❝ ရှင်ဘုရင် ဖြစ်ချင်တဲ့ သမင်မိုက် ❞
ရှေးရှေးတုန်းက တောကြီး တစ်ခု အတွင်း မှာ ရှိတဲ့ ဂူကြီး တစ်ဂူ အတွင်း မှာ မကျန်းမမာ ဖြစ် နေတဲ့ ခြင်္သေ့ကြီး တစ်ကောင် ရှိသတဲ့ ကွယ် ။
အဲဒီ ခြင်္သေ့ကြီး နေတဲ့ ဂူ ရဲ့ အနီး မှာ နေတဲ့ မြေခွေး တစ်ကောင် ဟာ တစ်နေ့ တော့ ခြင်္သေ့ကြီး ရဲ့ ဂူတွင်း ကို ဝင်သွားပြီး ခြင်္သေ့ကြီး ကျန်းခန့်သာလို့ မာပါစ လို့ နှုတ်ခွန်းစကား နဲ့ မေးမြန်း သတဲ့ ။
ဒီတော့ ခြင်္သေ့ကြီး က လည်း သူ ဟာ အားအင် ဆုတ်ယုတ်ပြီး မကျန်းမမာ ဖြစ်နေတဲ့ အကြောင်း တတ်ကျွမ်းတဲ့ သမားတော်များ က သမင်ဦးနှောက်များ စား ပေးရင် အားအင် ပြည့်ဖြိုး ပြီး ကျန်းမာ လာနိုင်တဲ့ အကြောင်း ပြောလို့ သူ့ အား သမင် တစ်ကောင် လောက် ရှာ ပေးဖို့ မြေခွေး ကို ပြော သတဲ့ ။
မြေခွေး က လည်း “ အရှင် ခြင်္သေ့မင်း ကျွန်တော်မျိုး မှာ သမင် ကို ချီယူ လာနိုင် လောက် တဲ့ အားအင် လည်း မရှိပါ ။ သမင် လောက် အပြေး လည်းမမြန်ပါ ” လို့ ခြင်္သေ့ကြီး ကို ပြန် ပြော တော့ ခြင်္သေ့ကြီး က “ မင်း ကို ချီလာဖို့ ၊ ဖမ်းလာဖို့ ပြောတာ မဟုတ်ပါဘူး ။ မင်း ဟာ ကောက်ကျစ် လိမ်ညာ တဲ့ အရာ မှာ အတော်ဆုံး သူ တစ်ယောက် အနေ နဲ့ သမင် တစ်ကောင် ကို ဖျားယောင်းသွေး ဆောင် ခေါ်ခဲ့ဖို့ ပြောတာ ... ” လို့ ပြောတော့ မြေခွေး က လည်း “ ကောင်းပါပြီ အရှင် ... အစွမ်းကုန် ကြိုးစားပါ့မယ် ” လို့ ပြောပြီး ဂူ ထဲ မှ ထွက်လာခဲ့ပါ သတဲ့ ။
မြေခွေး ဟာ ဒီလို ထွက် လာလို့ ခြင်္သေ့ကြီး နေတဲ့ ဂူ နဲ့ အတော် လှမ်း တဲ့ ရေအိုင် တစ်အိုင် နား ရောက်တော့ မြက်ပင်ကလေးတွေ ကို စား နေတဲ့ သမင် တစ်ကောင် တွေ့သတဲ့ ။
မြေခွေး ဟာ သမင် ကို တွေ့တယ် ဆိုရင်ပဲ ... “ ဘယ့်နှယ့် မိတ်ဆွေ သမင်လှ ၊ အခု တလော ဖြစ်နေတဲ့ သတင်း ကို ကြားပါစ ... ” လို့ မေးလိုက် သတဲ့ ။
သမင် က လည်း “ ဘာ သတင်းများ လည်း ငါ့ လူ ။ ငါ တော့ မကြားမိပါလား ... ” လို့ ပြန် ပြောလိုက် သတဲ့ ။ ဒီတော့ မြေခွေး က “ ဒီ တော တစ်ဝိုက် မှာ ဘုရင် တစ်ဆူ စိုးမိုး နေတဲ့ ခြင်္သေ့ကြီး ဟာ မကျန်းမမာ ဖြစ်ပြီး သေဖို့ ဖက် နီး နေပြီ ။ ဒါကြောင့် သူ မသေခင် သူ့ ထီးမွေနန်းမွေ ကို ဆက်ခံဖို့ သင့်တော်တဲ့ သူ ကို ရှာဖွေ နေတာလေ ” လို့ပြန် ပြောလိုက် သတဲ့ ။
သမင် ဟာ မြေခွေး သတင်းစကား ကို ကြား တော့ စိတ်ဝင်စား လာပြီး “ ဘယ်သူ့များ ခြင်္သေ့ကြီး က သူ ရဲ့ ထီးမွေနန်းမွေ အပ်ဖို့ ရည်ရွယ်သလဲ ” လို့ မြေခွေး ကို ပြန် မေးလိုက်တယ် ။
မြေခွေး က လည်း “ ခြင်္သေ့ကြီး ဟာ ယခု အချိန် မှာ ရွေးချယ် နေတုန်းပဲ ။ ကျား တို့ ၊ ကျားသစ် တို့ ဟာ ရုပ်ဆင်း က တော့ လှပါတယ် ။ ခွန်အား လည်း ပြည့်ပါတယ် ။ ဒါပေမယ့် စိတ်တို လွန်း လို့ ဘုရင် ပညာ နည်းလွန်း လို့ မသင့်တော်ဘူး ။ ဝက်ဝံ ဟာ လည်း ရဲတော့ ရဲရင့်ပါတယ် ။ ဒါပေမယ့် အင်မတန် နှေးကွေး ပြီး အအိပ် မက် လွန်းတော့ လည်း ဟန် မကျဘူး ။ ဒါကြောင့် သမင် တစ်ကောင် သာ သူ့ ရဲ့ ထီးမွေ နန်းမွေ နဲ့ ထိုက်တန်တယ် ။ သမင် ဟာ အပြေး လည်း မြန်တယ် ။ သူ ရဲ့ ချွန်ထက်တဲ့ ဦးချို ဟာ လည်း မြွေဆိုး ကို အပိုင်းပိုင်း ပြတ်အောင် သ,တ်ပစ်နိုင် စွမ်းတယ် ။ ဒါကြောင့် သူ က သမင် ကို ထီးမွေနန်းမွေ ပေးဖို့ ဆုံးဖြတ်တယ် ။ သင် ဟာ ကျုပ် နှင့် အတူ သူ့ ထံ အမြန်လိုက်ခဲ့ပါ... ” လို့ မြှောက်ပင့်တဲ့ စကားလုံးတွေ နဲ့ သမင် ကို ပြောလိုက် သတဲ့ ။
သမင်မိုက် ဟာ လည်း မြေခွေး ရဲ့ လိမ်ညာ တဲ့ စကား ကို ယုံကြည်ပြီး မြေခွေး နဲ့ အတူ ခြင်္သေ့ကြီး ရှိရာ ကို လိုက်သွား သတဲ့ ။
ဂူ ထဲ ဝင်ခါနီး ကျတော့ သမင် ဟာ ကြောက်ရွံ့ နေ သတဲ့ ။ ဒီတော့ မြေခွေး က “ ကြောက် စရာ မလိုပါဘူး ။ စိုးရိမ်စရာ မရှိပါဘူး... ” လို့ ပြောပြီး ဂူတွင်း ကို ခေါ် သွားတယ် ။
ခြင်္သေ့ ဟာ လည်း အစာ ပြတ် နေတော့ သမင် ကို မြင်လိုက်တယ် ဆိုရင်ပဲ လောဘ တကြီး နဲ့ ခုန် အုပ် လိုက်တာ သမင် ရဲ့ နားရွက် တစ်ဖက် ကို သာ မိလိုက် သတဲ့ ။ သမင် ဟာ လည်း တစ်ခါ ထဲ ဂူ ထဲ က နေပြီး ထွက်ပြေး ပါရောကွယ် ။
ဒီတော့ ခြင်္သေ့ကြီး က “ ငါ ဟာ အတော် အားအင် ချိနဲ့ နေပါကလား ။ အစ က ဒီလောက် ချိနဲ့ မှန်း မသိဘူး ။ အခုမှ သိရတယ် ။ ဒါပေမယ့် အခွင့် ကောင်း တစ်ခု ဆုံးရှုံးရပြန်ပြီ ” လို့ ညည်းညူ ပြီး မြေခွေး ကို ပြောတယ် ။
မြေခွေး က လည်း “ စိုးရိမ်နှောင့် လို့ မကြောင့်ကြပါနဲ့ ။ ဒီလောက် အသိဉာဏ် နည်းတဲ့ သမင်မိုက် ကို ကျွန်တော်မျိုး ရအောင် ခေါ်လာနိုင်ပါတယ် ... ” လို့ ပြောပြီး ဂူ ထဲ မှ တစ်ဖန် ထွက် လာပြန် သတဲ့ ။
မြေခွေး ဟာ လည်း ဟိုကြည့် ဒီရှာ နဲ့ လာ လိုက်တာ လယ်ကွင်း တစ်ခု အနား ရောက် တော့ လယ်ထွန် နေတဲ့ လူ တစ်ယောက် ကို တွေ့ သတဲ့ ။ မြေခွေး ဟာ လယ်ထွန် နေတဲ့ လူ ကို ရိုသေလေးစားစွာ နှုတ်ခွန်း ဆက်ပြီး “ ဒီနား တစ်ဝိုက် မှာ သမင် တစ်ကောင်များ မမြင်လိုက်ဘူး လား ” လို့ မေးတော့...
“ သမင် က အများကြီးပဲ ကွယ် ။ ဘယ်လို သမင် လဲ ” လို့ အဲဒီ လူ က မြေခွေး ကို ပြန် မေး သတဲ့ ။
“ နားရွက် တစ်ဖက် ပြတ် နေတဲ့ သမင်မိုက် လေ ” လို့ မြေခွေး က ပြန်ပြောတော့ ... “ ဟာ ... ဒါဖြင့် အခုနကလေးတင် သူ ဟာ နားရွက်ပြတ် တဲ့ဖက် ကို ရွံ့ ထဲ လူး ပြီး ငို နေ ရှာတယ် ။ ပြီးတော့ ဟောဒီဘက် တော ထဲ ကို ဝင်သွားတယ် ။ သူ့ ဆီ သွား ရင် သတိနဲ့ သွားနော် ” လို့ မြေခွေး ကို ပြောလိုက် သတဲ့ ။
မြေခွေး က လည်း “ ကျေးဇူး တင်ပါတယ် ခင်ဗျာ ... ကျွန်တော် သတိမူပါ့မယ် ” လို့ လယ်ထွန် နေတဲ့ လူ ကို ပြောပြီး သမင် ဝင် သွားတဲ့ တော ထဲ ကို လိုက်သွား သတဲ့ ။
နာကျင်လွန်း လို့ ညည်းတွား ရင်း ဗွက်တွေ နဲ့ နားရွက် ပြတ်တဲ့ နေရာ ကို လူး နေတဲ့ သမင် ကို မြေခွေး ဟာ မြင်လိုက်ရင် ပဲ အတော် လှမ်းတဲ့ တစ်နေရာ က ရပ်ပြီး “ ဘယ့်နှယ် ဘယ်လို ဖြစ်တာလဲ သမင်လှ ရယ် ” လို့ မြေခွေး က ပြောလိုက် သတဲ့ ။
“ ဟေ့ကောင်စုတ် ၊ အယုတ်ကောင် ၊ သွား ... သွား ... မသွားရင် ... မင်း ငါ့ ချိုဖျား မှာ အသက် ပါ သွားမယ် ” လို့ ပြန် ပြော လိုက်တယ် ။
မြေခွေး က လည်း “ ဘယ့်နှယ့် ... ဘယ်လိုလဲဗျာ ” လို့ ဝေ့လည်လည် လုပ်ပြီး ပြန် မေး လိုက် သတဲ့ ။
“ မင်း ဟာ ...ငါ့ ကို သေတွင်း ထဲ ခေါ်သွားပြီး မင်း က မသိချင်ယောင် ဆောင် မေးရသေး သလားကွာ ” လို့ ပြောတော့ ...
“ မဟုတ်တရုတ် ဗျာ ။ အဲဒါ ခင်ဗျား မှားတာပဲ ။ ကျွန်တော် ဟာ ဒီလို သဘော နဲ့ ဒီလို အနာတရ ဖြစ်စေလိုတဲ့ စေတနာ နဲ့ ခေါ်တာ မဟုတ်ပါဘူး ။ ခြင်္သေ့ကြီး ဟာ လည်း ခင်ဗျား ကို ဒီလို အနာတရ ဖြစ်အောင် လုပ်တာ မဟုတ်ပါဘူး ။ သူ က ခင်ဗျား ကို စေတနာ ရှိလွန်း လို့ ကျွန်တော် မကြားစေ ချင်တဲ့ လျှို့ဝှက် စကားတွေ ပြောချင်လွန်း လို့ ခင်ဗျား ဆီ အလောတကြီး အလာ မှာ ဒီလို မတော်တဆ ထိခိုက်မိခြင်း ဖြစ်ပါတယ် ။ ခြင်္သေ့ကြီး ဟာ လည်း အတော်ပဲ စိတ် မကောင်း ဖြစ်နေပါတယ် ။ ခင်ဗျား လည်း သူ့ ကို အထင် လွဲပြီး လာ မှာ မဟုတ်တဲ့ အတူ ဝံပုလွေ ကို လည်း သူ့ ထီးမွေနန်းမွေ ပေးဖို့ တောင် ပြောနေပါတယ် ” လို့ မြေခွေး က သမင် ကို ထပ် ပြောလိုက် သတဲ့ ။
ဒီတော့ သမင်မိုက် ဟာ “ အဟုတ်ပဲလားကွာ ” လို့ မြေခွေး ကို ထပ်ပြီး မေးပြန် သတဲ့ ။ မြေခွေး က လည်း “ အဟုတ်ပါ ခင်ဗျာ ။ဒီ ထီးမွေနန်းမွေ ဟာ ခင်ဗျား နဲ့ ပဲ ထိုက်တန်တယ် ခင်ဗျ ။ မယူဘူး ဆိုမှ ဝံပုလွေ ကို သာ ပေးရမည် ဖြစ်ကြောင်း ကို လည်း ပြောပါသေးတယ် ။ ဒါကြောင့် ဝံပုလွေ မရောက်ခင် ကျွန်တော်တို့ သွားကြပါစို့ ” လို့ ပြောလိုက် ရင် ပဲ သမင်မိုက် ဟာ မြေခွေး စကား ကို ယုံစားပြီး မြေခွေး နဲ့ အတူ ခြင်္သေ့ကြီး ထံ တစ်ဖန် သွားပြန် သတဲ့ ကွယ် ။
ဒီ တစ်ခါ တော့ ခြင်္သေ့ကြီး ဟာ အရင် က လို မပိုင်တပိုင် နဲ့ မစီးဘူး ။ ပိုင်လောက် မှ စီးမယ် ဆိုတဲ့ အကြံ နဲ့ မြေခွေး နဲ့ သမင်မိုက် လာ တာ မြင်လိုက်ရင် ပဲ “ ဟေ့ ... ဘယ်သူလဲဟေ့ ” လို့ အော် မေး လိုက်တော့ … မြေခွေး က “ အရှင့် ကျွန်ယုံတော်ကြီး ပါ ” လို့ ပြန် ပြော လိုက်တယ် ။ “ နောက်က ဘယ်သူလဲ ” လို့ မေးတော့ “ အရှင် ထီးမွေနန်းမွေ ပေးအပ်လိုတဲ့ သမင်လှ ပါ ” လို့ ထပ် ပြောလိုက် သတဲ့ ။
ဒီတော့ ခြင်္သေ့ကြီး က “ လာကြဟေ့ ... လာကြ သမင်လှကလေး ရေ ... ဒီနား ကို တိုး ခဲ့ပါကွယ် ။ ငါ ဟာ မျက်စိ လည်း မှုန်တယ် ။ နား လည်း တယ် မကြားဘူး ။ မင်း ကို လည်း တိုးတိုးတိတ်တိတ် မှာစရာတွေ ရှိနေပါတယ် ” လို့ သမင်မိုက် ကို ပြောလိုက် ရင် ပဲ သမင်မိုက် ဟာ ခြင်္သေ့ကြီး အနား တိုးသွား ရှာ သတဲ့ ။
ဒီအခါ ကျ မှ ခြင်္သေ့ကြီး ဟာ သမင်မိုက် ကို တစ်ခါထဲ အပိုင် ဖမ်းပြီး အသားတွေ ဆုတ်ဖြဲ ပြီး စားလိုက် သတဲ့ ။
ခြင်္သေ့ကြီး က သမင် ရဲ့ အသားတွေ စား နေတုန်း မြေခွေး က လည်း သမင်ခေါင်း မှာ ရှိတဲ့ ဦးနှောက်တွေ ခိုးပြီး ဖောက်စား လိုက် သတဲ့ ။
ခြင်္သေ့ကြီး လည်း အသားတွေ စား လို့ ကုန်ခါနီး ကျ တော့ “ ဟေ့ ... ဦးနှောက် ကို မတွေ့ပါကလား ” လို့ မြေခွေး ကို မေးတော့ မြေခွေး က “ မှန်လှပါ ဒီ သမင် ဟာ ဦးနှောက် သာ ရှိခဲ့ ရင် ဒီကို နှစ်ခါ မလာပါဘူး ဘုရား ” လို့ ပြန် ပြောလိုက် သတဲ့ ကွယ် ။
ဒီ ပုံပြင် နားထောင် ပြီး လို့ ဒီ ပုံပြင် ထဲ က သင်ခန်းစာ ယူစရာ က တော့ တစ်ခါ အလိမ် ခံရ ရင် လိမ်သူ အပြစ် ၊ နှစ်ခါ အလိမ် ခံရရင် အလိမ် ခံရသူဟာ ဦးနှောက် မရှိတဲ့ သမင် လို ပေါ့ကွယ် ။ သူ့ အပြစ် ပဲ ။
◾မင်းတဲမောင်မောင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ မေလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment