❝ တိုင်းကျော် တို့ ဆရာ တပည့် ပြေးကြပြီ ❞
တိုင်းကျော် ခေါ် မြသာ နှင့် ဆိတ်ဖွား တို့ သည် ကျွန်း မှ ထွက်ပြေးကြရန် အတွက် လှေ တစ်စီး ကို ခိုး ၍ ထွင်းခဲ့ကြ လေ၏ ။ ထို့အပြင် ရိက္ခာ ကို လည်း စုဆောင်းခဲ့ကြ လေ၏ ။ ထိုသို့ ပြုလုပ်၍ အဆင်သင့် ဖြစ်သောအခါ မိုးတွင်း အချိန် ကို စောင့်ကြလေ၏ ။ မိုး အခါ ၌ ကျွန်းပုလိပ်များ သည် အစောင့်အနေ နည်းကြလေ၏ ။ မိုးအခါ ည တည ၌ တိုင်းကျော် နှင့် ဆိတ်ဖွား တို့သည် ၎င်းတို့ ၏ လှေကြီး ကို ရေ သို့ချကာ ကျွန်း မှ ထွက်ပြေးကြ လေတော့၏ ။
ထိုသို့ မပြေးမီ ၌ လည်း ဆိတ်ဖွား သည် တောဆိတ် တစ်ကောင် ကို သ,တ်ကာ ၎င်း တို့ ၏ အဝတ်အစားဟောင်းများ ကို တောဆိတ် ၏ သွေးများ ဖြင့် လိမ်းကျံ ၍ ရေစပ် ၌ ထားခဲ့လေ၏ ။
ထို့ကြောင့် ကျွန်းပုလိပ်များ က ကျွန်းသား နှစ်ယောက် သည် ရေစပ် သို့ အသွား ၌ မိကျောင်းစား ခံရကြောင်း ယူဆ ၍ ကျွန်းမင်းကြီး ထံ အဆင့်ဆင့် အစီရင်ခံ လိုက်သည် ဖြစ်ရာ ကျွန်းမင်းကြီး ကိုယ်တိုင် စစ်ဆေး ကြည့်ရှုပြီး နောက် တိုင်းကျော် ခေါ် မြသာ နှင့် ကိုဆိတ်ဖွား ၏ အမည် ကို ကျွန်းစာရင်း တွင် မင်နီတား ၍ ဖျက် ပစ်လိုက် လေ တော့၏ ။
၎င်းတို့ သည် လှေငယ်ကလေး ဖြင့် ပင်လယ် ကို ၊ သမုဒ္ဒရာကြီး ကို အကြောက် အလန့် ကင်းမဲ့စွာ ဖြတ်သန်းကြ လေ၏ ။ ညအခါများ ၌ ကြယ်တာရာများ ကို ကြည့် ၍ ခရီး သွားကြ လေ၏ ။
“ ဟေ့ မြသာ ၊ ဟောဟို ကြယ်ကလေး တစ်လုံး ဟာ သန်းခေါင် ဆိုရင် ပေါ်လာ ပြီကွ ၊ အဲဒီ ကြယ်ကလေး ကို မှတ်ပြီး သွားကွ ၊ ဟောဟို ကြယ်စုကလေး တွေ ကို လဲ မှတ်ထား ကွ ”
ဟု ကိုဆိတ်ဖွား က ပြော လေ၏ ။
“ စိတ်ချပါ ဆရာရယ် ၊ ဆရာ ပြ ထားလို့ နက္ခတ်ပညာ ကို လဲ ကောင်းကောင်းကြီး တတ် နေပါပြီ ၊ ဆရာ အေးအေးဆေးဆေး အိပ်ပြီး လိုက်ခဲ့ပါ ”
ဟု မြသာ က ပြောလေ၏ ။
သို့ရာတွင် ကိုဆိတ်ဖွား မှာ အေးအေးဆေးဆေး မလိုက်နိုင်ရှာပါ ။ ၎င်းတို့ ပင်လယ်ခရီး လေးရက်မြောက် နေ့ တွင် လေမုန်တိုင်း တိုက် လေတော့၏ ။
၎င်းတို့ ၏ လှေကလေး သည် လှိုင်းလုံးကြီးများ နှင့် အတူ မြောက် ၍ တက် သွား၏ ။ ပြန် ၍ ကျ၏ ။ ၎င်းတို့ နှစ်ဦး သည် လှေ ကို မြဲနိုင်သမျှ မြဲအောင် ဆုပ်ကိုင် ထား ကြ၏ ။ သို့ရာ တွင် ၎င်းတို့ ၏ လှေကလေး သည် နောက်ဆုံး ၌ လှိုင်းဒဏ်ကို မခံနိုင်ရှာ ဘဲ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေ၍ သွားလေတော့၏ ။ ၎င်းတို့ လည်း ပင်လယ် ထဲ တွင် လက်ပစ် ကူးခတ်ရ လေတော့၏ ။ ထိုသို့ ကူးခတ်ရာ တွင် ကိုဆိတ်ဖွား သည် ပျဉ်ချပ်ကလေး တစ်ချပ် ကို ရ၏ ။ မြသာ မှာ မူ လက်လွတ် ဖြစ်၍ နေ၏ ။ ပျဉ်ချပ် မှာ လည်း နှစ်ယောက် တွယ် ၍ မရ ၊ တစ်ယောက်စာ သာ လျှင်ဖြစ်၏ ။ ကိုဆိတ်ဖွား သည် မြသာ အနီး သို့ ရောက်သော အခါ
“ ဟေ့ မြသာ ၊ မင်း မှာ က မင်း ရဲ့ ရန်သူတွေ ကို လက်စား ချေဖို့ တာဝန် ကျန်သေးတယ်ကွ ၊ ဒီတော့ မင်း က သေလို့ မဖြစ်သေးဘူး ၊ ရော့ ပျဉ်ချပ် ”
ဟု ဆိုကာ မြသာ အား ပျဉ်ချပ် ကို ပေး၍ ၎င်းက မူ လက်လွတ် ကူးလေ၏ ။ ထိုအချိန် မှာ ပင် လေပြင်းမုန်တိုင်း က ပြင်းထန်စွာ တိုက်ခိုက် လိုက်ပြန်ရာ ၎င်းတို့ ဆရာတပည့် နှစ်ဦး သည် တကွဲစီ ဖြစ်သွား ကြ လေတော့၏ ။
မြသာ သည် ပျဉ်ချပ် ကို စွဲမြဲစွာ ဖက်ထားခဲ့ရာ နှစ်ရက် နှင့် တစ်ည ပင်လယ်ရေစီး ကြောင်း တစ်ခု ထဲ တွင် မျောပါခဲ့ပြီး ကျွန်း တစ်ကျွန်း ၏ အစပ် ၌ သွား၍ တင်လေတော့၏
မြသာ သည် သတိလစ် မေ့မျော နေ၏ ။ သတိရ သော အခါ၌ ကျွန်း ပေါ် တွင် ရေရှာ ရာ မိုးရေများ တင် နေသော ကျောက်ခွက် ကျောက်ဖျာများ ကို တွေ့ သဖြင့် ရေသောက် ခွင့် ရ လေတော့၏ ။ ထို့ကြောင့် အတော်အတန် အား ရှိ သွားလေ၏ ။
မြသာ သည် ခွန်အား ပြည့် အောင် နားနေ ပြီး နောက် အစာ ရှာလေ၏ ။ အစ ပထမတွင် အခက်အခဲ ရှိသော်လည်း နောက်ပိုင်း တွင် နည်းလမ်း ကို တွေ့ရှိ လေ၏ ။ ၎င်း တွေ့ရှိသော နည်းလမ်း မှာ နွယ်ကြိုးများ ကို ကျော့ကွင်း ပြုလုပ်၍ ကျွန်း ပေါ် ရှိ သားကောင်များ ကို ရှာဖွေ စားသောက်သော နည်း ဖြစ်၏ ။ တောကောင်များ ရလျှင် မီး ကင်၍ စားသောက်၏ ။
ဤသို့လျှင် ကျွန်း ပေါ်၌ နေထိုင်၍ တစ်ကျွန်းလုံး အနှံ့ အပြား သွားလာ ကာ သစ်သီးခူးခြင်း ၊ အမဲလိုက်ခြင်း အလုပ်များ ကို လုပ်ကိုင်ခဲ့ရာ တစ်နေ့ သ၌ ကျောက်ဂူပေါက် တစ်ခု ကို တွေ့လေ၏ ။ ထို ဂူပေါက် တွင် သစ်ပင်များ စိုက်၍ ဂူပေါက် ကို ပိတ်ဆို့ ထားဟန် လက္ခဏာ ရှိသော ကြောင့် တိရစ္ဆာန် အဆီ ဖြင့် မီးတုတ်များ ပြုလုပ်ကာ ဂူပေါက် အတွင်း သို့ ဝင်ရာ ဂူထဲ တွင် အိပ်စက်ရန် နေရာနှင့် တကွ ရတနာပစ္စည်းများ ကို တွေ့ရသည့် အပြင် ဆိတ်သားရေချပ် ကို အသုံးပြု၍ ပင်လယ်ဒမြ တစ်ဦး ရေးထား သော မှတ်တမ်း နှင့် ပစ္စည်း စာရင်း ကို တွေ့ရလေတော့၏ ။ ဤ မှတ်တမ်း ကို ရေးသား ထားသော ပင်လယ်ဒမြ ၏ အမည် မှာ ကု,လား ဟူ၍ ဖြစ်၏ ။
ထို ကု,လား သည် ဤ ကျွန်း ပေါ်သို့ မျက်စိ ပိတ်၍ ခေါ်လာခဲ့ပုံ ဤ ကျွန်း မှ ခုနစ်ရက် ခရီး နေရာ တွင် လည်း ဤ ထက် အဆပေါင်း များစွာ များပြားသော ရတနာပစ္စည်း များ ကို ၎င်း အနေ နှင့် ဝှက်ပေး ရပုံ ၊ ၎င်းတို့ အား တစ်လ ကြာ လျှင် ပြန်၍ ခေါ်မည် ဟု ပြော သွားသော “ သန်းခေါင်ကြယ် ” ပင်လယ်ဒမြအဖွဲ့ မှာ တစ်နှစ် ကြာသည် အထိ ၎င်းတို့ အား လာ၍ မခေါ်သေးပုံ တို့ ကို အသေးစိတ် ရေးထားလေ၏ ။
ထို့အပြင် ပင်လယ်ဒမြ မှတ်တမ်း ၌ ၎င်းတို့ ၏ အဖွဲ့ဝင်များ စာရင်း ကို အတိအကျ ရေးမှတ် ထားလေ၏ ။ ထိုသို့ ရေးမှတ်ထား ရာ တွင် ပင်လယ်ဒမြ ပေတလူ နှင့် ပေတဖြူ ဆိုသူ ၏ နာမည်များ ၌ ကြယ်ပွင့် အမှတ်အသား ပြထား ပြီး လျှင် ၎င်း ပေတလူ ပေတဖြူ မှာ ညီအစ်ကို ဖြစ်ကြောင်း ၊ ၎င်းတို့ နှစ်ဦး သည် ပင်လယ်ဒမြများ အထဲ တွင် အကင်းပါးသူများ ဖြစ်သောကြောင့် တစ်နေ့ နေ့ တွင် ရတနာ ပစ္စည်း အတွက် သစ္စာဖောက်လိမ့်မည် ဟု မိမိ ယူဆကြောင်း ၊ ၎င်းတို့ သည် အကင်းပါး သူများ ဖြစ်သောကြောင့် ရတနာကျွန်း သို့ သွားရာ လမ်းခရီး ကို လည်း ကောင်းစွာ မှတ်မိ လိမ့်မည် ဖြစ်ကြောင်းများ ကို ပါ ရေးသားထား လေ၏ ။
ထို့ပြင် မိမိ သည် အခြား လူရိုင်းများ နေထိုင်ရာ ကျွန်းများ ကို ရောက်ပေါက် သည် ဖြစ်ရာ လူရိုင်းတို့ သုံးစွဲသော ဆိပ်လူးမြား ပစ်ပုံ နှင့် ဆိပ်လူးမြား ကို ပင် သိရှိခဲ့ခြင်း သည် ယခုအခါ ၌ လွန်စွာ အသုံးဝင်ပုံ နှင့် ဆိပ်လူးမြား ကို မှုတ်ပြောင်း နှင့် မှုတ်ရပုံ အသေးစိတ် ကို ရေးသား မှတ်တမ်းတင်ထားလေ၏ ။
မောင်မြသာ သည် ဝါးလုံး တစ်လုံး ကို ဆိပ်လူးမြားပင် ကို ရှာဖွေကာ အမဲလိုက် လေ၏ ။ ထို့နောက် ရတနာပစ္စည်းများ ကို ထုတ်ယူ ကာ အခြားသော နေရာ ၌ သိမ်းဆည်း သိုဝှက် ၍ ထို ရတနာပစ္စည်းများ အနက် မှ အဖိုးတန်သော ကျောက်မျက်ရတနာများ ကို မိမိ ကိုယ် ၌ သိုဝှက်ကာ အသင့် ဆောင် ထား လေတော့၏ ။
မောင်မြသာ သည် ထို ကျွန်း ၌ အချိန် အတော်ကြာ နေခဲ့ပြီး နောက် ပင်လယ်ကူး သင်္ဘောတစ်စင်း ကို တွေ့ သဖြင့် ၎င်း ပြုလုပ် ထားသော ဆိတ်သားရေအလံ ကို လှုပ်ယမ်း ပြသည် ဖြစ်ရာ ထို သင်္ဘော ပေါ်မှ ကပ္ပိတန် သည် မှန်ပြောင်း နှင့် ကြည့်ရှုရာ ၌ ဆုံမိ သဖြင့် သင်္ဘော ကို ရပ်ကာ သင်္ဘောသား လေးယောက် အား လာရောက် ကယ်ဆယ်ကာ သင်္ဘော ပေါ် သို့ တင်ဆောင် သွားပြီးလျှင် မြန်မာပြည် နှင့် အနီးဆုံး ဆိပ်ကမ်းမြို့တစ်မြို့ ၌ ချထား ပေးခဲ့လေတော့၏ ။
မောင်မြသာ လည်း ထို မြို့ ၌ ၎င်းတွင် ပါလာသော ကျောက် တစ်လုံး ကို ရောင်းချရာ ကျောက် ဝယ်သူ က မောင်မြသာ ၏ စုတ်နုတ် နုံချာသော အဝတ်အစားများကို ကြည့်၍ ဈေးနှိမ် ၍ ဝယ်သည့် တိုင်အောင် ငွေ တစ်သိန်း ကျော် ရရှိခဲ့လေ တော့၏ ။
မောင်မြသာ စုတ်နုတ် နုံချာသော အဝတ်အစားများ ဟု ဆိုရာ၌ လွန်စွာ စုတ်နုတ် နုံချာလှသည် မဟုတ် ၊ သင်္ဘောကပ္ပတိန် စွန့်ကြဲ လိုက်သော အင်္ကျီ ၊ ဘောင်းဘီ တစ်ပတ်ရစ်များ သာ ဖြစ်၏ ။
မောင်မြသာ သည် ငွေ တစ်သိန်း ရပြီးသော အခါ၌ ကောင်းမွန် သန့်ပြန့်သော အဝတ်အစားများ ကို ဝယ်ယူ ကာ မြန်မာပြည် ဘက် သို့ လိမ္မာပါးနပ်စွာ ကူး ခဲ့လေ၏ ။
ကျောက် ရောင်း၍ ရ ရှိသော ငွေ တစ်သိန်း ကို လည်း ပစ္စည်းများ ချည်း ဝယ်ယူခဲ့ လေ၏ ။
မိမိ တိုင်းပြည် သို့ ပြန်ရောက်သည့် အခါ ထို ပစ္စည်းများကို ရောင်းချရာ ၌ အမြတ်အစွန်း ရရှိသေး တော့၏ ။ ထို့နောက် မောင်မြသာ သည် ၎င်း ချစ်သူ မပန်းနု ရှိ ရာ မြို့ကလေး ကို သွားရောက် ပြီးလျှင် မပန်းနု ကို စုံစမ်းရာ မပန်းနု မှာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်း နှင့် အိမ်ထောင်ကျ ခဲ့သည် မှာ ကြာပြီ ဖြစ်၍ ကလေးများ ပင် အတော် ကြီး နေပြီ ဖြစ်၏ ။ ထို့ကြောင့် မောင်မြသာ သည် ၎င်း ၏ သူငယ်ချင်းများ အနက် မောင်ကျော်ဝင်း အကြောင်း ကို သိရ ပြီးနောက် မောင်ပြည့် ၏အကြောင်း ကို စုံစမ်းရာ မောင်ပြည့် သည် ယစ်ထုပ်ကြီး ဖြစ်ကာ အလုပ် ပြုတ်သွားခဲ့ကြောင်း ၊ ယခု အခါ၌ လမ်း တွင် တွေ့သမျှ လူများ ထံ မှ ပိုက်ဆံ တစ်ပြားနှစ်ပြား ကို တောင်းရမ်း ၍ စားသောက် နေရ၏ ။ အရက်ဆိုင် တကာ လှည့် ၍ ခွက်ကျန်များ မော့နေရ၏ ဟု ကြားသဖြင့် မောင်မြသာ လည်း ရုပ် ဖျက်ကာ ၊ မောင်ပြည့် ကို ရှာဖွေရာ အရက်ဆိုင် တစ်ဆိုင် ၌ အခြားသော အရက်သမားများ က အော်လိုက် ငေါက်လိုက် နှင့် ခိုင်းစေသည် ကို လုပ်ကိုင်ပေး နေရပြီး လျှင် အရက်ခွက်ကျန် ကို သောက်နေရ ရှာသော မောင်ပြည့် ကို တွေ့ရလေ၏ ။
ထိုအခါ မောင်မြသာ သည် အရက် တစ်လုံး မှာယူ သောက်ပြီး နောက် မောင်ပြည့် အား ခေါ်ယူ တိုက်ကျွေး ရာ မောင်ပြည့် သည် လွန်စွာကျေးဇူး တင် သဖြင့် မောင်မြသာ ၏ ခြေထောက် ကို နှိပ် ပေး လေ၏ ။ ထိုအခါ မောင်မြသာ က
“ မနှိပ်ပါနဲ့ ဗျာ ၊ ခင်ဗျား ကို ကျုပ် က သနားလို့ တိုက်တာပါ ၊ဒါနဲ့ နေပါဦး ၊ မိတ်ဆွေ ရဲ့ အရက်ဆိုင် က လူတွေ က ပြောကြတယ် ၊ ခင်ဗျား ဟာ ဆွေကြီးမျိုးကြီး ထဲ က လို့ ဆိုပဲ ၊ ခင်ဗျား ကိုယ်တိုင် လဲ စာရေးကြီး တစ်ယောက် ဆို ဗျ ၊ အဲ့ဒီက နေ ဘယ်လို ဖြစ်ပြီး ၊ ဒီ အဖြစ်မျိုး ရောက်ရတာတုံး ဗျ ”
ဟု မေးရာ မိမိ အကြောင်း ကို ဖွင့်ဟ ပြောချင်လှသော မောင်ပြည့် သည် ပြောခွင့် ရပြီ ဖြစ် သဖြင့် အားရဝမ်းသာ နှင့် ပြော လေတော့၏ ။
“ ကျုပ် ဒီလို ဖြစ်တာ က ဘာ ဟုတ်သေးတုံးဗျား ကျုပ် ထက် ကံ ဆိုးတဲ့ လူ တစ်ယောက် ရှိသေးတယ် ၊ ဒီကောင့် နာမည် က တိုင်းကျော် လို့ ခေါ်တယ် ။ ဒီကောင် တစ်သက်တစ်ကျွန်း ကျ သွား ရှာတယ် ။ သူ လဲ တစ်သက်တစ်ကျွန်း ကျရော ၊ သူ့ ရည်းစား ကို ကျော်ဝင်း က ယူ လိုက်တယ် ၊ တိုင်းကျော် ဆိုတဲ့ ကောင် ဟာ သိပ်ပြီး ရိုး တဲ့ ကောင်ဗျ ၊ ထမင်းဆိုင်ရှင် မိန်းမကြီး ကို သ,တ်တဲ့ အမှုနဲ့ ကျွန်းကျ သွားရှာတာ ။ တကယ် သ,တ်တဲ့ လူ က ကျောင်းဆရာ ကျော်ဝင်း ပါ ဗျာ ။ အဲ့ဒီ ကျော်ဝင်း ရဲ့ အဖော် မော်တော်ကားဒရိုင်ဘာကြီး လဲ ရှမ်းပြည်နယ် ဘက် မှာ ချောက် ထဲ ကျပြီး သေလေရဲ့ ၊ အဲ့ဒါလဲ ကျောင်းဆရာကျော်ဝင်း လက်ချက် ဖြစ် မှာပဲ ”
မောင်ပြည့် သည် ဤသို့ လျှင် အစချီ ၍ ပြောလေ၏ ။ ၎င်း အနေ နှင့် တိုင်းကျော် ကို လည်း မှတ်မိခြင်း မရှိတော့ပေ ။ တိုင်းကျော် သည် ၎င်း သိလိုသည့် အချက်များ ကို မောင်ပြည့် အား အရက် တိုက်၍ မေး လေ၏ ။ မောင်ပြည့် လည်း မူးမူး နှင့် ဖြေလေ တော့၏ ။ ထို့နောက် မောင်မြသာ က
“ မိတ်ဆွေရယ် ကျုပ် မေးတာ က ခင်ဗျား အကြောင်းပါ ၊ ခင်ဗျား စာရေးကြီး ဘဝ က နေ ဘယ်ပုံ ဘယ်နည်း ဒီ ဘဝ ရောက်လာတယ် ဆိုတာ ဖြေစမ်းပါ ”
ဟု မေး လိုက် လေ၏ ။
“ ဒီလိုဗျ ၊ ကျုပ် က ဘီးလစ်စာရေးကြီး ဖြစ်တဲ့ အခါမှာ အမတော်ကြေး ငွေတွေ ကိုင်ရတယ် ၊ အဲ့ဒီ အခါ မှာ ကျောင်းဆရာ ကျော်ဝင်း ဟာ ကျုပ် ကို ဖဲ ကစား တတ် အောင် သင်ပြီး ၊ ကျုပ် လဲ ဖဲ စွဲရော ဉာဏ်သမားတွေ များ တဲ့ ဝိုင်းကြီးဝိုင်းကောင်းတွေ ကို လျှောက်ပြီး ပို့ တော့တာပဲ ၊ ကျုပ် လဲ အစိုးရငွေ တွေ ဖဲရှုံး ပစ်ပြီး ၊ ထောင် လဲ တစ်နှစ် ကျတယ် ၊ အလုပ် လဲ ပြုတ်သွားပြီး ဒီ ဘဝ ရောက်လာတာပဲ ”
ဟု မောင်ပြည့် က ဖြေ လေ၏ ။
“ ဪ ဒါနဲ့ ၊ ခင်ဗျား တို့ သူငယ်ချင်း ကျွန်း ကျ သွားတယ် ဆိုတဲ့ လူ ဘယ်သူဗျ ။ တိုင်းလုံးကျော် ဟုတ်လား ”
ဟု မောင်မြသာ က မေး လိုက်လေ၏ ။
“ တိုင်းလုံးကျော် မဟုတ်ပါဘူးဗျ ၊ တိုင်းကျော် ပါ ”
ဟု မောင်ပြည့် က ဖြေ လေ၏ ။
“ အဲ့ဒီ တိုင်းကျော် က အခု ကျွန်း မှာပေါ့နော် ”
ဟု မောင်မြသာ က မေး ပြန်ရာ မောင်ပြည့် က
“ ဒီကောင် ကံဆိုး ပါတယ် ဗျာ ၊ ကျုပ် အသိ ကျွန်းဆရာဝန် တစ်ယောက် နဲ့ တွေ့ လို့ မကြာသေးခင် က မေးကြည့် သေးတယ် ၊ တိုင်းကျော် ဆို တဲ့ ကောင် ရေစပ် မှာ အလုပ် လုပ် နေတုန်း မိကျောင်း စားလို့ သေသွားရှာပြီတဲ့ ”
ဟု ပြော လိုက်လေ၏ ။
“ ဒါနဲ့ နေစမ်းပါဦးဗျ ၊ ခင်ဗျား တို့ ကို ဒုက္ခပေးတဲ့ ကျောင်းဆရာကျော်ဝင်း ဆိုတာ ဘယ် ရောက် သွားပြီလဲ ”
ဟု မောင်မြသာ က မေး လိုက်ရာ
“ ကျောင်းအုပ်ကြီး ဘ ဝနဲ့ ကျန်းမာရေး ကို အကြောင်းပြုပြီး ပင်စင် ယူ လိုက်ပြီ ဒီကောင် ဘယ်လို က နေ ဘယ်လို ပွပေါက် တိုး ထားသလဲ မသိဘူး ၊ အောင်ပန်း ဘက် မှာ ခြံတွေ ဘာတွေ ဝယ် ထားတယ် ။ သူ့ မိန်းမ မပန်းနု က တော့ တောင်ကြီး မှာ နေတယ် အောင်ပန်း မှာ လဲ မယားငယ်တွေ ဘာတွေ ရှိပုံ ရတယ် တောင်ကြီး နဲ့ အောင်ပန်း ကူး နေတာပဲ ”
ဟု မောင်ပြည့် က ပြော လေ၏ ။
ထိုအခါ မောင်မြသာ က
“ ပြီးတာတွေ လဲ ပြီးပြီ လို့ သဘောထား လိုက်ပါဗျာ ၊ ကိုယ့် အကြောင်း နဲ့ ကိုယ် ဖြစ်ကြတာပါ ။ တရား နဲ့ ဖြေပေါ့ဗျာ ၊ ရော့ရော့ ၊ ခင်ဗျား ဈေးသုံးဖို့ ငွေ တစ်ရာ ”
ဟု ဆိုကာ ငွေတစ်ရာ ကို မောင်မြသာ သည် မောင်ပြည့် အား ပေး လိုက်ရာ မောင်ပြည့် သည်
“ ကျေးဇူး ကြီးလှပါပေတယ် ဗျာ ”
ဟု ဆိုကာ မောင်မြသာ အား ထိုင်၍ ရှိခိုးလေတော့သည် ။
••••• ••••• •••••
❝ ကြာပွတ် နှင့် ရိုက်သ,တ်ခြင်း ❞
တိုင်းကျော် ခေါ် မောင်မြသာ သည် ၎င်း နှင့် ပါလာသော ကျောက်မျက်ရတနာ များ ကို ထုခွဲ ရောင်းချလိုက် ပြန်ရာ ငွေ ခြောက်သိန်း ကျော် ရရှိ လေ၏ ။ ထို့ကြောင့် ကြို့ကုန်း ဘက် တွင် ခြံ နှင့် တိုက် တစ်လုံး ကို ဝယ်ယူကာ ၎င်း ၏ ဆရာကြီး ဆိတ်ဖွား သင်ပေး လိုက်သော နက္ခတ်ပညာများ ကို စာအုပ်စာတမ်းများ ၏ အကူအညီ ဖြင့် ဆက်လက် ဆည်းပူးရင်း ကျွန်း တွင် ဖတ်ရှုခဲ့ ရသည့် ပင်လယ်ဒမြအဖွဲ့ ကို လွန်စွာ စိတ်ဝင်စား ၍ နေလေ၏ ။ ထို့ကြောင့် ၎င်း ၏ ခြံ ကို ပင် “ သန်းခေါင်ကြယ် ” ဟု အမည် ပေး ထား လိုက်လေ၏ ။
ထိုသို့ အမည် ပေး ထားခြင်း မှာ “ သန်းခေါင်ကြယ် ” အဖွဲ့ဝင် တစ်ဦး ဦး က တွေ့ရှိ သွားပါ က လည်း ၎င်း အပေါ် ၌ သံသယ ဖြစ်စေရန် ဖြစ်၏ ။ အကယ်၍ သံသယ ဖြစ်ရန် ရန်သူ အဖြစ်နှင့် လာပါ က လည်း တိုက်ခိုက် ၍ “ သန်းခေါင်ကြယ် ” ပင်လယ်ဒမြ အဖွဲ့ ၏ သဲလွန်စ ကို ယူမည် ။ မိတ်ဆွေ အဖြစ် နှင့် လာ ပါ က လည်း ဆက်သွယ်မည် ဟု
ထောင်ချောက် ဆင်၍ ထား လိုက်ခြင်း ဖြစ်၏ ။ ထို့နောက် ငွေကုန်ကြေး ကျခံကာ “ သန်းခေါင်ကြယ် ” အဖွဲ့ အကြောင်း ၊ ရတနာ ကျွန်း သို့ သွားရာလမ်းမြေပုံ ကို သိသည် ဟု ယူဆရသော ဦးပေတလူ ၊ ဦးပေကဖြူ တို့ ၏ မျိုးဆက် လည်း ပြတ်သွားပြီ ဖြစ်ကြောင်း ၊ ထို ရတနာကျွန်း ပေါ် တွင် ရတနာပစ္စည်းများ ကို မြှုပ်ခဲ့သည့် ဦးကု,လား ၌ မြောက်မြား စွာသော မယားများ ရှိခဲ့ရာ ထို မယားများ မှ သား တစ်ယောက် စီ ဖွားမြင်သည် ဆို၏ ။ ထို ဦးကု,လား သည် ထို သားများ ကို ရတနာကျွန်း မြေပုံ ကို ခွဲစိတ် ၍ ပေးခဲ့သည် ဆို၏ ။ ထို့ကြောင့် ၎င်း အနေ နှင့် ၎င်း ရောက်ရှိ ခဲ့သော ကျွန်း မှ ရတနာပစ္စည်းများ ကို သွားရောက် ယူငင်ရန် အလုပ် မှာ များစွာ မခဲယဉ်းသော် လည်း ၎င်း အနေ နှင့် မရောက်ဖူးသော ၊ ဆိတ်သားရေ မှတ်တမ်းကြီး တွင် ဖတ်ရုံ သာ ဖတ်ခဲ့ဖူးသော ရတနာကျွန်းကြီး ကို ပို၍ စိတ်ဝင်စား ခဲ့လေ၏ ။ သို့ရာတွင် ၎င်း စိတ်ဝင်စား ခဲ့သော ရတနာ ကျွန်းကြီး မှာ သဲလွန်စ ပျောက် သွားပြီ ဖြစ်သဖြင့် မောင်မြသာ သည် ထို ကိစ္စ ကို လက်လျှော့ လိုက်ရ လေ တော့၏ ။
သို့ရာတွင် ၎င်း အနေ နှင့် လက် မလျှော့သော ကိစ္စ ကား ရှိ၏ ။ ထို ကိစ္စ ကား အခြား မဟုတ် ။ ၎င်းအား ဒုက္ခ ပေးခဲ့သော ကျောင်းဆရာ ကျော်ဝင်း အား လက်စား ချေရန် အလုပ် ပင်ဖြစ်၏ ။
ထို့ကြောင့် မောင်မြသာ သည် တောင်ကြီးမြို့ သို့ တက်သော တောင်တက်လမ်း ၏ တောင်ချောက်ကမ်းပါး ဘက် ရှိ ကွင်းပြင်ကြီး ၌ ခြံ တစ်ခြံ ဝယ်ယူ ကာ ထို ခြံ ၌ နေထိုင်၍ ကျောင်းဆရာ ကျော်ဝင်း ၏ အသွားအလာ ကို လေ့လာ မှတ်သား နေလေ၏ ။
မောင်မြသာ သည် ကြို့ကုန်း နှင့် ထို နေရာကလေး ကို အိမ်ဦး နှင့် ကြမ်းပြင် သဖွယ် ကူးချည်သန်းချည် လုပ်၍ နေလေ၏ ။ ဤသို့လျှင် မုဆိုး သည် သားကောင် ကို ချောင်း သကဲ့သို့ ကျော်ဝင်း အား မြသာ က ချောင်း နေ ခဲ့ရာ တစ်ည သ၌ ကျော်ဝင်း ကံ နိမ့် ၍ မြသာ က ကံ သာ သော အလှည့် သို့ ရောက်ရှိ ခဲ့ လေတော့၏ ။
တစ်ည သ ၌ မောင်မြသာ သည် တောင် အတက် ကွေ့ တစ်ခု ၌ မော်တော်ကား နှင့် အောင်ပန်း မှ ပြန်လာသည့် ကျော်ဝင်း ကို စောင့် ၍ နေလေ၏ ။ ၎င်း ၏ လက် ထဲ တွင် လည်း ကြာပွတ်ကြီး တစ်ချောင်း ကို ကိုင်၍ ထားလေ၏ ။ ထို ကြာပွတ် မှာ အထူး စီမံ ပြုလုပ်ထား ကြာပွတ် ဖြစ် သဖြင့် ကြာပွတ်ကြိုး ၌ ဆူးများ ပါ လေ၏ ။
ည ( ၁၂ ) နာရီ လောက် တွင် ကျော်ဝင်း သည် အော်စတင်ကားကလေး ကို မောင်း ၍ ပြန်လာ ခဲ့ရာ တောင် အတက် ကွေ့ တစ်ခု သို့ ရောက် လျှင် ကားအရှိန် ကို လျှော့ လေ၏ ။ ထိုသို့ လျှော့ လိုက်သည့် ခဏ၌ ပင် ၎င်း ၏ မော်တော်ကား ရှေ့ သို့ သစ်လုံးကြီး တတုံး ကျ လာ လေ၏ ။ ကျော်ဝင်း လည်း ကား ကို ရပ် လိုက်ရ လေ၏ ။
ထို အချိန် မှာ ပင် တစ်စုံတစ်ယောက် သည် ၎င်း ၏ လည်မျို ကို ဓား ဖြင့် ထောက် ၍ အောက် သို့ ဆင်းခိုင်း လေ၏ ။ အောက် သို့ ရောက်သော အခါ၌ ကျော်ဝင်း အား ကြိုး ဖြင့် တုပ်လိုက် လေ၏ ။
ထိုအခါ ကျော်ဝင်း က
“ လူ ကို တော့ ရန် မမူပါနဲ့ဗျာ ၊ ခင်ဗျား လိုချင်တာ ယူ သွားပါ ”
ဟု ပြော လိုက်ရာ မောင်မြသာ က ...
“ ကျုပ် လိုချင်တာ ယူရမယ် ဟုတ်လား ၊ ကျုပ် လိုချင်တာ တခြား ပစ္စည်း မဟုတ်ဘူးဗျ ၊ ခင်ဗျား အသက် ပဲ လိုချင်တာ ၊ ကျုပ် ဘယ်သူလဲ ကြည့်စမ်း ”
ဟု ဆိုကာ ၎င်း ၏ မျက်နှာ ကို မီးခြစ် ခြစ်၍ ပြ လိုက်လေ၏ ။ ကျော်ဝင်း လည်း မမှတ်မိ ဘဲ ရှိ လေ၏ ။
“ ဪ ကိုယ့် လူ က မမှတ်မိဘူးလား ၊ ကိုယ့် လူ ဒုက္ခ ပေး လို့ တစ်သက်တစ်ကျွန်း ကျ သွားတဲ့ တိုင်းကျော် လေ ၊ အခုတော့ နာမည် ပြောင်း ထားတယ် ၊ ကျုပ် နာမည် မြသာ တဲ့ ၊ ကျုပ် ဆရာကြီး က မှည့် ပေးလိုက်တာ ၊ အခုတစ်ခါ ကျုပ် ဘာသာ ကျုပ် နာမည် ထပ်ပြီး ပြောင်း ရဦးမယ် ၊ ကျုပ် နာမည် ကြာပွတ် တဲ့ ”
ဟု တိုင်းကျော် ခေါ် မြသာ က ပြော လိုက်ရာ ကျော်ဝင်း လည်း လွန်စွာ ကြောက်ရွံ့၍
“ သူငယ်ချင်း ကိုတိုင်းကျော် ၊ အဲ အဲ ကိုကြာပွတ် ၊ ဟိုတုန်းက ဟာ တွေ မေ့ ပစ်လိုက်ပါဗျာ ၊ မှတ်မထားပါနဲ့ ”
ဟု တောင်းပန် လေ၏ ။
သို့ရာတွင် မောင်မြသာ သည် အော်ဟစ်ခြင်း မပြုနိုင်ရန် အတွက် ကျော်ဝင်း ၏ ပါးစပ် အတွင်း သို့ အဝတ် တစ်ခု ကို လုံးထွေး ၍ ထိုးထည့် လိုက်ပြီး ဖြစ်၏ ။ ထို့နောက် ကြာပွတ် ဖြင့် တရွှမ်းရွှမ်း ရိုက် လေတော့၏ ။ ပါးစပ် မှ လည်း မေး၏ ။ လက် မှ လည်း ရိုက်၏ ။ ကြာပွတ်သံ သည် တစ်နာရီ ခန့် တရွှမ်းရွှမ်း မြည် နေလေ၏ ။ နောက်ဆုံး တွင် ကျော်ဝင်း သည် အသက် ပင် ပါ သွားလေတော့၏ ။
ထိုအချိန် မှ စ၍ ၎င်း ကိုယ် ၎င်း “ ကိုကြာပွတ် ” ဟူ၍ ကင်ပွန်း တပ် လိုက်လေ တော့၏ ။
ကိုကြာပွတ် သည် ကား ရှေ့ မှ သစ်ကုံးကြီး ကို ဖယ် လိုက်၏ ။ ကျော်ဝင်း ၏ ပါးစပ် အတွင်း မှ အဝတ် ကို ထုတ် လိုက်၏ ။ ချည်နှောင် ထားသော ကြိုးများ ကို ဖြုတ် လိုက်၏ ။ ထို့နောက် တောင်ချောက်ကမ်းပါးကြီး ၏ မလှမ်းမကမ်း တွင် ရှိသော ၎င်း ၏ သစ်လုံးအိမ်ကလေး သို့ ပြန်ကာ ကျေနပ်စွာ အိပ်စက် လိုက်လေ တော့၏ ။
နောက် တစ်နေ့ မိုးလင်းသော အခါ ကျော်ဝင်း ၏ အလောင်း ကို သက်ဆိုင်ရာ မှ လာရောက် ကြည့်ရှု ပြီးလျှင် ဤသူ ကား ဤနေရာ ကားပျက် ၍ ကား ကို ဆင်း၍ ပြင်မည် ။ ထိုအ ချိန်တွင် ကျားသစ် တစ်ကောင် ရောက်ရှိလာပြီး ၎င်း အား ကုတ်ခြစ်မည် ။ ထို့ကြောင့် ဤ သူ မှာ ကျားသစ် ကုတ် ၍ သေခြင်း ဖြစ်သည် ဟု ဆုံးဖြတ်ချက် ချကာ လူသေမှု ဖြင့် အမှုပိတ် လိုက်လေတော့ သတည်း ။
◾မင်းသိင်္ခ
📖 မိုးပေါ်မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment