကောင်းသူ နဲ့ ၊ စိတ်ဓာတ် ပြည့်ဝ သူ ဆိုပြီး အကြမ်း အားဖြင့် နှစ် မျိုး ရှိပါတယ် ။ အချစ် စိတ် ဟာ လူ တစ်ယောက် ကို ပြောင်းလဲနိုင်စွမ်း ရှိတယ် ဆိုရင် ကောင်းတဲ့ ပြောင်းလဲခြင်း ပဲ ဖြစ်ရပါလိမ့်မယ် ။ ကိုယ် နဲ့ ချစ်သူ ဖြစ်ပြီးမှ ပြောင်းလဲ မလာဘူး ဆိုရင် သေချာတယ် ။ 


“ သူ မင်း ကို တကယ် မချစ်ပါဘူး ”


တချို့ က လည်း အချစ် နဲ့ သာယာခြင်း ကို ရောထွေး နေ တတ်ကြပါတယ် ။ အနေ နီးတဲ့ အခါ ၊ နေ့စဉ် မြင်တွေ့လာရတဲ့ အခါ ၊ သူ နဲ့ တွေ့တဲ့ အဆင်ပြေ နေတာ တွေ့တဲ့ အခါ ၊ အချစ် ကို တွေ့ပြီ လို့ ထင် ကြပါတယ် ။ များသော အား ဖြင့် သူငယ်ချင်း က နေ ချစ်သူ ဖြစ်လာတာ မျိုးတွေ လည်း ရှိတတ်ပါတယ် ။ တချို့ ဆိုရင်လည်း သူငယ်ချင်း ရဲ့ ရည်းစား နဲ့ ရည်းစား ပြန် ဖြစ် လာ ကြတာ မျိုးတွေ လည်း ရှိပါတယ် ။ 


ဒါကို အချစ်စစ် လို့ ရေရေရာရာ ပြောလို့ မရပါ ဘူး ။ ရုတ်တရက် သာယာ သွား တာ လည်း ဖြစ် နိုင်ပါတယ် ။ 


အဲဒီတော့ ရည်းစား သာ ဖြစ် နေကြ တာ ။ 


“ နင် လည်း လုပ်ချင် တာ လုပ် ၊ ငါ လည်း လုပ်ချင် တာ လုပ်မယ် ”


ဆို တာ မျိုး တွေ ရှိလာကြပါတယ် ။ 


ဒါဟာ အချစ်စစ် ဖြစ်နိုင်ပါ့မလား ။


တချို့ ဆယ်တန်း အောင်ပြီး စ ၊ တက္ကသိုလ် တက် စ လေး တွေ ဆို သိပ်ပြီး ဖြစ်တတ်ပါတယ် ။ 


“ အပူတပြင်း ရည်းစား ရှာကြတာ ”


သူများ ရည်းစား ရ လို့ မှ ကိုယ် မ ရ ရင် ဂုဏ် ပဲ ငယ် နေ သလိုလို ၊ အသိသာဆုံး ကတော့ ပထမနှစ် ကုန် ခါနီး နဲ့ ဘွဲ့ ရခါနီး အချိန်ပဲ ။ ဘယ်လို ဒေါင်းတောက် နေကြမှန်း ကို မသိပါဘူး ။ ရည်းစား မရ ဘဲ ဘွဲ့ ရ သွားမှာ ကို အတော် စိုး ပုံ ရ ရှာပါတယ် ။ ဆိုပါတော့ ။ အဲဒီလို အချိန်မျိုး မှာ ဆိုရင် နီးစပ်ရာ အဆင်ပြေမယ် ထင်ရာ ကို တွဲ လိုက် တတ်ကြပါ တယ် ။ 


“ တကယ် ချစ်ရဲ့လား ”


မသေချာပါဘူး ။ ဒါပေမဲ့ တွဲ လာကြတဲ့ အခါ သာယာပြီး တကယ် ချစ်တယ် လည်း ထင် သွား တတ် ပါတယ် ။ တကယ်တော့ အမှန် တကယ် မ ချစ်ပါဘူး ။ ဒီလို နဲ့ ပဲ အဲဒီ လူ နဲ့ အိမ်ထောင် ကျ တတ် ပါတယ် ။


တချို့ကလည်း သူငယ်ချင်း လို ဖြစ် နေတဲ့ အတွက် သင့်သင့်မြတ်မြတ် နဲ့ တစ်သက်လုံး ပျော်ရွှင်စွာ လက်တွဲ သွားကြပါတယ် ။ တချို့က လည်း ကိုယ် မချစ်တာကြီး ကို ရ ထားပြီး ၊ ပြန် ခွာ လို့ လည်း မရ ၊ စွန့်ပစ် လို့ လည်း မသင့် နဲ့ ဒီ အတိုင်း စိတ် ဆင်းရဲစွာ ပေါင်းဖက် သွားကြရပါတယ် ။ ဒီ ကြား ထဲ သူ ရဲ့ အရင် အကျင့် ဟောင်း တွေ မပြင် ဘဲ ဆက်လက် ပွေလီ နေဦးမယ် ဆိုရင်တော့ ဘယ်လို ယုံကြည်ရတဲ့ ယောက်ျားသား ဖြစ် လာမှာလဲ ။ ကျွန်တော် ပြောပြီးသားပါ ။ မကောင်းမှု ကို မွေ့လျော်တဲ့ သူ အတွက် အချိန် ခဏလေး ပဲ လို ပါ တယ် ။ မိနစ်ပိုင်း အတွင်း အရာရာ ဖြစ် နိုင်ပါ တယ် ။ 


ဒါဆိုရင် ယောက်ျားလေးတွေ က မယုံရဘူးလား ။ 


“ ယုံကြည် ရပါတယ် ။ တကယ် ချစ်တဲ့ အခါ အရမ်း ယုံကြည်ရပါတယ် ”


“ တကယ် ချစ်တဲ့ အခါ ယောက်ျားတွေ ဟာ ကမ္ဘာ ပေါ် မှာ သူ့ အတွက် မိန်းမ တစ်ယောက် တည်း ရှိ တယ်လို့ ထင် ကြပါတယ် ”


“ အေး ကိုယ် က လွဲရင် ကျန်တာ မိန်းမတွေ ချည်း ပဲ ထင် သွားရင်တော့ မတတ်နိုင်ဘူးပေါ့ ”


ကျွန်တော် ကြုံဖူးတဲ့ သူ လို တော့ မဖြစ်စေနဲ့ ပေါ့ ။ 


“ ငါ ကွာ ငါ့ မိန်းမ ကို သိပ် ချစ်တာပဲ ၊ ဘယ်နေရာ သွားသွား မိန်းမ မျက်နှာ ပဲ မြင် နေတာ ၊ ခရီးဝေး သွား လည်း မိန်းမ သိပ် သတိ ရတာပဲ ၊ တစ်နေရာ ရောက် တော့ကွာ ၊ အဲဒီမှာ ငါ့ ကို ပြည်တည်တည် လုပ်နေတဲ့ ကောင်မလေး ရှိတယ် ။ ငါ လည်း ငါ့ မိန်းမ ကို လွမ်းစိတ် နဲ့ အရက် လေး ဘာလေး သောက်ပြီး “ မိန်းမ ရေ ”

လို့ ခေါ် တာ နဲ့ နောက် တစ်ယောက် ထပ် ညား တော့တာပါပဲ ”


ဒါ ဟာ အကြောင်းပြချက် သက်သက် ပါ ။ ရိုးရိုး လူ တင် မဟုတ်ပါဘူး ။ ဒဏ္ဍာရီ ထဲ မှာ လည်း ကြည့်ပါ ။


“ ဒဿဂီရိ ဘီလူး ဟာ မယ်သီတာ ကို သိပ် ချစ်တဲ့ အတွက် လေးတင်ပွဲ မှာ ရှုံးပြီး တစ်ပါး သူ ကို ပေး လိုက်ရတာတောင် အလျှော့ မပေးဘဲ အသက် ဆုံး သည် အထိ ကြိုးပမ်း ခဲ့ပါတယ် ။ သူ သာ မယ်သီတာ ကို ရ ခဲ့ရင် ၊ မယ်သီတာ ကို မယုံ လို့ မီးပုံ ထဲ ခုန်ဆင်း ခိုင်း မှာ မဟုတ်ပါဘူး ”


“ ဘာကြောင့်လဲ ”


“ အချစ်စိတ် ကြောင့် ပါ ”


“ ယောက်ျားတွေ ရဲ့ အချစ်စိတ် ဟာ ယုံကြည်မှု ကို ပြင်းထန် စေပါတယ် ”


ယောက်ျားတွေ သာ တကယ် ချစ် ရင် တစ်သက်တာ လုံး အတွက် ယုံကြည်လိုက်ပါ ။


◾အကြည်တော်


#လူပျိုအပျိုဖတ်စာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment